← Chapters

သက်ပြင်းကြီးစွာချခြင်း

Vol. 2 Ch. 16

သက်ပြင်းကြီးစွာချခြင်း

Vol. 2 Ch. 16

"လူငယ်လေး ဒါက ငါတာအိုအဆင့်ကိုမရောက်ခင်

တုန်းက အဆောင်လုပ်နည်းလေ့လာခဲ့တဲ့ ပြီးပြည့်စုံသော ထိုက်ပိုင်အဆောင်ကျမ်းပဲ...မင်းကို အခုပေးလိုက်မယ် ဘယ်လိုလဲ"

ရွှီဖန်းက ဘာမှ မပြောလာတာကြောင့် ထိုက်ပိုင်ကျင့်

စစ်မှာ သိုလှောင်လက်စွပ်ထဲမှ ထူထဲသော ရှေးဟောင်းစာအုပ်ကြီးအား ချက်ချင်းထုတ်ကာ ရွှီဖန်းလက်ထဲ ထိုးပေးလာသည်။

ရွှီဖန်းက သူတို့၏ တောင်းဆိုမှုအား လက်မခံမည်ကို စိုးရိမ်နေကြသည်။ 

ရွှီဖန်း ထိုစာအုပ်အထူကြီးအား လှန်ကြည့်လိုက်ရာ အဆောင်ပြုလုပ်နည်းများစွာကို မှတ်တမ်းတင်ထားကြောင်းတွေ့ခဲ့ရသည်။

ကောင်းကင်ဘုံစွမ်အားအဆောင်! ဗဟိုအမှတ်! ကိုယ်ပျောက်အဆောင်! မိုးကြိုးကျိန်စာမန္တန်! မီးဓားအဆောင်! အကုန်လုံးပဲ!

"လူငယ်လေး ဒီထိုက်ပိုင်ကျင့်စစ်စာအုပ်က အဆင့်

နိမ့်အဆင့်ဆိုပေမယ့် မင်းအတွက် လုံလောက်ပါတယ်...ကြည့်ကြည့်ပါ...မင်းဒီကိစ္စကို လက်ခံပေးနိုင်မလား"

သောက်ကျိုးနည်း!

ရွှီဖန်းမှာ စိတ်ထဲကနေ ဆဲရေးမိသည်။

ဒီလိုအရာမျိုးကတောင် ဒီနတ်ဘုရားတွေရဲ့အတွေးထဲမှာ အဆင့်နိမ့်ပဲ ရှိသေးတာတဲ့လား!

ရွှီဖန်း တစ်ချက်ကြည့်လိုက်သည်။ သူသာ ဒီစာအုပ်

ထဲမှ အဆောင်အားလုံးကို ပြုလုပ်နိုင်လျှင် ဒီလောကမှာ သူလုပ်ချင်တာမှန်သမျှ လုပ်နိုင်လိမ့်လိမ့်မည်။

"ကောင်းပြီ ကျွန်တော် လက်ခံပါတယ်!"

ရွှီဖန်းသည် ရှေးဟောင်းစာအုပ်ကြီးအား ပိတ်ကာ ခေါင်းညိတ်လက်ခံလိုက်သည်။ 

"အနာဂါတ်မှာ ဒီအမှိုက်တွေနဲ့ပက်သက်လို့ ကူညီပေးပါ့မယ်"

"ဒါ ကောင်းတယ်!"

ထိုက်ပိုင်ကျင့်စစ်သည် သက်ပြင်းကြီးစွာချမိသည်။ ဒီကိစ္စက နောက်ဆုံးမှာတော့ အဆင်ပြေသွားလေပြီ။

သူက စိတ်ထဲမှနေ၍ တိတ်တဆိတ်ဝမ်းမြောက်

နေမိသည်။ ဒီလူငယ်လေးအား အရူးလုပ်ရတာ တော်တော်လွယ်သည်။ အဆောင်မှတ်စုစာအုပ်တစ်အုပ်နဲ့တင် ပါလာလေပြီ။

"မျိုးဆက်သစ်လေး ငါမင်းကို တောင်းဆိုစရာရှိတယ်၊ မင်း လက်ခံမှရမယ်"

"ဘာလဲ"

"ဒီအကြောင်းတွေကို မင်းမိသားစုတွေအပါအဝင် 

ဘယ်သူ့ကိုမှ ပြောလို့မရဘူး၊ မင်းလုပ်နိုင်မလား"

ကောင်းကင်ဘုံနှင့် သေမျိုးဘုံ နှစ်ခုလုံး အချင်းချင်း ဝင်ရောက်မစွပ်ဖက်ကြသည်မှာ ရှေးခေတ်ကတည်းကပင်။ ယခု ရွှီဖန်းက ကောင်းကင်ဘုံနန်းတော်၏တည်ရှိမှုအား ရှာတွေ့ခဲ့သည်မှာ တစ်ကယ်ကို ကူကယ်ရာမဲ့စေသည်။ လူအများကြီးသိသွားခဲ့လျှင် ဘုံနှစ်ဘုံ၏ ဖွဲ့စည်းမှုအား အနှောင့်အယှက်ဖြစ်စေမှာ ကျိန်းသေသည်။

ရွှီဖန်းလည်း ခေါင်းညိတ်လျက်...

"ပြဿနာမရှိပါဘူး...ဒါပေမယ့် နောက်တစ်ခါ အမှိုက်တွေပစ်ချတော့မယ့်အချိန်ကျ ကျွန်တော့်ကို အရင်ဆုံး အသိပေးလို့ရမလား၊ မဟုတ်ရင် အခြားလူတွေ မတွေ့အောင် ကျွန်တော် အာမမခံနိုင်လို့ပါ"

"မှန်တယ်"

ထိုက်ပိုင်ကျင့်စစ်က ခေါင်းညိတ်သည်။ ဤကိစ္စအား သိုသိုဝှက်ဝှက်လုပ်ရမည်။

"လူငယ်လေး မင်း ကောင်းကင်ဘုံစိတ်အာရုံခံခြင်းအတတ်ကို သိလား"

ရွှီဖန်းသာ သိမည်ဆိုလျှင် နတ်တွေ အမှိုက်ပစ်မည့်အချိန်ကျ သူ့အား တိတ်တဆိတ် သတင်းပို့လို့ရသည်။

"ဒီထိုက်ပိုင်ကျင့်စစ် အရူးကတော့! သေမျိုးတစ်ယောက်က ဘယ်လိုလုပ် မသေမျိုးတွေရဲ့မှော်အတတ်ကို သိမှာလဲ!"

သူ့ပါးစပ်မှ ထိုစိတ်ကူးထွက်သွားသည်နှင့် ပတ်ပတ်လည်မှ နတ်ဘုရားများမှာ ဝိုင်းဆူငေါက်ကျတော့သည်။

"ဒါက..."

ထိုက်ပိုင်ကျင့်စစ်မှာ သူ့လက်များအား ခါးခါးသီးသီးဖြန့်၍...

"မင်းတို့ဆူပူနေမှတော့ အကြံတစ်ခုခုပဲ ပေးလိုက်ပါလား၊ ငါက သူ့ကို ဘယ်လိုဆက်သွယ်ရမှာလဲ"

"အာ...အဲ့ဒါက"

ချက်ချင်းပင် နတ်ဘုရားများအားလုံး တိတ်ဆိတ်သွားကြသည်။ သူတို့အားလုံး ကောင်းကင်ဘုံစိတ်အာရုံခံခြင်းကို အသုံးပြု၍ ဆက်သွယ်နိုင်သော်လည်း နတ်

အချင်းချင်းသာ အသုံးဝင်သည်။ ရွှီဖန်းက သေမျိုးလူသားပင်။

"ကျွန်တော့်မှာ အကြံရှိတယ်...ဒါက အလုပ်ဖြစ်မဖြစ်တော့ မသိဘူး"

ထိုအချိန်၌ ရွှီဖန်းက ကြားဖြတ်ပြောလာသည်။

သေချာပေါက်ပင် နတ်ဘုရားများကိုဆက်သွယ်ဖို့ သူတို့၏နည်းလမ်းအား သူအသုံးပြုလို့မရပေ။ သို့သော်ငြား တခြားလူများအား ဆက်သွယ်လို့ရသည့် နည်းလမ်းတော့ရှိသည်။

လူသားတွေက မိုဘိုင်းဖုန်းများအား အများဆုံးအသုံးပြုကြသည်မဟုတ်ပါလော။

ဤနတ်ဘုရားများက အစွမ်းထက်ကြသည်။ မိုဘိုင်းဖုန်းများ အလုပ်လုပ်ပုံကို ဖော်ထုတ်ဖို့အတွက် သူတို့အတွက် မခဲယဥ်းလောက်ပေ။

"လူငယ်လေး မင်းမှာသာအကြံရှိရင် ဒီအတိုင်းပြောချလိုက်ပါ"

ရွှီဖန်းသည် အသက်ပြင်းပြင်းရှူသွင်းကာ...

"ဒီလိုဆိုရင်ရော ဘယ်လိုလဲ၊ မနက်ဖြန် ညဆယ်နာရီမှာ နောက်တစ်ခါ ပြန်လာတွေ့မယ်၊ အဲ့ဒီအချိန်ကျ နတ်မင်းတို့အတွက် လေ့လာစရာ တစ်ခုကို ကျွန်တော်ပေးမယ်၊ ပြဿနာဖြေရှင်းဖို့နည်းလမ်း တွေ့ကောင်းတွေ့နိုင်တယ်"

ရွှီဖန်းထံ၌ ခလုတ်ဖုန်းလေးသာရှိသည်။ ထိုဖုန်းတောင်မှ အပါးမဟုတ်ဘဲ ၁၉၈၀၊ ၉၀လောက်မှာပေါ်ခဲ့သည့် ထူထူထဲထဲ ဖုန်းကြီးပင်။ လေးလံပြီး လေးထောင့်ပုံစံရှိကာ လုပ်ဆောင်ချက် များစွာမရှိတာကြောင့် 'အုတ်ခဲဖုန်း'ဟု အများက ခေါ်ကြသည်။ ဒါကြောင့် သူတို့ လေ့လာလျှင် မထိရောက်မည်ကို သူစိုးရိမ်မိသည်။

ထို့အပြင် လက်ရှိ ဖောက်သည်များစွာ၏ အချက်အလက်များကိုလည်း ဖုန်းထဲမှာ မှတ်ထားရသည်။ အဲ့တာတွေသာ ပျောက်ဆုံးသွားခဲ့ရင် သူ့စီးပွားရေးအပေါ် ထိခိုက်လာနိုင်သည်။

"ကောင်းပြီ လူငယ်လေး၊ ငါတို့စောင့်နေမယ်!"

ကောင်းကင်ဘုံမှာတစ်ရက်၊ လူ့ပြည်မှာ တစ်နှစ်ဖြစ်၍ သူတို့အလျင်မလိုပေ။ သူတို့အတွက် မနက်ဖြန်ည

ရောက်ဖို့က အချိန်တိုတိုလေးသာဖြစ်သည်။

မကြာလိုက်၊ သူ့ခေါင်းထက်မှ ကြေးမုံကြီးသည် ဘာမှမရှိခဲ့သကဲ့သို့ ရှုံ့တွကာ ပျောက်ကွယ်သွားသည်။

ထိုအချိန်လေးမှာ ရွှီဖန်းတစ်ယောက် သူ့ကိုယ်သူမထိန်းနိုင်တော့ပေ။ ထိုက်ပိုင်အဆောင်ကျမ်းအားကိုင်ထားရင်း စိတ်လှုပ်ရှားစွာ ထခုန်တော့သည်။

"ငါတော့ ချမ်းသာပြီ!!"

သီးပင်ပျိုးပင်များအား သယ်ရခြင်းကိုလည်း သူဂရုမစိုက်တော့ပေ။ ထိုအရာများအား စုစည်းသယ်ဆောင်ကာ တောင်အောက်သို့ စိတ်လှုပ်ရှားစွာ ပြေးသွားခဲ့သည်။

အနောက်တံခါးမှတဆင့် အိမ်ထဲသို့ ဝင်လိုက်သည့်အချိန် ဧည့်သည်ရောက်နေမှန်း သိလိုက်ရသည်။ ဘယ်သူတွေမှန်းမတွေ့ရသေးပေမယ့် ဝမ်ရှို့ချိုင်၏ အသံကိုတော့ ကြားနေရသည်။

ရွှီဖန်း ရယ်လိုက်သည်။ ဝမ်ရှို့ချိုင်သည် ကောက်ကျစ်သော်လည်း သူ့သား၏အသက်ကိုတော့ ဟာသမလုပ်ရဲပေ။

ဒီတစ်ခါတော့ သူ့မိဘတွေ ဝမ်ရှို့ချိုင်ဆီက တောင်းပန်မှုကို ခံယူရတော့မည်ဟု သူယုံကြည်သည်။

သို့သော်ငြား ဧည့်ခန်းထဲမှ အခြေအနေအား မြင်သည့်အခါ ရွှီဖန်း တောင့်တင်းသွားသည်။

ဝမ်ရှို့ချိုင်နှင့် သူ့မိန်းမကတော့ သေချာပေါက်လာပေသည်။ သို့သော် သူတို့နှစ်ယောက်တည်းတော့ မဟုတ်ပေ။

မျက်နှာပေါ်၌ ကျောက်ပေါက်မာများ အပြည့်ပေါက်နေသော ခပ်ဝဝလူတစ်ယောက်သည် ဧည့်ခန်းထဲရှိ အဓိကခုံအပေါ်မှာ ထိုင်နေသည်။ သူ၏အနောက်မှာတော့ သွားထိလို့ရမည့်ပုံမပေါ်သည့် လူရမ်းကားအနည်းငယ် ရပ်နေကြသည်။

"ဝမ်ရှို့ချိုင် ခင်ဗျားဒါဘာသဘောလဲ"

ဝမ်ရှို့ချိုင်အား ရွှီဖန်း အေးစက်စွာ ကြည့်လိုက်သည်။ ဒီလူဟာ မြန်မြန်ပဲ သူ့ဆုံးဖြတ်ချက်အား ပြောင်းပစ်လိမ့်မည်ဟု သူမထင်ခဲ့ပေ။ သူက အိမ်ကို ဒုက္ခပေးဖို့အတွက် ဝမ်မာဇီကိုတောင် ခေါ်လာခဲ့သည်။

"ရွှီဖန်း! မဟုတ်ရပါဘူး! ဦးလေး ရှင်းပြတာကို နားထောင်ပေးပါ"

သူသည် အကြောင်းစုံရှင်းပြချင်နေကာ မျက်နှာတစ်ခုလုံးလည်း သုန်မှုန်နေ၏။

မူလက တစ်ကယ်ကို တောင်းပန်ချင်ခဲ့တာဖြစ်သော်လည်း ကံမကောင်းစွာ ဝမ်မာဇီက အိမ်ကို ရောက်လာသည်။ ဒီအကြောင်းကြားသည့်အခါ သူ့အတွက်ရပ်တည်ပေးမယ်ဆိုပြီးလုပ်နေခဲ့တာ တားလို့လည်းမရပေ။

"အစ်ကိုကြီး ဒေါသတွေကို ဒီနည်းနဲ့ ဖြေရှင်းဖို့က မသင့်တော်ဘူးနော်! မေ့လိုက်ပါတော့!"

သူ့သားအရူးအားတွေးရင်း ဒုက္ခတွေထပ်မရောက်စေလိုတာကြောင့် ဝမ်ရှို့ချိုင်ဟာ ငိုယိုရင်း သူ့အစ်ကိုအား တောင်းပန်ခဲ့သည်။

ဝမ်မာဇီက သူ့လက်တွေကို ခါယမ်းကာ နှာမှုတ်လျက် ယုံကြည်ချက်ရှိစွာ ပြုံးနေခဲ့သည်။

"ညီလေး မင်းဒါကိုစိတ်ပူစရာမလိုဘူး...ငါကိုင်တွယ်ပေးမယ်"

ဝမ်မာဇီဆိုတာ လူတွေကို အနိုင့်ကျင့်ခွင့်ရှိသည့် တစ်ဦးတည်းသောလူပင်။ သူ့ကို လာအနိုင်ကျင့်တာမျိုး မရှိခဲ့ဘူးပေ။

သူက ရွှီဖန်းအား ကြည့်ကာ အေးစက်စွာ ရယ်သည်။

"ရွှီဖန်း မင်းလုပ်ရဲတယ်လား၊ ဆေးပညာနည်းနည်းလေးသိရုံလောက်နဲ့ ငါ့ရဲ့ဝမ်မိသားစုကိုများ အနိုင်ကျင့်ရဲတယ်ပေါ့!"

"မင်းအသက်ရှင်ရတာ ပင်ပန်းနေပြီလား!"

ဘန်းဆိုသည့်အသံနှင့်အတူ ရွှီဖန်းပိုင်ဆိုင်သော စားပွဲခုံအား ကန်ချသည်။

ရွှီဖန်းက ဝမ်မာဇီအား အမူအရာကင်းမဲစွာ ကြည့်နေသည်။

"ဝမ်မာဇီ မင်း ဘာလိုချင်လို့လဲ"

"ဟမ် ဘာလဲ"

ဝမ်မာဇီသည် မကျေမနပ်အသံဖြင့်...

"ရွှီဖန်း မင်းသေချာနားထောင်! ဒီနေ့ ငါ့ညီဆီက မင်းမြိုထားတဲ့ပိုက်ဆံတွေ အခု ငါ့ကို ပြန်ပေး! ပြီးရင် ငါ့တူကို နာနာခံခံနဲ့ ကုသလိုက်!"

"မဟုတ်ရင် မင်းအဖေလို အိပ်ရာပေါ် လဲနေရမှာ မင်းတစ်ယောက်တည်းမဟုတ်ဘူး ဖြစ်သွားမယ်!"

"ဘာအကြောင်းအရင်းနဲ့လုပ်ပေးရမှာလဲ"

ရွှီဖန်း၏ပေါ့ပေါ့ပါးပါးမေးသံက ဝမ်မာဇီအား ရယ်မောစေသည်။

"ဟီးဟီး ရွှီဖန်း မင်း ဘာလို့ ဒီလို တုံးအတဲ့မေးခွန်းမျိုး မေးရတာလဲ...ဘာကြောင့်လဲဆိုတော့ ကောင်းပြီး! ငါမင်းကို ပြောပြရတာပေါ့! မင်းဘာတတ်နိုင်မှာမို့လို့လဲ"

"ငါ ဝမ်မာဇီက ဒီခရိုင်မှာ အချမ်းသာဆုံးနဲ့ အင်အားအကြီးဆုံးလူပဲ! ရွှီဖန်းဆိုတဲ့ မင်းကတော့လား? ကျန်ရှိတဲ့ဘဝကို ဆင်းဆင်းရဲရဲနဲ့ အသုံးမကျဘဲ ကုန်ဆုံးရမယ့် လယ်သမား၊ တောသားသာသာပဲရှိတာ! ငါ့ကိုပြောလေ...မင်းက ငါလိုချင်သလို တက်နင်းလို့ရတဲ့ ခွေးတစ်ကောင်သာသာပဲမဟုတ်လား...ဒီအကြောင်းအရင်းနဲ့ဆိုရင် မင်းကျေနပ်ပြီလား!"

All Chapters