အခန်း (၆၉)
Vol. 7 Ch. 69
နောက်နေ့ရက်များသည် လည်းထူးခြားမနားပင်ဖြစ်သည်။
ကျုံချင်းယွီ၏ Crazy အားရိုက်ကူးမှုသည် အဆင်ပြေနေကာ ကျုံယန်စီသည်လဲ ဆေးရုံတွင်ကောင်းမွန်စွာသက်သာလာပြီဖြစ်သည်။
ထိုအချိန်အတောအတွင်း crazy ရိုက်ကူးရေး၏လိုအပ်ချက်များအတွက် ယန်ရှီသည်ချီဝိန်အား ရုပ်ရှင်ဇာတ်ဝင်တေးအတိုင်ပင်ခံအဖြစ် ကူညီပေးရန် တောင်းဆိုခဲ့သည်။ ကျုံချင်းယွီ၏ cello တီးသူဇာတ်ကောင်သည် နောက်ခံတီးဝိုင်းအားလိုအပ်လေသည်။ထုတ်လုပ်ရေးအဖွဲ့အများစုသည် အပိုလူများအား ငှားလိုက်ကာ ပြသသည့်အခါတွင် သီချင်းသံအားထည့်လေ့ရှိသော်လည်း ဒါရိုက်တာဝိန်သည် ပို၍စစ်မှန်သည့်ခံစားချက်အားလိုချင်သည်ဖြစ်ရာ ချီဝိန်၏ သံစုံတီးဝိုင်းအား ရိုက်ကွင်းတွင်ထည့်ဖျော်ဖြေရန် ဆုံးဖြတ်လိုက်လေသည်။
ရလာဒ်အနေဖြင့် ကျုံချင်းယွီသည် သရုပ်ဆောင်ခြင်းအပြင် သံစုံတီးဝိုင်းနှင့်အတူ မကြာခဏအစမ်းလေ့ကျင့်ခဲ့သည်။
ချီဝိန်သည် ကျုံချင်းယွီ၏ ဂီတစွမ်းရည်အား ပို၍ပင်အထင်ကြီးလာခဲ့သည်။ သူမ၏အမြင်သည် ကျုံချင်းယွီ၏ အရည်အချင်းသည် ဇာတ်ကားတွင်သရုပ်ဆောင်နိုင်ရုံမျှသာဟုထင်ခဲ့သည်။
သူမသည်ကျုံချင်းယွီအား ပိတ်ရက်ဖျော်ဖြေပွဲအား ဖိတ်ကြားကာ သူမအားလက်မှတ်နှစ်စောင်ကြိုပေးခဲ့သည်။
တတိယမြောက်အမျိုးသမီးဇာတ်ဆောင်တစ်ဦးအနေနှင့် ကျုံချင်းယွီတွင် ဇာတ်ကွက်များစွာမရှိသည်ဖြစ်ကာ သူမဖျော်ဖြေပွဲများအား မတက်ရောက်သည်မှာ ပါပြီဖြစ်သောကြောင့်သူမသည် အံ့ဩသင့်စဖွယ် လက်ခံလိုက်လေသည်။
သောကြာနေ့နေတွင် ယန်ရှီသည် ကျုံချင်းယွီအားအလုပ်အပြီးတွင် သွားခေါ်ကာ ပရိုဂျုဆာရွီထံမှ ထွက်ခွာခွင့်အားတောင်းပေးခဲ့သည်။
ယန်ရှီသည် ထွက်ခွာခွင့်အားရက်အနည်းငယ်စော၍တောင်းဆိုပေးခဲ့သည်ဖြစ်ကာ ထုတ်လုပ်ရေးအသင်းအားလည်း အချိန်ဇယားအားညှိပေးရန် တောင်းဆိုခဲ့သည်။
ပရိုဂျူဆာ ရွီသည်
“မမလေးက အခုတလော အခြေအနေကောင်းနေတယ်၊၊ ဒါရိုက်တာဝိန်နဲ့ကျွန်တော်က သူမရဲ့ဇာတ်ဝင်ခန်းတွေကိုတစ်ခါတည်း အပြီးသတ်ဖို့ပြောနေကြတာ”
ရုပ်ရှင်ရိုက်ကူးနေစဥ်အတွင်း စိတ်ပိုင်းဆိုင်ရာခံစားချက်များအား ထိန်းထားခြင်းသည် သရုပ်ဆောင်များအတွက် ၎င်းတို့၏ဇာတ်ရုပ်ထဲသို့ နစ်မြုပ်ခြင်းအားပို၍လွယ်ကူစေသည်။
ပရိုဂျူဆာရွီသည် ထွက်ခွာခွင့်အားမပိတ်ပင်ခဲ့သော်ညား သူသည် ကျုံချင်းယွီ ကောင်းစွာလုပ်ဆောင်နေသည့်အချိန်တွင် သူမ၏အရှိန်အားဖျက်ပစ်ရမည်မှာ နှမြောစရာဖြစ်သည်ဟု ထင်မိသည်။
ထို့အပြင် ကျုံချင်းယွီသည် စနေနေ့တစ်နေကုန်ခွင့်ယူမည်ဖြစ်ပြီး ချီဝိန်၏ဖျော်ဖြေပွဲနှင့်ရက်အတူတူပင်ဖြစ်သည်။ ပရိုဂျူဆာရွီသည် ဖျော်ဖြေပွဲအတွက် ရုပ်ရှင်မရိုက်သည်ကို မထိုက်တန်ဟုထင်သည်။
ခဏတာနှုတ်ဆိတ်နေပြီးနောက် ယန်ရှီသည် ရိုးသားရန်ဆုံးဖြတ်လိုက်သည်။
“ဖျော်ဖြေပွဲကတကယ့် အကြောင်းပြချက်မဟုတ်ပါဘူး၊ မနက်ဖြန် ချင်းချင်းအမေရဲ့နှစ်ပတ်လည်မလို့”
နှစ်တိုင်းထိုနေ့တွင် ကျုံချင်းယွီသည် သူမကိုယ်သူမ ပိတ်လှောင်ထားမည်ဖြစ်သည်။
ဤသည်မှာ ထုံးစံကဲ့သို့ပင်ဖြစ်သည်။ သူမကျောင်းတက်နေချိန်နှစ်များအတွင်းတွင် သူမသည်အတန်းများအားမတက်ခဲ့ပေ။ အလုပ်ခွင်သို့ဝင်ရောက်ပြီးနောက်တွင် သူမသည်ချောင်ယန်အား ထိုနေ့တွင်အချိန်ဇယားရှင်းထားဖို့ရာ ပြောမည်ဖြစ်သည်။
…..
စနေနေ့တွင် ကျုံချင်းယွီသည် မနက်မိုးလင်လာသည်နှင့်စောစောထခဲ့သည်။
တိမ်မည်းများသည် ကောင်းကင်အားဖုံးလွှမ်းသွားကာ လျှပ်စီးများလက်လာကာ နွေမိုးသည် သည်းထန်စွာရွာသွန်းလာခဲ့သည်။ ဩဂုတ်လ၏အပူသည် အနည်းငယ်လျော့သွားကာ စိုစွတ်မှုနှင့် မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ခြောက်သွေ့နေသည့် ကမ္ဘာကြီးအား စိုစွတ်စေခဲ့သည်။
ကျုံချင်းယွီသည် မိတ်ကပ်မလိမ်းထားပေ။ သူမသည်မျက်နှာပြောင်နှင့်ပင်ဖြစ်သည်။
သူမ၏အလှသည် များသောအားဖြင့် ရဲသွေးကြွကာစွဲမက်ဖွယ်ကောင်းသည့်အလှမျိုးဖြစ်သော်ညား မိတ်ကပ်ပစ္စည်းများမပါသည့် သူမ၏ဖြူဖွေးကာ ကြည်လင်လုနီးပါး အသားအရည်နှင့်နူးညံ့သည့်နှုတ်ခမ်းပန်းရောင်လေးသည် သူမအားနုပျို၍အပြစ်ကင်းစင်မှုအား ပေးစွမ်းနေလေသည်။
အသက်နှစ်ဆယ်သုံးနှစ်အရွယ်သာရှိသေးသောကြောင့် သူမသည်ဘွဲ့မရသေးပေ။ သူမသည်ရိုးရှင်းသည့် chanel စကပ်ဝတ်စုံပြည့်အားဝတ်လိုက်ကာ သူမ၏လှိုင်းတွန့်ဆံပင်များအား ခါးပေါ်သို့ချထားလေသည်။
အိမ်အကူတစ်ဦးသည် သူမနက်စာစားမည်လားဟုမေးလိုက်သော်ညား ကျုံချင်းယွီတွင် စားချင်စိတ်မရှိနေပေ။ ရောင်ရမ်းခြင်းအားလျော့ချရန် ကော်ဖတစ်ခွက်အားသောက်လိုက်ပြီးနောက် သူမကျုံအိမ်တော်မှထွက်လာခဲ့သည်။
သူမမိခင်သေဆုံးပြီးအစပိုင်းနှစ်များတွင် သူမသည်ကျုံပါးပါးနှင့်ကျုံယန်စီအား သူမ၏အမေအားဂါဝရပြုရန် အတင်းအကြပ်ခိုင်းစေခဲ့သည်။ သူမသည် အိမ်အလုပ်သမားများအားလုံးကိုပါ ဂါဝရပြုရန်အမိန့်ပေးခဲ့သည်။
ထိုလူအုပ်ကြီးသည် သူမမိခင်တည်ရှိနေသေးသည်ဟုသက်သေပြနိုင်ကာ သူမအမှန်တကယ်ထွက်မသွားခဲ့ကြောင်းအားလဲ သက်သေပြနိုင်သည်။
သို့သော် သူမဆယ်သုံးနှစ်အရွယ်တွင် ကျုံယန်စီ၏ပြိုင်ပွဲအင်တာဗျူများနှင့် ရက်တိုက်နေကာ ကျုံပါးပါးသည် သူ့အားဂုဏ်ပြုပွဲကျင်းပပေးခဲ့သည်။ နောက်ဆုံးတွင်တော့ ကျုံချင်းယွီသည် သုသာန်အားတစ်ယောက်တည်းသွားခဲ့ရသည်။
ထိုအချိန်မှစ၍ သူမသည် သူမ၏မိခင်အား အားလုံးမေ့ပျောက်သွားကြပြီဖြစ်ကြောင်း နားလည်သွားခဲ့သည်။ ၎င်းတို့၏ဇနီး၊ ၎င်းတို့၏ မိထွေးနှင့် အိမ်တော်၏သခင်မအားမေ့သွားကြပြီဖြစ်သည်။
သူမတစ်ဦးသာလျှင် မှတ်မိနေသည်ဖြစ်သည်။
သို့ပေမဲ့ ဤသည်မှာသူမ၏မိခင်ပင်ဖြစ်သည်။ သူမသတိရနေသ၍ လုံလောက်လေသည်။
နောက်နှစ်များတွင် ကျုံချင်းယွီသည် ယန်ရှီထံမှပါ အဖော်ပြုပေးဖို့တောင်းဆိုခြင်းအားရပ်တန့်လိုက်သည်။ သူမသည် ဒရိုက်ဘာပင်မတောင်းဆိုခဲ့ကာ သုသာန်သို့တစ်ဦးတည်းသွားလေသည်။
ကျုံအိမ်တော်သည် ရိုးရာပုံစံဂန္တဝင် ပန်းခြံပုံစံပြန်လည်တည်ဆောက်ထားသည်ဖြစ်သောကြောင့် ကားလမ်းများမပါရှိပေ။ ကျုံပါးပါးသည် မိသားစုပိုင်ဇိမ်ခံကားများအားထားရန်အတွက် အိမ်အပြင်ဘက်မြေနေရာများတွင် မြေအောက်ကားဂိုဒေါင်အားဆောက်ခဲ့သည်။
ကျုံချင်းယွီအပြင်ဘက်သို့ ထွက်လိုက်သည်နှင့် ကားတစ်စီးရွေးရန် ကားဂိုဒေါင်သို့သွားရန်ပြင်လိုက်သော်လည်း မာစီဒီးတစ်စီးသည် သူမအားစောင့်နေသည်ကို သတိပြုမိသွားသည်။
ယန်ရှီသည်အထဲတွင်ထိုင်နေကော အိပ်ငိုက်နေရင်း ကော်ဖီခွက်ကြီးအားသောက်နေလေသည်။
ခြေသံများကြားလိုက်သည်နှင့် သူမသည်ဂိတ်ဝသို့လှမ်းကြည့်လိုက်ကာ ကျုံချင်းယွီလာနေသည်ကို တွေ့လိုက်ရသည်။ သူမ၏ကော်ဖီအားချထားလိုက်ကာ ထီးအနက်ရောင်အားဆွဲ၍ သူမအလျင်အမြန်သွားလိုက်သည်။
ကျုံချင်းယွီမေးလိုက်သည်။ “နင်ဘာလို့နိုးနေတာလဲ”
သူမသည် ယန်ရှီအိပ်နေဦးမည်ဟု ထင်ခဲ့သည်။ သူမ၏အကြည့်များသည် ယန်ရှီထံသို့ရောက်သွားသည်။ သူမကဲ့သို့ စကပ်ဝတ်စုံပြည့်အနက်ရောင်ပင်ဖြစ်သည်။
“နင်ငါ့အမေကိုတောင် မတွေ့ဖူးဘူးလေ ငါတစ်ယောက်တည်း သွားလို့လဲရပါတယ်”
ယန်ရှီသည် သူမ၏လက်အားချိတ်ကာ ထီးကားကျုံချင်းယွီဘက်သို့ အနည်းငယ်စောင်းပေးလိုက်သည်။
“ငါနင့်ကို အဖော်လုပ်ပေးဖို့လာခဲ့တာပါ ပြီးတော့လင်ကျီ နဲ့တစ်ခြားသူလည်း starlight ကကိစ္စတွေကိုကိုင်တွယ်နိုင်ပါတယ်၊ အကုန်အဆင်ပြေသွားမှာပါ”
ကျုံချင်းယွီသည် နှုတ်ခမ်းအားတင်းတင်းစေ့ထားကာ “ငါအဖော်မလိုပါဘူး”
“လာပါ ငါကနိုးနေပြီကို”
သူမအားငြင်းဆိုရန်အခွင့်အရေးမပေးပဲ ယန်ရှီသည် သူမအားမာစီးဒီးပေါ်သို့ဆွဲခေါ်သွားခဲ့သည်။
ဤသည်မှာ ယန်ရှီ၏ကားထဲတွင်ကျုံချင်းယွီလိုက်စီးဖူးသည့် ပထမအကြိမ်ပင်ဖြစ်သည်။ များသောအားဖြင့် သူမတို့အတူအပြင်သွားချိန်တွင် ယန်ရှီသည် ကျုံချင်းယွီ၏ဗန်ကားနှင့်အတူလိုက်လေ့ရှိသည်။
ဗန်ကား ဟုတ်သည်။ သို့သော်ယန်ရှီသည် ကျုံချင်းယွီဗန်ကားဟုခေါ်နေသည်မှာ သန်း 1.58 သန်းတန်သည့်lexus ကအကန့်အသတ်ထုတ် လေးယောက်စီးဇိမ်ခံကားဖြစ်သည်ကို သိလေသည်။ သူမပိုင်သည့် လေးသိန်းတန်မာစီးဒီးနှင့်မနှိုင်းယှဥ်နိုင်ပေ။
“ဒါက ကုမ္ပဏီကနင့်ကိုပေးတဲ့ကားပေါ့”
ယန်ရှီသည် သူမ၏ခေါင်းအားကုတ်လိုက်ကာ “လေးသိန်းကျော်တန်လေ မဆိုးဘူးမလား”
ကျုံချင်းယွီသည် လှောင်ပြောင်လိုက်သည်။ “လေးသိန်းကျော်တည်း လား နင်ငါ့ကားဂိုဒေါင်ထဲကပဲ တစ်စီးရွေးလိုက်ပါလား”
ယန်ရှီသည်ကျုံမိသားစု၏ကားဂိုဒေါင်အား မြင်ဖူးသည်။ ကျုံချင်းယွီ၊ကျုံယန်စီ သို့မဟုတ် ကျုံပါးပါး ပိုင်သည့်ကားများဒါဇင်နှင့်ချီရှိလေသည်။ထိုထဲမှ စျေးအနည်းဆုံးမှာ တစ်သန်းကျော်တန်ဖိုးရှိသည်။
သူမသည် နောက်ပြန်ဆုတ်လိုက်ကာ “ရပါပြီ”
အကယ်၍ဆရာကျောက်သာ ဤမာစီးဒီးအားခြစ်ရာထင်စေခဲ့လျှင် သူမပြုပြင်ရန်တတ်နိုင်သေးသည်။ သို့သော် သန်းနှင့်ချီတန်သည့်ကားမှာမူ ခြစ်ရာတစ်ခုပင်လျှင် သူမအားမွဲတေသွားစေနိုင်သည်။
အရှေ့ခန်းရှိ ဆရာကျောက်သည်လည်း သဘောတူလေသည်။
သူသည် ကျုံယန်စီ၏ ဒရိုက်ဘာသည် သူကားမောင်းနေစဥ်တွင် အာရုံမစူးစိုက်ပဲမနေရဲဟု ပြောသံကြားဖူးသည်။ သူသည် Rolls-Royce ကားအား မောင်းနေရခြင်းဖြစ်သည်။ သေးငယ်သည့်ခြစ်ရာလေးကပင် သူ၏ဝင်ငွေအားပျက်စီးသွားစေနိုင်သည်။
ဆရာကျောက်သည် စိတ်အေးချမ်းမှုကိုသာလိုလားလေသည်။ လေးသိန်းတန်ကားသည် အဆင်ပြေနေပြီဖြစ်သည်။
ယန်ရှီငြင်းဆိုလိုက်ချိန်တွင် ကျုံချင်းယွီသည်လည်း တွန်းအားမပေးတော့ပေ။ မာစီးဒီးကားသည် သူမ၏သတ်မှတ်အောက်တွင်ရှိပါသော်လည်း အနောက်ထိုင်ခုံသည် သက်သောင့်သက်သာရှိလေသည်။ ယန်ရှီ၏ကော်ဖီအား အနည်းငယ်သောက်ပြီးနောက်တွင် သူမသည် ပင်ပန်းမှုဒါဏ်အားမခံနိုင်တော့ကာ ယန်ရှီ၏ပုခုံးပေါ်တွင် မှီကာမှိန်းလိုက်သည်။
ကျုံချင်းယွီနိုးလာချိန်တွင် မာစီးဒီးသည် ဟိုင်မြို့ပြင်ရှိ Pine Crane သုသာန်သို့ရောက်နေပြီဖြစ်သည်။
တစ်ညလုံးရွာနေသည့်မိုးသည့် တိတ်သွားပြီဖြစ်ကာ မြေသင်းရနံ့အားချန်ခဲ့ကာ သစ်ပင်များလည်း စိမ်းလန်းနေသည်။
ကျုံချင်းယွီသည် သူမ၏မျက်လုံးအားဖြေးစွာဖွင့်လိုက်သည်။ ကြီးမားကာ ဖြောင့်တန်းသည့်ထင်ရှူးပင်များနှင့် ကာရုံထားသည့် ခမ်းနားထည်ဝါသောသင်္ချိုင်းတံခါးများသည် မြင်ကွင်းထဲသို့ဝင်လာခဲ့သည်။ နေရောင်သည်တိမ်များကြားမှဖြတ်သန်းလာကာ စိုစွတ်နေသည့် မြေကြီးပေါ်တွင် ရွှေရောင်အလင်းတန်းများပေါ်လာစေသည်။
အရာအားလုံးမှာ ရင်းနှီးပြီးသားဖြစ်သော်ညား ထူးဆန်းနေဆဲဖြစ်သည်။
ရင်းနှီးနေခြင်းမှာ သူမနှစ်တိုင်းလာသည်ဖြစ်သောကြောင့်ဖြစ်သည်။
ထူးဆန်းသည်မှာ သုသာန်အပေါက်ဝတွင် သူမ မထင်ထားသည့် လူများမှာမတ်တပ်ရပ်စောင့်နေသောကြောင့်ဖြစ်သည်။
ကျုံပါးပါးနှင့်ကျုံယန်စီဖြစ်သည်။
ကျုံချင်းယွီသည် တစ်ခဏမျှအေးခဲသွားသည်။
ကျုံပါးပါးသည် တရုတ်ရိုးရာပုံစံအပေါ်ထပ် အဖြူရောင်အားဝတ်ထားကာ သူ၏မနက်ခင်းလေ့ကျင့်ခန်းအား လုပ်ပြီးသွားသည့်ပုံပေါ်သည်။ သူ၏ဘေးတွင် ကျုံယန်စီသည် အနက်ရောင်ရှပ်နှင့် ဘောင်းဘီရှည်အားဝတ်ကာရှိနေသည်။ သူမခြေကျင်းဝတ်ဒါဏ်ရာမှာ အပြည့်အဝမသက်သာသေးကာ ဆေးရုံမှဆင်းလာသည်မှာလည်း မကြာသေးသည်ဖြစ်၍ သူသည်လျှပ်စစ်ဘီးတပ်ကုလားထိုင်ပေါ်တွင်ထိုင်နေလေသည်။
“မင်းဘာလို့အဲဒီမှာရပ်နေသေးတာလဲ”
ကျုံပါးပါးပြောလိုက်သည်။
“အခုကအထဲဝင်ပြီး သမီးအမေကိုသွားတွေ့ရမဲ့အချိန်ရောက်နေပြီလေ”
ကျုံချင်းယွီသည် ရုတ်တရက်အဆင်မပြေဖြစ်သွားကာ
“ဘာလို့ ပါးပါးတို့က ဒီကိုရောက်နေကြတာလဲ”
နှစ်ပေါင်းများစွာ မလာခဲ့ကြပဲ အခုမှရုတ်တရက် သူမ၏အုတ်ဂူကိုဘာလို့ လာကြတာလဲ။ ဒါက အတော်ကြီး စိတ်ကူးယဥ်ဆန်လွန်းနေတယ်။
ကျုံပါးပါးသည် “ဒီမှာလဲလျောင်းနေတဲ့သူက ငါ့ဇနီးပါ၊ ဘာလို့ငါကလာမကြည့်ရမှာလဲ” ဟုရှင်းရှင်းလင်းလင်းပြောကြားခဲ့သည်။
ထိုကြောင့် ကျုံချင်းယွီသည် ကျုံယန်စီဘက်သာလှည့်လာကာ “ပြီးတော့ နင် ဒီဘက်ထွက်လာရမဲ့အစား နင်ဘာနင် ဆေးရုံကုတင်ပေါ်မှာနားနေသင့်တာမဟုတ်ဘူးလား”
“နင်ဒီကို ငါ့အမေကိုဂါဝရပြုဖို့ရောက်နေတာလို့တော့ မပြောနဲ့နော်”
ကျုံယန်စီသည် ခေါင်းငြိမ့်လိုက်ကာ “အွန်း ငါဒီကို နင့်အမေကိုဂါဝရပြုဖို့ရောက်နေတာပဲ”
ကျုံချင်းယွီသည် ပြောစရာစကားများ ပျောက်ရှသွားသည်။
ကျုံယန်စီသည် သူမအားတည့်စော်ကားသွားသည်မဟုတ်သော်ညား သူ၏လေသံသည် တစ်ခုခုမှားနေသကဲ့သို့ဖြစ်နေသည်။
သူမ နောက်ဆုံးတစ်ခေါက်သူအားဆေးရုံတွင် သွားတွေ့ခဲ့ခြင်းကြောင်းဖြစ်နိုင်ပေသည်။ ကျုံချင်းယွီ၏အတွေးထဲတွင် ဤသည်မှာသူ၏ ယဥ်ကျေးပျူငှာမှုအား ပြန်ပေးဆပ်သည့်ပုံစံဖြစ်နိုင်သည်ဟု တွေးလိုက်လေသည်။
“ကောင်းပြီ ကောင်းပြီ”
ယန်ရှီသည် ဖျန်ဖြေပေးလိုက်သည်။
“ဝင်ကြရအောင်လေ၊ မဟုတ်ရင်အန်တီစောင့်နေရတာ စိတ်မရှည်ပဲနေဦးမယ်”
ကျုံချင်းယွီသည် ထောက်ခံသည့်အသံပြုလိုက်သည်။ ကျုံပါးပါးသည်ရှေ့မှဦးဆောင်သွားကာ လူအုပ်ကြီးသည် သုသာန်ထဲသို့ဖြည်းညှင်းစွာဝင်သွားကြလေသည်။
ဤသည်မှာ သူမနှစ်ပေါင်းများစွာလျှောက်ဖူးသည့်လမ်းကြောင်းဖြစ်သော်လည်း ယခုတွင် သူမ၏ဘေးတွင် လူများပါလာလေသည်။
ကျုံချင်းယွီသည် သူမမိခင် အသက်ရှိစဥ်တွင် သူမတို့၏မိသားစုသည် သဟဇာတဖြစ်ခဲ့ကြောင်းသတိရသွားလေသည်။ သူမငယ်ရွယ်စဥ်အချိန်တွင် သူမသည် သူမမိသားစုနှင့်အတူ အပြင်သွားရသည်ကို နှစ်သက်ခဲ့သည်။ သူမ၏ဖခင်သည် အလုပ်များနေတတ်သော်ညား ရံဖန်ရံခါသူမတို့နှင့်အတူ လိုက်ပါပေးမည်ဖြစ်သည်။
ကျုံယန်စီသည်မူ ကျောင်းသာတစ်ယောက်အရွယ်သာရှိသေးသည်။ ကျုံချင်းယွီသည် သူ့အား စာလေ့လာတာကစောင့်လို့ရတယ် ပျော်ဖို့ကပိုအရေးကြီးတယ် ဟုပြော၍ဆွဲခေါ်မည်ဖြစ်သည်။
ထိုအချိန်များတွင် ကျုံမိသားစုသည် မိသားစုတစ်ခုကဲ့သို့ခံစားခဲ့ရသည်။
သူမ၏မိခင်သေဆုံးပြီးနောက်တွင် အရာအားလုံးပြောင်းလဲသွားခဲ့သည်။
ကျုံချင်းယွီနှင့်ကျုံယန်စီသည်လည်း ဝေးကွာလာခဲ့ကြသည်။ မုန့်ယင်းရုန်သည်သာသူမအား မထီမဲ့မြင်ပြုခဲ့သည်မဟုတ် ကျုံယန်စီသည်လည်း သူမ၏မိသားစုအားဒေါသထွက်နေပုံပေါက်လေသည်။ ၎င်းတို့နှစ်ဦးကြားရှိငြင်းခုံမှုများသည် ပို၍များလာကာ ၎င်းတို့၏ပုံမှန်ဆက်ဆံရေးမှာ ပျောက်ဆုံးသွားပြီး ရန်သူများဖြစ်သွားကြသည်။
ပြီးနောက် လွန်ခဲ့သည့်နှစ်နှစ်အတွင်း ကျုံချင်းယွီသည် ပေယွဲ့ပိုင်အတွက် သူမကိုယ်တိုင်ဖျော်ဖြေရေးနယ်ပယ်ထဲသို့ မဆင်မခြင်ဝင်ရောက်လိုက်သောကြောင့် ကျုံပါးပါးနှင့်ထိပ်တိုက်တွေ့ခဲ့သည်။
တစ်ချိန်က သူမအားဝန်းရံပေးခဲ့ကြသည့် မိသားစုသည်ပြိုကွဲသွားခဲ့သည်။ သူမနှင့်ကျုံယန်စီ နှစ်ဦးလုံးသည်မြို့သို့ပြောင်းသွားကြကာ အိမ်တော်အဟောင်းသို့ ပြန်ကြသည်မှာ ရှားပါးကြသည်။
သို့ပေမဲ့ ယနေ့တွင် သူတို့အားလုံးအတူလမ်းလျှောက်နေကြသည်။
ကျုံချင်းယွီသည် ကျုံယန်စီအားမကြိုက်သည်ဖြစ်စေ သူမတို့နှစ်ဦးရန်ဖြစ်နေကြသေးသည်ဖြစ်စေ မိသားစုတစ်စုအနေနှင့်အတူရှေ့ဆက်သွားရသည့် ခံစားချက်အား သူမမုန်းပေ။
ချူယင်းအား ဂါဝရပြုပြီးနောက် လူတိုင်းထွက်ခွာသွားကြသည်။
ကျုံချင်းယွီသာလျှင် ကျန်နေခဲ့သည်။
ဤသည်မှာ ဟိုင်မြို့၏ တန်ဖိုးအကြီးဆုံးသုသာန်ဖြစ်ကာ နေ့စဥ်ထိန်းသိမ်း၍သန့်ရှင်းလေးလုပ်ပေးလေသည်။ သူမအုတ်ဂူဘေးတွင်ထိုင်ချကာ သူမခြေရင်းရှိပန်းအနည်းငယ်နှင့် ကစားနေသည်။
သူမ ချူယင်းအားပြောပြချင်သည့်အရာများ အများအပြားရှိသည်။ မနှစ်က သူမ လာခဲ့ချိန်တွင် သူမသည်ငိုယိုနေကာ သူမဘဝ၏မတရားမှုများအား ညည်းညူနေခဲ့သည်။ ပေယွဲ့ပိုင်သည် သူမအားဂရုမစိုက်ကြောင်း သူမ၏ဖခင်သည် ကျုံယန်စီအားပိုနှစ်သက်ကြောင်း ရှင်းယောင်ကုမ္ပဏီအား အုပ်ချုပ်ရခြင်းသည်ရှုပ်ရှက်ခပ်နေပြီး သူမသည်အွန်လိုင်းပေါ်တွင် မကြာခဏရှုံချခံရကြောင်း နှင့်ရဲ့လော့ယီနှင့် ယှဥ်လျှင်သူမ အမြဲနောက်ကျနေသည်ဟု ခံစားရကြောင်းများပြောခဲ့သည်။
သို့ပေမဲ့ ယခုနှစ်တွင်မူ
ကျုံချင်းယွီတစ်ခဏမျှတွေးလိုက်ကာ “မားမား ဒီနှစ်ကလည်း ပြီးပြည့်စုံနေတာတော့မဟုတ်ခဲ့ဘူး ဒါပေမဲ့ အရင်လမှာတော့ သမီးကောင်းကောင်းနေခဲ့ပါတယ်”
“နောက်ရက်မကြာခင်ကျရင် သမီး ဝေ့ပေါ်ပွဲကိုတက်ရမှာ၊ အရင်တုန်းကသမီးအမြဲနောက်တန်းမှာပဲ ထိုင်ရတာပေမဲ့ ဒီနှစ်တော့ ပွဲစီစဥ်သူတွေကသမီးကို ဒုတိယတန်းမှာ နေရာချပေးထားတယ်၊ ဆိုလိုချင်တာက သမီးကထိပ်တန်းအဆင့်နာမည်ကြီးတစ်ယောက်ဖြစ်နေပြီလို့ပဲ”
“သမီးခုတလော လိုင်းပေါ်ကိုကြည့်ဖြစ်နေတာ ဘယ်သူမှသမီးကိုမရှုံ့ချကြတော့ဘူးသိလား၊ သူတို့တွေအားလုံးကသမီး ဘယ်လောက်လှကြောင်းပဲပြောနေကြတာ”
“ယန်ရှီကလည်း သမီးကိုရှင်းယောင်ကိုကူပြီး စီမံခန့်ခွဲပေးနေတာ၊ သမီးထင်တာတော့ သူမလုပ်တာက ယွီရှောင်းလုပ်တာထက်တောင်ပိုကောင်းသေးတယ်၊ ပါးပါးလည်း အဆင်ပြေနေပါတယ် သူကကျန်းမာရေးလည်းကောင်းတယ် အဲတာကြောင့် သူမားမားဆီကိုတော့ လာဦးမယ်မထင်ဘူး”
“အို ပြီးတော့ ကျုံယန်စီလေ သူကစိတ်ရှုပ်စရာကောင်းနေတုန်းပဲ၊ ဒါပေမဲ့ သူရဲ့နောက်ဆုံးကျန်းမာရေးစစ်တေးတုန်းက သူ့မှာအကြိတ်ရှိနေတာကိုသိလိုက်ရတယ် တကယ်လို့ ယန်ရှီသာအချိန်မှီမသိလိုက်ဘူးဆိုရင် သေသွားနိုင်တယ်၊ ပြီးတော့ ရုတ်တရက်သမီးသဘောပေါက်သွားတယ် သမီးသူ့ကိုမသေစေချင်ဘူး သမီးကသူ့ကို မကြိုက်ရုံပါ အဲလောက်ပါပဲ”
ကျုံချင်းယွီသည် မကြာသေးခင်မှဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်အားလုံးအားပြန်ပြောပြနေသည်။
“ပေယွဲ့ပိုင်ကတော့”
ထိုနာမည်အားထုတ်ပြောလိုက်သည်နှင့် သူမ၏မျက်တောင်များအနည်းငယ်တုန်သွားခဲ့သည်။
နှစ်နှစ်တာရှိခဲ့သည့် ခံစားချက်များသည် တစ်ညအတွင်းမပျောက်ကွယ်သွားနိုင်ပေ။ သို့ပေမဲ့ သူမသူ့အကြောင်းတွေးနိုင်သည့်အခါ ယခင်ကနှင့်တူသည့် ခံစားချက်မျိုးထပ်မရတော့သည်ကို ကျုံချင်းယွီသဘောပေါက်သွားခဲ့သည်။
“သမီးတို့ ကြည့်ရဦးမယ်”
ကျုံချင်းယွီပြောလိုက်သည်။
“အရာအားလုံးကအဆင်ပြေသွားမှာပါ သမီးကငယ်သေးတာပဲလေ ဘယ်သူကအနာဂတ်မှာဘာတွေဖြစ်ပျက်ဦးမလဲ ဆိုတာသိမှာလဲ၊ မားမားရဲ့အနာဂတ်သမက်ကိုတွေ့ချင်ရင်တော့ မားမားနည်းနည်းထပ်စောင့်ရဦးမယ်နော်”
သူမသည် သူမမိခင်၏ပုံပေါ်တွင်ရှိနေသည့်မိုးရေစက်လေးမျာအား ညင်သာစွာသုတ်ပေးလိုက်ကာ သူမလွမ်းဆွတ်နေရသည့် လှပသည့်မျက်နှာလေးမှာပေါ်လာသည်။
“မားမား ဒီနှစ်အတွင်းမှာ သမီးအဆင်ပြေပါတယ်”
“သမီး မားမားကိုအရမ်းသတိရတာပဲ”
မျက်ရည်များသည် တစ်စက်ပြီးတစ်စက်ကျလာကာ အေးစက်နေသည့် ကျောက်တုံးပေါ်သို့ ညင်သာစွာကျသွားလေသည်။
ကျုံချင်းယွီအတွက် မိသားစု၏နွေးထွေးမှုသည် သူမမိခင်ထံမှသာ အမြဲလာခဲ့သည်။ ကျုံးပါးပါးနှင့် ကျုံးယန်စီ သူမဖြင့်သွေးဆက်နွယ်နေကြသည့် ပင်လျှင် အချိန်သည် အရာအားလုံးအားပြောင်းလဲသွားစေသည်။
သူမမိခင်အားစကားပြောနေချိန်တွင် သုသာန်ပြုပြင်ထိန်းသိမ်းသူတစ်ဦး ဖြတ်သွားလေသည်။
အုတ်ဂူပေါ်ရှိ လတ်ဆတ်သည့်ပန်းများအားတွေ့လိုက်ကာ ပြုပြင်ထိန်းသိမ်းသူသည် ရပ်သွားကာ “ဘယ်လိုတောင်တိုက်ဆိုင်ရတာလဲ မင်းရဲ့မိသားစုကဒီနေ့ မဒမ်ကျုံကို ဂါဝရပြုဖို့ အတူလာကြတယ်ပေါ့”
ထိုပြုပြင်ထိန်းသိမ်းသူသည် စု့န်ဟေးသုသာန်တွင်အလုပ်လုပ်လာသည်မှာ ဆယ်စုနှစ်တစ်ခုရှိပြီဖြစ်ပြီး ကျုံချင်းယွီသည် သူ့အားမှတ်မိလေသည်။
သူမ၏မျက်ရည်များအား သုတ်လိုက်ရင်း အပြုံးတစ်ခုဖန်တီးလိုက်ကာ
“ဟုတ်တယ် လူအိုကြီးကလည်း အနားယူတော့မှာဆိုတော့ သူ့မှာအချိန်ရှိပြီလေ၊ အရင်တုန်းက သူကအမြဲအလုပ်ရှုပ်နေတာ”
ကျုံယန်စီသည်မူ ကျေးဇူးပြန်ဆပ်နေသည်သာ ဖြစ်ကာ ပြောပြရန်မလိုအပ်ပေ။
ထိန်းသိမ်းသူသည် သူ၏မေးစေ့အားပွတ်လိုက်ကာ “အဲလိုမဟုတ်ပါဘူး ဥက္ကဋ္ဌကျုံနဲ့ သူရဲ့သားကနှစ်တိုင်းလာတာကို ဦးလေးမှတ်မိပါတယ်”
ကျုံချင်းယွီသည် သူမ၏ခေါင်းအားမယုံနိုင်စွာ ယမ်းလိုက်လေသည်။
“ဦးလေးအမှတ်မှားတာနေမှာပါ”
ထိန်းသိမ်းစောင့်ရှောက်သူသည် ရီမောလိုက်ကာ “ဦးလေးကဘယ်လိုလုပ် ဥက္ကဋ္ဌကျုံနဲ့သခင်လေးကျုံကို အမှတ်မှားရမှာလဲ၊ ကြည့်လိုက်လေ သုသာန်အပြင်ဘက်မှာ အဲတာသူတို့ပဲမလား သူတို့နှစ်ယောက်လုံးနှစ်တိုင်း ဒီနေ့ဆိုလာကြတယ် အချိန်တွေပဲ မတူကြတာ၊ တစ်ခါတစ်လေစောလာကြပြီးတော့ တစ်ခါတစ်ရံ နောက်ကျပြီးလာကြတယ်၊ မင်းနဲ့ပဲလွဲနေကြတာ”
“ဦးလေးက မင်းချန်ထားခဲ့တဲ့ပန်းတွေကိုရှင်းပေးတဲ့သူလေ၊ ဦးလေးအမှတ်မှားမယ်ဆိုတာ မဖြစ်နိုင်ပါဘူး”
ကျုံချင်းယွီသည် အေးခဲသွားကာ အုတ်ဂူအား ဗလာသက်သက် အချိန်ကြာမြင့်စွာစိုက်ကြည့်နေခဲ့သည်။
သုသာန်အပြင်ဘက်တွင်
System သည် ယန်ရှီပုခုံးပေါ်မှတစ်ဆင့် သေးငယ်တောက်ပသည့်ပုံစံလေးနှင့် ကျုံချင်းယွီအား အဝေးမှလှမ်းကြည့်နေသည်။ သုသာန် ၏စောင့်ကြည့်ကင်မရာမှတစ်ဆင့် သူမသည် ထိန်းသိမ်းသူထွက်သွားသည်ထိစောင့်ကာ ယန်ရှီထံပြန်လာခဲ့သည်။
[host ကျုံပါးပါးနဲ့သူမရဲ့အစ်ကိုက နှစ်တိုင်းချူယင်းကိုဂါဝရလာပြုကြတာကို ဘယ်လိုသိတာလဲ ဝတ္ထုမှာတစ်ခါမှမပြဖူးဘူးလေ]
“သေချာပေါက် ဝတ္ထုမှာမပြဘူးပေါ့” ကျုံချင်းယွီရှိရာအား ကြည့်နေရင်း ယန်ရှီပြောလိုက်သည်။
“ချင်းယွီရဲ့ ဇာတ်ကောင်က ဇာတ်ပို့လေးပဲလေ ဇာတ်ဆောင်မှမဟုတ်တာ၊ သူမရဲ့နောက်ခံဇာတ်ကြောင်းကို အပြည့်အစုံရေးမှာမဟုတ်ဘူး”
ကံကြမ္မာသည် တကယ်တည်ရှိသည်မှာ ဖြစ်နိုင်လေသည်။ လင်းရန်ရန်၏ မွေးမိခင်၏နှစ်ပတ်လည်မှာလည်း ယနေ့ပင်ဖြစ်သည်။
အထောက်အထားများအား ပြောင်းထားခြင်းအားမသိခင်အချိန်က ယန်ရှီသည် သူမ “အမေ” ဟုခေါ်ခဲ့ဖူးသည့် အမျိုးသမီး၏အုတ်ဂူအားဂါဝရပြုရန် သုသာန်သို့ နှစ်တိုင်းလာခဲ့သည်။
ကျုံချင်းယွီအား ပထမဆုံးတွေ့ချိန်တွင် လီလီပန်းစည်းပေးနိုင်ခဲ့သည်မှာ ထိုဆက်နွယ်မှုကြောင့်ဖြစ်သည်။
“ငါကျုံပါးပါးနဲ့ကျုံယန်စီကို အရင်ကတည်းကမြင်ဖူးတယ်”
ယန်ရှီသည် ရိုးသားစွာဖြင့်
“ငါ့အမေကို လာဂါဝရပြုတဲ့ညတုန်းက ငါသူတို့နဲ့ဆုံဖူးတယ်”
သို့သော် ထိုအချိန်တွင် ယန်ရှီသည် ကျုံပါးပါးနှင့်အခြားသူများတင်သာမက ကျုံချင်းယွီနှင့်ပါမရင်းနှီးသေးပေ။ သူမသည် ၎င်းတို့အား သုသာန်အားလာကြသည့် သူစိမ်းများအဖြစ်မှတ်ယူကာ အဝေးမှသာငေးကြည့်ခဲ့သည်ဖြစ်သည်။
လူတိုင်းသည် ကျုံပါးပါးသည် အေးစက်ကာသမားရိုးကျဖြစ်ပြီး သူ၏စီးပွားရေးအရလက်ထပ်ထားသည့် ဇနီးများအား ဂရုမစိုက်ဟုထင်ကြသည်။
သို့ပေမဲ့ အိမ်ထောင်ရေးမှာအဆင်ပြေနေသည်ဆိုလျှင်တောင် သူမသည်သူ၏နှောင်းပိုင်းဇနီးပင်ဖြစ်သည်။ သူမသည် သူမဘဝ၏အဓိကအချိန်တွင် ကွယ်လွန်သွားခဲ့ကာ ကျုံပါးပါးသည် သူမအား နွေးထွေးမှုပျောက်ဆုံးသွားသည်မှာကြာပြီဖြစ်သည့် မုန့်ယင်းရုန်နှင့်မတူပဲ ချူယင်းအား နက်နက်နဲနဲ ချစ်မြတ်နိုးနေဆဲဖြစ်သည်။
သူသည် ကျုံချင်းယွီကဲ့သို့ စောစောလာလျှင် အလုပ်ရှုပ်နေခြင်းဖြစ်ပြီး သူသည်သူမအားမမေ့သေးပေ။ သူသည် သူ့အားသမီးတစ်ယောက်ပေးခဲ့သည့် အမျိုးသမီးအားမမေ့သေးပေ။
သုသာန်ပြုပြင်ထိန်းသိမ်းသူ ကျုံချင်းယွီဘေးမှဖြစ်သွားခြင်းသည် ယန်ရှီ၏စနက်ပင်ဖြစ်သည်။
သို့ပေမဲ့ အမှန်မှာ ကျုံပါးပါးနှင့် ကျုံယန်စီမှာ နှစ်စဥ်ဂါဝရပြုရန်လာကြသည်ပင်ဖြစ်သည်။
အချို့အရာများအား မပြောပြပဲနှင့်လုပ်သွားကြသည်။ အခြားသူများမည်သို့သိနိုင်မည်နည်း။
သုသာန်၏အပြင်ဘက်တွင် ကျုံချင်းယွီအား အားလုံးစောင့်နေကြလေသည်။
ကျုံပါးပါးသည် ကျုံယန်စီ၏ ခြေကျင်းဝတ်အားစစ်ဆေးနေသည်။ သူသည် အားလုံးကြားထဲတွင် အသက်အကြီးဆုံးဖြစ်သော်ညား နားနားနေနေထိုင်နေသည်မှာ ကျုံယန်စီပင်ဖြစ်သည်။
ကျုံပါးပါးသည် သူ၏မေးစေ့အားပွတ်လိုက်ကာ
“ဒါဏ်ရာကဘယ်လိုနေသေးလဲ”
ကျုံယန်စီ: “ချုပ်ရိုးတွေထုတ်ပြီးသွားပါပြီ၊ ကျွန်တော်ဆေးရုံကဆင်းပြီးသွားပါပြီ ဒီညအိမ်ပြန်လာလို့ရပြီ”
ကျုံးပါးပါးသည် ခေါင်းငြိမ့်လိုက်သည်။ သူသည်သူ၏အသက်အရွယ်တွင် ကျန်းမာရေးကောင်းနေပြီး သူ၏သားသည် အရင်ကင်ဆာရောဂါအားခံစားရမည်ဟု မထင်ထားခဲ့ပေ။
ကံကောင်းသည်မှာ စောစောစီးစီးသိခဲ့ရပြီး ကုနိုင်ခဲ့လေသည်။
ထိုကြောင့် ကျုံပါးပါးသည် ယန်ရှီအားကျေးဇူးတင်နေကာ သူသည် သူမအားကြည့်ရင်းကြည့်ရင်း အသိအမှတ်ပြုမှုများ တိုးလာလေသည်။ ကျုံချင်းယွီသည် ယန်ရှီအား VP အဖြစ်ရှင်းယောင်တွင် ရာထူးတိုးပေးချိန်တွင် ကျုံပါးပါးသည် သူမမှာထိုရာထူးအတွက် ငယ်သေးသည်ဟုထင်ခဲ့သည်။ သို့ပေမဲ့ ယခုတွင် သူမကိုယ်သူမနိုင်နေသည်အား ကြည့်ရင်း သူသည် ပို၍ပို၍ပင်အထင်ကြီးလာခဲ့သည်။
မုန့်ယင်းရုန်သည် ကျုံယန်စီအတွက် မိသားစုနောက်ခံ၊ရုပ်ရည်နှင့် လုပ်နိုင်စွမ်းရှိသည့် လက်တွဲဖော်အားရှာထားသည်ကို သူသိသည်။ ကျုံပါးပါးသည်လည်း ယခင်ကထိုအချက်များအားထည့်စဥ်းစားသည်ဖြစ်သောကြောင့် ကျုံယန်စီ၏ အိမ်ထောင်ရေးအားသူဝင်မစွက်ဖက်ခဲ့ပေ။ သို့သော်ယခုတွင် သူသည် ယန်ရှီသည်လည်း မဆိုးပေဟု တွေးမိလေသည်။
ကျုံမိသားစုသည် ချမ်းသာနေပြီးဖြစ်ကာ ကျုံပါးပါး၏လက်ထပ်မှုနှစ်ခုလုံးသည်လည်း စီးပွားရေးမိတ်ဖက်များဖြစ်နေလေသည်။ အချစ်မပါသည့် အိမ်ထောင်ရေးသည်တာဝန်တစ်ခုလိုပင်ခံစားရကာ သူ၏ကလေးများအား သူကဲ့သို့မခံစားရစေချင်ပေ။
ကျုံပါးပါးသည် အတွေးများကြားနှစ်မြုပ်နေသည့်ယန်ရှီအားကြည့်လိုက်ကာ သူ၏လက်ထောက်ဆွန်းနှင့်အတူ အလုပ်ကိစ္စဆွေးနွေးနေသည့် ကျုံယန်စီကထပ်ကြည့်လိုက်သည်။
အမှန်ပြောရလျှင် ယန်ရှီသည်ချွေးမကောင်းတစ်ယောက်ဖြစ်လာလောက်မည်မလား။
သို့ပေမဲ့ ထိုအရာများသည် ဖိအားပေး၍မရပေ။
တကယ့်ပြဿနာမှာ အလုပ်ကိုယ်သာစိတ်နှစ်ထားပြီး နှလုံးသားရေးရာများအားစိတ်မဝင်စားသည့် ကျုံယန်စီပင်ဖြစ်သည်။
ကျုံပါးပါးသည် စိတ်လျော့လိုက်ကာသူ၏နားထင်အားပွတ်နေသည်။ ဤသည်မှာ သူ့အမှားပင်ဖြစ်သည်။ ကျုံယန်စီသည် သူနှင့်တူကာ သူ၏စွမ်းအင်များအားအလုပ်တွင်သာနှစ်မြုပ်ထားသည်။ လွန်ခဲ့သောနေ့များတွင် မရေတွက်နိုင်သည့်မိန်းမလှလေးများသည် သူအားလာအထာပေးကြမည်ဖြစ်ကာ သူသည်မလှုပ်မရှားပဲနေမည်ဖြစ်သည်။ သူသည် ထိုနေရာတွင်ချို့တဲ့နေတာဖြစ်နိုင်သည်ဟုပင် ရုံးတွင်သတင်းထွက်ခဲ့သည်။
ဖြစ်နိုင်သည်မှာ အချစ်ရေးအတွက်သူ့တွင်အရည်အချင်းမရှိပါပဲ သူ၏ဥာဏ်ရည်ဥာဏ်သွေးများသည် အလုပ်အကိုင်အတွက်သာဖြစ်နေသောကြောင့်ဖြစ်နိုင်သည်။
အကယ်၍ သူ့သမီးလေး၏ အချစ်ရေးဆန္ဒများသာ သူ့သားအားအနည်းငယ်လွမ်းမိုးနိုင်ခဲ့လျှင်
“မင်း” ကျုံပါးပါးသည် ရုတ်တရက်ဒေါသထွက်ကာ ကျုံယန်စီအား ပုခုံးအားရိုက်လိုက်သည်။
“မင်းဘယ်လိုဖြစ်လို့ ဒီလောက်တောင်သည်းခံနိုင်ရတာလဲ၊ မင်းတစ်ခါတစ်လေမှာနိုးထရမယ်လေ”
ယန်ရှီလို့ ချစ်စရာမိန်းကလေးကသူ့ဘေးမှာရှိနေတာကို သူဘာကိုဘာမှမခံစားနေရတာလဲ။
ကျုံယန်စီသည် သူ၏ဖခင် ရုတ်တရက်အဘယ်ကြောင့်ထိုသို့ပြောသည်ကိုနားမလည်ပေ။ သူ၏အမူအယာမှာ ဗလာဖြစ်နေပြီးရှုပ်ထွေးနေပုံပေါက်သည်။
သူတို့၏နောက်တွင် လေကိုဖြတ်၍ဘရိတ်နင်းသံအားကြားလိုက်ရသည်။ ပန်းရောင် Lamborghini တစ်စီးသည် သိသိသာသာကွေးပတ်သွားကာ ကားပါကင်နှစ်နေရာအားယူလိုက်သည်။
သုသာန်၏မှုန်ဝါးနေသည့်ခံစားချက်အား တောက်ပနေသည့်ပန်းရောင် Lamborghini ကားသည် ထင်ပေါ်နေသည်။
ယန်ရှီသည် အနည်းငယ်စွေကာကြည့်လိုက်သည်။
သူမထို Lamborghini အားမှတ်မိလေသည်။ ထိုကားအား ကျုံချင်းယွီပိုင်သည့်ကားဖြစ်သည်။
ကျုံချင်းယွီသည် အရည်အချင်းရှိသည့်ကားသမားဖြစ်သော်လည်း သူမဒုတိယအကြိမ်မြောက်ထိုကားအား ထုတ်စီးချိန်တွင် ပစ္စည်းပို့သူသည် မီးနီအားကျော်မောင်းသွားကာ ကားအားအစင်းရာကြီးထင်သွားစေခဲ့သည်။ ကျုံချင်းယွီသည် ပစ္စည်းပို့သူအား ပျက်စီးမှုအတွက်မရော်ခိုင်းခဲ့ပဲ Lamborghini အား ဆိုင်သို့ပြင်ရန်ပို့ထားခဲ့သည်။
ယခု ထိုကားအားထပ်တွေ့ချိန်တွင် ကားတွင်ပိုင်ရှင်အသစ်ရှိနေသည်။
ချူယန်သည် Lamborghini ထဲမှထွက်လာကာ သူ၏တောက်ပသည့်ပန်းရောင်ကားကဲ့သို့ သူမသည်လည်း အမဲရောင်ဝတ်လာသည်မှလွဲ၍ သုသာန်ရောက်နေသည်နှင့်ပင်မတူပေ။
အံဝင်ခွင်ကျဖြစ်နေသည့် အနက်ရောင်ဝတ်စုံသည် သူမ၏လုံးကြီးပေါက်လှ ကိုယ်လုံးအားပေါ်လွင်စေသည်။ သူမ၏မိတ်ကပ်သည် အပြစ်အနာအဆာကင်းကာ ချွေးပေါက်များထဲထိပါ လိမ်းချယ်ထားသကဲ့သို့ပင်ဖြစ်သည်။
သူမသည် ကျုံပါးပါးထံသို့ အရင်သွားကာ သူ့အားနွေးထွေးစွာနှုတ်ဆက်လေသည်။
ကျုံပါးပါးသည် ယဥ်ကျေးစွာတုန့်ပြန်လိုက်ပြီး မှန်ကန်သည့်အကွာအဝေးအား ထိန်းထားလေသည်။ သူ၏နောက်ဇနီး၏ ညီမနှင့် မရင်းနှီးခဲ့ပေ။
ချူယန်သည်လည်း သူ၏စည်းများအားသိသည်။ ကျုံပါးပါးနှင့် ကြည်နူးဖွယ်နှုတ်ဆက်ပြီးနောက် သူမသည် ကျုံယန်စီဘက်သို့လှည့်လိုက်သည်။
“ဥက္ကဌကျုံ အဲတာကအရမ်းရက်စက်လွန်းတာပဲ”
သူမသည်ရွှတ်နောက်နောက်ပြောလိုက်သည်။
“ကျွန်မက ဒီတိုင်းနာမည်ကြီးတစ်ချို့ကိုအတူသောက်ချင်လားမေးခဲ့ရုံပါ၊ ကျွန်မကိုအလုပ်ဖြုတ်ဖို့လိုလို့လား”
သူမသည်ယန်ရှီအားမျက်စောင်းတစ်ချက်ထိုးလိုက်ကာ
“ကျွန်မတို့ကမိသားစုတွေပဲလေ မဟုတ်ဘူးလား”
ကျုံယန်စီသည်အမူအယာမဲ့နေကာ သူမအားလုံးဝလျစ်လျူရှူထားသည်။
ကျုံပါးပါးသည် ဝင်ပြောလိုက်သည်။
“အဲတာကသာ မပေါက်ကြားသွားဘူးဆိုရင် ကိုင်တွယ်လို့ရပါသေးတယ်၊ ဒါပေမဲ့ အဲတာသာပေါက်ကြားသွားခဲ့ရင် ရှင်းယောင်ကိုဘယ်လောက်ထိခိုက်သွားမလဲ မင်းသိလား၊ အဖွဲ့တွေကိုတောင် ထိခိုက်စေနိုင်သေးတယ်၊ တော်သေးတာပေါ့ ယန်ရှီကသေချာကိုင်တွယ်လိုက်ပြီး အဲဒီကိစ္စတွေကိုထိန်းထားခဲ့လို့၊ မင်းကိုအလုပ်ဖြုတ်ပစ်လိုက်ရတာက အသေးငယ်ဆုံးအကျိုးဆက်ပဲ”
ချူယန်သည် မကျေမနပ်ဖြစ်ကာနှုတ်ခမ်းဆူလိုက်သည်။
“ခဲအို ကျွန်မမှားမှန်းသိပါပြီ ဒါပေမဲ့ ကျွန်မရဲ့ အစ်မကသူမဆုံးခင်မှာ ကျွန်မကိုစောင့်ရှောက်ဖို့မှာသွားတယ်မလား၊ အဲတာကအမှားသေးသေးလေးပါ အခုအားလုံးအဆင်ပြေသွားပြီပဲ ကျွန်မကို ပြန်လာခိုင်းလို့မရဘူးလား”
“မရဘူး”
ကျုံပါးပါး ပြန်မဖြေခင်ကျုံယန်စီဖြတ်ပြောလိုက်သည်။
“အကယ်၍ မိထွေးရဲ့ဆန္ဒကြောင့်သာမဟုတ်ဘူးဆိုရင် ချူယန် အန်တီတကယ်ပဲ အန်တီရှင်းယောင်မှာရှိနေမယ်ထင်လို့လား၊ သူမပေးခဲ့တဲ့အခွင့်အရေးကို အန်တီပျော်သင့်သလောက်ပျော်ပြီးသွားပြီ အခုကပြန်ပေးရမဲ့အချိန်ပဲ”
ချူယန်ထက်ပိုနိမ့်သည့် ဘီးတပ်ထိုင်ခုံတွင်ထိုင်နေသည် ဖြစ်သော်ညား ကျုံယန်စီ၏ တည်ရှိမှုသည် လွှမ်းမိုးနေကာ ချူယန်အား တစ်ခဏမျှကြောက်လန့်သွားစေသည်။
ချူယန်၏မျက်နှာတွင် ဒေါသများဖြင့်ပြည့်သွားသည်။
သူမသည်ယခင်ကအမှားများလုပ်ခဲ့ဖူးသော်လည်း ကျုံယန်စီသည်ထိုမျှရက်စက်ခြင်းမရှိခဲ့ပေ။ ယန်ရှီတစ်ခုခုပြောလိုက်တာပဲဖြစ်ရမယ်။
ထိုအတွေးဖြင့် သူမသည်ယန်ရှီအား အဆိပ်ပြင်းသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
“တော်တော့”
ကျုံပါးပါးပြောလိုက်သည်။
“မင်းဒီကို မင်းအစ်မကိုဂါဝရပြုဖို့လာခဲ့တာမလား ဝင်တော့လေ”
သူ၏အသံသည် အမြန်ပြီးပြတ်သွားစေချင်သည့် ပုံပေါက်ကာ ရှင်းယောင်၏စီအီးအိုနေရာအား ဆွေးနွေးမှုသည် အဆုံးသတ်ပြီဖြစ်ကြောင်း အချက်ပြနေလေသည်။ ချူယန်သည် သူမအခွင့်အရေးမရှိသလောက်နည်းပါးသည်ကို သိသည်။ ဆံပင်အားတစ်ချက်ယမ်းလိုက်ရင်း သူမသည်ချူယင်း၏အုတ်ဂူသို့သွားရန် သုသာန်ထဲသို့ဝင်သွားခဲ့သည်။
သူ၏နောက်တွင် အိမ်တော်ထိန်းယွီနှင့် အန်တီကျန်းသည် သူမ၏နောက်ဆုတ်သွားသည့်ပုံအား အထင်အမြင်သေးစွာကြည့်နေသည်။
အိမ်တော်ထိန်းယွီသည် ကျုံပါးပါးအား အဖော်လိုက်ပေးလာကာ အန်တီကျန်းသည် ကျုံယန်စီအားဆေးရုံတက်နေစဥ်အတောအတွင်း ဂရုစိုက်ပေးနေခဲ့သည်။ကျုံယန်စီသည် ဆေးရုံမှဆင်းဆင်းချင်း သုသာန်အားတန်းလာလိုက်သည်ဖြစ်၍ အန်တီကျန်းသည်လည်း အတူပါလာခဲ့သည်။
ကျုံပါးပါးနှင့် မလှမ်းမကမ်းတွင်ရပ်နေကာ ၎င်းတို့နှစ်ဦးသည်အသက်ရှူသံအောက်တွင် ရေရွတ်နေကြသည်။
“ဂါဝရပြုဖို့လာကို အဲလိုဝတ်လာတယ် သူမ တစ်ယောက်ယောက်ကိုဖျားယောင်းဖို့လုပ်နေတာပဲ”
“ဒီနေ့ခောတ်က မိန်းမငယ်လေးတွေအားလုံးက ပိုက်ဆံရှိတဲ့သူနဲ့ လက်ထပ်နိုင်ဖို့ဘာမဆိုလုပ်ကြမှာပဲ၊ သူမတို့တွေ နှစ်နှစ်ဆယ်ကွာတယ်ဆိုတာကို သူမ မသိဘူးလား”
စူးစမ်းချင်စိတ်ဖြင့် ယန်ရှီမေးလိုက်သည်။
“ချူယန်က ကျုံပါးပါးရှေ့ကို မကြာခဏဒီလိုဝတ်ပြီး လာတတ်တာလား”
“သေချာပေါက်ပေါ့”
အန်တီကျန်းသည် သက်ပြင်းချလိုက်ကာ
“ချူယန် ကျုံအိမ်တော်မှာလာနေဖူးတယ်၊ အသက်နှစ်ဆယ်အရွယ်ကောင်မလေးက နေ့တိုင်း ပန်းတစ်ပွင့်လိုအမြဲဝတ်စားနေခဲ့တာ”
သခင်ကြီးသည်လည်း သူမအား သူမသည်သူ့နောက်ဇနီး၏ ညီမဖြစ်သည့်အလျောက်နေခွင့်ပြုခဲ့ရသည်။ သူတွင်အခြားလုပ်နိုင်သည့်အရာမရှိပေ။ ထိုကြောင့် သူမသည် အိမ်တော်တွင် နှစ်ပေါင်းများစွာနေထိုင်သွားခဲ့သည်။ သခင်လေးသည်လည်း ထိုအကြောင်းအားသိ၍ စိတ်တိုသွားကာ သူသည်ကျောင်းတွင်နေရန်ပြောင်းခဲ့သည်။
Systemသည် ကွာစေ့အားခွာနေရင်း ပေါ်လာလေသည်။
[အိုး နောက်ထပ်အတင်းတွေပဲ ဆက်ပြောပါ ဆက်ပြောပါ]
“နောက်တော့ဘာဆက်ဖြစ်တာလဲ” ယန်ရှီမေးလိုက်သည်။
“နောက်တော့ နွေရာသီပိတ်ရက်မှာ သခင်လေးကအိမ်တော်အဟောင်းကိုပြန်လာရင်း အဲဒီအမျိုးသမီးကသူ့အဖေကို မြူဆွယ်ဖို့ ကြိုးစားနေတာကိုတွေ့လိုက်ရတယ်လေ၊ အဲတာကြောင့် ကျုံယန်စီက ချူယန်ကိုမောင်းထုတ်လိုက်တာလေ”
အန်တီကျန်းသည် အသိအမှတ်ပြုသကဲ့သို့ ပြောလိုက်ကာ ကျုံယန်စီနှင့်တစ်ဖက်ထဲဖြစ်သည် မှာအသေအချာပင်ဖြစ်သည်။
“စဥ်းစားကြည့်လိုက်ပါ အသက်နှစ်ဆယ်မပြည့်တပြည့် ကောင်မလေးတစ်ယောက်က အသားတွေပေါ်နေတဲ့ အဝတ်အစားတွေနဲ့ တစ်အိမ်လုံးကိုပတ်သွားနေတာ၊ သူမက သခင်ကြီးကိုမြူဆွယ်ဖို့လုပ်နေတာကလွဲပြီး ဘာဖြစ်နိုင်မှာလဲ”
အမျိုးသမီးတစ်ဦးအနေနှင့် အန်တီကျန်းသည် ချူယန်၏အတွင်းစိတ်အားတွေ့နိုင်လေသည်။
“ရှီအာ လိုမဟုတ်ဘူး ရှီအာကအမြဲသေချာဝတ်စားထားပြီး ကာတွန်းညအိပ်ဝတ်စုံတွေပဲဝတ်နေတာ၊ အကုန်လုံးကိုလုံနေတာပဲ မင်းနဲ့ပတ်သက်ပြီးဘာကိစ္စမှမရှိပါဘူး”
ယန်ရှီ:”....”
သူမသည် system ထံရေရွတ်လိုက်သည်။
“ငါကတော့ အန်တီကျန်းငါ့ကို ကပ်တိုးလေးခောတ်နောက်ကျတယ်လို့ ခေါ်သွားသလိုခံစားရတယ်”
[ဟားဟားဟားဟား]
[သံသယရှိစရာမရှိဘူး သူမတကယ်အဲလိုခေါ်သွားတာပဲ]
ယန်ရှီသည် အန်တီကျန်းအားမေးလိုက်သည်။
“ဒါပေမဲ့ ကျုံယန်စီချူယန်ကိုမောင်းထုတ်လိုက်တော့ ချင်းယွီကဝမ်းနည်းသွားမှာပေါ့ မဟုတ်ဘူးလား”
“သေချာပေါက်ပဲပေါ့”
အန်တီကျန်းသည် သက်ပြင်းချလိုက်သည်။
“သခင်မလေးက သခင်လေးကိုတကယ်စိတ်ဆိုးသွားတာ၊ အဲဒီအချိန်ကနေစပြီး သူတို့ဆက်ဆံရေးကအဆင်မပြေဖြစ်သွားတာပဲ”
အိမ်တော်ထိန်းယွီသည် သက်ပြင်းချလိုက်ကာ
“သခင်မလေးက အရင်တုန်းက တကယ့်ကိုနုံအလွန်းတယ်၊ အစ်မဆုံးသွားချိန်မှာ ညီမဇနီးအသစ်အနေနဲ့ လက်ထပ်တာကပုံမှန်ပါပဲ မဟုတ်ရင် ချူမိသားစုက ချူယန်ကိုဘာလို့ပို့မှာလဲ၊ ချူမိသားစုချမ်းသာပါတယ် သူတို့ပိုင်ဆိုင်တဲ့ ပိုင်ဆိုင်မှုတွေမရှိတာမျိုးမဟုတ်ပါဘူး ကျုံအိမ်တော်မှာ ချူယန်ဒီလောက်နှစ်တွေအများကြီးနေဖို့လိုလို့လား”
“သူတို့တွေက သူမကသခင်မလေးကို အဖော်လုပ်ပေးဖို့လာတယ်ပြောကြပေမဲ့ နှစ်တွေအကြာကြီးနေသွားတာကြီးကတော့ အရမ်းကြာလွန်းတယ်လေ”
“ဟုတ်တယ်”
အန်တီကျန်း ဝင်ထောက်ခံလိုက်သည်။
“ပြီးတော့ ချူယန်ကငယ်ရွယ်တယ်လေ၊ သူတို့တွေကသူ့မှာအားသာချက်ရှိတယ်လို့ထင်နေကြမှာ တကယ်လို့ သခင်လေးသာဝင်မပါခဲ့ဘူးဆိုရင် ချူယန်က မစ္စကျုံ လို့အခေါ်ခံနေရလောက်ပြီ”
သူတို့စကားပြောနေကြချိန်တွင် ကျုံချင်းယွီသည် သူမဖိခင်အား ဂါဝရပြုပြီးသွားကာ ချူယန်နှင့်အတူ သုသာန်မှထွက်လာသည်။
ချူယန်သည် ကျုံချင်းယွီ၏လက်မောင်းအား ချိတ်ထားကာ ၎င်းတို့နှစ်ဦးသည် ရင်းနှီးပုံပေါ်သည်။
“ကားထဲဝင်ကြးအောင်” ကျုံပါးပါး ပြောလိုက်သည်။
“နောက်ကျနေပြီ အိမ်မှာညနေစာစားဖို့ပြန်ကြရအောင်”
“ဟုတ်”
ကျုံချင်းယွီသည် ပြန်မဖြေသေးပေ။ သို့သော် ချူယန်သည် တောက်ပစွာပြုံးနေပြီးဖြစ်သည်။
ယန်ရှီသည် အစတွင် အန်တီကျန်း၏အိမ်တော်ထိန်းယွီ၏စကားများအား အလေးမထားခဲ့ပေ။သို့ပေမဲ့ ယခုတွင် ချူယန်နှင့်ကျုံချင်းယွီ သုသာန်မှထွက်လာချိန်တွင် ကျုံချင်းယွီသည် သူမ၏မိခင်နှင့်ခွဲခွာရသည့်အတွက် ဝမ်းနည်းနေဆဲဖြစ်ကာ ချူယန်၏မျက်လုံးထဲတွင်မူ ဆိုးသွမ်းမှုများနှင့်တောက်ပနေကာ သူမ၏အကြည့်သည် ကျုံပါးပါးထံသို့ ထပ်ကာထပ်ကာရောက်နေလေသည်။
System သည် ယန်ရှီပုခုံးပေါ်မှနေ၍ လိမ္မာပါးနပ်စွာရေရွတ်လိုက်သည်။
[host ကျွန်တော်ရဲ့နှစ်ပေါင်းများစွာ အချစ်ဝတ္ထုတွေကို ခွဲခြမ်းစိတ်ဖြာလာတဲ့ အတွေ့အကြုံအရ အန်တီကျန်းနဲ့ အိမ်တော်ထိန်းယွီပြောတာ လုံးဝမှားမနေဘူး]