← Chapters

သစ်ပင်စိုက်ပျိုးခြင်း

Vol. 2 Ch. 30

သစ်ပင်စိုက်ပျိုးခြင်း

Vol. 2 Ch. 30

ချိုးဆုအာသည် ရွှီဖန်းအား ကျေးဇူးတင်စကားပြောချင်နေသော်လည်း သူမကအလွန်ရှက်နေတာကြောင့် ဘာစကားမှ မပြောနိုင်ဖြစ်နေသည်။ ထိုအခိုက်အတန့်မှာ သူမ ထပ်ပြီး မျက်နှာနီရဲသွားတော့သည်။

ချိုးဆုအာ၏ပုံစံအား ကြည့်ကာ ရွှီဖန်း ရယ်ရမလား ငိုရမလားပင် မသိတော့ချေ။ သူမ ပုခုံးအား ပုတ်ပေးလိုက်ကာ...

"ကောင်းပြီ...စကားမပြောနဲ့တော့ သွားစားရအောင်လေ"

"အင်း..."

ခြင်သံလေးကဲ့သို့ သူမအသံပြုကာ မီးဖိုချောင်ထဲမှ ထွက်ရန်ပြင်လိုက်သည်။

သို့သော် သူမ ပျာယာခတ်နေခဲ့တာကြောင့် ခန္ဓာကိုယ် မျှချေပျက်ကာ မြေကြီးအပေါ် လဲကျတော့သည်။

"ဂရုစိုက်!"

ရွှီဖန်းလည်း လန့်သွားတာကြောင့် သူ့လက်ကို အမြန်ဆန့်ထုတ်၍ ချိုးဆုအာ၏ သေးသွယ်သော ခါးလေးအား ရစ်ပတ်လိုက်သည်။

ကံမကောင်းစွာပင် ကောင်းကင်ဘုံစွမ်းအားအဆောင်၏ သက်ရောက်မှုမှာ ကုန်သွားလေပြီ။ ရွှီဖန်းမှာ ချိုးတုအာကို ဖက်လိုက်သော်ငြား ကောင်းစွာ မရပ်မိတာကြောင့် ချိုးဆုအာ ကို ကိုင်ထားရင်း သူပါ လဲကျတော့သည်။

ချိုးဆုအာ၏ နူးညံ့သော ခန္ဓာကိုယ်လေးသည် ကူရှင်ကဲ့သို့ ထင်ရကာ ရွှီဖန်းလဲကျသွားသော်လည်း နာကျင်မှုကို မခံစားခဲ့ရပေ။

ထိုမျှတင်မကဘဲ ချိုးဆုအာ၏ ခန္ဓာကိုယ်အပေါ် လှဲနေရခြင်းက သက်သောင့်သက်သာပင် ရှိနေသေးသည်။ ချိုးဆုအာ၏ ရနံ့လေးကို ရမှသာ ရွှီဖန်း အသိဝင်ကာ မေးလိုက်သည်။

"အစ်မဆုအာ...ကျွန် ကျွန်တော် အစ်မကို နာအောင် လုပ်မိသွားလား"

"မလုပ်ဘူး မလုပ်ပါဘူး"

ချိုးဆုအာ၏ အသံမှာ ခြင်သံလေးကဲ့သို့ တိုးလျနေသည်။ မနေ့ညကပဲ ရွှီဖန်း ဖိထားခြင်းကို ခံခဲ့ရပြီး ဒီနေ့မှာလည်း ထပ်ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ရွှီဖန်းဆီမှ ယောကျ်ားဆန်သော ရနံ့ကို ရလိုက်တာကြောင့် သူမ ပိုပြီး စိတ်ရှုပ်ထွေးလာသည်။

အခုထိ ရွှီဖန်းက သူမခန္ဓာကိုယ်အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာကိုလည်း သူမ သတိမပေးမိပေ။ တစ်ဖက်မှာ သူမ ငြင်းဆန်ချင်နေပြီး တစ်ဖက်ကလည်း အနည်းငယ် ရှက်ရွံ့နေသည်။

ဒုက္ခကြားထဲမှာ သူမသတ္တိကို စု၍ အားနည်းစွာ ဆိုလိုက်သည်။ 

"ရွှီဖန်း...လက်တွေဖယ်ပေးလို့ရမလားဟင်၊ အစ်မ နာနေပြီမလို့"

"အို..အိုး!"

ရွှီဖန်း ရှက်ရွံ့သွားကာ ချိုးဆုအာအပေါ်မှ အမြန်

ထ၍ သူမကိုလည်း ထနိုင်ရန် ကူညီပေးလိုက်သည်။ မီးဖိုချောင်ထဲ၌ နှစ်ယောက်ထဲသာ ရှိတာကြောင့် စကားပြောရန်ပင် နေရခက်နေသည်။

ချိုးဆုအာသည် သူမ၏ အနီရောင်နှုတ်ခမ်းများအား ကိုက်ကာ တစ်ခုခုပြောချင်နေသကဲ့သို့ ရွှီဖန်း အား ကြည့်နေသည်။ 

"ရွှီဖန်း အရင်စားဖို့ သွားလိုက်ပါ...အစ်မ အစ်မ ပြီးမှ လိုက်လာခဲ့မယ်"

"ဟုတ်...ဒါဆို အရင် သွားနှင့်ပြီ"

ဒီနည်းလမ်းဖြင့် နေရခက်နေသည့်လေထုလည်း များစွာ လျော့ပါးလာသည်။ ချိုးဆုအာသည် ဘာမှမဖြစ်ပျက်ခဲ့သကဲ့သို့ သူမ၏အဝတ်အစားအား သပ်ရပ်အောင် ပြင်ပြီးမှ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။ 

ရွှီဖန်း၏ကိုယ်ပိုင်လုပ်ငန်းတွင် ရွာသားများ လာရောက်ကူညီအောင် လုပ်ဆောင်ခဲ့သည့်နည်းလမ်းမှာ နေ့စဥ်ငွေချေခြင်းပင်။ ဒီနည်းလမ်းဖြင့် ရွာသားများသည် သူတို့အပေါ် ရွှီဖန်း လစာမပေးတော့မည်ကို စိုးရိမ်စရာမလိုခဲ့ပေ။ ထိုအစား သတင်းက မြစ်အောက်ပိုင်းရွာတစ်ခုလုံးကို ပျံ့နှံ့သွားကာ ရွှီဖန်းအား လာရောက်ကူညီသည့် ရွာသားများစွာ ရှိလာလေသည်။

တိုတောင်းသည့် သုံးရက်အတွင်းမှာတင် ရွှီဖန်းအိမ်၏အနောက်မှ တောင်ပေါ်ရှိသစ်ပင်များအားလုံး အပိုင်းပိုင်း အခုတ်ခံလိုက်ရသည်။

ရွှီဖန်းလည်း သက်ပြင်းချမိတော့သည်။ ပိုက်ဆံရှိခြင်းက တစ်ကယ်ကို စွမ်းအားကြီးသည်။ ဒီအလုပ်ကို သူတစ်ယောက်တည်းသာ လုပ်မည်ဆိုလျှင် တစ်လအတွင်းတောင် အပြီးသတ်နိုင်မည်မဟုတ်ပေ။

ထိုအချိန် သူစရန်ငွေ ပေးချေထားသည့် အပင်များလည်း ခရိုင်မြို့တော်ဆိုင်ကနေ အိမ်တိုင်ရာရောက် လာပို့လာသည်။

အပင်ပေါင်း၃၀၀ကို မြစ်အောက်ပိုင်းရွာသို့ ပို့ဆောင်ရသည်မှာ မလွယ်ကူလှချေ။ မြစ်အောက်ပိုင်းရွာရှိ လမ်းများမှာ ချာတူးလံနေတာကြောင့် ကားကြီးများမှာ မဝင်ရောက်နိုင်ပေ။ ဝန်ထမ်းများမှာ ထိုအပင်များအား သုံးဘီးပါ ပက်လက်ကုန်တင်တွဲ ပေါ်သို့ တင်ကာ ဆွဲလာရသည်။ 

ဒါကြောင့် ရွှီဖန်းလည်း ပို့ဆောင်ခအား ယွမ်ရာဂဏန်းလောက် အပိုထည့်ပေးခဲ့သည်။

အခုဆိုလျှင် အပင်၃၀၀စလုံး သူ့အပိုင်များဖြစ်သွားလေပြီ။ ရွှီဖန်းသည် ရွာသားများအား အပင်များစိုက်ပျိုးရန် ဆိုသည့် နောက်ထပ်တာဝန်အား ချပေးလိုက်သည်။

အပင်များခုတ်ရသည်ထက်စာလျှင် သီးပင်စားပင်များ စိုက်ပျိုးရခြင်းက ပိုလွယ်ကူတာကြောင့် တစ်ပင်စိုက်လျှင် ၂၅ယွမ်သာ ပေးခဲ့သည်။ အားလုံးပေါင်း အပင်၃၀၀ဖြစ်၍ ယွမ်၇၀၀၀ကျော် ကျသင့်

လိမ့်မည်။

အပင်စိုက်ပျိုးခြင်းကို လုပ်ရန် ဆန္ဒရှိသူ အနည်းငယ်သာ ရှိသော်လည်း တစ်ယောက်မှမရှိဘူးလို့တော့မဆိုလိုပေ။

ဆိုင်သူဌေးသတိပေးထားသည့်အတိုင်း ရွှီဖန်း၏ ကြီးကြပ်မှုအောက်တွင် တောင်တစ်လျှောက် အပင် ၃၀၀ကို စိုက်ပျိုးပြီးစီးသွားခဲ့သည်။

အပင်လေးတွေက သေးသေးလေးတွေသာ ရှိသေးသော်လည်း ရွှီဖန်းက မစိုးရိမ်ပေ။ သူသာ ကောင်းကင်ဘုံမြေသြဇာအား လုံလောက်စွာ ရရှိသ၍ ဒီအပင်လေးတွေ မြန်စွာ ကြီးထွားလာလိမ့်မည်။

အချိန်တစ်ခုရောက်လာသည်နှင့် တောင်တစ်လျှောက် အသီးများပေါကြွယ်ဝကာ သူ့အတွက် စီးပွားရေးအကျိုးအမြတ်များစွာ ယူဆောင်လာပေးလိမ့်မည်။

ရွာသားအားလုံး ထွက်သွားကြပြီးနောက်မှာ ရွှီဖန်းသည် wechatမှတဆင့် ထိုက်ပိုင်ကျင့်စစ်ထံ စာပို့လိုက်သည်။ ထိုက်ပိုင်ကျင့်စစ်ဆီမှ ကောင်းကင်ဘုံမြေသြဇာရလျှင် ပိုကောင်းလိမ့်မည်ဖြစ်သော်လည်း ထိုနတ်အိုကြီးမှာ စာမပြန်လာပေ။

တွေးကြည့်မည်ဆိုလျှင် ဒီနတ်အိုကြီးမှာ သူ့အား လျစ်လျူရှုနေတာ ရက်အနည်းပင် ကြာနေလေပြီ။ သူ့ကို ဂရုစိုက်ဖို့နေသာသာ ကောင်းကင်ဘုံနန်းတော်မှာ wechatကို ပရိုမိုးရှင်းဆင်းနေတာနဲ့တင် အလုပ်များနေလောက်ပေသည်။

ရွှီဖန်းကလည်း အလျင်မလိုချေ။ သူ့အတွက် နည်းနည်းလောက် နှောင့်နှေးတာက ကိစ္စမရှိပေ။

ဒီနည်းလမ်းဖြင့် လူတိုင်းက သစ်သီးပင်များ၏လျို့ဝှက်ချက်အား ရှာဖွေစုံစမ်းကြမှာကို ရှောင်ပြီးသား ဖြစ်သွားလိမ့်မည်။

ဆိုရိုးရှိသည့်အတိုင်း တချို့က ပူဆွေးနေချိန်၌ တချို့က ပျော်ရွှင်နေကြသည်။ ဒီရက်ပိုင်းအတွင်း ရွှီဖန်းသည် သူ့အိမ်အနောက်တွင် ဥယျာဥ်ခြံပြုလုပ်ရန်

အတွက် လူများစွာကို ငှားရမ်းကာ ပိုက်ဆံများစွာ သုံးခဲ့တာကြောင့် ကျော်ကြားနေခဲ့သည်။ ရွှီဖန်းက ပျော်ရွှင်နေရသော်လည်း ချန်ကျင်းရှန်နှင့် သူ့သားကတော့ မပျော်ရွှင်ခဲ့ရပေ။

အတိတ်မှာတုန်းက ရွှီဖန်း၏မိသားစုသည် မြစ်

အောက်ပိုင်းရွာ၌ ဆင်းရဲသော မိသားစုအဖြစ် လူသိကြသည်။ အခုတော့ ဖီးနစ်ငှက်ဖြစ်သွားကြကာ ကောင်းကင်သို့ ပျံဝဲနေကြသည်။ ချန်ရှောင်ကျွင်းမှာ လက်မခံနိုင် ဖြစ်နေရသည်။

သူနှင့်ယှဥ်မည်ဆိုလျှင် ဝူယွီရွှမ်းသည် ရွှီဖန်းအပေါ်၌ ထင်မြင်ချက်ပိုကောင်းသည်။ အခု ရွှီဖန်းက ချမ်းတောင်ချမ်းသာလာပြီဖြစ်လို့ သူ့ဘက်ကနေ ဘယ်လိုလုပ် ရိုက်ချနိုင်တော့မည်နည်း။

"ဟာကွာ...ဒီမိမစစ်ဖမစစ်ကောင်ကတော့!"

ချန်ရှောင်ကျွင်း ဆဲရေးလိုက်သည်။ ရွှီဖန်းအိမ်

အနောက်မှ အပင်များအားလုံး သေသွားတာမြင်ရဖို့ သူမစောင့်နိုင်တော့ပေ။

ထိုကောင့် မိသားစု ပြန်ပြီး ဆင်းရဲသွားလျှင် ပိုကောင်း၏။

"အဖေ နည်းလမ်းစဥ်းစားပါဦး! ရွှီဖန်းက သားတို့ခေါင်းအပေါ် ချီးပါသေးပေါက်လုပ်နေတာကို ဒီအတိုင်း ထိုင်ကြည့်နေတော့မလို့လား"

ချန်ရှောင်ကျွင်းသည် တီဗီထဲမှ ရေကူးဝတ်စုံနှင့်ကောင်မလေးများအားကြည့်နေသည့် ချန်ကျင်းရှန်ကို ကြည့်ကာ တိုက်တွန်းတော့သည်။

"သား ဝူယွီရွှမ်းကို ကြိုက်တာ သိရဲ့သားနဲ့၊ သူမက အဖေ့သားရဲ့မိန်းမလေ၊ တခြားလူက သူမကို ခိုးဖို့လုပ်နေတာကို ဘယ်လိုလုပ်ထိုင်ကြည့်နိုင်ရတာလဲ"

ချန်ရှောင်ကျွင်းက တီဗီအား မြန်မြန် ပိတ်ချပစ်သည်။ ချန်ကျင်းရှန်သည် မရပ်မနားပြောနေသော သူ့သားအား အေးဆေးစွာကြည့်ရင်း ပြုံးလာသည်။

"ရှောင်ကျွင်း ဘာတွေအလျင်လိုနေတာလဲ...မင်းအဖေက နည်းလမ်းရှိပြီးသားပါ၊ လူတွေ ရောက်လာရင် မင်းသိလိမ့်မယ်"

"အာ...လူတွေလား၊ ဘယ်သူတွေလဲ"

ချန်ရှောင်ကျွင်းက ချန်ကျင်းရှန်အား သံသယဖြင့် ကြည့်လာသည်။

ထိုအခိုက်အတန့်မှာ ခြံအပြင်ဘက်မှ ခြေသံများထွက်လာသည်။ ချန်ကျင်းရှန်သည် ပြုံးနေလျက်...

"ဘယ်သူလဲဆိုတော့ ဝမ်မာဇီလေ၊ ဝမ်မာဇီက ဒီရောက်လာပြီ"

ချန်ကျင်းရှန်သည် ဒီရက်ပိုင်းအတွင်း ဘာအလုပ်မှမလုပ်ဘဲ ပတ်ဝန်းကျင်မှာသာ လိုက်စုံစမ်းမေးမြန်းခဲ့သည်။ ရွှီဖန်းမှ ဝမ်မာဇီအပေါ် အပြစ်လုပ်ထားတာ သိသည်နှင့် တစ်ယောက်ယောက်အား သတ်ရန် ဓားငှားဖို့ အတွေးအား ချက်ချင်း တွေးမိတော့သည်။

သူဘက်က ရွှီဖန်းကို ဘာမှမလုပ်နိုင်သော်ငြား ဝမ်မာဇီနဲ့တင် လုံလောက်လေသည်။

မကြာလိုက် ဝမ်မာဇီသည် နောက်လိုက်နှစ်ယောက်ခြံရံကာ အထဲဝင်လာသည်။

သူက ချန်ကျင်းရှန်အား စိတ်မရှည်စွာ ကြည့်ကာ နှာမှုတ်လာသည်။

"ချန်ကျင်းရှန် ဘာကိစ္စရှိလို့လဲ"

ထိုအချိန် ချန်ကျင်းရှန်သည် တည်ငြိမ်စွာ မတ်တပ်ရပ်ရင်း ပြုံးနေသည်။

"ဝမ်မာဇီ ခင်ဗျား ကြားပြီးပြီလားတော့မသိဘူး၊ ရွှီဖန်းက သူ့အိမ်အနောက်က တောင်မှာ ဥယျာဥ်ခြံလုပ်ပြီး သစ်သီးပင်၃၀၀တောင် စိုက်ပျိုးထားတယ်"

"ပေါက်ကရ! ဒါပေါ့....ငါသိတယ်!"

ဝမ်မာဇီသည် ဒေါသတကြီး ဟိန်းဟောက်လာသည်။

ရွှီဖန်းသာ သူ့ကို မလှည့်စားခဲ့လျှင် ဥယျာဥ်ခြံလုပ်ဖို့ ပိုက်ဆံအများအပြားကို ဘယ်ကရနိုင်မည်နည်း။ သစ်သီးပင် ၃၀၀! သူ့ပိုက်ဆံတွေအားလုံး ထိုအပင်တွေမှာ ရင်းနှီးမြှုပ်နှံလိုက်ရသည်။

ဒေါသတကြီးတွေးနေရင်း ဝမ်မာဇီ မေးလိုက်သည်။

"ချန်ကျင်းရှန် ငါ့ကိုဒေါသထွက်အောင် လုပ်ဖို့ ဒီကို ခေါ်ခဲ့တာလား! ဟုတ်လား!"

ဝမ်မာဇီအနောက်မှ နောက်လိုက်နှစ်ယောက်စလုံး လှုပ်ရှားတော့မည်ကို မြင်သည့်အခါ ချန်ကျင်းရှန်သည် ပြုံးကာ လက်ခါယမ်းလိုက်သည်။

"ဝမ်မာဇီ မဟုတ်ရပါဘူး...ကျုပ်က ဒီအတိုင်း မေးချင်လို့ပါ၊ ခင်ဗျားမှာ ဒီဥယျာဥ်ခြံကို ဖယ်ထုတ်ဖို့ အတွေးများ ရှိလားလို့ပါ"

All Chapters