စောင့်ကြည့်လိုက်စမ်းပါ
Vol. 2 Ch. 24
ရွှီဖန်းလည်းပဲ ကြောင်အနေသည်။ တစ်ဖက်
လူ၏တောင်းဆိုချက်က သူ့အား အနည်းငယ် အံ့သြစေသည်။ မတိုင်ခင်ကသာဆို နှစ်ယောက်လုံးကြားမှာ တုံ့ပြန်ပြောဆိုမှု ရှိလာရန် မဖြစ်နိုင်ပေ။
အနာဂါတ်တိုးတက်ရေးအတွက် စဥ်းစားမယ်ဆိုရင် သူမနှင့် သူအလုပ်တူတူတွဲလုပ်ရတာမျိုး ရှိလာနိုင်သည်။ ရွှီဖန်းသည် ရက်ရက်ရောရောခေါင်းညိတ်ကာ ပြုံးလိုက်သည်။
"ကျွန်တော့်နာမည်က ရွှီဖန်းပါ...ကောင်းပြီ Wechat အပ်ကြတာပေါ့"
ရှယန်ယွိသည် ခေါင်းညိတ်လျက် ရွှီဖန်း၏ Wechatအား အပ်ရန် ချက်ချင်း ဖုန်းကို ထုတ်လာသည်။
ရွှီဖန်းကိုကြည့်ရတာ ရှေးဟောင်းပစ္စည်းတွေ ရွေးချယ်ခွဲခြမ်းတဲ့နေရာမှာ ကျွမ်းကျင်သည့်ပုံပင်။ ဒီလို ကျွမ်းကျင်သူနှင့် သိထားရတာ မဆိုးဘူးဟု သူမထင်သည်။
မည်သို့ပင်ဖြစ်စေ ရွှီဖန်းက သူမအား အနာဂါတ်မှာ အံ့အားသင့်စရာ အမြောက်အမြားပေးလိမ့်မယ်ဆိုတာ မသိသေးပေ။
ရှယန်ယွိနှင့် wechatအပ်ပြီးသည်နှင့် ပိုက်ဆံသေတ္တာအားပိုက်ကာ ဝမ်မာဇီထံ လျှောက်သွားလိုက်သည်။
ဝမ်မာဇီမှာ လုံးဝစိတ်ရှုပ်နေသည်။ ရွှီဖန်းက ပန်းချီကားကို ဖောက်ထွင်းမြင်နိုင်တာကပဲ အံ့သြဖို့လုံလောက်နေလေပြီ။ သို့သော် အခု ရှယန်ယွိကပါ သူနှင့် wechatအပ်ရန်အတွက် လက်ဦးမှုယူနေသည်။
"ဝမ်မာဇီ ငါ့ရဲ့သုံးဘီးလေးက မင်းရဲ့Audiကို ဖျက်ဆီးပစ်လိုက်တော့ မင်းပိုက်ဆံကုန်တော့မှာပဲ ဟုတ်တယ်မလား"
ရွှီဖန်းသည် သေတ္တာကိုဖွင့်ကာ ပိုက်ဆံတစ်အုပ်ကိုယူ၍ ဝမ်မာဇီ၏ခန္ဓာကိုယ်အား ရိုက်ပေးလိုက်သည်။
"ယူလိုက်...ငါမင်းကိုပေးတာ"
"ရှယန်ယွိ...ကျွန်တော်အရင်ဆုံးသွားနှင့်တော့မယ်...ဘိုင့်ဘိုင်"
ထိုစကားပြောပြီးသည်နှင့် ဟိုကြည့်ဒီကြည့်တောင် မလုပ်တော့ဘဲ လက်ကိုဝှေ့ယမ်းကာ သုံးဘီးနဲ့ထွက်သွားတော့သည်။
ရှယန်ယွိသည် ရွှီဖန်းထွက်သွားသည်ကိုကြည့်ရင်း သူမနှုတ်ခမ်းထောင့်မှာ ခပ်ရေးရေးအပြုံးလေးပေါ်လာသည်။
ရုတ်တရက်ပင် ဒီလူဟာ တော်တော်စိတ်ဝင်စားဖို့ကောင်းသည်ဟု သူမသတိထားမိသွားသည်။
"ဦးလေးကျုံး သွားကြရအောင်"
မကြာလိုက် ရှယန်ယွိလည်း ထွက်သွားကာ ဝမ်မာဇီသာ ကျန်ရစ်ခဲ့သည်။
"ရွှီဖန်း! ငါမင်းကို မသတ်ရရင် ဒီခရိုင်မြို့တော်ထဲ လှည့်လည်သွားနိုင်တော့မှာ မဟုတ်ဘူး!"
ခန္ဓာကိုယ်တွင်းမှဒေါသအဟုန်ကြောင့် သူက ဒေါသတကြီး ဟိန်းဟောက်လာသည်။ သူလက်သီးခပ်
တင်းတင်းဆုပ်ထားကာ
"စောင့်ကြည့်လိုက်စမ်းပါ!"
ရွှီဖန်းကတော့ ဝမ်မာဇီ၏ဒေါသကို လုံးဝမေ့သွားလေပြီ။ သူက သုံးဘီးလေးနဲ့ အိမ်ပြန်နေပြီး ရပ်ရွာကော်မတီရှိရာသို့ ဦးတည်မောင်းနှင်နေသည်။
အခုဆိုလျှင် ကောင်းကင်ဘုံထာဝရရှင်သန်ခြင်းမက်မွန်သီးများ၏ ဂုဏ်သတင်းက ခရိုင်မြို့တော်မှာ အခြေခိုင်နေပြီဖြစ်ရာ သစ်သီးဝလံလုပ်ငန်းတိုးချဲ့ခြင်းကလည်း ချောချောမွေ့မွေ့ဖြစ်မည်မှာ အသေအချာပင်။
လုပ်ငန်းတိုးချဲ့ဖို့အတွက်က အိမ်အနောက်
ကတောင်မှာ စိုက်ပျိုးထားသည့် သစ်သီးပင်များနှင့်
တင် မဖြစ်ချေ။ တောင်ပေါ်ရှိ အပင်များအားလုံးကို ခုတ်ထစ်၍ ဥယျာဥ်ခြံလုပ်ရန်လိုအပ်သည်။
အလုပ်ပြီးစီးဖို့ဆိုလျှင် ကုန်ကျစရိတ်အမြောက်အမြားလိုအပ်သည်။ သို့သော်ငြား လက်ရှိပိုက်ဆံအမြားအပြားပိုင်ဆိုင်ထားသည့် ရွှီဖန်းအတွက် ပြဿနာမဟုတ်ပေ။
ရွှီဖန်းသည် ဥယျာဥ်ခြံလုပ်ရန်ကိစ္စအတွက် ရပ်ရွာကော်မတီရုံးသို့ လာခဲ့သည်။
သူက မြစ်အောက်ပိုင်းရွာမှ ရွာသားများအား သူ့လုပ်ငန်းမှာ လာကူညီပေးရန် ခေါ်ချင်တာကြောင့် ရပ်ရွာကော်မတီရုံး၏ အသံလွှင့်စက်ကို သုံးချင်
နေသည်။ ဒါဆိုရင် သူ့ရဲ့အစီအစဥ်တွေကို တတ်နိုင်
သမျှ မြန်မြန် ဆောင်ရွက်နိုင်လိမ့်မည်။
"ဦးလေးထိုက်ကန်း ရှိလားခင်ဗျ!"
ရွှီဖန်းသည် သူ့ရဲ့သားရေအိတ်ပြားကိုသယ်ဆောင်ရင်း ရပ်ရွာကော်မတီရုံးထဲ ဝင်ကာ အော်လိုက်သည်။
သူ အရှေ့ပင်လယ်မှာ အလုပ်လုပ်ဖို့ထွက်သွားတုန်းက ရွာသူကြီးမှာ ဦးလေးထိုက်ကန်းဖြစ်သည်။ ဦးလေးထိုက်ကန်းက ကြင်နာတတ်တဲ့သူဖြစ်လို့ အကယ်၍ သူသာ မြစ်အောက်ပိုင်းရွာ၏ ရွာသူကြီးအဖြစ် ဆက်ရှိနေမယ်ဆိုလျှင် သူ့အတွက် ကိစ္စတွေစီစဥ်ရတာ ပိုလွယ်ကူလိမ့်မည်။
"မင်း ဘာလို့ အော်နေတာလဲ"
ရွှီဖန်း တစ်ခုခုပြောလာဖို့ပင် မစောင့်ဘဲ မြေထဲပင်လယ်မှလာသောပုံရိပ်ရှိသူ သတ်လတ်ပိုင်းလူကြီးတစ်ယောက်သည် ရုံးခန်းထဲမှ တံခါးကိုကန်ကာ ထွက်လာသည်။
"လက်ထောက်ချန်...ကျွန်တော် ရွှီဖန်းပါ"
သတ်လတ်ပိုင်းအမျိုးသား၏အမည်မှာ ချန်ကျင်းရှန်ဖြစ်ကာ မြစ်အောက်ပိုင်းရွာ၏အကြီးအကဲပင်။ မတွေ့ရတာ လေးနှစ်တောင်ရှိပြီဖြစ်လို့ ရွှီဖန်း အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
"ရွှီဖန်းလား"
ချန်ကျင်းရှန်ကတော့ ရွှီဖန်းကဲ့သို့ ကောင်းမွန်သော သဘောထားမရှိပေ။ သူဟာ မျက်မှောင်ကြုတ်လျက် ရွှီဖန်းအား အထက်အောက်အကဲခတ်နေပြီးမှ မကျေမနပ် နှာမှုတ်လာသည်။
"မင်းက ဒီကို ဘာလာလုပ်တာလဲ"
ရွှီဖန်း ပြုံးလိုက်ကာ...
"လက်ထောက်ချန် ကျွန်တော်က ရွာရဲ့အသံလွှင့်စက်ကို ငှားချင်လို့ပါ"
"မရဘူး! မြန်မြန်ပြန်လိုက်တော့! ငါ့ကိုလာမရှုပ်နဲ့!"
ချန်ကျင်းရှန်က စိတ်မရှည်စွာ လက်ဝှေ့ယမ်းလျက် ထွက်သွားရန် အချက်ပြသည်။
ရွှီဖန်း မျက်မှောင်ကြုတ်လိုက်ကာ သူ့အပြုံးလည်း ပျောက်သွားသည်။ ခုနှစ်တောင်ကြာခဲ့ပြီဖြစ်လို့ ချန်ကျင်းရှန်က အခုထိ သူ့ကိုမုန်းနေမယ်လို့ မထင်ထားခဲ့ပေ။
အထက်တန်းတက်ခဲ့တုန်းက ရွှီဖန်းနှင့် ချန်ကျင်းရှန်၏သား ချန်ရှောင်ကျွင်းမှာ အတန်းဖော်တွေဖြစ်သည်။ သုံးနှစ်ကြာပြီးနောက် ရွှီဖန်း၏အဆင့်များက ချန်ရှောင်ကျွင်းထက် ပိုပိုပြီး မြင့်လာခဲ့သည်။
ဒီအကြောင်းအရင်းကြောင့် ချန်ရှောင်ကျွင်းသည် သူ့ရဲ့သားဆိုးသားညစ်အား ရွာထဲတွင် ကြွားဝါခွင့်မရခဲ့ဘဲ အလိုလိုပင် ရွှီဖန်းအား မုန်းတီးလာသည်။
ဒါကြောင့် ရွှီဖန်းမိသားစုမဆင်းရဲခင်က နှစ်စဥ်
ထောက်ပံ့ကြေး ယွမ်ရာဂဏန်းပေးနိုင်ခဲ့သည်။ သို့ သော် တက္ကသိုလ်မတက်နိုင်တော့ကတည်းက ဒီကိစ္စတွေပြီးပြတ်သွားလေပြီ။
"ဦးလေးထိုက်ကန်းရော ဘယ်မှာလဲ၊ ကျုပ် သူနဲ့ပဲပြောမယ်"
ချန်ကျင်းရှန်က သူ့သဘောထားအား ထုတ်ပြလာပြီဖြစ်၍ ရွှီဖန်းလည်း သူနဲ့စကားပြောကာ အချိန်မဖြုန်းချင်တော့ပေ။ သူ ချန်ကျင်းရှန်အား ရှောင်ချင်နေပြီး ရွာသူကြီး ဝူထိုက်ကန်းနှင့်သာ ပြောချင်နေသည်။
"အိုး ရွှီဖန်း..မင်းက အခုထိ လက်မခံသေးဘူးလား"
ချန်ကျင်းရှန်က ရွှီဖန်း၏အပြုအမူအား မကြောက်
ပေ။ သူက သူ့မျက်လုံးတွေအား ကျဥ်းမြောင်းကာ နှာမှုတ်ပြလာသည်။
"ထိုက်ကန်းက လေဖြတ်သွားလို့ ဒီရာထူးကနေ ထွက်သွားပြီ...မင်းက ငါ့ကိုဖိနှိပ်ဖို့ သူ့ကို သုံးချင်သေးတယ်လား! ဟမ့်! ဒီနေ့ ငါမင်းကိုရှင်းရှင်းပြောလိုက်
မယ်...ဘယ်ရွာသားမဆို အသံလွှင့်စက်သုံးနိုင်ပေမယ့် မင်းကတော့မရဘူး...လက်ခံလား!"
"ခင်ဗျား!"
ချန်ကျင်းရှန်၏သဘောထားက လေလုံးထွားရုံသက်သက်မဟုတ်ပေ။ ရွှီဖန်း ထိုလူအား စိုက်ကြည့်ကာ ကြိမ်းမောင်းလိုက်သည်။
"ချန်ကျင်းရှန် မလွန်လာနဲ့!"
"ဟမ့်! မြို့ထဲမှာ အခြေချလို့မရခဲ့တဲ့ကောင်ကများ ငါ့ကို ခြိမ်းခြောက်နေတာလား"
ချန်ကျင်းရှန်သည် ရွှီဖန်းအား မျက်လုံးလှိမ့်ပြသည်။ ထို့နောက် ထူးဆန်းသည့်အသံဖြင့် အော်ဟစ်လာကာ...
"ရှောင်ကျွင်း မြန်မြန်လာကြည့်! ဒီမှာ မင်းရဲ့အတန်းဖော်ဟောင်း ပြန်ရောက်နေတယ်"
ရပ်ရွာကော်မတီရုံး၏ ခြံဝင်းထဲမှ ချန်ကျင်းရှန်နှင့် ရုပ်တူသော လူတစ်ယောက်သည် အထဲသို့ လျှောက်ဝင်လာသည်။
ရွှီဖန်းလည်း မျက်မှောင်ကြုတ်နေသည်။ ချန်ရှောင်ကျွင်းက တက္ကသိုလ်တက်ပြီးနောက် မြစ်အောက်ပိုင်းရွာမှာ ရုံးအလုပ်လုပ်ဖို့ ပြန်လာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
"အဖေ ဘာတွေဖြစ်နေတာလဲ...သား အခုမှ ရုံးရောက်တုန်းကို"
ချန်ရှောင်ကျွင်းသည် သူ့အဖေအားနှုတ်ဆက်ပြီးနောက် ရိုးရှင်းပြီးကြမ်းနေသည့် အဝတ်အစားဝတ်ထားသော ရွှီဖန်းအား ကြည့်လာသည်။
နှိုင်းယှဥ်ပြီးနောက် သူ့မျက်နှာပေါ်မှာ ဘဝင်မြင့်အပြုံးတစ်ခု ပေါ်လာသည်။
"တိုက်ဆိုင်လိုက်တာ ရွှီဖန်း...မင်းလည်းပဲ မြစ်အောက်ပိုင်းရွာကို ပြန်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"
"ဘာကိုတိုက်ဆိုင်ရမှာလဲ! သားက ဘာလို့ သူနဲ့သွားယှဥ်နေတာလဲ"
ရွှီဖန်းပြောဖို့ပင် မစောင့်ဘဲ ချန်ကျင်းရှန်က ထူးဆန်းသည့်အမူအရာကြီးဖြင့် ကြားဖြတ်ပြောလာသည်။
"သားက ဂုဏ်ရှိစွာနဲ့ အိမ်ပြန်လာတာလေ၊ ဒီကောင်
ကတော့ ဘာမှမဖြစ်မြောက်၊ အသုံးမဝင်တဲ့ အမှိုက်ပဲ...လုံးဝကွာခြားတယ်"
သူ့သားက ရွှီဖန်းနဲ့ အတန်းဖော်ဖြစ်ခဲ့လို့ မျက်နှာပဲပျက်ရသလို ပုံစံဖြင့် ချန်ကျင်းရှန်သည် ပြင်းပြင်းထန်ထန် ရှင်းပြနေ၏။
"အဖေရာ အများကြီးမပြောပါနဲ့"
ချန်ရှောင်ကျွင်းက သူ့အဖေအား မကျေနပ်သလိုကြည့်ကာ ပြောလာသည်။
"အိုး ဟုတ်သားပဲ...ရွှီဖန်း မင်းဘာလို့ ရပ်ရွာကော်မတီရုံးကို လာတာလဲ၊ ဒါက အုပ်ချုပ်ရေးမှူးရုံးဖြစ်လို့ မင်းဝင်လာရင် စည်းကမ်းချိုးဖောက်တာပဲ"
ချန်ရှောင်ကျွင်း၏လေသံက ဘဝင်မြင့်သံထွက်
နေသည်။ သူက ရွှီဖန်းအား စည်းမျဥ်းစည်းကမ်းမသိသူဟု ရှင်းရှင်းလင်းလင်းစွပ်စွဲနေသည်။
ရွှီဖန်းက မျက်မှောင်ကြုတ်နေကာ...
"ငါ ရပ်ရွာကော်မတီရုံးက အသံလွှင့်စက်ကို သုံးဖို့ငှားချင်လို့...ဒီအသံချဲ့စက်က မြစ်အောက်ပိုင်းရွာရဲ့ အများပိုင်ပစ္စည်း...ငါကလည်း မြစ်အောက်ပိုင်းရွာသားပဲ"
"ဟဲဟဲ...ဒါပေါ့ မရဘူးလေ"
ချန်ရှောင်ကျွင်းက ပြုံးနေကာ...
"ရွှီဖန်း မင်းက စာအုပ်များများစားစား မဖတ်ဖူးခဲ့တော့ ငါမင်းကို မပြစ်မတင်ပါဘူး၊ အသံလွှင့်စက်က မြစ်အောက်ပိုင်းရွာရဲ့ အများပိုင်ပစ္စည်းဆိုပေမယ့် လူတိုင်းသုံးလို့မရဘူး"
"ဒီအသံလွှင့်စက်နဲ့ မင်းဘာလုပ်ချင်လဲ ဘယ်သူကသိမှာလဲ၊ မြစ်အောက်ပိုင်းရွာသားတွေကို မကောင်းတဲ့သတင်းတွေဖြန့်လိုက်ရင် တာဝန်ယူရမှာက ရပ်ရွာကော်မတီရုံးရဲ့လက်ထောက်ဖြစ်သူ ငါပဲ"
ချန်ရှောင်ကျွင်းသည် လက်ကိုဝှေ့ယမ်းကာ အပြုံးဖြင့် ပြောလာသည်။
"ဟုတ်ပြီ ရွှီဖန်း...ဒီမှာ လာရှုပ်နေတာ ရပ်တော့၊ မင်းလာရမယ့်နေရာမဟုတ်ဘူး၊ မြန်မြန်ပြန်လိုက်တော့"