← Chapters

စုဝမ်၏ အပ်ကိုးအပ် ပညာ

Vol. 2 Ch. 27

စုဝမ်၏ အပ်ကိုးအပ် ပညာ

Vol. 2 Ch. 27

"ငါနင့်ကို မပြောပြဘူး!"

ဝူယွီရွှမ်းသည် နှုတ်ခမ်းစူလျက် ရွှီဖန်းအား စိုက်

ကြည့်ကာ ခြံဝင်းထဲသို့ ဒေါသတကြီးဝင်သွားသည်။

ရွှီဖန်းမှာ ရယ်ရခက်ငိုရခက်စွာ ခေါင်းခါရမ်းမိသည်။ သူမ ဘာကြောင့် ရုတ်တရက်ကြီး စိတ်ဆိုးသွားရလဲ သူ မသိသော်ငြား ဒီနေ့ သူ့အား များစွာ ကူညီပေးခဲ့တာကြောင့် သူမအား ပြန်ကူညီပေးချင်နေသည်။

စိမ်းပြာရောင်ဆေးအိတ်ထဲမှ ဆေးနည်းအနည်းငယ်သာ လေ့လာရသေးသော်လည်း လေဖြတ်ခြင်းကို ကုသရန်မှာ ကြီးမားသည့် ပြဿနာမဟုတ်ချေ။

ဝူယွီရွှမ်း လိုလားသည်ဖြစ်စေ မလိုလားသည်ဖြစ်စေ သူမနောက်မှနေ၍ ခြံဝင်းထဲ ချက်ချင်းလိုက်ဝင်ခဲ့သည်။ 

"ယွီရွှမ်း...ပြန်လာပြီလား...ဟင်?"

ပန်းပွင့်ပုံအင်္ကျီလက်ပါသည့်ဝတ်စုံကို ဝတ်ဆင်ထားသော ရင့်ကျက်တင့်တယ်ပုံရှိသည့် အမျိုးသမီးသည် အိမ်ထဲမှ ထွက်လာကာ ဝူယွီရွှမ်းအား လာကြိုသည်။ သူမက ရွှီဖန်းအား စူးစူးစမ်းစမ်းဖြင့် အကဲခတ်နေသည်။

"အဒေါ်တုန်မေ...ကျွန်တော် ရွှီဖန်းပါ"

ဤအမျိုးသမီးမှာ ဝူယွီရွှမ်းနှင့် ဆင်လေသည်။ ဝူယွီရွှမ်း၏သန့်စင်ကြည်လင်သည့်အလှနှင့်ယှဥ်ရလျှင် သူမ၏ခန္ဓာကိုယ်မှာ ရင့်ကျက်တည်ငြိမ်သည့်ဆွဲဆောင်မှုတစ်မျိုး ထုတ်လွှတ်နေသည်။

ရွှီဖန်းမိတ်ဆက်မှသာ ကျောက်တုန်မေသည် ချက်ချင်း မှတ်မိသွားတော့သည်။ 

"အိုး! ရွှီဖန်းလား...အဒေါ် အခုမှတ်မိပြီ! သား အပြင်မှာအလုပ်ထွက်လုပ်နေတာမလား...ရွာကို ဘယ်အချိန်က ပြန်ရောက်လဲ"

"ကျွန်တော်ပြန်ရောက်နေတာ နည်းနည်းတော့ကြာပြီဗျ"

ရွှီဖန်း ယဥ်ကျေးစွာ ပြန်ဖြေလိုက်သည်။ 

အမေဖြစ်သူသည် ဟိုးအောက်ခြေကအစ မေးမြန်းတော့မည်မှန်း သိတာကြောင့် ဝူယွီရွှမ်းမှာ ခပ်မြန်မြန်ပင် အကြောင်းအရာအား ပြောင်းလိုက်သည်။

"အမေ အဖေရောဟင်...ရွှီဖန်းမှာ အဖေ့ကို ကုသဖို့ နည်းလမ်းရှိတယ်တဲ့...အဲ့ဒါကြောင့် သူ့ကို ကြည့်စေချင်လို့"

ဝူထိုက်ကန်း လေဖြတ်ပြီးကတည်းက လူနာအနေဖြင့် ဆေးရုံအား မသွားခဲ့ရတာ မရှိပေ။ သို့သော်ငြား ခရိုင်ဆေးရုံမှာ သတ်လတ်ပိုင်းအရွယ်များသည် သဘာဝအရ လေဖြတ်နိုင်သည်ဟုသာ ပြောခဲ့သည်။

သူ့အား ပို၍ ဂရုစိုက်ပြုစုခဲ့ကြသော်လည်း အခုထိ ပြန်မကောင်းလာပေ။ ဒါကိုမြင်တိုင်း ဝူယွီရွှမ်းမှာ နှလုံးနာကျင်ရသည်။ 

သူမ မြစ်အောက်ပိုင်းကို ပြန်လာသည့် နောက်ထပ်

အကြောင်းအရင်းကလည်း အဖေဖြစ်သူအား ပြုစုရန်ဖြစ်သည်။

"ရွှီဖန်း သား...သား တစ်ကယ်ပဲ ကုနိုင်တာလား၊ အဒေါ့်ကို နောက်နေတာလား"

ကျောက်တုန်မေ၏ တွေးရခက်ဖြစ်နေသည့်အမူအရာအား မြင်သည့်အခါ ရွှီဖန်းမှာ ရယ်ရခက်ငိုရခက်ပင်။

"အဒေါ်...ဝမ်ရှို့ချိုင်ရဲ့သားခံစားနေရတဲ့ ရောဂါကိုတောင် ကျွန်တော်ကုနိုင်တယ်ဆိုမှတော့ ဦးလေးဆိုရင်ရော...အဒေါ် ဘယ်လိုထင်လဲ"

"ဘာ!"

ကျောက်တုန်မေသည် ရွှီဖန်း၏အခြေအနေဖြင့် ဤကိစ္စအား ကြွားဝါရုံသက်သက် ပြောမည်မဟုတ်မှန်း သူမ ရှင်းရှင်းလင်းလင်း သိသည်။  သူမ၏မျက်လုံးများက လှိုင်းအနည်းငယ် ထသွားသည်။ ဝူထိုက်

ကန်းတစ်ယောက် လေဖြတ်ခြင်းဒဏ်ကို ဘယ်လောက်ထိခံစားနေရလဲဆိုတာ သူမထက် ပိုသိတဲ့လူ မရှိပေ။ ဇနီးမယားတစ်ယောက်အနေဖြင့် ရွှီဖန်းသာ သူမယောကျ်ားအား ကုသပေးနိုင်မည်ဆိုလျှင် ရွှီဖန်း ဘာပဲတောင်းဆိုပါစေ သူမလက်ခံနိုင်သည်။

"ရွှီဖန်း သားရဲ့ဦးလေးက မြစ်အောက်ပိုင်းရွာရဲ့ကိစ္စတွေနဲ့ အလုပ်သာ ရှုပ်မနေခဲ့ရင် လေဖြတ်သွားမှာမဟုတ်ဘူး...သားနဲ့ ယွီရွှမ်းကလည်း အတန်းဖော်တွေပဲ...အန်တီတောင်းပန်ပါတယ်...ကူညီပေးနိုင်မလား"

ကျောက်တုန်မေ၏ စိတ်လှုပ်ရှားနေသည့် အမူအရာကို ကြည့်ကာ သူမအား အမြန် နှစ်သိမ့်ပေးလိုက်သည်။

"အဒေါ် ဒီလိုတွေမပြောပါနဲ့၊ ဦးလေးထိုက်ကန်းက ကျွန်တော်တို့အိမ်ကို အများကြီး ကူညီပေးခဲ့တာ၊ ဦးလေးကို ကုသနိုင်သ၍တော့ ကျွန်တော် အားထုတ်မှုအကုန်သုံးမှာပါ...အရင်ဆုံး ဦးလေးကို ကြည့်ဖို့ ခေါ်သွားပေးပါဦး...ဟုတ်ပြီလား"

"ဟုတ်ပါပြီ! ဟုတ်ပါပြီ!"

ကျောက်တုန်မေသည် သူမ၏မျက်လုံးများအား ပွတ်သပ်ကာ ချက်ချင်းသဘောတူလာသည်။ သူမက ရွှီဖန်းအား အိပ်ခန်းသို့ ခေါ်ဆောင်သွားသည်။

ရွှီဖန်း နောက်သို့ဆုတ်လိုက်သည်။ ထိုနှစ်ယောက် သူ့ဆီ၌ အာရုံမရှိခင်မှာ သိုလှောင်လက်စွပ်ထဲမှ အပ်ဘူးအားထုတ်ကာ အိတ်ထဲ ထည့်လိုက်သည်။

အိပ်ခန်းထဲ ဝင်လိုက်သည့်အခါ အိပ်ရာပေါ်မှာ မလှုပ်မယှက်လှဲနေသည့် ဝူထိုက်ကန်းအား တွေ့လိုက်ရသည်။ သူ့ပါးစပ်မှ တစ်ခုခုအား ညည်းညူပြောဆိုနေသော်လည်း သူဘာပြောလဲဆိုတာ ရှင်းရှင်းလင်းလင်း မကြားနိုင်ပေ။

"ရွှီဖန်း ကြည့်ပါဦး...ကုသလို့ရသေးလားလို့"

ဝူယွီရွှမ်းနှင့် ကျောက်တုန်မေသည် ရွှီဖန်းအား မျှော်လင့်တကြီး ကြည့်နေကြသည်။ ရွှီဖန်း ခေါင်းညိတ်လိုက်ကာ...

"ပြဿနာကြီးကြီး မဟုတ်ပါဘူး"

မျက်မှောက်ခေတ်ဆေးအခေါ်အဝေါ်အရ လေဖြတ်

ခြင်းဆိုသည်မှာ ဦးနှောက်သွေးကြောပိတ်ခြင်းဖြစ်သည်။ များသောအားဖြင့် သွေးစီးဆင်းမှုက ပုံမှန် မလည်ပတ်ရာကနေ ဦးနှောက်သွေးကြောပိတ်ခြင်း သို့မဟုတ် ဦးနှောက်သွေးယိုစီးခြင်းများ ဖြစ်လာကြသည်။ 

အကယ်၍ သူသာ ဦးနှောက်သွေးကြောပိတ်ဆို့မှုအား ဖယ်ရှားနိုင်မည်ဆိုလျှင် လေဖြတ်ခြင်းရောဂါအား ပြည့်ပြည့်ဝဝ ကုသနိုင်လိမ့်မည်။

စိမ်းပြာရောင်ဆေးအိတ်ထဲတွင် 'ရိုးရှင်းသောပြဿနာများအတွက် စုဝမ်၏အပ်ကိုးအပ်ပညာ' ဟုအမည်ရသော တရုတ်အပ်စိုက်ကုထုံးနည်းအား မှတ်တမ်းတင်

ထားသည်။ ထို တရုတ်အပ်စိုက်ကုထုံးအား ဝူထိုက်

ကန်းအပေါ်မှာ သုံးလိုက်သည်နှင့် သူ၏လေဖြတ်

ရောဂါကို အပြတ်ကုသနိုင်မည်ဟု သူယုံကြည်သည်။

ဒါ့အပြင် ဝူထိုက်ကန်းက အသက်မကြီးသေးပေ။ သက်ကြီးပိုင်းအရွယ်များနှင့် ယှဥ်မည်ဆိုလျှင် ဝူထိုက်ကန်း၏လေဖြတ်ရောဂါက ပိုပြီးအခြေအနေကောင်းသည်။

ရွှီဖန်းသည် ငွေအပ်လေးများပါသည့် ဘူးအား ထုတ်ကာ ဝူယွီရွှမ်းနှင့် ကျောက်တုန်မေအား ပြောလိုက်သည်။

"ဦးလေးထိုက်ကန်း ထိုင်လို့ရအောင် ကူညီပေးပါ"

"ကောင်းပြီ! ကောင်းပြီ!"

ထိုနှစ်ယောက်မှ ဝူထိုက်ကန်း ထလို့ရအောင် ကူညီပေးပြီးနောက်မှာ ရွှီဖန်းသည် လက်တစ်ဖက်နှင့် ငွေအပ်

တစ်ချောင်းအား ထုတ်ကာ ဝူထိုက်ကန်း၏ ခန္ဓာကိုယ်အပေါ် ထိုးစိုက်လိုက်သည်။

လေဖြတ်ခြင်းခံစားနေရသည့်လူနာအများစုမှာ 'လေ' လက္ခဏာများ ရှိကြသည်။ ရွှီဖန်းသည် အရင်ဆုံး ငွေအပ်များအား ဝူထိုက်ကန်း၏ ဖန်းချီ၊ ဖန်းဖု၊ စစ်ကုန်း ဟု ခေါ်သော ကုထုံးအမှတ် သုံးခုရှိ လေဓာတ်များပျောက်ကွယ်သွားရန်အလို့ငှာ စိုက်သွင်းလိုက်သည်။

ပြီးနောက်မှာ ခန္ဓာကိုယ်အတွင်းရှိလမ်းကြောင်းတစ်လျှောက် လေများအား ရှာဖွေရန်နှင့် သွေးဖိအားလျော့ကျစေရန် အလို့ငှာ ငွေအပ်များအား လှည့်ပတ်နည်းပညာဖြင့် ချွီ့ချီနှင့် ယန်လင်းချွမ် အမှတ်များအပေါ် ထိုးစိုက်လိုက်သည်။ 

ရွှီဖန်းသည် စုဝမ်၏အပ်ကိုးအပ်ပညာအား ပထမဆုံးအကြိမ် အသုံးပြုရခြင်းဖြစ်တာကြောင့် သေးငယ်သည့် အမှားလေးတောင် မလုပ်ရဲဘဲ ဂရုတစိုက် အသုံးပြုနေသည်။

နာရီဝက်နီးပါးကြာပြီးမှသာ သူပြီးဆုံးသွားခဲ့သည်။

နဖူးပေါ်မှ ချွေးများကို သုတ်ကာ သူ တိတ်တဆိတ် ဝမ်းမြောက်မိသည်။ စိတ်ဝိညာဥ်ဖွင့်ခြင်းအမှုန့်အား သူသောက်သုံးခဲ့တာ ကောင်းမွန်သည့်ကိစ္စပင်။ မဟုတ်လျှင် ပထမဆုံးအကြိမ်ကြိုးစားမှု၌ သူ ကျရှုံးနိုင်သည်။

"သွေး! သွေးထွက်နေတယ်!"

ထိုအချိန်၌ ကျောက်တုန်မေသည် ဝူထိုက်ကန်း၏ ခေါင်းအား ညွှန်ပြကာ အော်ဟစ်လာသည်။

ဝူထိုက်ကန်း၏ဦးခေါင်းတွင်စိုက်ထားသော အပ်ချောင်းမှ သွေးစီးထွက်လာသည်ကို တွေ့လိုက်ရသည်။

ဝူယွီရွှမ်းနှင့်ကျောက်တုန်မေ၏ ကြောက်လန့်သော မျက်နှာထားအား ကြည့်ကာ ရွှီဖန်းမှာ ရယ်ရခက်ငိုရခက်ပင်။

"ယွီရွှမ်း အဒေါ်...မလန့်ပါနဲ့၊ ဦးလေးထိုက်ကန်း လေဖြတ်ရတဲ့အကြောင်းအရင်းက ဦးနှောက်မှာ သွေးခဲနေလို့ပဲ၊ အဲ့ဒါကိုမထုတ်ဘူးဆိုရင် ဘယ်လိုလုပ်ကုသလို့ရမှာလဲ"

"အာ ဒါက"

နှစ်ယောက်စလုံး တဖြည်းဖြည်းစိတ်အေးလာကာ ဝူထိုက်ကန်းအား ကြည့်နေကြသည်။ သူ့ဦးခေါင်းမှသွေးများထွက်နေသော်လည်း သူကတော့ နာကျင်နေသည့်ပုံမပေါ်ပေ။

"ထိုက်ကန်း...ဘာလဲ...ဘာပြောလိုက်တာလဲ"

ဝူထိုက်ကန်း၏ နှုတ်ခမ်းက အနည်းငယ် ဟလာသည်အား ကျောက်တုန်မေမြင်သည့်အခါ ချက်ချင်း စိတ်လှုပ်ရှားသွားသည်။

ဝူထိုက်ကန်း စကားပြောသံအား သူမကြားရသည့်အခါ  စိတ်လှုပ်တရှားဖြင့် မျက်ရည်များလည်း သူမမျက်လုံးမှ စီးကျလာသည်။

"ယွီရွှမ်း! ယွီရွှမ်း! သမီးရဲ့အဖေ သမီးရဲ့အဖေက စကားပြောနိုင်နေပြီ!"

လေဖြတ်ခြင်းကြောင့် ဝူထိုက်ကန်းသည် အချိန်အတော်ကြာ စကားမပြောနိုင်ခဲ့ပေ။ သူ့အသံက တိုးလျနေသေးသော်လည်း ထစ်ငေါ့ခြင်းလုံးဝမရှိတော့ပေ။ ကျောက်တုန်မေမှာ စိတ်မလှုပ်ရှားဘဲ မနေနိုင်

တော့ချေ။

"ရွှီဖန်း ငါ...ငါ"

ဝူယွီရွှမ်းသည်လည်း စိတ်လှုပ်ရှားနေတာကြောင့် စကားမပြောနိုင်ပေ။ နှာရှုပ်ပြီးနောက်မှသာ သူမ အပြည့်အဝစကားပြောနိုင်တော့သည်။

"ရွှီဖန်း ကျေးဇူးတင်ပါတယ်ဟာ"

ရွှီဖန်းသည် ခေါင်းကို ခါယမ်းလိုက်ကာ...

"အတန်းဖော်ဟောင်း...ငါတို့ဆက်ဆံရေးက ဘာလဲ၊ ငါတို့ကြားမှာ ကျေးဇူးတင်ဖို့ လိုသေးလို့လား"

"ကောင်းပြီ ငိုနေတာရပ်တော့...ငိုနေတဲ့မျက်နှာက ကြည့်လို့လဲမကောင်းဘူး"

အချိန်ခဏကြာပြီးနောက် ဝူထိုက်ကန်းခန္ဓာကိုယ်ပေါ်မှ ငွေအပ်များအား တစ်ခုပြီးတစ်ခုဆွဲထုတ်လိုက်သည်။ လက်ရှိအချိန်မှာ ဝူထိုက်ကန်းသည် လေဖြတ်ရောဂါကို ခံစားဖြတ်သန်းခဲ့ရတာကြောင့် အရင်ဆုံးအနားယူရန်လိုအပ်သည်။ ဒါကြောင့် ထိုနှစ်ယောက်အား အိပ်ခန်းထဲမှ ခေါ်ထုတ်လာခဲ့သည်။

"ကလေး...ဒီညအိမ်မပြန်နဲ့တော့၊ အိမ်မှာစားသွား! အဒေါ် ကြက်သွားသတ်လိုက်ဦးမယ်"

ယခု ဝူထိုက်ကန်း၏ လေဖြတ်ရောဂါကိုလည်း ကုသပြီးပြီဖြစ်လို့ ကျောက်တုန်မေသည် ရွှီဖန်းအား ညစားကျွေးရန် ချက်ချင်းဆွဲထားတော့သည်။ သူမ၏ ကျေးဇူးတင်မှုကို ပြသချင်တာကြောင့် ကြက်အိုကြီးကို သတ်ပြီး ကြက်စတူးလုပ်ပေးခဲ့ရာ ရွှီဖန်းအား အနည်းငယ် ရှက်ရွံ့စေသည်။

နှစ်ယောက်စလုံးသည် မတိုင်ခင်က သူ့ဆေးပညာကျွမ်းကျင်မှုအား မကြားဖူးတာကြောင့် မေးခွန်းများစွာမေးခဲ့ကြသည်။ ရွှီဖန်းမှာ ချွေးမနည်းမနော ထွက်ခဲ့ရသော်ငြား သူတို့အား ကောင်းစွာ ဖုံးကွယ်ထားနိုင်ခဲ့သည်။

ဘာကြောင့်လဲတော့ သူမသိပေ။ ကျောက်တုန်မေနှင့် ဝူယွီရွှမ်း၏ သူ့ကိုကြည့်နေသော အကြည့်များက အနည်းငယ်ကွဲပြားလာသည်ဟု သူခံစားခဲ့ရသည်။

All Chapters