အခန်း (၆၆)
Vol. 7 Ch. 66
System ၏မျက်လုံးသည် အံ့ဩမှုကြောင့် ပြူးကျယ်သွားပြီး ဘာမျှပြန်မတုံ့ပြန်နိုင်ပဲနှင့် ထိုအရာအား အကြောင်းမဲ့ အချိန်အတော်ကြာအောင် ငေးကြည့်နေမိသည်။
[ငါက အရံဇာတ်ကောင် စနစ်တစ်ခုဆိုတာ အံ့သြစရာမဟုတ်တော့ဘူး]
[မင်းတို့လူတွေက လှည့်စားမှုတွေနဲ့ ပြည့်နေတာပဲ၊ လူတစ်ယောက်တည်းမှာကို ပရိယာယ်ရှစ်ရာလောက် ထုပ်ပိုးထားတာပဲ]
ယန်ရှီသည် ကူရာကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
“ဘာလို့လဲဆိုတော့ မင်းရဲ့စိတ်က ရုပ်ချောတဲ့ကောင်လေးတွေကြားထဲမှာ ဗြာများနေလို့လေ၊ တကယ်လို့ မင်းပိုပြီးအာရုံစိုက်ကြည့်ရင် သဲလွန်စတွေပါတွေ့လာလိမ့်မယ်”
System သည် ဒေါသတကြီးပြန်လည်ပြောဆိုလာသည်။
[ရုပ်ချောတဲ့ကောင်တွေကို ကြိုက်တာဘာမှားလို့လဲ]
[System ရဲ့ဘဝမှာလည်း အဲလိုပျော်ရွင်မှုမျိူးလိုအပ်တယ်၊ ဘာတွေများအဲလောက် ဆိုးနေလို့လဲ]
ထို့နောက် စကားလမ်းကြောင်းလွှဲလိုက်ပြီး နေကြာစေ့များ လက်အပြည့်ဆုပ်ကိုင်လာကာ ကျီစယ်သည့်သဘောဖြင့် မေးလိုက်သည်
[Host၊ မင်းမပြောပြရသေးတဲ့ အတင်းအဖျင်းတွေ သဲလွန်စတွေရှိသေးလား၊ ရှိရင်အသေးစိတ်ပြောပြ]
ယန်ရှီ: “...”
“ဝတ္ထုဇာတ်ကြောင်းက ကျုံယန်စီအပေါ်ကော သက်ရောက်နေတယ်လို့ မထင်ဘူးလား”
System သည် ပင့်သက်ရှိုက်လိုက်သည် [ဟုတ်လို့လား]
“မင်းပဲ ငါ့ကိုပြောခဲ့တာလေ၊ကျုံယန်စီက ရဲ့လော့ယီရဲ့ ဘက်တော်သားဆို”
“သူတို့က အရေးကြီးတဲ့တုံ့ပြန်မှုရှိတယ်ဆိုပေမယ့် ရဲ့လော့ယီနဲ့ကျုံယန်စီက သိပ်ပြီးခေါ်ပြောလေ့မရှိဘူးလေ၊ ကျုံယန်စီလိုလူမျိုးက ရဲ့လော့ယီရဲ့ ‘မာယာ’ထဲမှာ မျောမသွားတာ အရမ်းထူးဆန်းတယ်”
System သည် အချိန်ယူစဉ်းစားပြီးနောက် ပြန်ပြောလိုက်သည်။
[ဟုတ်သားပဲ သူတို့ ဝတ္ထုထဲမှာ ဘယ်တော့မှ အတူတူမပါဘူးဆိုတာ ငါမှတ်မိပြီ၊ ကျုံယန်စီရဲ့ ဈာပနမှာ ရဲ့လော့ယီ နာနာကျင်ကျင်ငိုကြွေးခဲ့တာပဲရှိတာ အဲဒီမှာ ဝတ္ထုက သူမရဲ့ ကျုံယန်စီအပေါ်ထားရှိတဲ့ခံစားချက်ကို နောက်ဆုံးဖော်ပြလိုက်တာပဲ]
ယန်ရှီသည် နားလည်သကဲ့သို့ ပြုံးလိုက်သည်။
“ဘာလို့လဲဆိုတော့ “ဘက်တော်သား” ဆိုတဲ့စကားလုံးက ကျုံယန်စီကို အမျိုးသမီးအရံဇာတ်ကောင်ရဲ့အစ်ကို အဆင့်ကနေ အဓိကအမျိုးသမီးဇာတ်ကောင်ရဲ့မဖြစ်နိုင်တဲ့ ချစ်ခြင်းခံရသူအဖြစ်ကို ရောက်ရှိစေလို့ပဲ၊ သူရဲ့ ဇာတ်ကြောင်းကို တိုးစေတယ်”
“လုမိသားစုရဲ့ အငယ်ဆုံးသမီးကလည်း ဒီအတိုင်းပဲ၊ ရဲ့လော့ယီက သူမအတွက် ‘အလဲခံခဲ့တဲ့ကလေး’ဆိုတဲ့အချက်ကြောင့် ရပ်တည်ပေးလိုက်မယ်၊ တကယ်လို့ ငါသာ လုမိသားစုရဲ့ သမီးဖြစ်ခဲ့ရင် ငါ့ရဲ့အခန်းကဏ္ဍကလည်း အရေးပါလာမှာပဲ”
“အဲလိုမျိုး အဓိကဇာတ်ဆောင်နဲ့ အချိတ်အဆက်ရှိတာက ငါ့အပေါ် ဝတ္ထုဇာတ်ကြောင်းရဲ့ လွှမ်းမိုးမှုကို ခံရနိုင်တယ်”
ဝတ္ထုဇာတ်ကြောင်းသည် ကျုံချင်းယွီအပေါ်ထိန်းချုပ်ခြင်းမှာ သူမနှင့်ရဲ့လော့ယီသည် အရံမင်းသမီးနှင့် အဓိကဇာတ်ဆောင်မင်းသမီးဟူသည့် ပတ်သတ်မှုရှိသောကြောင့်ဖြစ်သည်။သို့သော် ရှမော့မော့သည် ရဲ့လော့ယီနှင့် ဆက်ဆံရေးဝေးကွာသောကြောင့် ဇာတ်ကြောင်းသည် သူမအား ကြာရှည်စွာ မထိန်းချုပ်နိုင်ခြင်းဖြစ်သည်။
ဝတ္ထု၏ အဓိကဇာတ်ကောင်နှင့် ပို၍နီးကပ်လေ ဝတ္ထုဇာတ်ကြောင်း၏ ထိန်းချုပ်မှုအောက်သို့ပို၍ ရောက်ရှိလေဖြစ်သည်။
System သည် အံကြိတ်၍ နေကြာစေ့အား ထက်ဝက်ကွဲအောင် ကိုက်လိုက်သည်။
[ဇာတ်ကြောင်းက အရမ်းလျို့ဝှက်တာပဲ၊ ငါတောင်သတိမထားလိုက်မိဘူး]
ယန်ရှီသည် သက်ပြင်းချလိုက်သည်။
“ဒါကြောင့် ငါတို့ပိုပြီးမြန်မြန် ကံကောင်းမှုအမှတ်တိုးအောင်လုပ်ဖို့လိုတာ၊ အဲဒါမှ ကျုံချင်းယွီ အပြီးပိုင် လွတ်မြောက်နိုင်မှာလေ”
[အား Host ငါပြောဖို့မေ့နေတာ တစ်ခုရှိတယ်]
System သည် နေကြာစေ့ သူ၏ပါးစပ်သို့ ဝင်သွားသောအခါ မျက်လုံးများတောက်ပလာသည်။
[ငါတို့ ကံကောင်းမှုအမှတ်နှစ်မှတ်ရထားတယ်]
[ဒင်း၊ ကျုံယန်စီရဲ့ကျန်းမာရေးအခြေအနေကောင်းလာတဲ့အတွက် ကျုံချင်းယွီ ကံကောင်းမှုအမှတ်ငါးမှတ်တိုးတယ်၊ ကျုံမိသားစုရဲ့ပြဿနာတွေပြေလည်သွားတဲ့အတွက် ကျုံချင်းယွီတစ်မှတ်ထပ်တိုးလာပါတယ်၊ လက်ရှိစုစုပေါင်းအမှတ်:၆၆.၂မှတ်]
—
နောက်နေ့မနက်၌ ကျုံချင်းယွီသည် ပုံမှန်နေ့များကဲ့သို့ပင် အိပ်စက်နေသည်။
တတိယအမျိုးသမီးဇာတ်ကောင်အနေဖြင့် သူမ၏ ရိုက်ကူးရမည့်အခန်းများသည် ကန့်သတ်ထားသည်။
ပရိုဂျူဆာရှုသည် အိပ်စက်နေသောထိုအမျိုးသမီးအား သွားနှိုးတာထက် သူမ၏ ရိုက်ကူးရေးအခန်းများကို နေ့ခင်းဘက်သို့ရွေ့ဆိုင်းထားသည်မှာ ပို၍အဆင်ပြေမည်ဆိုတာ သိသည်။
ယန်ရှီသည် စောစောထ၍ မနက်စာစားပြီးနောက် ကျုံယန်စီနှင့် အန်တီချန်းအတွက် မနက်စာများထုပ်ပိုးလိုက်သည်။
အာရုဏ်ကျင်းချိန်၌ ဆေးရုံတွင် ပိုးသတ်ဆေးနံ့များ အရက်ပြန်(ပျံ)နံ့များဖြင့် ပြည့်နှက်နေသည်။ ဖြူဖျော့နေသော လူနာများသည် သူတို့မိသားစု၏ အကူအညီဖြင့် လမ်းလျှောက်နေကြသည်။ ဤနေရာသည် သေဆုံးခြင်းများဝန်းရံနေသော်လည်း မျှော်လင့်ချက်များနှင့်လည်း ပြည့်နှက်နေပေသည်။
သူမသည် ကျုံယန်စီ၏ VIPလူနာဆောင်သို့ရောက်သည့်အခါ တံခါးသည်အနည်းငယ်ဟနေသည်။ တစ်စုံတစ်ယောက်သည် သူမထက်ပိုစော၍ ရောက်နေလေသည်။ ကျုံယန်စီသည် လူနာဝတ်စုံဖြင့် ထိုင်နေပြီး စတုရန်းပုံစားပွဲအား သူ၏အလုပ်စားပွဲအဖြစ်သို့ ပြောင်းလဲထားသည်။လက်ထောက်ဆွန်းသည် သူ၏ဘေးတွင်ရပ်နေပြီး အစီရင်တင်စာများအား ပြောကြားနေသည်။
ယန်ရှီ: “...”
အရမ်းလွန်ကြတာပဲ။ ငါတောင် ကော်ဖီမသောက်ရသေးဘူး။
သူမသည် မနက်စာအား စားပွဲပေါ်၌ တင်ထားလိုက်သည်။
“ဆရာဝန်က အနားယူဖို့လိုတယ်လို့မပြောခဲ့ဘူးလား၊ ရှင်မနေ့က နှစ်နာရီတောင်အလုပ်လုပ်ပြီးပြီလေ၊ အခုဘယ်ချိန်ရောက်နေပြီလဲ၊ အရင်စားပြီးမှ အလုပ်ဆက်လုပ်”
လက်ထောက်ဆန်၏မျက်လုံးများပြူးကျယ်သွားသည်။ ယန်ရှီရူးသွားပြီလား။ ဘော့သည် သူ့အားအမိန့်ပေးသည်ကို လုံးဝမကြိုက်ချေ။
“ယန်ရှီ၊ ဒါက အဖွဲ့ရဲ့အရေးပါတဲ့စီမံကိန်း…”
“ကောင်းပြီ”
ကျုံယန်စီသည် စာရွက်စာတမ်းများအား ဘေးသို့ချကာ မနက်စာအား ဆွဲယူလိုက်သည်
“အရင်စားကြတာပေါ့”
လက်ထောက်ဆွန်း:???
ယန်ရှီသည် စားဖိုမှူးထုပ်ပိုးပေးခဲ့သည့် အသားညှပ်ပေါင်မုန့်၊အဆီအနှစ်မပါသော နွားနို့( ကျုံယန်စီသည် နွားနို့နှင့်မတည့်သောကြောင့်) နှင့်အသီးအရွက်များ စသည့် မနက်စာများအား ပြင်ဆင်ပေးလိုက်သည်။
လက်ထောက်ဆွန်းသည် လှောင်ပြောင်လိုက်သည်။
“ဘော့စ်က အသီးအရွက်မစား…”
“ဒါမဖြစ်သင့်တာပဲ”
ယန်ရှီသည် စကားဖြတ်ပြောလိုက်သည်။
“လူနာက အာဟာရပြည့်အောင်စားရမယ်လေ၊ ဆရာဝန်က ဗီတာမင်ပိုစားရမယ်လို့ပြောတယ်လေ”
လက်ထောက်ဆွန်းသည် စိတ်ထဲ၌ လှောင်ပြုံးပြုံးလိုက်သည်။ဟုတ်ပါသည်။ အသားကြိုက်သူအား အသီးအရွက်စားခိုင်းခြင်းသည် ကျားတစ်ကောင်အား သက်သက်လွတ်စားခိုင်းနေသကဲ့သို့ပင် ဖြစ်လာမည်မဟုတ်ချေ။
ထို့နောက် သူသည် ကျုံယန်စီ ခရင်းအားကိုင်၍ မုန်လာဥနီစားနေသည်ကို ကြည့်နေခဲ့သည်။
“မင်းပြောတာမှန်တယ်၊ အာဟာရစုံအောင်စားရမယ်”
လက်ထောက်ဆွန်း:???
ဘော့စ်၊ အကယ်၍ မင်းခန္ဓာကိုယ်အလဲခံလိုက်ရလျှင် မျက်တောင်နှစ်ချက်ခတ်ပြပါ။
—
ကျုံယန်စီ၏ အစားအသောက်အား ကြီးကြပ်ပေးပြီးသည့်အခါ ယန်ရှီသည် Star Glory ရုံးသို့ ထွက်လာခဲ့သည်။
သူမ ထိုနေရာ၌ အလုပ်လုပ်နေသည်။ ပို၍အရေးကြီးသည်မှာ ကျန်ရှိနေသော ကံကောင်းမှုအမှတ်များအား ရယူရန်လိုသေးသည်။ သူမသည် ကျုံယန်စီအနားတွင် တစ်သက်လုံး ကပ်၍မနေနိုင်ချေ။
လက်ထောက်ဆွန်းသည် ဆက်လက်တွေဝေနေခဲ့ပြီး အသိဝင်စေရန် သူ၏ပါးအား ဆွဲဆိတ်လိုက်သည်။
ကျုံယန်စီသည် ယန်ရှီ၏ဂရုစိုက်သည့်ပုံစံကိုကြည့်၍ သူ၏အမူအရာသည် ပျော့ပြောင်းလာခဲ့သည်။
ဆေးရုံတက်တာက လူတွေကိုပြောင်းလဲစေတာလား။ကျုံယန်စီသည် သေမလိုဖြစ်ပြီးသည့်နောက်တွင် ဘဝနှင့်သေဆုံးခြင်းမှ လွဲ၍အရေးကြီးသည့်အရာမရှိ ဟုထင်မှတ်ကာ အေးစက်သွားခဲ့သည်ဟု လက်ထောက်ဆွန်းကြားဖူးသည်။
အခုက ဘာများလဲ။
အလွန်ပင်ပျော်သွားပြီး လက်ထောက်ဆွန်းသည် ခဏတာ စဉ်းစားလိုက်သည်။
“ဘော့စ်၊ကျွန်တော်တို့အလုပ်အတူတူလုပ်လာတာဆိုတော့ ပွင့်ပွင်းလင်းလင်းပဲပြောမယ်ဗျာ၊ ကျွန်တော် လစာထုတ်ပြီး ခွင့်လိုချင်တယ်…”
သူ၏ပုံစံသည် အေးစက်သွားသည် “လက်ထောက်ဆွန်း ၊ခင်များ နှုတ်ထွက်ချင်နေတာလား”
လက်ထောက်ဆွန်း: T^T
—
ထိုနေ့မနက်တွင် ယန်ရှီသည် Star Glory ၏ VP ရုံးခန်းသို့ ရောက်လာခဲ့သည်။
CEO ဖြစ်သည့် ချူယန် (ကျုံချင်းယွီ၏အဒေါ်)သည် တစ်နှစ်ပတ်လုံးတွင် နှစ်ပတ်လည်အစည်းအဝေး၌သာ ပေါ်လာတက်ပြီး ကျန်သည့်အချိန်များတွင် ကုမ္ပဏီသို့ ရောက်မလာတက်ချေ။ နေ့စဉ်လုပ်ငန်းဆောင်တာများကို လင်းကျီအားတာဝန်ပေးထားပြီး အရေးကြီးသည့်စီမံကိန်းများကိုမူ ယွီရှောင်အား ကြီးကြပ်စေသည်။
အစတွင် ယန်ရှီသည် သူမ၏လက်ထောက်အဖြစ် လင်းကျီအစား သူ့အားခန့်အပ်မည်ဟု ယွီရှောင်ထင်မိသည်။သို့သော် ယန်ရှီသည် ချူယန်၏ပျက်ကွက်မှုကို အတုယူနေသူဖြစ်သည်။ သူမသည် ဤနေရာသို့ အလုပ်လုပ်ရန်မဟုတ်ဘဲနှင့် ကံကောင်းမှုတန်ဖိုးရှာရန် ရောက်ရှိနေခြင်းဖြစ်သည်။
Star Glory ကို စီမံခန့်ခွဲခြင်းသည် ကျုံချင်းယွီအား ကံကောင်းမှုများ ဖြည်းဖြည်းချင်းတက်စေသော်လည်း ယန်ရှီသည် ရှန့်ရှင်းဟယ်နှင့် ဟန်ရှုကဲ့သို့ ကံကောင်းမှုအချီကြီး လိုအပ်နေသည် ဖြစ်သည်။
ထို့ကြောင့် လင်းကျီအား သူမ၏အလုပ်များ ကိုယ်စားပြုလုပ်စေပြီး သူမသည် အောင်မြင်ထွန်းတောက်စေမည့်သူ ရှာရန်အတွက် စီမံကိန်းဖိုင်တွဲများကြား၌ အလုပ်ရှုပ်နေလေသည်။
System: [Host အဲဒီမှာ ရွက်ပုန်းသီးတွေဘယ်လောက်ရှိလိမ့်မယ်လို့ထင်လဲ၊ နောက်ဆုံးအခေါက်တုန်းက ငါတို့ အမှတ်၃၀လောက် ရှာခဲ့ပေမယ့် ဘာမှမတွေ့ဘူးလေ]
“မဟုတ်ဘူး ငါအရင်က သတိမထားမိတဲ့ ပရောဂျက်တစ်ခုရှိတယ်၊ အခု အဲဒါကအသုံးဝင်မယ်ထင်တယ်”
စာရွက်ပုံများအား လှန်လျောရှာဖွေပြီးနောက် သူမသည် နောက်ဆုံးတွင် ရှာဖွေနေသော စီမံကိန်းအား တွေ့သွားပြီဖြစ်သည်။
၎င်းသည် လွန်ခဲ့သောနှစ်လခန့်က ရှင်းယောင်တင်ပြထားခဲ့သော ပရောဂျက်ဖြစ်သည်။ စီမံကိန်းဌာနသည် ၎င်းအားဖတ်ရှုစစ်ဆေးခဲ့သော်လည်း လက်မခံခဲ့ချေ။ အကဲဖြတ်အစီရင်ခံစာသည် ထိုသို့တင်ပြထားသည်။
“ဒီစီမံကိန်းက ရင်းနှီးမြှပ်နှံဖို့အလားအလာရှိပေမယ့် စွန့်စားလွန်းရာ ကျလွန်းတယ်၊ ပြည်တွင်းဈေးကွက်မှာ ဒီလိုမျိုးတွေမရှိတဲ့အတွက် ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံဖို့ကို မထောက်ခံပါဘူး”
ဤပရောဂျက်အား တင်ပြခဲ့သူသည် အမျိုးသမီးဒါရိုက်တာ ချူထင်းပိုင်ဖြစ်သည်။ သူမသည် အိုင်ဒေါလ်လေ့ကျင့်ရေး ရသစုံရှိုးအား ရိုက်ကူးချင်သူဖြစ်သည်။
အိုင်ဒေါလ်ဈေးကွက်သည် တရုတ်တွင် သိပ်၍နာမည်မရှိချေ။ ချူထင်းပိုင်သည် တိုက်ရိုက်ထုတ်လွှင့်မှုများနှင့်တီဗီရှိုးများအပါအဝင် ကုမ္ပဏီအများစုမှ ချွင်းချက်မရှိ ငြင်းပယ်ခံခဲ့ရပေသည်။
ယန်ရှီသည် စီမံကိန်းအား လျင်မြန်စွာဖတ်ရှုလိုက်ပြီး နောက်ဆုံးစာမျက်နှာတွင် ချူထင်းပိုင်၏ ဆက်သွယ်ရန်အဆက်အလက်များအား တွေ့ရှိသွားသည်။
—
ရှေးခေတ်သစ်ပင်များသည် ကောင်းကင်နီးနီးပင် မြင့်မားလှပြီး ၎င်းတို့၏ ထူထပ်သော သစ်ရွက်များသည် နေရောင်ခြည်ကို မှုန်ဝါးစေသည်။ ရှုခင်းကိုဖြတ်၍ ရွှဲရွှဲစိုနေသော စမ်းချောင်းတစ်ခုသည် ကျောက်စရစ်ရေအောက်ကြမ်းပြင်အပေါ်တွင် ကြည်လင်ပြတ်သားစွာ ရှင်းရှင်းလင်းလင်းမြင်နေ ရသည်။
MV ရိုက်ကူးရေး အဖွဲ့သားများသည် စမ်းချောင်းထဲတွင် ရပ်နေသော လူငယ်အား ရိုက်ကူးရန် သူတို့၏ ကင်မရာများကို တပ်ဆင်ထားပြီးဖြစ်သည်။ သူသည် အဖြူရောင် ပိုးသားရှပ်အင်္ကျီအား အနက်ရောင်လိုင်းအစင်းကြောင်း ဘောင်းဘီနှင့်တွဲဖက်ဝတ်ဆင်ထားပြီး အေးမြသော ရေထဲတွင် ခြေဗလာဖြင့်ရပ်နေသည့်အတွက် သူ၏ဘောင်းဘီအောက်ခြေသည် စိုရွဲနေသည်။
ငယ်ရွယ်သည့် အမျိုးသမီးဒါရိုက်တာသည် မော်နီတာအားကိုင်၍ ကမ်းစပ်၌ရပ်နေသည်။သူမ၏ရေညှိစိမ်းရောင် ဆံပင်အား ခပ်နိမ့်နိမ့်စည်းထားပြီး ခဲတံတစ်ချောင်းလည်း ခေါင်း၌ထိုးထားသေးသည်။ သူမသည် မက်ဂါဖုန်းအား ကိုင်လိုက်ပြီး စတိုင်လ်လစ်အား ညွှန်ကြားလိုက်သည်။
“အဲမှာပဲရပ်မနေနဲ့လေ၊ မစ္စတာရှန့်ရဲ့ရင်ဘက်ကို ရေနည်းနည်းစွတ်လိုက်၊ သူ့ရဲ့ ဆံပင်ကိုရောပဲ”
ထိုကောင်လေးသည် အစပိုင်းတွင် စမ်းချောင်းထဲ၌အလွန်ပင်ငယ်ရွယ်သည့်ပုံပေါက်နေသော်လည်း သူ၏ရှပ်အကျီသည် စိုစွတ်သွားပြီး အရေပြားပေါ်ကပ်သွားသည့်အခါ ရင်ဘတ်နှင့် ကြွက်သားများသည် ဖောက်ထွင်းမြင်နေရသော အကျီမှတဆင့် မသိမသာမြင်နေရပြီး စိတ်ကူးယဉ်ကြည့်ရန် လုံလောက်သော ပုံစံရှိနေပေသည်။
သူ့ဆံပင်သည် စိုစွတ်နေပြီး ရေစက်ကလေးများသည် နက်ပြာရောင်ဆံပင်ကောက်လေးများမှတဆင့် စီးကျနေသည်။ သူသည် သောင်တင်နေသော ရေသူထီးတစ်ကောင်ကဲ့သို့ အထီးကျန်သော အလှတရားများနှင့်ပြည့်နှက်နေသည်။
အစောပိုင်း၌ မထူးခြားနားဖြစ်နေသော ရိုက်ကူးရေးအဖွဲ့သားများသည် စတင်၍ အံ့ဩလာကြသည်
“ကျီရှင်းကျုံရဲ့ ကြွက်သားတွေက နောက်စရာမဟုတ်ဘူးပဲ”
“ဒီလိုပုံစံနဲ့ဆိုရင် မစ္စတာရှန့်က မထိရက်မကိုင်ရက် ရေခဲမင်းသားလေးကျနေတာပဲ၊ ဒီပုံစံက ရူးလောက်စရာပဲ”
“ဒါရိုက်တာချုက သူဘာလုပ်နေလဲဆိုတာ သူသိတယ်၊ ဒီလို လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုက ဘောင်ဝင်တယ်လေ၊ လူတိုင်းက သူမကို သူတို့ရဲ့MV ရိုက်ကူးစေချင်တာက အံ့ဩစရာတော့မဟုတ်ပါဘူး”
အနုပညာလောကတွင် ချုထင်းပိုင်၏ MV ရိုက်ကူးသည့် သတင်းသည် အပြစ်ပြောစရာမရှိချေ။သူမသည် ပတ်ဝန်းကျင်အား အသက်ဝင်စေပြီး အနုပညာရှင်များ၏ အလှပဆုံးအချိန်အား အမြဲလိုလို ရိုက်ကူးမှတ်တမ်းတင်လေ့ရှိသည်။
သို့သော် သူမသည် MV ဒါရိုက်တာဖြစ်နေရုံမျှနှင့် မကျေနပ်နိုင်ချေ။သူမတွင် ရုပ်ရှင်ရိုက်ကူးရေးအောင်မြင်မှုဆုအား ရရန် ဆန္ဒမရှိသော်လည်း သူမကိုယ်သူမ တိမ်မြုပ်နေသည်ဟုခံစားနေရပြီး သူမသည်တိမ်မြုပ်နေရသည့်ပျော်ရွင်မှုကိုနှစ်သက်ကြောင်းနှင့် လှပသည့်သူများအား အားကျမိကြောင်း ဝန်ခံခဲ့သည်။ထို့ကြောင့် သူမသည် ငယ်ရွယ်သောအိုင်ဒေါလ်အနုပညာရှင်များ စင်ပေါ်၌ ဖျော်ဖြေနေသည့်စွမ်းအင်များကို ဖော်ထုတ်ရန်အတွက် အိုင်ဒေါလ်လေ့ကျင့်ရေးအစီအစဉ်ကို ရိုက်ကူးလိုခြင်းဖြစ်သည်။၎င်းသည် အလှတစ်မျိုးပင် မဟုတ်ပေလော။
သို့သော် ပြည်တွင်းဈေးကွက်သည် သရဲဘောကြောင်လေသည်။အောင်မြင်ခဲ့သည့် သတင်းမရှိသောကြောင့် မည်သူမျှသူမ၏ စီမံကိန်းအပေါ်မြှုပ်နှံရန် ယုံကြည်ချက်မရှိကြပေ။ သူမ၏ စီမံကိန်းအားတင်ပြခဲ့သည်မှာ နှစ်ဝက်ခန့်ပင်ကြာပြီဖြစ်သော်လည်း မည်သည့်ကုမ္ပဏီကမျှ ယခုထိ မတုံ့ပြန်သေးပေ။
ကြောက်တက်လိုက်တဲ့လူတွေ။
သူတို့တွေ စစ်မှန်တဲ့အလှတရားကို အသိအမှတ်ပြုဖို့လွဲချော်သွားပြီ၊ သူတို့ ဒါတောင် နားမလည်ဘူးလား။
သည့်အတွက် ချုထင်းပိုင်သည် ရွေးချယ်စရာမရှိပေ။သို့သော် သူမ၏ကင်မရာအားသယ်ဆောင်ကာ MV များကို ပုံမှန်အတိုင်း ရိုက်ကူးနေဆဲဖြစ်သည်။
တောတောင်များအကြားတွင် ရေစီးဆင်းသံ၊ငှက်များသီဆိုသံနှင့် လေပြေထဲတွင် သစ်ရွက်များ လွင့်မျောနေသည့်အသံများကိုသာကြားနေရသည်။ လူသားများ၏ အလိုဆန္ဒအား ဖမ်းယူဖော်ပြထားသည့် ချူထင်းပိုင်၏ ကင်မရာသကဲ့သို့ပင် အရာအားလုံးသည် စစ်မှန်လှပနေသည်။
ထို့နောက် ဖုန်းမြည်လာသည်။
ချူထင်းပိုင်သည် စိတ်မရှည်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်
“အလုပ်ချိန်နော်၊ လူတိုင်းဖုန်းသံပိတ်ထားသင့်တယ်”
ရိုက်ကူးရေးအဖွဲ့သည် ထိုအသံအောက်တွင် လန့်ဖြန့်သွားကြသည်။မည်သူမျှ စကားမပြောရဲချေ။
ခဏအကြာတွင် ဖုန်းသံထပ်မြည်လာသည်။
ချူထင်းပိုင်သည် ဒေါသထွက်သွားသည်။သူမသည် ကျီရှင်းကျုံ၏ အေးစက်သည့်အပြင်ပိုင်းပုံစံသည် အခြားပုံစံသို့ပြောင်းလဲသွားသည့် အကောင်းဆုံးရိုက်ချက်ကို ရိုက်ကူး နေစဉ်ပင်ရှိသေးသည်။ထိုအချိန်ခဏလေးသည် ဒီအရေးမပါသည့်ဖုန်းသံကြောင့်ပျက်စီးသွားလေပြီ။
“ဘယ်သူ့ဖုန်းလဲ၊ ကိုယ့်ကိစ္စကို မရှင်းနိုင်ကြဘူးလား”
မည်သူမျှမဖြေရဲပေ။ ကျီရှင်းကျုံသည် ချုထင်းပိုင်၏ ပတ္တူစအိတ်အား တုံ့ဆိုင်းစွာဖြင့် လက်ညိုးထိုးပြလိုက်သည်။
“ဒါရိုက်တာချူ…ခင်များဟာထင်တယ်”
ချူထင်းပိုင်: “...”
သူမသည် စိတ်ရှည်သည့်သူမဟုတ်ချေ။သူမအားဖုန်းအား ဆွဲယူကာ ပြောလိုက်သည်။
“ဟယ်လို”
တောက်ပသည့် မိန်းကလေးအသံတစ်သံသည် ပြန်၍ဖြေကြားလာသည်
“ဒါရိုက်တာချူ ဟယ်လို၊ ကျွန်မကရှင်းယောင်ရဲ့ အမှုဆောင်ဒုဥဣဌပါ၊ ကျွန်မက ရှင့်ရဲ့ပရောဂျက်မှာ ရင်းနှီးမြှုပ်နှံချင်လို့ပါ”
ချူထင်းပိုင်သည် သူမ၏အမူအရာပျက်မသွားခင် နှစ်စက္ကန့်ခန့်ရပ်သွားသည်။
“ရှင်းယောင်ရဲ့ ဒုဥက္ကဌဟုတ်လား၊ ကလေး မင်းက ဒီလိုလိမ်ဖို့အရမ်းငယ်သေးတယ်၊ ငါလည်း ခန့်မှန်းတဲ့နေရာမှာ သိပ်မတော်ပေမယ့် ငါ့နားကတော့ ကောင်းသေးတယ်၊ မင်းအခုမှ ဆယ့်ရှစ်နှစ်ပဲရှိသေးတာမလား”
ယန်ရှီ: “...”
ယန်ရှီကြောင်အသွားသည်။ဟုတ်ပါသည်၊သူမသည် ရင့်ကျက်သည့် ခပ်မိုက်မိုက်မိန်းကလေးပုံစံမဟုတ်သော်လည်း ယခုလိုအသေးအမွှားလေးကြောင့် အထင်လွဲခံရသည်လား။
အနီးနားတွင်ရပ်နေသည့် လင်းကျီသည် ခပ်တိုးတိုးပြောလိုက်သည်
“ဥက္ကဌယန်၊ မင်းကယဉ်ကျေးနေတော့ မင်းအသံကနူးညံ့နေပြီး ငယ်ရွယ်တဲ့ပုံပေါက်နေတာ ပြီးတော့ ဖုန်းပြောရင် အသံက နည်းနည်းပြောင်းသွားတယ်လေ”
ယန်ရှီသည် ဒေါသထွက်သွားပြီး လင်းကျီအား ဖုန်းပေးလိုက်သည်
“နင်ပဲဆက်ပြောလိုက်တော့”
သူမ၏ အတွေ့အကြုံများအရ လင်းကျီသည် ချူထင်းပိုင်အား ရှင်းယောင်သည်အမှန်တကယ်ပင် ရင်းနှီးမြှုပ်နှံချင်ကြောင်း ပြောကြား၍ ထိုကိစ္စအား ငါးမိနစ်အတွင်းဖြေရှင်းလိုက်သည်။
ယခုသည် ချုထင်းပိုင်ဘက်မှ ကြောင်အ,သွားသည့်အလှည့်ဖြစ်သည်။
သူမသည် စီမံကိန်းအား ရှင်းယောင်သို့ လွန်ခဲ့သည့်နှစ်လတည်းက ပို့ခဲ့သည်ကို မှတ်မိပါသည်။ ယခုမှ အကြောင်းပြန်သည်လား။သူမ၏ စီမံကိန်းသည် ရှင်းယောင်သို့မရောက်မီ ကမ္ဘာများ ပတ်နေခဲ့သည်လား။
သို့သော် ယခုသည် ရင်းနှီးမြှုပ်နှံမည်ကိစ္စဖြစ်သောကြောင့် ချူထင်းပိုင်သည် သူမ၏ဒေါသများကိုလျော့ကာ ပို၍ သတိထားလိုက်သည်။
သူမသည် ရိုက်ကူးရေးအဖွဲ့အား ဆယ်မိနစ်နားရန် ကြေညာပြီးနောက် ဖုန်းပြန်လည်ခေါ်ဆိုရန် နေရာကောင်းအား ရှာဖွေလိုက်သည်။
ယခုတွင် ယန်ရှီသည် ထပ်မံပြောကြားလာသည်။
လိုချင်သည့်အချက်များအား ယန်ရှီက တိုက်ရိုက်ပြောလိုက်သည်။
“ဒါရိုက်တာချူ ၊ကျွန်မတို့ရှင့်ရဲ့စီမံကိန်းကိုကြည့်ပြီးပြီ၊ ရှင်အဆင်ပြေရင် ရှင်းယောင်မှာ အသေးစိတ်ဆွေးနွေးရအောင်”
ချူထင်းပိုင်သည် ခေါင်းရှုပ်ထွေးသွားသည်။ နှစ်ဝင်လောက်အငြင်းခံရပြီးတဲ့နောက် သူ့ရဲ့စီမံကိန်းကို မြှုပ်နှံချင်တဲ့သူ ပေါ်လာပြီလား။ထိုသို့ ရုတ်တရတ်ဖြစ်ပေါ်မှုသည် သူမအား စိတ်လှုပ်ရှားစေပြီး သူမအားလဲကျစေရန် အခြားသူများပြောခဲ့သည့်စကားများကို ထပ်ခါတလဲလဲ ပြန်ကြားယောင်မိသည်။
“မင်းတကယ်ရင်းနှီးချင်တာသေချာလို့လား၊ ပြည်တွင်းဈေးကွက်က အဲဘက်မှာ မကောင်း…’’
“အဲလိုလေ့ကျင့်ရေးရှိုးမှာ နည်းပြကလွဲရင် ပါဝင်တဲ့သင်တန်းသားတွေအားလုံးက မသိတဲ့သူတွေ၊ နာမည်မကျော်ကြားတဲ့သူတွေဖြစ်ရမယ်၊ နည်းပြက သူတို့ရဲ့ပရိသတ်တွေကို ခေါ်ယူကြည့်ရှုစေမှာဖြစ်လို့ သူတို့ကြည့်ရှုချိန်အများကြီးရမှာမဟုတ်ဘူး…”
ယန်ရှီသည် တစ်ချက်ရယ်လိုက်သည်။
“ဒါရိုက်တာချူ ဒါရှင့်ရဲ့ပရောဂျက်ပါ၊ ရှင်က ကျွန်မထက်ဘာလို့ ယုံကြည်မှုနည်းနေရတာလဲ”
ချူထင်းပိုင်သည် ခေတ္တရပ်တန့်လိုက်ပြီး သူမ၏နဖူးကို သူမ ပြန်ရိုက်လိုက်သည်။
“ငါအရင်က ယုံကြည်ချက်ရှိပါတယ်၊ ဒါပေမယ့်နှစ်ဝက်လောက်အငြင်းခံခဲ့ရတော့ ယုံကြည်မှုသိပ်မရှိတော့ဘူး”
ယန်ရှီ: “ကျွန်မ ရှင့်ရဲ့ပရောဂျက်ကို ရှေ့အပတ်ထဲက ကြည့်ပြီးပြီ၊ ကျွန်မလည်း သိပ်တော့ ယုံကြည်ချက်မခိုင်မာသေးပါဘူး၊ ဒါပေမယ့် ရှင် ကျုံချင်းယွီရဲ့လက်တလောHနိုင်ငံက ဖျော်ဖြေပွဲအကြောင်းကို ကြားမှာပါ ဟုတ်တယ်မလား”
ချူထင်းပိုင်သည် ခါးမတ်သွားသည်။ထိုပွဲသည် အရည်အချင်းရှိသည့် အဆိုတော်အသစ်လေး ဟန်ရှုအား မြှောက်တင်ပေးခဲ့သော ကြီးမားသည့်ဖျော်ဖြေပွဲဖြစ်သည်။နောက်ပိုင်းတွင် K Entertainment ပျက်စီးသွားပြီး H နိုင်ငံရှိ များစွာသောအေဂျင်စီတို့သည် ယခုရင်းနှီးမြှုပ်နှံသူကဲ့သို့ပင် ရင်းနှီးမြှုပ်နှံလာကြသည့်အခါ သူမ လွဲချော်တော့မည်မဟုတ်ချေ။
“ဖျော်ဖြေပွဲကို တစ်ကိုယ်တည်းလုပ်မယ်ဆိုရင် တိုက်ရိုက်ထုတ်လွှင့်ရုံပဲဆိုရင်တောင် ကျွန်မတို့ ရိုက်ကူးရေးစရိတ်ပြန်လည်တွက်ချက်ရမယ်၊ ပြီးတော့ ကျွန်မ နှစ်အတော်ကြာ H နိုင်ငံရဲ့ထိပ်တန်းအိုင်ဒေါလ်အဖွဲ့တွေကို လေ့လာကြည့်လိုက်တော့ သူတို့ကချွင်းချက်မရှိ တရုတ်ဈေးကွက်ကို ပစ်မှတ်ထားနေကြတာ၊ ဒါက ဒီနေရာမှာ လိုအပ်မှုများတယ်ဆိုတဲ့ သဘောပဲ၊ ပြဿနာက ဈေးကွက်မရှိတာမဟုတ်ဘဲ အိုင်ဒေါလ်တွေ တောက်ပဖို့စင်မြင့်မရှိတာ”
ချူထင်းပိုင်သည် အိုင်ဒေါလ်လေ့ကျင့်ရေးအစီအစဉ်အတွက် ယန်ရှီပြောကြားသည်များကို တိတ်ဆိတ်စွာ နားထောင်နေသည်။
ယန်ရှီပြောကြားခဲ့သည့် အချက်များကြောင့် ချူထင်းပိုင်သည် ရုတ်တရတ် ရင်းနှီးကျွမ်းဝင်မှုအပြင် စိတ်လှုပ်ရှားမှုကိုပါ ခံစားလိုက်ရသည်။ ၎င်းသည် တစ်စုံတစ်ယောက်မှ သူမ ယုံကြည်ခဲ့သည့်အရာများကို စကားလုံးများဖြင့် ဖော်ပြနေသကဲ့သို့ပင် ဖြစ်သည်။
အေးစက်နေသည့်နှလုံးသားသည် ထပ်မံ၍ ပြင်းထန်စွာခုန်ပေါက်လာပြန်သည်။ ချူထင်းပိုင်သည် အနာဂတ်တွင် သူမ၏ ရသစုံရှိုးမည်မျှအောင်မြင်နေမည်ကိုပင် ပုံဖော်နေမိသည်။
ထိုသို့ပြောကြားပြီးနောက် ယန်ရှီသည် အကျဉ်းချုပ်ထပ်မံပြောကြားလိုက်သည်
“ကျွန်မကတော့ ဒီစီမံကိန်းက အလားအလာရှိတယ်လို့ထင်တယ်၊ ဒါရိုက်တာချူ၊ ရှင်ကျွန်မတို့နဲ့အတူ တစ်ခါလောက်ကြိုးစားကြည့်ချင်လား”
နှောင့်နှေးခြင်းမရှိဘဲနှင့် ချူထင်းပိုင် ပြန်လည်ဖြေကြားလိုက်သည်
“ကျွန်မအခု MV ပြီးအောင်ဆက်ရိုက်ရဦးမယ် ၊ဒါပေမယ့် ကျွန်မဒီနေ့အရောက်လာခဲ့ပါ့မယ်၊ ရိုက်ပြီးတာနဲ့ ကျွန်မ ရှင်တို့နဲ့တွေ့ဖို့ ဟိုင်မြို့ကိုတန်းလာခဲ့မယ်”
ချူထင်းပိုင်၏သဘောတူညီမှုသေချာသွားသည်နှင့် ယန်ရှီသည် ရင်ဘက်ထဲရှိ လေးလံသောအစိုင်အခဲကြီး ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူမသည် ဝတ္ထုမှ နောင်လာမည့်ပရောဂျက်များအား ဖော်ထုတ်ရန် အမြဲမှီခိုနေရသော်လည်း ထိုသို့သော လျို့ဝုက်ရတနာများသည် ကန့်သတ်ထားသည်။ အနုပညာလောကနှင့် ရင်းနှီးကျွမ်းဝင်လာပြီးနောက် ယန်ရှီသည် သူမကိုယ်တိုင် ကြီးမားသည့်ခေတ်စားမှူများအား ပြုလုပ်ကြည့်ချင်မိသည်။
၎င်းသည် သိသာသည့်လှုပ်ရှားမှုဖြစ်သော်လည်း သူမ၏ ခန့်မှန်းအာရုံသည် ဘယ်တော့အခါမျှ မလွဲခဲ့ဖူးချေ။
“အို ဟန်ရှုရော ဘယ်လိုနေလဲ”
ယန်ရှီသည် လင်းကျီအားမေးလိုက်သည်။
ဟန်ရှူသည် ယခုတွင်သူမ၏ အလေးအထားရဆုံးသူတစ်ယောက်ဖြစ်သည်။ သူမ၏ အောင်မြင်ကျော်ကြားမှုများ တိုးတက်နေသော်လည်း သူမသည် diva တစ်ယောက်ဖြစ်ရန် အဝေးကြီးလိုနေသေးသည်။ဆိုလိုသည်မှာ သူမထံမှ ရရှိရန် “ကံကောင်းမှုတန်ဖိုး”များ များစွာကျန်နေသေးသည်။
ရုပ်ရှင်အရှည်ကြီး ရိုက်ကူးပြီးနောက် အောင်မြင်မှုဖြည်းဖြည်းချင်းရရှိသည့် ရှန့်ရှင်းဟယ်နှင့်ယှဉ်လျှင် အဆိုတော်ဖြစ်သည့် ဟန်ရှုသည် သူမ၏အလုပ်အပေါ်အဟန့်အတားမရှိဘဲနှင့် ရသစုံရှိူးများတွင် ဝင်ရောက်ရိုက်ကူး၍ ရသည်။၎င်းသည် အောင်မြင်မှုအား မြှင့်တင်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
လင်းကျီမှ ပြန်ဖြေသည်
“ဟန်ရှုအတွက် သီချင်းအယ်လ်ဘမ်ထုတ်ဖို့ ချောင်ယန်က သီချင်းထုတ်လုပ်သူများနဲ့စကားပြောပြီးပြီလို့ပြောပါတယ်၊ သူမကို ဇာတ်ဝင်တေး (OST) ဆိုခိုင်းချင်နေတဲ့ ထုတ်လုပ်ရေးအဖွဲ့တစ်ချို့လည်း ရှိတယ်”
ယန်ရှီခေါင်းညိတ်လိုက်သည်။ ဟန်ရှုသည် သူများ၏သီချင်းများကိုပင် ဆက်လက်ဆိုနေ၍မရချေ။ သူမ၏ ကိုယ်ပိုင်သီချင်းရှိရန် လိုနေပြီဖြစ်သည်။
“ဖြစ်နိုင်ရင် ချောင်ယန်ကို ဟန်ရှုနဲ့လိုက်ဖက်တဲ့ သီချင်းရသစုံရှိုးလေး ထောက်လှမ်းကြည့်ခိုင်းပါ၊ ဒါက သူမရဲ့ ပရိသတ်တည်ဆောက်တဲ့အချိန် ထိခိုက်စေမှာမဟုတ်ဘူး”
“နားလည်ပါပြီ”
—
ထိုနေ့လည်ခင်းတွင် ယန်ရှီသည် ရိုက်ကူးရေးအား သွားရောက်စစ်ဆေးရန် Madness အဖွဲ့သို့ ရောက်လာခဲ့သည်။
Madness သည် မီလီယမ်၅၀၀ခန့်ရင်းနှီးမြှုပ်နှံထားပြီး နာမည်ကျော်မင်းသားများနှင့် A အဆင့်သရုပ်ဆောင်များနှင့်သာရိုက်ကူးနေသော အရင်းအနှီးများသည့် ရုပ်ရှင်ဖြစ်သည်။ထိုသို့မြင့်မားသော ရိုက်ကူးရေးများကြားတွင် ကျုံချင်းယွီ၏ သရုပ်ဆောင်စွမ်းရည်သည် အမှန်ပင် မလုံလောက်ပေ။
ကံကောင်းစွာဖြင့် ယန်ရှီသည် ကျုံချင်းယွီအတွက် အခြားသောကမ်းလှမ်းမှုများအား ငြင်းပယ်ခဲ့သည်။ မလိုက်ဖက်သည့်ဇာတ်ကောင်တွင် သရုပ်ဆောင်ခြင်းသည် အချိန်ဖြုန်းခြင်းသက်သက်သာဖြစ်သည်။ သူမသည် ကျုံချင်းယွီအတွက် ပြင်းထန်စွာလေ့ကျင့်ရန် နည်းပြတစ်ယောက်အား ငှားရမ်းပေးခဲ့ပြီး သူမ၏ဇာတ်ဝင်ခန်းများအား အထပ်ထပ်အခါခါ ပြန်လည်လေ့ကျင့်စေခဲ့သည်။
ကြိုးကြိုးစားစားလုပ်လျှင် အောင်မြင်ပေလိမ့်မည်။ ထိုစကားသည် ဧကန်မှန်ပေသည်။
ဆက်တိုက်လေ့ကျင့်မှုကြောင့် ကျုံချင်းယွီနှင့် သူမ၏ဇာတ်ကောင်ဖြစ်သည့် လီဟွာတို့သည် သဘာဝဆန်ဆန်တွဲဖက်သွားပြီး သူမ၏သရုပ်ဆောင်မှုအား တောက်ပသွားစေသည်။
အထူးသဖြင့် Cello တီးခတ်သည့်အခန်းတွင် ကျုံချင်းယွီသည် သူမကိုယ်သူမ ဇာတ်ကောင်၌ နှစ်မြှုပ်ထားသည့်အချိန် လီဟွားသည် အမှန်ပင်အသက်ဝင်လာသကဲ့သို့ ဖြစ်သောကြောင့် ဒါရိုက်တာဝေသည် မျက်ရည်များပင် ဝဲလာရသည်။
ဒါရိုက်တာဝေနှင့် ပရိုဂျူဆာရှုတို့သည် အစပိုင်းတွင် ယန်ရှီ၏ သရုပ်ဆောင်ပြောင်းလဲမှုကို ငြင်းဆိုခဲ့ကြသည်။အကြောင်းမှာ ရဲ့လော့ယီသည် ထိုဇာတ်ကောင်အတွက် ပြီးပြည့်စုံ၍မဟုတ်ဘဲ ကျုံချင်းယွီ၏ သရုပ်ဆောင်မှူသည် သူတို့၏ရုပ်ရှင်အား ဖျက်စီးပစ်မည်ကို စိုးရိမ်မိသောကြောင့်ဖြစ်သည်။
သို့သော် ယခုမူ ဒါရိုက်တာဝေသည် အနုပညာလောက၏ အတင်းအဖျင်းများ မှားနေသည်ဟု ခံစားမိလာသည်။ ကျုံချင်းယွီ၏သရုပ်ဆောင်စွမ်းရည်သည် မညံ့ဖျင်းလှချေ။အတွေ့အကြုံရှိသည့် သရုပ်ဆောင်များနှင့်မတူညီပဲ သူမသည် သူမ၏ကိုယ်ပိုင်ဟန်ဖြင့်သာ သရုပ်ဆောင်လေသည်။
သူမအား ဆဲဆိုပြောဆိုမှုများသည် အမှန်တကယ်ကိုပင် အခြေအမြစ်မရှိချေ။
သူမကဲ့သို့ ရုပ်ရည်၊ ကျေနပ်စဖွယ် သရုပ်ဆောင်စွမ်းရည်နှင့် ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုများနှင့် မစ္စကျုံသည် အနာဂတ်တွင် ထပ်မံပူးပေါင်းရိုက်ကူးရမည့် မင်းသမီးတစ်လက်ဖြစ်သည်။
ခဏနားချိန်တွင် ယန်ရှီသည် ကျုံချင်းယွီအား ဟာဘယ်လ်လက်ဖက်ရည်တစ်ခွက် ကမ်းပေးလိုက်သည်။
လီဟွား၏ဇာတ်ကောင်သည် ထင်သာမြင်သာရှိရန်လိုအပ်သောကြောင့် ကျုံချင်းယွီသည် သူမ၏ ပုံပန်းသွင်ပြင်ကို ထိန်းသိမ်းရပေမည်။ထို့ကြောင့် ယခုမှစ၍ မစ်တီးမသောက်တော့ချေ။
“နင် မစ်တီးကို ကိုယ့်ဘာသာမသောက်ရင် ရိုက်ကူးရေးအဖွဲ့သားတွေကိုလည်း သရေစာမကျွေးတော့ဘူးနော်၊ နည်းနည်းလေး မမျှတဘူး မထင်ဘူးလား”
ယန်ရှီ စနောက်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ကျုံချင်းယွီသည် The Button Line ရိုက်ကူးသည့်အချိန်အတွင်း၌ မုန့်များကို ကားဖြင့်ယူလာဖူးသောကြောင့်ဖြစ်သည်။
“ငါမှာအခုငွေရှိတယ်၊ လူတိုင်းကို နေ့လည်ခင်း လက်ဖက်ရည်ဝယ်တိုက်ရုံနဲ့ ဘာမှဖြစ်မသွားပါဘူး”
ကျုံချင်းယွီသည် သူမအားလက်ခါပြလိုက်သည်
“ငါ နင့်ကိုတင်မဟုတ်ပဲ သူတို့ကိုလည်း ငါခေါ်မှာမဟုတ်ဘူး”
သူမ ပြောပြီးသည်နှင့်တပြိုင်နက် မုန့်ကားသည့် ရိုက်ကူးရေးအတွင်းသို့ မောင်းနှင်လာသည်။
၎င်းသည် ကြယ်ငါးပွင့်ဟိုတယ်မှ အစားအစာများဖြစ်ပြီး မုန့်များတင်ထားသည့် ပန်းကန်များသည်ပင် ဇိမ်ခံပစ္စည်းဖြစ်သည်။
ကား၏ထိပ်တွင်ရေးထားသည်မှာ
“ထျန်းဟွေ့သည် ကျုံချင်းယွီနှင့် ရိုက်ကူးရေးအဖွဲ့သားများ ‘Mad Summer and Winter’ကို အဆင်ပြေပြေရိုက်ကူးနိုင်ဖို့ ဆုတောင်းပေးနေတယ်”
ဟူ၍ဖြစ်သည်။
ထျန်းဟွေ့?ပေယွဲ့ပိုင်?
မုန့်ကားနောက်၌ Ferrari ကားတစ်စီး ကပ်ပါလာပြီး ထိုကားထဲမှ ပေယွဲ့ပိုင်ထွက်လာသည်။
“ကျွန်တော်ဒီကို ချင်းယွီကိုတွေ့ဖို့လာတာပါ၊ ဒီနေ့လည်ခင်း လက်ဖက်ရည်က ကျွန်တော်နဲ့ချင်းယွီတိုက်တာပါ၊ သောက်ကြနော်”
ပေယွဲ့ပိုင်သည် နွေးထွေးစွာပြုံးပြပြီး ရက်ရောသည့်သူတစ်ယောက်ကဲ့သို့ ဟန်ဆောင်နေသည်။
စိတ်ထဲတွင်တော့ သူသည် ကုန်ကျစရိတ်အားတွက်ချက်နေခဲ့သည်။ ထျန်းဟွေ့၏ဘဏ္ဍာရေးသည် ယခုနောက်ပိုင်း သိပ်၍မကောင်းချေ။ထို့ကြောင့် သူစုနိုင်သည့်အရာမှန်သမျှ စုဆောင်းရပေမည်။ သူသည် ယခင်က ရဲလော့ယီ၏ရိုက်ကွင်းသို့သွားလည်သည့်အချိန်တွင် ယခုပမာဏ၏ ဆယ်ပုံတစ်ပုံပင်မကုန်ခဲ့ချေ။
သူ၏အတွင်းပိုင်းစိတ်အခြေအနေအား မသိပဲနှင့် ရိုက်ကူးရေးအဖွဲ့သည် အစားအသောက်များအား ပျော်ရွင်စွာ စားသောက်နေကြပြီး ပေယွဲ့ပိုင်အား လိုက်လှုဲစွာ ကျေးဇူးတင်နေခဲ့သည်။
ကိတ်တစ်ပိုင်းနှင့် ဘလက်တီးတစ်ခွက်ယူ၍ ပေယွဲ့ပိုင်သည် ကျုံချင်းယွီထံသို့ ချဉ်းကပ်လာသည်။
သူမနှင့်ထိုသို့ဖုန်းခေါ်ဆိုမှုသည် အစသာရှိသေးသည်၊ သူသည် ကျုံချင်းယွီအားပြန်လည်သိမ်းပိုက်ရန် ဆုံးဖြတ်ချက်ချထားသည်။သူမသည် သူ့အားအခွင့်အရေးပေးသည့်အတွက် သူမသည်ပို၍ ရယူရန်ခက်ခဲသည့်ပုံစံလုပ်နေခြင်းဖြစ်ကြောင်း သဘောပေါက်သွားလေသည်။ နည်းနည်းလေးထပ်ကြိုးစားလိုက်သည်နှင့် သူမသည် ပြန်လည်၍အနားသို့ရောက်လာပေလိမ့်မည်။
ပေယွဲ့ပိုင်သည် သူမအား ကြင်နာစွာကြည့်လိုက်သည်။
“ချင်းယွီ၊ကိုယ် မင်းအကြိုက်ဆုံး နေ့လယ်ခင်းသောက်ဖို့ လက်ဖက်ရည်ယူလာတယ်”
“ထားခဲ့လိုက်”
ကျုံချင်းယွီသည် ၎င်းအားအကြောင်းမဲ့ငေးကြည့်နေခဲ့ပြီး ဟာဘယ်တီးအားကောက်ကိုင်လိုက်သည်။
“ကျွန်မအခုဝိတ်ထိန်းနေတယ်၊ သကြားပါတာတွေသောက်လို့မရဘူး”
ပေယွဲ့ပိုင်၏အပြုံးများ ပျောက်ကွယ်သွားသည်။
ဒါဆိုဘာလို့စောစောမပြောရတာလဲ။
သို့သော် သူသည် ပြောချင်သည့်စကားများအား သိမ်းဆည်းထားလိုက်ပြီး သူ၏ပျော်ရွင်နေသော မျက်နှာအမူအရာအား ဆက်လက်ထိန်းထားလိုက်သည်။
တစ်ဖက်တွင် ယန်ရှီသည် ပေယွဲ့ပိုင်ယူလာပေးသည့် ကိတ်မုန့်နှင့် ကော်ဖီအေးကို ပျော်ရွင်စွာစားသောက်နေခဲ့သည်။ကိတ်သားသည် အလွန်နူးညံ့ပြီး ချိုမြိန်သည်၊၊ကော်ဖီ၏ ခရင်မာအနှစ်များသည် ၎င်း၏ခါးသတ်မှုနှင့် ဆတူဖြစ်သည့်အတွက်ကြောင့် သောက်၍အလွန်ကောင်းသည် ။အမှန်ပင် ကြယ်ငါးပွင့်အစားအစာများဖြစ်သည်။
ထို့အပြင် ပေယွဲ့ပိုင်၏မျက်နှာသည် ဖြူဖျော့လိုက် ပြန်ပြုံးလိုက်ဖြစ်နေသည်ကို ကြည့်၍ စားရခြင်းမှာ ပို၍ အရသာရှိပေသည်။
ပေယွဲ့ပိုင်လာသည်ကို သိသည်နှင့် ဒါရိုက်တာဝေသည် နာရီဝက်နားရန် ညွှန်ကြားလိုက်သည်။
ကျုံချင်းယွီသည် ခြေထောက်များအား ဆန့်ထုတ်လိုက်သည်။ တစ်နေ့ခင်းလူံး Cello တီးနေဟန်ပြုလုပ်နေရသောကြောင့် တစ်နေရာထဲ၌ထိုင်နေသည်မှာ အတော်ကြာသွားပြီ ဖြစ်သည်။
“ပေယွဲ့ပိုင်”
သူမသည် အနီးနားရှိ လူများအားလူံးကြားစေရန် ကျယ်ကျယ်ခေါ်လိုက်သည်
“ကျွန်မခြေသလုံးတွေကို လာနှိပ်ပေးပါဦး”
ပေယွဲ့ပိုင်၏မျက်နှာသည် မှောင်မဲသွားသည်။ သူသည် ထျန်းဟွေ့၏ CEO ဖြစ်ပြီး သူမ၏ ကိုယ်ပိုင်အစေခံမဟုတ်ချေ။
ပြီးတော့ လူတိုင်းကလည်းကြည့်နေတယ်…ဘယ်လိုတောင် ရှက်စရားကောင်းတဲ့ အပြုအမူမျိုးလဲ။
သို့သော် ပေမိသားစုတွင် သူ၏အနာဂတ်အတွက် အံကြိတ်၍ သူမဘေး၌ဒူးထောက်လိုက်သည်။
သိလိုစိတ်ပြင်းပြနေသော အကြည့်များနှင့် စကားသံများ ထွက်ပေါ်လာခဲ့သော်လည်း သူ သည်းခံလိုက်သည်။
သူ၏လက်ချောင်းများသည် ကြွေထည်ကဲ့သို့ ဖြူစွတ်နေသော ကျုံချင်းယွီ၏ ချောမွေ့သေးသွယ်သည့် ခြေသလုံးများအား ထိတွေ့မိသည်နှင့် အနည်းငယ်တုန်ရီလာသည်။သူ၏စိတ်ထဲ၌ အာရုံလွဲပြောင်းမှုများ ဖြတ်ပြေးသွားသည်။
ထို့နောက် သူ၏မျက်လုံးထောင့်မှ ရင်းနှီးသောပုံရိပ်တစ်ခုအား မြင်လိုက်ရသည်။
ပေဟန်လီ…
ပေဟန်လီသည်လည်း Crazy ၏ ရင်းနှီးမြှုပ်နှံသူတစ်ယောက်ပင်ဖြစ်သည်။ရှင်းယောင်ရင်းနှီးမြှုပ်နှံပြီး သိပ်မကြာခင်မှာပဲ ပေဟန်လီလည်း ဝင်ရောက်မြှုပ်နှံကာ Crazy အတွက် လိုအပ်သည့် ဘဏ္ဍာငွေအား ဖြည့်စည်းပေးပြီး ရိုက်ကူးရေးလျင်မြန်စွာ စတင်နိုင်ရန် ကူညီပေးသည်။
သို့သော် ထိုငွေများသည် ပေဟန်လီ၏ကိုယ်ပိုင်အကောင့်မှလာသည်ဖြစ်သောကြောင့် သူ၏တစ်ကိုယ်တည်းရင်းနှီးမြှုပ်နှံမှုဖြစ်သည်။ထို့ကြောင့် ပေယွဲ့ပိုင်သည် မည်သည့်ပြောပိုင်ခွင့်မျှ မရှိချေ။
ယခု ပေဟန်လီအားတွေ့လိုက်ခြင်းသည် မိန်းမတစ်ယောက်အားနှိပ်ပေးနေရသည့်အတွက် ပေယွဲ့ပိုင် ပို၍ရယ်ချင်စဖွယ် အရှက်ရမှုအား ခံစားလိုက်ရပြီး မြေကြီးထဲသို့ ပျောက်ကွယ်သွားဖို့သာ ဆုတောင်းနေမိသည်။
ကျုံချင်းယွီသည် မျက်မှောင်ကြုတ်ပြီး ပေယွဲ့ပိုင်၏မျက်နှာကို ခပ်ပြင်းပြင်းကန်ထည့်လိုက်သည်။
“ပေယွဲ့ပိုင် သေချာနှိပ်၊ ကျွန်မနာနေပြီ’
ပေယွဲ့ပိုင်သည် ဟန်ချက်ပျက်သွားပြီး မြေကြီးနှင့်မျက်နှာကျသွားကာ အတော်ပင် ရုပ်ပျက်သွားသည်။
သူသည် သူ၏ခြေထောက်အား ပြန်ထရန်ခါလိုက်ပြီး ပေဟန်လီသည် သူ့အားကြည့်နေမည်ကို စိုးရိမ်နေမိသည်။ သူသည် ကျုံချင်းယွီအား ပြန်လည်ရရှိရန် အရှက်မဲ့စွာ ခခယယလုပ်ပေးနိုင်သော်လည်း ပေဟန်လီ၏အရှေ့တွင် ထိုသို့ပြုလုပ်ခြင်းသည် ယုတ်မာလွန်းသည်။
“ကိုယ်အလုပ်လုပ်ရဦးမှာမလို့ ကိုယ်သွားတော့မယ်”
ပေယွဲ့ပိုင်သည် အထိတ်တလန့်ဖြင့် လှည့်ထွက်သွားသည်။
လမ်းတစ်ဝက်အရောက်၌ သူလှည့်ကြည့်လိုက်သည့်အချိန် ပေဟန်လီသည် သူမ၏ခြေသလုံးများအား မသက်မသာပွတ်နေသော ကျုံချင်းယွီ၏ဘေးတွင် ရပ်နေသည်ကို တွေ့လိုက်ရလေသည်။
“အမှန်အတိုင်းပြောရရင် သူက ကောင်းကောင်းတောင်မနှိပ်တက်ဘူး၊ ဘယ်လောက်တောင်အသုံးမကျလိုက်လဲ၊ ယန်ရှီ မနေ့က အနှိပ်သမားကိုခေါ်လိုက် ငါ့ခြေထောက်တွေကိုက်လိုက်တာ”
ယန်ရှီသည် ဖုန်းထုတ်၍ အနှိပ်သမားခေါ်တော့မည့်အချိန်တွင် ရုတ်တရတ် ပေဟန်လီသည် ကျုံချင်းယွီ၏ရှေ့တွင် ဒူးထောက်လိုက်သည်။
ပေဟန်လီသည် အရပ်ရှည်သူဖြစ်သောကြောင့် ဤပုံစံသည် ထိုင်ခုံပေါ်၌ထိုင်နေသည့်ကျုံချင်းယွီအား မော့ကြည့်စေသကဲ့သို့ ဖြစ်နေသည်။သူသည် ယခုထိ မည်သည့်ရှက်ရွံ့မှုမျှ မပြဘဲနှင့် တည်ငြိမ်သည့်အတိုင်းသာ ဆက်၍နေသည်။
“မစ္စ”
သူသည် ညင်သာယဉ်ကျေးစွာခေါ်လိုက်သည်
“ဘာလို့ကိုယ်ကို မနှိပ်ခိုင်းရတာလဲ”
ပေယွဲ့ပိုင်၏ အသက်ရှုမှုများ ရပ်တန့်သွားသည်။
ကျုံချင်းယွီသည် ပေဟန်လီ၏ ကျဉ်းမြောင်းစူးရှသောအကြည့်အား တွေ့ရှိခဲ့သော်လည်း မငြင်းခဲ့ချေ။
“ကောင်းပြီလေ”