← Chapters

မြင်ကွင်းမြှင့်အဆောင်၏စွမ်းအား

Vol. 2 Ch. 23

မြင်ကွင်းမြှင့်အဆောင်၏စွမ်းအား

Vol. 2 Ch. 23

ဝမ်မာဇီသည် သူ့ခေါင်းကိုခါရမ်းကာ ဗလုံးဗထွေးပြောနေသည်။

"မဖြစ်နိုင်တာ...လယ်သမားအိုကြီးက အစစ်လို့ပြောနေတာကို ငါသေချာကြားခဲ့တာပဲဟာ"

တစ်ဖက်လူက အရမ်းရိုးသားပုံပေါ်တာကြောင့် သူ့အား လိမ်လည်ရန် မဖြစ်နိုင်ချေ။

"ဥက္ကဌရှ...ဘာလို့ အနီးကပ်ထပ်မစစ်ဆေးကြည့်တာလဲ"

ရှုယန်ယွိသည် သူမခေါင်းအား အေးစက်စွာ ခါရမ်းသည်။ သူမမျက်လုံးများကတော့ စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေသည်။ 

"မလိုတော့ပါဘူး...ဦးလေးကျုံးကမမှားနိုင်ဘူး၊ ဘော့စ်ဝမ် ကျွန်မတို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့မလိုတော့တဲ့ပုံပဲ"

ရှယန်ယွိက ပြောပြီးသည်နှင့် ထွက်ခွာဖို့လုပ်သည်။ ဘေးမှာရပ်နေသည့် ရွှီဖန်းသည် ဆုံးရှုံးမှုဒဏ်ကိုခံစားနေရသော ဝမ်မာဇီအား ကြည့်ကာ မျက်မှောင်ကြုတ်နေသည်။

ကိစ္စတွေက တော်တော်လေး မမှန်နေဘူးဟု သူခံစားရသည်။

သူ အိပ်ကပ်ထဲလက်ထိုးထည့်ရင်း သိုလှောင်လက်စွပ်ထဲမှ မြင်ကွင်းမြှင့်အဆောင်အား တိတ်တဆိတ်ထုတ်ယူလိုက်သည်။ သူ၏စိတ်ဝိညာဥ်အာရုံတိုးမြင့်လာခြင်းနှင့်အတူ ရုတ်တရက် ရွှေရောင်အလင်းက သူ့မျက်စိထဲ ထွက်ပေါ်လာသည်။

ချက်ချင်းပင် ရွှီဖန်း၏အကြည့်က သစ်သားသေတ္တာအပေါ် ကျရောက်သွားသည်။

မြင်ကွင်းမြှင့်အဆောင်၏စွမ်းအားကို တစ်ကယ်ပင် ဘယ်အရာမှ မဖုံးကွယ်နိုင်ပေ။ ရွှီဖန်း၏အမြင်အာရုံက တဖြည်းဖြည်း သေတ္တာကိုဖြတ်ကာ အထဲမှ ရှေးဟောင်းပန်းချီအား မြင်တွေ့လိုက်ရသည်။

ရွှီဖန်းသည် ရှေးဟောင်းပန်းချီကားအားလေ့လာရန် သူ့မျက်စိကို အသုံးပြုခဲ့ပြီး လျှင်မြန်စွာပင် သဲလွန်စများ တွေ့လိုက်သည်။

သူဆက်လုပ်မည့်အစီအစဥ်အားချနေစဥ် ရွှီဖန်း၏ နှုတ်ခမ်းထောင့်က ကွေးတက်သွားသည်။

"ဝမ်မာဇီ အဲ့ဒီပန်းချီကား ငါ့ကိုရောင်းရင် ဘယ်လိုလဲ"

ထိုအချိန်ခဏအတွင်း တိတ်ဆိတ်နေခဲ့သည့် ရွှီဖန်းသည် ပန်းချီကားဝယ်ယူရန် သူ့ပါးစပ်အား ဖွင့်လာသည်။ အုပ်အော်သောင်းတင်းဖြစ်သွားသည့်အသံတွေကြောင့် ရှယန်ယွိလည်း သူမ၏ခြေလှမ်းများအား ရပ်လိုက်မိကာ ရွှီဖန်းအား စူးစမ်းလိုစိတ်ဖြင့် ကြည့်လာသည်။

ဒီလူက မကြားလိုက်ဘူးလား။

"မစ်...လယ်သမားတွေမှာ အတွေ့အကြုံမှမရှိတာ၊ အချိန်တွေမဖြုန်းတော့ဘဲ အရင်သွားကြရအောင်"

ဦးလေးကျုံးက သူမအား တိုက်တွန်းလာသည်။ သူ့မျက်လုံးတွေက မှားကြည့်မိမည်ဟု သူလုံးဝမယုံပေ။ မျက်နှာပြင်ပေါ်မှာ အပေါက်တွေရှိနေသည့် ပန်းချီကားမျိုးက အတုမှန်းသိသာလှသည်။

တစ်ချက်တောင်လာမကြည့်ဘဲ ဝယ်လိုက်သည့်လယ်သမားက ဘယ်လောက်တောင် အမြင်ကျဥ်းလဲဆိုတာ ပြနေသည်။

ရှယန်ယွိသည် အပြုံးဖြင့် ခေါင်းခါရမ်းလာသည်။

"ဦးလေးကျုံး ကျွန်မတို့အလျင်မလိုပါဘူး...အရင်ဆုံး ကြည့်ကြရအောင်"

ဝမ်မာဇီ၏နှလုံးသားက ယွမ်၁၀,၀၀၀ဆုံးရှုံးခဲ့ရခြင်းအတွက် နာကျင်နေခဲ့သည်။ ရွှီဖန်းမှ ကြားဖြတ်ပြောလာသည်ကို ကြားသည့်အခါ သူအတုဝယ်မိသွားသည့်အတွက် တစ်ဖက်လူမှ လှောင်ပြောင်လာသည်ဟု ခံစားလိုက်ရသည်။

သူက ရွှီဖန်းအားစိုက်ကြည့်ကာ ကျိန်ပြောလာသည်။

"ရွှီဖန်း ဒီလောင်ဇီကို သောက်ရေးမပါတာတွေလာလုပ်နေတာ ရပ်လိုက်! ငါမင်းကိုပြောလိုက်မယ်! မင်း ငါ့ကို လျော်ကြေးမပေးရင် မင်းဒီနေ့ အိမ်ကို တွားသွားပြန်ရအောင် ငါလုပ်ပစ်မယ်!"

ရွှီဖန်းက သူ့မျက်လုံးတွေကို ကျဥ်းမြောင်းကာ ပြုံးနေသည်။

"ဝမ်မာဇီ စိတ်မပူနဲ့၊ ငါမင်းကို သေချာပေါက် လျော်ကြေးပြန်ပေးမှာပါ...ဒါပေမယ့် ခုနက ငါပြောခဲ့တဲ့ဟာက ဟာသလုပ်နေတာမဟုတ်ဘူး"

"ဟမ်?"

ဝမ်မာဇီသည် မျက်မှောင်ကြုတ်လျက် သစ်သားသေတ္တာကိုကြည့်ကာ ချင့်ချိန်စဥ်းစားနေသည်။

ယုတ္တိရှိရှိပြောရလျှင် ဥက္ကဌရှ၏လူက ၎င်းကို စေ့စေ့စပ်စပ်လေ့လာပြီးပြီဖြစ်သည်။ ဒါကြောင့် ပန်းချီကားက အတုဖြစ်သင့်သည်။

ရွှီဖန်းက တစ်ချက်လေးမှမကြည့်ရသေးတာတောင် ဝယ်ချင်နေသေးသည်။ သူဘာလုပ်ဖို့ကြိုးစားနေတာလဲ။

"ရွှီဖန်း မင်း ဘာလုပ်နေတာလဲ"

ရွှီဖန်းက ပုခုံးတွန့်လျက် ပြုံးကာပြောလာသည်။ 

"ငါက အတုစုဆောင်းရတာ ကြိုက်တဲ့လူလေ...အဆင်မပြေတာ ရှိလို့လား"

"ဝမ်မာဇီ ယွမ်၃၀၀၀၊ ငါဒီပန်းချီကားကို လိုချင်တယ်"

"သောက်ရေးမပါတာ! ငါ ဒီပန်းချီကားကို ယွမ်၁၀,၀၀၀နဲ့ဝယ်လာတာ၊ မင်းကိုလည်း ယွမ်၁၀,၀၀၀နဲ့ပဲရောင်းမယ်"

ရွှီဖန်းကမ်းလှမ်းသည့်ဈေးကိုကြားသည့်အခါ ဝမ်မာဇီက ဆဲရေးတော့သည်။ ရွှီဖန်းက နှုတ်ခမ်းကို တွန့်ကွေးလျက် ဂရုမစိုက်စွာ ဆက်ပြောလာသည်။

"ဒါဆိုလည်း ယွမ်၂၀၀၀ပေါ့"

"ဟဲဟဲ...မင်းရဲ့ဆုံးရှုံးမှုကို လျှော့ချပေးဖို့ ငါမင်းကို အခွင့်အရေးပေးနေတာတောင် စာနာသနားရာရောက်နေပြီ၊ ငါ့ရဲ့ကြင်နာမှုကို တန်ဖိုးမထားဘဲ ငြင်းရဲသေးတယ်လား...ရယ်စရာကောင်းလိုက်တာ"

ဒီလို ဂရုမစိုက်သည့်စကားက ဝမ်မာဇီ၏နှလုံးသားအား ထကြွသောင်းကျန်းစေသည်။ ဒီအတုက သူ့လက်ထဲမှာဆို အသုံးမဝင်သည့်စာရွက်သာသာပဲ ရှိ၏။  ရွှီဖန်းက ဒီတစ်ခါ စိတ်မနှံ့တော့တာဖြစ်လိမ့်မည်။ ဒီပန်းချီကားကိုဝယ်ဖို့ ပိုက်ဆံဖြုန်းပြီးလျှင် သူပြန်သွားနိုင်သည်။

"ကောင်းပြီလေ၊ ရွှီဖန်း မင်းက အရူးဆိုတော့လည်း ငါက မင်းဆန္ဒကို သဘောတူပေးရမှာပေါ့၊ ဒီပန်းချီကားက မင်းဟာဖြစ်သွားပြီ"

"ရော့ ယူလိုက် ယွမ်၃၀၀၀"

ရွှီဖန်းက ဝမ်မာဇီဘေးသို့လာကာ အိတ်ကပ်ထဲမှ ယွမ်၃၀၀၀ထုတ်၍ သူ၏ရင်ဘတ်ကို ပုတ်

ပေးလာသည်။

ထို့နောက် ပန်းချီကားကိုယူကာ ဦးလေးကျုံးဆီ လျှောက်သွားသည်။

ရွှီဖန်းသည် သစ်သားသေတ္တာအား ကိုင်ထားကာ အပြုံးတစ်ခုဖြင့်...

"ခင်ဗျားခုနကပဲ လယ်သမားတွေက အတွေ့အကြုံမရှိဘူးလို့ ပြောလိုက်တယ်နော် ဟုတ်လား"

ဦးလေးကျုံးက နှာမှုတ်ကာ သရော်လာသည်။

"မင်းကမှ အတုတွေဝယ်ဖို့ ပိုက်ဆံဖြုန်းနေတာမဟုတ်ဘူးလား"

ရွှီဖန်းက ခေါင်းခါရမ်းကာ ပြုံး၍ ပြောလာသည်။

"ခင်ဗျားမှားနေပြီ...ကျုပ်ကဘာမှမသိဘူးဆိုတာ မဟုတ်ဘူး၊ ခင်ဗျားကမှ ကန်းနေတာ"

"မင်း!"

ဦးလေးကျုံးဘက်မှ တိုက်ခိုက်လုနီးပါးဖြစ်သွားသော်လည်း ရှန်ယန်ယွိ၏တားဆီးခြင်းကို ခံလိုက်ရသည်။ 

"ဦးလေးကျုံး အရင်ဆုံးကြည့်လိုက်ပါ"

ထိုအချိန် ရွှီဖန်းကလည်း သစ်သားသေတ္တာကို ပြန်ဖွင့်ပြသည်။ 

ဦးလေးကျုံးက ကြည့်ပြီးနောက် အေးစက်စွာ နှာမှုတ်လျက်...

"ဒီပန်းချီကားကို နောက်ထပ်အကြိမ်၁၀၀ကြည့်လည်း မထူးဘူး! အတုကအတုပဲ! မင်း ငါ့အချိန်ကို လာမဖြုန်းတော့ဖို့ အကြံပေးလိုက်မယ်!"

ရွှီဖန်းသည် နှုတ်ခမ်းအားမဲ့ကာ သူ့ကိုယ်သူရေရွတ်နေသည်။

"မှန်တယ်လို့လည်း ငါမပြောခဲ့ပါဘူး"

သူပြောပြီးသည်နှင့် ပန်းချီကားလိပ်၏ထောင့်နားလေးထဲသို့ သူ့လက်သည်းကို ဂရုတစိုက်ထည့်ကာ ခပ်မြန်

မြန် ချိတ်လိုက်သည်။ 

ထို့နောက် ဂရုတစိုက် ဆုတ်ဖြဲကာ ဖွင့်လိုက်သည်။ ပြီးမှသာ ပန်းချီကားအတု၏မျက်နှာပြင်နောက်မှ အမှန်တရားက လူတိုင်းရှေ့မှာ ထွက်ပေါ်လာသည်။

ပန်းချီကားအတု၏အောက်တွင် ပုန်းကွယ်နေသည့်အရာက ထန်ပေါ်ဟူ၏ လက်ရာအစစ်ပင်။

ရွှီဖန်းသည် အံ့အားသင့်နေသည့်ဦးလေးကျုံးအား မျက်လုံးစောင်းကြည့်လိုက်သည်။ 

"ခင်ဗျားက ကျွမ်းကျင်သူတစ်ယောက်ဆိုပြီး ဒီပန်းချီကားအကြောင်းကို မကြားဖူးဘူးလား"

"ဒါက..."

ပန်းချီလောကမှာ ဥပမာများစွာရှိခဲ့သည်။ လက်ရာအစစ်ကို ကာကွယ်ရန်အလို့ငှာ  အခြားပန်းချီအောက်မှာ အစစ်အား မြှုပ်နှံထားခြင်းပင်။ 

ယေဘုယျကျကျပြောရရင် ပန်းချီကားအား မြင်နိုင်ဖို့ ခက်ခဲသင့်သည်။ ဦးလေးကျုံးမှာ နားမလည်တော့ပေ။ ဒီလူလေးက အဝေးကနေ တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်သည်ဆိုတာက...

ချက်ချင်းပင် သူ ရှက်ရွံ့မိတော့သည်။ နှစ်ပေါင်းများစွာ ရှေးဟောင်းပစ္စည်းများကို သူလေ့လာခဲ့သော်လည်း ရလဒ်ကဖြင့် လယ်သမားမျက်လုံးလောက်တောင် မလျင်ပေ။

"မစ်...ဒါတွေအားလုံး ကျွန်တော့်အမှားပါ"

သူ့ရဲ့ပေါ့ဆမှုကြောင့် ထန်ပေါ်ဟူ၏လက်ရာအစစ်က အခြားလူလက်ထဲသို့ ရောက်သွားရသည်။ ဦးလေးကျုံးမျက်နှာတစ်ခုလုံးက အပြစ်ရှိသည်ဟု ရေးထားသလိုဖြစ်နေကာ ရှယန်ယွိအား ကြည့်နေသည်။

ရှယန်ယွိက သူမခေါင်းအား ခါရမ်းသည်။

"ဦးလေးကျုံးကို ကျွန်မ အပြစ်မတင်ပါဘူး"

ရှယန်ယွိသည်လည်း အံ့သြခဲ့ရသည်။ တစ်ဖက်လူက သာမာန်လူဖြစ်လိမ့်မည်ဟု ထင်ခဲ့တာကြောင့် သူမ မမျှော်လင့်ထားခဲ့ပေ။ တစ်ကယ်တော့ ဒီလူကကျွမ်းကျင်သူဖြစ်နေမယ်လို့ တွေးဖို့ဆိုတာ...

အသက်ရှူထုတ်လိုက်ပြီးနောက် သူမ ရွှီဖန်းအား ပြောလိုက်သည်။

"ဆရာ...ဒီပန်းချီကားလေး ကျွန်မကို ပြန်ရောင်းပေးနိုင်မလားမသိဘူး"

သူမအဘိုး၏ အသက်၇၀ပြည့်မွေးနေ့က ရောက်တော့မည်။ အဘိုးက ထန်ပေါ်ဟူရဲ့လက်ရာတွေကို တစ်

ကယ်နှစ်သက်သည်။ ရှယန်ယွိသည် အခုလို အခွင့်အရေးကောင်းတစ်ခုအား မဆုံးရှုံးချင်ပေ။

"ကောင်းပြီ ဆရာ လိုချင်တဲ့အရာများရှိလား"

"ဈေးနှုန်းက မသင့်တော်သေးဘူးဆိုလည်း ကျွန်မထပ်မြှင့်ပေးနိုင်ပါတယ်"

သူမ ရိုသေစွာမေးနေသော်လည်း သူက သူမအား ဗလာသက်သက်သာ ကြည့်နေသည်။ ဤလူက သူမတင်ထားသည့်ဈေးအား မကျေနပ်လို့ဟု ရှယန်ယွိထင်ထားခဲ့သည်။

ရွှီဖန်း သတိမထားမိခင်မှာပဲ သူမြင်ကွင်းထဲ၌ ရှယန်ယွိ၏ ရုံးအဝတ်က မရှိတော့ပေ။ ကျန်ခဲ့သမျှအားလုံးက ဆက်စီဆန်သော အနက်ရောင်သုံးလွှာဝတ်စုံပင်။

သူမ၏ လှပသော ခန္ဓာကိုယ်လေးက နှင်းထက်ပင်ဖြူဖွေးနေကာ Sသဏ္ဍာန်ကွေးညွှတ်နေသည်။ ဒီရေခဲတုံးCEOအမျိုးသမီးက မြို့ထဲက ယောကျ်ားတွေအားလုံးကို ဆွဲဆောင်ထားနိုင်တာ မအံ့သြတော့ပေ။

"ဆရာ?"

တစ်ဖက်လူ၏အသံက ရွှီဖန်းနားထဲ မြည်လာသည်။ ရွှီဖန်းလန့်သွားကာ သူ့ရဲ့ X-rayမြင်ကွင်းထံမှ အမြန်

ပြန်ဆွဲထုတ်လိုက်ရသည်။

ရွှီဖန်းက ခေါင်းကို ခါယမ်းကာ...

"ပိုက်ဆံထပ်ထည့်စရာမလိုပါဘူး...ခုနက မင်းတို့ဆွေးနွေးခဲ့တဲ့ ပမာဏအတိုင်းပဲ ပေးပါ"

"ပြီးတော့ ကျွန်တော်က ယွမ်၃၀၀၀ပဲကုန်ခဲ့တာလေ...ဒါက ကြီးမားတဲ့ အကျိုးအမြတ်ပဲ...ဟုတ်တယ်မလား ဝမ်မာဇီ"

ရွှီဖန်း ပြောပြီးသည်နှင့် သူ့ဘေးမှာ ရပ်နေသည့် ဝမ်မာဇီအား မျက်ခုံးပင့်ကြည့်လိုက်သည်။ သူက အလွန်

ဒေါသထွက်နေကာ သွေးများအန်ထုတ်လုနီးပါးပင်။

၂သိန်းနဲ့ငါးသောင်းတောင်! သူ့လက်ထဲက ဘဲက ဒီအတိုင်း ပျံထွက်သွားခဲ့ရသည်။ ရွှီဖန်းဆီကနေ သောက်ကျိုးနည်း လှည့်စားခံခဲ့ရသည်။

ဝမ်မာဇီသည် ရွှီဖန်းအား အခုသတ်ပစ်ချင်စိတ်သာ ရှိတော့သည်။ 

ဈေးနှုန်းအား မမြှင့်ခဲ့သည့် ရွှီဖန်း၏အပြုအမူက 

ရှယန်ယွိအား ပို၍ အထင်ကြီးလေးစားလာစေသည်။

သူမပြုံးကာ ၂သိန်းနှင့်ငါးသောင်းထည့်ထားသည့်သေတ္တာအား ရွှီဖန်းအား ကမ်းပေးလိုက်သည်။ ထိုသူ ယူသွားပြီးနောက် သူမနှုတ်ခမ်းအား ကိုက်ကာ ခဏတာ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။

"ဆရာ...ကျွန်မ ရှင့်ရဲ့နာမည်ကို မသိသေးဘူး၊ ကျွန်မ wechatမှာ အပ်လို့ ရနိုင်မလား"

All Chapters