← Chapters

အခန်း (၇၃)

Vol. 8 Ch. 73

အခန်း (၇၃)

Vol. 8 Ch. 73

ကျုံချင်းယွီသည် စိန်ကိုရပြီးနောက် စိတ်ကောင်းဝင်နေကာ သူမသည် ထမင်းတစ်ဝက်ကို ပိုစားခဲ့သည်။

ညစာစားပြီးနောက် သူမသည် ယန်ရှီနှင့် အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် နှစ်ယောက်လုံးသည် ကျုံယန်စီအား တစ်ပြိုင်နက် စိုက်ကြည့်ခဲ့သည်။

ရှယ်ယာများရယူခဲ့သည့်ကိစ္စကို ကျုံယန်စီအား လျှို့ဝှက်ထားခြင်းဖြစ်သည်။

ကျုံယန်စီမှာ အလွန် နှလုံးသားနူးညံ့သူဖြစ်ပြီး အကယ်၍ သူသည် အသေးစိတ်အချက်အလက်များကို ရှာတွေ့သွားပါက မုန့်ရွှမ်းယွီ၏ပြသာနာအရှုပ်များအား သေချာပေါက်သွားရှင်းမည် ဖြစ်သည်။

ကျုံယန်စီ၏လုပ်နိုင်စွမ်းဖြင့်ဆိုလျှင် မုန့်ရွှမ်းယွီသည် ကောင်းကင်တွင် အပေါက်ဖောက်ထားပါက သူသည် သွား၍ ထိုအပေါက်ကို ဖာထေးမည်ပင်ဖြစ်သည်။

မုန့်ရွှမ်းယွီက မုန့်ယင်းရုန်ကို သတင်းမပေးခင် ငါတို့နှစ်ယောက် အရင်လှုပ်ရှားရမယ်။

System သည် တုံ့ဆိုင်းနေခဲ့သည်။

[ Hostရေ မင်း အစ်ကိုကြီးကို ဒီကိစ္စ ဖုံးကွယ်ထားတာ နည်းနည်းလေးမှားနေတယ်လို့မထင်ဘူးလား]

System၏ ကိုယ်ကျင့်တရားသည် ရုပ်ချောသည့်သူများအား ဘက်လိုက်တက်ပြီး သူသည် ဆွဲဆောင်မှုရှိသည့်သူများကို အမြဲဦးစားပေး၏။

“ ဘယ်နားက မှားနေလို့လဲ”

ယန်ရှီသည် စိုးရိမ်ပူပန်မှုများကို ဖယ်ထုတ်ခဲ့သည်။

“ ကျုံယန်စီက မုန့်စီးပွားရေးလုပ်ငန်းစုရဲ့ ရှယ်ယာတွေ တစ်ခုမှ မပိုင်ဘူး၊ သူက တစ်ချိန်လုံးအလကား ကူညီပေးနေတာ၊ ပြီးတော့ နောက်ဆုံးကျ မုန့်ယင်းရုန်ရဲ့ အဲရှယ်ယာတွေက မုန့်ရွှမ်းယွီဆီရောက်သွားမှာပဲလေ”

“ တကယ်လို့ ကျုံစီးပွားရေးလုပ်ငန်းစုက မုန့်စီးပွားရေးလုပ်ငန်းစုကို ထိန်းချုပ်နိုင်ပြီး ကျုံယန်စီကလည်း သူတို့ရဲ့ပြသာနာအရှုပ်တွေကို နောက်မှရှင်းပေးရင်တောင် သူက ကျုံစီးပွားရေးလုပ်ငန်းစုအတွက် လုပ်ပေးနေတာပဲလေ၊ ဒါက ကောင်းတဲ့အရာပဲပေါ့”

System သည် သေချာစဉ်းစားခဲ့ပြီးနောက် အောင်မြင်စွာဖြင့်သိမ်းသွင်းစည်းရုံးနိုင်ခဲ့သည်။

ဒါက သင့်တော်တဲ့အချက်ပဲ။ အကယ်၍ ကိုယ်က ပိုက်ဆံမရဘဲ အလကား အလုပ်လုပ်ရတာဆိုရင် ကိုယ့်မိသားစုအတွက်ပဲ ကောင်းကောင်းလုပ်တော့မှာပေါ့။

ယန်ရှီနှင့် ကျုံချင်းယွီတို့သည် အကြည့်ချင်းဖလှယ်ပြီးနောက် လုပ်ရမည့်တာဝန်များအား ခွဲလုပ်ကြတော့သည်။

ယန်ရှီရဲ့ တာဝန်က ကျုံယန်စီကို အာရုံပြောင်းပြီး အဲအချိန်မှာ ကျုံချင်းယွီက စာရွက်စာတမ်းတွေယူပြီး ကျုံပါးပါးဆီမှာ ဝယ်ယူမယ့်အစီစဉ်ကို ဆွေးနွေးပြီး ဆွဲဆောင်ရုံပဲ။

ကံကောင်းစွာဖြင့်ပင် ကျုံယန်စီသည် ထိန်းချုပ်ရလွယ်နေခဲ့သည်။

ကျုံယန်စီသည် ဆေးရုံဆင်းပြီးနောက်တွင် အချိန်အတော်အကြာထိုင်နေခဲ့ခြင်းကြောင့် လှုပ်ရှားမှုမရှိ၍ ကြွက်သားများ မသေသွားစေရန် ပြန်လည်ကျန်မာရေးထူထောင်မှုများလိုအပ်သည်ဟု ယန်ရှီမှ အကြံပေးခဲ့ပြီး သူသည် ထိုအရာအား မငြင်းပယ်ခဲ့ပေ။

ရေကန်ဘေးနားတွင် ယန်ရှီသည် ကျုံယန်စီအား လမ်းလျှောက်ရန် ကူညီပေးနေခဲ့သည်။

ကျုံယန်စီသည် မဲနက်ပြောင်လက်၍ အနံ့မွှေးသည့်သစ်သားတုတ်ကောက်ကို မှီနေခဲ့သည်။

နူးညံ့သည့်လေညှင်းလေးသည် ရေကန်ကိုဖြတ်လာ၍ နွေရာသီအပူအား အေးချမ်းစေခဲ့သည်။

သူ့အား လေ့ကျင့်ခန်းလုပ်ရန်ကူညီပေးသည့်အချိန်တွင် ယန်ရှီသည် ကျုံချင်းယွီဘက်တွင် မည်သည့်ကိစ္စများတိုးတက်နေသည်ကို မသိရ၍ စိုးရိမ်နေခဲ့သည်။

System သည် အတင်းတုပ်သည့်နေရာတွင် ကျွမ်းကျင်သူဖြစ်၍ သူမ၏တိုးတက်လာမှုများကို တိတ်တိတ်ကလေး သတင်းပေးနေခဲ့သည်။

[မစ္စကျုံက ဥက္ကဌကျုံကို ဝယ်ယူမယ့်အစီအစဉ်ကို တင်ပြလိုက်ပြီ၊ သူတို့က အမျိုးတော်ခဲ့ဖူးတော့ ဥက္ကကျုံက တုံ့ဆိုင်းနေတယ်]

[ မစ္စကျုံက DNAစစ်ဆေးချက်ကို ထုတ်ပြလိုက်ပြီ]

[ ပွဲကနိုင်ပြီ၊ အပြတ်အသတ်ကိုနိုင်ပြီပဲ]

[ အို ဝိုးး ဥက္ကဌကျုံးက စိတ်တိုပြီး ပြာခွက်ကို ရိုက်ခွဲလိုက်ပြီ အဲခွက်က ယွမ် 500,000တောင် တန်တဲ့ဟာပဲ]

ယန်ရှီသည် ထိုတိုးတက်မှုများကြောင့် ကျေနပ်နေခဲ့သည်။

ကျုံပါးပါးသည် ထိုမျှဒေါသထွက်နေပုံအရ သူသည် ယခင်က အမျိုးတော်စပ်ခဲ့သူများအား မည်သည့်အကူအညီမျှ ပေးတော့မည် မဟုတ်ပေ။

ဝယ်ယူမှုသည် အမှန်စင်စစ်ပင် ပြီးဆုံးသွားခဲ့သည်။

အမှန်အတိုင်းပြောရမည်ဆိုလျှင် မုန့်စီးပွားရေးလုပ်ငန်းစုသည် နှစ်ပေါင်းများစွာ စီမံအုပ်ချုပ်မှုညံ့ဖျင်းခဲ့ခြင်းဖြစ်သည်။

ကျုံယန်စီ၏ အကူအညီမရှိပါက သူတို့သည် လွန်ခဲ့နှစ်များကတည်းကပင် ဒေဝါလီခံခဲ့ရမည်ဖြစ်၏။

ကျုံယန်စီသည် မုန့်စီးပွားရေးလုပ်ငန်းစုအတွက် ငါးနှစ်တာတိုးတက်ရေးစီမံကိန်းဆွဲပေးခဲ့သော်လည်း သူတို့သည် ခေါင်းမာစွာဖြင့် လျစ်လျူရှုခဲ့သည်ဟု လက်ထောက်ဆွန်းမှ တစ်ခါပြောခဲ့ဖူးသည်။

ယန်ရှီသည် မုန့်မိသားစုအား တကယ့်ကိုရူးနေကြသည်ဟု တွေးခဲ့သည်။

ကျုံပါးပါးသည် ကျုံစီးပွားရေးလုပ်ငန်းစုအား ဟိုင်မြို့၏ထိပ်တန်းစီးပွားရေးလုပ်ငန်းစုကြီးအဖြစ် တည်ထောင်ခဲ့သည့် စီးပွားရေးဆိုင်ရာအကြီးအကဲဖြစ်ပြီး ကျုံယန်စီသည် ထိုဂုဏ်ပုဒ်အား ငါးနှစ်တိတိထိန်းသိမ်းထားသူပင်ဖြစ်၏။

အိမ်ခြံမြေဈေးကွက်များ ကျဆင်းလာသည့်ကြားကာလတွင် ITနည်းပညာများ တိုးတက်လာချိန်၌ သူသည် အခွင့်အရေးကို အမိအရဆုပ်ကိုင်ခဲ့သည်။ ကျုံစီးပွားရေးလုပ်ငန်းစုသည် လှူမှုကွန်ရက်ပလပ်ဖောင်းများ၏ အရေးပါသောလုပ်ငန်းများကို ချုပ်ကိုင်ထားခဲ့နိုင်ခြင်းမှာ ကျုံယန်စီသည် အတွေ့အကြုံမရှိသေးသည့် လုပ်ငန်းသစ်များထံတွင် ရင်းနှီးမြုပ်နှံထားခဲ့ခြင်းကြောင့်ဖြစ်၏။

သူတို့သည် ကျုံပါးပါး၏ အိမ်ခြံမြေဈေးကွက်တစ်ခုတည်းကိုသာ မှီခိုနေခဲ့ပြီး ထိပ်ဆုံးတွင် နေနိုင်မည်ဟု ထင်နေကြသလား။

အိမ်မက်မက်နေလိုက်တော့!

ကျုံချင်းယွီကိုဖျက်စီးပစ်ရန်အတွက် ကျုံယန်စီအား အရင်ဆုံးဖယ်ရှာရမည်ဆိုတာကိုပင် ဇာတ်ညွှန်းတောင်‌သိနေခဲ့သည်။

မုန့်မိသားစုက အဘယ့်ကြောင့် ထိုအရာကို မမြင်ရသနည်း။

သူတို့က အကျိုးအမြတ်ရှိသည့်လုပ်ငန်းများကိုပိုင်ဆိုင်ထားသော်လည်း အရာအားလုံးကို ဖျက်ဆီးချင်နေသေးသည်။

ယန်ရှီသည် သူမ၏ခေါင်းကို ခါးယမ်းလိုက်သည်။ တစ်ချို့လူများသည် တကယ်ကို အမြင်ကျဉ်းလှပေသည်။

ပြန်လည်ကျန်းမာရန်အတွက် လေ့ကျင့်ခန်းလုပ်ပြီး မိနစ်နည်းနည်းအကြာတွင် ကျုံယန်စီသည် ယန်ရှီ၏ ဤလေ့ကျင့်ရေးတွင် စိတ်မပါသည့်ပုံအား သတိထားမိခဲ့သည်။

သူမသည် ကျုံယန်စီအား ကူညီပေးနေသော်လည်း သူမသည် တင်းတင်းကြပ်ကြပ်ကိုင်ထားပေးခြင်းမရှိသည့်အပြင် မျက်လုံးများသည်လည်း ဟိုကြည့်ဒီကြည့်ဖြင့် လျှောက်ကြည့်နေလေသည်။

သူမ၏နဖူးပေါ်တွင် ကျနေသည့် ဆံပင်လေးတစ်ချောင်းသည် လေတိုက်သည့်အခါ၌ လှုပ်ရှားနေခဲ့သည်။

အလိုအလျောက်ပင် ကျုံယန်စီသည် ထိုဆံပင်အား သူမ၏နားကြားထဲတွင်ညှပ်ပေးရန်အတွက် လက်ကိုထုတ်လိုက်သည်။

ယန်ရှီသည် လန့်သွားခဲ့ပြီး ရုတ်တရက်ပင် ဆတ်ခနဲလှုပ်ရှားလာမှုကြောင့် ကျုံယန်စီမှာ ဟန်ချက်မညီဖြစ်သွားခဲ့သည်။

သူ လဲကျလုနီးနီးတွင် သူ၏ တုတ်ကောက်နှင့်အတူ မထိခိုက်ထားသည့် အခြားခြေထောက်တစ်ဖက်ဖြင့် ဟန်ချက်ပြန်ထိန်းလိုက်ရသည်။

သူသည် လက်တစ်ဖက်အားနေခဲ့ခြင်းကြောင့် အနောက်တွင်ရှိသော ခြံစည်းရိုးနှင့် မတိုက်မိစေရန် ယန်ရှီ၏ခါးကို လှမ်းဖက်၍ဆွဲလိုက်သည်။

“ကျုံယန်စီ ရှင်အဆင်ပြေရဲ့လား”

ယန်ရှီမှ စိုးရိမ်တကြီးနှင့် မေးလာခဲ့သည်။

ကျုံယန်စီသည် သူမပေါ်သို့မှီနေခဲ့ပြီး ယန်ရှီကူညီပေးနေသည်ကို ခွင့်ပြုခဲ့သည်။

“ ပြန်ကောင်းဖို့အတွက် လေ့ကျင့်ခန်းလုပ်ရတာက တကယ်ပင်ပန်းလွန်းတယ်၊ ကျွန်တော့်ခန္ဓာကိုယ်က မခံနိုင်တော့ဘူးထင်တယ်၊ ဒီနေ့တော့ဒီလောက်ပဲလုပ်ရအောင်”

“ မဖြစ်ဘူး”

ယန်ရှီ၏စိတ်ထဲတွင် မုန့်မိသားစုမှ သူ့(ကျုံယန်စီ)အား အသိအမှတ်မပြုသည်နှင့်ပတ်သတ်၍ ဝေဖန်နေခဲ့ခြင်းဖြစ်ပြီး သူမသည် ယခုတွင် ကျုံချင်းယွီအား စိတ်မပျက်စေချင်ခဲ့ပေ။

ဇာတ်ညွှန်းသည် အမြဲစောင့်ကြည့်နေပြီး ကျုံယန်စီ၏ကျန်းမာရေးသည်လည်း အရေးကြီးလှသည်။

“ ရှင် လေ့ကျင့်ခန်းလုပ်တာက မလုံလောက်သေးဘူးထင်တယ်၊ ကြည့်ပါ့လား ခုနက လဲကျမလို့တောင်ဖြစ်သွားတာလေ”

သူမသည် ခဏတာ စဉ်းစားခဲ့သည်။

“ဒီလိုဆိုရင်ရော အခုကစပြီးတော့ ရှင် လုံးဝပြန်ကောင်းလာတဲ့အထိ ရှင့်ရဲ့ပြန်လည်ထူထောင်ရေးကို ညတိုင်း ကျွန်မကြီးကြပ်ညွှန်ကြားပေးမယ်”

အချိန်ခဏတာရပ်တန့်သွားပြီးနောက် ကျံယန်စီသည် အင်တင်တင်ဖြင့် သဘောတူခဲ့သည်။

ယန်ရှီသည် တစ်ခြားဖက်သို့လှည့်သွားချိန်တွင် သူသည် အသာယာပြုံးလိုက်၍ သူ့မျက်လုံးထဲတွင်လည်း လင်းလက်သွားခဲ့သည်။

—

ခဏအကြာတွင် အနားယူရန်အတွက် ယန်ရှီသည် ကျုံယန်စီအား ကူတွဲပေး၍ ရေကန်ဘေးတွင်ရှိသော နားနေဆောင်ထဲသို့ သွားကြသည်။

သူတို့သည် အမှီပါသည့်ထိုင်ခုံပေါ်တွင် ထိုင်နေခဲ့ကြပြီး ယန်ရှီသည် သူမ၏မျက်လုံးများကိုမှိတ်ကာ ညဆည်းဆာလေညှင်းလေးများကို ခံစားနေခဲ့သည်။ ထိုလေညှင်းလေးများသည် Airconထက် ပို၍အေးချမ်းပြီး ရေကန်အနံ့နှင့်စိမ်းစိုနေသည့်သစ်ပင်များ၏ အနံ့များကိုလည်း သယ်ဆောင်လာသည်။

ကျုံယန်စီသည် သူ၏ခေါင်းကိုလှည့်လာ၍ ယန်ရှီ၏လှပသော လက်ကောက်ဝတ်လေးအားငြိမ်သက်စွာဖြင့်ကြည့်နေခဲ့သည်။

အေးစက်သည့်အထိအတွေ့တစ်ခုသည် သူမအား လန့်သွားစေခဲ့သည်။

သူမ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ၌ ကျုံယန်စီသည် သူမ၏လက်ကောက်ဝတ်တွင် ပန်းရောင်စိန်များဖြင့်စီခြယ်ထားသည့် လက်ကောက်တစ်ခုပတ်ပေးနေသည်ကိုမြင်လိုက်ရသည်။

ကျုံယန်စီ : “ ကျေးဇူးပြန်ဆပ်တာပါ”

ကျုံယန်စီသည် ပြင်သစ်စတိုင်လ် အနက်ရောင်ရှပ်အကျီကိုဝတ်ဆင်ထား၍ အင်္ကျီလက်အနားကို သပ်ရပ်စွာခေါက်ထားပြီး ယန်ရှီပေးသည့် နှင်းပွင့်ပုံစံကြယ်သီးများဖြင့် တွယ်ထားလေသည်။

သို့သော် ထိုကြယ်သီးများသည် ယွမ် 10,000သာလျှင် ကုန်ကျခြင်းဖြစ်သည်။

ထိုပန်းရောင်စိန်ဖြင့်ပြုလုပ်ထားသည့် လက်ကောက်သည် တစ်ကာရက်စာ စိန်ဆယ်လုံးပါဝင်ခြင်းကြောင့် တစ်ဆယ်မီလီယမ်ပင် တန်ကြေးရှိသည်။

အကြမ်းဖျင်းပြောရမယ်ဆိုရင် သူက ဟိုင်မြို့ရဲ့ တိုက်ခန်းတစ်ခန်းစာလောက် တန်ဖိုးရှိတဲ့အရာကို သူ့ရဲ့လက်ကောက်ဝတ်ပေါ်မှာ ဝတ်ထားရသလိုပဲ။

“ ဒါက အရမ်းတန်ဖိုးကြီးလွန်းတယ်၊ ကျွန်မ လက်မခံနိုင်ဘူး”

သူမသည် အလျင်အမြန်ပင် ချွတ်ဖို့ကြိုးစားခဲ့သည်။

ကျုံယန်စီသည် သူမအား တားလိုက်သည်။

“ M brandရဲ့ဆောင်းဦးရာသီ collection ပါ၊ ကျွန်တော့်ကိုယ်ပိုင်ထုတ်ကုန်မလို့ အဲလောက် မကုန်ကျပါဘူး”

ယန်ရှီသည် မျက်တောင်ခတ်လိုက်သည်။

“M brand ရဲ့ ထုတ်ကုန်အသစ်လား”

ကျုံယန်စီ: “ အွန်း”

[ Host ရေ ကျွန်တော်ဒါကိုစစ်ဆေးကြည့်ပြီးပြီ အဲတာက ပုံစံတူတဲ့အတုတစ်ခုပဲ]

[ M brandက ပန်းရောင်စိန် အလယ်အလတ်အရောင်အဆင့်ကိုသုံးပြီး ဈေးကလည်း တစ်ကာရက်ကို ယွမ်တစ်မီလီယံလောက်ပေးရတယ်၊ ဒါပေမယ့် ဒါက ဓာတ်ခွဲခန်းထဲကနေလုပ်ထားတဲ့အတုပဲ ဒီလက်ကောက်တစ်ခုလုံးပေါင်းရင်တောင် ယွမ် 100,000အပြင် ပိုမပေးရဘူး]

ယန်ရှီ: "…"

ပြည့်စုံသွားပြီ၊ သူမ ဘာကိစ္စကိုမှ မကိုင်တွယ်လိုက်ရဘဲ မုန့်စီးပွားရေးလုပ်ငန်းစုကိုဖြိုချဖို့အတွက် ခိုင်မာတဲ့သက်သေအခိုင်အမာကို ရသွားခဲ့ပြီ။

မုန့်စီးပွားရေးလုပ်ငန်းစု၏ ဇိမ်ခံပစ္စည်များထုတ်လုပ်သည့်လုပ်ငန်းတွင် မည်သူမျှမယှဉ်ပြိုင်နိုင်သည့် အတုထုပ်လုပ်သည့်ပစ္စည်းများကာကွယ်ခြင်း နည်းပညာရှိပြီး သူတို့၏ အစစ်အမှန်ကုဒ်များကို

မည်သူမှ ကူးယူနိုင်ခြင်းမရှိခဲ့ပေ။

ထို့ကြောင့်ပင် M brandထုတ်ကုန်၏ အစစ်ဖြစ်ကြောင်းစစ်ဆေးခြင်းသည် ထိုကုဒ်အား စစ်ဆေးခြင်းပင်ဖြစ်သည်။

မုန့်ရွှမ်းယွီသည် အတုများကို အစစ်များဟု လိမ်၍ ရောင်းရဲခြင်းသည် ထိုနည်းပညာကို ထိန်းချုပ်ထားခြင်းကြောင့်ဖြစ်၏။

သူရွေးချယ်ထားသည့် ပုံစံတူ အတုများသည် အဆင့်မြင့်၍ အစစ်အတု ခွဲခြားရန်ခက်ခဲပြီး ပိုက်ဆံပေး၍ ကျွမ်းကျင်သည့်စစ်ဆေးအကဲဖြတ်သူများသာသိနိုင်မည်ဖြစ်ပြီး ရိုးရိုးဆိုင်ဝန်ထမ်းများသည် ထိုခြားနားမှုကို မသိနိုင်ပေ။

ယန်ရှီသည် အစောပိုင်း၌ ထိုလက်ကောက်ကို စိတ်မဝင်စားခဲ့ခြင်းမှာ အလွန်တန်ဖိုးကြီးသည့်အရာအား လက်ခံရသည်မှာ မသင့်တော်ဘူးဟုခံစားနေခဲ့ရခြင်းကြောင့်ဖြစ်သည်။

သို့သော် ထိုအရာသည် မုန့်ရွှမ်းယွီ၏ကိစ္စအားဖော်ထုတ်ရန်အတွက် ပစ္စည်းတစ်ခုမှန်းသိရလိုက်သည့်အခါ၌ သူမ၏မျက်လုံးများမှာ တောက်ပလာခဲ့သည်။

ထိုအရာသည် ယွမ် 100,000 လောက်ပင် တန်သည်ဟု မည်သူပြောသနည်း။

ယန်ရှီအတွက်‌တွင်မူ ထိုလက်ကောက်သည် ဘီလီယမ်ပေါင်းများစွာတန်ဖိုးရှိလေသည်။

ကျုံယန်စီသည် ယန်ရှီမှ နောက်တစ်ကြိမ်ထပ်ငြင်းမည်စိုးရိမ်သောကြောင့် မဝံ့မရဲဖြင့် မေးလာခဲ့သည် ။

“ မင်းကြိုက်ရဲ့လား”

ယန်ရှီသည် တုံ့ဆိုင်းခြင်းမရှိဘဲ ဖြေလာခဲ့သည်။

“ ကျွန်မကြိုက်တယ်”

သူမ၏နှုတ်ခမ်းများသည် ကွေးသွားအောင်ပင်ပြုံးလိုက်ပြီး မျက်လုံးများမှာလည်း လခြမ်းလေးကဲ့သို့ပင် ကွေးသွားခဲ့သည်။

သူမ၏ အမူအရာအား မြင်လိုက်ရသည့်အခါ၍ ကျုံယန်စီသည် သူ၏ ရင်ဘတ်ထဲတွင် နွေးထွေးမှုနှင့်ချိုမြန်မှုများ ပြည့်နှက်သွားခဲ့သည်။

စာကြည့်ခန်းထဲတွင် ကျူံချင်းယွီသည် ကျုံပါးပါးအား အောင်မြင်စွာ စည်းရုံးနိုင်ခဲ့သည်။

သူသည် အရင်းအနှီးများထောက်ပံ့ပေးမည်ဖြစ်ပြီး သူမသည် ရှယ်ယာဝယ်ယူမှုများကို လုပ်ဆောင်ရမည်ဖြစ်သည်။

ကျုံချင်းယွီသည် စီးပွားရေးအကြောင်းများကို နားမလည်သော်လည်း သူမသည် ယွီရှောင်နှင့် ယောင်ချီတို့ကိုမှီခို၍ ကိုင်တွယ်သွားမည်ဖြစ်သည်။

စာကြည့်ခန်းထဲမှထွက်လာသည့်အခါ၌ သူမ၏ ပုခုံးပေါ်တွင် လေးလံသည့်အရာတစ်ခုတင်ထားရသည်ဟုခံစားနေခဲ့ရသည်။

ထိုအဖြစ်အပျက်သည် ယခုတွင်ဖြစ်သွားတာကြောင့် မုန့်ယင်းရုန်သည် ထိုအရာအားသိရှိသေးမည်မဟုတ်ပေ။ ထို့အပြင် သူမသည် ပစ္စည်းအတုများအား ဆိုင်အသီးသီးသို့ဖြန့်ထားသည်ကိုလည်း သတိရသေးမည်မဟုတ်ပေ။

နောက်လာမယ့်ရက်တွေက တိုက်ခိုက်ဖို့ အကောင်းဆုံး အခွင့်အရေးတွေပဲ။

ကျုံချင်းယွီသည် ထိုသတင်းအား ယန်ရှီကိုပြောပြရန်မစောင့်နိုင်တော့ပေ။

ရေကန်ဘေးရှိ‌နားနေဆောင်တွင် ကျူံချင်းယွီသည် သူမအားရှာတွေ့ခဲ့သည်။

ကျုံချင်းယွီသည်မြင်ကွင်းတစ်ခုကိုမြင်လိုရပြီးနောက် သူမအကြည့်များအားပိုစူးရှစေသည့်အကြောင်းမှာ ကျုံယန်စီနှင့် ယန်ရှီသည် ရယ်မောပျော်ရွှင်၍စကားပြောနေကြပြီး သူ့၏ အရှက်မရှိသောလက်သည် ယန်ရှီ၏လက်အားကိုင်ထားသည်။

အားးးးးးးးးးး!

ဒီအဘိုးကြီးက ငါ့အချစ်ဆုံးသူငယ်ချင်းကို တကယ်လိုက်နေပြီပဲ။

ကျုံချင်းယွီသည် ဒေါသတကြီးဖြင့် ရှေ့သို့သွားကာ သူတို့နှစ်ယောက်ကြား ဝင်လိုက်သည်။

“ နင်ဘာလုပ်နေတယ်ထင်လဲ ကျုံယန်စီ ကိုယ့်ဟာကိုထိန်းစမ်း၊ ကောင်မလေးတစ်ယောက်ရဲ့လက်ကို အဲလိုထိချင်တိုင်းထိလို့မရဘူး”

သူမသည် ယန်ရှီဘက်သို့လှည့်လိုက်သည်။

“ ပြီးတော့ နင်ရောပဲ၊ ဘယ်လိုလုပ် နင့်ကို ယောကျာ်းတစ်ယောက်က လက်လာကိုင်တာကို လွယ်လွယ်ကူကူနဲ့ခွင့်ပြုနေရတာလဲ”

သူက နင့်ကိုမြူဆွယ်နေတာ မသိဘူးလား အရူးမလေးရဲ့။

ကျုံယန်စီသည် စကားတစ်ခွန်းမျှမပြောဘဲ ကျုံချင်းယွီ၏ ရုတ်တရက်ဝင်ရောက်နှောက်ယှက်နေသည်ကို လျစ်လျူရှုထားခဲ့သည်။

သို့သော်လည်း ယန်ရှီသည် ပန်းရောင်စိန်လက်ကောက်ကို ကြွားချင်သောကြောင့် သူမ၏လက်ကို ဂုဏ်ယူစွာဖြင့်မြှောက်ပြလိုက်သည်။

“ ကြည့်လိုက်”

ကျုံချင်းယွီသည် သူမ၏နဖူးကို လက်ဖြင့်တောက်လိုက်သည်။

“ နင်က ဒီလို လွယ်လွယ်နဲ့ဝယ်လို့ရတဲ့သူလား၊ အဲပန်းရောင်စိန်လက်ကောက်လား ငါနင့်ကို အဲလိုမျိုး ဆယ်ခုလောက်ပေးနိုင်တယ်”

ယန်ရှီသည် တခစ်ခစ်ဖြင့်ရီလိုက်သည်။

“ မဟုတ်ဘူး မဟုတ်ဘူး ဒီ logoကို ကြည့်လိုက်၊ ဒါက M brand ရဲ့ ဆောင်းဦးရာသီcollection အသစ်ပဲ”

ကျုံချင်းယွီသည် လှောင်သလိုလိုဖြင့်ရယ်လိုက်သည်။

“အဲတော့ရော ဘာဖြစ်လဲ ငါကနင့်ကို B brand ရဲ့ ပစ္စည်းတွေတောင်ဝယ်ပေးနိုင်တယ်၊ အဲတာတွေကမှ လက်ဝတ်ရတနာတွေထဲက ဘုရင်တွေပဲ”

ယန်ရှီသည် သူမ၏အသံကို နှိမ့်ချ၍ပြောလာခဲ့သည်။

“M brand ရဲ့ နောက်ဆုံးထုတ်ကုန်လေ နင်မမှတ်မိတော့ဘူးလား”

ကျုံချင်းယွီသည် မှင်သက်သွားခဲ့သည်။

သူမသည် ယန်ရှီ၏လက်ကောက်ဝတ်ကိုဆွဲယူ၍ နီးနီးကပ်ကပ် စစ်ဆေးကြည့်လိုက်သည်။

တကယ်ကိုပင် သေးငယ်သည့် M logoလေး ပါရှိနေသည်။

ဇိမ်ခံပစ္စည်း brand များသည် ဈေးနှုန်းများကို အများအပြားတင်ထားခြင်းဖြစ်သည်။

ဥပမာအနေဖြင့်ပြောရမည်ဆိုလျှင် တစ်ကာရက် ပန်းရောင်စိန်ဆယ်လုံးသည် တစ်ဆယ်မီလီယံတန်ဖိုးရှိသော်လည်း brandအမည်၊ လက်မှုပညာအတက်နှင့် ဒီဇိုင်းတို့ကိုပေါင်းစပ်လိုက်ပါက ဈေးနှုန်းသည် နှစ်ဆဖြစ်သွားမည်။

မုန့်ရွှမ်းယွီသည် ယွမ်တစ်ရာ မီလီယမ်ရှိသည့် ထုတ်ကုန်များကို အကြွေးဆပ်ရန်အသုံးပြုခဲ့ပြီးယခုတွင် သူတို့သည် ထိုအရာ၏ ငါးပုံတစ်ပုံရရှိနေမည်ဖြစ်သလော။

“ ဒါက အတုဆိုတာ သေချာလား”

ကျုံချင်းယွီမှ တိုးတိုးလေးမေးလာခဲ့သည်။

“ အသေအချာပဲ”

System သည် ထိုအရာကို အတည်ပြုပြီးပြီဖြစ်၏။

ကျုံချင်းယွီသည် အလွန်ပင်ပျော်သွားခဲ့သော်လည်း မရယ်မိအောင် ထိန်းချုပ်ထားခဲ့သည်။

သူတို့ရဲ့ကံကောင်းခြင်းက မယုံနိုင်စရာပဲ။

ထို့အပြင် ကျုံယန်စီသည် ယန်စီအားလိုက်၍ပိုးပန်းနေခြင်းဖြစ်တာကြောင့် ယွမ်နှစ်ဆယ်မီလီယမ်လက်ကောက်သည် သူ့အတွက် မုန့်ဖိုးသာသာပင်ဖြစ်သည်။

ဒါပေမယ့် သူပေးလိုက်တဲ့လက်ဆောင်က အတုမှန်းသူမသိရှာဘူး။

ထိုအချက်မှာ ကျုံယန်စီ၏ ပထမဆုံး romantic အမူအရာသည် အတုကြီးဖြစ်နေပါသလော။

ကျုံချင်းယွီက သူ့ကို အလွတ်ပေးတော့မှာမဟုတ်ဘူး။

သူမသည် ယန်ရှီကို ထပ်၍ စိုက်ကြည့်ခဲ့သည်။

ထိုကောင်မလေးသည် အရမ်းရိုးသားလွန်းသည် “နှစ်ဆယ်မီလီယမ်” လက်ကောက်တစ်ကွင်းရထားသည့်အချိန်တောင်ပင် အလုပ်အကြောင်းကို ဂရုစိုက်နေသေးသည်။

ကျုံယန်စီက ပရိယာ‌ယ်တွေသုံးပြီး သူ့ကိုရအောင်လိုက်မှာဆိုတာကို သူမသိရှာဘူး။

သူ့ရဲ့အဒေါ်ကဝောာ့ ယန်ရှီက ကျုံယန်စီကိုမြူဆွယ်တယ်လို့ပြောနေပေမယ့် ကျုံယန်စီက ဒေါင်းတစ်ကောင်လို သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့အမြှီးတွေကိုပြပြီး အစွမ်းကုန်ကြိုးစားနေတာလေ။

7နှစ်တောင် ကွာတယ် ဒီဖားကြီးက ငန်းဖြူလေးကို ငမ်းငမ်းတက်လိုချင်နေတာပဲ။

ကျုံချင်းယွီသည် အသက်ပြင်းပြင်းရှူလိုက်သည်။

“ရှီရှီ ငါရေဆာလို့ အန်ကယ်ချန်းက အုန်းသီးတွေဝယ်လာတယ်၊ နင်ငါ့ကိုတစ်လုံးလောက် ခွဲပေးပါ့လား”

ယန်ရှီသည် မည်သည့်အရာမျှမရိပ်မိဘဲ သဘောတူလိုက်သည်။

“ ဟုတ်ပြီ”

ယန်ရှီထွက်သွားသည့်အခါ၌ နားနေအဆောင်တွင် ကျုံချင်းယွီနှင့် ကျုံယန်စီတို့သာ ကျန်ရှိခဲ့သည်။

သူမသည် နှစ်လိုဖွယ်ကောင်းသည့်စကားများဖြင့် မပြောတော့ပေ။

“ နင် ယန်ရှီကိုကြိုက်နေတာလား”

ကျုံယန်စီသည် မငြင်းခဲ့ပေ။

“ ဟုတ်တယ်”

ကျုံချင်းယွီသည် ဒေါသထွက်သွားခဲ့သည်။

“သူက နင့်ကိုမကြိုက်ဘူး”

ထိုစကားလုံးများသည် ရန်စရန်အတွက်ပြောခဲ့သော်လည်း သူသည် ခံစားသွားခဲ့ရသည်။

ကျုံယန်စီသည် သူ၏ခေါင်းကိုငုံ့လိုက်သည်။

“ ငါသိပါတယ်”

“အဲတာကြောင့် ငါသူ့ကိုလိုက်နေတာပဲလေ”

ကျုံချင်းယွီသည် အံကြိတ်ထားခဲ့သည်။

ယန်ရှီထွက်သွားသည့်အခါ၌ ကျုံယန်စီသည်လည်း မတ်တပ်ရပ်နေခဲ့သည်။

သူသည် တုတ်ကောက်ကိုမှီထားသော်လည်း သူ့ပုံစံသည်တန်းတန်းမတ်မတ်ရှိနေပြီး သူ၏ခြေလှမ်းများလည်း တည်ငြိမ်နေပြီး ထော့နဲ့ထော့နဲ့မဖြစ်နေပေ။

ကျုံယန်စီ၏ ခွဲစိတ်မှုသည် ခြေကျင်းဝတ်မှ တစ်လျူးများကိုသာ ဖယ်ထုတ်လိုက်ခြင်းဖြစ်ပြီး လှုပ်ရှားမှုကို မထိခိုက်စေဘူးဟု တျန်းချန်းမှ ပြောခဲ့သညိကို သူမ သတိရခဲ့သည်။

Wheelchair သည် သူ၏ဒဏ်ရာကို ပြန်ကောင်းရန်နှေးကွေးစေခြင်းကြောင့်ဖြစ်သည်။

ဒါဆိုလျှင် သူသည် ပြန်လည်ကောင်းမွန်ရေးအတွက် ယန်ရှီ၏ အကူအညီကို မလိုအပ်ခဲ့ပေ။

“ အကြံသမားအဘိုးကြီး”

ကျုံချင်းယွီသည် စိတ်ဆိုးသည့်အသံဖြင့်ပြောလာခဲ့သည်။

“ သနားစရာအဖြစ်ဟန်ဆောင်ပြီး သူ့ကို လှည့်စားနေတာပဲ”

ကျုံယန်စီသည် မငြင်းခဲ့ဘဲ သူ၏မျက်ခုံးကိုပင့်လိုက်သည်။

“ အဲတာက “ ကိုယ့်ရဲ့အားသာချက်ကို အပြည့်အဝအသုံးချခြင်း” လို့ခေါ်တယ်”

"အားး"

ဘယ်လိုလူမျိုးက လိမ်လည်လှည့်ဖျားကောက်ကျစ်တာကို ဒီလောက် ကဗျာဆန်အောင်ပြောတက်နေရတာလည်း။

ကံကောင်းစွာဖြင့်ပင် ကျုံယန်စီ ပြန်လည်ကောင်းမွန်ရေးလေ့ကျင့်ခန်းမှာ ပြီးဆုံးသွားခဲ့သည်။

ညဘက်တွင် သူသည် ယန်ရှီနားသို့ ချဉ်းကပ်ရဲမည်မဟုတ်ကြောင်း ကျုံချင်းယွီမှ တွေးလိုက်သည်။

သူက အရှက်မရှိ ကောင်မလေးတစ်ယောက်ရဲ့ အခန်းထဲကိုတော့ ခိုးမဝင်လောက်ပါဘူးနော် ဟုတ်တယ်မလား။

ထိုကျေနပ်သည့်အတွေးဖြင့် သူမသည် ရေချိုးရင်းဖြင့် အနားယူနေခဲ့သည်။

ထိုအချိန်တွင် ယန်ရှီသည် ရေချိုးပြီးခဲ့ပြီးဖြစ်သည်။

အချိန်သည် ည၈နာရီသာရှိနေသေးသောကြောင့် စောနေသေးသည်။

ချည်ထိုးထားသည့်စောင်တစ်ထည်ကိုခြုံ၍ သူမသည် laptop ကိုသယ်ကာ စာရွက်စာတမ်းများဖတ်ရန်အတွက် စာဖတ်ခန်းထဲသို့သွားခဲ့သည်။

ညတိုင်း အလုပ်လုပ်ခြင်း ဒါမှမဟုတ် သုတေသနစာရွက်များဖတ်ခြင်းသည် သူမ၏ ပုံမှန်လုပ်နေကြအရာပင်ဖြစ်သည်။

ယခုညတွင် သူမသည် စီးပွားရေးလုပ်ငန်းစုများဝယ်ယူခြင်းနှင့်ပတ်သတ်သည့် ဗျုဟာများကို လေ့လာနေခဲ့သည်။

ထိုအရာသည် သူမကိုယ်တိုင် ဦးမဆောင်ရသော်လည်း မုန့်လုပ်ငန်းစု၏ ပြသာနာများကို ဖော်ထုတ်သည့်အခါ၌ ဝူလျောင်ပေါ်သို့ တာဝန်ကျရောက်လာနိုင်သည်။

လူထုဆက်ဆံရေးသည် သူ၏ ကျွမ်းကျင်သည့်အရာပင်ဖြစ်သည်။ ယန်ရှီသည် အခြေခံများကိုသာ ပြန်နွှေးရန်လိုအပ်ခဲ့သည်။

သူမ၏နောက်ကျောဘက်၌ ခြေသံများကြားလိုက်ရသည်။

သူမလှည့်ကြည့်လိုက်သည့်အခါ၌ ကျုံယန်စီမှ စာဖတ်ခန်းထဲသို့ ဝင်လာခြင်းဖြစ်သည်။

“ ကျုံယန်စီ ရှင် အနားယူသင့်ပြီ မဟုတ်ဘူးလား”

သူသည် ယန်ရှီ၏ဘေးနားတွင် ထိုင်လိုက်ပြီး စာအုပ်တစ်အုပ်ကိုဖွင့်လိုက်သည်။

“အခုကစောသေးတယ်၊ ကိုယ်ခဏလောက်စာဖတ်ဦးမှာ”

မုန့်ယင်းရုန်ကို ငြင်းလိုက်ပြီး သူသည် မုန့်စီးပွားရေးလုပ်ငန်းစု၏အရှုပ်အရှင်းများနှင့် မပတ်သတ်တော့သောကြောင့် ကျုံယန်စီတွင် အားလပ်ချိန်များပိုနေခဲ့သည်။

သို့သော် ဝါသနာမရှိတာကြောင့် သူသည် ပုံမှန်အားဖြင်းစာဖတ်ခြင်း သို့မှမဟုတ် ခရီးသွားမှတ်တမ်းများကို ပြန်၍ကြည့်ရှုနေခဲ့သည်။

ယခုတွင် သူသည် ယန်ရှီ၏ ဘေးတွင် ထိုင်နေခဲ့သည်။

ကျုံယန်စီ၏ A Brief History of Time ဖြစ်ပြီး သူ၏ဖုန်းကို ဖုံးရန်အတွက် စာအုပ်၏အလယ်ကို ဖောက်ထားခဲ့သည်။

Screen ပေါ်၌ : ကောင်မလေးတစ်ယောက်ကို မည်သို့လိုက်ရမည်နည်း။

ပထမဆုံးအဆင့် : သူမ၏စိတ်ဝင်စားမှုတွေကို လေ့လာပါ ၊ သူ၏အလေ့အကျင့်တွေကို ဂရုစိုက်ပါ။

ဟမ် သူသည် ထိုအဆင့်ကိုကျွမ်းကျင်နေပြီးဖြစ်သည်။

သူနှင့်အနီးအနားတွင် ရှိနေသောကြောင့် ယန်ရှီ၏ နှလုံးခုန်နှုန်းမှာ မြန်နေခဲ့သည်။

သူမ၏ laptop တွင် privacy filter မပါရှိပေ။

အစောပိုင်းတွင် သူမသည် ယောင်ချီ၏ မုန့်လုပ်ငန်းစုဝယ်ယူမည့်ကိစ္စအား ကြည့်နေခဲ့ပြီး ကံကောင်းစွာဖြင့်ပင် ခြေသံကြားလိုက်သောကြောင့် screen ကို ပြောင်းလိုက်ခဲ့သည်။

တကယ်လို့မဟုတ်ရင် ကျုံယန်စီက အကုန်လုံး မြင်သွားတော့မှာ။

အရမ်းနီးကပ်လွန်းတယ်။

သူမရဲ့ဘေးမှာ ဘာလို့ထိုင်နေရတာလဲ ပုခုံးချင်းတန်းပြီးတော့လား။

တော်တော်အန္တရာယ်များတာပဲ။

သူမသည် ဖိုင်ကို ပြန်မဖွင့်ရဲတော့ပေ။

ကျုံယန်စီသည် သူမ၏ screen ကို ကြည့်နေသည်ဟု ခံစားနေရသည်။

တုံ့တုံ့ဆိုင်းဆိုင်းဖြင့် သူမသည် နောက်သို့လှည့်ကြည့်ခဲ့သည့်အခါ၌ ကျုံယန်စီနှင့် အကြည့်ချင်းဆုံသွားခဲ့သည်။

ယန်ရှီ: !!!

သူမသည် ခေါင်းကို ဆတ်ခနဲပင် ပြန်လှည့်လိုက်သည်။

“ System ရေ သူငါ့ကိုကြည့်နေတာ ဟုတ်တယ်မလား”

System သည် ပေါ်လာခဲ့ပြီး သူ၏မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် စစ်ဆေးလိုက်သည်။

[ ဒီ ထောင့်နေရာကဆိုရင်တော့ ဟုတ်တယ်]

ယန်ရှီသည် အံကြိတ်လိုက်သည်။

ငါသိတယ်!

ကျုံယန်စီသည် ဝါးကုလားထိုင်ကိုမှီ၍ ယန်ရှီ၏အနောက်ဘက် တစ်ပေခွဲခန့်လောက်တွင် ရှိနေသည်။

ထိုထောင့်မှနေ၍ ကျုံယန်စီသည် ယန်ရှီအား ကြည့်နေပါက သူမ၏ ကွန်ပျူတာ screenကို ပေါ်တင်ထိုင်ကြည့်နေသလိုပင် ဖြစ်နေသည်လား။

သူဌေးသည် မည်သည့်ကိစ္စတစ်ခုခုကို သတိထားမိသွားခဲ့သနည်း။

သူက အရမ်းထက်မြက်တာပဲ။

ယန်ရှီသည် မျက်ရည်များဝဲနေသော်လည်း System သည် သူမအား နှစ်သိမ့်ပေးနေခဲ့သည်။

[ စိတ်မပူပါနဲ့ ကျုံယန်စီက အဝေးမှုန်ပဲ၊ သူဝင်လာတုန်းက သေသေချာချာ ရှင်းရှင်းလင်းလင်း မြင်မှာမဟုတ်ဘူး]

ယန်ရှီသည် တိုးတိုးလေးပြောလာခဲ့သည်။

“သူ မမြင်သွားရင် ပိုကောင်းတယ်”

သို့သော် စဉ်းစားကြည့်ပါလျှင် အကယ်၍ ကျုံယန်စီသည် ထိုဝယ်ယူမှုကိစ္စအား မြင်ခဲ့ပါက သူမအား သေချာပေါက် မေးခွန်းမေးမည် ဖြစ်သည်။

သူမသည် ထိုမျှော်လင့်ချက်လေးကို ဖမ်းဆုပ်ထားရင်း ယန်ရှီသည် ကျုံယန်စီ၏အကြည့်မှ ရှောင်ရှားရန်အတွက် သူမဖုန်းကိုသုံးကာ ကျုံချင်းယွီထံသို့စာပို့လိုက်သည်။

ဖုန်းအား စားပွဲခုံပေါ်တွင် အပြားလိုက်ချထားသောကြောင့် သူသည် ဖုန်း screen ကို မမြင်နိုင်ပေ။

[ အခု ငါအကြောက်လွန်ပြီး သေတော့မလိုဖြစ်နေပြီ၊ ငါ စာဖတ်ခန်းထဲမှာ ရှယ်ယာဝယ်ယူတဲ့အကြောင်းတွေကိုဖတ်နေတုန်း နင့်အစ်ကိုက အခန်းထဲဝင်လာတယ်လေ၊ စာရွက်စာတမ်းတွေကို သူမြင်တော့မလို့နီးနီးပဲ]

[သူ အခုထိ ငါ့ရဲ့ ကွန်ပျူတာ screen ကို ဆက်ကြည့်နေတုန်းပဲ၊ သူရိပ်မိသွားပြီထင်တယ်နော်]

ကျုံချင်းယွီသည် ရေချိုးပြီးပြီဖြစ်၍ face maskကပ်ထားရင်းနှင့်ပင် ပေါ့ပါးသည့်ညဝတ်အိပ်စုံဝတ်ထားပြီး ပဲအိတ်ပေါ်တွင် အပန်းဖြေနေခဲ့သည်။

သူမသည် message ကို ဖတ်ပြီးတာနှင့်တစ်ပြိုက်နက် မတ်တပ်ထရပ်လိုက်သည်။

Screen ကို စိုက်ကြည့်နေတာလား။

အရူးမလေး သူက နင့်ကိုကြည့်နေတာဟဲ့!

သူမ၏ maskတောင် မခွာတော့ပဲ ကျုံချင်းယွီသည် သူမ၏ ဇာတ်ညွှန်းစာအုပ်ကိုဆွဲယူ၍ စာဖတ်ခန်းထဲသို့ အပြေးသွားလိုက်သည်။

သူမရောက်သွားသည့်အခါတွင် ယန်ရှီသည် မလှုပ်မရှက်ဖြင့် တည့်တည့်မတ်မတ်ထိုင်နေခဲ့ပြီး သူမ၏ စာကြည့်နေသည့် laptop သည် Minesweeperဂိမ်းကို ဖွင့်ထားသည်။

ထိုအချိန်၌ ကျုံယန်စီသည် ဝါးကုလားထိုင်တွင် ပျင်းရိစွာလှဲနေခဲ့ပြီး သူ့လက်တစ်ဖက်သည် ယန်ရှီ၏ခုံအနောက်ဘက်သို့ တင်ထားလေသည်။

သူ့အကြည့်များသည် ယန်ရှီနားတွင် ရစ်ဝဲနေခဲ့ပြီး သူ၏မျက်လုံးထဲများသည် ပြုံးနေသည့်ပုံစံပင်ဖြစ်နေသည်။

ကျုံချင်းယွီသည် အသက်ပြင်းပြင်းရှူလိုက်သည်။

ကောက်ကျစ်ပြီး ဉာဏ်နီဉာဏ်နက်များတဲ့လူယုတ်မာကောင်။

သူက screen ကို ကြည့်နေတာမဟုတ်ဘူး ယန်ရှီကိုကြည့်နေတာပဲ။

သူမသည် တုံ့ဆိုင်းခြင်းမရှိပဲ ကျုံယန်စီ၏ ကုလားထိုင်ကို ကန်လိုက်သည်။

“ကျုံယန်စီ ငါအဲခုံလိုချင်တယ် ဖယ်”

ကျုံယန်စီ: “…”

ယန်ရှီသည် အပျော်လွန်ကာ ရင်ခုန်သွားခဲ့သည်။

ဟုတ်တယ် မစ္စကျုံ။

သူ့ကိုစားပွဲရဲ့ တစ်ခြားဘက်မှာထိုင်ခိုင်းလိုက် အဲတာမှ သူ ငါ့ရဲ့ screen ကို မမြင်ရမှာ။

သို့သော် ကျုံယန်စီသည် အလျော့ပေးတက်သူမဟုတ်ပေ၊ သူသည် ကျုံချင်းယွီနှင့် နှစ်ပေါင်းများစွာကတည်းက အလျော့မပေးခဲ့ခြင်းဖြစ်သည်။

“ မထဘူး”

သူသည် ပြတ်ပြတ်သားသားဖြင့် ပြောလာခဲ့သည်။

“ငါ့ခြေထောက်က နာနေတာ လွယ်လွယ်နဲ့ရွေ့လို့မရဘူး”

ထို့နောက် သူသည် ယန်ရှီဘက်သို့လှည့်ကာ သူ၏အကြည့်များသည် လေးနက်နေသည်။

“ ရှီအာ ကိုယ်က ဒဏ်ရာရနေတာလေ၊ မင်း ကိုယ့်ကို ရွှေ့ခိုင်းမှာမဟုတ်ဘူးမလား”

သူ၏ အသံသည် လေးနက်၍ ချောမွေ့နေသည်မှာ နွေရာသီ၌ နေရောင်အောက်တွင်ရှိသော ကြည်လင်နေသည့်စမ်းချောင်းလေးလိုပင်။

ယန်ရှီ၏ဆုံးဖြတ်ချက်များသည် ချက်ချင်းဆိုသလိုပင် အရည်ပျော်ကျသွားခဲ့သည်။

ရုပ်ရည်ကို ကြိုက်နှစ်သက်တာအပြင် အသံကိုပါစွဲလမ်းတဲ့ သူအတွက်တော့ ဒါက နှစ်ချက်တောင်ထိတာပဲ။

“ အဲတာက… မလုပ်သင့်ဘူးထင်တယ်” သူမသည် ဝန်ခံခဲ့သည်။

ကျုံချင်းယွီ: !!!

လှည့်စားတက်တဲ့ မြေခွေးအိုကြီးပဲ။

တစ်စုံတစ်ယောက်သည် မိမိ၏ဆွဲဆောင်မှုရှိ၍လှပသော်လည်း မိမိကိုယ်ကို သတိမပြုမိသည့်အတွေးကို ကျုံချင်းယွီမှ မယုံခဲ့ပေ။

အမှန်တကယ် ရုပ်ရည်ချောမောသည့် သူများသည် သူတို့ မည်မျှ ဆွဲဆောင်မှုရှိကြောင်း တစ်သက်လုံးပြောခံလာရခြင်းဖြစ်သည်။

သူတို့သည် မကြွားဝါခဲ့သော်လည်း ထိုအရာအား သူတို့၏ကောင်းကျိုးအတွက် မည်သို့အသုံးပြုရမည်ကို သိကြသည်။

ကျုံယန်စီလည်း ထိုအရာကို သေချာပေါက်သိသည်။

သူပြောလိုက်သည့်ပုံစံမှာ အသံကိုတိုး၍ အက်ကွဲနေသည့် အသံပုံစံသည် တိတ်ဆိတ်နေသည့် ညတွင် တမင်သက်သက်မြူဆွယ်သည့်ပုံစံပင်ဖြစ်သည်။

ဒီလူက ရွံစရာကောင်းလောက်အောင်ကို ကစားနေတာပဲ။

ယန်ရှီကလည်း ယောကျာ်းလေးတွေနဲ့ပတ်သတ်ပြီး တော်တော်အတွေ့အကြုံမရှိတာပဲ။

သို့သော် ကျုံချင်းယွီကြားဝင်မပြောခင်၌ ယန်ရှီသည် မတ်တပ်ရပ်လိုက်၏။

“ချင်းယွီ ငါ့ထိုင်ခုံမှာ လာထိုင်လေ”

ကျုံယန်စီ၏အပြုံးသည် အေးခဲသွားခဲ့သည်။

ယခုတွင် ကျုံချင်းယွီသည် အပြုံးများသည် အအောင်ပွဲခံသည့်ပုံစံပင်ဖြစ်နေသည်။

သူသည် ကျုံယန်စီအား စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။

မြင်လား ရှီအာက ငါ့ကိုပိုဂရုစိုက်တယ်။

ကျုံယန်စီ: “…”

—

စာဖတ်ခန်းထဲ၌ ရှည်လျားသည့် လေးထောင့်စားပွဲခုံတစ်ခုရှိသည်။

ကျုံချင်းယွီကိုအလယ်မှာထား၍ သုံးယောက်သား ဘေးချင်းကပ်ရပ်ထိုင်နေခဲ့ကြသည်။

ယန်ရှီသည် စားပွဲ၏မျက်နှာချင်းဆိုင်ဘက်သို့ပြောင်းရန် မတွေးတော့ပေ။

ကျုံချင်းယွီသည် ကြားတွင်ရှိနေ‌ခြင်းကြောင့် ကျုံယန်စီသည် သူမ၏ screen ကို မြင်ရတော့မည်မဟုတ်ပေ။

ကျုံယန်စီသည် သူ၏ညီမကိုစိုက်ကြည့်လိုက်သည်။

“ Face mask ကပ်ပြီး ဇာတ်ညွှန်းဖတ်နေတာလား”

ကျုံချင်းယွီသည် maskကို ခွာလိုက်သည်။

“ နင့်အပူမပါဘူး”

“ Mask ခွာပြီးရင် မျက်နှာသစ်သင့်တယ် မဟုတ်ဘူးလား”

ကျုံယန်စီက သူ့ကို ဖယ်ထုတ်ချင်နေတယ်ဆိုတာကို ချက်ချင်းနားလည်သွားခဲ့ပြီလေ။

ကျုံချင်းယွီသည် သူမ၏ပါးပြင်ကို သာသာလေးရိုက်၍ serum များ စိမ့်ဝင်သွားစေရန်လုပ်နေခဲ့သည်။

“ ဒါက ရွံ့နဲ့လုပ်ထားတဲ့ maskမဟုတ်လို့ မျက်နှာသစ်စရာမလိုဘူး~”

ခဏအကြာတွင် အန်တီကျန်းသည် အသီးအနှံလတ်လတ်ဆတ်ဆတ်များကို လှီးထားသည့် ပန်းကန်တစ်ခုကိုင်ကာ ရောက်လာခဲ့သည်။

ထိုသစ်သီးများသည် ယန်ရှီအတွက်ဖြစ်သည်။ ကျုံယန်စီသည် အချိုမကြိုက်သူဖြစ်ပြီး ကျုံချင်းယွီသည် သူမ၏ ခန္ဓာကိုယ်ကို ထိန်းသိမ်းနေခြင်းဖြစ်သည်။

သို့သေည် ယန်ရှီသည် အန်တီကျန်းနှင့် အန်ကယ်ချန်းတို့ပြင်ဆင်ပေးသမျှကို အားရပါးရ စားသူတစ်ဦးပင် ဖြစ်သည်။

ယန်ရှီသည် အသီးများကို နည်းနည်းချင်းစား၍ ဖိုင်များကို ပြန်ဖတ်နေချိန်တွင် ကျုံချင်းယွီသည် သူမ၏ပါးစပ်အား ရုတ်တရက် ဟလာခဲ့သည်။

“ ရှီအာ ငါ့ကို ခွံ့ကျွေးပါဦး၊ ငါ့ရဲ့လက်မှာ serum တွေပေနေလို့”

ယန်ရှီသည် နှစ်ခါပင်မစဉ်းစားဘဲ ခွံ့ကျွေးလိုက်သည်။

“ အဲတစ်ခု စတော်ဘယ်ရီလေး~”

“ စပျစ်သီးရော ငါစပျစ်သီးရောစားချင်တယ်~”

“ ပြီးတော့ ဖရဲသီးလေးတစ်စိတ်ရောပဲ”

ကျုံချင်းယွီသည် စားနေရင်းဖြင့် ကျုံယန်စီအား ကျေနပ်စွာဖြင့် လှမ်းကြည့်လိုက်သည်။

နင်ငါ့ကိုယှဉ်နိုင်မယ်ထင်နေလား အိမ်မက်မက်နေလိုက်!

ကျုံယန်စီ: “…”

ကျုံချင်းယွီ၏ကျေနပ်အားရနေပုံမှာ အလွန်စိတ်ကျေနပ်စရာကောင်းလွန်းပြီး သူမသည် အသီးတစ်ပန်းကန်လုံးစားမိသွားသည်ကို သတိမထားမိဘဲ လေလည်သံထွက်လာမှသာ သတိထားမိသွားခဲ့သည်။

Oh မဖြစ်ဘူး ငါသကြားဓာတ်တွေ ဘယ်လောက်တောင်စားမိသွားတာလဲ။

ကျုံယန်စီသည် လှောင်ရယ်နေခဲ့သည်။

“နင်က မင်းသမီးဆိုတော့ နင့်ရဲ့ ကယ်လိုရီတွေကို နေ့တိုင်းထိန်းစားရမှာမဟုတ်ဘူးလား၊ ဒီပုံစံအတိုင်းဆိုရင် နင် ဒီည gymမှာ တစ်နာရီလောက် ပြေးရတော့မယ်”

ယန်ရှီသည် တိုးတိုးလေးပြောလာခဲ့သည်။

“သူပြောတာမှန်တယ် ချင်းယွီ၊ တကယ်လို့နင် လေ့ကျင့်ခန်းမလုပ်ရင် မနက်ဖြန်ကျ နင့်ဗိုက်ပူနေလိမ့်မယ်၊ ပြီးတော့ ရိုက်ကူးရေးလည်းရှိသေးတယ်..”

ကျုံချင်းယွီ: “…”

သေပြီ! သူအခုမှရေချိုးပြီးတာကို ဘယ်သူက လေ့ကျင့်ခန်းလုပ်ချင်မှာလဲ။

သူမသည် ကျုံယန်စီအား စိုက်ကြည့်ခဲ့သည်။

ဒါတွေအကုန်လုံး နင့်ကြောင့်ပဲ။

“ဒီတိုင်းဆိုမဖြစ်ဘူး၊ ရှီအာ နင်ငါ့ကို အသီးတွေ ခွံ့ကျွေးခဲ့တာလေ၊ နင်ရော ငါနဲ့အတူ gym ကိုလိုက်ရမယ်”

ယန်ရှီ၏ မျက်နှာမှာ ဖြူဖတ်သွားခဲ့သည်။

လေ့ကျင့်ခန်းလုပ်ရမည်လား။

ထိုအရာသည် သေကြောင်းကြံတာနှင့် အတူတူပင်ဖြစ်သည်။

သူက ကျောင်းတုန်းကတောင် မီတာ 800ကို မနည်းပြေးခဲ့ရတာ။

“ ဒီလိုဆိုရင်ရော ငါဘေးကနေ နင့်ကိုအားပေးနေမယ်လေ”

ပြေးဖို့ကတော့ လုံးဝမလုပ်နိုင်ဘူး။

“ ကောင်းပြီလေ”

ကျုံချင်းယွီသည် ဂရုမစိုက်ပေ။

ကျုံယန်စီ အနောက်က လိုက်မလာရင်ရပြီလေ။

ကျုံယန်စီ၏ မျက်လုံးများမှာ မှောင်မိုက်သွားခဲ့သည်။

ထိုကောင်မလေးနှစ်ယောက်သည် gym သွားရန်အတွက် ပစ္စည်များစုထည့်နေသည့်အချိန်၌ ( ကျုံယန်စီက အခုမှ နလန်ထူစဆိုတော့ လိုက်သွားလို့မရ) သူသည် ရုတ်တရက်ပင် နာကျင်နေသည့်အသံဖြင့် ညည်းတွားလာခဲ့သည်။

ကျုံချင်းယွီသည် လှည့်ကြည့်လာခဲ့သည်။

“ ဘာဖြစ်တာလဲ”

ယန်ရှီသည် မသိစိတ်သည် စိုးရိမ်စွာဖြင့် သူ့ဘက်သို့လှည့်ကြည့်လာသည်။

“ ဒဏ်ရာက နာနေတာလား၊ ဒီနေ့ လေ့ကျင့်ခန်းလုပ်တာ အရမ်းများသွားတာလား”

ကျုံယန်စီသည် ပို၍ပင် မျက်မှောင်ကြုတ်လိုက်သည်။

“ ဆေးသောက်ဖို့မေ့သွားလို့ထင်တယ်”

“ ဆေးတွေက ရှင့်အခန်းထဲမှာလား၊ ကျွန်မသွားယူလိုက်မယ်”

အဖြေပြန်လာသည့်ကိုမစောင့်တော့ပဲ ယန်ရှီသည် ဆေးဘူးသွားယူရန်အတွက် အလျင်အမြန်ပြေးထွက်သွားခဲ့သည်။

ကျုံချင်းယွီသည် ပါးစပ်အဟောင်းသားပင်ဖြစ်နေခဲ့သည်။

“ ဟေးး gymကရော ဘယ်လိုလုပ်မလဲ”

ယန်ရှီ၏ အသံအား hall ထဲမှ ပြန်ကြားလိုက်ရသည်။

“ ငါ့ကိုစောင့်နေဦး၊ ငါ သူ့အတွက် ဆေးယူလာပြီးရင်နင်နဲ့အတူတူသွားမယ်”

မိနစ်အနည်းငယ်ကြာသည့်အခါ၌ ယန်ရှီသည် ဆေးနှင့် ရေတစ်ခွက်ကိုယူ၍ ပြန်လာခဲ့သည်။

ကျုံချင်းယွီသည် မတ်တပ်ရပ်၍ လက်ပိုက်ကာ စိတ်ဆိုးနေသည့်ပုံစံဖြင့် ကြည့်နေသည်။

ဘာပဲဖြစ်ဖြစ်ပါ ၊ သူမသည် ဆေးကူတိုက်ပေးရုံပင်ဖြစ်သည်။ထိုအရာသည် ကြီးကျယ်သည့် ကိစ္စပင်မဟုတ်ပေ။

ခဏကြာလျှင် သူမနှင့် gymကို အတူတူသွားမည်ဖြစ်သည်။

ကျုံယန်စီက အခုတောင် လေ့ကျင့်ခန်းမလုပ်နိုင်တာ သူ့ရဲ့အာရုံစိုက်မှုကိုခိုးဖို့ နည်းမရှိလောက်တော့ဘူး။

ထိုသို့တွေးကာ သူမသည် စိတ်သက်သာရာရသွားခဲ့သည်။

ထိုအချိန်၌ ယန်ရှီသည် ကျုံယန်စီအား ဆေးဘူးပေးလိုက်သည်။

သူသည် ဆေးပြားကို ပါးစပ်ထဲထည့်လိုက်ပြီးနောက် သူမသည် ရေတစ်ဝက်ဖြည့်ထားသည့် ဖန်ခွက်တစ်ခွက်ကိုပေးလိုက်သည်။

သို့သော် ထိုအချိန်တွင် ကျုံယန်စီသည် မယူခဲ့ပေ။

ထိုအစား ကျုံယန်စီသည် သူ၏လက်ဖြင့် ယန်ရှီလက်အား ဆုပ်ကိုင်လိုက်ပြီး သူမကိုင်ထားသည့် ရေခွက်ထဲမှရေကို သောက်လိုက်သည်။

ယန်ရှီသည် မှင်သက်သွားခဲ့ပြီး သူမ၏ အသားပေါ်တွင် စပ်ဖျဉ်းဖျဉ်းခံစားလိုက်ရခြင်းကြောင့် လက်ကို ပြန်ယူလိုက်ချင်သော်လည်း သူမ မလုပ်နိုင်ခဲ့ပေ။

သူမ အခြေအနေကို နားလည်သွားသည့်အချိန်၌ ကျုံယန်စီသည် ရေသောက်ပြီးသားဖြစ်နေခဲ့သည်။

ကျုံယန်စီသည် သူမ၏လက်ကို လွှတ်ပေးလိုက်ပြီး ယန်ရှီအား နူးညံ့စွာဖြင့် ပြုံးပြလိုက်သည်။

“ ကျေးဇူးတင်ပါတယ်နော်”

All Chapters