← Chapters

ထိုင်ခုံဖော်

Vol. 2 Ch. 25

ထိုင်ခုံဖော်

Vol. 2 Ch. 25

ချန်ကျင်းရှန်နှင့် ချန်ရှောင်ကျွင်းတို့သည် ရှူးရှူးရှဲရှဲလုပ်နေတာကြောင့် ရွှီဖန်းလည်း ဆက်နေဖို့ရန် အကြောင်းမရှိတော့ပေ။ သူနှာမှုတ်ကာ ချက်ချင်းလှည့်ထွက်လာခဲ့သည်။

"အာ.."

ရွှီဖန်းလှည့်လိုက်သည်နှင့် သူ၏အကြည့်က ရပ်ရွာကော်မတီရုံး၏ဝင်ပေါက်မှာ ရပ်နေသော လှပသောပုံရိပ်လေးထံ ကျရောက်သွားကာ ငေးမောမိသွားသည်။

မိန်းမငယ်လေးက ရိုးရှင်းသောဝတ်စုံလေးကိုဝတ်ဆင်ထားသည်။ ဂျင်းဘောင်းဘီနှင့် အဖြူရောင်

ရှပ်အင်္ကျီကိုသာ ဝတ်ဆင်ထားသော်လည်း သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်းကြောင့် ရိုးရှင်းသောဝတ်စုံက သူမအပေါ်မှာ ပုံတုံးတုံးမဖြစ်တော့ပေ။

သူမက သန့်စင်ပြီးလှပသော ကြာပန်းဖြူလေးနှင့် တူပေသည်။ သူမ၏အနက်ရောင်ဆံပင်ရှည်များက လေနှင့်ယိမ်းနွဲ့နေသည်။

ရွှီဖန်းသည် လေးနှစ်ကြာ မတွေ့ခဲ့ရသည့် ထိုလှပသောမျက်နှာလေးအား ကြည့်နေသည်။ ထိုအခိုက်အတန့်မှာ အထက်တန်းကျောင်း ပြန်ရောက်သွားသကဲ့သို့ သူခံစားရသည်။ 

လူတိုင်းလူတိုင်းမှာ သူတို့ထိုင်ခုံဖော်နှင့် အမှတ်တရများ ရှိလေသည်။ ဝူယွီရွှမ်းက ရွှီဖန်း၏ အမှတ်တရပင်။

သူတို့နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ် ကြည့်နေကြသည်။ သူတို့၏မှတ်ဉာဏ်ထဲ၌ အထက်တန်းကျောင်း၏ အမှတ်တရများက ရုပ်ပုံများကဲ့သို့ ပေါ်ထွက်လာနေသည်။

"ရွှီဖန်းလား"

အဆုံးမှာတော့ တံခါးနားမှာရပ်နေသည့် ဝူယွီရွှမ်းက တိတ်ဆိတ်မှုကို ဖျက်ကာ ရွှီဖန်းနာမည်အား သံသယဖြင့် ခေါ်ဆိုလာသည်။

ရွှီဖန်းပြုံးလိုက်ကာ...

"အတန်းဖော်ဟောင်း မတွေ့တာကြာပြီ"

"ဘုရားရေ! တစ်ကယ်နင်ပဲ! ငါမှားမြင်တယ် ထင်နေတာ!"

ရွှီဖန်းမှန်း အတည်ပြုပြီးနောက်မှာ ဝူယွီရွှမ်းက သူမရင်ဘတ်တစ်ခုလုံးတုန်ယင်လျက် ရွှီဖန်းထံသို့ စိတ်လှုပ်တရှားပြေးဝင်လာသည်။

အချိန်ခဏစကားပြောပြီးနောက် ဝူယွီရွှမ်းက မေးလာသည်။ 

"ဟုတ်သားပဲ ရွှီဖန်း နင်ဒီမှာ ဘာလုပ်နေတာလဲ"

ပြောပြီးသည်နှင့် သူမဆံပင်တွေကိုပွတ်သပ်ကာ အနည်းငယ် ရှက်ရွံ့သွားသည်။ သူမကိုယ်သူမ တွေးမိသည်။ *ငါ့ကြောင့် ရောက်လာတာများလား*

ရွှီဖန်းက လှောင်ပြုံးဖြင့် ပြောလာသည်။

"ကိစ္စတစ်ခုကြောင့်ပါ...ငါက လူတိုင်းကိုပြောစရာရှိလို့ ရပ်ရွာကော်မတီရုံးရဲ့ အသံလွှင့်စက်ကို ငှားသုံးချင်တာ...ဒါပေမယ့် တစ်စုံတစ်ယောက်က ငါ့ကို ခွင့်မပြုဘူးလေ"

"ဟေး! ရွှီဖန်း မင်းဘာကိုဆိုလိုတာလဲ! ငါ ချန်ရှောင်းကျွင်းက မင်းကို ပစ်မှတ်ထားနေတယ်လို့ ဆိုလိုချင်တာလား"

ရွှီဖန်းနှင့် ဝူယွီရွှမ်းတို့ ဘယ်လောက်ရင်းနှီးနေလဲမြင်ရသည့်အခါ ချန်ရှောင်းကျွင်းမှာ မနာလိုဝန်တိုမှုကြောင့် လောင်လို့နေသည်။ ဒီတစ်ကြိမ်မှာတော့ သူက လူကြီးသူကောင်းပုံစံ ဆက်မလုပ်နိုင်တော့ဘဲ ရွှီဖန်းအား မေးခွန်းထုတ်တော့သည်။

ရွှီဖန်းကလည်း ခပ်ပြတ်ပြတ်ပြန်ပြောသည်။

"တချို့လူတွေကတော့ သူတို့ကိုယ်သူတို့ သိမှာပေါ့"

"မင်း!"

ချန်ရှောင်ကျွင်းသည် ဝူယွီရွှမ်းအား အမြဲနှစ်သက်နေခဲ့သည်။ ရွှီဖန်းကြောင့် အထက်တန်းမှာတုန်းက သူအခွင့်အရေးမရခဲ့ပေ။ အခု ဝူယွီရွှမ်းက သူနဲ့အတူ တက္ကသိုလ်မှာ ဘွဲ့ရခဲ့ပြီး မြစ်အောက်ပိုင်းရွာကို ပြန်လာခဲ့သည်။ သားအဖဆက်ဆံရေးအပေါ်မှာမှီခိုပြီး မြစ်အောက်ပိုင်းရွာကော်မတီ၏ လက်ထောက်

ဖြစ်အောင်လုပ်ခဲ့သည်။ ချန်ရှောင်ကျွင်းသည် ကောင်းမွန်တဲ့ရာထူးကို ရခဲ့ပြီး သူမနှင့်အတူ အောင်မြင်သွားရန် စီစဥ်ထားခဲ့သည်။

ရွှီဖန်းပြန်ပေါ်လာသည့်အခါ ချန်ရှောင်ကျွင်းမှာ အန္တရာယ်အား ခံစားခဲ့ရသည်။

"ယွီရွှမ်း ဒီကောင်က ဒီမှာ သက်သက်လာရှုပ်နေတာ...သူအရူးလုပ်တာ မခံနဲ့"

ဝူယွီရွှမ်းသည် ချန်ရှောင်ကျွင်းမှ သူမအား အမိန့်ပေးသလိုပြောနေသည်အား မကြိုက်တာကြောင့် အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။ သူမက ချန်ရှောင်ကျွင်းအား လျစ်လျူရှုကာ ဘေးမှာရပ်နေသည့် ရွှီဖန်းအား ကြည့်လာသည်။

"ရွှီဖန်း အသံလွှင့်စက်နဲ့ဘာလုပ်မလို့လဲ"

ရွှီဖန်း ပြုံးလိုက်ကာ...

"အတန်းဖော်ဟောင်း ငါ့ကိုယုံ...ဒါက သေချာပေါက်ကောင်းတဲ့ကိစ္စပါ"

မြစ်အောက်ပိုင်းရွာမှ ရွာသားအများစုသည် လယ်ထဲမှာသာ အလုပ်လုပ်ကြရင်း ဝင်ငွေမရှိကြပေ။ ရွာသားတွေက ဥယျာဥ်ခြံဆောက်လုပ်သည့်နေရာ၌ ဝိုင်းကူရန်ဆန္ဒရှိမည်ဆိုတာ ရွှီဖန်းယုံကြည်သည်။

"ကောင်းပြီလေ ငါ့နောက်လိုက်ခဲ့"

ဝူယွီရွှမ်းက ခေါင်းညိတ်သည်။ သူမက ရွှီဖန်းအား အလွန်ယုံကြည်တာကြောင့် နောက်ထပ်မေးခွန်းတောင် ထပ်မမေးပေ။ သူမက ကော်မတီရုံး၏ အသံလွှင့်ခန်းသို့ ခေါ်သွားပေးဖို့လုပ်သည်။

"ယွီရွှမ်း! ဒီကောင့်ကို ယုံလို့မဖြစ်ဘူး!"

ချန်ရှောင်ကျွင်းက အခုထိ သူမအား အယုံသွင်းရန်ကြိုးစားနေတာကြောင့် ဝူယွီရွှမ်းသည် မျက်မှောင်ကြုတ်လိုက်ကာ...

"တစ်ခုခုဖြစ်လာရင် ငါတာဝန်ခံမယ်...ရပြီလား"

သူမပြောပြီးသည်နှင့် အသံလွှင့်ခန်း၏သော့ကို ယူဖွင့်ကာ ရွှီဖန်းအား အထဲဝင်ခွင့်ပြုသည်။

ထိုအခိုက်အတန့်မှာ ချန်သားအဖနှစ်ယောက်လုံးသည် ဝူယွီရွှမ်း၏ အပြစ်တင်ခြင်းကို ခံနေရသည်။ သူတို့၏ ယခင်က မာနကြီးပြီး ယုတ်မာသော သဘောထားနှင့်ယှဥ်လျှင် အခုက ပိုပြီးနာခံနေကြသည်။

ရွှီဖန်းသည် သူ့အတန်းဖော်ဟောင်းကောင်မလေးအား သိချင်လိုစိတ်ဖြင့် ကြည့်မိကာ...

"အတန်းဖော်ဟောင်းလည်း အခု မြစ်အောက်ပိုင်းရွာရဲ့အရာရှိဝန်ထမ်းဖြစ်နေပြီလား"

ဝူယွီရွှမ်းက သူမမျက်လုံးများအား ရွှတ်နောက်နောက်မှိတ်ပြကာ တစ်ခစ်ခစ်ရယ်မောလာသည်။

"အဲ့ဒီထက်ပိုတယ် ဟုတ်ပြီလား"

ရွှီဖန်းသည် အံ့သြတကြီးဖြင့် မျက်ခုံးများပင့်မိသည်။

"ဒါဆို မြစ်အောက်ပိုင်းရွာရဲ့လက်ရှိခေါင်းဆောင်အကြီးအကဲက မင်းလား!"

ဝူယွီရွှမ်းပြောသမျှကို ချန်ရှောင်ကျွင်းနှင့် တခြားလူတွေ အတွန့်မတက်ရဲတာ မအံ့သြတော့ပေ။

"မြစ်အောက်ပိုင်းရွာလေး ပိုကြွယ်ဝလာအောင် လုပ်မယ်လို့ ငါကျိန်ခဲ့တယ်...ဒီတစ်ခေါက်ပြန်လာပြီးကတည်းက ငါထပ်ထွက်သွားဖို့ မစဥ်းစားခဲ့ဘူး"

သူမ၏ မွေးရပ်မြေအပေါ် ထားသည့် ခံစားချက်များက အလွန်ခိုင်မာသည်။ ဘွဲ့ရပြီးနောက်မှာ များစွာသော လုပ်ငန်းရှင်များက သူတို့အလုပ်အတွက် လာကမ်းလှမ်းကြသော်လည်း သူမက သေးငယ်သည့်မြစ်အောက်ပိုင်းရွာကိုသာ ပြတ်ပြတ်သားသား ပြန်လာခဲ့ပြီး သူမ၏ရည်မှန်းချက်အတွက် တိုက်ခိုက်ခဲ့သည်။

ရွှီဖန်းသည် သူမ၏တည်ကြည်လေးနက်နေသော မျက်နှာလေးအားကြည့်ကာ ပြုံးလိုက်သည်။

"ငါ မင်းကို ကူညီကောင်း ကူညီနိုင်တယ်"

ရွှီဖန်း၏စကားများက သာမန်ကာလျှံကာ ပြောလိုက်ခြင်းမဟုတ်ပေ။ ကောင်းကင်ဘုံနန်းတော်၏အကူအညီဖြင့် စိုက်ပျိုးရေးလုပ်ငန်းမှာ သူကြွယ်ဝချမ်းသာလာပြီဆိုလျှင် မြစ်အောက်ပိုင်းရွာ၏ကြီးပွားရေးအတွက် သူ သေချာပေါက် ဦးဆောင်နိုင်လိမ့်မည်။

ဝူယွီရွှမ်းသည် သူမ၏မျက်လုံးဝိုင်းကြီးများအား ခတ်ကာ တစ်ခစ်ခစ်ရယ်လျက်...

"တစ်ကယ်လား! ငါ့ကို လိမ်လို့မရဘူးနော်!"

ရွှီဖန်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလျက်...

"ငါက ဘာလို့လိမ်ရမှာလဲ...အချိန်တစ်ခုရောက်ရင် မင်းမြင်လိမ့်မယ်"

ထိုအချိန် ဝူယွီရွှမ်းက ရေဒီယိုကို ဖွင့်ပြီးလေပြီ။ သူမက မိုက်ခရိုဖုန်းအား ကောက်ကိုင်ကာ ရွှီဖန်းအား လှည့်မေးသည်။ 

"ရွှီဖန်း ငါဘာလုပ်ပေးဖို့လိုလဲ"

"ရိုးရှင်းပါတယ်...မြစ်အောက်ပိုင်းရွာက အမျိုးသားတွေကို ခေါ်ပေးရုံပဲ၊ အကြောင်းတချို့ကြောင့် သူတို့ဒီရောက်မှပဲ ငါ့ကိစ္စကို ကိုယ်တိုင်ပြောချင်တယ်"

"ဟုတ်ပြီ"

ဝူယွီရွှမ်းသည် ခေါင်းညိတ်လျက် ရေဒီယိုကိုဖွင့်ကာ အသံစလွှင့်တော့သည်။ အိမ်မှာရှိသည့် အမျိုးသားများအားလုံး ရပ်ရွာကော်မတီရုံးမှာ မိနစ်၂၀အတွင်း လာစုဖို့ ပြောလိုက်သည်။

သုံးကြိမ်လွှင့်ပြီးနောက်မှာ ဝူယွီရွှမ်းက အသံလွှင့်

စက်ကိုပိတ်ကာ ရွှီဖန်းနှင့် စကားထိုင်ပြောနေသည်။

ချန်ကျင်းရှန်နှင့် ချန်ရှောင်ကျွင်းတို့ သားအဖနှစ်ယောက်က ထွက်မသွားသေးပေ။ ရွှီဖန်း ဘာအကြောင်း ပြောမည်ကို သူတို့ သိချင်ပုံရသည်။

မြစ်အောက်ပိုင်းရွာမှ ရွာသားများသည် အသိပေးချက်ကိုကြားသည်နှင့် တစ်ယောက်ပြီးတစ်ယောက် ရပ်ရွာကော်မတီရုံးကို ရောက်လာကြသည်။ မိနစ်၂၀အတွင်းမှာတော့ လူအမြောက်အမြား စုဝေးနေကြလေပြီ။

ရွာသားအားလုံးကိုစုဝေးခိုင်းပြီး ဘာလုပ်ဖို့ စီစဥ်နေရန်မသိကြောင်းအား လူတိုင်းက တီးတိုးဆွေးနွေးနေကြသည်။ 

ဝူယွီရွှမ်းသည် တစ်ချက်ကြည့်လိုက်သည်နှင့် လူတိုင်းနီးပါး ရောက်ရှိနေပြီမှန်း တွေ့လိုက်ရသည်။ သူမက ရွှီဖန်းအား စနိုင်ပြီဖြစ်ကြောင်း ခေါင်းညိတ်ပြသည်။ 

"အတန်းဖော်ဟောင်း ကျေးဇူးပါ"

ရွှီဖန်း ခေါင်းညိတ်ကာ သစ်သားသေတ္တာအားကိုင်၍ လူတိုင်းရှေ့ကို လျှောက်သွားလိုက်သည်။

"အားလုံးပဲ စိတ်အေးအေးထားကြပါ...ဟိုဟိုဒီဒီကြည့်စရာမလိုပါဘူး၊ လူတိုင်းကို ဒီနေရာ ခေါ်လိုက်ရတဲ့ အဓိက အကြောင်းအရင်းက ကျွန်တော့်စိတ်ကူးကြောင့်ပါ"

"ရွှီဖန်း မင်း ငါတို့ကို ဘာလုပ်ဖို့ခေါ်တာလဲ"

"ဟုတ်တယ် ဘာတွေလာရှုပ်နေတာလဲ...ငါ့ဝက်တွေကို အစာကျွေးရဦးမယ်"

ရွာမှာတစ်ခုခုလုပ်ရဖို့ဟု သူတို့ထင်ထားခဲ့သော်ငြား ရွှီဖန်း၏ကိုယ်ရေးကိုယ်တာကိစ္စမှန်းသိကာ လူအုပ်ကြီးသည် အုံကြွပြီး ထွက်သွားဖို့ပင် ပြင်နေလေပြီ။

"အားလုံးပဲ တိတ်တိတ်နေပေးကြပါ"

ရွှီဖန်းသည် လက်တွေဝှေ့ယမ်းကာ အခြေအနေအား ငြိမ်သက်အောင် အရင် လုပ်လိုက်သည်။

"ကျွန်တော် ဒီတစ်ခါ လူစုခိုင်းရတဲ့ အဓိကအကြောင်းအရင်းက ကျွန်တော့်အိမ်အနောက်က တောင်မှာ ဥယျာဥ်ခြံလုပ်ချင်လို့ပါ...တောင်ပေါ်ကအပင်တွေကိုခုတ်ပြီး အသီးပင်စိုက်ဖို့ အကူအညီလိုနေလို့ပါ"

"ဘာကိစ္စလဲ...ငါတို့က ဘာလို့ကူညီပေးရမှာလဲ"

"ဟုတ်ပါ့! ငါ့မှာ အချိန်သာရှိရင် အိပ်ပဲအိပ်နေလိုက်မယ်!"

ရွှီဖန်း၏ရည်ရွယ်ချက်အား သိပြီးသည့်အခါ လူအုပ်ကြီးသည် လက်တွေကို စိတ်မရှည်စွာ ဝှေ့ယမ်း၍ ထွက်သွားဖို့ပြင်သည်။

လူအုပ်ကြီးက ပရမ်းပတာဖြစ်နေသည်အား ဝူယွီရွှမ်းမြင်သည့်အခါ စိုးရိမ်လာသည်။ ဒါကြောင့် ရွှီဖန်းအတွက် သူမ ကူပြောပေးဖို့ ပြင်လိုက်သည်။ 

ထိုအချိန် ရွှီဖန်းက အသက်ရှူထုတ်ကာ ပြောလာသည်။

"ကျွန်တော့်အတွက် အပင်တစ်ပင်ခုတ်ပေးရင် လုပ်အားခ ယွမ်၅၀ ပေးမှာပါ"

သူပြောလို့ပြီးသည်နှင့် ပရမ်းပတာဖြစ်နေသော ရပ်ရွာကော်မတီရုံးမှာ အပ်ကျသံပင်ကြားနိုင်လောက်သည်အထိ ချက်ချင်း တိတ်ဆိတ်သွားတော့သည်။ 

"လူကလေး...အပင်တစ်ပင်ခုတ်ရုံနဲ့ ယွမ်၅၀တစ်ကယ်ရမှာလား"

All Chapters