လျှပ်စီးအမှတ်၏စွမ်းအား
Vol. 1 Ch. 4
ရွှီဖန်း၏မက်မွန်သီးများက ယခင်ဈေးထက် တစ်စခန့်ထပ်တက်သွားသည့်အခါ ပတ်ဝန်းကျင်မှ ဈေးဝယ်သူများသည် ချက်ချင်းပင် နောင်တအကြီးအကျယ်ရကာ သူတို့၏မျက်နှာများပင် အစိမ်းရောင်သန်းလာကြသည်။
ရွှီဖန်းအား သူတို့ အခုကြိမ်းမောင်းချင်သော်ငြား ဘယ်သူကထင်ထားခဲ့မှာလဲ၊ ဒီကောင်လေးက မပျော်မရွှင်ဖြစ်ကာ ဈေးကို တစ်ခါတည်း မြင့်တက်
ပစ်လိုက်သည်။
ဒီကောင်လေး...ရက်စက်ချက်ပဲ!
ရွှီဖန်း၏တည်ငြိမ်နေမှုကိုကြည့်ကာ တချို့က ဆဲရေးချင်ကြသည်၊ တချို့က လှည့်ထွက်သွားချင်ကြသည်။ သို့သော် မက်မွန်သီး၏အရသာက သူတို့ပါးစပ်ထဲ၌ ယခုထိပင် ကြာမြင့်စွာ ရှိနေသေး၏။
ရွှီဖန်းမျက်နှာပေါ်မှ အပြုံးကို မြင်လိုက်ရသည့်အခါ သူတို့ ထောင်ချောက်ဆင်ခံလိုက်ရပြီမှန်း နားလည်သွားကြတော့သည်။
"လူငယ်လေးရေ မင်းကတော့ တစ်ကယ်အံ့သြစရာပဲ...ငါတော့ မတောင့်ခံနိုင်တော့ဘူး! မက်မွန်သီးအလုံး၂၀ ငါ့ကိုထည့်ပေးပါ"
မကြာလိုက်ပေ၊ လူအုပ်ထဲမှ ခပ်ဝဝလူတစ်ယောက်က သူ့အိတ်ထဲမှ အနီရောင်ငွေစက္ကူခြောက်ရွက်ကိုထုတ်ပေးလာသည်။
ရွှီဖန်းလည်း ငွေလက်ခံကာ မက်မွန်သီးအလုံးနှစ်ဆယ်ကို ထည့်၍ ကမ်းပေးလိုက်သည်။
"ဝယ်ယူအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"ငါလည်း ဆယ်လုံးယူမယ်"
"ငါ ငါက ဆယ့်ငါးလုံး!"
ခပ်ဝဝလူကြီး ဝယ်ပြီးနောက်မှာ လူတိုင်းက ကြာကြာ မတုံ့ဆိုင်းရဲကြတော့ပေ။ သူတို့အိတ်ထဲမှ ပိုက်ဆံတွေကိုထုတ်ကာ ရွှီဖန်းဆီတိုးဝင်လာကြသည်။
ရွှီဖန်း၏ခြင်းထဲမှ မက်မွန်သီးများမှာ နည်းသထက်နည်းလာသည်။ လူတိုင်းက ငွေမချေလိုက်ရမှာတောင် ကြောက်နေပြီး တစ်ယောက်ဝယ်ပြီးသည်နှင့် နောက်တစ်ယောက်က အမြန်ပင် ပိုက်ဆံထိုးပေးနေကြသည်။
ဒီဖြစ်ရပ်က ပတ်ဝန်းကျင်မှ ဈေးသည်များအား အံ့သြမှင်သက်စေသည်။ ဈေးဝယ်သူက ပိုက်ဆံပေးဖို့ကြိုးစားနေသည့်အချိန် ဈေးသည်ကဖြင့် သူဌေးကြီးလို ပြုမူနေတာကို ပထမဆုံးမြင်ဖူးတာဖြစ်သည်။ သူတို့မှာ အိပ်မက်မက်နေသည်ဟုပင် ထင်မိကြသည်။ ထူးဆန်းလွန်းလှသည်။
တစ်နာရီတောင်မကြာလိုက်ဘဲ ရွှီဖန်း၏ခြင်းထဲမှ မက်မွန်သီးအားလုံး ရောင်းကုန်သွားသည်။
သူ အရှေ့ပင်လယ်မြို့မှာ အလုပ်လုပ်တုန်းကတောင် သေအောင်ကြိုးစားမှ တစ်လ ယွမ်၅၀၀၀သာ ရရှိခဲ့သည်။ အခုဖြင့် တစ်နာရီပဲရှာရသေးသည်၊ ယွမ်၈၀၀၀ရရှိနေလေပြီ။
ရွှီဖန်းသည် နှလုံးသားထဲကနေ တိတ်တဆိတ်တွေးမိသည်။ အကယ်၍ သူသာ ကောင်းကင်ဘုံမြေသြဇာတွေကို ရွှေ့ပြီး အပင်စိုက်ပျိုးသည့်နေရာမှာ ချဲ့ထွင်အသုံးပြုနိုင်ရင် ဘယ်လောက်တောင်မှ ငွေတွေ မြန်မြန်ရှာနိုင်လိမ့်မလဲ။
ခြုံပြောရရင် သူအခုတော့ ချမ်းသာသွားပြီ!
ရွှီဖန်းသည် လိုအပ်နေသည့်ပိုက်ဆံကို ရရှိပြီးပြီဖြစ်လို့ ပစ္စည်းများအား သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်သည်။ သူ ခရိုင်မြို့ထဲက ဆေးဆိုင်ကို သွားဖို့ပြင်ဆင်နေခဲ့ပြီး အသက်ကယ်အရိုးမှုန့်ကိုဖော်စပ်ရန် လိုအပ်သော ဆေးပင်များအား ဝယ်ယူချင်ခဲ့သည်။ ဒါဆိုရင် အဖေဖြစ်သူ၏ဒဏ်ရာကို တတ်နိုင်သမျှ အမြန်ဆုံးကုသနိုင်လိမ့်မည်။
လူပြတ်သောလမ်းကြားမှ ထွက်လာခါနီးတွင် ပြိုးပြိုးပြက်ပြက်အဝတ်များ ဝတ်ဆင်ထားသော လူငယ်လေးယောက်သည် ဝင်ပေါက်မှ ဝင်ချလာကာ လမ်းကြားထဲတွင် ရွှီဖန်းအား ပိတ်ဆို့ထားခဲ့သည်။
ထိုလူတွေမျက်နှာပေါ်မှ မဖော်ရွေသော အပြုံးကိုကြည့်ကာ တစ်စုံတစ်ရာမှားနေပြီမှန်း ရွှီဖန်းခံစားလိုက်ရပြီး သိုလှောင်လက်စွပ်ထဲမှ လျှပ်စီးအဆောင်အား တိတ်တဆိတ် ထုတ်ယူထားခဲ့သည်။
"ငါ့ဘက်က ကူညီစရာတစ်ခုခုရှိလို့လား"
ရွှီဖန်း၏ ကြောက်ရွံ့နေသည့် မျက်နှာအမူအရာကြောင့် ထိုလူလေးယောက်ဟာ သူ့အား ကဲ့ရဲ့လာကြသည်။ ဦးဆောင်သူက လက်ပြတ်အောက်ခံအင်္ကျီကို ဝတ်ဆင်ထားကာ မွိုင်ရှီဦးခေါင်းပုံစံရှိသည့် လူဖြစ်သည်။ ထိုလူက သူ့နောက်လိုက်တွေကို ရပ်ဖို့ လက်ဝေ့ယမ်းပြကာ သူကတော့ ရှေ့တိုးလာသည်။
"မိတ်ဆွေလေး...မင်းအခု ပိုက်ဆံ ကောင်းကောင်း ရှာနိုင်ခဲ့တယ်မလား"
ထိုလူက သူ့ခေါင်းကို ငုံ့ထားကာ လက်ထဲရှိ ဓားမြှောင်နှင့် ကစားနေသည်။ ထို့နောက် ခေါင်းမော့ကာ ရွှီဖန်းအား သားကောင်ကိုစိုက်ကြည့်နေသည့် မြေခွေးကဲ့သို့ ကြည့်လာသည်။
ရွှီဖန်း နားလည်သွားလေပြီ။ ဒီလေးယောက်က အစကတည်းက သူ့ကို စောင့်ကြည့်နေခဲ့ကြတာပဲ။
ခြင်းတောင်းတွေကို သိုလှောင်လက်စွပ်ထဲထည့်သိမ်းရန်အတွက် လူမရှိသော လမ်းကြားထဲ သူဝင်လာသည်က ထိုသူတွေအတွက် ဓားပြတိုက်ရန် ပိုအဆင်ပြေစေခဲ့သည်။
ထိုသူခိုးဓားပြခေါင်းဆောင်က ဓားမြှောင်၏ဓားသွားအား သူ့အင်္ကျီဖြင့် ပွတ်သုတ်လျက် ရွှီဖန်းအား လက်ညှိုးထိုးကာ လှောင်လာသည်။
"ပိုက်ဆံတွေ ဘယ်မှာလဲ! အကုန်ထုတ်လိုက်! ညည်းညူတာတွေ ဘာညာတွေ တစ်ခုခုလုပ်ဖို့ မတွေးနဲ့! ငါ့ရဲ့ဓားမြှောင်က အနီရောင်ပြောင်းသွားလိမ့်မယ်"
ရွှီဖန်းက အမူအရာမဲ့စွာ ခေါင်းခါရမ်း၍ ပြောလိုက်သည်။
"ဟင့်အင်း! ဒီပိုက်ဆံတွေက ငါ့အဖေဆေးကုသဖို့ပဲ! မင်းတို့ကို မပေးနိုင်ဘူး"
"သောက်ရေးမပါတာ"
ထိုလူက ဆဲရေးကာ ရွှီဖန်းအား ဓားမြှောင်ဖြင့် ညွှန်၍ ကြမ်းကြုတ်သော အမူအရာကို ဖော်ထုတ်ထားသည်။ သူက ဟိန်းဟောက်ကာ...
"မင်းအဖေရဲ့ သေရေးရှင်ရေးကို ငါတို့က ဘာလုပ်ရမှာလဲ! သနားစရာကောင်းအောင် စောက်ကျိုးနည်း လာဟန်မဆောင်နေနဲ့! မြန်မြန်ထုတ်လိုက်! မဟုတ်ရင် ငါ့ဓားမြှောင်နဲ့ မင်းကိုထိုးမှာ! မယုံဘူးလား!"
ရွှီဖန်း၏အမူအရာက မပြောင်းလဲသွားပေ။ သူက ခေါင်းဆောင်လုပ်သူအား ပေါ့ပေါ့ပါးပါးပင်ကြည့်ကာ ပြောဆိုနေခဲ့သည်။
"မိတ်ဆွေ...မင်းတို့ မြန်မြန်ထွက်သွားကြဖို့ ငါအကြံပေးချင်တယ်...မဟုတ်ရင် မင်းတို့ အကျိုးဆက်ကို ခံရလိမ့်မယ်"
"အိုး?"
ရွှီဖန်းက လက်မခံရုံတင်မကဘဲ သူ့ကိုတောင် ပြန်ခြိမ်းခြောက်လိုက်သေးသည်။ ခေါင်းဆောင်လုပ်သူမှာ ခြောက်သွေ့နေသည့် သူ့နှုတ်ခမ်းအား လျက်၍ အန္တရာယ်ရှိစွာ ရယ်မောချမိသည်။
"တောသားလေး! မင်းငါ့ကို ဘယ်လိုချမလဲ ငါဒီနေ့ မြင်ချင်နေပြီကွာ"
ခေါင်းဆောင်က သူ့လက်ထဲမှ ဓားမြှောင်ကို ကိုင်ထားရင်း ရွှီဖန်းရှိရာသို့ ခြေလှမ်းခပ်ကျဲကျဲဖြင့် လျှောက်လာသည်။
စက္ကန့်ပိုင်းအတွင်းမှာပဲ သုံးမီတာမှ ငါးမီတာအကွာအဝေးကိုရောက်လာပြီး ရွှီဖန်းရှေ့ရောက်လာသည်။ ထို့နောက် ခေါင်းဆောင်လက်ထဲက ဓားမြှောင်က အေးစက်စက်အလင်းများထုတ်လွှတ်ကာ ရွှီဖန်းဆီသို့ တိုးဝင်သွားခဲ့သည်။
သောက်ကျိုးနည်း!
ထိုခဏလေးအတွင်း ရွှီဖန်း တိုးတိတ်စွာ ဆဲရေးမိသည်။ အကျပ်အတည်းထဲ ရောက်နေပါတယ်ဆိုမှ တစ်စုံတစ်ခုက မှားယွင်းသွားခဲ့သည်။ သူ့လက်ထဲမှ လျှပ်စီးအဆောင်မှာ ပျက်စီးနေသည်။
ဓားမြှောင်က သူ့ဆီတိုးဝင်လာတာမြင်တော့ ရွှီဖန်းမှာ ဖြူဖျော့နေသည့်မျက်နှာဖြင့် နောက်ကိုဆုတ်သွားခဲ့သည်။
ဆုတ်ပြဲသွားသော အသံတစ်ခုထွက်လာသည်။
ဓားမြှောင်က သူ့လက်မောင်းပေါ်က အဝတ်အစားကို အလွယ်တကူ ဟက်တက်ခွဲဆုတ်ဖြဲကာ လက်မောင်းဒဏ်ရာမှ သွေးများ စီးကျလာသည်။
ရွှီဖန်းက အချိန်မီတုန့်ပြန်နိုင်ခဲ့တာကြောင့် ဒဏ်ရာကသိပ်မကြီးသွားပေ။ သို့သော် ထိုဒဏ်ရာမှလာသော နာကျင်မှုက ရွှီဖန်းအား မျက်မှောင်ကြုတ်စေသည်။
ခေါင်းဆောင်က ထပ်ပြီးမတိုက်ခိုက်ခဲ့ပေ။ သူ ဓားပေါ်မှ တင်ကျန်နေသည့် သွေးတွေကို လျက်ကာ အေးစက်စွာ နှာမှုတ်သည်။
"တောသားလေး မင်းရဲ့အခုပုံစံလေးနဲ့ ငါတို့ညီအစ်ကိုလေးယောက်ကို ပညာပြနိုင်မယ်လို့ ထင်နေတာလာလား! ဟမ်! မင်းရဲ့ယုံကြည်မှုတွေ ဘယ်က ရောက်ချလာတာလဲ"
"ဟားဟား အစ်ကိုကြီး! ဒီတောသားရဲ့ ဦးနှောက်က ချောင်နေတယ်ထင်တယ်"
"ညီ(၄) ဒီတောသားအပေါ်မှာ စကားတွေ မဖြုန်းတီးစမ်းနဲ့...သူ့ကို ဓားနဲ့သာထိုးလိုက်စမ်းပါ...ဘယ်သူမှမြင်မှာမဟုတ်ဘူး"
နောက်ကနေစောင့်ကြည့်နေသည့် နောက်လိုက်သုံးယောက်မှာ ရယ်မောနေကြသည်။ ညီ(၄)က သူ့ရဲ့လက်တွေကိုဝှေ့ယမ်းကာ ပြောသည်။
"ကလေး မင်းပိုက်ဆံတွေကို နာနာခံခံနဲ့ထုတ်ပေးဖို့ ငါ အချိန်တစ်မိနစ်ပေးမယ် မဟုတ်ရင် ငါ မင်းလက်မောင်းကို ဖြတ်ပစ်မယ်"
"ဟက်! ဒီလိုဆိုရင်ရော..."
ရွှီဖန်းက အိတ်ကပ်ထဲသို့ လက်ထည့်ကာ နောက်ထပ်လျှပ်စီးအဆောင်တစ်ခုကို ထုတ်လိုက်
သည်။ ဒီတစ်ခါ ခြင်းတောင်းကနေ သူမယူခဲ့ပေ။ သူ၏စိတ်ဝိညာဥ်အာရုံကို အသုံးပြုလိုက်သည်နှင့် အဆောင်က ခရမ်းရောင်လျှပ်စီးလေးအဖြစ် ပြောင်းကာ သူ့လက်ဖဝါးထဲ ဝင်သွားသည်။
သူခေါင်းကိုမော့ကာ ညီ(၄)ဆိုသူအား ထောင်လွှားမောက်မာစွာ စိုက်ကြည့်၍ နှာမှုတ်လိုက်သည်။ ပြီးနောက် သူ့ဆီသို့ တစ်လှမ်းချင်းတစ်လှမ်းချင်း လျှောက်သွားခဲ့သည်။
"ဒီနေ့ ငါ့ရဲ့လက်ကို မင်းဘယ်လိုချိုးမလဲ တွေ့ချင်မိတယ်"
"............"
ညီ(၄)ဆိုသူက မျက်မှောင်ကြုတ်သွားသည်။ နှစ်ပေါင်းများစွာ ဒီလမ်းပေါ်မှာ တိုက်ခိုက်ခဲ့သည့် အတွေ့အကြုံအရ သူ့ရှေ့ကလူနှင့်ပတ်သက်၍ တစ်ခုခုမှားနေပြီမှန်း အလိုလိုခံစားမိနေသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...ဒီမျိုးမစစ်က ကျေးလက်ကလာတဲ့ တောသားအဆင့်ပဲရှိတာကို"
ခဏကြာတော့ သူ့ခေါင်းကိုခါယမ်းကာ ထိုရယ်စရာကောင်းသည့်အတွေးများအား ဖယ်ထုတ်ပစ်လိုက်သည်။
"ဟမ့်! ကောင်လေး မင်းက သေချင်နေတာပဲ"
ရွှီဖန်းက သူနှင့် နီးကပ်လာတာကိုမြင်တော့ ညီ(၄)သည် ဓားမြှောင်ကို တင်းတင်းကြပ်ကြပ်
ဆုပ်ကိုင်ကာ ရွှီဖန်းဆီသို့ လွှဲရမ်းလိုက်သည်။
သူက ဓားမြှောင်ကို ကောင်းစွာ ထိန်းချုပ်ထားတာကြောင့် ရွှီဖန်း၏လက်ကိုသာဖြတ်ပြီး အသက်ကိုတော့ ထိခိုက်စေမည်မဟုတ်ပေ။ မဟုတ်ရင် ဒုက္ခများရလိမ့်မယ်။
ဓားမြှောင်က သူ့ဆီလာနေတာမြင်တော့ ရွှီဖန်းလည်း ထိုဓားမြှောင်အား လက်သီးဖြင့် ထိုးချလိုက်သည်။
ဓားမြှောင်အား လက်သီးဖြင့် ရင်ဆိုင်ဖို့ပြင်နေသည့် လုပ်ရပ်က ညီအစ်ကိုလေးယောက်အား ရူးတော့မတတ် ရယ်မောစေခဲ့သည်။
သို့သော် ရယ်သံများက အချိန်ကြာမြင့်စွာ မခံလိုက်
ပေ။
ရွှီဖန်း၏လက်သီးက ဓားမြှောင်ကိုထိသည်နှင့် သူ၏စိတ်အာရုံအသိကိုသုံးကာ များစွာသော ခရမ်းရောင်လျှပ်စီးများ ပစ်လွှတ်လိုက်သည်။ လျှပ်စီးကြောင်းများက ဓားမြှောင်ထဲသို့တိုးဝင်ကာ ထိုမှတဆင့် ညီ(၄)၏ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားသည်။ စက္ကန့်ပိုင်းအတွင်းမှာပဲ ညီ(၄)က နောက်ပြန် လွင့်
ထွက်သွားသည်။
ထို့နောက် မြေကြီးပေါ် လဲကျကာ ဓာတ်လိုက်နေသလိုမျိုး ဆန့်တငင်ငင်ဖြစ်နေတော့သည်။ ပါးစပ်ထဲမှ အဖြူရောင်အမြှုပ်များအန်ထွက်နေသော ညီ(၄)အား ကြည့်ရင်း ကျန်သုံးယောက်မှာ အံ့သြတုန်လှုပ်သွားရသည်။
"ဘာ ဘာတွေဖြစ်သွားတာလဲ!"
ခုနလေးတင်ကမှ ညီ(၄)ရဲ့ဓားမြှောင်နဲ့ လက်ဖြတ်ခံရလုနီးပါးဖြစ်ခဲ့တဲ့ ဒီလယ်သမားက ဘာလို့ ရုတ်တရက်ကြီး ခက်ထန်ရက်စက်သွားရတာလဲ။
လမ်းကြားထဲ၌ရှိနေသော ယဲ့ဇီချန်မှာ သူ့ကိုယ်သူတွန်းအားပေးကာ ရွှီဖန်းအား ကြည့်လိုက်ရသည်။ ထိုအချိန်၌ ရွှီဖန်းက မရဏနတ်ဘုရားနှင့် ဆင်တူလှသည်။
"ဟဲဟဲ...အခုရော ဘယ်လိုလဲ! မင်းတို့ကောင်တွေ ငါ့လိုလယ်သမားကို အထင်သေးရဲသေးလား!"