← Chapters

အခန်း (၇၄)

Vol. 8 Ch. 74

အခန်း (၇၄)

Vol. 8 Ch. 74

ကျုံချင်းယွီသည် ယန်ရှီအားအမြန်ဆွဲခေါ်ချင်နေကာ စာကြည့်ခန်းဝသို့ရောက်ချိန်တွင် ကျုံယန်စီ၏ရုတ်တရက်လှုပ်ရှားမှုသည် သူမအား အံ့ဩသွားစေခဲ့သည်။

ကျုံချင်းယွီသည် ကျုံယန်စီထံအမြန်သွားလိုက်ပြီး သူ့အားလက်ညိုးထိုး၍ စွပ်စွဲလိုက်သည်။

“နင် နင် နင့်မှာ လက်မပါလာဘူးလား”

ကျုံယန်စီသည် ပုခုံးတွန့်လိုက်ကာ

“ရေခွက်ကအရမ်းအေးတယ်”

ကျုံချင်းယွီ:?

“ဘယ်လိုတောင် အဓိပ္ပါယ်မရှိတဲ့အကြောင်းပြချက်ကြီးလဲ”

သူမသည် ယန်ရှီဘက်သို့လှည့်လိုက်ကာ

“သူနင့်ကို နာကျင်အောင်လုပ်သေးလား ဒါမှမဟုတ် သူ”

နင့်ကိုအခွင့်ကောင်းယူနေတာလား။

ယန်ရှီသည်မျက်တောင်တစ်ချက်ခတ်လိုက်ကာ ဖြစ်ပျက်သွားသည့်အရာများအား ပြန်စဥ်းစားနေချိန်တွင် သူမ၏ရင်ဘတ်သည် ထူးဆန်းစွာတုန်လှုပ်သွားလေသည်။

“အဆင်ပြေပါတယ်”

အဲတာကဒီတိုင်းလက်ဆွဲနှုတ်တက်တာလေးပဲ သူတို့တွေအရင်တုန်းကမထိဖူးကြတာမှ မဟုတ်တာ။ ငါက သူ့ရဲ့လက်ကောက်ဝတ်ကိုတောင် တစ်ခါဆွဲဖူးသေးတယ်လေ။

ကျုံချင်းယွီသည် ဒေါသဖြင့် သက်ပြင်းချလိုက်သည်။

သူမသည် ယန်ရှီလက်အားဆွဲလိုက်ကာ

“လာ လေ့ကျင့်ခန်းပဲသွားလုပ်ကြရအောင် ဒီအိုနေတဲ့အကြံသမားကို ထားခဲ့လိုက်”

သူမတို့ထွက်သွားပြီးနောက် စာကြည့်ခန်းသည်တိတ်ဆိတ်သွားခဲ့သည်။ ကျုံယန်စီသည် သူ၏လက်ထဲရှိဖန်ခွက်အားလှုပ်ယမ်းလိုက်ရင်း ၎င်း၏ရိုးရှင်းသည့်ဒီဇိုင်းသည် မည်မျှနှစ်သက်ဖွယ်ကောင်းကြောင်း သိလိုက်သည်။

အန်တီကျန်းသည် အသီးအနှံပန်ကန်းအား ယူရန်လာခဲ့ပြီး သူ၏အမူအယာအားတွေ့သောအခါ

“သခင်လေး ဘာတွေကိုပြုံးနေတာလဲ”

“ဘာမှမဟုတ်ပါဘူး” ကျုံယန်စီပြန်ဖြေလိုက်သည်။

“ဒီတိုင်း ဒီရေကဘယ်လောက်တောင်ချိုလဲဆိုတာကို တွေးနေတာပါ”

ညသည် မှင်ကဲ့သို့နက်မှောင်နေကာ မှိုင်းညို့နေသည့် အိမ်တော်အားဖုံးလွှမ်းထားသည်။

……

ဧည့်ခန်းထဲတွင် မုန့်ရွှမ်းယွီသည် ဆိုဖာပေါ်တွင်လျဲလျောင်းနေကာ သူ၏နှုတ်ခမ်းပေါ်တွင် စီးကရက်အားတင်ထားရင်း သူ၏ဖုန်းပေါ်တွင် ဆွဲဆောင်မှုရှိသည့်အမျိုးသမီးဗီဒီယိုများအား ကြည့်နေသည်။ မုန့်ယင်းရုန်သည် သူ၏ဘေးတွင် စိတ်ပူပန်စွာဖြင့် ဟိုလျှောက်ဒီလျှောက်လုပ်နေသည်။

“နင်ရူးနေပြီလား အတုတွေကိုအစစ်တွေဆိုပြီးရောင်းနေတယ်၊ ငါတို့တွေအဖမ်းခံရရင်ဘယ်လိုလုပ်မလဲ”

မုန့်အုပ်စု၏ အရည်အသွေးစစ်ဆေးမှုသည် ပုံမှန်အားဖြင့် ပြသရန်သာဖြစ်ကာ ယခုနှစ်ဆောင်းဦးရာသီ စုဆောင်းမှု၏ ပြဿနာများအားမမျှော်လင့်ပဲ ဖော်ထုတ်ခဲ့သည်။

မုန့်ရွှမ်းယွီသည်ထိုစုဆောင်းမှုအား အကုန်မြင်ဖူးပြီးဖြစ်ကာ ထိုအကြောင်းမှာ မုန့်ဟွေ့ကူထံသို့မရောက်ခင် မုန့်ယင်းရုန်သည် သူ့အားအရေးတကြီး ခေါ်ခဲ့သည်။ သူမစိုးရိမ်နေသည့်အကြောင်းမှာ ထုတ်ကုန်အသစ်၏ပမာဏအများစုသည် အရည်အသွေးမြင့်အတုများဖြစ်နေကြသည်ကို သိရှိသွားသောကြောင့်ဖြစ်သည်။

“မားမားကစိတ်ပူလွန်းနေတာပဲ၊ အဲဒီအတုတွေက အစစ်တွေနဲ့တောင်ခွဲလို့မရပါဘူး ပြီးတော့အမှန်ပြောရရင် လူတွေကကျွန်တော်တို့အမှတ်တံဆိပ်ကိုဝယ်ကြတယ်ဆိုတာ သူတို့အဆင့်အတန်းကိုကြွားဝါချင်ကြလို့ပဲလေ၊ သူတို့တွေကျွန်တော်တို့ဆီကို ပစ္စည်းတွေဝယ်နေသ၍ သူတို့တွေကဒါတွေကိုအစစ်လို့ပဲထင်ကြမှာပဲ”

“အကောင်းဆုံးကိုမျှော်လင့်ထားပါ၊ ဒါပေမဲ့လည်း အဆိုးဆုံးအတွက်ပြင်ဆင်ထားရမယ်”

မုန့်ယင်းရုန်သည် သွားကြိတ်ထားရင် အော်ဟစ်ပြောလိုက်သည်။

“ငါတို့တွေ အဲဒီထုတ်ကုန်တွေကိုချက်ချင်းပြန်သိမ်းရမယ်”

မုန့်ရွှမ်းယွီသည် ပျင်းရိစွာနောက်သို့မှီလိုက်ရင်းဖြင့် ပြောလိုက်သည်။

“ပစ္စည်းတွေကို ရောင်းနေတာ နှစ်ရက်ရှိနေပြီ”

မုန့်ယင်းရုန်၏ မျက်လုံးများပြူးကျယ်သွားကာ

“ငါ့ကိုအမှန်တိုင်းပြောစမ်း၊ ဒီအသုတ်ထဲမှာ အတုဘယ်လောက်ဖိုးပါတာလဲ”

“အမ် တစ်ရာမီလီယမ်လောက်ပေါ့”

တစ်ရာမီလီယမ်လား။

မုန့်ယင်းရုန်သည် မူးလဲလုနီးပါဖြစ်သွားသည်။

“မားမားကလည်း စိတ်အေးအေးထားပါ၊ ကျွန်တော်တို့အတုတွေကို အစစ်တွေနဲ့ရောထည့်ထားတာပါ၊ ဘယ်သူမှသတိထားမိကြမှာမဟုတ်ဘူး”

မုန့်ယင်းရုန်သည် တုန်တုန်ယင်ယင်နှင့် ဆိုဖာပေါ်သို့လှဲချလိုက်သည်။

ဘယ်လိုလုပ်ဒါကမပေါ်သေးတာလဲ။ ဒါကအချိန်သတ်မှတ်ထားတဲ့ ဗုံးတစ်လုံးလိုပဲ တကယ်လို့ အဲတာကသာပေါက်ကြားသွားမယ်ဆိုရင် မုန့်လုပ်ငန်းစုရဲ့စတော့တန်ဖိုးတွေကျသွားမှာပဲ။ အဲတာတွေက

တစ်ရာမီလီယမ် ကို ခဏနဲ့ ရှာပေးနိုင်ပေမဲ့ နောက်ပိုင်းဆုံးရှုံးမှုတွေကပိုတောင်ဆိုးရွားသွားနိုင်တယ်။

“အနည်းဆုံးတော့ မင်း အတုနံပါတ်တွေကိုမှတ်တမ်းတင်ထားခဲ့တယ်လို့ ပြောစမ်းပါ” မုန့်ယင်းရုန် တောင်းဆိုနေမိသည်။

မုန့်ရွှမ်းယွီသည် မဲ့ပြုံးပြုံးလိုက်ကာ “သေချာတာပေါ့၊ ကျွန်တော်အားလုံးကိုကျွန်တော်ကိုယ်တိုင် ကိုင်တွယ်ခဲ့တာပါ”

မုန့်ယင်းရုန်သည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ

“ငါဒီတစ်ရာမီလီယမ် လိုနေတာကိုမင်းအတွက် ကာထားပေးမယ် ဒါပေမဲ့ အဲဒီကျန်နေသေးတဲ့ ပစ္စည်းအားလုံးကိုပြန်သိမ်းရမယ်”

မရောင်းရသေးသည့်ပစ္စည်းများအတွက် ၎င်းတို့သည်ကုဒ်အတုများသုံးကာ ပစ္စည်းအားထုတ်ပေးရန် ဆိုင်မန်နေဂျာများအားညွှန်ကြားနိုင်သည်။ ရောင်းပြီးသွားသည့် ပစ္စည်းများအတွက်မူ ဇိမ်ခံပစ္စည်းဆိုင်များသည် ဝယ်ယူသူ၏မှတ်တမ်းများအား သိမ်းဆည်းထားသည်။ ထိုဆိုင်များသည် အတုများအား ပြန်လည်ရယူရန် လဲလှယ်ပေးသည်။

အတုများကြားမှ စျေးအကြီးဆုံးတစ်ခုမှာ နှစ်ဆယ်နှစ်မီလီယမ် တန်သည့်ပန်းရောင် စိန်လက်ကောက်ဖြစ်ပြီး အတုများတန်ဖိုး၏ ငါးပုံတစ်ပုံရှိလေသည်။

သူမ၏လက်ထောက်သည် ဝယ်ယူသူမှတ်တမ်းများအား ကြည့်နေရင်း မုန့်ယင်းရုန်သည်လဲ ငုံ့ကြည့်လိုက်ကာ

“အဲဒီလက်ကောက်ကမရောင်းရသေးဘူးလို့ ငါ့ကိုပြောစမ်းပါ”

ထိုစျေးနှုန်းနှင့်ဆိုလျှင် ထိုမျှအလျင်အမြန်မရောင်းထွက်သွားသင့်ပေ။

လက်ထောက်သည် တုံ့ဆိုင်းသွားကာ

“အဲတာက ရောင်းထွက်သွားပြီးပြီ”

မုန့်ယင်းရုန်၏သွေးများသည် အေးခဲသွားကာ သူမနားထင်ရှိသွေးကြောများသည်လဲ တဒိတ်ဒိတ်ခုန်နေသည်။

ထိုလက်ကောက်အားတတ်နိုင်မည့်သူသည် ချမ်းသာသည့်သူသို့မဟုတ် အာဏာရှိသည့်သူမျိုးဖြစ်မည်ဖြစ်ပြီး ရိုးရှင်းသည့်လဲလှယ်မှုလေးနှင့် ကြေအေးပေးမည့် သူမျိုးမဟုတ်ပေ။

“ဘယ်သူဝယ်သွားတာလဲ”

လက်ထောက်သည် စနစ်အားစစ်ဆေးလိုက်ရင်း စိတ်အေးသွားသကဲ့သို့ အသက်တစ်ချက်ရှူထုတ်လိုက်လေသည်။

“အဲတာက ဥက္ကဋ္ဌကျုံပါ”

“ယန်စီလား”

ကျုံလုပ်ငန်းစု၏ စီအီးအိုတစ်ဦးအနေဖြင့် ကျုံယန်စီသည် အဆင့်အတန်းမြင့်လူမှုအဖွဲ့အစည်းများတွင် ပါဝင်လေ့ရှိသည်။ သူသာ ၎င်းအားလက်ဆောင်အနေဖြင့် ဝယ်ခဲ့ပါက M တံဆိပ်လက်ဝတ်ရတနာများထဲမှသာ ရွေးချယ်ပေးမည်ဖြစ်သည်။

သို့ပေမဲ့ စီးပွားရေးအချိတ်အဆက်များအတွက် ယွန်တစ်မီယမ်တန်သည့် ပစ္စည်းပင်လျှင် ပိုလွန်းနေပြီဖြစ်သည်။ ယန် 22 million တန် လက်ကောက်ပေးသည်ကို မကြားဖူးပေ။

မုန့်ရွှမ်းယွီသည် လေချွန်လိုက်ကာ

“ကောင်းပြီ ကောင်းပြီ၊ ကျုံယန်စီနောက်ဆုံးတော့ အချစ်ဇာတ်လမ်းလေးရှိနေပြီပေါ့၊ ပန်းရောင်စိန်လက်ကောက်က သေချာပေါက် အဲတာမိန်းကလေးတစ်ယောက်အတွက်ပဲ”

မုန့်ယင်းရုန်အေးခဲသွားခဲ့သည်။

သူမသည် ကျုံယန်စီ သူမ လုဝမ်နင်းနှင့်စီစဉ်ပေးသည်အား ငြင်းဆိုလိုက်သည့်အချိန်တွင် သူမသံသယရှိနေခဲ့သည်။ ယခုတွင် သူသည်အခြားတစ်ယောက်အား ချစ်မိနေပုံရသည်။

သူမဝရန်တာသို့ သွားလိုက်ပါ ကျုံယန်စီ၏နံပါတ်အား ခေါ်ဆိုလိုက်သည်။

“ယန်စီ လက်ထောက်ရွှီက မင်း M တံဆိပ်ကနေလက်ကောက်တစ်ကွင်းဝယ်သွားတယ်ပြောတယ်၊ အဲတာဘာအတွက်လဲ”

ကျုံယန်စီသည် စာကြည့်ခန်းမှထွက်လာကာ သူ၏တုတ်နှင့်အတူ သူ့အခန်းထံသို့ဖြေးညှင်းစွာလျှောက်နေသည်။

“အဲတာ ကျွန်တော်အကြောင်းပါ”

မုန့်ယင်းရုန်၏နှုတ်ခမ်းများ တုန်လှုပ်သွားသည်။ သူမကျုံဟုန်ရှန်းနှင့် ကွာရှင်းပြီးနောက် သူမကျုံယန်စီအားလျစ်လျူရှူခဲ့သည်။ ယခုတွင် သူမသူ့အားမည်မျှပင်ကြင်နာပါစေ သူသည် သူမအမိုးအောက်ရှိ လူစိမ်းတစ်ယောက်ကဲ့သို့ အကွာအဝေးခြားကာ ဆက်ဆံမည်ဖြစ်သည်။

“ဝမ်နင်ကဘာအဆင်မပြေလို့လဲ၊ မင်းအတွက် သူမထက်ပိုပြီးသင့်တော်တဲ့သူရှိလို့လား”

ကျုံယန်စီရပ်တန့်သွားသည်။

အကယ်၍ယန်ရှီသာမပေါ်လာခဲ့လျှင် သူသည် လုဝမ်နင်နှင့် လက်ထပ်ရန်လက်ခံလိုက်မည်ဖြစ်သည်။

သို့ပေမဲ့ ယန်ရှီပေါ်လာခဲ့သည်။

“လုဝမ်နင်ကအဆင်ပြေပါတယ်”

ကျုံယန်စီအေးစက်စွာပြောလိုက်သည်။

“ဒါပေမဲ့ ကျွန်တော်သဘောကျတဲ့သူကိုတွေ့နေပြီ”

မုန့်ယင်းရုန်သူမ၏နှုတ်ခမ်းအားကိုက်လိုက်ကာ

“ဘယ်သူလဲ မင်းသူ့ကိုလက်ကောက်ပေးလိုက်တာလား”

“ဟုတ်တယ်”

သူ၏လေသံသည် အတော်ပင်စိတ်မရှည်သည့်ပုံပေါက်သည်။ မုန့်ယင်းရုန်သည် သူစိတ်အနှောင့်ယှက်ဖြစ်ကာ စိတ်မသက်မသာဖြစ်နေသည်ကို ခံစားမိလိုက်သည်။ တစ်ခါတစ်ရံတွင် သူ၏သီးသန့်နေတတ်သည့် အကျင့်သည် သူ့အားမတူညီသည့် မျိုးစိတ်တစ်ခုကဲ့သို့ ထင်ရစေသည်။

လုမိသားစုသည် သူတို့၏ပျောက်ဆုံးနေသည့်သမီးအားရှာဖွေရာတွင် နှစ်မြုပ်နေကြသည်ဖြစ်၍ လက်ထပ်ဖို့စကားပြောဖို့ရာမလောသေးပေ။ အတုအပ ပြဿနာများကိုသာဦးစားပေးရမည်။

“အဲဒီလက်ကောက်မှာ ပြဿနာနည်းနည်းရှိတယ်နေတယ်”

သူမဂရုစိုက်စွာပြောလိုက်သည်။

“အဲဒီကောင်မလေးဆီကပြန်ယူဖို့ နည်းလမ်းရှာလိုက်၊ သူမကိုအဲတာကပြင်ဖို့လိုတယ်လို့ပြောလိုက်”

မမျှော်လင့်ထားသည့် အံ့ဩမှုတစ်ခုသည် ကျုံယန်စီမျက်လုံးထဲမှဖြတ်သွားသော်လည်း သူ၏အသံမှာတည်ငြိမ်နေသည်။ “နားလည်ပြီ” ဖုန်းချလိုက်ပြီးချိန်တွင် သူ၏အခန်းသို့ရောက်သွားပြီဖြစ်သည်။

သူ၏ခြေကျင်းဝတ်ပေါ်ရှိအနာသည် ပေါက်ပြဲနေသည်။ လမ်းလျှောက်လျှင်အဆင်ပြေပါသော်ညား ပြေးခြင်း သို့မဟုတ် အားသွန်ခွန်စိုက် လုပ်ရသည့်ကိစ္စများသည် အနာအားပြန်ပွင့်စေနိုင်သည်။ ထိုသို့လုပ်နိုင်ရန်အတွက် သူအနည်းငယ်စောင့်ဖို့လိုလေသည်။

ဝင်သွားပြီနောက် သူလက်ထောက်ဆွန်းအားခေါ်လိုက်သည်။

“M တံဆိပ်ကိုစုံစမ်းကြည့်လိုက် အခုတလော တစ်ခုခုမှားနေတယ်”

တစ်ခဏမျှရပ်သွားပြီးနောက် သူထပ်ဖြည့်လိုက်သည်။

“မုန့်ရွှမ်ယွီနဲ့စလိုက် သူကနောက်ကွယ်ကလူဖြစ်နိုင်လောက်တယ်”

လက်ထောက်ဆွန်း: “ ဟုတ်ကဲ့ပါ”

မုန့်ယင်းရုန်သည် ဧည့်ခန်းထဲသို့ပြန်လာကာ သူမ၏ပုခုံးပေါ်ရှိအလေးချိန်များသည်လည်း ပိုတိုးလာသည်။

အနည်းဆုံးတော့လက်ကောက်က ကျုံယန်စီသိတဲ့သူနဲ့ ရှိနေတာပဲ။ တကယ်လို့ အမှန်တရားပေါ်လာခဲ့ရင်တောင် သူ့ရဲ့ပါဝင်ပတ်သက်မှုက အရှုပ်အထွေးတွေကို ဟန့်တားနိုင်မှာပါ။

သို့သော် သူမခေါင်းရှုပ်နေဆဲဖြစ်သည်။ ဘယ်အချိန်ကတည်းက ကျုံယန်စီမှာချစ်ရတဲ့သူရှိသွားတာလဲ။ အဲဒီမိန်းကလေးကကော ဘယ်သူလဲ။

သူ၏မိုဘိုင်းဂိမ်းအား စွဲစွဲမြဲမြဲဆော့နေသည့် မုန့်ရွှမ်းယွီသည် ရုတ်တရက်ရီမောလာသည်။

“ကျုံယန်စီက နိုင်ငံခြားမိန်းကလေးတစ်ယောက်ကို ကြိုက်နေတယ်ဆိုတာကို ကျွန်တော်လောင်းရဲတယ်”

မုန့်ယင်းရုန် လန့်ဖြန့်သွားကာ “မင်းဘယ်လိုသိတာလဲ”

မုန့်ရွှမ်းယွီသည် သူ၏ဂိမ်းကိုသာစွဲစွဲမြဲမြဲဆော့နေကာ မုန့်ယင်းရုန်၏မေးခွန်းအား အာရုံပျံ့လွန့်ကာပြန်ဖြေနေသည်။

“အရင်နေ့တုန်းက ကျွန်တော်ကျုံယန်စီနဲ့လေဆိပ်မှာဆုံသေးတယ်၊ အဲကောင်က အရေးကြီးအစည်းအဝေးကိုတောင် ပယ်ဖျက်ပြီးတော့ ဟန်မြို့ကို သွားခဲ့တာ၊ ပြီးတော့ သူ ယွင်ပိုင်တောင်ကိုတောင် နှင်းတွေကြည့်ဖို့သွားခဲ့သေးတယ်”

“ဘယ်လိုအလုပ်မျိုးက ဧည့်သည်ကို ယွင်ပိုင်တောင်မှာနှင်းပြတာမျိုး လုပ်ဖို့လိုလို့လဲ၊ ရှင်းနေတာပဲလေ သူဟန်မြို့ကိုမိန်းကလေးတစ်ယောက်ကိုကြိုဖို့သွားခဲ့ပြီးတော့ သူမကိုတောင်ပေါ်ခေါ်သွားခဲ့တာပဲ၊ ကျွန်တော်အမြဲတမ်း ကျုံယန်စီကအလုပ်အပေါ်မှာပဲစိတ်ဝင်စားတယ် ထင်ခဲ့တာ၊ ဒါပေမဲ့ သူကတော်တော်လေးချစ်တတ်တဲ့သူတစ်ယောက်ပဲ”

မုန့်ယင်းရုန်သည် ပို၍ပင်မျက်မှောင်ကြုတ်လာလေသည်။ တစ်ယောက်ယောက်က ကျုံယန်စီ အလုပ်ကိုပစ်ပြီး သူမနှင့်အတူနှင်းလိုက်ကြည့်အောင်လုပ်နိုင်တယ်ပေါ့။

သူမ၏မွေးနေ့တွင်မူ ကျုံယန်စီသည်သူမအား အလုပ်များနေသည် ဟူသော အကြောင်းပြချက်နှင့်သူမအားဖယ်ထုတ်ခဲ့သည်။

လက်ထောက်တစ်ဦးသည်လဲ ဝင်၍ “အဲတာက လွန်ခဲ့တဲ့တစ်ပတ်ကဆိုရင် မစ္စတာကျုံက မစ္စကျုံကိုတွေ့ဖို့သွားတာဖြစ်နိုင်တယ်၊ အဲအချိန်မှာတုန်းက သူမဟန်မြို့မှာရှိုးတစ်ခုရိုက်နေခဲ့တာလေ”

“အဲတာဆို အဲတာကကောင်မလေးတစ်ယောက်အတွက်မဟုတ်ဘူးပေါ့”

မုန့်ရွှမ်းယွီသည် သိသိသာသာသက်ပြင်းချလိုက်ကာ

“သေစမ်း အဲတာကြီးကတော့ဆိုးရွားလွန်းတာပဲ၊ အဲကောင်တကယ်ပဲအလုပ်အတွက်သွားခဲ့တာပေါ့”

မုန့်ယင်းရုန် အမူအယာပြောင်းသွားသည်။ ကျုံချင်းယွီနှင့်ကျုံယန်စီ၏ဆက်ဆံရေးအားကြည့်လျှင် ထိုမျှရင်းနှီးသည့်ပုံမပေါက်ပေ။ သို့သော် ကျုံချင်းယွီတွင်အနှောင့်အယှက်ပေးတတ်သည့် အချစ်ဆုံးသူငယ်ချင်းတစ်ဦးရှိသည်။

မုန့်ယင်းရုန် မေးလိုက်သည်။ “ရှင်းယောင်က အရင်အပတ်တုန်းက VP အသစ်ကိုခန့်အပ်လိုက်တယ်မလား သူမရဲ့နာမည်ကဘာလဲ”

လက်ထောက်သည် ပြန်လည်ဖြေကြားလိုက်သည်။

“ကျွန်မထင်တာသူ့မျိုးရိုးနာမည်ကယန်ထင်တယ်၊ ဟုတ်တယ် ယန်ရှီ”

ကျုံချင်းယွီသည် M တံဆိပ်၏ပြောရေးဆိုခွင့်ရှိသူဖြစ်နေသေးသောကြောင့် မုန့်မိသားစုသည်လဲ ယန်ရှီနှင့်အဆက်အဆံပြုဖူးလေသည်။ မုန့်ယင်းရုန်သည် ဆက်လက်၍

“သူမရော အဲတုန်းကဟန်မြို့မှာရှိနေတာလား”

လက်ထောက်သည် ရုတ်တရက်ရပ်တန့်သွားကာ ကွန်ပြူတာထဲရှိ မှတ်တမ်းများအား ရှာဖွေလိုက်လေသည်။ ထိုနောက်သေချာစွာဖြင့် ယန်ရှီသည်လည်း ထိုနေရာတွင်ရှိနေခဲ့သည်။

မုန့်ယင်းရုန်နားလည်သွားလေသည်။

Blue စတူဒီယိုတွင် သူမ ညအိပ်mask ပြုတ်ကျသည်ကို ကျုံယန်စီကောက်လိုက်ချိန်တွင် သူမတစ်ခုခုလွဲမှားနေမှန်း သဘောပေါက်လိုက်သင့်သည်။ မိန်းကလေးများစွာသည် ကျုံယန်စီ ထံသို့ တိုးဝင်ခဲ့ကြဖူးသည်။ သူမတို့မပေးဖူးသည့် လက်ဆောင်လည်း မရှိပေ။ သို့ပေမဲ့ သူသည် အရာအားလုံးအား ဒုတိယအကြိမ်ပင်မကြည့်ပါပဲ အမှိုက်ပုံးထဲသို့ပစ်လိုက်မည်ဖြစ်သည်။ သို့သော် ထိုအချိန်တွင် သူသိမ်းထားခဲ့သည်။

ထိုအကြံသမားလေးသည် စျေးအနည်းငယ်သာတန်သည့် ပစ္စည်းများအားသုံးကာ သူမ၏သားထံမှ မီလီယမ်နှစ်ဆယ်ကျော်တန်သည့်လက်ကောက်အားပြန်ရခဲ့လေသည်။

မုန့်ရွှမ်းယွီသည် သူ၏မိုဘိုင်းဂိမ်းအားဆော့ပြီးသွားကာ ကွန်ပြူတာမျက်နှာပြင်ပေါ်ရှိ ယန်ရှီပုံအားကြည့်လိုက်သည်။

“ဟေး သူမကအတော်ကြည့်ကောင်းတာပဲ၊ ကျုံချင်းယွီမှာ အမြင်ကောင်းရှိတာပဲ”

မုန့်ယင်းရုန်သည် လှောင်ပြောင်လိုက်သည်။

“သူမကဒီတိုင်း ချူစားတဲ့သူပဲ၊ ယန်စီကအတွေ့အကြုံမရှိသေးဘူး အဲတာကြောင့် သူကအဲလိုမိန်းမတွေလှည့်စားတာကိုခံနေရတာပဲ”

သို့ပေမဲ့ မုန့်ရွှမ်ယွီသည် သူ၏မျက်လုံးများအားကျဥ်းမြောင်းလိုက်ကာ ယန်ရှီအား လေ့လာနေသည်။

ကျုံချင်းယွီ၏ ထင်ရှားကာ ရဲရင့်သည့်အလှနှင့်မတူပဲ ယန်ရှီ၏အလှသည် သိမ်မွေ့ကာအပြစ်ကင်းသည့်အလှမျိုးဖြစ်သည်။ ကြိုးတစ်ကိုင်း ပန်းပွင့်ပုံနွေရာသီဂါဝန်နှင့် သူမ၏အသားအရည်သည်ဝင်းလက်နေကာ သူမတွင်ရှင်းမပြနိုင်သည့်ဆွဲဆောင်မှုတစ်မျိုးရှိလေသည်။ ဖြူစင်သော်လည်း ဆွဲဆောင်မှုရှိသည့် ဆွဲဆောင်မှုမျိုးဖြစ်သည်။

မုန့်ရွှမ်းယွီသည် သူ၏နှုတ်ခမ်းအားလောဘကြီးစွာ လျက်လိုက်ကာ

“မားမား ကျွန်တော်ကိုအဲတာကို ကိုင်တွယ်ခွင့်ပြုပါ”

မုန့်ယင်းရုန်သည် ပြန်မဖြေပဲ သူ့အားဝေဖန်နေသည့်အကြည့်ဖြင့်သာကြည့်လေသည်။

မုန့်ရွှမ်းယွီသည် ပေါ့လျော့သူဖြစ်နိုင်သော်လည်း သူသည်မိန်းကလေးများအား ကိုင်တွယ်တတ်သည်။ သူသာ ယန်ရှီအားရနိုင်လျှင် သူမသည် ကျုံယန်စီ၏ ခယ်မ ဖြစ်လာမည်ဖြစ်ပြီး သူသည်လည်း သူမနှင့်အတူရှိနိုင်တော့မည်မဟုတ်ပေ။

မုန့်ယင်းရုံသည် အေးစက်စွာဖြင့် “ပျော်ရုံပဲပျော်ခဲ့ တအားအများကြီးမလုပ်နဲ့”

“စိတ်အေးအေးထားပါ ကျွန်တော်သိပါတယ်”

နောက်နေ့မနက်တွင် ယန်ရှီသည်ပုံမှန်အတိုင်းနိုးထလာခဲ့သည်။ ပုံမှန်အားဖြင့် သူမသည် ကျုံပါးပါးမှာ သူ၏ထိုင်ချီ လေ့ကျင့်မှုမှပြန်လာသည်ကိုသာတွေ့ရပြီး ကျုံယန်စီသည်အလုပ်သို့စောစောထွက်သွားပြီးဖြစ်ပြီး ကျုံချင်းယွီသည်အိပ်နေဦးမည်ဖြစ်သည်။ သို့ပေမဲ့ ယနေ့တွင် ကျုံချင်းယွီနှင့်ကျုံယန်စီနှစ်ဦးလုံးသည် ရှိနေကြသည်။

ယန်ရှီသည် သူမ၏ပဲနို့အား တိတ်တဆိတ်သောက်လိုက်သည်။ သူမ၏ဘယ်ဘက်တွင် ကျုံယန်စီသည် သူ၏ကြက်ဥနှင့်ဝက်ပေါင်ခြောက်များအား သေသပ်စွာဖြတ်နေပြီး သူ့ညာဘက်တွင်မူ ကျုံချင်းယွီသည် ကျုံယန်စီအားကြည့်ရင်း သူမ ပန်းကန်ထဲရှိအသုပ်အား ခရင်းဖြင့် ပြင်းပြင်းထန်ထန်ထိုးဆွနေသည်။

အသားစားသတ္တဝါနှင့် အသီးအရွတ်စားသတ္တဝါတို့မှာ သိသာစွာကွဲလွဲနေကြသည်။

ကျုံပါးပါးသည် ပြုံးလိုက်ကာ “ကောင်းပြီ ကောင်းပြီ၊ ဖြစ်သင့်သလို မိသားစုတွေအားလုံးအတူပဲ”

ယန်ရှီသည်လွန်စွာလမ်းပျောက်နေသည်။

သူတို့ရဲ့ဆက်ဆံရေးကတိုးတက်လာပြီးပြီမဟုတ်ဘူးလား။ သူတို့တွေ ချူယန်ရှိတုန်းက ခဏခဏထိပ်တိုက်တွေ့ခဲ့ကြပေမဲ့လည်း သူမကအခုမရှိတော့ဘူးလေ။ သူတို့တွေဘာလို့ တစ်ယောက်လည်ပင်းကိုတစ်ယောက်မျက်စောင်းထိုးနေကြသေးတာလဲ။

သူမကျုံယန်စီအားတစ်ချက်ကြည့်လိုက်သည်။

သူသည်ပုံမှန်ထက်ပိုနောက်ကျမှထကာ သူကြည့်ရသည်မှာ ကောင်းကောင်းအနားယူထားသည့်ပုံပေါက်သည်။ ထို့နောက် သူမသမ်းနေသေးသည့် ကျုံချင်းယွီအားကြည့်လိုက်သည်။ပြီးနောက် သူမသည် ကျုံယန်စီအားထပ်မံ၍ မတ်တပ်မရပ်မှီစူးစူးရဲရဲစိုက်ကြည့်လေသည်။ သူမသည် ကြောင်လေးတစ်ကောင် သူ၏အစာအားကာကွယ်နေသကဲ့သို့ပင်ဖြစ်သည်။

ယန်ရှီ တီးတိုးလေးပြောလိုက်သည်။

“နင်ထပ်အိပ်သင့်တယ်ထင်တယ် နင်မျက်ကွင်းတွေတောင်ညိုနေပြီ”

ကျုံချင်းယွီသည် လန့်ဖြန့်သွားကာ သူမ၏မျက်လုံးအားကာလိုက်ရင်း မျက်လုံးအားဖိထားရန် လက်ဖက်ကြက်ဥများအားဆွဲယူလိုက်သည်။

“တကယ်ကြီးလား ငါမျက်ကွင်းတွေတကယ်ညိုနေပြီပေါ့”

“နည်းနည်းလေးပါပဲ”

ယန်ရှီပြောလိုက်သည်။

“ဒါပေမဲ့နင် မနေ့ညကလေကျင့်ခန်းလုပ်ပြီးတော့ ညဆယ်နာရီမှ အိပ်တယ်မလား”

ကျုံချင်းယွီ: “....”

သူမအိပ်ယာဝင်ခဲ့သည်။

သို့သော်ကျုံယန်စီသည်သူမ၏အချစ်ဆုံးသူငယ်ချင်းအား မျက်စိကျနေသည်ကိုတွေးမိလိုက်လျှင် သူမမအိပ်နိုင်တော့ပေ။

ပုံမှန်အားဖြင့်သူမသည် မနက်ဆယ်နာရီအထိအိပ်နေမည်ဖြစ်သော်ညား ယနေ့တွင်သူမ မနက်ခုနစ်နာရီတွင် နိုးလာခဲ့ကာ သူမနှလုံးသည်တုန်လှုပ်နေခဲ့သည်။ သူမထမင်းစားခန်းထဲသို့ဝင်လာချိန်တွင် သေချာစွာဖြင့် ကျုံယန်စီသည်ရှိနေခဲ့သည်။ တမင်အလုပ်အား တစ်နာရီခန့်နှောင့်နှေးစေနေခဲ့သည်။

အဲဒီကောက်ကျစ်တဲ့သူကတော့။

ယန်ရှီသည် သူမအားအတင်းတိုက်တွန်းလေသည်။

“သွားနားပါဦး နင့်ရဲ့ရိုက်ကွင်းက နေ့လည်မှစမှာ”

“မနားဘူး”

ကျုံချင်းယွီသည် ခိုင်မာနေသည်။ ကျုံယန်စီအလုပ်သို့မသွားမချင်း သူမသည်လည်း ထွက်သွားမည်မဟုတ်ပေ။

လက်ကောက်သည် ကျုံယန်စီသူ၏အချိန်ဇယားအားနှောင့်နှေးစေရသည့် အဓိကအကြောင်းအရင်းဖြစ်သည်။ ထိုလက်ကောက်တွင် သေးငယ်သည့် ပြဿနာသာရှိသည်ဆိုလျှင် မုန့်ယင်းရုန်သည် သူ့အားညနက်သန်းခေါင် ဖုန်းခေါ်မည်မဟုတ်ပေ။ ပြီးနောက် လက်ထောက်ဆွန်း၏ ပြောကြားချက်အရ M တံဆိပ်ဆိုင်များသည် ရုတ်တရက်အချိန်ပိုလုပ်နေကြကာ ဖြစ်နိုင်သည်မှာထုတ်ကုန်၏ ချို့ယွင်းချက်ကြောင့်ဖြစ်နိုင်လေသည်။

မနက်စာစားပြီးနောက် ကျုံချင်းယွီသည် သူမ၏မျက်လုံးအားမဖွင့်နိုင်တော့ကာ အသုပ်အား အနည်းငယ်စားပြီးနောက်တွင် စားပွဲပေါက်သို့မှောက်ကျသွားကာ အိပ်ပျော်သွားခဲ့သည်။

ယန်ရှီသည် အန်တီကျန်းအားခေါ်လိုက်ကာ ကျုံချင်းယွီအား သူမအခန်းသို့ကူညီပို့ပေးရန်ပြောလိုက်သည်။

ကျုံယန်စီသည် တိတ်ဆိတ်စွာစောင့်နေခဲ့သည်။

အမှန်အတိုင်းပြောရလျှင် ပေးပြီးသားလက်ဆောင်အားပြန်တောင်းရသည်မှာ ရှက်စဖွယ်ပစ်ဖြစ်သည်။ သို့သော် လက်ကောက်တွင်ချို့ယွင်းမှုတစ်ခုခုပါနေခဲ့လျှင် ဒီတိုင်းထားဖို့ရာပို၍ပင်အဆင်မပြေပေ။

“ယန်ရှီ”

သူမ၏အကြည့်အားရှောင်ဖယ်ရင်း သူခေါ်လိုက်သည်။

“M တံဆိပ်ရဲ့ဒီဇိုင်နာကကိုယ့်ကိုဆက်သွယ်လာတယ် အဲဒီလက်ကောက်ကမပြီးသေးဘူးတဲ့ ထုတ်လုပ်တဲ့နေရာမှာ အဆင့်တစ်ဆင့်လိုသွားတယ်တဲ့”

ယန်ရှီသည် အံ့ဩဟန်ဆောင်လိုက်သည်။ အဲတာဆို မုန့်ယင်းရုန်သိသွားပြီပေါ့။ သူမထင်ထားတာထက် စောသိသွားတာပဲ။ သို့ပေမဲ့ ကျုံယန်စီ၏ရှောင်ဖယ်နေသည့်အကြည့်သည် မုန့်ယင်းရုန်သည် သူ့အားမရိုးသားခဲ့ကြောင့် သူမအားပြောနေလေသည်။

ယန်ရှီသည် တမင်နှုတ်ခမ်းဆူလိုက်ကာ

“ကျုံယန်စီ ရှင်ကျွန်မကို အဲလောက်စျေးကြီးတဲ့လက်ကောက်ပေးတာကို နောင်တနေတာလား”

“ကိုယ်ဆိုလိုချင်တာက အဲလိုမဟုတ်ပါဘူး”

“ဒါပေမဲ့ ကျွန်မကြိုက်တယ်လေ၊ ဒါကကျွန်မပထမဆုံးအကြိမ် လက်ဆောင်လှလှလေးရဖူးတာပဲ”

တောင်းပန်ပါတယ် မစ္စကျုံရေ ကျွန်မရှင့်ကို ဘတ်စ်ကားအောက်ကိုခဏပစ်ပါဦးမယ်။

ကျုံယန်စီသည် အေးခဲသွားကာ သူ၏နှလုံးခုန်သံများမှာ စည်းချက်မမှန်တော့ပေ။

သူမ သူမအဲတာကိုကြိုက်တယ်လို့ပြောလိုက်တယ်။

သူ၏နှုတ်ခမ်းအားဖိထားရင်း သူ၏မျက်လုံးထဲတွင်မူ အပြုံးမပျက်တော့ပေ။

ယန်ရှီသည် ထိုပန်းရောင်စိန်လက်ကောက်အားဝတ်ထားကာ သူမ၏ဖြူဖွေးသောအသားအရည်နှင့် တောက်ပမှုသည် လိုက်ဖက်နေသည်။ သူမသည် လက်ကောက်အား သူဆွဲယူသွားမည်ကိုကြောက်သကဲ့သို့ ကာထားလေသည်။

ကျုံယန်စီသည် သက်ပြင်းချလိုက်ကာ

“ကိုယ်မင်းကိုဒီထက်လှတဲ့ဟာ ပြန်ပေးပါ့မယ်”

“ယောက်ျားတွေရဲ့ ကတိတွေကအလိမ်တွေကြီးပဲ၊ ကျွန်မ ကော ကိုမယုံတော့ဘူး”

“ကိုယ်အတည်ပြောတာပါ မလိမ်ပါဘူး”

“အဲတာဆို ကျွန်မကိုအသစ်တစ်ခုအရင်ယူလာခဲ့ပေး၊ အဲတာဆိုရင် ကျွန်မဒီတစ်ခုကိုပြန်ပေးပေးမယ်”

ကျုံယန်စီသည်ပြန်တွေးကြည့်သည်။ အကယ်၍လက်ကောက်တွင် အပြစ်အနာအဆာရှိနေလျှင်တောင် ထိုအရာသည် အန္တရာယ်မဖြစ်စေပေ။ ဤသည်မှာ သေးငယ်သည့်စိန်များသာဖြစ်သည်။ သူမထိုလက်ကောက်အား ဆက်လက်ဝတ်နေနိုင်လေသည်။

“ကိုယ်ဒီထက်ပိုကောင်းတဲ့ဟာကို ယူလာခဲ့ရင် ကိုယ်တို့တွေလဲကြမယ်”

ယန်ရှီ၏မျက်လုံးများတောက်ပလာလေသည်။ ကျုံယန်စီကဲ့သို့ လူတစ်ဦးအတွက် လှပသည့်ပန်းရောင်လက်ကောက်နောက်တစ်ကွင်းအား အချိန်တိုအတွင်းထပ်ရှာဝယ်ရန် မခက်ခဲပေ။

ဤသည်မှာ အရေးကြီးသည့်သက်သေဖြစ်သည်။ အရည်အသွေးစစ်ဆေးမှုမပြီးမချင်း သူမအချိန်ဆွဲထားရန်လိုအပ်လေသည်။

“ကျွန်မကြားဖူးတာ အနီရောင်လက်ကောက်တွေကပိုလှတယ်တဲ့၊ ကျွန်မအနီရောင်စိန်နဲ့ လက်ကောက်လိုချင်တယ်”

ကျုံယန်စီ ပြုံးကာခေါင်းငြိမ့်လိုက်သည်။

“ကောင်းပြီ”

ယန်ရှီသည် လက်ကောက်ပေါ်ရှီပန်းရောင်စိန်များအား လက်ညိုးထိုးပြကာ

“အဲဒါကဒီစိန်တွေထက်သေးလို့မရဘူးနော် အနည်းဆုံးဆယ်ဆလောက်ကြီးရမယ်”

ကျုံယန်စီသည် ယန်ရှီ၏ဆံပင်အားပွတ်သပ်ပေးလိုက်ကာ

“မင်းပြောသလိုပါပဲကွာ”

ပြီးနောက် ကျုံယန်စီသည်အလုပ်သွားရန်အတွက် အိမ်တော်မှထွက်သွားခဲ့သည်။

သူထွက်သွားသည်အားကြည့်ရင်း ယန်ရှီစိတ်သက်သာရာရသွားသကဲ့သို့ သက်ပြင်းချလိုက်သည်။

ပန်းရောင်စိန်လက်ကောက်အား စစ်ဆေးရန်အတွက် လင်းကျီမကြာခင်ရောက်လာတော့မည်ဖြစ်သည်။ အကယ်၍ကျုံယန်စီသာ အခုလက်ကောက်အားယူသွားမည်ဆိုလျှင် သူမတို့၏ဝယ်ယူမှုအစီအစဥ်တစ်ဝက်လောက်မှာ ပျက်စီးသွားမည်ဖြစ်သည်။

System သည်လည်း သက်ပြင်းတစ်ချက်ချလိုက်သည်။

“Host အဲဒီအနီရောင်စိန်တွေက ဘယ်လောက်ရှားလဲရောသိရဲ့လား၊ စိန်နီ တစ်ကာရက်ကတောင် မီလီယမ်ဆယ်ချီတန်ဖိုးရှိတာ အခုစျေးကွက်ထဲမှာတောင် အနီရောင်စိန်အလုံးနှစ်ဆယ်လောက်ပဲရှိတာ”

ယန်ရှီသည် မျက်တောင်ခတ်လိုက်ကာ

“အနီရောင်စိန်တွေက အဲလောက်တောင်စျေးကြီးတာလား”

[အဲလောက်တောင်စျေးကြီးတာပဲ]

ပြီးနောက် system သည်ထပ်ဖြည့်၍

[ဒါပေမဲ့ host ကသူ့ကိုအချိန်ဆွဲဖို့ပဲပြောလိုက်တာမလား ကောင်းပြီ မစ်ရှင်အောင်မြင်ပြီ]

ယန်ရှီသည် သက်ပြင်းချလိုက်ကာ “တွက်ချက်တာလွဲနေပြီ ကျုံယန်စီငါတို့ရဲ့အကြံကိုသိသွားပြီနေမှာ”

[ဘာလို့လဲ]

“ငါထင်တာက စိန်နီတွေက သုံးမီလီယမ် ကနေငါးမီလီယမ်လောက်ပဲတန်တယ်ထင်နေတာ၊ အဲလိုအဓိပ္ပါယ်မရှိတဲ့တောင်းဆိုမှုတွေက သူ့ကိုရက်အနည်းငယ်လောက်တော့နှောင့်နှေးသွားစေမှာပဲ၊ ဒါပေမဲ့ ဆယ်သန်းတန်တဲ့ဟာ ပြီးတော့ငါက အဲတာကိုဆယ်လုံးတောင်းခဲ့တာ အဲတာကသေချာပေါက်ပုံမှန်တောင်းဆိုမှုမျိုးမဟုတ်ဘူး၊ ငါကတော့စျေးနှုန်းကိုမသိပေမဲ့ ကျုံယန်စီကတော့ သိကိုသိမှာလေ”

“ဘီလီယံပေါင်းများစွာကတော့ များလွန်းတယ်လေ၊ သူငါအဲဒီအနီရောင်စိန်လက်ကောက်ကိုတကယ်မလိုချင်ဘူးဆိုတာကို သဘောပေါက်သွားမှာပဲ၊ ငါကဒီတိုင်းသူ့ကို M လက်ဝတ်ရတနာတွေပြန်မပေးချင်တာလေ”

System သည်ညည်းတွားကာ

[ကျွန်တော် Host ကိုစောစောသတိပေးလိုက်သင့်တာ]

ပြီးနောက် ကျီစားကာ

[တကယ်လို့ သူကအပိုတွေမတွေးပဲနဲ့ host အတွက်တကယ်ပဲ ဝယ်လာပေးရင်ကော]

ယန်ရှီသည် မထီမဲ့မြင်ပြုလိုက်ကာ

“သူကသူ့ခြေကျင်းဝတ်ကနေ အကျိတ်ကိုဖယ်ထုတ်လိုက်တာနော်၊ ဦးနှောက်ထဲကရေတွေကိုမဟုတ်ဘူး”

နာရီဝက်ကြာပြီးနောက် လင်ကျီသည်ကျုံအိမ်တော်သို့ရောက်ရှိလာသည်။

ယန်ရှီသည် ပန်းရောင်စိန်လက်ကောက်အားသေသေချာချာထုတ်ပိုးကာ သူမအားပေးလိုက်လေသည်။

မနေ့ညတွင် ယန်ရှီသည်လင်ကျီအား ဝယ်ယူသူအဖြစ်ဟန်ဆောင်ကာ M လက်ဝတ်ရတနာ၏စုဆောင်းမှုအသစ်အားဝယ်ယူကာ စစ်ဆေးရန်အတွက်ပို့ဖို့ရာပြောလိုက်သည်။ သို့ပေမဲ့ ညတွင်နောက်ကျနေသည်ဖြစ်ကာ စစ်ဆေးရေးနေရာများမှာ ပိတ်နေပြီဖြစ်ပြီး တကယ့်စစ်ဆေးမှုမှာ ယနေ့တွင်သာစတင်သည်ဖြစ်သည်။

လင်ကျီ: “ယောင်ချီနဲ့ကျွန်မ ဆိုင်တော်တော်များများကိုပတ်ကြည့်ခဲ့တယ် ဒါပေမဲ့ ဆိုင်တိုင်းမှာပစ္စည်းအပြည့်အစုံမရှိပါဘူး၊ တစ်ချို့အကန့်အသတ်နဲ့ထုတ်တဲ့ ဟာတွေ ဟိုင်မြို့မှာမရှိဘူး ပြီးတော့ သူတို့တွေကအတုတွေကိုအစစ်တွေနဲ့ရောထားတာဆိုတော့ ကျွန်မတို့တွေဝယ်တာကဘာလဲဆိုတာတောင် ကျွန်မတို့မသိနိုင်ဘူး”

“အဲတာကအဆင်ပြေပါတယ် ငါတို့မှာဒီလက်ကောက်ရှိသေးတာပဲ”

အကယ်၍ကျုံယန်စီသည် ယခုသိရှိသွားလျှင်လည်း သူအနေနှင့် M လက်ဝတ်ရတနာအား ကူညီရန်နောက်ကျသွားပြီဖြစ်သည်။

ယန်ရှီမေးလိုက်သည်။

“ရလာဒ်တွေကဘယ်အချိန်မှာရမှာလဲ”

လင်းကျီ: “စစ်ဆေးတဲ့နေရာကပြောတာတော့ သူတို့တွေဒီနေ့မကုန်ခင်မှာ ပြီးမယ်တဲ့”

….

Rolls-Royce ထဲတွင် လက်ထောက်ဆွန်းသည် ကျုံယန်စီအား သူညတွင်းချင်းရှာထားသည့်သတင်းအားပြောပြနေလေသည်။

“သူတို့ရဲ့ စုဆောင်းမှုအသစ်ကိုယာယီပြန်သိမ်းနေတာအပြင် M လက်ဝတ်ရတနာက သူတို့ရဲ့ထုတ်ကုန်တွေကို ဝယ်သွားတဲ့သူတွေကိုလည်း ဆက်သွယ်နေတယ်၊ ဖြစိနိုင်တာတော့ဒီတစ်ခေါက်အသုတ်မှာ ပြဿနာတစ်ခုခုရှိနေတာပဲ”

ကျုံယန်စီသည် စာရွတ်စာတမ်းများအား လှန်လှောလိုက်ကာ

“မုန့်ရွှမ်းယွီကရော ဘယ်လိုလဲ”

“သခင်လေးမုန့်က မကြားသေခင်က မကာအိုကို သွားခဲ့ပါတယ်၊ ကာစီနိုမှာ မီလီယမ်တစ်ရာရှုံးခဲ့ပါတယ် ဒါပေမဲ့ ဒီကိစ္စနှစ်ခုကဆက်စပ်နေတဲ့ပုံမပေါက်ဘူး”

ကျုံယန်စီသည်အေးဆေးစွာဖြင့်

“M လက်ဝတ်ရတနာရဲ့ ဆောင်းဦးစုဆောင်းမှုကို မုန့်ရွှမ်းယွီကြီးကြပ်ခဲ့တာ”

လက်ထောက်ဆွန်း၏မျက်လုံးများပြူးကျယ်သွားသည်။

“အဲတာဆို သူကလောင်းကစားလုပ်ပြီး ပိုက်ဆံတွေရှုံးသွားလို့ အစွန်းထွက်တွေကို သူ့အကြွေးတွေပေးလိုက်တာကြောင့်မလို့ ထုတ်ကုန်ကိုထိခိုက်စေခဲ့တာလား”

ကျုံယန်စီသည် ထိုမျှရိုးရှင်းမည်မဟုတ်ကြောင်းသိလေသည်။ ယမန်လမှ မုန့်ရွှမ်းယွီ၏ ခရီးစဥ်သည် သူ့အား ထုတ်လုပ်မှုတွင်ပါဝင်ရန်အချိန်မလောက်စေပေ။ သို့ပေမဲ့ ထိုလမ်းညွှန်ချက်များသည် မှန်လေသည်။

တစ်ညတည်းနှင့် လက်ထောက်ဆွန်းသည် ကောင်းမွန်စွာရှာဖွေခဲ့သည်။ ကျုံယန်စီသည်အစပိုင်းတွင် သံသယသာရှိခဲ့ပါသော်ညား ယနေ့မနက် ယန်ရှီ၏အမူအယာကြောင့် M လက်ဝတ်ရတနာ၏ ပြဿနာမှာ ပြင်းထန်ကြောင်းအတည်ပြုနိုင်ခဲ့သည်။

သူမသည် ထိုပြဿနာအားသိရှိပြီးဖြစ်ကာ အသုံးချဖို့ စီစဥ်ခဲ့ခြင်းဖြစ်မည်။

ကျုံယန်စီ: “ငါ့အဖေဘက်ကရော ဘာလှုပ်ရှားမှတွေရှိလဲ”

လက်ထောက်ဆွန်းသည် အလျင်အမြန်ဖုန်းဆက်လိုက်ကာ ပြောပြလိုက်သည်။

“ဥက္ကဌကျုံက သူ့ရဲ့ ဘဏ္ဍာရေးအကြံပေးနဲ့အတူ ဂေါက်ကစားနေပါတယ်”

ရှုပ်ထွေးနေဆဲဖြစ်သည့် လက်ထောက်ဆွန်းသည် မေးလိုက်သည်။ “

“ဒါပေမဲ့ ဥက္ကဌကျုံက M လက်ဝတ်ရတာနဲ့ဘာပတ်သက်လို့လဲ”

ကျုံယန်စီသည် ပြန်မဖြေပေ။ သူ၏နှုတ်ခမ်းတွင်အပြုံးတစ်ခုပေါ်လာကာ သူ၏မျက်လုံးများသည် မြတ်နိုးမှုများနှင့်တောက်ပနေသည်။

ကောင်မလေး မင်းမှာအမြင်ကောင်းရှိတာပဲ။

သူမကအသက်ဘယ်လောက်ရှိပြီမလို့လဲ မုန့်လုပ်ငန်းစုကို ဖျက်စီးဖို့အထိရဲရင့်နေပြီ။

လက်ထောက်ဆွန်းသည် သတိဖြင့်မေးလိုက်သည်။

“မုန့်မိသားစုကိုကူညီဖို့ ကျွန်တော်တို့ကြားဝင်ဖြေရှင်းပေးကြမလား”

“အဲတာကသူတို့ကိုယ်ပိုင် အရှုပ်အထွေးပဲ”

ကျုံယန်စီသည်ထူးခြားမနားပြန်ဖြေခဲ့သည်။ သူတွင် မုန့်လုပ်ငန်းစု၏အရှုပ်အား ထပ်ရှင်းပေးချင်စိတ်မရှိပေ။

“ငါ့အတွက် လေလံပွဲတွေကိုစောင့်ကြည့်ထားပေး၊ ငါစိန်နီနည်းနည်းလောက်လိုတယ်”

“နည်းနည်းလား”

“ဆယ်လုံး”

လက်ထောက်ဆန်းရေတစ်ခွက်အားသောက်လိုက်သည်။ ထိုစိန်များမှာအလွန်ပင်တန်ဖိုးကြီးသည်ဖြစ်ကာ ကျုံယန်စီသည် ဆယ်လုံးလိုချင်နေသည်။

“တကယ်ပြောတာလား ဆရာ”

ကျုံယန်စီအတည်ပြုလိုက်သည်။

“ဆယ်လုံး တစ်လုံးချင်းစီကို တစ်ကာရက်ကျော်တာ”

….

ကျုံအိမ်တော်တွင် ကျုံချင်းယွီသည် တရေးတမောအိပ်ပြီး မနက်ဆယ်နာရီတွင်နိုးလာခဲ့သည်။

သူမတွင် လာမည့်ဝေ့ပေါ်ညအတွက် M လက်ဝတ်ရတနာ၏ဝတ်စုံများအား ပြင်ဆင်ရန် အတိုင်းအတာလုပ်ဖို့အချိန်ဇယားတွင်ပါလေသည်။ Blue စတူဒီယိုတွင် သူမအတိုင်းအတာနှင့်ကိုက်ညီသည့် အကန့်အသတ်ထုတ်ဝတ်စုံများအား စမ်းဝတ်ကြည့်ပြီးဖြစ်သည်။

ထိုကြောင့် ယန်ရှီသည် starlight entertainment သို့မသွားပဲ အိမ်တွင်နေနေလေသည်။ မနက် ဆယ်နာရီခွဲတွင် M လက်ဝတ်ရတနာ၏ဝန်ထမ်းသည် ဝတ်စုံများနှင့်အတူရောက်လာလေသည်။ တစ်စုံသည် ကော်ဇောနီအတွက်ဖြစ်ကာတစ်စုံသည် ဆုပေးပွဲအခမ်းအနားအတွက်ဖြစ်သည်။

များသောအားဖြင့် ဒီဇိုင်းနာသာလျှင် အတိုင်းအတာများအတွက်လာကာ လိုအပ်သည့်နေရာအား ညှိပေးလေသည်။

သို့ပေမဲ့ ယနေ့တွင်မုန့်ရွှမ်းယွီပါလာခဲ့သည်။ အဝတ်လဲခန်း၏ ဆိုဖာပေါ်တွင် ထိုင်နေကာ ဒီဇိုင်းနာဗန်းပေါ်ရှိ လက်ဝတ်ရတနာများအားလက်ညိုးထိုးပြလိုက်သည်။

“ဒီလက်ဝတ်ရတနာတွေက မီလီယမ်ငါးဆယ်ကျော်တန်တယ် အဲတာကြောင့် ငါကိုယ်တိုင်လိုက်ပို့ပေးရတာပေါ့”

ကျုံချင်းယွီသည် သူ့အားစိုက်ကြည့်လိုက်သည်။

“မုန့်ရွှမ်းယွီကောင်းကောင်းနေ ပြဿနာမရှာနဲ့”

မုန့်ရွှမ်းယွီသာ သူမအားအနမ်းတစ်ခုလေမှတစ်ဆင့်ပေးလိုက်ကာ

“ကိုယ်ရှာဖူးလို့လား”

ကျုံချင်းယွီအဝတ်လဲခန်းထဲသို့ဝင်သွားသည်နှင့်သူသည် ယန်ရှီဘက်သို့ကပ်သွားသည်။

“ကိုယ်မင်းကိုအရင်ကမမြင်ဖူးပါ့လား၊ အသဲလေး မင်းကအရမ်းချစ်ဖို့ကောင်းတာပဲ”

သူ့လက်သည် သူမ၏ပုခုံးပေါ်သို့ရောက်သွားကာ သူမ၏ချောမွေ့သည့်အသားအရည်အားပွတ်သပ်နေသည်။

ယန်ရှီသည် သူမ၏လပ်တော့ပ်ပေါ်ရှိ မှတ်တမ်းများအားပြန်ကြည့်နေရင်း သူအားစိုက်ကြည့်လိုက်သည်။

မုန့်ယင်းရုန်၏ မျိုးရိုးဗီဇသည် မုန့်ရွှမ်းယွီအား ကြည့်ကောင်းစေသည်။ သာမာန်လူတစ်ဦးထံမှ ထွက်လာလျှင်ပေါ့ပါးမည့်အမူအယာများသည် သူထံမှထွက်လာချိန်တွင် ပရောပရည်လုပ်နေသကဲ့သို့ပင်ဖြစ်သည်။

“သခင်လေးမုန့် ကျွန်မအလုပ်လုပ်နေပါတယ်”

ယန်ရှီပြောလိုက်ကာ သူအားဖယ်ရှားနေလေသည်။

မတုန်လှုပ်သွားပဲ မုန့်ရွှမ်းယွီသည်လည်း သူလက်အား သူမပေါ်တွင်တင်ထားဆဲဖြစ်သည်။

“အလုပ်ကပင်ပန်းပါတယ် မင်းဘယ်လောက်ရှာနိုင်လို့လဲ ကိုယ့်အနားမှာနေပေးလေ၊ ကိုယ်မင်းကိုဂရုစိုက်ပေးပါ့မယ်”

“ကိုယ်မင်းကိုဂရုစိုက်ပေးပါ့မယ်” ဟူသောစကားသည် မငြင်းနိုင်ချင်စရာစကားဖြစ်သည်။ အထူးသဖြင့်ထိုစကားသည် ချောမောကာချမ်းသာသည့် ယောက်ျားထံမှထွက်လာလျှင်ဖြစ်သည်။

မုန့်ရွှမ်းယွီ သည် အမျိုးသမီးများနှင့်ထိုကဲ့သို့ တိုက်ရိုက်ဆက်ဆံလေ့ရှိပြီး အများအားဖြင့် အလုပ်ဖြစ်ခဲ့သည်။

ယန်ရှီသည်ထိုအချိန်တွင် သူသည် လက်ဝတ်ရတနာများကြောင့်ရောက်လာသည်မဟုတ်သည်ကို သဘောပေါက်သွားခဲ့သည်။

သူသည်သူမအတွက်ရောက်နေခြင်းဖြစ်သည်။

ဘာလို့လဲ။ မုန့်ယင်းရုန်က သူမကျုံယန်စီကိုစိတ်ဝင်စားနေတာ သိသွားလို့လား။ မုန့်ယင်းရုန်ကသူမရဲ့ရည်ရွယ်ချက်ကို သံသယရှိနေလို့လား။ ဒါမှမဟုတ် မုန့်ယင်းရုန် ကျုံယန်စီကသူမကို မီလီယမ်နှစ်ဆယ်တန် လက်ကောက်လက်ဆောင်ပေးတာကိုသိသွားပြီးတော့ သူမကိုသူ့ဘေးကနေဖယ်ထုတ်ချင်နေတာများလား။

ဖြစ်နိုင်သည်မှာ အရှေ့ကအကြောင်းအရာအားလုံးပင်ဖြစ်သည်။ ချမ်းသာသည့်မိသားစုမှယောက္ခမနှင် စင်ဒရဲလား ဇာတ်ထုပ်ပင်ဖြစ်သည်။

ဝတ္ထုထဲမှလွဲ၍ ချမ်းသာသည့်မိခင်များသည် စင်ဒရဲလားအား ဖယ်ရှားအား ချက်လက်မှတ်များအားရေးလေ့ရှိသည်။ သို့ပေမဲ့ မုန့်ယင်းရုန်မူ သူမ၏အကြီးဆုံးသာ မုန့်ရွှမ်းယွီအားသုံးကာ ယန်ရှီနှင့်အပေးအယူလုပ်ဖို့ကြိုးစားနေသည်။

ယန်ရှီသည် သူမ၏မေးစေ့အားလက်တစ်ဖက်ပေါ်တင်လိုက်ပါ မဲ့ပြုံးပြုံးလိုက်သည်။

“သခင်လေးမုန့် လူတိုင်းကို ကိုယ်မင်းကိုဂရုစိုက်မှာပါဆို ပြောလို့ရတယ်၊ အဲတာကဒီတိုင်း ဘာမဟုတ်တဲ့ကတိလေးပဲ ရှင်တကယ်ပဲကျွန်မကိုအဲတာလောက်နဲ့ ရမယ်ထင်လို့လား၊ ကျွန်မကအဲလောက်တောင်လွယ်တာလား”

မုန့်ရွှမ်းယွီပြုံးလိုက်သည်။

ယန်ရှီထိုမျှပြတ်ပြတ်သားသားပြောသည်ကို သူ မမှု့ပေ။ မိန်းမများသည် သူ့ထံအရာနှစ်ခုအားလိုချင်၍ချဥ်းကပ်လေ့ရှိသည်။ သူ၏ပိုက်ဆံနှင့်ရုပ်ရည်ကြောင့်ဖြစ်သည်။ လူများရိုးသားကြချိန်တွင် ဘဝသည်ပို၍ရိုးရှင်းလေသည်။

ပို၍နီးကပ်လာကာ သူသည်ရေရွတ်လိုက်သည်။

“အသဲလေး မင်းဘာလိုချင်လဲ ကိုယ်မင်းအတွက်ရအောင်ယူပေးမယ်”

ယန်ရှီသည် system ကစိတ်ထဲမှထပ်ခါထပ်ခါခေါ်နေရင်း အပြင်တွင်တော့ ချိုသာစွာပြုံးနေသည်။

“system လင်ကျီကိုငါ့အတွက် ဆက်သွယ်ပေး၊ သူမလက်ထဲမှာ မရှိသေးတဲ့ ဇိမ်ခံပစ္စည်းတစ်ခုခုရှိလား စစ်ဆေးပေး၊ ဒါကလုံးဝကိုပြီးပြည့်စုံတဲ့ အခွင့်အလမ်းပဲ”

System သည်ရှုပ်ထွေး၍မူးဝေနေသည်။ သူသည် Host ရုတ်တရက် မုန့်ချင်းယွီနှင့်ပရောပရည်လုပ်နေခြင်းအား နားမလည်ပေ။ သို့ပေမဲ့လည်း ၎င်းသည်ယန်ရှီဖုန်းကို ထိန်းချုပ်လိုက်ကာ လင်ကျီအားမက်ဆေ့ချ်ပို့လိုက်သည်။

လင်ကျီသည် ချက်ချင်းစာပြန်လာခဲ့သည်။

System သည် မက်ဆေ့ချ်အားယန်ရှီစိတ်ထဲသို့တိုက်ရိုက်ပို့ပေးလိုက်သည်။

သူမ၏အပြုံးသည် ပို၍ပင်ချိုမြိန်လာခဲ့သည်။ သူမ၏မျက်လုံးထဲတွင် မုန့်ရွှမ်းယွီသည်လူရှုပ်လူပွေတစ်ဦးမဟုတ်တော့ပေ။ သူသည်ငွေစက္ကူများအား ဖြုန်းတီးတတ်သောကြီးမားသည့်အမွှေးပွ သိုးတစ်ကောင်သာဖြစ်သည်။

“သခင်လေးမုန့် M တံဆိပ် စုဆောင်းမှုတွေထဲမှာ လှပတဲ့သားရေအိတ်လေးပါတယ် ကြားတယ် ပြီးတော့ ပုတ်သင်ညိုသားရေ ဘေးလွယ်အိတ်ကလည်း တကယ့်ကိုလှတာပဲ၊ ကျွန်မဒီနေ့မနက်တုန်းက ဆိုင်တွေမှာသွားရှာခဲ့သေးတယ် ဒါပေမဲ့ အဲတာတွေကရောင်းကုန်သွားပြီ၊ သခင်လေးအဲတာတွေကိုကျွန်မအတွက်ဝယ်ပေးပါလား ကျေးဇူးပြုပြီးလေ”

သူမ၏အသံမှာချိုမြိန်နေကာ နူးညံ့ပြီး ဆွဲဆောင်မှုများနှင့်ပြည့်နှက်နေကာ မုန့်ရွှမ်းယွီ၏ခေါင်းကိုပါလည်သွားစေခဲ့သည်။

သေစမ်း။

ကျုံယန်စီသူမကိုသဘောကျသွားတာ အံ့ဩစရာမရှိဘူး။ သူမကအရမ်းချိုမြိန်ပြီး နာခံလွန်းတယ် သူတောင် သူမသွေးဆောင်မှုကိုခံစားရတယ်။

ထို့အပြင်၊ စစ်မှန်သောကုဒ်အတုများကို ခေါက်သိမ်းရန် လွယ်ကူသည်။ ယန်ရှီကဲ့သို့ လူမျိုးသည် ကွာခြားမှုအားသိမည်မဟုတ်ပေ။ သူမအား အနည်းငယ်ခန့်ထပ်ပေးခြင်းသည် ထိခိုက်သွားမည်မဟုတ်ပေ။

မုန့်ရွှမ်းယွီသည် ပျော်ရွှင်သွားကာ

“စောင့်နေလိုက် ကိုယ်မင်းဆီကိုသူတို့ကိုချက်ချင်းပို့ခိုင်းလိုက်မယ်”

All Chapters