← Chapters

သုံးဘီးဆိုင်ကယ်နှင့် Audiကား တိုက်ခြင်း

Vol. 2 Ch. 22

သုံးဘီးဆိုင်ကယ်နှင့် Audiကား တိုက်ခြင်း

Vol. 2 Ch. 22

ထိုစာအား ဖတ်ပြီးနောက် ရွှီဖန်း ရယ်ရခက်ငိုရခက်

ဖြင့် ခေါင်းခါရမ်းတော့သည်။ ကြည့်ရတာ သူလည်း နတ်ဘုရားတော်တော်များများနှင့် wechatမှာ သူငယ်ချင်းအပ်ထားရမည့်ပုံပင်။

ဒါလည်း ကောင်းပါသည်။ နောက်ကျ ထိုနတ်ဘုရားများ သူ့အိမ်အနောက်မှာ အမှိုက်တွေပစ်ချဖို့လိုလာရင် သူလည်း သူ့ကိုယ်သူ ပြင်ဆင်ထားလို့ရသည်။

ဖုန်းကိုအိတ်ထဲသိမ်းလိုက်ကာ မြစ်အောက်ပိုင်းရွာလေးဆီသို့ ပြန်ရန် သုံးဘီးမောင်းလာခဲ့သည်။ 

သူ့ဘီးလေးက ခရိုင်မြို့တော်လမ်းမှ ခပ်ဝေးဝေးသို့မရောက်သေးပေ။ သူစိတ်တစ်ချက်လွင့်သွားသည့်အခိုက် ဘန်း! ဆိုသည့်ကျယ်လောက်သည့်အသံအား ကြားလိုက်ရသည်။ သုံးဘီးဆိုင်ကယ်လေးသည် Audi A6ကား၏ အနောက်ပိုင်းအား တိုက်ရိုက်တိုက်မိသွားကာ ကားအနောက်ဖင်မှာ ချိုင့်ဝင်သွားသည်။

တခြားလူသာဆို ကြောက်သေးပန်းနေလောက်ပြီဖြစ်သော်လည်း ရွှီဖန်းကတော့ အတော်ငြိမ်သက်နေသည်။

မူးဝေသွားသည့် ခေါင်းအား ခါရမ်းကာ တစ်ဖက်က ကားပိုင်ရှင် ထွက်လာမည်အား စောင့်နေလိုက်သည်။ ဒါဆို ပြဿနာဖြေရှင်းဖို့ ဆွေးနွေးလို့ရမည်။

"မင်းစောက်ကျိုးနည်းကန်းနေတာလား! သေခြင်းတရားကို ရှာနေတာလားကွ!"

မကြာလိုက်ပေ၊ ကားထဲမှ လူအနည်းငယ်ဟာ ဒေါသတကြီးဆဲရေးကာ ထွက်လာကြသည်။ သူတို့၏မျက်နှာမှာ တစ်စုံတစ်ယောက်အား ဓားဖြင့်

ခုတ်ပဲခုတ်သတ်တော့မလိုမျိုး ရက်စက်ကြမ်းကြုတ်နေကြသည်။

ထိုလူများအားမြင်သည်နှင့် ရွှီဖန်း မျက်ခုံးပင့်မိသွားသည်။

ရန်သူတွေက တူတူရှိလို့မရဘူးဆိုတာ မဟုတ်ဘူးပဲ...သူတိုက်မိလိုက်တဲ့သူက လတ်စသတ်တော့ ဝမ်မာဇီဖြစ်နေသည်။

ဝမ်မာဇီ မျက်လုံးမှိတ်လိုက်သည်။ ကံကြမ္မာက ရွှီဖန်းအား သူ့ဆီအရောက်ပို့လာသည်။

သူ့မျက်နှာက ဖောင်းကားနေတုန်းဖြစ်သည်။ သူဟာ ရွှီဖန်းအား ကြည့်၍ အတိတ်နမိတ်မကောင်းသည့်ရယ်သံဖြင့် ရယ်လာသည်။

"ရွှီဖန်း မင်းတော်တော် သတ္တိရှိတာပဲ...မင်းရဲ့သုံးဘီးနဲ့ ငါ့ရဲ့Audiကို တိုက်ရဲတယ်ပေါ့!"

"ဟမ့်! ဒီနေ့ မင်းအဖေက မင်းနဲ့ ကစားပေးမယ်"

ရွှီဖန်းက အားအနည်းငယ်ကြီးသော်လည်း ခရိုင်

မြို့တော်က ဝမ်မာဇီ၏ ပိုင်နက်ဖြစ်သည်။ မနေ့ကလို အထင်ကြီးလောက်စရာလုပ်ရပ်မျိုး ရွှီဖန်းထပ်လုပ်နိုင်မည်ဟု သူမထင်ပေ။

"အစ်ကိုကြီး...ဥက္ကဌရှက ရောက်တော့မယ်...အရေးကြီးကိစ္စတွေက ရှိနေတုန်းပဲ...ကျွန်တော်တို့ အရင်ဆုံး"

ထိုအချိန်၌ ဝမ်မာဇီနောက်လိုက်တွေထဲကမှ တစ်

ယောက်က သူ့ကိုဆွဲထားကာ အကြံပေးနေသည်။ ဝမ်မာဇီသည် သတိပေးခံလိုက်ရသည့်အခါ မျက်မှောင်ကြုတ်သွားသည်။

အကောင်းအဆိုးချင့်ချိန်ပြီးနောက် ဝမ်မာဇီသည် ရွှီဖန်းအား လက်ညှိုးထိုးကာ သူ့လူတွေအား အမိန့်ပေးလိုက်သည်။

"ငါ့အတွက် သူ့ကိုစောင့်ကြည့်ထားကြ...ထွက်မပြေးသွားစေနဲ့"

ထို့နောက် သူက သရော်လာသည်။

"ဟမ့်! ရွှီဖန်း ငါနဲ့နောက်မှ တွေ့မယ်!"

ရွှီဖန်း မျက်မှောင်ကြုတ်လိုက်သည်။ ဝမ်မာဇီသည် လေးထောင့်ပုံစံရှိသော သစ်သားသေတ္တာအား ကိုင်ထားကာ တစ်ယောက်ယောက်ကို စောင့်နေသကဲ့သို့ ပတ်ပတ်လည်ကို ကြည့်နေသည်။

ဝမ်မာဇီ တန်ဖိုးထားပြီးစောင့်နေရသည့် လူအား ရွှီဖန်း သိချင်နေမိသည်။ ထိုလူက သူ့ထက်ပိုအရေးကြီးနေခဲ့သည်။

ထိုအချိန် ကြီးစိုးခြယ်လှယ်ပုံပေါ်သော Range Rover ကားတစ်စီးသည် လမ်းဆုံကနေ သူတို့ဆီသို့ မောင်းနှင်လာတာကို တွေ့လိုက်ရသည်။

ဝမ်မာဇီသည် လိုင်စင်ပြားကို ရှင်းရှင်းလင်းလင်းမြင်သည်နှင့် စိတ်လှုပ်ရှားစွာ လက်ခုပ်တီး၍ ရေရွတ်လာသည်။

"ကျုပ် ဒီမှာ! ဒီမှာ!"

ဝမ်မာဇီ၏အသံအားကြားသည်နှင့် ကားက Audiဘေးမှာ လာရပ်သည်။

ကားမောင်းသူဘက်မှတံခါးပွင့်လာကာ ရိုးရာထန်

ဝတ်စုံဝတ်ဆင်ထားသော သက်လတ်ပိုင်းလူတစ်

ယောက်ဆင်းလာသည်ကို ရှီဖန်းတွေ့လိုက်ရသည်။ 

ထိုလူက စတုရန်းပုံမျက်နှာထားရှိကာ မျက်လုံးများ မီးစများထွက်နေသကဲ့သို့ ထင်ရသည်။သူ၏ခန္ဓာကိုယ်က ပိန်ပါးသော်ငြား တစ်ဖက်လူကို သူဟာ ကျွမ်းကျင်သူဟု ခံစားရစေခြင်းမှာ သူ့ခန္ဓာကိုယ်အတွင်း၌ အလွန်ပြင်းထန်သော အားတစ်ခုရှိနေသည်ဟု ထင်ရသည်။

ထိုလူက နောက်တံခါးကိုသွားကာ ရိုရိုသေသေ ဆွဲဖွင့်ပေးလာသည်။ သူဟာ လက်တစ်ဖက်ကိုလည်း ကားထောင့်စွန်းကို ဖုံးရန်သုံးထားပြီး တစ်စုံတစ်ယောက် အထဲမှ ထွက်လာမည်ကို စောင့်နေသည်။

အနက်ရောင်ဒေါက်မြင့်ဖိနပ်စီးထားသော ခြေထောက်လှလှလေးများက ကားထဲမှ ထွက်လာသည်။

လှပသောအမျိုးသမီးတစ်ယောက် ကားထဲမှထွက်လာသည်အား သူမြင်နေရသည်။

ထိုအမျိုးသမီးသည် လှပသောပုံရိပ်ရှိကာ သေးသိမ်သောခါးနှင့် မို့မောက်သောတင်ပါးကို ပိုင်ဆိုင်ထားသည်။ သူမ၏စကပ်နှင့် အဖြူရောင်ဘလောက်စ်အင်္ကျီ၏ ကောက်ကြောင်းအောက်တွင် မြို့သူအလှလေးများ၏ ပေါ့ပါးသွက်လက်မှုနှင့် ဆွဲဆောင်မှုတို့ရှိသည်။

အထူးသဖြင့် သူမ၏ရင်ဘတ်ပေါ်မှ ပြီးပြည့်စုံသော အကွေးသဏ္ဍာန်လေးသည် လူတွေအား မျက်နှာလွှဲရန် ခဲယဥ်းစေသည့် မှော်အတတ်မျိုး ရှိနေသည်။

ဝိုင်နီရောင်ဆံပင်အောက်မှ အေးစက်၍လှပနေသော မျက်နှာလေးအားကြည့်ရင်း ရွှီဖန်း တုန်လှုပ်သွားရသည်။

ရှယန်ယွိ?

ရွှီဖန်းသည် တရုတ်အရှေ့ပင်လယ်မှာ အလုပ်လုပ်နေတုန်းက ထိုအမျိုးသမီးအား တီဗီပေါ်မှာ ရေတွက်၍မရအောင် မြင်ဖူးပေသည်။

ချမ်းသာချောမောသည့် ရှအုပ်စု၏CEOမှာ အရှေ့ပင်လယ်ရှိ ယောကျ်ားလေးများ နှလုံးသားထဲ၌ ပြီးပြည့်စုံသော ချစ်သူပင်။

သို့သော်ငြား...

ရွှီဖန်းသည် သူ့တံတွေးကိုသုတ်နေသည့်ဝမ်မာဇီအားကြည့်ကာ မျက်မှောင်ကြုတ်၍ တွေးမိသည်။

*ရှယန်ယွိက ဝမ်မာဇီကိုတွေ့ဖို့အတွက် ခရိုင်သေးသေးလေးကို ဘာလို့လာတာပါလိမ့်*

"ဘော့စ်ဝမ် ဒါဘာတွေဖြစ်နေတာလဲ"

ရှယန်ယွိက Audiကားဖင်အား ချိုင့်အောင်လုပ်ထားသည့် သုံးဘီးလေးအားကြည့်ကာ မျက်မှောင်ကြုတ်နေသည်။

ဝမ်မာဇီသည် ပါးစပ်ထောင့်မှ သွားရည်များအား သုတ်ကာ ဝက်တစ်ကောက်ကဲ့သို့ ရယ်မောလာသည်။

"ဟီးဟီး ဥက္ကဌရှ...ဒါက ဘာမှမဟုတ်ပါဘူး၊ စက်ဆုပ်ဖို့ကောင်းတဲ့လယ်သမားကောင်က ကျုပ်ကားကို ဝင်တိုက်ထားတာ၊ စိတ်မပူနဲ့...သူနဲ့နောက်ပြီးရင် ဖြေရှင်းမှာပါ"

ရှယန်ယွိသည် သုံးဘီးပိုင်ရှင်ဖြစ်သည့် ရွှီဖန်းအား အကဲခတ်ကာ ခေါင်းညိတ်လာသည်။ 

"ဘော့စ်ဝမ်...အဲ့ဒီပစ္စည်း ယူလာတယ်မလား"

ရှယန်ယွိသည် ဝမ်မာဇီလက်ထဲမှ ရှေးဟောင်းပန်းချီကားအတွက်သာ ဒီခရိုင်ကို လမ်းတစ်လျှောက်မောင်းလာတာဖြစ်ပြီး ကျန်တာ စိတ်မဝင်စားပေ။

ဝမ်မာဇီက သူ့လက်ထဲက သစ်သားသေတ္တာအရှည်ကို ပုတ်ရင်း ပြုံးနေသည်။

"ဒါပေါ့! ဝူတင်းယွမ်က ကျုပ်နဲ့အတူတူပါလာပါတယ်...ပိုက်ဆံကိစ္စကတော့ ကျုပ်မသိဘူး...ဥက္ကဌရှကများ..."

ရှယန်ယွိသည် ပေါ့ပါးစွာခေါင်းညိတ်ကာ ထန်ဝတ်စုံဝတ်ထားသည့် သတ်လတ်ပိုင်းလူကြီးအား ကြည့်လိုက်သည်။ ထိုလူကြီးက ကားထဲမှ အနက်ရောင်သေတ္တာကို ယူထုတ်လာသည်။

သူဖွင့်ပြလိုက်ရာ အထဲမှ ပိုက်ဆံတွေအပြည့်ရှိနေသည်။ ယွမ်နှစ်သိန်းထက် ပိုရှိလောက်သည့် အနေအထားပင်။

ပြသပြီးနောက် ရှယန်ယွိက သေတ္တာကို ပြန်ပိတ်

လိုက်သည်။

"ဘော့စ်ဝမ် သေချာပေါက် ကျွန်မက ရှင့်ကို မမျှမတပေးပြီး မဆက်ဆံပါဘူး၊ ဒါပေါ့ ပြောထားတဲ့အတိုင်း ရှင့်လက်ထဲက ပန်းချီကားက အစစ်ဖြစ်နေဖို့တော့ လိုတယ်"

"ဥက္ကဌရှက နောက်နေတာပဲ၊ ဒါပေါ့ ကျုပ်ပန်းချီကားက အစစ်ပါ"

ဝမ်မာဇီက သူ့ရင်ဘတ်အား ပုတ်ကာ...

"ရိုးရိုးသားသားပြောရရင် ဒီပန်းချီကားက ကျုပ်ရဲ့ဘိုးဘေးဘီဘင်မျိုးဆက်တွေ သုံးဆက်လောက် လက်ဆင့်ကမ်းလာကြတာ...ဒါက သေချာပေါက် ရှေးကျပြီးတန်ဖိုးကြီးပါတယ်"

ဝမ်မာဇီက သိသိသာသာ ကြွားဝါနေလေ၏။

ဒီပန်းချီကားသည် လယ်သမားမိသားစုတစ်စု၏မျိုးဆက်သုံးခုလောက် လက်ဆင့်ကမ်းလာသည့် ပန်းချီကားဖြစ်ကာ မကြာသေးမီကမှ သူ့နောက်လိုက်တွေအား ထိုပန်းချီကားအား ယူခိုင်းခဲ့သည်။ ထိုအချိန်က ဝမ်မာဇီသည် ဒီပန်းချီကားအား ရောင်းချနိုင်သည်ဟု ခံစားမိတာကြောင့် ယွမ်၁၀,၀၀၀ကိုပေး၍ တွန်းအားပေးရောင်းစေခဲ့သည်။

သူ၏ယွမ်၁၀,၀၀၀တန်ပန်းချီကားအား မြင်ရသည့်

အခါ ဝမ်မာဇီမှာ နှလုံးပင် အပြင်ထွက်ကျမတတ်ပင်။

ရှယန်ယွိက ခေါင်းကိုခါရမ်းကာ...

"ဘော့စ်ဝမ် ကျွန်မမဆုံးဖြတ်ခင်မှာ ကျွန်မခေါ်လာတဲ့လူက ရှင့်ပန်းချီကား အစစ်ဟုတ်မဟုတ် စစ်ဆေးတာကို စောင့်ရလိမ့်မယ်"

"ဦးလေးကျုံး"

ရှုယန်ယွိက အကြည့်ပို့လိုက်သည်နှင့် သတ်လတ်ပိုင်းလူကြီးသည် ခေါင်းညိတ်လာကာ ဝမ်မာဇီရှိရာကို လျှောက်သွားသည်။

"ဟီးဟီး စစ်ဆေးဖို့ဆို စိတ်မပူပါနဲ့"

ဝမ်မာဇီသည် ယုံကြည်ချက်ရှိစွာပင် ဦးလေးကျုံးအား ကမ်းပေးလေသည်။ တစ်ဖက်လူက ယွမ်သန်းပေါင်းများစွာ ချမ်းသာသူဖြစ်လို့ သူ့အားလိမ်မည်ကို မစိုးရိမ်ပေ။

ဦးလေးကျုံးက သေတ္တာကိုဖွင့်ကာ အထဲမှ ရှေးဟောင်းပန်းချီကားအား ဂရုတစိုက်ကြည့်

နေသည်။ ထို့နောက် အိပ်ကပ်ထဲမှ မှန်ဘီလူးအားထုတ်ကာ စလေ့လာတော့သည်။

ပိုက်ဆံအပြည့်ဖြည့်ထားသော သေတ္တာအားကြည့်ရင်း စိတ်လှုပ်ရှားစွာ လက်ကို ပွတ်နေသည့် ဝမ်မာဇီအား ရွှီဖန်း ကြည့်နေသည်။ သူ တိတ်တဆိတ်ပင် ကြိမ်းဝါးမိသည်။

*ကောင်းကင်ဘုံက ကန်းနေတာပဲ*

မကြာလိုက်၊ ဦးလေးကျုံးသည် စူးစမ်းစစ်ဆေးခြင်းကို ရပ်လိုက်သည်။ ထို့နောက်ပန်းချီကားအား သေတ္တာထဲပြန်ထည့်ကာ ဝမ်မာဇီထံ တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ပေးလိုက်သည်။

"ဟမ်? ဥက္ကဌရှ"

တစ်ခုခုမှားနေပြီဟုခံစားရတာကြောင့် ဝမ်မာဇီ မျက်လုံးမှိတ်လိုက်သည်။

ရှယန်ယွိသည် ဦးလေးကျုံးအား မရေရာစွာ ကြည့်နေသည်။

"ဒီပန်းချီကားက မင်မင်းဆက်က ဆင်းသက်လာတာတော့ တစ်ကယ်ပါပဲ၊ ထန်ပေါ်ဟူရဲ့လက်ရာနဲ့ဆင်တူပေမယ့် ဒီမှာက အပြစ်အနာဆာတွေအများကြီးရှိတယ်၊ ကြည့်ရတာ အမည်မသိပန်းချီဆရာက ကူးယူရေးဆွဲထားတဲ့ပုံပဲ...ဒီပန်းချီကားက အများကြီး မထိုက်တန်ဘူး"

ဝမ်မာဇီမှာ ထိတ်လန့်ကြောင်အနေသည်။

"ဒါ ဒါ မဖြစ်နိုင်ဘူး! ဘယ်လိုလုပ်အတုဖြစ်နိုင်မှာလဲ!"

All Chapters