← Chapters

အခန်း (၆၈)

Vol. 7 Ch. 68

အခန်း (၆၈)

Vol. 7 Ch. 68

ကျုံချင်းယွီ၏ ကုမ္ပဏီဖြစ်ပြီး ယွီရှောင်နှင့် လင်းကျီတို့သည် ကိစ္စအားလုံးအပေါ် မျက်စိဒေါက်ထောက် ကြည့်နေခြင်းကြောင့် ချူယန်သည် မည်သည့်ကိစ္စများကို လုပ်ရဲမည်မဟုတ်ကြောင်း ယန်ရှီမှ သိခဲ့သည်။

ယခုကဲ့သို့ အပြုအမူမှာ လူတစ်ယောက်သည် အနုပညာရှင်တစ်ယောက်အား ပါတီပွဲသို့ဖိတ်၍ သူတို့၏ ဆက်နွယ်မှုများကို ဖော်ပြသည့် အရာမျိုးပင် ဖြစ်သည်။

သို့သော် ယန်ရှီသည် ဒေါသထွက်နေဆဲပင် ဖြစ်သည်။

အနုပညာလောကသည် ပိုက်ဆံများဖြင့်ကစားရသည့် ဂိမ်းတစ်ခုပင် ဖြစ်သည်။

ပိုက်ဆံရှိသည့် သူများအတွက် ထိုအရာသည် အကျိုးအမြတ်ရရှိသည့် စီမံကိန်းများ ဖြစ်သည်။

အနုပညာရှင်များ၏ လမ်းကြောင်းတွင် အောင်မြင်မှုနှင့် ချမ်းသာကြွယ်ဝရန်အတွက် ထိုအရာသည် လှေကားထစ်တစ်ခုပင်ဖြစ်သည်။

ဤကမ္ဘာပေါ်တွင် အလွန်အကျွံဖြုန်းတီးခြင်းနှင့်တရားလွန်ခြင်းများ ရှိသော်လည်း တိတ်တဆိတ်အလုပ်ကြိုးစားနေကြသည့် သူများလည်း ရှိနေသေးသည်။

ယန်ရှီသည် မည့်သည့်လောကတွင်မဆို ယခုလိုအရာများရှိသည်ကို ယုံကြည်ခဲ့သည်၊ မည်သို့ပင် မတရားမှုနှင့် လာဘ်စားမှုများ ရှိနေပါစေ ရိုးသား၍ စစ်မှန်သည့် သူများမှာ အမြဲကျန်ရှိနေခြင်းဖြစ်သည်။

ကျန်းတုံသည် ထိုသူများထဲမှ တစ်ယောက်ပင် ဖြစ်သည်။

သူသည် မည်သို့ပင် ခေါင်းမာသည့်သူတစ်ယောက်ပင်ဖြစ်စေ သူ၏ပညာပေါ်တွင်ထားသည့် မဆုတ်မနစ်ကြိုးစားမှုများမှာ အရောင်မမှိန်မသွားခဲ့ပေ။

ရှန့်ရှင်းဟယ်သည်လည်း ထိုနည်းတူပင်၊ သူ၏ ပညာအရည်အချင်းနှင့် အခြေခိုင်သည့် အလုပ်တစ်ခုကို ရနိုင်သော်လည်း သူသည် သရုပ်ဆောင်ခြင်းကို အလွန်ချစ်မြတ်နိုးခဲ့သည်။

သူသည် အောက်ခြေမှစတင်၍ ဖြတ်လျှောက်လုပ်ရမည်ဖြစ်စေ နာမည်ပျက်စာရင်းတွင် ထည့်ခံရမည်ပင်ဖြစ်စေ သူသည် ထိုသရုပ်ဆောင်ခြင်းကို ဆက်လက်၍ လုပ်ဆောင်မည်ဖြစ်သည်။

ထို့အပြင်ကိုရီးယား၌ idolအဖြစ် လေ့ကျင့်နေသည့် USနှင့် ချောမောလှပသည့်သူများအား ဓာတ်ပုံရိုက်ကူးရသည်ကို ကြိုက်နှစ်သက်သည့် ချူထင်းပိုင်တို့လဲ ရှိသေးသည်၊ ဟန်ရှူသည်လည်း ထိုထဲတွင် အပါအဝင်ဖြစ်၏။

အလုပ်ကြိုးစားသူမှန်သမျှသည် လေးစားခံရခြင်းနှင့် ထိုက်တန်သည်ဟု ယန်ရှီမှ ယုံကြည်ခဲ့သည်။

သူတို့သည် ချမ်းသာကြွယ်ဝသည့်သူများ၏ ကစားစရာအနေဖြင့် ဆက်ဆံခြင်းမခံရသင့်ပေ။

ယန်ရှီသည် သူတို့အား ကူညီပေးခြင်း၏ တစ်စိတ်တစ်ပိုင်းမှာ ကျုံချင်းယွီ၏အကျိုးအတွက် ဖြစ်သော်လည်း နောက်ရိုးရှင်းသည့်အပိုင်းတစ်ခုမှာတော့ သူမကိုယ်တိုင်ကူညီချင်စိတ်ရှိသည်မှာ ငြင်းပယ်လို့မရပေ။

ထို့ကြောင့်ပင် သူမသည် ချုယန်မှ ဟန်ရှူအား ဤနေရာမျိုးသို့ဖိတ်ခေါ်ခဲ့ခြင်းကို သိလိုက်ရသည့်အချိန်၌ အလွန်ပင် ဒေါသထွက်နေခဲ့သည်။

သီးသန့်အခန်း၏ တံခါးသည် အသံကျယ်လောင်စွာမြည်၍ ပွင့်လာခဲ့ပြီး တံခါးသည် ဘေးနံရံများကို ပြင်းထန်စွာ ရိုက်မိသွားခဲ့သည်။

အထဲတွင်ရှိသော လူများသည် အံ့ဩမှင်သက်၍ လန့်သွားခဲ့ပြီး သူတို့၏ အပူအပင်မဲ့ကာပျော်ရွှင်နေကြသည့် ခံစားချက်များသည် ချက်ချင်းပင် တစ်စစီပျောက်ကွယ်သွားခဲ့သည်။

ယန်ရှီသည် ထိုအခန်းထဲသို့ ဝင်ရောက်လာသည့်အခါ၌ လေထုထဲတွင် တင်းမာမှူများနှင့် ပြည့်နှက်သွားခဲ့ပြီး လူများအားလုံး၏ မျက်လုံးများသည် သူမပေါ်သို့ ရောက်ရှိနေခဲ့ကြသည်။

ချူယန်၏ မျက်နှာမှာ သိသိသာသာပင် တင်းမာသွားခဲ့သည်။

သို့သော် ချူယန်သည် စိတ်တည်ငြိမ်အောင်ထိန်းချုပ်လိုက်ပြီး ပရိယာယ်သုံး၍ ဦးစွာပြောလိုက်သည်။

“ ယန်ရှီ ဒါက ဘာသဘောလဲ၊ နင်က ငါ့ရဲ့ဧည့်သည်တွေကို ကြောက်အောင်လာလုပ်နေတာလား”

ယခင်က ယန်ရှီသည် ကျုံချင်းယွီ၏ဘေးတွင် အမြဲရှိနေသည့်အချိန်၌ ချူယန်ကို မကြာခဏတွေ့ဆုံဖူးခဲ့သည်။

ကျုံချင်းယွီ ခေါ်ဝေါ်သည့်အတိုင်းပင် သူမသည် ချူယန်အား “ အန်တီ”ဟု ခေါ်ခဲ့သည်။

“ အန်တီ” ဟု ယန်ရှီမှ ယဉ်ကျေးစွာဖြင့်ပြောလာခဲ့သည်။

“ ကျွန်မက ဒီနေရာကိုလာတာက ကျွန်မရဲ့ အနုပညာရှင်တွေကို ပြန်လာခေါ်တာပါ”

သူမသည် အနုပညာရှင်များရှိနေသည့်ဘက်ကို စိုက်ကြည့်လိုက်သည်။

“ မင်းတို့တွေက ဒီမှာထိုင်ပြီး ဘာလုပ်နေကြတာလဲ၊ Starlight ကုမ္ပဏီက မင်းတို့အတွက် အချိန်ဇယားမရှိဘူးလား၊ အလုပ်မလာဘဲ club မှာ ပွဲလုပ်နေတာက အလုပ်ပြေးတာနဲ့ ဘာကွာလို့လဲ”

အနုပညာရှင်များသည် တစ်စက္ကန့်လောက် ကြောင်သွားပြီးနောက် အလျင်အမြန်ပင်ထလာကာ ယန်ရှီ၏နောက်သို့ စု၍ရပ်လာသည်။

သူမသည် ချူယန်ဘက်သို့ ပြန်လှည့်လိုက်သည်။

“ အန်တီ ညနေခင်းလေးမှာ ကောင်းကောင်းပျော်ရွှင်လိုက်ပါဦး၊ ကျွန်မတို့အခု သွားပါတော့မယ်”

ယန်ရှီသည် သွားရန်အတွက် လှည့်လိုက်သည့်အခါ၌ ချူယန်သည် ရှေ့သို့တိုးလာကာ သူမ၏လက်မောင်းကို လှမ်းဆွဲလိုက်ခဲ့သည်။

“မင်းကိုယ်မင်း ဘာလုပ်နေတယ်လို့ထင်လဲ၊ ငါ့ရဲ့ဧည့်သည်တွေအကုန်လုံးက ဒီမှာရှိသေးတယ်၊ နင်ဘယ်သူ့ကိုမှ ခေါ်သွားလို့မရဘူး”

ယန်ရှီသည် သွားနေရာမှရပ်လိုက်သည်။

“ အန်တီ ဒီအရာက သူတို့အလုပ်ထဲမှာမပါဘူးလေ”

ချူယန်၏ ဒေါသမှာထောင်းခနဲထလာခဲ့သည်။

သူမသည် ယန်ရှီ ဇွတ်ဝင်လာသည့်အချိန်ကတည်းကပင် သူမ၏ မာနများကို မျိုသိပ်ထားခဲ့သော်လည်း ယန်ရှီသည် လူအများရှေ့တွင် အနုပညာရှင်များကို ခေါ်ထုတ်သွား၍ သူမအား အရှက်တကွဲဖြစ်အောင်ပြုလုပ်ခဲ့သည်။

သူမသည် Starlight အနုပညာကုမ္ပဏီ၏ CEO ပင် ဖြစ်သည်။ ယန်ရှီသည် ဒုဥက္ကဌရာထူးသာ ဖြစ်သော်လည်း သူမသည် သူ့ကိုယ်သူ မည်သူဟုထင်နေသနည်း။

ချူယန်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူမ၏အသံအနေအထားသည်လည်း အေးစက်သွားခဲ့သည်။

“ ယန်ရှီ ငါက သူတို့ကိုသီချင်းဆိုဖို့အတွက် ဖိတ်ထားတာ ဘာပြသာနာရှိလဲ၊ နင်က အရမ်းအလွန်အကျွံတုံ့ပြန်နေတာပဲ”

“ သီချင်းဆိုတာပဲလား ဟုတ်ပြီ”

ယန်ရှီသည် သူမ၏လက်ကိုရှေ့သို့ထုတ်လိုက်သည်။

“ဒါက စာချုပ်ချုပ်ပြီးလုပ်ထားတဲ့ပွဲလား၊ ရှင့်မှာရော စာရွက်စာတမ်းရှိလား၊ ဒါက စီးပွားရေးဆန်တဲ့ ဖျော်ဖြေပွဲလား ဒါမှမဟုတ် ပရဟိတပွဲလား၊ အခွန်တွေရော ဆောင်ပြီးပြီလား”

ထိုများပြားလှသည့် မေးခွန်းများကြောင့် ချူယန်မှာ ပြောစရာစကားပျောက်သွားခဲ့သည်။

“ ဒါက ငါပိုင်တဲ့အနုပညာရှင်တွေကို သီချင်းဆိုခိုင်းတာလေ၊ ဘာလို့ အဲ့လိုတွေ လုပ်ဖို့ လိုအပ်မှာလဲ”

“ ဒါဆို အလုပ်လုပ်နေတာမဟုတ်ဘူးပေါ့”

ယန်ရှီသည် သူမ၏ လက်ကိုပြန်ချကာ သူမ၏အကြည့်သည်လည်း အေးစက်နေသည်။

“ တကယ်လို့ အလုပ်လုပ်နေတာမဟုတ်ဘူးဆိုရင် သူတို့က ဘာလို့ဒီမှာ နေ‌ရမှာလဲ၊ ကုမ္ပဏီက သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေအတွက် အများကြီး ရင်းနှီးမြုပ်နှံထားတာက၊ အန်တီ့ရဲ့အနုပညာကုမ္ပဏီမှာ သီချင်းဆိုဖို့အတွက်မဟုတ်ဘူး”

ချူယန်သည် မှင်သက်သွားခဲ့သည်။

သူမ သိခဲ့သော ယန်ရှီ၏ပုံစံမှာ အမြဲနူးညံ့သိမ်မွေ့၍ အပြုံးချိုချိုလေးဖြင့်နေတတ်သူဖြစ်သည်။

ချူယန်သည် ယခုမှ သူမ၏ ခက်ထန်နေသည့်ပုံစံကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

သို့သော် ချူယန်သည် နောက်မဆုတ်ခဲ့ပေ။

သူမသည် ထိုနေရာတွင် အသက်အကြီးဆုံးပုဂ္ဂိုလ်ဖြစ်သည်။

သူမ၏ မျက်နှာအမူအရာမှာ မဲမှောင်လာခဲ့သည်။

“ ယန်ရှီ! ရိုးရိုးသာမန် ကုမ္ပဏီတွေတောင် PRပွဲတွေလုပ်ကြသေးတာပဲ၊ သူတို့ကို ဖောက်သည်တွေနဲ့ ရင်းနှီးအောင်လုပ်ပေးတာက Starlight ရဲ့ အနာဂတ်အတွက်ပဲ၊ ဘယ်နေရာက မှားနေတာရှိလို့လဲ”

“ ဖောက်သည်တွေလား”

ယန်ရှီသည် အခန်းကိုလှည့်ပတ်၍ ကြည့်လိုက်သည်။

“ သူတို့က Starlight ရဲ့ ဖောက်သည်တွေလား ကျွန်မတောင် မမှတ်မိဘူး၊ ကျွန်မ ဘယ်သူနဲ့မှလည်း မရင်းနှီးဘူး၊ သူတို့တွေက ဒီလုပ်ငန်းထဲကရော ဟုတ်ရဲ့လား”

သူမသည် ချူယန်ဘက်သို့ ပြန်လှည့်ခဲ့ပြီး သူမ၏အသံမှာ ပို၍ အေးစက်လာခဲ့သည်။

“ CEO ချူ ကျွန်မခန့်မှန်းရ‌သလောက်ဆိုရင် ချူမိသားစုက သူတို့တွေနဲ့ဆက်ဆံရေးကို ထိန်းသိမ်းထားချင်လို့မဟုတ်ဘူးလား”

လူအများရှေ့တွင် အရှက်ခွဲခံရသောကြောင့် ချူယန်၏ မျက်နှာမှာ မဲ့ရွဲ့သွားခဲ့တော့သည်။

ချူယန်သည် ငယ်ရွယ်သည့်အရွယ်မဟုတ်တော့သည့်အပြင် သူမ၏ အကြိမ်ကြိမ်အခါခါ ခွဲစိတ်ပြုပြင်ထားမှုများကြောင့် အသားအရေများသည် သဘာဝအတိုင်း တင်းတင်းရင်းရင်း ဖြစ်မနေပေ။

ချူယန်သည် အံကြိတ်လိုက်သောအခါ၌ သူမ၏ မျက်နှာအမူအရာမှာ အတော်ပင်ရုပ်ဆိုးသွားခဲ့သည်။

“ယန်ရှီ”

“ မင်း ပြန်ပြီးမှတ်ထားရင်ပိုကောင်းမယ်— ငါက Starlight ရဲ့ CEOပဲ”

ဟု သူမသည် ဒေါတကြီးဖြင့်ပြောလာခဲ့သည်။

ယန်ရှီသည် သူမ၏မျက်ခုံးကို ပင့်လိုက်သည်။

“ ဘာလဲ အန်တီက ကျွန်မအကြောင်းကို ချင်းယွီဆီသွားပြီး အတင်းတုပ်မလို့လား၊ ဒါမှအဟုတ် ဘုတ်အဖွဲ့ကို တိုင်မလို့လား အဲဆို သွားလေ ကျွန်မကတော့ ဂရုမစိုက်ဘူး”

သူမသည် အနုပညာရှင်များကိုထပ်၍ ခေါ်ပြောလိုက်သည်။

“ လင်းကျီ အခုချက်ချင်း သတင်းထုတ်ပြန်လိုက်၊ အခုကစပြီး Starlight မှာရှိတဲ့ အနုပညာရှင်တွေက အလုပ်အတွက် လိုအပ်တာတွေကိုပဲ လုပ်ဆောင်ရမယ်၊ ဖိအားပေးပြီးပွဲတွေတက်ခိုင်းတာတွေမလုပ်ရဘူး အရင်က ဒီလို မူဝါဒ မရှိလည်း အခုရှိသွားပြီ၊ ပြီးတော့ ဘယ်ရာထူးကြီးတဲ့သူဖြစ်ဖြစ် ချွင်းချက်မရှိဘူး”

အနုပညာရှင်များသည် မလှုပ်မယှက်ပင် ရပ်နေခဲ့ပြီး သူမ ပြောသည့်စကားများကို စနစ်တကျမှတ်သားနေခဲ့သည်။

လင်းကျီသည် မျက်တောင်တစ်ချက်ခတ်လိုက်ပြီး အနည်းငယ်ပြုံးလိုက်သည်။

“ နားလည်ပါပြီ”

Club၏ အပြင်ဘက်တွင် ချောင်ယန်သည် အနုပညာရှင်များကို ပြန်လိုက်ပို့ရန်အတွက် ယာဉ်များကို စီစဉ်ပြီးသားဖြစ်သည်။

ယန်ရှီသည်ပြန်ခါနီးအချိန်၌ သူတို့အား လှမ်းခေါ်လိုက်ခဲ့သည်။

သူတို့သည် ခေါင်းရှုပ်သွား၍ ပြန်လှည့်ကြည့်လိုက်သောအခါ၌ သူမသည် ရှေ့သို့တိုးလာပြီး လေးနက်စွာဖြင့် ဦးညွှတ်လိုက်သည်ကို မြင်လိုက်ရသည်။

ထိုအမူအရာသည် သူတို့အား အံ့ဩသင့်သွားစေခဲ့သည်။

သူတို့သည် ဒုတိယဥက္ကဌအသစ်ကို သေချာမသိကြသေးပေ။

သူမနှင့် ချူယန်သည် သခင်မလေးနှင့်အဆက်အသွယ်ရှိသောကြောင့် ထိုရာထူးကြီးနေရာများကိုရရှိခဲ့သူဟု ကောလဟာလများထွက်နေခဲ့သည်။

ဤသို့ဆိုလျှင် သူမသည် အဘယ့်ကြောင့် ဒီလိုမျိုးအရာတွေ လုပ်နေရပါသနည်း။

“ ကျွန်မတောင်းပန်ပါတယ်”

ယန်ရှီမှ တည်ကြည်လေးနက်စွာဖြင့် ပြောလာခဲ့သည်။

“ Starlight ရဲ့ အနုပညာ‌ရှင်တွေအနေနဲ့ မင်းတို့ရဲ့ အခွင့်အရေးတွေကိုကာကွယ်ပေးဖို့ထိုက်တန်ပါတယ်၊ ဒီနေ့ ဖြစ်သွားတာတွေအကုန်လုံးက ကျွန်မရဲ့ တာဝန်ပျက်ကွက်မှုတွေပါ၊ ကျွန်မက မင်းတို့ကို ကာကွယ်ပေးသင့်သလောက် မကာကွယ်ခဲ့ရဘူး”

ဖျော်ဖြေရေးအနုပညာကုမ္ပဏီများသည် ထိုနည်းအတိုင်းပင် လည်ပတ်နေခြင်းဖြစ်သည်။

ရိုးရိုးသာမန် စီးပွားရေးလုပ်ငန်းများတွင် လှပသည့်ဝန်ထမ်းများကို ဖောက်သည်များနှင့် ဆက်ဆံရေးအဆင်ပြေစေရန် ပေးတွေ့ခဲ့ကြသည်။

အကယ်၍ သင်သည် ထိုအရာအား မသင့်လျော်ခြင်းဖြစ်ကြောင်းပြောလိုက်လျှင် လူအများက သင့်ကိုလှောင်ရယ်၍ “ ဆက်ဆံရေးမကောင်းသူ” ဟု ပြောကြမည်ဖြစ်သည်။

သို့ဖြစ်၍ ထိုအရာသည် မှန်ပါသလား။

သို့သော် တစ်စုံတစ်ရာသည် ပုံမှန်အတိုင်းလည်ပတ်နေသော်လည်း ထိုအရာသည် မမှန်ကန်ခဲ့ပါ။

တစ်ချို့အရာများသည် အစကတည်းက မှားနေခဲ့ခြင်းဖြစ်သည်။

ယန်ရှီသည် အတိတ်ကို မပြောင်းလဲနိုင်သော်လည်း သူမသည် ယခုမှစ၍ ပြောင်းလဲမည်ဖြစ်သည်။

“ ကျွန်မ အမည်မသိစေဘဲ တိုင်ကြားလို့ရတဲ့ စနစ်တစ်ခု ထားပေးပါ့မယ်၊ အခုကစပြီး တကယ်လို့ ရာထူးအကြီးပိုင်းတွေပဲဖြစ်စေ မင်းတို့ကို စိတ်မသက်မသာဖြစ်စေတဲ့ကိစ္စတွေကိုဖိအားပေးပြီးလုပ်ခိုင်းရင် တင်ပြလို့ရပါတယ်၊ ဒါက Starlight နဲ့ စပ်တူလုပ်ဆောင်တဲ့သူတွေအတွက် သဘောတူစာချုပ်ပါ၊ ကျွန်မ မင်းတို့ကို အောင်မြင်စေချင်တယ် ဘာကြောင့်လဲဆိုတော့ မင်းတို့အောင်မြင်ရင် Starlight အောင်မြင်တာနဲ့အတူတူပဲ”

အနုပညာရှင်းများသည် ပြောစရာစကားပျောက်ရှသွားသည်။

သီးသန့်အခန်းထဲတွင် သူမ၏ စကားလုံးများမှာ ချူယန်ကို ဆန့်ကျင်ရန်အတွက်ပြောသည်မှာ ဖြစ်နိုင်သည်။

သို့တော်ယခုတွင် မည်သည့်ဧည့်သည်မှမရှိသောကြောင့် သူမသည် ဟန်ဆောင်၍ ပြောနေစရာအကြောင်းမရှိတော့ပေ။

သူမသည် စစ်မှန်သည့်သဘောထားရှိသည့်ပုံပေါ်နေခဲ့သည်။

လူအကုန်လုံးကွဲသွားပြီးနောက် ချောင်းယန်သည် ဟန်ရှူအား ကုမ္ပဏီ ဗန်ကားထဲ ဝင်ခိုင်းခဲ့ပြီး The Singer သီချင်းဆိုပြိုင်ပွဲ၏ အစမ်းသီဆိုရန်နေရာသို့ အလျင်အမြန် ပို့ဆောင်လိုက်သည်။

The Singer သည် နာမည်ကြီးသည့် ပြိုင်ပွဲတစ်ခုဖြစ်သည်။

ဟန်ရှုသည် တစ်ဦးတည်းသော အထူးပြိုင်ပွဲဝင်တစ်ဦးမဟုတ်ပေ။ သူသည် စင်ပေါ်တွင် အဓိကနေရာရရန်အတွက် အခြားသူများထက် ပိုသာအောင် လုပ်ရမည်ဖြစ်သည်။

ယန်ရှီသည် ကျုံချင်းယွီ၏ရိုက်ကွင်းသို့ သွားတွေ့ရန် စီစဉ်ခဲ့သည်။

သူမသည် ပေယွဲ့ပိုင်ကို မျက်စိဒေါက်ထောက်ကြည့်ရန် လိုအပ်သေးသည်။ ယခုတွင် ကျုံချင်းယွီသည် ဇာတ်ညွှန်း၏ထိန်းချုပ်မှုမှ လွတ်မြောက်သွားခဲ့သော်လည်း ပေယွဲ့ပိုင်မှာ နောက်ထပ်မည်သည့်ပြသာနာများရှာလာမည်ကို မည်သူမျှမသိနိုင်ပေ။

သို့သော် သူမသည် Mercedes ကားထဲသို့ ဝင်၍ ဦးလေးကျောင်းအား သွားမည့်တည်နေရာကို မပြောရသေးခင်တွင် လင်းကျီမှ သူမအား တားလိုက်သည်။

“ ဒုဥက္ကဌယန် တစ်ခုခုတော့ပြသာနာတက်နေပြီ”

ယန်ရှီ၏နှလုံးမှာ ရပ်တန့်သွားသလိုပင်ဖြစ်သွားသည်။

ယခုတလောတွင် ကျုံချင်းယွီ၏ အများအမြင်ပုံရိပ်သည် အလွန်ပင် ကောင်းနေခဲ့ခြင်းကြောင့် နောက်ထပ်ပြသာနာများဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။

ယန်ရှီ : “ ဘာပြသာနာလဲ”

“ ရှင်းယောင်အနုပညာကုမ္ပဏီက အနုပညာရှင်တွေကို ဖိအားပေးပြီး ဖောက်သည်တွေနဲ့သောက်ခိုင်းတယ်ဆိုတဲ့ သ‌တင်းတွေက ပျံ့သွားပြီ”

ယန်ရှီသည် ခေါင်းမူးသွားခဲ့သည်။

ယခင်က ယန်ရှီသည် ထိုဖြစ်‌နိုင်ချေကို စဉ်းစားခဲ့သည်။ သို့သော် သူမသည် ထိုပြသာနာကို ဖြေရှင်းပြီးနောက်တွင် တစ်ယောက်ယောက်မှ ချက်ချင်း ဖော်ထုတ်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သီးသန့် clubတွင် စည်းကမ်းတင်းကြပ်၍ ယုံကြည်စိတ်ချရသည့် အတိုင်းအတာရှိသော်လည်း မည်သူမှ လျှို့ဝှက်ရိုက်ကူးမည် မဟုတ်ကြောင်းကို အာမ မခံနိုင်ပေ။

ယခင်၌ ရှင်းယောင်တွင် နာမည်ကြီးအနုပညာရှင်းများမရှိသောကြောင့် ဒီလိုပြသာနာတွေကို အာရုံမစိုက်ခဲ့ကြပေ။

သို့သော် ယခုတွင် ကျုံချင်းယွီ ၊ ရှန့်ရှင်းဟယ်နှင့် ဟန်ရှူတို့သည် အနုပညာလောကတွင် နာမည်ရှိလာပြီဖြစ်သောကြောင့် ယခင်ကနှင့် ကွာခြားသွားခဲ့သည်။

ထို့အပြင် ဟန်ရှုသည် K ကုမ္ပဏီတွင် မတော်တဆပြသာနာတစ်ခုကို ကြုံတွေခဲ့ရခြင်းကြောင့် အင်တာနက်သုံးစွဲသူများသည် ထိုခေါင်းစဉ်များနှင့် ပတ်သတ်၍ ဆတ်ဆတ်ထိမခံဖြစ်နေခဲ့ကြသည်။

ကားထဲတွင် လင်းကျီသည် ယန်ရှီအား လိုင်းပေါ်မှ ဝေဖန်မှုများကို ပြသခဲ့သည်။

သတင်းဖြန့်ခဲ့သူသည် လျှို့ဝှက်စွာရိုက်ကူးထားသည့် ဗီဒီယို တစ်ခုကိုဝင်ခဲ့ပြီး ထိုဗီဒီယိုထဲတွင် ရှင်းယောင်အနုပညာရှင်းများ club၌ သောက်စား၍ သီချင်းဆိုနေခဲ့ပြီး ထိုလူများကြားထဲတွင် ဟန်ရှူသည် သိသိသာသာ မြင်နေခဲ့ရသည်။

[ ရှင်းယောင်ကို အတော်လေးကောင်းတဲ့ ကုမ္ပဏီလို့ထင်ခဲ့တာ ဒါပေမယ့် အခုကျတော့ဘယ်လိုကြီးလဲ]

[ဒီပုံစံအတိုင်းဆိုရင် ရှင်းယောင်က Kကုမ္ပဏီထက် ဘာမှသာမနေဘူးပဲ]

[ ဒါပေမယ့် ဒါက သောက်တာနဲ့သီချင်းရုံပဲ ဟုတ်တယ်မလား၊ အနုပညာရှင်တွေက ပျော်ဖို့အတွက်သွားတာလည်း ဖြစ်နိုင်တာပဲလေ]

[ နင်တို့ ဟန်ရှူရဲ့မျက်နှာအမူအရာကိုမမြင်ကြဘူးလား၊ သူက ငိုတော့မယ့်ပုံပဲ]

[ ဖျော်‌ဖြေရေး အနုပညာလောက က အကုန်လုံးတူတူပဲ၊ ဘယ်သူမှ ကောင်းတဲ့သူမရှိဘူး]

[ Oh ,မဟုတ်သေးပါဘူး၊ ငါကအခုမှ ရှန့်ရှင်းဟယ်ရဲ့ ပရိတ်သတ်တစ်ယောက်ဖြစ်လာတာလေ၊ သူလည်း ဒီလိုမျိုးတွေလုပ်ရတယ်လို့ ငါ့ကိုလာမပြောကြနဲ့]

[ USကိုတော့ ချမ်းသာပေးကြပါ၊ သူတို့က ကလေးတွေပဲရှိပါသေးတယ်]

ယန်ရှီသည် သူမ၏နားထင်ကို နှိပ်နေရင်း မျက်နှာမှာ ရှုံ့မဲ့နေခဲ့သည်။

ထိုသတင်းသည် ယခုမှ ပေါက်ကြားလာခြင်းဖြစ်ပြီး မည်သူမှာ တရားခံဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

“ ဒါက ဥက္ကဌ ချူ လုပ်တာဖြစ်နိုင်လား”ဟု လင်းကျီမှ သတိထားကာ မေးလာခဲ့သည်။

ယန်ရှီသည် သူမ၏ခေါင်းကို ခါလိုက်သည်။

“ ချူယန်က ရှင်းယောင်ရဲ့ CEOပဲ၊ သူက သူ့ကိုယ်သူပျက်စီးစေဖို့တော့ လုပ်မှာမဟုတ်ဘူး”

“ ဒါဆို ကျွန်မ ဝူလျောင်ကို ရေပန်းစားနေတဲ့ခေါင်းစဉ်တွေကို အမြန်ဖြတ်ချခိုင်းပြီး ကိုင်တွယ်ခိုင်းလိုက်ပါ့မယ်”

ယန်ရှီသည် ခဏတာ ရပ်တန့်သွားခဲ့သည်။

“ မဟုတ်ဘူး ဝူလျောင်ကို အဲကိစ္စအတွက် တောင်းပန်ကြောင်း ပြောခိုင်းလိုက်”

လင်းကျီ၏ မျက်လုံးများမှာ ကျယ်လာခဲ့သည်။

“ ဒုဥက္ကဌယန်! ဒါဆိုရင် အပြစ်ကို ဝန်ခံသလို ဖြစ်မသွားဘူးလား”

“ ဒီလောက်လုံခြုံရေးမြင့်တဲ့ clubမှာတောင် သူတို့က ခိုးရိုက်ကူးနိုင်တယ်ဆိုတာက သူတို့က ဒီအကြောင်းကို အစောကတည်းက သိနေတာဖြစ်မယ်၊ ဒါမှမဟုတ် သူတို့ဒီထဲမှာ ပါချင်လည်း ပါနေမှာ၊ တကယ်လို့ ငါတို့အခုငြင်းလိုက်ရင် သူတို့က ဒီထက်ပိုဆိုးတဲ့ သက်သေတွေထုတ်ပြလိုက်ရင် ဘယ်လိုလုပ်မလဲ”

ယန်ရှီသည် သက်ပြင်းချလိုက်သည်။

“ဒါက ငါတို့အမှားပဲ၊ တောင်းပန်ခြင်းက ရှေ့ဆက်သွားဖို့အတွက် တစ်ခုတည်းသော နည်းလမ်းပဲ”

[ Hostရေ ဒါက မူလဝတ္ထုထဲမှာလည်း ဖြစ်ခဲ့တယ်]

system မှ ရုတ်တရက်ဝင်ပြောလာခဲ့သည်။

ယန်ရှီသည် မှင်သက်သွားခဲ့သည်။

“ ငါဒါကို မမှတ်မိဘူး”

[ အဲအချိန်တုန်းက မင်းက နိုင်ငံခြားမှာ မင်းရဲ့အကြံပေးနဲ့ စီမံကိန်းအလုပ်တွေလုပ်နေတာလေ၊ မင်း သတင်းတွေကြည့်ဖို့အချိန်တောင် မရှိခဲ့ဘူး]

[ ဝတ္ထုထဲမှာ ရှင်းယောင်က အစပိုင်းမှာ စွပ်စွဲချက်တွေကိုငြင်းခဲ့တယ်၊ ဒါပေမယ့် အဲထက်ပိုဆိုးတဲ့ သက်သေအထောက်အထားတွေ ထုတ်ပြလာတော့ ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာက မပျောက်ပျက်နိုင်တဲ့ အစွန်းအထင်းတွေ ဖြစ်လာခဲ့တယ်]

ယန်ရှီသည် အချိန်ခဏတာ တွေးနေခဲ့သည်။

“ ဒါပေမယ့် အချိန်ဇယားအရကြည့်မယ်ဆိုရင် ဒါက နောက်နှစ်မှ ဖြစ်သင့်တယ် မဟုတ်ဘူးလား”

သူမသည် ထိုအချိန်ကို မှတ်မိနေခဲ့သည် နှစ်သစ်ကူးပြီးနောက်ပိုင်းအချိန်များတွင် ကျုံမိသားစုနှင့် ကျုံချင်းယွီတို့သည် ကပ်ဆိုက်သည့်ကာလများကို ရင်ဆိုင်နေခဲ့ရသည်။

သူမပြန်ပေါ်လာသည့်အချိန်၌ ကျုံယန်စီသည် သေနေခဲ့ပြီး ပေယွဲ့ပိုင်သည်လည်း ကျုံမိသားစုကို ရယူခဲ့ပြီးဖြစ်သည်။

System သည် ကွဲပြားခြားနားချက်ကို သတိထားမိခဲ့သော်လည်း အံ့ဩခြင်းမရှိခဲ့ပေ။

[ ဒါဆို မစ္စတာကျုံရဲ့ ကံကောင်းခြင်းအမှတ်တွေတိုးလာလို့ ဇာတ်ညွှန်းက မြန်လာတာ ဖြစ်နိုင်တယ်]

မူလတွင် ကျုံယန်စီ၏ ရုတ်တရက်သေဆုံးမှုသည် နှစ်သစ်ကူးပြီးနောက်တွင် ဖြစ်ခဲ့သည်ပုံစံမျိုးပင်ဖြစ်ပြီး ဝတ္ထုထဲတွင် သူသည် ကင်ဆာမဖြစ်ခဲ့ပေ။

အများဆုံး ဖြစ်နိုင်ချေသည် ရဲ့လော့ယီ၏ အပြီးသတ်အောင်မြင်လာမှုကို သေချာစေရန်အတွက် ဇာတ်ညွှန်းမှ ကျုံချင်းယွီ၏တိုးတက်လာမှုကို အနှောက်အယှက်ပေးရန် ကြိုးစားနေခြင်းဖြစ်သည်။

ယန်ရှီသည် သူမ၏မေးစေ့ကို ပွတ်နေခဲ့သည်။

ရှင်းယောင်၏ပြသာနာများသည် ဝတ္ထုထဲတွင် အသေးအမွှားဇာတ်ညွှန်းလေပင် ဖြစ်သည်။

ကုမ္ပဏီ ပြိုလဲရခြင်း၏ အဓိကအကြောင်းအရင်းမှာ ကျုံချင်းယွီသည် ပေယွဲ့ပိုင်ထံသို့ အရင်းအနှီးများ လွဲပြောင်းပေးခဲ့ခြင်းကြောင့်ဖြစ်သည်။

သောက်စားသည့်ပြသာနာသည် သူတို့၏ပုံရိပ်ကို ထိခိုက်ခဲ့သော်လည်း ဆိုးဆိုးရွားရွားပျက်စီးဆုံးရှုံးနိုင်သည့်အခြေအနေမဟုတ်ပေ။

ဝတ္ထုထဲတွင် ရှင်းယောင်သည် ကျုံမိသားစု၏ အထောက်အပံ့မရှိလျှင် ပို၍စောစောပင် ပြိုလဲသွားခဲ့မည်ဖြစ်သည်။

သို့သော် အကယ်၍ ထိုအဖြစ်အပျက်သည် ဝတ္ထုထဲတွင် ဖြစ်ခဲ့လျှင် ယန်ရှီသည် နောက်ကွယ်မှလူကို ကောင်းကောင်းခန့်မှန်းနိုင်ခဲ့မည်ဖြစ်သည်။

ဝူလျောင်သည် တောင်းပန်သည့်စာကို ထုတ်ပြန်ခဲ့ပြီး ထိုအဖြစ်အပျက်နှင့်ပတ်သတ်၍ ရှင်းယောင်သည် နက်နက်ရှိုင်းရှိုင်း နောင်တရနေသည်ကို ဖော်ပြခဲ့ပြီး ထိုကိစ္စတွင် ပါဝင်ပတ်သတ်နေသည့် ရာထူးကြီးသူများအကုန်လုံးကို စည်းကမ်းအရ ဥပဒေနှင့်ရင်ဆိုင်ရမည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ရှင်းယောင်သည် အများပြည်သူကြီးကြပ်ရေးမှူးကို ဖိတ်ခေါ်ခဲ့ပြီး နောင်အနာဂတ်တွင် ထိုနည်းတူ ကိစ္စများကို တင်ပြလာသည့်သူတိုင်းအား ယွမ် 100,000 ဆုချမည်ဟု ကမ်းလှမ်းခဲ့သည်။

[!!!]

[ ငါ အစက သူတို့ကို unfollow လုပ်မလို့ပဲ ဒါပေမယ့် အခုတော့ သူတို့ acc တွေကို followဆက်လုပ်ထားလိုက်ပြီ]

[ ယွမ် 100,000 လား၊ ပိုက်ဆံတော်တော်ရက်ရောတာပဲ]

[ အဲတာ တကယ်လား၊ ရှင်းယောင်ကတော့ အားကုန်ထုတ်သုံးနေတာပဲ]

[ ဒါပေမယ့် အနုပညာရှင်တွေကို အတင်းဖိအားပေးပြီးသောက်ခိုင်းတာက မှားနေတုန်းပဲ]

[ ဟုတ်တယ် ဒါပေမယ့် အနည်းဆုံးတော့ သူတို့အပြစ်ကို ဝန်ခံတယ်လေ၊ ကုမ္ပဏီ အများစုကတော့ ဖုံးကွယ်ထားကြမှာပဲ]

[ သူတို့ကတိတည်ပါစေလို့ မျှော်လင့်တယ် ပြီးတော့ ဟန်ရှူနဲ့ရှန့်ရှင်းဟယ်ရောပဲ၊ ငါ ရှင်းယောင်ပေါ်မှာ အကောင်းမြင်စိတ်ရှိလာခဲ့ပြီ]

အစည်းအဝေးအခန်းထဲတွင် ယန်ရှီသည် ရှူယန်ယန်အား အေးစက်သည့် အကြည့်များဖြင့် စိုက်ကြည့်နေခဲ့သည်။

သတင်းဖြန့်လိုက်သည့်သူကို ရှာရသည်မှာ ကောက်ရိုးပုံထဲတွင် အပ်ရှာရသလိုပင် ဖြစ်နေခဲ့သော်လည်း သူမသည် ဦးတည်ချက်တစ်ခုရှာတွေ့သွားသည့်အခါ သူမ၏ သံသယများကို အလွယ်တကူ အတည်ပြုနိုင်တော့သည်။

ထူးထူးခြားခြားပင် ယနေ့အစောပိုင်း၌ ရှူယန်ယန်သည် ကားပါကင်၌ သူမကို ချဉ်းကပ်ခဲ့သည်။

ရှုယန်ယန်သည် ကလန်ကဆန် လုပ်၍ ပြန်စိုက်ကြည့်နေခဲ့သည်။

“ ဘာလဲ ငါက မမှန်တာတစ်ခုခုကို ဖော်ထုတ်ခဲ့လို့လား၊ ရှင်းယောင်က ငါ့ကို အရင်ဆုံး နှိမ်ခဲ့တာလေ အဲတာကြောင့် ငါက ပြန်ပြီး လက်စားချေခဲ့တာ”

ယန်ရှီသည် မျက်ခုံးပင်လိုက်သည်။

“ ရှင်းယောင်က နင့်ကို နှိမ်ခဲ့တာလား”

ရှူယန်ယန်: “ တစ်ခြားအနုပညာရှင်တွေအကုန်လုံးအရင်းအနှီးတွေရတယ်လေ၊ ငါက ဘာလို့မရတာလဲ”

ယန်ရှီသည် ရယ်မလိုပင် ဖြစ်သွားခဲ့သည်။

သူမသည် ရှူယန်ယန်ကို တမင်သက်သက် ဘေးထုတ်ထားခဲ့ခြင်းဖြစ်သည်။

ရှင်းယောင်၏ အရင်းအနှီးများကိုသုံး၍ ကျုံချင်းယွီကို ထိခိုက်အောင်လုပ်မည့် သူတစ်ယောက်အား ခွင့်ပြုပေးရန် အကြောင်းမရှိပေ။

သို့သော် ဝတ္ထုထဲတွင် ကျုံချင်းယွီသည် ရှူယန်ယန်အား တစ်ခါမှ မမျှမတ မဆက်ဆံခဲ့ပေ။

ကျုံချင်းယွီသည် ရသစုံရှိုးများတွင် ဝေဖန်ခံရခြင်း၊ နှိုင်းယှဉ်ခံရခြင်းနှင့် လှောင်ပြောင်ခံရခြင်းကို အများဆုံးခံခဲ့ရသူဖြစ်ပြီး ရှူယန်ယန်သည် အနည်းငယ်သာ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

တရုတ်ပြည်သို့ ပြန်ရောက်လာပြီးနောက် ကျုံချင်းယွီသည် ရှူယန်ယန်အတွက် red-carpet ဂါဝန်များနှင့် ဇာတ်ကောင်များကို သေသေချာချာစီစဉ်ပေးခဲ့ပြီး သူမအား တစ်ခါမှ လျစ်လျူမရှူခဲ့ပေ။

ရှူယန်ယန်သည် ချူယန်၏ သောက်စားသည့်ပြသာနာကို ဖော်ထုတ်ခဲ့သေးသည်။

ယန်ရှီသည် လင်းကျီလက်ထဲမှ ဖိုင်တွဲကို ယူလိုက်ပြီး ရှူယန်ယန်၏ ရှေ့တွင် မှတ်တမ်းများကို ဖွင့်ပြလိုက်သည်။

“ နင့်ရဲ့ ပထမဆုံး red-carpet တက်ရတဲ့ပွဲတုန်းက ဘယ်ဒီဇိုင်နာမှ ဂါဝန်မငှားချင်လို့ ချင်းယွီက သူ့ရဲ့ကိုယ်ပိုင်ပိုက်ဆံနဲ့ နောက်ဆုံးထွက်တဲ့ဂါဝန်ကို နင့်အတွက်ဝယ်ပေးခဲ့တာ၊ နင် အစမ်းသရုပ်ဆောင်ပြတဲ့အချိန်မှာလဲ မအောင်ခဲ့လို့ ချင်းယွီက နင့်အတွက် အရံဇာတ်ကောင်ရဖို့ 5မီလီယမ်အကုန်ခံပြီး ရင်းနှီးခဲ့ရတာ၊ CDထောက်ခံချက်ကလည်း အစက သူ့ဟာပဲ ဒါပေမယ့် နင်ပိုက်ဆံလိုနေတယ်ကြားလို့ သူက အဲဟာကိုမယူဘဲ နင့်ကိုပေးခဲ့တာလေ”

“ ပြီးတော့ နင်သူနဲ့အတူတူ ဈေးဝယ်ထွက်တုန်းက ဝယ်ခဲ့တဲ့ အိတ်တွေအဝတ်အစားတွေ လက်ဝတ်ရတနာတွေကို မမေ့လိုက်နဲ့ဦး၊ ငါဆက်ပြီးပြောရအုံးမလား”

“ ရှင်းယောင်ကုမ္ပဏီမှာ နင့်လို ကောင်းကောင်းဆက်ဆံခံတဲ့အနုပညာရှင် ဘယ်သူရှိလဲ နာမည်တပ်ပြီးပြောလိုက်စမ်းပါ၊ အဲတာကို ငါတို့က နင့်ကို နှိမ်တယ်လို့ပြောရဲသေးတာလား”

ရှူယန်ယန်၏မျက်နှာမှာ ဖြူဖတ်သွားခဲ့သော်လည်း ခေါင်းမာတက်သူဖြစ်တာကြောင့် ပြန်၍ချေပလာသည်။

“ အဲတာ အရင်ကဟာတွေပဲ ပြီးတော့ ကျုံချင်းယွီက ငါ့ကိုအဲလိုတွေဆက်ဆံတာကလည်း သူ့ရဲ့နောက်လိုက်ခွေးလို့ မြင်နေခဲ့လိုပဲ၊ ငါ သူ့အတွက် လက်ဖက်ရည်တွေ သူ့ရဲ့အိတ်တွေကို သယ်ရတယ်၊ အဲ့လိုဆက်ဆံတာက ဒီလိုမျိုးတွေအတွက် ငွေ‌ပေးချေတာမျိုးပဲလေ”

ယန်ရှီသည် လှောင်သလိုလိုဖြင့်ရီလိုက်သည်။

“ နင့်ရဲ့လက်တွေက ရွှေတွေနဲ့လုပ်ထားတာလား၊ ဒီလိုမျိုး နည်းနည်းလေးလုပ်ပေးရတာက မီလီယမ်တွေလောက်တန်ဖိုးရှိတာလား”

ရှူယန်ယန်သည် အလွန်ပင် ဒေါသထွက်၍ မကျေနပ်ချက်များရှိနေသေးသည်။

“ ငါက ကျုံချင်းယွီဆီမှာ ကျွန်လိုလုပ်ခဲ့တာလေ၊ အဲတာကြောင့် သူက ငါရသင့်တဲ့ ဟာတွေကို ပြန်ပေးတာပဲလေ”

သူမသည် ယန်ရှီအား အထင်သေးသည့်ပုံစံဖြင့်ကြည့်လိုက်သည်။

“ ယန်ရှီ နင်ကရော ငါနဲ့ဘာကွာလို့လဲ၊ နင်အခု ဒီနေရာကိုရောက်လာတာက ကျုံချင်းယွီကိုကပ်ဖားပြီးရောက်လာတာပဲလေ”

“ ဟုတ်တယ်”ဟု ယန်ရှီမှ တုံ့ဆိုင်းခြင်းမရှိဘဲ ဝန်ခံလိုက်သည်။

“ ငါအောင်မြင်လာတာက ချင်းချင်းကြောင့်ပဲ”

“ ဒါပေမယ့် နင်နဲ့မတူတာက ငါဘယ်တော့မှ သူ့နောက်ကျောကို ဓားနဲ့ထိုးမှာမဟုတ်ဘူး၊ သူ့ ငါ့ကိုလက်ဆောင်ပေးတဲ့ ဒီဇိုင်နာအိတ်တွေကိုယူထားပြီး လိုင်းပေါ်မှာ သူ့မကောင်းကြောင်းပြောနေတာကို ခိုးပြီးသဘောကျနေမှာမဟုတ်ဘူး၊ သူ့ရဲ့ကြင်နာမှုတွေက စစ်မှန်တာဟုတ်ဟုတ် မဟုတ်ဟုတ် ငါ့ကိုကူညီခဲ့တဲ့သူကို ဘယ်တော့မှ ဒုက္ခရောက်စေချင်တဲ့စိတ်မရှိခဲ့ဘူး”

ရှူယန်ယန်သည် လှောင်၍ရီနေခဲ့သည်။

“ ဒါကဘာလို့လဲဆိုတော့ ကျုံချင်းယွီက နင့်ကို ကောင်းကောင်းဆက်ဆံနေလို့ပဲ၊ သူက ငါ့ကို ဘယ်တော့မှ ကိရိယာတစ်ခုထက်ပိုပြီး မမြင်ခဲ့လို့ပဲ”

“ သူက နင့်ကိုလူတစ်ယောက်လို့ မမြင်ခဲ့ဘူးတဲ့လား”

ယန်ရှီသည် အော်ဟစ်၍ရယ်လုနီးပါးဖြစ်ခဲ့ပြီး သူမ၏လက်များသည် ရှူယန်ယန်အား ပါးရိုက်တော့မည့်ပုံစံအတိုင်း တဆတ်ဆတ်တုန်နေခဲ့သည်။

“ အဲတာကဘာလို့လဲဆိုတော့ နင်က သူ့ကို လူတစ်ယောက်လို့ မမြင်ခဲ့ပဲ သူ့ကို ATMစက်လို့ မြင်နေခဲ့လို့လေ”

ယန်ရှီသည် အခြေအမြစ်မရှိသည့်ကြင်နာမှုများကို တစ်ခါမှ မယုံကြည်ခဲ့ပေ။

ချစ်သူရည်းစားပင်ဖြစ်စေ ၊ သူငယ်ချင်းပင်ဖြစ်စေ ၊ မိသားစုပင်ဖြစ်စေ ဆက်ဆံရေးများသည် အပြန်အလှန်သဘောပင်ဖြစ်သည်။

သူမ သိခဲ့သော လုများအားလုံးထဲတွင် ကျုံချင်းယွီ၏ရိုးသားဖြောင့်မတ်မှုသည် အဖြူစင်ဆုံးပင်ဖြစ်၏။

သူမပေးသည့် ပန်းစည်းတစ်စည်းလေးဆိုရင်တောင်ပင် ယန်ရှီ၏စိတ်ထဲတွင် အဓိပ္ပာယ်ရှိသည့် အမှတ်တရတစ်ခုအဖြစ် ကျန်ရှိနေခဲ့ခြင်းဖြစ်သည်။

သူတို့၏ ဇာတ်လမ်းထဲတွင် ပေယွဲ့ပိုင်၏အချစ်နှင့် ချိုမြန်မှုများသည် အချိန်ခဏတာအတွက်သာဖြစ်သော်လည်း သူမ(ကျုံချင်းယွီ)၏ စိတ်ထဲတွင် မမေ့နိုင်လောက်အောင်ပင် စွဲမြဲနေသည့်အမှတ်တရတစ်ခုအဖြစ်ကျန်နေခဲ့သည်။

လေဆိပ်၌ သူမအားတွေ့ချင်၍ ညနက်သည်ထိစောင့်နေခဲ့သည့်ပရိတ်သတ်များကို တွေ့လိုက်ရသည့်အခါ၌ သူမသည် အလွန်ပင် စိုးရိမ်ပူပန်ခဲ့ကာ ပရိတ်သတ်များအား ညစာဝယ်ကျွေးသည့်အပြင် လုံခြုံစွာဖြင့်အိမ်ပြန်နိုင်ရန်အတွက်လည်း စီစဉ်ပေးခဲ့သည်။

ကျုံချင်းယွီသည် အပေါက်ဆိုးသော်လည်း သူမအပေါ်ထားသည့် ကြင်နာမှုတိုင်းကို ဆယ်ဆပြန်၍ ပေးခဲ့သည်။

ကမ္ဘာပေါ်ရှိလူအများစုသည် စကားလုံးလှလှလေးများကိုသာ ဂရုစိုက်ကြပြီး သူတို့သည် နောက်ကွယ်မှလုပ်ရပ်များကို မမြင်ကြပေ။

“ ရှူယန်ယန် နင်မမှားဘူး” ဟု ယန်ရှီမှ အေးစက်စွာဖြင့်ပြောလာခဲ့သည်။

“ နင့်ရဲ့အရင်းအနှီးတွေကိုဖြတ်ပြစ်ဖို့ ချူယန်ကိုပြောခဲ့တဲ့သူက ငါပဲ၊ ပြီးတော့ ရှင်းအောင်လို့ပြောလိုက်မယ် ငါရှင်းယောင်မှာရှိနေသ၍ နင် ဒီကုမ္ပဏီကနေ ဘာအခွင့်အရေးမှ ရမှာမဟုတ်ဘူး”

ရှူယန်ယန်၏မျက်လုံးများမှာ တုန်ရီနေခဲ့သည်။

“ ယန်ရှီ နင်အရမ်းလွန်နေပြီ”

ယန်ရှီသည် ဟန်ဆောင်၍ ပြုံးလိုက်သည်။

“ နင် စာချုပ်ကိုဖျက်သိမ်းချင်လည်းရတယ်နော်၊ ဒါပေမယ့် ဒဏ်ကြေးပေးရမယ်ဆိုတာတော့ မမေ့နဲ့”

ရှူယန်ယန်သည် ဒေါသကြောင့် သူမ၏ပုခုံးမှာ တုန်လှုပ်နေခဲ့သည်။

သူမသည် ယန်ရှီအား ပြန်တိုက်ခိုက်၍ဖီဆန်ခြင်းသော်လည်း ယန်ရှီသည်ယခုတွင် ရှင်းယောင်၏ ဒုဥက္ကဌဖြစ်နေခဲ့သည်။

ထို့ကြောင့် သူမသည် မည်သည့်အရာမျှ လုပ်မရခဲ့တော့ပေ။

အစည်းအဝေးတံခါးခေါက်သံကြားခဲ့ရပြီးနောက် ဝူလျောင်သည် အခန်းထဲသို့ tabletတစ်လုံးကိုင်၍ ဝင်လာခဲ့သည်။

“ ဒုဥက္ကဌယန် အများရဲ့ထင်မြင်ချက်တွေက ပြောင်းလဲလာခဲ့ပါပြီ၊ အခု အင်ဝာာနက်သုံးစွဲသူတွေက ကျွန်တော်တို့ဘက်မှာရှိနေပါပြီ”

ယန်ရှီသည် မျက်တောင်ခတ်၍ အချက်ပြလိုက်သည်။

သူမသည် သတင်းဖြန့်ခဲ့သူအား ဆုချမည်ဟု ပြောလိုက်ခြင်းသည် အကူအညီရမည်ဟုထင်ခဲ့သော်လည်း ထိုမျှလောက် ရမည်ဟု မထင်ခဲ့ပေ။

ဝူလျောင်သည် နောက်ဆုံးရ သတင်းများကို screen ပေါ်တွင် ပြသလာခဲ့သည်။

အပြောင်းအလဲဖြစ်စေသည့်အရာမှာ ဗီဒီယိုတစ်ခုပင်ဖြစ်သည်။

အစောပိုင်းမှ ပေါက်ကြားထားသည့် ဗီဒီယိုကို ဆက်လက်ဖော်ထုတ်လာပြီး အထွေထွေမန်နေဂျာဖန်သည် ဟန်ရှူအား အတင်းအကြပ်သီချင်းဆိုခိုင်းနေခြင်းဖြစ်ပြီး ထိုအချိန်တွင် ယန်ရှီသည် တံခါးကိုတွန်းဖွင့်၍ ဝင်လာခြင်းဖြစ်သည်။

ထိုဗီဒီယိုထဲတွင် သီးသန့်အခန်း၌ သူမနှင့် ချူယန်တို့၏ထိပ်တိုက်ဖြေရှင်းနေသည်ကို ပြသထားခဲ့ပြီး နောက်ဆုံးတွင် clubအပြင်၌ ယန်ရှီသည် အနုပညာရှင်များကို ဦးညွှတ်၍တောင်းပန်နေသည်ကို ပြသထားခဲ့သည်။

ထိုဗီဒီယိုသည် ချက်ချင်းပင် ပျံ့နှံ့သွားခဲ့သည်။

ရှူယန်ယန်၏ ပထမဆုံးဖြန့်ခဲ့သည့် ဗီဒီယိုကြောင့် လူအများအား မီးလောင်ရာလေပင့်သလိုဖြစ်ခဲ့ကာ ရှင်းယောင်အား မသင့်တော်သည့်လုပ်ရပ်များလုပ်သည်ဟု ပြစ်တင်စွပ်စွဲခဲ့ကြပြီး ထပ်မံထွက်လာသည့် ဗီဒီယိုသည် အလျင်အမြန်ပင် ရေပန်းစားနေသည့်စာရင်းတွင် ထိပ်ဆုံးသို့ရောက်သွားခဲ့သည်။

ကျန်းတုံ‌၊ရှောင်ယွီ၊ရှန့်ရှင်းဟယ်နှင့် ဟန်ရှူတို့သည် တစ်ဦးပြီးတစ်ဦး ရှင်းယောင်ကို ကာကွယ်၍ ပြောခဲ့ကြသည်။

ကျန်းတုံနှင့် ရှောင်ယွီ: “ ရှင်းယောင်မရှိဘဲ The Bottom Line ဇာတ်လမ်းတွဲကို ကျွန်တော်တို့မျှော်မှန်းထားတဲ့အတိုင်း အကောင်အထည်ဖော်နိုင်မှာမဟုတ်ပါဘူး၊ ကျွန်တော်တို့ ရှင်းယောင်ဘက်က ရပ်ဝာည်ပါတယ်”

ရှန့်ရှင်းဟယ် : “ ကျွန်တော် ဒီနေ့ ဒီလိုနေရာရရှိခဲ့တာက ရှင်းယောင်ကြောင့်ပါ၊ ကျွန်တော့်ရဲ့ကျေးဇူးတင်မှုတွေက နက်နက်ရှိုင်းရှိုင်းပါပဲ၊ ဒါကြောင့် ကုမ္ပဏီကြီး တိုးတက်ကြီးပွားပါစေ”

ဟန်ရှု; “ စိတ်ပူပေးကြတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ် ကျွန်တော်အဆင်ပြေပါတယ်၊ ဒီလိုမျိုးအလေ့အကျင့်တွေက အေဂျင်စီတွေအများအပြားဆီမှာ ရှိနေပေမယ့် CEOနှင့် ဒုဥက္ကဌယန်တို့ရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့က ဒီအရာတွေကိုပြုပြင်ပြီး ပိုကောင်းတဲ့အရာတွေကိုပဲ လုပ်ဆောင်သွားကြမှာပါ”

ထိုအကြောင်းအရာများအားလုံးသည် ရှင်းယောင်နှင့် ပတ်သတ်နေခဲ့ပြီး သူတို့၏စုပေါင်းလုပ်ဆောင်မှုများ၏ အကျိုးသက်ရောက်မှုဖြစ်ကြောင်းကို ငြင်းပယ်လို့မရပေ။

ညတွင်းချင်းပင် ဇာတ်လမ်းသည်ပြောင်းပြန်ဖြစ်သွားခဲ့၏။

[ ငါအဲဗီဒီယိုကြည့်ပြီး‌တဲ့အချိန်မှာ ယန်ရှီက အရမ်းမိုက်တာပဲလို့တွေးမိတယ်၊ ငါ အမြဲ သူ့ကို ငြိမ်ခံတက်တဲ့ယုန်ပေါက်လေးလို့ထင်နေခဲ့တာ ဒီလောက်ထိ မာကြောမယ်လို့မထင်ခဲ့ဘူး]

[ ငါတို့ရဲ့ idolတွေကို support ကြမယ်၊ ရှင်းယောင်ကိုလည်း support ကြမယ်]

[ ယန်ရှီရဲ့ နောက်ဆက်တွဲလုပ်ဆောင်မှုတွေက ငါ့ကိုတကယ် ဆွဲဆောင်သွားခဲ့ပြီ]

[ယန်ရှီက အနုပညာရှင်တွေကို ဘယ်တော့မှ အနိုင်ကျင့်မှာမဟုတ်ဘူးလို့ ငါသိသားပဲ]

[အား ဘာကြောင့်မှန်းတော့မသိပေမယ့် သူ့ရဲ့နောက်ဆုံးပြောတဲ့စကားတွေက ငါ့ကိုရင်ထဲထိသွားစေတယ်၊ ငါ့မှာလည်း အဲလိုသူဌေးမျိုးရှိရင်ကောင်းမှာပဲလို့ဆုတောင်းနေပြီ]

ထိုအချိန်၌ ကျုံစီးပွားရေးလုပ်ငန်းစု၏ တရားဝင် accမှ စာထုတ်ပြန်လာခဲ့သည်။

ရှင်းယောင်၌ ချူယန်၏ ရာထူးကို ဖယ်ရှားလိုက်ပြီး ဒုတိယဥက္ကဌအသစ်၏ ဆုံးဖြတ်ချက်များကို ထောက်ခံပေးခဲ့သည်။

ကုမ္ပဏီ၌ ထိုနည်းတူလုပ်ရပ်များကို အမြစ်ဖြုတ်ရန်အတွက် အ‌တွင်းပိုင်းစစ်ဆေးမှုများကိုပြုလုပ်သွားမည်ဖြစ်ပြီး ရာထူးကြီးများထဲမှ ဝန်ထမ်းများကို အလုပ်နှင့်မသက်ဆိုင်သည့် သောက်စားခြင်းနှင့်ပတ်သတ်၍ ဖိအားပေးလာခဲ့ပါက ကုမ္ပဏီသို့ တင်ပြရန်တိုက်တွန်းခဲ့သည်။

မရေမတွက်နိုင်အောင်ပင်လက်အောက်ခံ ကုမ္ပဏီများရှိသည့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်စည် ကျုံ စီးပွားရေးလုပ်ငန်းစု၏ ထုတ်ပြန်မှုကြောင့် အနုပညာနယ်ပယ်တစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။

ယန်ရှီသည် မျက်မှောင်ကြုတ်၍ ရှင်းပြနေသည့် ဗီဒီယိုကိုကြည့်နေခဲ့သည်။

ထိုအရာသည် ခိုး၍ ရိုက်ကူးထားသည်မှာ သေချာနေပြီး ဗီဒီယိုသည် မှုန်ဝါးနေ၍ တုန်ခါနေသည်။

သို့သော် ရှုထောင့် ၊ ဗီဒီယိုဘောင်နှင့် အရည်အသွေးများသည် ရှူယန်ယန်၏ ပေါက်ကြားစေခဲ့သည့်ဗီဒီယိုနှင့် ထပ်တူကျနေခဲ့သည်။

ထို ဗီဒီယိုအားရိုက်ကူးခဲ့သူသည် မူလဖော်ထုတ်ခဲ့သည့်ဗီဒီယိုကိုလည်း ရိုက်ကူးခဲ့သူဖြစ်သည်။

[ Hostရေ ကျွန်တော် IPကို ခြေရာခံပြီးပြီ၊ ဒီဟာကို ဖြန့်ခဲ့တဲ့သူက ဝတ္ထု နောက်ဆုံးပိုင်းမှာ ရှင်းယောင်ကို ဖျက်ဆီးချင်တဲ့သူနဲ့ အတူတူပဲ]

ရှုယန်ယန်သည် ဖိအားပေး၍ သောက်စားခိုင်းသည့် ဗီဒီယိုပေါက်ကြားမှုတွင် ပါဝင်သည်မှာ မဖြစ်နိုင်ပေ သူမသည် ထိုနေရာတွင်တောင် မရှိခဲ့ပေ။

သူမသည် တစ်ခြားပါဝင်ပတ်သတ်နေသည့် အနုပညာရှင်များထံမှ ရရှိခြင်းဖြစ်သည်။

ထိုလူသည် အဖြစ်အပျက်တစ်ခုလုံးကို မှတ်တမ်းတင်ထားခဲ့တာဖြစ်ပြီး ယန်ရှီမရောက်လာခင် ရိုက်ကူးထားသည့် ဗီဒီယိုတစ်ဝက်အား ရှူယန်ယန်ကို ပို့ခဲ့ခြင်းဖြစ်သည်။

သူတို့သည် ဆက်လက် ရိုက်ကူးနေခဲ့ပြီး ရှင်းယောင်၏ မကောင်းသည့်အရာများ ပေါ်လာစေရန် မျှော်လင့်နေခဲ့ခြင်းဖြစ်သည်။

နောက်ဆုံး၌ သူတို့သည် ကုမ္ပဏီနာမည်အား ရှင်းပစ်ရန် ရွေးချယ်ခဲ့သည်။

အစည်းအဝေးအခန်းထဲ၌ ရှူယန်ယန်သည် screenကို မယုံနိုင်သည့် အကြည့်များဖြင့်ကြည့်နေခဲ့သည်။

ထိုအရာသည် မည်သို့ဖြစ်နိုင်မည်နည်း။

မကောင်းသည့်ပြသာနာကို ထိုကဲ့သို့ ပြောင်းပြန်လှန်လိုက်သည်လား။

ထို့အပြင် သူမသည် ဗီဒီယိုပေါက်ကြားစေသည့်သူကို သိခဲ့သည်။

သူတို့က သူမကို ပထမတစ်ဝက်ပဲပေးခဲ့တာပဲ။

နောက်ဆုံးကျတော့လည်း သူတို့က ရှင်းယောင်ဘက်ကလား။

သူမသည် အံကြိတ်ထားခဲ့ပြီး သူမ၏သွားများပင် နာကျင်လာခဲ့သည်။

ယန်ရှီ: “ ဆုံးဖြတ်ပြီးပြီမလား”

“ ရှင်းယောင်မှာပဲ ဆက်ပြီး တန်ဖို့အမဲ့ခံမလား ဒါမှမဟုတ် လူကြီးလူကောင်းတစ်ယောက်အနေနဲ့စာချုပ်ဖျက်သိမ်းမလား”

ရှူယန်ယန်၏အသံမှာ တုန်ယင်နေသည်။

“ ငါ့မှာ ရွေးချယ်စရာရှိလို့လား”

ယန်ရှီသည် လင်းကျီကို အချက်ပြလိုက်သည့်အခါ၌ သူမသည် စာချုပ်ဖျက်သိမ်းသည့်စာရွက်များကို စားပွဲပေါ်သို့တင်လိုက်သည်။

“ လက်မှတ်ထိုးလိုက် ပြီးတော့ ဒဏ်ကြေးပေးဖို့လည်း မမေ့နဲ့ဦး၊ ချင်းချင်းက နင့်ကို အိတ်တွေ လက်ဝတ်ရတနာတွေပေးထားတာပဲ၊ ဒါက ပြသာနာတော့မရှိပါဘူး”

ယန်ရှီပေါ်ကြည့်နေသည့် ရှူယန်ယန်၏ အကြည့်များသည် ဒေါသများနှင့်အတူမျက်လုံးများနီရဲနေသော်လည်း လက်မှတ်အား ထိုးခဲ့လေသည်။

“ Oh ပြီးတော့ နောက်တစ်ခုက” ဟု ယန်ရှီမှ စာချုပ်ကိုသိမ်းရင်း ထပ်ပြောလာခဲ့သည်။

“ ဒါပြီးရင် နင် ဒီလုပ်ငန်းလောက ကနေ အနားယူသင့်ပြီ”

ရှုယန်ယန်သည် ဒေါသအလွန်ဖြစ်လာ၍ အော်ဟစ်လိုက်သည်။

“ နင်က ဘာမို့လို့ အဲဒါကို ဆုံးဖြတ်နေရတာလဲ”

“ ငါနင့်ကို ချက်ချင်းတော့ နာမည်ပျက်စာရင်းထဲ ထည့်မှာမဟုတ်ပါဘူး၊ ဒါပေမယ့် ရှင်းယောင်နဲ့ပတ်သတ်တဲ့ ဘယ် စီမံကိန်းမဆို နင့်ကို ဘယ်တော့မှ ငှားမှာမဟုတ်ဘူး”

ယန်ရှီသည် ပြုံးလိုက်၏။

“ ပြီးတော့ နင် တစ်ခုခုလှည့်စားဖို့ ကြိုးစားဦးမှာလား၊ နင် ကောင်းကောင်းမွန်မွန်နေထိုင်နေရင်တော့ နင်က တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားမှာပဲ၊ ငါ့ကို ဆန့်ကျင့်ရင်တော့ နင် ဘယ်နေရာမှ မလုပ်မရအောင် ငါလုပ်ပြမယ် သေချာရွေးချယ်ထားလိုက်”

ထိုသို့ပြောပြီးနောက် သူမသည် နောက်သို့ပင်လှည့်မကြည့်ဘဲ ထွက်သွားခဲ့သည်။

ရှုယန်ယန်အား မျက်စိအောက်မှ မမြင်ရတော့သည့်အချိန်၌ စနစ်သည် ပေါ်လာခဲ့ပြီး အလင်းလုံးလေးသည် သူမ၏ဘေးနားတွင် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေသည်။

[ Hostရေ မင်းခုနက အရမ်းမိမိုက်နေတာပဲ]

[ ဒါပေမယ့် ရှူယန်ယန်ကို တစ်ခြားလုပ်ငန်းတွေမှာ အလုပ်မရအောင် ဘယ်လိုလုပ်မှာလဲ ကျွန်တော်အရမ်းကိုသိချင်နေပြီ]

“ ငါ အဲတာကို မလုပ်နိုင်ဘူး”

ယန်ရှီသည် မျက်တောင်ခတ်လိုက်လေသည်။

“ ငါသူ့ကို နည်းနည်းလေးကြောက်အောင် ခြောက်လိုက်တာပါ အဲတာမှ သူက ပြသာနာတွေ ထပ်မရှာတော့မှာ”

【???】

[အဲတာက အလုပ်ဖြစ်ပါ့မလား]

“ဖြစ်နိုင်တယ်ဆိုရင်ရော”

သူမသည် အစည်းအဝေးအခန်းထဲမှ ထွက်လာသည့်အခါ၌ နောက်သို့လှည့်မကြည့်ခဲ့သော်လည်း သူမသည် မှန်နံရံကို စိုက်ကြည့်ခဲ့သည်။

ရောင်ပြန်ဟပ်နေသည့် မှန်ပေါ်တွင် ရှူယန်ယန်သည် အလွန်ပင်ဒေါသထွက်ကာ အံကြိတ်နေခဲ့သော်လည်း ပြန်တုံ့ပြန်ရန်အတွက် သတ္တိမရှ်ိပေ ထိုအရာမှာ သူမ၏ ခြိမ်းခြောက်မှုမှာ အလုပ်ဖြစ်ကြောင်း ထင်ရှားနေခဲ့သည်။

ယန်ရှီသည် သူမ၏ ပုခုံးကိုတွန့်လိုက်သည်။

“ ရှူယန်ယန်က တရားမဝင်တဲ့အရာတွေ ဘာမှမလုပ်ခဲ့ဘူးလေ အဲတာကြောင့် ငါသူ့ကိုဘာမှလုပ်လို့မရဘူး၊ ငါလုပ်လို့ရတာဆိုလို့ သူ့ကိုစကားနဲ့ပဲ ခြိမ်းခြောက်လို့ရမှာ”

System သည် သူ့၏မေးစေ့ကိုပွတ်ကာ စဉ်းစားနေခဲ့သည်။

[ စိတ်မပူပါနဲ့ တကယ်လို့ သူပြသာနာတွေ ထပ်လုပ်လာရင် မင်း လူဆိုးနည်းနည်းငှားပြီး သူ့ကိုခြိမ်းခြောက်လို့ရတာပဲ၊ ရှုယန်ယန်က သတ္တိနည်းတဲ့သူပဲလေ သူကြောက်လန့်ပြီး နောက်ဆုတ်သွားမှာသေချာတယ်]

ယန်ရှီသည် မျက်မှောင်ကြုတ်၍ တင်းမာသည့်ပုံစံဖြင့်ပြောလာသည်။

“ System အဲတာကတော့ မမှန်ဘူး ပြီးတော့ တရားမဝင်ဘူးလေ၊ မင်းက system တစ်ခုဖြစ်နေရင်တောင် မင်း ဥပဒေကို လိုက်နာရမယ် ဟုတ်ပြီးလား”

【……】

[ Host အရင်တုန်းက ဥပဒေနဲ့ပတ်သတ်တာတွေကို နည်းနည်းပဲလိုက်နာတဲ့သူမဟုတ်ဘူးလား]

“ အဓိပ္ပာယ်မရှိတာတွေ၊ ငါက စံပြနိုင်ငံသားပဲ”

【……】

ယန်ရှီသည် သူမ၏ ဒုတိယဥက္ကဌရုံးခန်းရှေ့သို့ရောက်သည့်အခါ၌ သူမ၏ ခေါင်းထဲတွင် “ Ding” ဟု ရုတ်တရက်ကြားလိုက်ရသည်။

ထို့နောက် System သည် သတ်ိပေးချက်တစ်ခုကိုပို့လာခဲ့သည်။

[ ရှုယန်ယန်က လုပ်ငန်းထဲကနေ ထွက်သွားခဲ့ပြီ ကျုံချင်းယွီ ကံကောင်းခြင်းအမှတ် 2မှတ် ရရှိသည်]

[ ရှင်းယောင်ရဲ့ PR ပြသာနာတွေကို ပြောင်းပြန်လှန်လိုက်ပြီး ကုမ္ပဏီရဲ့ စိတ်ဓာတ်တွေကို မြှင်တင်ပေးလို့ ကျုံချင်းယွီ ကံကောင်းခြင်းအမှတ် 3မှတ်ရရှိတယ် ၊ လက်ရှိကံကောင်းခြင်းအမှတ် : 71.2]

All Chapters