အခန်း (၆၄)
Vol. 7 Ch. 64
ကျုံယန်စီမှာ သူမအားတင်းကြပ်စွာဖက်ထားလေသည်။
ယန်ရှီသည် အခက်တွေ့သွားကာ
“ကျုံယန်စီ ကျွန်မကိုအရူးလုပ်ဖို့မကြိုးစားနဲ့၊ ရှင့်ရဲ့ကျန်းမာရေးစစ်ဆေးချက်ကိုကျွန်မကိုပြပါ၊ မနက်ဖြန်ကျရင်ခွဲစိတ်မှုခံယူလိုက်တော့ မဟုတ်ဘူး ဒီညပဲ”
“ကျန်းမာရေးစစ်ဆေးချက်က ကားထဲမှာ”
ကျုံယန်စီသည် ခပ်တိုးတိုးလေးတောင်းပန်လိုက်ကာ
“မလှုပ်နဲ့ ကိုယ်မင်းကိုခဏလောက်ဖက်ထားပါရစေဦး”
သူ၏ပူလောင်သော အသက်ရှူသံသည် သူမနားပေါ်သို့ ရှပ်ပြေးနေသောကြောင့် ယန်ရှီ၏နားများမှာတုန်ယင်လာလေသည်။
ဖျားနာနေသူများမှာ ပို၍အထိအရှလွယ်တတ်သည်အား သူမသိလေသည်။
သူမကလေးဘဝတွင် အူအတက်ပေါက်ဖူးသည့်အချိန်က ကဲ့သို့ပင် ဖြစ်သည်။ ဤသည်မှာ အရိုးရှင်းဆုံးသော ခွဲစိတ်မှုလေးတစ်ခုဖြစ်သော်ညား ယန်ရှီခွဲစိတ်ခန်းထဲသို့ဝင်ရချိန်တွင် သူမသေဆုံးတော့မည် ဟုပင်ခံစားလိုက်ရလေသည်။ ကျုံယန်စီသည် သန်မာသည်ဟုထင်ရပါသော်ညား သူသည်လည်း အလားတူပင်ဖြစ်သည်။
သူသည်အလွန်အရပ်ရှည်လေသည်။ သူ ယန်ရှီအားဖက်လိုက်ချိန်တွင် သူ့မေးစေ့သည် သူမ၏ခေါင်းပေါ်တွင် ရှိနေလေသည်။ ယန်ရှီသည်ကျောက်တုံးကဲ့သို့ မာကျောလှသောသူ၏ ရင်ဘတ်အား တွန်းထားလေသည်။ ထိုကျောက်တုံး အောက်တွင် ပြင်းထန်းသောနှလုံးခုန်သံတစ်ခုသည် ကျယ်လောင်စွာ မြည်နေခြင်းမှာ ယန်ရှီအားရှက်သွေးဖြာစေလေသည်။
“ကိုယ်သေသွားလည်း ဘာမှအရေးမကြီးဘူးလို့ ကိုယ်ထင်ခဲ့ဖူးတယ်၊ ဘာပဲဖြစ်ဖြစ်ဘဝက အဓိပ္ပါယ်မရှိဘူးလေ”
ကျုံယန်စီ အသံသည် သူမ၏ခေါင်းပေါ်မှထွက်လာကာ ယန်ရှီလန့်သွားလေသည်။
“ဒါပေမဲ့ အခုတော့ ကိုယ်နည်းနည်းကြောက်တတ်လာပြီ”
မိနစ်အနည်းငယ်ကြာပြီးနောက် ကျုံယန်စီသည် ယန်ရှီအားလွှတ်လိုက်ကာ သူမအား Rolls-Royceကား ထံသို့ ခေါ်ဆောင်သွားခဲ့သည်။ သူသည် သူ၏ကျန်းမာရေးစစ်ဆေးချက်အားထုတ်ယူလိုက်လေသည်။
ကျုံယန်စီသည် သူ၏ကျန်းမာရေးစစ်ဆေးမှုအား မပြီးခဲ့ပေ။ သူ့ညာဘက်ခြေကျင်းဝတ်တွင် အကျိတ်တစ်ခုအားတွေ့ပြီးနောက် ဆရာဝန်သည် ချက်ချင်းအသားစ စစ်ဆေးဖို့လုပ်ကာ CT နှင့် MRI စကန်လုပ်ခြင်းများအားပြုလုပ်ခဲ့လေသည်။ ယန်ရှီသည် ထိုအရာများအားနားမလည်ပေ သို့သော် system သည်နားလည်လေသည်။
[Host အဲတာက အစောပိုင်းအဆင့်မှာပဲရှိပါသေးတယ်]
[လက်ရှိမှာတော့ အဲတာကအရေပြား အပေါ်မှာပဲရှိသေးတယ်၊ အဲတာကိုဖယ်လိုက်မယ်ဆိုရင် ဘာပြဿနာကြီးကြီးမားမားမှရှိတော့မှာမဟုတ်ဘူး]
ယန်ရှီသည် စိတ်အေးသွားကာ သက်ပြင်းချလိုက်လေသည်။
ကံကောင်းစွာဖြင့် သူမတို့အချိန်မှီ သိရှိခဲ့သည်။ ကျုံချင်းယွီသည် ထိုအစီအစဥ်အား မနေ့ကရုတ်သိမ်းခဲ့ပေ။ ယနေ့တွင်ဆေးစစ်ရန်လာခဲ့သောကြောင့် အကျိတ်သည်ကြီးထွားလာရန် မဖြစ်နိုင်တော့ချေ။ ယန်ရှီသည် ကျုံယန်စီ၏ ခြေကျင်းဝတ်အားငုံ့ကြည့်လိုက်လေသည်။
အကျိတ်ရှိသည့်နေရှာသည် ယခုအချိန်တွင် ကျုံယန်စီ၏ဘောင်းဘီဖြင့် ကွယ်နေလေသည်။
“အဲတာကနာနေလား” ယန်ရှီမေးလိုက်လေသည်။
“အဲတာက ဒီတိုင်းတစ်ရှူးနမူနာလေးပဲယူတာပါ၊ ဘယ်လောက်မှမနာပါဘူး”
ကျုံယန်စီကိုယ်တိုင်သည် ကင်ဆာဝေဒနာရှင်အများစုကဲ့သို့ လက္ခာမပြသည်ဖြစ်ရာ ကင်ဆာဖြစ်နေသည်ဟုပင်မခံစားရပေ။ သို့ပေမဲ့ melanoma ရောဂါများသည် ထိုသို့ပင်ဖြစ်သည်။ အပေါ်ယံတွင်တော့ အဆင်ပြေသည့်ပုံပေါက်သော်ညား တစ်ခုခုမှားယွင်းနေသည်ကို သတိထားမိသွားချိန်တွင်မူ ဘဝအဆုံးသတ်အချိန်ပင်ရောက်နေပြီဖြစ်သည်။
(T/N-melanoma ဆိုတာက အရေပြားကင်ဆာရောဂါတစ်မျိုးပါ)
“ခွဲစိတ်မှုကဘယ်တော့လဲ” ယန်ရှီမေးလိုက်သည်။
“ဒီညပဲ”
“ဒါဆိုရင် ကျွန်မ ကော နဲ့လိုက်ခဲ့ပေးမယ်”
ကျုံယန်စီငြင်းဆိုရန် ပြင်လိုက်ချိန်တွင် ယန်ရှီသည်လျင်မြန်စွာပြောလိုက်လေသည်။
“မဟုတ်ရင် ကောက ဦးလေးနဲ့ ချင်းယွီကို ကောနဲ့အတူ လိုက်ပေးစေချင်လို့လား၊ ကျွန်မအခုပဲသူတို့ကိုပြောလိုက်မယ်”
ထိုသို့ပြောပြီးနောက် ယန်ရှီသည် သူမ၏ဖုန်းအားထုတ်ယူလိုက်လေသည်။
ကျုံယန်စီသည် သူမ၏လက်အားဖိလိုက်သည်။
“မေ့လိုက်တော့၊ မင်းစိတ်တိုင်းကျသလိုသာလုပ်လိုက်”
ထို့နောက် ကျုံယန်စီသည် ဂရုသို့ပြန်သွားကာ ယန်ရှီသည်လည်း VP တစ်ဦးအနေနှင့်လုပ်ရမည် တာဝန်များရှိသည့်အတွက် ရိုက်ကွင်းသို့ပြန်သွားလေသည်။
ကုမ္ပဏီအလုပ်များအား စီစဥ်ပြီးနောက် ကျုံချင်းယွီသည် ဆေးရုံသို့ပြန်လာခဲ့သည်။ အမှန်သည် သူယန်ရှီအားပြောလိုက်သည့် အချိန်သည် အမှန်တကယ်ခွဲစိတ်ချိန်ထက် နှစ်နာရီနောက်ကျလေသည်။
တျန်းချန်း သည် သူနာပြုတစ်ဦးနှင့်အတူ ဝင်လာခဲ့သည်။
“မစ္စတာကျုံ မင်း ခွဲစိတ်မှုအတွက်အကြိုစစ်ဆေးမှုတွေလုပ်ဖို့ လိုပါသေးတယ်၊ ဒီသူနာပြုကမင်းကို စစ်ဆေးဖို့ခေါ်သွားပါလိမ့်မယ်”
ကျုံယန်စီသည် ခေါင်းငြိမ့်လိုက်သည်။
“ကျေးဇူးတင်ပါတယ်”
စစ်ဆေးမှုသည် ခက်ခဲ့ပါသော်ညား သူနာပြုသည်အရာအားလုံးအား အဆင်ပြေစွာစီစဥ်ပေးခဲ့သည်။
ဆေးရုံသို့လာသည့် သူများအများအပြားရှိလေသည်။ အများစုမှာကျုံယန်စီ ကဲ့သို့ လူနာများပင်ဖြစ်ကာ မျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက်အမူအယာများနှင့်ဖြစ်နေကြသည်။ ၎င်းတို့၏ ဆွေမျိုးများသည် ၎င်းတို့ ဘေးတွင်ရှိနေကာ သေချာစွာနှစ်သိမ့်ပေးနေကြပြီး အားပေးနေကြလေသည်။
ထိုကဲ့သို့ အပြုအမူမျိုးသည် ကျုံမိသားစုတွင်မရှိသလောက်ပင်ဖြစ်သည်။
ဆေးရုံသည် ကျုံယန်စီအတွက် VIP လမ်းကြောင်းအားဖွင့်လိုက်လေသည်။ နာရီဝက်ပြီးချိန်တွင် စစ်ဆေးမှုများ အားလုံးပြီးသွားလေသည်။ ခွဲစိတ်ဆရာဝန်သည် ကျုံယန်စီအား ရှင်းပြနေလေသည်။
“ခွဲစိတ်မှုမတိုင်ခင် စစ်ဆေးမှုအားလုံးပြီးသွားပါပြီ၊ နောက်ထပ်နာရီဝက်နေရင် ခွဲစိတ်မှုစတင်လို့ရပါပြီ”
သူသည်မော့လိုက်ကာ VIP နေရာသို့ သူ့မျက်လုံးထောင့်မှတစ်ဆင့်လှမ်းကြည့်လိုက်သည်။ သူသည် ကျုံယန်စီမှအပ သူနာပြုတစ်ဦးသာရှိသည်ကို သူသိလိုက်ရလေသည်။
“မင်းမှာ မိသားစုဝင်တွေမရှိဘူးလား” ဆရာဝန်မေးလိုက်လေသည်။
ကျုံယန်စီသည် “သဘောညီချက်ကို ငါကိုယ်တိုင်လက်မှတ်ထိုးလို့ရတယ်”
“ဒါကသေးငယ်တဲ့ခွဲစိတ်မှုလေးဆိုပေမဲ့လည်း မိသားစုဝင်တစ်ဦးဦးဘေးမှာရှိတာပိုကောင်းတာပေါ့”
“မင်းကိုယ်တိုင်ဒါက သေးငယ်တဲ့ခွဲစိတ်မှုလေးလို့ပြောတာပဲလေ၊ အဲတာကမလိုအပ်ပါဘူး”
“ဒေါက် ဒေါက် ဒေါက်”
အပြင်ဘက်တံခါးအား တစ်ယောက်ယောက်ခေါက်နေလေသည်။ ကျုံယန်စီသည် တံခါးသို့အကြည့်ရောက်သွားလေသည်။ VIP အခန်းတံခါးသည်ပွင့်သွားကာ ခေါင်းလေးတစ်လုံးဝင်လာလေသည်။
“ကျေးဇူးပြုပြီး ဒါက”
ကျုံယန်စီအားမြင်လိုက်ပြီးနောက် ယန်ရှီသည် ချက်ချင်းတံခါးအားဖွင့်၍ အထဲသို့ဝင်လာသည်။
“ကျုံယန်စီ ဒါကရှင့်ရဲ့အခန်းပဲပေါ့၊ ဘာလို့ကျွန်မကိုမပြောပဲတိတ်တိတ်လေးလာရတာလဲ”
ယန်ရှီသည် နေ့ဘက်ကဝတ်ထားသည့် ဂါဝန်ရှည်အားဝတ်ထားဆဲဖြစ်၍ သူမအားအရည်အချင်းရှိကာ ရင့်ကျက်သည့်ပုံပေါက်စေသည်။ သူမ၏ပုခုံးပေါ်တွင် L တံဆိတ်ဘေးလွယ်အိတ်တစ်လုံးပါရှိကာဖောင်းကားနေလေသည်။ မည်သူမျှထိုအိတ်ထဲတွင် မည်သည့်အရာများရှိသည်ကိုမသိပေ။
“မင်းဘယ်လိုလုပ်”
“ကျွန်မဘယ်လိုလုပ်ပြီး ခွဲစိတ်မယ်ဆိုတာကိုသိတာလဲမလား၊ ကျွန်မကဥာဏ်ကောင်းတယ်လေ”
ယန်ရှီသည် ကျုံယန်စီဘေးတွင်ထိုင်လိုက်ကာ သူမဘေးလွယ်အိတ်အားမွှေနှောက်နေလေသည်။
“ကောရဲ့ လက်ထောက်ဆွန်း ကိုတောင် ခွဲစိတ်မှုအကြောင်းမပြောခဲ့ဘူးဆိုတာ ကျွန်မသိတယ်လေ၊ ကံကောင်းစွာနဲ့ပဲ ကျွန်မ ကော ဆေးရုံတက်ရတုန်းမှာ လိုမဲ့ပစ္စည်းတွေအကုန်ယူလာခဲ့တယ်”
“ဒီမှာ ဒါက သွားတိုက်ဆေး သွားတိုက်တံ ပဝါ ညအိပ်ဝတ်စုံ သောက်ရေခွက် ပြီးတော့”
ယန်ရှီသည်လေးထောင်ပုံစံ အရာတစ်ခုအားထုတ်ယူလိုက်သည်။ ထိုအရာအား တခဏမျှ ကြည့်ပြီးနောက်တွင်သူမ မျက်နှာသည်နီရဲသွားလေသည်။ သူမဘေးလွယ်အိတ်ထဲသို့ ထိုအရာအားအလျင်အမြန်ပြန်ထည့်လိုက်လေသည်။
System သည်ယန်ရှီအား ခွဲစိတ်မည့်အချိန်အမှန်အားပြောပြထားလေသည်။ ယန်ရှီသည် လင်းကျီအား ရိုက်ကွင်းကိုကြည့်ထားပေးရန်ပြောလိုက်ပြီး စူပါမားကတ် သို့သွားကာ ကျုံယန်စီဆေးရုံတက်လျှင်လိုအပ်မည့်အရာများအား ဝယ်ယူခဲ့သည်။ system သည်သူမအား အတွင်းခံဝယ်ရန်ကူညီပေးခဲ့ကာ ယန်ရှီသည်အတွင်းခံကာ မျက်နှာပူပူဖြင့်ယူလိုက်ကာ ခြင်းထဲသို့ပစ်ထည့်လိုက်လေသည်။
“ဘာပဲဖြစ်ဖြစ် အားလုံးစုံပြီ”
ယန်ရှီသည် အခိုင်အမာပြောလိုက်သည်။
ကျုံယန်စီသည် ယန်ရှီနောက်ဆုံးထုတ်လာသည့်အရာအား ခန့်မှန်းမိသွားကာ အနည်းငယ်ရှက်သွားမိသည်။ သူ၏နားရွက်များသည် အနီရောင်ပြောင်းသွားသည်။
ဆရာဝန်သည် စနောက်လိုက်ကာ
“မင်းရဲ့ကောင်မလေးက တကယ့်ကိုသေချာပြင်ဆင်ပေးလာတာပဲ”
ကျုံယန်စီသည် ရပ်တန့်သွားကာ “ငါတို့တွေ မဟုတ်ဘူး”
ဆရာဝန်သည် ရယ်မောလိုက်ကာ “တူတူလောက်နီးပါးပါပဲ၊ ငါနားလည်ပါတယ် ငါနားလည်ပါတယ်”
ယန်ရှီသည် ဆေးရုံတွင်နေနေခဲ့သည်။
သူမသည်သဘောတူညီချက်အားလက်မှတ်ထိုးခဲ့သူမဟုတ်သော်ညား ကျုံယန်စီ၏ဘေးတွင် နေပေးခြင်းသည် သူ့အားပို ၍နေရအဆင်ပြေမည်ဟု သူမ ထင်သောကြောင့်ဖြစ်သည်။ ညနေခြောက်နာရီ ထိုးပြီးချိန်တွင်ဖြစ်သည်။ ယန်ရှီသည် ကျုံချင်းယွီဆံ မက်ဆေ့ချ်တစ်ခုပို့လိုက်လေသည်။
[သူငယ်ချင်းတစ်ယောက်နေမကောင်းဖြစ်ပြီး ဆေးရုံတက်နေရတယ်၊ အဲတာသူခွဲစိတ်ရမှာမလို့ ငါသူနဲ့အတူဒီညနေပေးဖြစ်မယ်၊ အဲတာကြောင့် ငါဒီညပြန်မလာဖြစ်လောက်ဘူး]
ကျုံချင်းယွီ:[သူရဲ့မိသားစုဝင်တွေဘေးနားမှာမရှိဘူးလား၊ နင်ကဘာလို့သူနဲ့အတူနေပေးရတာလဲ]
ယန်ရှီ:[ဟုတ်တယ် ငါကသူနဲ့တစ်ယောက်တည်းပဲ အရမ်းသနားစရာကောင်းတာပဲ]
ကျုံချင်းယွီ:[ အဲတာကအတော်ဝမ်းနည်းစရာကောင်းတာပဲ၊ နင်သူ့ကိုကောင်းကောင်းအဖော်လုပ်ပေးလိုက်ပါ]
ကျုံယန်စီသည် ယန်ရှီမက်ဆေ့ချ်ပို့သည်အား တွေ့လိုက်သည်။ သူသည် အနီးမှုန်နေသည်ဖြစ်ကာ စကားပြောနေသည့်အကြောင်းအရာအား ကောင်းစွာမမြင်ရပေ။ သူသည် စကားပြောနေသူ၏ ပရိုဖိုင်ပုံမှာ ကျုံချင်းယွီဖြစ်သည်ကိုသာမြင်လိုက်ရသည်။
“မင်းပြန်လိုက်လို့ရပါတယ်၊ ကိုယ့်မှာသူနာပြုရှိတယ်”
ယန်ရှီသည် မျက်ခုံးပင့်လိုက်ကာ “ခွဲစိတ်မှုကိုတစ်ယောက်ထည်းလုပ်တာက အဆင့်တစ်ဆယ်မြောက် အထီးကျန်မှုကြီးပဲ သိရဲ့လား၊ ကျွန်မဘယ်လိုလုပ် ကောကိုတစ်ယောက်တည်း ထားခဲ့နိုင်မှာလဲ”
“ဒါကမေ့ဆေးတောင်မလိုပါဘူး ထုံဆေးလေးနဲ့တင်ရတဲ့ခွဲစိတ်မှုလေးပါ၊ ဒီခွဲစိတ်မှုကမဲ့ဖယ်တဲ့ဟာလေးနဲ့တောင်ဘာမှ မကွာခြားပါဘူး”
ယန်ရှီသည် သူမ၏မေးအားလက်ဖြင့်ထောက်ကာ ကျုံယန်စီအားအပြစ်ကင်းစွာကြည့်လိုက်ရင်း
“အို ဒါကမဲ့ဖယ်တဲ့ဟာလေးနဲ့တူတူပဲဆိုတော့ ကောဘာလို့ ဦးလေးနဲ့ချင်းယွီကိုမပြောရတာလဲ၊ ကောအတွက်ကျွန်မပြောပေးရမလား”
ကျုံယန်စီသည် ပြောစရာစကားပျောက်ရှသွားသည့်အတွက် နှုတ်ဆိတ်နေရန်သာရွေးချယ်လိုက်လေသည်။
ယန်ရှီသည် သူထင်ထားသကဲ့သို့မပျော့ညံ့ကြောင်း သူသိလိုက်ရသည်။ တစ်ခါတစ်ရံတွင်သူမသည် အတော်လေးသန်မာလေသည်။
မိနစ်အနည်းငယ်အကြာတွင် ဆရာဝန်များနှင့်သူနာပြုများသည် အခန်းထဲသို့ဝင်လာကာ ကျုံယန်စီအားခွဲစိတ်ခန်းထဲသို့ သယ်ဆောင်သွားကြသည်။ ယန်ရှီသည် သိသိသာသာတုန်လှုပ်နေလေသည်။ System သည်သူမအား ဤသည်မှာ ခွဲစိတ်မှုအသေးစားလေးဟုပြောသော်ညား သူမရင်တုန်နေဆဲဖြစ်သည်။
“ခြေကျင်းဝတ်ခွဲစိတ်မှုမှာ ဆိုရင် အာရုံကြောတွေဖြတ်ပစ်မှာလား အရွတ်တွေကိုကော ပျက်စီးစေမှာလား၊ ကင်ဆာဆဲလ်တွေအားလုံးကိုဖယ်ရှားပစ်နိုင်မှာပါနော်၊ ထပ်ပြီးတော့ မပွားလောက်တော့ဘူးမလား”
ခွဲစိတ်ဆရာဝန်သည် ယန်ရှီအားအဓိပ္ပါယ်ရှိရှိကြည့်လိုက်ကာ
“ငါ့ကိုကြည့်ရတာ မင်းအတွက်မယုံရတဲ့ပုံပေါက်နေလို့လား၊ မင်း ငါ့ရဲ့ခွဲစိတ်စွမ်းရည်ကို အဲလောက်တောင်သံသယရှိနေတာလား”
ယန်ရှီသည် သူမ၏နှာခေါင်းအားထိလိုက်ကာ
“ကျွန်မက ထုံးစံအတိုင်းစိတ်ပူနေတာပါ”
ကျုံယန်စီသည်ထိုမြင်ကွင်းအားကြည့်၍ သူ့ခေါင်းအားငုံ့လိုက်ကာ သူ့၏ပါးစပ်ထောင့်သည် ကွေးညွှန့်သွားလေသည်။ အချိန်တစ်ခဏလေးအတွက် သူသည်နေမကောင်းဖြစ်ရသည်မှာမဆိုးရွားဟု တွေးလိုက်လေသည်။
နှစ်နာရီကြာပြီးနောက် ခွဲစိတ်မှုပြီးသွားသည်။
ဆရာဝန်သည် ခွဲစိတ်ခန်းထဲမှထွက်လာသည်နှင့် ယန်ရှီသည် ချက်ချင်းထလာလေသည်။
ဆရာဝန်သည် ဆေးရုံလျှောက်လမ်းတွင်ချိတ်ဆွဲထားသည့် နာရီအားညွှန်ပြကာ
“အချိန်ကိုကြည့်လိုက်ပါဦး အဲတာကနှစ်နာရီပဲကြာတာပါ နှာခေါင်းပြုပြင်တာကတောင် ဒီထက်အချိန်ကြာသေးတယ်၊ မင်းစိတ်ချလို့ရပါတယ် ခွဲစိတ်မှုကအောင်မြင်တယ်”
ယန်ရှီသည် စိတ်သက်သာရာရသွားသည့် သက်ပြင်းရှည်တစ်ခုအားချလိုက်သည်။
ထိုညတွင် ယန်ရှီသည် ကျုံယန်စီနှင့်အတူ ဆေးရုံတွင်နေပေးလေသည်။
VIP အခန်းတွင် မွေ့ယာသည်ပျော့ပြောင်းနူးညံ့နေသည့် အထူးကုတင်တစ်လုံးပါရှိကာ အလွန်သက်တောင့်သက်သာ အိပ်ပျော်စေသည်။ သူနာပြုသည် အရာအားလုံးအားစီစဥ်ပေးသည်ဖြစ်ရာ ယန်ရှီသည် သူ့အားအဖော်ပြုပေးနေရုံသာလိုသည်။ ပျော့ပြောင်းသည့်အိပ်ယာပေါ်တွင် အိပ်စက်ရသောကြောင့် သူမသည်ပင်ပန်းသည်ဟုမခစားရပေ။ သို့သော်လည်း ထိုညတွင် ကျုံယန်စီသည် အိမ်မက်တစ်ခုမက်ခဲ့သည်။
သူသည် အမြဲတစေနိုးနိုးကြားကြားအိပ်ခဲ့သည်ဖြစ်ရာ အချိန်အတော်ကြာအိမ်မက်မမက်ခဲ့သည်မှာ ကြာပြီဖြစ်သည်။
အိမ်မက်ထဲတွင် သူသည် သူ၏ငါးနှစ်အရွယ်အားပြန်မြင်လိုက်ရသည်။
မုန့်ယင်းရုန်သည် သူ့အတွက် ဂုဏ်သိက္ခာရှိသည့် တက္ကသိုလ်မှဘွဲ့ရထားသည့် သူအား မူကြိုပညာရေးအတွက် ကျုရှင်ဆရာအဖြစ်ငှားရမ်းပေးခဲ့သည်။
ကျူရှင်ဆရာသည် ကျုံယန်စီ၏ဥာဏ်ရေအားအကဲဖြတ်ရန် မေးခွန်းစာရွက်တစ်ရွက်ပေးလိုက်လေသည်။
နာရီဝက်ကြာပြီးနောက် ကျုံယန်စီသည်မေးခွန်းစာရွက်အားဖြေဆိုပြီးသွားသည်။ ငယ်ရွယ်သည့်ဆရာသည် အဖြေလွှာအား စစ်နေရင်း ပိုသထက်ပို၍ပင် အံ့ဩလာခဲ့သည်။ မူလတန်းကျောင်းသာပင်လျှင် အမှတ်ပြည့်ရရန်မသေချာသည့် မေးခွန်းများအား ကျုံယန်စီသည် အမှတ်ပြည့်ရလေသည်။
ဆရာသည် သူ့အားကြည့်လိုက်ကာ
“မင်းဆရာ ရဲ့အဖြေစာရွက်ကိုခိုးကြည့်ခဲ့တာလား”
ကျုံယန်စီအသေးလေးသည် အံ့ဩသွားကာ
“သား မကြည့်ခဲ့ပါဘူး”
သို့ပေမဲ့ သူသည်ငါးနှစ်သာရှိသေးသည်။ သူသည်အမှတ်ပြည့်မရနိုင်ပေ။
ဆရာသည် မုန့်ယင်းရုန်အားထိုအကြောင်းပြောပြလိုက်သည်။ အနည်းငယ်မျှတွေးတောခြင်းမရှိပဲ မုန့်ယင်းရုန်သည် ကျုံယန်စီ၏ ကော်လံအားဆွဲလိုက်သည်။
“နင် ခိုးချခဲ့တာလား၊ အဲဒီခွေးမ ချူယင်းကနင့်ကိုအဲတာတွေသင်ပေးသွားတာလား၊ ကောင်းတဲ့အရာတွေကိုသင်ရမဲ့အစား နင်ကဒီလိုဆိုးရွားတဲ့လှည့်ကွက်တွေကိုသင်နေတာပေါ့”
မုန့်ယင်းရုန်သည် သားရေခါးပါတ်အားယူလိုက်ကာ ကျုံယန်စီအသေးလေးအား အပြင်းအထန်ရိုက်နှက်လေသည်။ ဤသည် ကျုံယန်စီ၏ပထမဆုံးအကြိမ် အရိုက်နှက်ခံရခြင်းဖြစ်သည်။ မုန့်ယင်းရုန်သည် သူဆိုးသွမ်းသွားသည်ဟု ထင်နေသည်။ ကျုံယန်စီအသေးလေးသည် သွားများအားကြိတ်ထားလေသည်။ သူ၏ဖြူဖွေးသောကျော်ပြင်ပေါ်တွင် အနီရောင်အစင်းကြောင်းများထင်နေပါသော်ညား သူသည် သူ၏မျက်ရည်များအားထိန်းကာ
“သား မခိုးချခဲ့ဘူး သား မခိုးချခဲ့ဘူး” ဟုသာ ထပ်ခါထပ်ခါပြောနေခဲ့သည်။
အရွယ်ရောက်ပြီးသော ကျုံယန်စီသည်ဘေးတွင်ရပ်ကာ ထိုမြင်ကွင်းအားသွေးအေးစွာရပ်ကြည့်နေသည်။ အတိတ်သို့ပြန်တွေးကြည့်မည်ဆိုလျှင် သူမခိုးချခဲ့ကြောင့် သက်သေပြရန်နည်းလမ်းများစွာရှိသည်။ သို့သော် ကလေးငယ်လေးတစ်ယောက်သည် သိနိုင်မည်မဟုတ်ပေ။
မျက်စိတစ်မှိတ်လေးမှာပင် ငါးနှစ်သားကလေးလေးမှ ဆယ်ခုနှစ်အရွယ် ဆယ်ကျော်သက်သို့ပြောင်းလဲသွားသည်။ ဝန်းရံထားသည့်ပတ်ဝန်းကျင်သည် ရုတ်တရက် တိတ်ဆိတ်နေသည့်သုသာန်အဖြစ်သို့ပြောင်းလဲသွားလေသည်။ မိုးသည်တဖွဲဖွဲကျနေပြီး အထီးကျန်ကာဝမ်းနည်းဖွယ်ကောင်းသော ထိုနေရာအားဆေးကြောပေးနေသည်။
ကျုံယန်စီသည် ကျုံချင်းယွီအားတွေ့လိုက်သည်။
ဆယ်သုံးနှစ်အရွယ်ကျုံချင်းယွီဖြစ်သည်။
သူမ၏ဒူခေါင်းသည် ပိန်ပါးလွန်းကာ သူမ ခန္ဓာကိုယ်တွင်အညစ်အကြေးများဖြင့် ဖုံးနေလေသည်။ သူမလက်ထဲတွင် အဖြူရောင်လီလီပန်းများအား ကိုင်ထားလေသည်။
သူမသည်သုသာန်မှထွက်လာခဲ့သည်။ မျက်မှန်တပ်ထားသည့် ကျုံယန်စီသည် သူမိထွေး၏အုတ်ဂူရှေ့တွင် လတ်ဆတ်သောလီလီပန်းစည့်များရှိနေသည်ကို အဝေးမှလှမ်းမြင်လိုက်ရလေသည်။ ဖြစ်နိုင်ချေမှာ ကျုံချင်းယွီသည် သူမလက်ထဲရှိလီလီပန်းများသည် ညစ်ပတ်သည်ဟုထင်သောကြောင့် သူမအတွက်ပန်းစည်းအသစ်ဝယ်လိုက်ခြင်းဖြစ်နိုင်သည်။
သူသည်ရှေ့သို့တိုးကာ ကျုံချင်းယွီအား လဲကျသွားသည့်အချိန်တွင်နာကျင်သွားသလား ဟုမေးချင်မိသည်။
ကျုံချင်းယွီ၏အဒေါ်သည် ရှေ့သို့အရင်တိုးလာကာ
“အချစ်လေး အဆင်ပြေရဲ့လား၊ သမီးဘယ်လိုတောင်လဲကျလာခဲ့တာလဲ”
ကျုံချင်းယွီသည် အားနည်းစွာဖြင့် “သမီးအဆင်ပြေပါတယ်”
သူမ၏ရှေ့တွင်ကျုံချင်းယွီအားမြင်၍ သူမပါးစပ်ဟရန်ပြင်လိုက်ချိန်တွင် သူမ၏အဒေါ်သည် အသံတိုးတိုးဖြင့်
“ယန်စီကပြိုင်ပွဲတစ်ခုမှာ ဆုရလာခဲ့တယ် မင်းရဲ့အဖေက သူ့အတွက်ဂုဏ်ပြုပွဲတစ်ခုကျင်းပပေးမလို့တဲ့၊ သူကမင်းအမေရဲ့နှစ်ပတ်လည်နေ့ကိုတောင်မေ့နေပြီ”
သို့သော် နှစ်ဆယ်ခုနှစ်အရွယ်ရှိပြီဖြစ်သော ကျုံယန်စီသည် ဂုဏ်ပြုပွဲဆိုသည်မှာ အယောင်ဆောင်ဖြစ်ကြောင်းသိလေသည်။ သူ၏အဖေသည် ပြိုင်ပွဲ၏ဒိုင်တစ်ဦးဖြစ်သည့် စီးပွားရေးသမားများနှင့် ပူပေါင်းမှုမလုပ်သည့် အရည်အချင်းရှိသည့် ပရောဖက်ဆာတစ်ဦးနှင့်တွေ့ချင်ရုံသာဖြစ်သည်။ သူ၏အဖေသည် ထိုသူနှင့်အဆက်အဆံရှိစေရန်အတွက် ထိုဂုဏ်ပြုပွဲအားကျင်းပပေးခြင်းဖြစ်သည်။
သူ၏ဖခင် မုန့်ယင်းရုန်အားလက်ထပ်ခဲ့ခြင်းသည် စီးပွားရေးအရသာဖြစ်ပြီး ချူယင်းနှင့်လက်ထပ်မှုသည်လည်း အလားတူပင်ဖြစ်သည်။ သူသည် ထိုအမျိုးသမီးနှစ်ဦးစလုံးအား မချစ်ခဲ့ပေ။ သူသည်သူ့အလုပ်ကိုသာပိုချစ်လေသည်။ နံနက်ခင်း၏အလင်းရောင်သည် ကန်လန့်ကာအားဖြတ်ကာ ဝင်လာပြီး ဆေးရုံကုတင်ပေါ်သို့ ရောက်ရှိနေလေသည်။ ကျုံယန်စီသည် သူ၏မျက်လုံးအား ဖြေးစွာဖွင့်လိုက်လေသည်။
ထို မှတ်ဥာဏ်နှစ်ခုသည် ကြာလှပြီဖြစ်ကာ သူမေ့ပျောက်လှနီးပါးပင်ဖြစ်နေပြီဖြစ်သည်။ သို့ပေမဲ့ ယခုအိမ်မက်သည် သူအား ပြန်သတိရသွားစေသည်။
ငယ်စဥ်ကလေးဘဝ အတွေ့အကြုံများသည် သူ့အားမိခင်မေတ္တာအား တောင့်တခြင်းရပ်စေခဲ့သည်။ ကျုံချင်းယွီသည်မူ သူကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ချူယင်းသေဆုံးပြီးနောက် သူ့ဘေးမှရှောင်ဖယ်သွားခဲ့သည်။ ထိုအောက်မေ့ဖွယ်အခမ်းအနားပြီးနောက် မကြာမီတွင်သူမသည် သူအားပြိုင်ဘက်အနေဖြင့်သတ်မှတ်ခဲ့သည်။ သို့ပေမဲ့ ကျုံယန်စီ၏နှလုံးသားထဲတွင် သူသည် ကျုံချင်းယွီနှင့်မပြိုင်ဆိုင်ချင်နေပေ။
သူသည်သူမအား ကျုံဂရုကိုမလွှဲပေးချင် ရခြင်းမှာ သူမ၏တစ်ညတည်းနှင့် သန်းပေါင်းရာချီသုံးစွဲမှုအား မြင်ထားခြင်းကြောင့်ဖြစ်သည်။ သူသည် ကျုံချင်းယွီတွင် စီးပွားရေးအမြင်လုံးဝမရှိသည်ကိုသိလေသည်။ သူသည် ကျုံဂရုအား သူမထံပေးလိုက်ပါက ကုမ္ပဏီသည်နောက်မကြာခင်တွင် ဒေဝါလီခံသွားရမည်ဖြစ်သည်။
ကျုံချင်းယွီသာ လုဝမ်နင်ကဲ့သို့အရည်အချင်းရှိမည်ဆိုလျှင် ကျုံယန်စီသည် သူမအားကျုံဂရုလွဲပြောင်းပေးရန် ဆန္ဒရှိနေမည်ဖြစ်သည်။ ကျုံဂရုလျှင်လည်း သူသည် သူ၏ကိုယ်ပိုင်စီးပွားရေး အစမှစလုပ်၍လည်းဖြစ်သည်။
မေ့လိုက်ပါတော့ အဲတာတွေအားလုံးကအတိတ်မှာပဲ။
ရုတ်တရက် သူ၏လက်မောင်းပေါ်တွင် နူးညံ့ကာအမွှေးပွသည့် အထိအတွေ့တစ်ခုကိုခံစားလိုက်ရသည်။
ကျုံယန်စီသည်ခေါင်းငုံ့လိုက်ကာ ယန်စီသည် သူမ ကုတင်မှထ၍ သူ့ကုတင်ဘေးတွင်ထိုင်ကာ သူ၏လက်မောင်းပေါ်တွင်ခေါင်းအုံးအိပ်နေသည်ကို တွေ့လိုက်ရလေသည်။
သူမသည် အရသာရှိသည့် အရာတစ်ခုခုအားအိမ်မက်မက်နေသကဲ့သို့ အသံများထွက်ကာ အိပ်နေလေသည်။
အိမ်မက်မှနိုးထလာပြီးချိန်တွင် ကျုံယန်စီ၏နှလုံးသားသည် လေးလံကာ အဆင်မပြေဖြစ်နေလေသည်။ သို့သော် သူယန်ရှီအားမြင်လိုက်ချိန်တွင် သူ၏မပျော်ရွှင်မှုများသည် ပျောက်ကွယ်သွားသည်။
သူ့လက်အားဆန့်တန်းလိုက်ကာ ယန်ရှီ၏ဆံပင်များအား ညင်သာစွာပွတ်သပ်ပေးနေသည်။
အဲတာကအရေးမကြီးပါဘူးဟု ကျုံယန်စီတွေးလိုက်သည်။
သူမဒီမှာရှိနေသ၍ပေါ့။
မနက်ခင်းရှစ်နာရီတွင် တာဝန်ကျဆရာဝန်သည် အလုပ်သင်ဆရာဝန်များအား ဦးဆောင်ကာ round လှည့်နေလေသည်။ ကျုံယန်စီသည် အမှန်တကယ် ဆေးရုံနှစ်ပတ်တက်သင့်လေသည်။ သို့သော်သူတွင် တလျှောက်လုံးသူ့အား ပြုစုစောင့်ရှောက်ပေးနိုင်သည့် မိသားစုဆရာဝန်ရှိသည်။ ထပ်ပြောရလျှင် သူသည် အလုပ်မှခွင့်ယူခြင်း အလုပ်နှောင့်နှေးစေခြင်းများ မဖြစ်စေချင်ပေ။ ကြိမ်ဖန်များစွာ တောင်းဆိုပြီးနောက် တျန်းချန်းသည်သူ၏ ဆေးရုံတွင်စောင့်ကြည့်နိုင်ရန် ခုနစ်ရက်နေဖို့ပြောခဲ့ပြီး ချုပ်ရိုးများထုတ်ပြီးချိန်တွင် ဆင်းနိုင်ကြောင်းပြောခဲ့သည်။
ကျုံယန်စီအဆင်ပြေကြောင်း အတည်ပြုပြီးနောက် ယန်ရှီသည်ဆေးရုံမှထွက်သွားခဲ့သည်။ သူမသည် ရှင်းယောင်တွင်အလုပ်ဆင်းလိုက်ဦးမည်ဖြစ်ကာ အလုပ်ပြီးချိန်တွင် သူထံပြန်လာခဲ့မည်ဟုပြောလေသည်။ သူမလှည့်ထွက်လာသည်နှင့်တစ်ပြိုင်နက် သူမသည်ဆရာကျောင်းအား သူမကို ကျုံအိမ်တော်သို့ ပြန်ခေါ်သွားရန်ပြောလိုက်လေသည်။
မနက်ဆယ်နာရီတွင် ကျုံပါးပါးသည် သူ၏လေ့ကျင့်ခန်းများ ပြီးသွားပြီဖြစ်ကာ ရေပန်းဘေးတွင် အနားယူနေသည်။ ကျုံချင်းယွီသည်လည်း နိုးနေပြီဖြစ်သည်။ ဧည့်ခန်းထဲတွင် ယန်ရှီသည် ၎င်းတို့နှစ်ယောက်အား ကျုံယန်စီ၏ခွဲစိတ်မှုအကြောင်းပြောလိုက်လေသည်။
“အရေပြားကင်ဆာ အစောပိုင်းအဆင့်ပဲ”
“မစ္စတာကျုံ ကဘယ်သူကိုမှမပြောပြပါဘူး၊ ကျွန်မတောင်ကျန်းမာရေးစစ်ဆေးမှုကြောင့် မလို့သိလာခဲ့တာ”
“မစ္စတာကျုံကမနေ့ညတုန်းက ခွဲစိတ်မှုလုပ်ခဲ့ပြီးတော့ ခွဲစိတ်မှုကအောင်အောင်မြင်မြင်ပြီးသွားပါတယ်”
ယန်ရှီသည် ကိစ္စတစ်ခုလုံးအား အတိုချုံးရှင်းပြလိုက်သည်။
ကျုံပါးပါး၏မျက်နှာသည် ချက်ချင်းဖြူဖျော့သွားကာ သူ၏လက်များသည် အနည်းငယ်တုန်ခါသွားလေသည်။ ကျုံချင်းယွီ၏မျက်နှာသည်လည်း သိသိသာသာပြောင်းလဲသွားကာ မယုံကြည်နိုင်မှုများနှင့်သူမ၏နှုတ်ခမ်းအားကိုက်လိုက်သည်။
System:[host အရမ်းအပြောင်းအလဲမြန်လွန်းတာပဲ]
[Host ကောကိုဘာမှမပြောဘူးလို့ ကတိပေးခဲ့တာကြီးကို]
ယန်ရှီသည် မျက်ခုံးပင့်လိုက်ကာ “ငါဘယ်တုန်းကကတိပေးလိုက်တာလဲ”
System သည်တခဏမျှတွေးကာ အချိန်အတော်ကြာသည်အထိမမှတ်မိနိုင်ဖြစ်နေသည်။
[ဒါပေမဲ့ host ဆိုလိုချင်တာက မပြောဘူးလို့ပဲလေ]
ယန်ရှီသည် ပုခုံးတွန့်လိုက်ကာ “ဘာပဲဖြစ်ဖြစ် ငါဘယ်တုန်းကမှ ကတိမပေးခဲ့ဖူးဘူးလေ၊ ပြီးတော့ ငါကကောင်းတဲ့သူမဟုတ်ဘူးဆိုတာကို မင်းကောင်းကောင်းသိပါတယ်၊ ပြန်ပြောတာကငါ့အတွက်ပုံမှန်ပါပဲ”
ယန်ရှီသည် သူမကိုယ်သူမလူကောင်းတစ်ယောက်အနေနှင့်မတွေးခဲ့ဖူးပေ။
ထို့အပြင် သူမ၏ခံယူချက်တွင် သူမသည် ဆန်းပြာပြီး မိမိကိုယ်မိမိချစ်တတ်သည်ဟုထင်ခဲ့ဖူးသည်။ ဒါပေမဲ့ ဘာအရေးလဲ။
ဘဝမှာတစ်ကိုယ်ကောင်းဆန်တာကအကောင်းဆုံးပဲ။
[အဲတာကအမှန်မဟုတ်ပါဘူး]
System သည်အခိုင်အမာဖြင့် [ကျွန်တော်နှလုံးသားထဲမှာတော့ host က အကောင်းဆုံး host ပဲ လုံးဝမကောင်းတဲ့သူမဟုတ်ဘူး]
သိပ်မကြာခင်မှာပင် ကျုံပါးပါးသည် အိမ်တော်ထိန်းယွီအားခေါ်ကာ ဆေးရုံသို့သွားခဲ့သည်။
သူငယ်ရွယ်ချိန်တွင် သူသည် သူ၏အလုပ်တွင်သာစိတ်နှစ်ထားခဲ့သည်။ သူ လူလတ်ပိုင်းအရွယ်ရောက်သည့်အချိန်မှသာ သူသည်သူ၏ကလေးများအား တဖြည်းဖြည်းပို၍ဂရုစိုက်လာခဲ့သည်။ ကျုံယန်စီသည် ဆေးရုံကုတင်ပေါ်တွင်လဲလျောင်းနေသည်အားကြည့်ရင်း ကျုံပါးပါးသည် သူ၏သားအား လွန်ခဲ့သည့်နှစ်များအတွင်း ဂရုစိုက်မှုနည်းပါးခဲ့ကြောင်း သဘောပေါက်သွားခဲ့သည်။
သို့သော်လည်း ၎င်းတို့မျိုးဆက်လူများသည် ထိုသို့ပင်ဖြစ်သည်။ ကျုံပါးပါးသည်လည်း သူ့ဖခင်နှင့်ရင်းနှီးသည့်ဆက်ဆံရေးမရှိခဲ့ပေ။ သူ့ခံယူချက်မှာ ဖခင်သည် တင်းကြပ်ကာစည်းကမ်းရှိသူများဖြစ်ကာ သားသမီးများအား သူတို့၏ခံစားချက်များကိုရှက်ရွံ့ကြပြီး ၎င်းတို့၏နူးညံ့သည့်ပုံစံအား မပြကြပေ။ များသောအားဖြင့် မိခင်များသည်သာ နူးညံ့သည့်အခန်းကဏ္ဍအားဆောင်ရွက်ကြသည်။
သို့ပေမဲ့ ကျုံပါးပါးသည် မုန့်ယင်းရုန်သည်လည်း ကြင်နာသည့်မိခင်တစ်ယောက်မဟုတ်သည်ကို မေ့နေခဲ့လေသည်။
ကျုံပါးပါးသည် ကျုံယန်စီ၏လက်နောက်ဖက်အား ပုတ်လိုက်ကာ သူ့အသံမှာ တဆက်ဆက်တုန်နေလေသည်။
“မင်းဘယ်လိုဖြစ်လို့ မင်းရဲ့မိသားစုကိုဒီလိုကိစ္စကိုမပြောပြရတာလဲ”
ကျုံယန်စီသည် အကူအညီမဲ့သွား သကဲ့သို့ခံစားလိုက်ရလေသည်။
သူသည် ယန်ရှီအား သူမသည်အကျင့်စာရိတ္တကောင်းကာ ဥာဏ်ရည်ထက်မြက်သည်ဟု ထင်ခဲ့ဖူးသော်ညား သူမသည် သူ့အားချက်ချင်းပင် သစ္စာဖောက်သွားခဲ့သည်။ သူမသည် သနားစဖွယ်ယုန်လေးတစ်ကောင်နဲ့တူသော်ညား အမှန်တကယ် သူမသည်မြေခွေးလေးတစ်ကောင်သာဖြစ်သည်။ သို့ပေမဲ့အမှန်တွင် ကျုံယန်စီသည် သူ့၏ဖခင်လာလည်သည့် ခံစားချက်အားမကြိုက်နှစ်သက်ခြင်းမျိုးမဟုတ်ပေ။
“ကျွန်တော်အဆင်ပြေနေပါပြီ” ကျုံယန်စီပြောလိုက်သည်။
ကျုံပါးပါးရင်ထဲရှိအပြစ်ရှိစိတ်သည် အနည်းငယ်လျော့သွားသည်။ အကယ်၍ ကျုံယန်စီအခြေအနေသည် မတည်မငြိမ်ဖြစ်နေခဲ့လျှင် ယန်ရှိသည် သူတို့ကိုမပြောပြခဲ့လောက်ပေ။
ကျုံပါးပါး သည် အိမ်တော်ထိန်းယွီအားမေးလိုက်သည်။
“ချင်းယွီဘာလို့ မလာသေးတာလဲ”
“ပြောရရင်”
အိမ်တော်ထိန်းယွီသည် တုန့်ဆိုင်းသွားလေသည်။
“မမလေးရဲ့ ဇာတ်ကားဒီနေ့စတင်ရိုက်ကူးတာပါ”
ကျုံပါးပါးသည် မျက်မှောင်ကြုတ်သွားလေသည်။ သူသည် ကျုံယန်စီနှင့်ကျုံချင်းယွီမှာ အဆင်မပြေသည်ကိုသိသော်ညား ထိုမျှထိအဆင်မပြေဖြစ်နေသည်ဟု မထင်ခဲ့ပေ။
ဤသည်မှာ မောင်နှမကြား ဆက်ဆံရေးအားလျစ်လျူရှူမိခဲ့သည့် သူ၏အပြစ်ပင်ဖြစ်သည်။
ကျုံပါးပါးသည် သက်ပြင်းချလိုက်ကာ
“ဒါပေမဲ့ မင်းတို့ကမောင်နှမတွေပဲလေ၊ မင်းတို့တွေအရင်တုန်းကအဆင်ပြေကြတယ်မလား”
ကျုံယန်စီသည် ပြန်ဖြေလိုက်သည်။
“ချင်းယွီကအလုပ်များနေတာနေမှာပါ”
အမှန်တွင်လည်း ကျုံချင်းယွီသည်အလုပ်များနေခဲ့သည်။
ယနေ့တွင် “Crazy Summer and Winter” ဇာတ်ကားသည် ဖွင့်ပွဲအခမ်းအနားအားကျင်းပနေသည်။ တတိယမြောက် အမျိုးသမီးဇာတ်ဆောင်အနေနှင့် ကျုံချင်းယွီသည် ကျိန်းသေပေါက်တက်ရောက်ရမည်ဖြစ်သည်။ မဟုတ်ပါက သူမသည် စျေးကွက်ရှာဖွေရေးအကောင့်များထံမှ diva တစ်ဦးဖြစ်နေခြင်းအတွက် ဝေဖန်ခံရမည်ဖြစ်သည်။ သို့ပေမဲ့ ဖွင့်ပွဲအခမ်းအနားအားတက်ရောက်ပြီးနောက်တွင် ကျုံချင်းယွီသည်လည်း ဆေးရုံသို့လာခဲ့သည်။ ကျုံယန်စီသည် အိပ်ယာပေါ်တွင်အလုပ်လုပ်ရင်းထိုင်နေလေသည်။
သူသည် ကျုံချင်းယွီအားပန်းခြင်းနှင့်အတူတွေ့လိုက်ရချိန်တွင် သူအလုပ်အလုပ်ချိန်ကြာသွားခြင်းကြောင့် ထင်ယောင်ထင်မှား ဖြစ်နေသည်ဟုထင်နေသည်။
“ဘာလဲ၊ ငါနင့်ကိုလာမတွေ့ဘူးလို့ထင်နေတာလား”
ကျုံချင်းယွီသည် ပန်းခြင်းအားဘေးသို့ထားလိုက်ကာ ထိုင်ဖို့ရန်အတွက် ကုလားထိုင်အားဆွဲထုတ်လိုက်သည်။ သူမသည် ကျုံယန်စီအားသေချာကြည့်လိုက်ပြီးနော် ဘေးရှိပရိဘောဂများအား လှည့်ပတ်ကြည့်ရှုနေသည်။ အားလုံးသည် သူကင်ဆာဖြစ်နေသည်ဟုပြောကြသော်လည်း ကျုံချင်းယွီကြည့်ရသည်မှာ နေမကောင်းဖြစ်နေသည့်ပုံမပေါ်ပေ။
ကျုံယန်စီ၏မျက်နှာမှာ ဖြူဖျော့နေသော်လည်း သူ့ကြည့်ရသည်မှာအဆင်ပြေနေသေးပုံပေါက်သည်။ သူ၏ဆံပင်မှာထူထဲကာ တစ်မွှေးမှမကျွတ်ကျသေးပေ။ အရေးအကြီးဆုံးမှာ အလုပ်စွဲလမ်းနေသူသည် လပ်တော့ပ်အားယူလာကာ ခွဲစိတ်မှုပြီးပြီးချင်း အလုပ်လုပ်နေလေသည်။
ကျုံယန်စီသည် ကျုံချင်းယွီ၏သံသယများ အားသတိပြုမိသွားသည်။
“ကင်ဆာဆဲလ်တွေကမပြန့်သေးဘူး အဲတာတွေကိုပဲ ဖယ်လိုက်တာ”
ကျုံချင်းယွီသည် စိတ်သက်သာရာရသွားသည့် သက်ပြင်းအားချလိုက်လေသည်။
ကျုံချင်းယွီသည် သူမသက်ပြင်းချသံအားကြားလိုက်ရသည်ကို ခံစားလိုက်ရသည်နှင့် သူမသည်ချက်ချင်းမျက်နှာလွှဲလိုက်လေသည်။
“ငါ နင့်ကိုဂရုစိုက်လို့မဟုတ်ဘူး၊ ငါက ငါမလာရင် လူတွေကငါ့ကို သွေးအေးတဲ့သူလို့ပြောမှာစိုးလို့သာ နင်သိတယ်မလား ငါကအခုနာမည်ကြီးကြယ်ပွင့်တစ်ပွင့်လေ၊ ငါ့ရဲ့လှုပ်ရှားမှုတိုင်းကို လူတွေကသေချာစောင့်ကြည့်နေကြတာ၊ ပါပါရာဇီတွေငါ့ကို သွေးအေးတယ်လို့ မခေါ်စေချင်ပါဘူး”
ကျုံယန်စီသည် နူးနူးညံ့ညံနှင့် ကြည့်လိုက်လေသည်။
သူသည် ကျုံချင်းယွီယူလာသည့် ပန်းအားကြည့်လိုက်လေသည် ဒေစီပန်းခြင်းတစ်ခြင်းဖြစ်သည်။ သူကလေးဘဝတွင် ကျုံယန်စီသည် ကျုံချင်းယွီအား သူမကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်လာစေရန် မျှော်လင့်ရင်း ဒေစီပန်းအိုးတစ်အိုးပေးခဲ့ဖူးသည်။
ကျုံချင်းယွီသည် ထိုဒေစီပန်းအိုးအား ယခင်ကအလွန်ပင်သဘောကျခဲ့သည်။ ပန်းများညိုးနွမ်းသွားချိန်တွင် သူမသည်အချိန်အတော်ကြာငိုနေခဲ့ကာ ပန်းအားမြုပ်ရန်အတွက် တွင်းတစ်တွင်းပါတူးခဲ့ဖူးသည်။
ကျုံယန်စီ၏အကြည့်နောက်လိုက်ရင်း ကျုံချင်းယွီသည်လည်း ဒေစီပန်းများအားကြည့်လိုက်လေသည်။ သူမသည်လည်း ထိုမှတ်ဥာဏ်အားသတိရသွားပုံရကာ တိတ်ဆိတ်သွားသည်။
ဆေးရုံတွင် မိနစ်အနည်းငယ်ခန့်နေပြီးနောက် ကျုံချင်းယွီသည် ထလိုက်ကာ ပြန်ရန်ပြင်လိုက်လေသည်။ အတိတ်ကာလတွင် သူမသည်ကျုံယန်စီနှင့်တွေ့လိုက်တိုင်း သူမ သူ့အားလှောင်ပြောင်ခြင်းသို့မဟုတ် ငြင်းခုံနေလိမ့်မည်ဖြစ်သည်။ သို့သော်ယခု လူနာတစ်ယောက်အားမြင်လိုက်ရချိန်တွင် သူမထိုရွဲ့စောင်းစကားများအား ပြောမထွက်တော့ပေ။ပြောစရာများမရှိတော့သည့်အတွက် သူမသည်လည်း ရုပ်ရှင်ရိုက်ဖို့ရာပြန်သွားတော့မည်ဖြစ်သည်။
သူမတံခါးနားသို့ရောက်ချိန်တွင် ကျုံချင်းယွီရပ်သွားသည်။
သူမသည် သူမတစ်ချို့အရာများအား ယခုမပြောလျှင် နောက်ပြောဖို့ရာအခွင့်အရေးမရှိလောက်ဟု ခံစားနေရသည်။
“ကျုံယန်စီ ငါနင့်ကိုတကယ်မုန်းတယ်”
ကျုံချင်းယွီသည် ဒေစီပန်းများအား ကြည့်လိုက်ကာ
“ငါငယ်ငယ်တုန်းကတော့ အစ်ကိုတစ်ယောက်ရှိတာက ကောင်းတယ်လို့ငါထင်ခဲ့တာ၊ ဒါပေမဲ့ ငါတို့ကြီးလာတော့ လူတွေကငါတို့နှစ်ယောက်ကိုအမြဲနှိုင်းယှဥ်ကြတယ်၊ ငါကနင်နဲ့ယန်ရှီလောက် ဥာဏ်မကောင်းသလို ငါအရာရာကိုလဲ မထူးချွန်နေဘူး နင်ကအမြဲငါ့ထက်ပိုထူးချွန်နေခဲ့တာ”
“အဲတာကြောင့် ငါနင့်ကိုမုန်းတယ်”
“ပြီးတော့ နင်ကငါနဲ့မိသားစု ကံကြမ္မာအတွက်ပြိုင်နေတာပဲ”
ထိုသို့တွေးရုံနှင့်ပင် ကျုံချင်းယွီသည်ဒေါသထွက်လာလေသည်။
ပြီးနောက် သူမသည်အကြောင်းအရာအားပြောင်းလိုက်လေသည်။
“ဘာပဲဖြစ်ဖြစ် ငါနင့်ကိုတော့မသေစေချင်ဘူး”
ကျုံချင်းယွီသည် ကျုံယန်စီအားကြည့်လိုက်ကာ စကားလုံးတစ်လုံးစီသေချာပြောလိုက်သည်။
“ကျုံယန်စီ ငါတို့တွေသွားရင်းမောင်နှမတွေ၊ အဖေဆုံးသွားပြီးရင် နင်ကငါ့ကျန်မဲ့တစ်ဦးတည်းသော မိသားစုဝင်ပဲ၊ ငါနင်ဘဝကိုကောင်းကောင်းနေမယ်လို့ မျှော်လင့်တယ်”
“ဒါပေမဲ့ ငါ့ထက်တော့ကောင်းအောင်မနေနဲ့ ဟုတ်ပြီလား”
သူမစကား၏ပထမအပိုင်းမှာ စိတ်ခံစားစရာဖြစ်သော်ညား နောက်ဆုံးစကားအား ကျုံယန်စီမမျှော်လင့်ထားပေ။ သို့ပေမဲ့ ဤသည်မှာကျုံချင်းယွီ၏ပုံစံပင်ဖြစ်သည်။
ကျုံချင်းယွီထွက်သွားပြီးနောက် ယန်ရှီသည်ဘေးတွင်လွှင့်မျှောနေသည့် system နှင့်အတူ လျှောက်လမ်းမှထွက်လာသည်။
[သခင်မလေးကတကယ့်ကို tsundere ပဲ]
[သူမရဲ့အစ်ကိုနေမကောင်းဖြစ်နေတာကို သူမကြားကြားလိုက်ချင်းပဲ သူမနှလုံးသားလေးကနူးညံ့သွားတာ]
ယန်ရှီသည်ပြုံးလိုက်သည်။
“ချင်းယွီကတကယ်တော့ ကြင်နာတဲ့သူတစ်ယောက်ပါ”
[ကောကအဲဒီဒေစီပန်းခြင်းကို ကြည့်ပြီးတကယ်ပျော်နေတာကို အခန်းထဲမှာတွေ့ခဲ့တယ်]
[Host ပြောတာမှန်တယ် ကျုံမိသားစုဝင်တွေက အပြင်ကနေမြင်ရသလောက် သွေးမအေးကြဘူး]
ယန်ရှီသည်လည်း အခန်းဘက်သို့ကြည့်လိုက်သည်။ ကျုံယန်စီ၏အပြုံးအားတွေ့လိုက်ချိန်တွင် သူမစိတ်အခြေအနေသည်လည်း ကောင်းလာခဲ့သည်။
“ကျုံယန်စီကမအေးစက်ပါဘူး၊ သူကစိတ်ခံစားချက်တွေကို ရှောင်ဖယ်နေရုံပါ၊ သူက နည်းနည်းလေးပဲအချစ်ခံခဲ့ရခဲ့တာမလို့ သူမလိုချင်ယောင်ဆောင်နေတာ”
“ကြည့်လိုက်လေ သူကသူ့အဖေနဲ့ချင်းယွီလာတာကို အတော်ပျော်နေတာ၊ သူလိုချင်တာလေးတွေကတကယ်နည်းလွန်းတယ်”
System သည်ကျုံယန်စီအားကြည့်ပြီးနောက် ယန်ရှီအားပြန်ကြည့်လိုက်သည်။
[အဲလိုပုံပေါက်တယ်ပဲ]
[host ကအရမ်းတော်တာပဲ စိတ်ပညာတွေတောင်နားလည်တယ်]
“ဘာလို့ဆို ငါလည်း တူတူပဲမလို့လေ”
ယန်ရှီသည် မကွယ်ဝှက်တတ်ပေ။
“ချင်းယွီနဲ့မတွေ့ခင်အထိ ငါကလဲကျုံယန်စီလိုပဲ”
ကျုံချင်းယွီဆေးရုံမှထွက်သွားပြီးနောက် ယန်ရှီသည် စိတ်ဓါတ်ကျနေသည့်ပုံစံဖြင့် အခန်းထဲသို့ဖြေးစွာ ဝင်လာခဲ့သည်။
သူမသည် သူမ၏အမှားအားဝန်ခံရာ တွင်အလွန်ကောင်းမွန်သည့်သဘောထားအား ပြသခဲ့ပြီး သူမသည် ဦးညွှတ်လိုက်ကာ မှန်ကန်သည့်အမူအယာများအား ပြသလေသည်။
“ကောရဲ့မိသားစုကို မသိစေချင်မှန်းကျွန်မသိပါတယ် ကျွန်မလဲမပြောပြချင်ပါဘူး၊ ဒါပေမဲ့ ကျွန်မဒီတိုင်းပြောမိသွားတာပါ တောင်းပန်ပါတယ်၊ ကျုံယန်စီ ကျေးဇူးပြုပြီးဒေါသမထွက်ပါနဲ့ ဟုတ်ပြီလား”
မြေခွေးလေးသည် ပိုကောင်းသည့်ဆင်ခြေတစ်ခုအားရှာဖို့ရန် စိတ်မဝင်စားခဲ့ပေ။
ကျုံယန်စီပြောလိုက်သည်။
“မင်း ကိုယ်ဒီအပတ်ဆေးရုံကနေဆင်းမယ်ဆိုတာ သိတယ်မလား”
“အဲတာက ဒီတိုင်းစကားမှားပြောမိသွားတာပါ”
ယန်ရှီသည်ရှေ့သို့တိုးလာကာ ကျုံယန်စီ၏အင်္ကျီအားလှမ်းဆွဲလိုက်သည်။
သူမသည် ကျုံချင်းယွီထံချစ်စရာကောင်းအောင် သနားစဖွယ်ဟန် ဆောင်နိုင်သည်ဖြစ်ကာ ကျုံယန်စီကဲ့သို့လည်း သူမတစ်ပုံစံတည်းလုပ်နိုင်လေသည်။
သူမသည် ကျုံယန်စီသည် အေးစက်ကာ အနားကပ်ဖို့ရာခက်ခဲမည်ကို စိုးရိမ်ခဲ့ဖူးသည်။ သို့သော်သူသည် စက္ကူကျားသာဖြစ်ကြောင်း သူမသိရှိသွားလေသည်။ မောင်နှမများသည် တစ်ဦးနှင့်တစ်ဦးရင်းနှီးသည့်ပုံမပေါ်ကြသော်ညား ၎င်းတို့၏ဗီဇများမှာ တူညီကြသည်။ အနည်းငယ်ချော့လိုက်ရုံနှင့် သူတို့သည်ပျော့သွားကြမည်ဖြစ်သည်။
“ကျုံယန်စီ ကောကခွင့်လွှတ်တတ်တဲ့သူပါ၊ ကျွန်မကောနဲ့အတူ ဆေးရုံမှာတစ်ညအတူနေပေးခဲ့တာကိုထောက်ထားပြီး ခွင့်လွှတ်ပေးပါနော် နော်”
ကျုံယန်စီသက်ပြင်းချလိုက်လေသည်။ သူသည် ယန်ရှီအားစိတ်ဆက်မဆိုးနိုင်တော့ပေ။ ကိစ္စမှာ မည်မျှပင်အရေးကြီးသည့် ကိစ္စဖြစ်စေကာမူ သူမညိုးငယ်နေသည့်မျက်နှာအား မြင်လိုက်ရလျှင် သူ၏ဒေါသများအား ပျောက်ကွယ်သွားစေသည်။ သူသည် ယန်ရှီ၏ခေါင်းအား သူ၏လက်ဖြင့်သာသာလေးတောက်လိုက်ကာ
“မင်းကတော့လေ”
ထိုအချိန်တွင် အပြင်ဘက်မှ တံခါးခေါက်သံအားကြားလိုက်ရသည်။
ကျုံယန်စီသည် အံ့ဩသွားသည်။ ဆရာဝန်သည်သူအား ခွဲစိတ်မှုအပြီးဂရုစိုက်မှု လမ်းညွှန်ချက်များ ပေးသွားပြီးဖြစ်သည်။ ဤသည်မှာ ဆရာဝန်မဖြစ်နိုင်ပေ။
“တစ်ခြား သူတွေလာကြဖို့ရှိသေးတာလား”
ယန်ရှီသည် ကြမ်းပြင်ပေါ်တွင် အလျင်အမြန်ဒူးထောက်လိုက်ကာ
“ကျွန်မ ကျိန်ဆိုပါတယ်၊ ကျွန်မတကယ် ကောအဖေနဲ့ချင်းယွီကိုပဲပြောခဲ့တာပါ၊ ဘယ်သူကိုမှမပြောခဲ့ပါဘူး”
ကျုံဂရု စီအီးအိုသည်ကင်ဆာဖြစ်နေသည်ဆိုသည့်အကြောင်းအား ကောင်းစွာမထိန်းချုပ်ထားပါက ဂရု၏စတော့စျေးနှုန်းများအား ထိခိုက်စေနိုင်သည်။ သေချာပေါက် ယန်ရှီသည် ထိုကိစ္စအား ပတ်ဝန်းကျင်တွင် မဖြန့်ရဲပေ။
ကျုံယန်စီသည် သူမ၏လက်အားညစ်လိုက်သည်။
“ဝင်လာခဲ့ပါ”
အခန်းတံခါးသည် ပွင့်လာကာအဖြူရောင်ဝတ်စုံပြည့်နှင့် အမျိုးသမီးတစ်ဦးဝင်လာခဲ့သည်။ သူမသည် သိပ်ပြီးအရပ်မရှည်ပေ 168 စင်တီမီတာလောက်သာရှိသည်။ ဆယ်စင်တီမီတာမြင့်သည့် ဒေါက်မြင့်ဖိနပ်သည် သူမအားအရပ်မြင့်သကဲ့သို့ဖြစ်စေသည်။ သူမတွင် နူးညံ့သိပ်မွေ့သည့် မျက်ခုံးများနှင့် ချော့မွတ်ကာလုံးဝန်းသည့် မျက်လုံးများရှိသည်။ ထိုနူးညံ့သည့်အသွင်အပြင်အောက်တွင် သွေးအေးကာ ယုံကြည်ချက်ရှိသည့် ရန်လိုမှုမျိုးရှိနေကာ နားမလည်နိုင်သည့် ကိုယ်ရောင်ကိုယ်ဝါများလည်း ရှိနေလေသည်။
သူမသည် သရက်သီးတစ်ခြင်းအားကိုင်လာကာ ကျုံယန်စီထံသို့ လျှောက်လာလေသည်။
“ကျွန်မ မစ္စတာကျုံ နေမကောင်းဖြစ်နေတယ်ဆိုလို့ လာကြည့်တာပါ”
ထိုအမျိုးသမီးသည် ကျုံယန်စီအားပြုံး၍ ယဥ်ကျေးစွာခေါင်းငြိမ့်ပြလိုက်သည်။
“အို ရှင်ကျွန်မကိုမသိလောက်ဘူးနော် ကျွန်မကိုကျွန်မမိတ်ဆက်ပါရစေ၊ ကျွန်မနာမည်က လုဝမ်နင်ပါ”
လုဝမ်နင်တွင် နွေးထွေးသည့်အပြုံးရှိသည်။ သူမသည် လူနာဆီလာခဲ့ပါသော်ညား သူမ၏အကြည့်သည် ယန်ရှီထံသို့ရောက်သွားသည်။