နည်းနည်းပဲဖတ်ဖူးတယ်
Vol. 2 Ch. 26
ထွက်သွားရန်ပြင်နေသည့် ရွာသားများအားလုံး ပြန်လှည့်လာကာ ရွှီဖန်းအား မယုံနိုင်စွာ ကြည့်လာကြသည်။
သိထားရမည်မှာ ခရိုင်မြို့တော်တွင် အလွန်မောပန်းရသည့် အုတ်သယ်အလုပ်တောင်မှ တစ်နေ့ကို ယွမ်၁၀၀သာ ရသည်။
သစ်ပင်တစ်ပင်အားခုတ်ခြင်းက ယွမ်၅၀တန်နေသည်။ မြစ်အောက်ပိုင်းရွာသားတွေအတွက်တော့ ရေငတ်နေသည့်အချိန် အိုအေစစ်တွေ့ရသကဲ့သို့ပင်။
"ဟဲဟဲ...ခင်ဗျားတို့အားလုံး ဒီကောင့်အလိမ်အညာတွေ မယုံကြပါဘူး...ဟုတ်တယ်မလား"
ရွှီဖန်းအား စကားပြောခွင့်မပေးလာဘဲ ချန်ရှောင်ကျွင်းသည် အနားလာရပ်ကာ နှာမှုတ်၍ အော်ပြောလာသည်။
လူတိုင်း၏အကြည့်က သူ့ဆီအာရုံစိုက်နေမှန်းမြင်
သည့်အခါ ဂုဏ်ယူစွာ သရော်ပြုံး၍ ပြောသည်။
"ယွမ်၅၀လား...ရွှီမိသားစုအိမ်အနောက်ကတောင်က သစ်ပင်တွေအားလုံး ခုတ်ရင် အနည်းဆုံးတော့ ယွမ်၁၀,၀၀၀လောက်ရှိမှာပဲ"
"ယွမ်၁၀,၀၀၀လား...လူတိုင်းပဲ ရွှီဖန်းက မြို့မှာ အလုပ်တစ်ခုတောင်မရှာနိုင်ခဲ့ဘူး၊ သူက ဒီလောက်ထိ ပေးဖို့တတ်နိုင်မယ်တဲ့လား...ပေးရမယ့်အချိန်
ရောက်လာရင် ခင်ဗျားတို့ကို ကတိတည်မယ်မှတ်လို့လား"
"ဒါက..."
လူတိုင်းမျက်လုံးထဲမှ မျှော်လင့်ချက်များက ချန်ရှောင်ကျွင်း၏ ရေအေးပုံးကြီးကြောင့် ငြိမ်းသက်သွားရသည်။
တစ်ကယ်ကိုပင် ရွှီဖန်းက မြစ်အောက်ပိုင်းကို ပြန်လာပြီးနေမှတော့ ယွမ်၁၀,၀၀၀သုံးဖို့ တတ်နိုင်သည့် နည်းလမ်းမရှိပေ။
အချိန်ရောက်လို့ အလုပ်တွေပြီးကာမှ ရွှီဖန်းက လုပ်အားခ မပေးလာလျှင် မည်ကဲ့သို့လုပ်မည်နည်း။
ရုတ်ချည်းပင် လူတိုင်းဟာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း တုံ့ဆိုင်းနေကြသည်။
ပထမအချက်က သူတို့ ပိုက်ဆံရှာချင်ကြသည်။ ဒုတိယအချက်ကတော့ ရွှီဖန်း သစ္စာဖောက်သွားမည်ကို ကြောက်နေကြသည်။
သူတို့ ထွက်သွားချင်သော်လည်း စိတ်ကမရပေ။
အေးချမ်းသွားသည့်အခြေအနေက ထပ်ပြီး ပရမ်းပတာဖြစ်လာပြန်သည်။ ဝူယွီရွှမ်း ထွက်ပြောပေးဖို့ပြင်စဥ်မှာပဲ ရွှီဖန်းက လက်ကာပြကာ ချန်ရှောင်ကျွင်းဆီ လျှောက်သွားသည်။
"ချန်ရှောင်ကျွင်း မင်းပြောလို့ပြီးပြီလား"
ရွှီဖန်း၏အကြည့်က မကောင်းနေသော်လည်း ချန်ရှောင်ကျွင်းက မကြောက်ပေ။ အဲ့ဒါနှင့်ဆန့်ကျင်စွာ စိတ်တောင်လှုပ်ရှားနေသေးသည်။
သူ့ပါးစပ်အားစောင်းရွဲ့ရင်း ရွှီဖန်းအား ခပ်ညစ်ညစ်ပြုံးပြကာ လှောင်ပြောလာသည်။
"ဘာလဲ...ရွှီဖန်း ဒါက အမှန်တရားပဲလေ...ငါက ဘာလို့ မပြောနိုင်ရမှာလဲ"
"ရပ်ရွာကော်မတီရုံးရဲ့ လက်ထောက်တစ်ယောက်အနေနဲ့ ရွာသားတွေ လှည့်စားခံရမှာ ငါမကြည့်နိုင်ဘူးလေ...ဟုတ်တယ်မလား"
"ဟီးဟီး ငါမင်းကို တော်တော်ဒုက္ခပေးမိပြီ"
ရွှီဖန်းသည် နှာမှုတ်ကာ ချန်ရှောင်ကျွင်းအား လျစ်လျူရှုလိုက်သည်။ သူ၏အကြည့်အား အရှေ့မှ လူအုပ်ကြီးထံ ရွှေ့လိုက်သည်။
"လူတိုင်းပဲ ကျွန်တော့်ကို အခု မယုံနိုင်ကြဘူးဆိုတာ သိပါတယ်၊ တက္ကသိုလ်မှာဘွဲ့ရခဲ့တဲ့ ရုံးဝန်ထမ်း ချန်ရှောင်ကျွင်းနဲ့ ယှဥ်မယ်ဆိုရင် ကျွန်တော် ရွှီဖန်းက တစ်ကယ်ကို ဗဟုသုတမကြွယ်ပါဘူး"
"ဒါပေမယ့် ကျွန်တော် တက္ကသိုလ်က စာပေတွေမဖတ်ခဲ့ရရင်တောင် လူ့ကျင့်ဝတ်စာအုပ်တွေကို ဖတ်ဖူးပါတယ်...လုပ်အားခအတွက်ကတော့"
ရွှီဖန်းသည် စကားပြောပြီးသည်နှင့် လက်ထဲမှ သေတ္တာအား လော့ခ်ဖွင့်လိုက်သည်။ ထို့နောက် သေတ္တာထဲမှ ပိုက်ဆံတွေကို လူတိုင်းကိုပြလိုက်သည်။
"ဘုရားရေ! ဒါက!"
"ဒါ ဘယ်လောက်တောင်လဲ"
သေတ္တာတစ်ခုလုံးက အနီရောင်ငွေစက္ကူအုပ်များ အထပ်လိုက် အထပ်လိုက်ဖြင့် ပြည့်နှက်နေကာ တုံ့ဆိုင်းနေသည့် ရွာသားများအား လုံးဝအံ့သြစေခဲ့သည်။
ရွှီဖန်းက ဆင်းရဲပြီး ပိုက်ဆံမရှိဘူးလို့ ဘယ်ကောင်ပြောတာလဲ! သူ့ဆီမှာ သိန်းပေါင်းများစွာတောင် ရှိနေ၏။
"လူတိုင်းပဲ ကျွန်တော်က တက္ကသိုလ်ကစာပေတွေမဖတ်ဖူးပေမယ့် ပိုက်ဆံအများကြီး ရှိပြီး ရိုးသားတုန်းပါပဲ"
ရွှီဖန်းသည် ချန်ရှောင်ကျွင်းအား ကြည့်ကာ သရော်လိုက်သည်။
"ချန်ရှောင်ကျွင်း မင်းပဲ ငါကဆင်းရဲပြီးပိုက်ဆံမရှိဘူးလို့ ပြောခဲ့တာမလား...ဒါမှမဟုတ် ဒီကိုလာပြီးရေကြည့်လေ...အထဲမှာ ဘယ်လောက်ရှိလဲဆိုတာကို"
ချန်ရှောင်ကျွင်း၏မျက်နှာက နီရဲနေကာ ရှက်ရွံ့မှုကြောင့် ခေါင်းကို ငုံ့ထားသည်။
အစက ဒီကောင်အား လူတိုင်းရှေ့မှာ အရှက်ခွဲချင်ခဲ့သည်။ သို့သော် ရွှီဖန်းက သူ့မျက်နှာကိုဖြတ်ရိုက်ဖို့ ပိုက်ဆံသိန်းနဲ့ချီပြီး ယူလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ဟမ် ပြောစရာစကားမရှိတော့ဘူးလား...ခုနကပဲ မင်းတို့သားအဖနှစ်ယောက် ဟောင်ဖွာဟောင်ဖွာလုပ်နေကြတာမလား"
ချန်သားအဖနှစ်ယောက်၏ရုပ်ဆိုးနေသောအမူအရာအားကြည့်ရင်း ရွှီဖန်း သရော်လိုက်သည်။
"နှစ်အနည်းငယ်လောက် စာလေ့လာခဲ့ရတာနဲ့ ကြီးမြတ်မယ်လို့ ထင်မနေနဲ့...မင်းက လူဘယ်လိုလုပ်ရမလဲဆိုတာတောင်မသိသေးဘူး...ငါ့မျက်လုံးထဲမှာတော့ မင်းက ခွေးတောင်ဟုတ်မနေဘူး"
ပြီးနောက် သေတ္တာကိုပိတ်ကာ လူတိုင်းကို ပြောလိုက်သည်။
"လူတိုင်းပဲ ပိုက်ဆံရှာချင်တယ်ဆိုရင် မနက်ဖြန် ပုဆိန်ယူပြီး ကျွန်တော့်အိမ်လာခဲ့ကြပါ...အကယ်၍ ကျွန်တော်သာ ခင်ဗျားတို့ကို တစ်ပြားတစ်ချပ်မှ မပေးခဲ့ဘူးဆိုရင် ကျွန်တော့်ဘိုးဘေးဘီဘင်တွေကို မေ့ပစ်ဖို့ တုံ့ဆိုင်းနေမှာမဟုတ်ဘူး!"
အခုလို ရွှီဖန်း၏ ကတိစကားကိုကြားသည့်အခါ လူအုပ်ကြီးသည် မနက်ဖြန် ရွှီဖန်းအိမ်မှာ အလုပ်လုပ်ဖို့ ပြင်ဆင်ရန်အတွက် ပျော်ရွှင်စွာ အိမ်ပြန်သွားကြသည်။
ရွှီဖန်းလည်း ဝူယွီရွှမ်းနောက်လိုက်ကာ ကော်မတီရုံးမှ ထွက်လာခဲ့သည်။
နှစ်ယောက်စလုံးက အထက်တန်းကျောင်းမှာကတည်းက သင့်သင့်မြတ်မြတ်ရှိခဲ့တာကြောင့် လေးနှစ်ကြာ မတွေ့ခဲ့ကြသော်လည်း ပြောစရာစကားမဆုံးအောင် ဖြစ်နေသည်။
"အိုး ဟုတ်သား...ပြီးခဲ့တဲ့လေးနှစ်လုံး ဘာတွေလုပ်နေခဲ့တာလဲ...နင် ဖြူဖြူချောချောမိန်းကလေးနဲ့ သူငယ်ချင်းလုပ်ခဲ့သေးလား"
စကားပြောပြီးနောက် ဝူယွီရွှမ်းသည် စိတ်ဆိုးချင်ဟန်ဆောင်ကာ မေးလာသည်။
ရွှီဖန်းအား သူမ လေးနှစ်တောင်မတွေ့ခဲ့ရတာကြောင့် သူနဲ့ပတ်သက်ပြီး စပ်စုချင်နေသည်။
"ပြော ပြော! ငါ့နောက်ကွယ်မှာ ထားရဲသေးလား"
ဝူယွီရွှမ်း၏တိုက်တွန်းမေးမြန်းမှုက ရွှီဖန်းအား ခါးသက်စွာ ပြုံးစေသည်။
သူ့ရည်းစားကောင်မလေးက သူ့မှာ ပိုက်ဆံမရှိလို့ ထားသွားခဲ့သည်။ ရုပ်ဝါဒီသာကြည့်ကြသည့်လူမှုအဖွဲ့အစည်း၌ ဤကဲ့သို့ လမ်းခွဲပြတ်စဲခြင်းက သာမာန်ပင်။
တွေးပူစရာကိစ္စတွေမရှိဘဲ ကောင်းမွန်သည့်
အခြေအနေမှာ နေထိုင်နေရသည့်အချိန် မြစ်အောက်ပိုင်းရွာကို ပြန်လာမည့် မိန်းကလေးက အများကြီးမရှိပေ။
ရွှီဖန်း ခေါင်းခါယမ်းလိုက်ကာ
"ဘယ်ကရည်းစားရရမှာလဲ...ငါက အခု တစ်ယောက်တည်းပဲ"
"စကားမစပ် မင်းကရော...ကောင်လေးရှိနေပြီလား"
ဝူယွီရွှမ်းက လှပရုံတင်မကဘဲ ထောက်ထားညှာတာတတ်သည်။ တက္ကသိုလ်တက်နေတုန်းက ကောင်းမွန်သည့်နောက်ခံရှိသော ကောင်လေးတွေက သူမအား လိုက်ပိုးကြမည်ဟု သူယုံကြည်သည်။
အနည်းငယ်စိတ်ဓာတ်ကျနေဟန်ဖြင့် ဝူယွီရွှမ်းသည် သူမလျှာအား ထုတ်ကာ သက်ပြင်းချလာသည်။
"ဘယ်လိုလုပ် ကောင်လေးထားနိုင်မှာလဲ...ငါက အခုထိ အချစ်ဦးဆီမှာပဲ နစ်မြုပ်နေတုန်းရှိသေးတယ်...တက္ကသိုလ်တက်နေတုန်းကလည်း သူ့အကြောင်းပဲတွေးနေခဲ့တာ"
ရွှီဖန်း အံ့သြသွားရသည်။ ရွာထဲ၌ သူမ၏ဆွဲဆောင်မှုအား ခံနိုင်ရည်ရှိသော ယောကျ်ားလေး အများကြီးမရှိပေ။
"သူ မင်းကို မကြိုက်ဘူးလို့ ငါ့ကိုမပြောနဲ့"
ဝူယွီရွှမ်းသည် ရွှီဖန်းအား မကျေနပ်ကြောင်း အရိပ်အမြွက်ပြကာ အော်လာသည်။
"ငါနင့်ကို ပြောပြမှာမဟုတ်ဘူး! နင်သိချင်လွန်းလို့ ဒေါသထွက်ပြီး သေသွားမှာ!"
သူတို့နှစ်ယောက်စလုံးမှာ အထက်တန်းကျောင်းတက်ခဲ့သည့်အချိန်ပဲ ပြန်ရောက်သွားသကဲ့သို့ ဝူယွီရွှမ်းအိမ်သို့ သွားနေသည့်လမ်းတစ်လျှောက်လုံး ရယ်မော၍ စကားပြောလာကြသည်။
"ဟုတ်ပြီ...ငါ့အိမ်ရောက်ပြီ...ရွှီဖန်း အိမ်ထဲဝင်ဦးလေ"
ဝူယွီရွှမ်းသည် စိတ်မကျေနပ်သေးတာကြောင့် သူမအိမ်ရှေ့မှာ ရပ်ကာ ရွှီဖန်းအား ဖိတ်နေသည်။
"အာ...ဦးလေးထိုက်ကန်း အိမ်မှာ အနားယူနေမလား"
ရွှီဖန်းမေးနေရင်း သူ့ခေါင်းက အိမ်ထဲသို့ ချောင်းကြည့်နေသည်။ ဝူယွီရွှမ်း သူ့အားကြည့်
နေသည်ကို မြင်မှ ရှက်သွားရသည်။
သူမ ရည်းစားမထားဖူးပေ။ သို့သော် ဝက်သားမစားဖူးပေမယ့် ဝက်ပြေးတာတော့ မြင်ဖူး၏။
ဒီလူဆိုးကောင်က အိမ်မှာ ဘယ်သူမှမရှိရင် သူမကို တစ်ခုခုလုပ်ဖို့ ကြံစည်နေတာလား။
ဒါက သူမအမှားပင်။ သူ့ကို ဘာလို့အိမ်ထဲ ဖိတ်မိတာပါလိမ့်!
ဝူယွီရွှမ်း၏မျက်နှာက နီရဲနေသည်။ သူမနှာခေါင်းအား ရှုံ့ကာ စိတ်ဆိုးဆိုးဖြင့် မကျေမနပ်ဆိုလာသည်။
"ငါ့အဖေရော အမေရော နှစ်ယောက်လုံးရှိတယ်...ဟမ့် နင်အထဲဝင်ဖို့ပြင်နေတုန်းလား"
ရွှီဖန်းသည် ချက်ချင်း ပျော်ရွှင်သွားရကာ...
"ဒါကောင်းတယ်! ဦးလေးထိုက်ကန်းသာ အိမ်မှာရှိရင် ငါ တစ်ခုခုလုပ်ဖို့ ပိုအဆင်ပြေသွားပြီ!"
"နင်! နင်! နင်!"
ဝူယွီရွှမ်းသည် ချက်ချင်းဒေါသထွက်သွားကာ ဘာစကားမှတောင် မပြောနိုင်တော့ပေ။ ဒီရွှီဖန်းက အရမ်းဆိုးသည်။ မြစ်အောက်ပိုင်းရွာက တေလေဂျပိုးလူဆိုးတွေနဲ့တူတူ ဖမ်းထားသင့်သည်။
သူမ ရွှီဖန်းအား စိတ်ဆိုးတကြီး တို့ဆိတ်ကာ...
"ရွှီဖန်း ငါတို့က အတန်းဖော်တွေပဲရှိသေးတာလေ..နင်! နင်က ဘာတစ်ခုခုလုပ်ချင်နေတာလဲ"
"ဟမ်?"
ရွှီဖန်းသည် စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ်လို့နေသည်။
ဝူယွီရွှမ်းပြောနေသမျှ စကားတစ်လုံးကိုတောင် သူနားမလည်ပေ။
"အာ...အတန်းဖော်ဟောင်း...ငါက ဦးလေးထိုက်ကန်း လေဖြတ်သွားတယ်ဆိုပြီး ချန်ကျင်းရှန်ပြောတာ ကြားခဲ့လို့လေ၊ ငါ ဆေးပညာအကြောင်းနည်းနည်းသိလို့ ကြည့်ပြီး ကူညီချင်လို့...အဆင်မပြေလို့လား"
"ဘာ!"
ဝူယွီရွှမ်း၏မျက်နှာသေးသေးလေးက နီရဲတက်သွားသည်။ သူမ အတွေးလွန်နေခဲ့တာပဲ။
"အာ...ရွှီဖန်း...နင် တစ်ကယ်ပဲ ဆေးပညာသိတာလား"
ရွှီဖန်း သူ့နှုတ်ခမ်းအား ကွေးကာ ပြုံးလိုက်သည်။
"ငါ့ကိုမယုံရင် ဆရာမရှုကို မေးနိုင်တယ်...အိုး...မဟုတ်...ချိုးယာလို့ပြောတာ"
"ဒါနဲ့ အတန်းဖော်ဟောင်းရေ...ခုနက မင်းထင်သွားတဲ့ တစ်ခုခုလုပ်ဆိုတာ ဘာကိုဆိုလိုတာလဲ"