← Chapters

အခန်း (၇၆)

Vol. 8 Ch. 76

အခန်း (၇၆)

Vol. 8 Ch. 76

ယခင်အပတ်၌ မုန့်ရွမ်းယွီ၏ မွေးနေ့ရှိသည်ကို မုန့်ယင်းရုန်သည် ယခုမှ ရုတ်တရက် သတိရလာသည်။ ပျော်ပွဲရွင်ပွဲမက်သည့် မုန့်ရွမ်းယွီသည် ပုံမှန်အတိုင်းပင် မကာအို၌ ကာစီနိိုရုံမသွားခင် ဟိုင်မြို့တွင် မွေးနေ့ပွဲကြီးတစ်ခုကျင်းပခဲ့သည်။ ထိုနေရာတွင် ငွေအမြောက်အမြား ဆုံးရှုံးခဲ့ပြီး လက်ရှိအခြေအနေ၌ ပြဿနာများ ကြုံတွေ့နေရသည်။

သားတစ်ယောက်သည် ပျော်ရွင်နေသော်လည်း တစ်ခြားတစ်ယောက်သည် ဆေးရုံတက်နေရသည်။ထိုအရာအားလုံးသည် မုန့်ယင်းရုန်၏ ရင်ကို လွန်စွာ လေးလံစေသည်။ထို့အပြင် နှစ်‌ယောက်လုံးသည် သူမ၏သွေးသားအရင်းများဖြစ်သည်။မုန့်ယင်းရုန်တွင် ပို၍ချစ်မြတ်နိုးသူရှိ‌သော်လည်း သူမ၏သားအရင်းအား မည်သို့ ဂရုမစိုက်ဘဲနှင့် နေနိုင်မည်နည်း။

သူမ၏အသံသည် သံသယအနည်းငယ်ရှိဟန်ဖြင့် မေးသည်။

“ယန်စီက ဘာလို့ငါကို မပြောခဲ့တာလဲ”

လက်ထောက်ဆွန်းသည် တုံ့လှုပ်ခြင်းမရှိဘဲ ဖြေလိုက်သည်။

"မဒမ်၊ ဘာလို့ ကျုံယန်စီက ခင်ဗျားထက် သူ့အစ်မကိုဘာလို့ပြောသလဲဆိုတာ မဒမ်ဘာသာ စဉ်းစားကြည့်သင့်တယ်”

ထိုစကားများသည် မခံနိုင်လောက်အောင် ပြင်းထန်သည်။မုန့်ယင်းရုန်သည် သူမ၏ရင်ဘက်ကိုဖိ၍ အသက်ရှုနေရသည်။

“သူ့ခွဲစိတ်တာ ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား"

လက်ထောက်ဆွန်းသည် သူမ၏အပြစ်တင်စိတ်များအား ချေဖျက်နိုင်ရန် စိတ်မစား‌သော်လည်း တစ်ကယ့်အခြေအနေကို မလိမ်နိုင်ချေ။

"ခွဲစိတ်မှုအောင်မြင်ပါတယ်၊ ယန်ရှီကိုကျေးဇူးတင်သင့်တယ် သူမသာ ကျုံယန်စီကို စစ်ဆေးစေဖို့ မတောင်းဆိုခဲ့ဘူးဆိုရင် အကြိတ်ကို အချိန်မီ တွေ့ရှိမှာ မဟုတ်ဘူး"

မုန့်ယင်းရုန်သည် ယန်ရှီအား မိသားစုမရှိသည့် မိန်းကလေးတစ်ယောက်ဖြစ်သည့်အတွက် အာရုံစိုက်စရာမလိုဟုတွေးလျက် အထင်သေးခဲ့သည်။ သို့သော် ယခုတွင် သူမအပေါ် ဘာမျှမခံစားရသော်လည်း ကျေးဇူးတင်မိသည်။

ကျုံယန်စီအကြောင်း မေးမြန်းပြီးသည့်နောက်တွင် မုန့်ယင်းရုန်ထွက်သွားသည်။သူမ၏ ကျုံလုပ်ငန်းစုထံသို့ လာရောက်ရသည့် အဓိကရည်ရွယ်ချက်အားလုံးကို သတိမရတော့ချေ။ သေရေးရှင်ရေးကိစ္စနှင့်ယှဉ်လျှင် မုန့်ရွမ်းယွီ၏ မဆင်မခြင်ပြုလုပ်သည့် အပြုအမူများသည် အသေးအဖွဲ့များပင်ဖြစ်သည်။

သူမထွက်သွားပြီးသည်နှင့် လက်ထောက်ဆွန်းသည် CEOရုံးခန်းသို့ ပြန်လာခဲ့သည်။

“မစ္စတာကျုံ၊ ဘော့စ် အမေ ပြန်သွားပါပြီ”

တင်ပြလိုက်သည်။သူသည် ခေတ္တရပ်ပြီး

“ကျွန်တော် သူမကို ဘော့စ်ရဲ့လက်ရှိဆေးရုံတက်နေရတဲ့ အခြေအနေကိုပြောပြလိုက်တယ်၊ သူ့ကိုကြည့်ရတာ နောင်တရနေသလိုပဲ”

ကျုံယန်စီသည် ဂရုမစိုက်သည့်ပုံစံဖြင့် ပြန်လည်တုံ့ပြန်လာသည်။

မုန့်ယင်းရုန်သည် သူမ၏ဝီုးလ်ချဲထိုင်ခုံအား မြင်ခဲ့ပြီးဖြစ်သည်။ထို့အပြင် လက်ထောက်ဆွန်းသည်လည်း အခြေအနေအား တင်ပြပြီးဖြစ်သည်။ သို့သော် ကျုံယန်စီသည် အခြားကိစ္စတစ်ခုအား ပို၍ စိတ်ရောက်နေသည်။

“ငါတို့ဒီအချိန် ဝင်မပါဘူးဆိုရင် မုန့်ရွမ်းယွီ အကြာကြီးခံတော့မှာ မဟုတ်ဘူး”

လက်ထောက်ဆွန်းသည် လက်ခံသည့်အလား ခေါင်းငြိမ့် ပြလိုက်သည်။

“သူက မုန့်လုပ်ငန်းစုရဲ့ ထုတ်ကုန်အသစ်အတွက် ငွေတွေကို လောင်းကစားချေးငွေအတွက် သုံးပစ်လိုက်တာ၊ ဒါ အလွဲသုံးစားလုပ်တာပဲ၊ အဲတာကိုသာ ဖော်ထုတ်လိုက်ရင် သူ ထောင်ထဲမှာနေရတော့မှာ”

ကျုံယန်စီသည် ၎င်းအား ကြိုတင်စဉ်းစားပြီးပြီ ဖြစ်သည်။

ထို့အပြင် ယခုအထိ အွန်လိုင်းပေါ်၌ ပေါ်ထွက်နေသော ပစ္စည်းအတုများတွင် ပန်းရောင်စိန်လက်ကောက် မပါဝင်ပေ။ ဆိုလိုသည်မှာ ယန်ရှီသည် ၎င်းအား သိမ်းဆည်းထားလောက်သည်။

စတော့ဈေးများ ကျဆင်းအောင်ပြုလုပ်ခြင်းသည် သူမ အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သူမသည် လက်ကောက်အား ကျုံယန်စီ ထံသို့လွှဲပေးရန် ငြင်းဆိုသည့်အချိန်မှစ၍ မုန့်ရွမ်းယွီအား အလွတ်ပေးရန် စိတ်ကူးမရှိချေ။

ကျုံယန်စီသည် သူမအား ထိုအရာအတွက် အပြစ်မတင်ချေ။ သို့သော် ထိုကောင်မလေးသည် အလွန်အန္တရာယ်များသည်။ ယခုတွင် ယန်ရှီနောက်ကွယ်မှ ထိန်းချုပ်နေသည်ကို မုန့်ရွမ်းယွီမသိသေးပေ။ အကယ်၍ သိသွားခဲ့လျှင် သူဘာလုပ်မည်ကို မည်သူသိမည်နည်း။

သူ၏အကြည့်များသည် ညို့မှောင်သွားသည်

“မုန့်ရွမ်းယွီကိုစောင့်ကြည့်ဖို့ လူတစ်ယောက်ငှားလိုက်”

“နားလည်ပါပြီ”

—

မုန့်ယင်းရုန်သည် မုန့်လုပ်ငန်းစုသို့ အတွေးများစွာဖြင့် ပြန်လာခဲ့သည်။

သူမသည် ရုံးခန်းထဲသို့ ခြေလှမ်းလိုက်သည့်အခါတွင် မုန့်ရွမ်းယွီသည် သူမ၏ရှေ့မှ ပိတ်ရပ်လိုက်သည်။

“အင်း ၊ကျုံယန်စီက ကူညီဖို့သဘောတူလိုက်လား”

ကျုံယန်စီ၏ နာမကျန်းမှုဖြစ်နေခြင်းသည် သူမအား ယခုထိ စိတ်ပူပန်စေသည်

“ယန်စီ အရမ်းအလုပ်များနေတယ်၊ ငါတို့ကို အခုမကူညီနိုင်ဘူး”

“မကူညီနိုင်ဘူး”

မုန့်ရွမ်းယွီ၏မျက်လုံးများသည် ဒေါသဖြင့် ပြူးကျယ်သွားသည်။

“ဘာလို့မကူညီနိုင်တာလဲ၊ သူက ခင်များသားမဟုတ်ဘူးလား”

မုန့်ယင်းရုန်သည် သက်ပြင်းချလိုက်သည်။

“သူအခု ငါတို့ဆက်ဆံရေးကို သိသွားပြီ”

မုန့်ရွမ်းယွီသည် လန့်သွားပြီး ခြေလှမ်းများအား နောက်ဆုတ်လိုက်မိသည်။ထို့နောက် သူ၏မျက်နှာသည် အထင်သေးမှုများဖြင့် ပြည့်နှက်သွားသည်။

“သူက သိသွားလို့ငြင်းလိုက်တာလား၊ ဒရမ်မာတွေ ခင်းလိုက်တာ”

“တော်လောက်ပြီ”

မုန့်ယင်းရုန်သည် လက်ဖျောက်တီးသည်။သူမ၏အသံသည် နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။

မုန့်ဟွေ့ကူ ဝင်မလာခင် ခြေသံများသည် အပြင်ဘက်၌ ပဲ့တင်ထပ်နေသည်။

သူသည် တက်ပလပ်တစ်လုံးကို စားပွဲပေါ်သို့ပစ်တင်လိုက်ပြီး မုန့်ရွမ်းယွီအား လက်ညိုးထိုးပြလိုက်သည်။

“မင်းဘာတွေလုပ်ခဲ့သလဲဆိုတာ ကြည့်လိုက်ဦး၊ ပစ္စည်းအတုတွေကို အစစ်တွေလို့ လိမ်ရောင်းတယ်၊ မင်း မုန့်လုပ်ငန်းစုကို ဖျက်စီးပစ်ချင်နေတာလား”

မုန့်ရွမ်းယွီမှ ပြန်ပြောလိုက်သည်။

“ပါးပါး၊ ကျွန်တော်မရည်ရွယ်ပါဘူး၊ အကြွေးတွေအရမ်းများနေလို့ပါ ပြီးတော့ ကျွန်တော် ကျုံယန်စီကို အကူအညီတောင်းခဲ့သေးတယ် ၊သူက လက်မခံခဲ့ဘူးလေ”

မုန့်ဟွေ့ကူသည် မျက်မှောင်ကြုတ်လိုက်သည်။

“ယန်စီက မကူညီဘူး၊ ဟုတ်လား”

“ဟုတ်တယ်”

မုန့်‌ရွမ်းယွီသည် အပြစ်မှလွတ်စေမည့် အခွင့်အရေးအား အမိအရဖမ်းဆုပ်လိုက်သည်။

“သူသာ ကူညီခဲ့ရင် ဒါတွေအားလုံးဖြစ်လာမှာမဟုတ်ဘူး”

မုန့်ဟွေ့ကူ၏မျက်ခုံးများသည် ထိမိလုနီးပါး ဖြစ်နေသည်။သတင်းများသည် အတော်ပင် ပျံ့နှံ့နေသည်။ ထို့အပြင် သူသည် ကျုံယန်စီဝင်ပါလောက်မည်ဟု မျှော်လင့်ခဲ့သည်။ သို့သော် ယခုတွင် သူ၏အကြည့်များသည် တိတ်ဆိတ်စွာရပ်နေသည့် မုန့်ယင်းရုန်ထွသို့ ရောက်ရှိသွားသည်။

“ယင်းရုန် ၊ယန်စီက မင်းရဲ့သားပဲ သူ့ကိုပြောလိုက်”

သူမသည် ခေါင်းခါပြသည်။

“ပါးပါး၊ သူကိုဆွဲမထည့်ပါနဲ့တော့”

“ဆွဲမထည့်လို့ ရမလား”

မုန့်ဟွေ့ကူသည် သူ၏သွားများကို ကြိတ်လိုက်သည်။မုန့်လုပ်ငန်းစုသည် သူ၏ဘဝအလုပ်အကိုင်ဖြစ်သည်။ သူသည် မုန့်ရွမ်းယွီ၏ ရူးမိုက်မှုကြောင့် မုန့်လုပ်ငန်းစုအား အပျက်စီးမခံသင့်ပေ။

“ယန်စီက မုန့်မိသားစုရဲ့ မြေးတစ်ယောက်ပဲလေ၊ အကူအညီတောင် တောင်းလို့မရဘူးလား”

“ယန်စီ နေမကောင်းဘူး”

မုန့်ယင်းရုန်သည် ခပ်တိုးတိုးပြောလိုက်သည်

“ကင်ဆာဖြစ်နေတာ၊ သူစောနကမှ ခွဲစိတ်ပြီးတာ”

မုန့်ဟွေ့ကူသည် ခေတ္တရပ်ဆိုင်းသွားပြီး အံ့အားသင့်သွားသည်။

သူသည် မုန့်ယင်းရုန်သေဆုံးခြင်းအား မည်မျှကြောက်သည်ကို အသိဆုံးဖြစ်သည်။ မုန့်ရွမ်းယွီ၏အဖေသည်လည်း လွန်ခဲ့သည့်နှစ်များတုန်းက ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ထိုစကားလုံးအား ကြားရုံဖြင့် သူမကို တုန်လှုပ်စေနိုင်သည်။

“ယန်စီက နေမကောင်းဘူးဆိုလည်း ငါတို့တခြားနည်းလမ်းတစ်ခု ရှာကြတာပေါ့”

မုန့်ဟွေ့ကူသည် မုန့်ရွမ်းယွီဘက်သို့ ပြန်လှည့်လာသည်။

“တရားဝင်တောင်းပန်ပြီး ပစ္စည်းတွေအကုန်လုံးကို ပြန်သိမ်းလိုက် ပြီးတော့ ဘယ်သူဖော်ထုတ်ခဲ့လဲဆိုတာ စုံစမ်းချည်”

မုန့်ရွမ်းယွီသည် လျင်မြန်စွာ ခေါင်းငြိမ့်လိုက်သည်။

“ဟုတ်ကဲ့ ပါးပါး၊ ကျွန်တော် ကိုင်တွယ်လိုက်ပါ့မယ်”

မုန့်ဟွေ့ကူ ထွက်သွားပြီးသည့်နောက်တွင် မုန့်ယင်းရုန်သည် သူမ၏ထိုင်ခုံ၌သာ ကျန်ရစ်ခဲ့လေသည်။ သူမ၏မျက်လုံးအိမ်ထောင့်မှ မျက်ရည်များ ကျဆင်းလာသည်။

မုန့်ရွမ်းယွီသည် PR အသင်းအား တောင်းပန်စာထုတ်ကြားရန် မှာကြားပြီးနောက် သူမအား ဒေါသဖြင့် ကြည့်လာသည်။

“ငိုမနေနဲ့၊ သူ မသေသေးဘူးမလား”

မုန့်ယင်းရုန်သည် ခေါင်းမော့လာခဲ့သည်

“မုန့်ရွမ်းယွီ၊နင်ဘယ်လိုတောင်ပြောရက်တာလဲ”

“ဘာဖြစ်လို့လဲ သူအခုထိ အသက်ရှင်နေသေးတယ်လေ၊ ခင်များက သူတကယ်သေသွားသလို ငိုနေ__”

ဖြန်း!!

မုန့်ယင်းရုန်၏လက်ဝါးသည် သူ၏ပါးပေါ်သို့ ခပ်ပြင်းပြင်းကျရောက်သွားသည်။

၎င်းသည် သူ့အား ပထမဆုံးရိုက်ဖူးခြင်းဖြစ်သည်။

“မုန့်ရွမ်းယွီ၊ သူက နင့်အစ်ကိုနော်”

မုန့်ရွမ်းယွီသည် သူ၏ပါးပြင်အား ကိုင်လိုက်ပြီး မျက်လုံးများသည် ဒေါသမီးများ တောက်လောင်နေသည်။

“ဟုတ်တယ် ကျုံယန်စီက ကျုပ်အစ်ကို၊ ပျက်စီးမယ့်အရေးကနေ လက်ချောင်းလေးတစ်ချောင်းတောင် မကမ်းပေးဘဲ ပစ်ထားတဲ့ အစ်ကို၊ မကူညီမဲ့အတူတူ သေသွားတာပဲကောင်းတယ်”

မုန့်ယင်းရုန်သည် ရင်ဘက်အောင့်သွားသည်။

“မင်းဘာဖြစ်နေတာလဲ၊ မင်းကို ယန်စီကူညီခဲ့တာ ဘယ်နှခေါက်တောင်လဲ၊ တစ်ခါလေးငြင်းလိုက်တာနဲ့ သူ့ကိုသေစေချင်နေပြီလား”

မုန့်ရွမ်းယွီသည် ဂရုပင်မစိုက်တော့ချေ။

ပစ္စည်းအစစ်များအား အတုဖြင့်အစားထိုးခြင်းသည် ယာယီပြင်ဆင်မှုဖြစ်မည်ဟု ရှေ့နေမှ အကြောင်းကြားသော်လည်း ပါဝင်သည့်ပမာဏသည် ထောင်ကျနိုင်သည့်ဟု ကြိုတင်ပြောကြားခဲ့သည်။

သူ့လွတ်လပ်ခွင့်နှင့်သူ အဘယ့်ကြောင့် ကျုံယန်စီအား ဂရုစိုက်ရမည်နည်း။

မုန့်ယင်းရုန်သည် ကျုံယန်စီဘက် ပါနေသည်ကိုကြည့်ပြီး မုန့်ရွမ်းယွီသည် ရွံ့ရှာသကဲ့သို့ တံထွေးထွေးပြီးနောက် မုန့်လုပ်ငန်းစုအား တစ်ချက်ပင်မကြည့်ဘဲနှင့် ထွက်လာခဲ့သည်။

—

တစ်ဖက်တွင်မူ။

ဖုန်းရုံယန်၏ လက်ထပ်ပွဲ၌ဖြစ်သည်။

သူမ၏ရှုံးနိမ့်မှုနှင့် Blind Date တွေ့ဆုံဖူးသည်ကို စဉ်းစားမိ၍ ချူယန်သည် ရှက်ကိုးရှက်ကန်းဖြစ်နေသည်။ ပို၍ဆိုးသည်မှာ သူမ၏ အနားရှိလူများသည် အပြုံးများဖြင့်ဝေဆာနေပြီး ထိုစုံတွဲအား ကောင်းချီးများ ပေးနေကြသည်။

ဖုန်းရုံယန်သည် သူမ၏ ကြီးမားသည့် စိန်လက်စွပ်အား အလွန်ပင် ကြွားလုံးထုတ်နေခဲ့သည်။သူမသည် မနေ့ညတစ်ညလုံး Victoria Club ၌ အချိန်ဖြုန်းခဲ့ပြီး ဆိုရှယ်မီဒီယာပေါ်တွင် ပို့စ်ခုနှစ်ခု သို့မဟုတ် ရှစ်ခုခန့် တင်ခဲ့သည်။ သေ‌ချာနေသည်မှာ သူမသည် ထိုကျောက်တုံး(စိန်)အား အလွန်ပင် စွဲလမ်းနေသည်။

ဒေါသထွက်စွာဖြင့် ချူယန်သည် ဖုန်းရုံယန်၏ပို့စ်များအား ဘလော့လိုက်သည်။

မကြည့်နဲ့၊စိတ်ထဲမထားနဲ့…

မကြည့်နဲ့၊စိတ်ထဲမထားနဲ့…

ဧည့်သည်များမှ ကြင်စဦးဇနီးမောင်နှံအား ချီးကျူးဩဘာပေးနေစဉ် ချူယန်သည် Weibo ကိုသာ ကြည့်နေခဲ့သည်။ ခေါင်းစီးသတင်းစာမျက်နှာသည် M မိသားစု၏ သတင်းများဖြင့် ပြည့်နှက်နေသည်။

ချူယန်မျက်မှောင်ကြုတ်လိုက်သည်။

မုန့်မိသားစုက တစ်ခုခုဖြစ်နေတာလား။

ကောင်းသည်၊ သူမသည် မုန့်ယင်းရုန်အား မည်သည့်အခါမျှ သဘောမကျပေ။

သို့သော် အွန်လိုင်းပေါ်မှ ဖော်ထုတ်ချက်များအား ဖတ်ပြီးသည့်နောက်တွင် ချူယန်သည် ကျုံချင်းယွီ၏အ‌ဝတ်လဲခန်း၌တွေ့ခဲ့သော သူမတက်ပလပ်၌ကြည့်ခဲ့သည့် ဖိုင်လ်များကို သတိရသွားသည်။

ထို‌မျှလောက်ထိ မတိုက်ဆိုင်နိုင်ချေ။ ကျုံချင်းယွီသည် မုန့်မိသားစု ပစ္စည်းအတုရောင်းသည်ဆိုသည့် သတင်းအား ဖြန့်ခဲ့သည်လော။

ဖြစ်နိုင်ချေ အတော်များသည်။ Star Glory သည် ပရိသတ်များကြားတွင် ကောင်းစွာလွှမ်းမိုးနိုင်သော ဖျော်ဖြေရေးကုမ္ပဏီဖြစ်သည်။ထို့အပြင် ကျုံချင်းယွီသည် မုန့်ယင်းရုန်အား အမြဲအထင်အမြင်သေးသည်။သူမ၏ ကုမ္ပဏီအားဖျက်စီးခြင်းသည် အပျော်သက်သက်သာ ဖြစ်‌ပေလိမ့်မည်။

မုန့်မိသားစုသည် ယခုအချိန်တွင် ဖော်ထုတ်သူအား ရှာဖွေနေလောက်မည်ဖြစ်သည်။

ချူယန်၏မျက်လုံးများ လင်းလက်သွားပြီး သူမ၏အချစ်ဆုံးသူငယ်ချင်းထံသို့ စာပို့လိုက်သည်။

“နင်မှာမုန့်ရွမ်းယွီကို ဆက်သွယ်နိုင်မဲ့ အချက်အလက်တွေ ရှိလား”

သူမ၏သူငယ်ချင်းသည် ချက်ချင်းစာပြန်လာသည်။

“ရှိတယ်”

“ဘာလဲ နင်က မုန့်မိသားစုရဲ့သခင်လေးကို ချိန်မလို့လား၊ ငါပြောချင်တာက သူကမိုက်ပြီး ခန့်တယ်၊ လုံးဝကို မိန်းကလေးတွေအကြိုက်ဆိုတာ ငါသိတယ်၊ ဒါပေမယ့်သူက ပလေးဘွိုင်းလို့ နာမည်ကျော်နေတာလေ ပြီးတော့ မုန့်မိသားစုက အခု ဒုက္ခရောက်နေတာပြဿနာမရှာချင်စမ်းပါနဲ့ဟာ”

ချူယန်: “စိတ်အေးအေးထားစမ်းပါ၊ ငါသူ့ကိုစိတ်မဝင်စားပါဘူး၊ ဖုန်းနံပါတ်သာပြော”

မိနစ်အနည်းငယ် ကြာပြီးနောက် သူမ၏သူငယ်ချင်းသည် မုန့်ရွမ်းယွီ၏ဖုန်းနံပါတ်အား ပို့လာသည်။ချူယန်သည် အနိုင်ရသူကဲ့သို့ ပြုံးလိုက်ပြီး စာတန်းရိုက်လိုက်သည်။

မုန့်မိသားစုရဲ့ သတင်းကို ဘယ်သူဖွခဲ့လဲဆိုတာ ငါသိတယ်။

အဲတာ ယန်ရှီပဲ။

—

ယန်ရှီသည် အလုပ်၌နစ်မြုပ်နေခဲ့သည်။

မုန့်ရွှမ်းယွီအကြောင်းအား ဖော်ထုတ်ပြီးသည့်နောက်တွင် သူမသည် ဟိုင်မြို့အစွန်းဘက်ရှိ SP၏ ရိုက်ကွင်းသို့ ဦးတည်ရောက်ရှိလာခဲ့သည်။

မုန့်မိသားစု၏ ရှယ်ယာများအား ရယူသည့်စီမံကိန်းတွင် Star Glory သည် ပေါက်ကြားမှုအတွက် တာဝန်ရှိသည်။ယခုတွင် အင်တာနက်ပေါ်၌ မုန့်မိသားစုအား မကောင်းသည့်မှတ်ချက်များသာရှိနေလေသည်။သူတို့၏ရှယ်ယာများသည် ညနေခင်းဈေးကွက်ဖွင့်သည့်အချိန် ထိုးကျသွားမည်ဖြစ်သည်။အမှန်တကယ် ရှယ်ယာဝယ်ယူခြင်းကို ယူရှောင်နှင့် ယောင်ချီတို့မှ ကိုင်တွယ်မည်ဖြစ်သည်။

ယန်ရှီသည် သူတို့၏ အရည်အချင်းများကို ယုံကြည်သည်။ စိုးရိမ်စရာ မလိုပေ။

တစ်ဖက်တွင် ချူထင်းပိုင်၏စီမံကိန်းသည် အဆင်ပြေချောမွေ့နေသည်။ SP ဌာနသည် ဆင်ခြေဖုန်းရပ်ကွက်ရှိ မြေကွက်တစ်ခုကိုဝယ်ယူခဲ့ပြီး ကျုံလုပ်ငန်းစု၏ ကုန်လှောင်ရုံအား ပြန်လည်ပြုပြင်ကာ နောင်လာမည့်ရသစုံရှိုးအတွက် ရိုက်ကွင်းအဖြစ် အသုံးပြုမည်ဖြစ်သည်။ထိုနေရာတွင် အဆောင်များ၊အစမ်းလေ့ကျင့်ရေးအခန်းများနှင့် ဖျော်ဖြေရေးစတိတ်စင်များ ပါဝင်သည်။

ကုန်လှောင်ရုံအား ပြန်လည်ပြင်ဆင်ခြင်းဖြစ်သည့်အတွက်ကြောင့် ကုန်ကျစရိတ် နည်းပါးပေသည်။

ချူထင်းပိုင်သည် ယန်ရှီအား ပြီးလုဆဲဆဲအိမ်အား အနီးကပ်ကြည့်ရှုခွင့် ပေးလိုက်သည်။ အခန်းများသည် ဆေးသုတ်ထားပြီး အလုပ်လုပ်သည့်နေရာတိုင်းတွင် ကင်မရာများ တပ်ဆင်ထားသည်။ပြီးနောက် သင်တန်းသားများနှင့် နည်းပြများ လေ့ကျင့်နေစဉ် လေဝင်လေထွက်ကောင်းစေရန်လည်း စီစဉ်ထားသည်။ ရိုက်ကူးရေးသည် နှစ်ပတ်အတွင်း စတင်မည်ဖြစ်သည်။

“နှစ်ပတ်ကြီးက မမြန်လွန်းဘူးလား”

ယန်ရှီမှ မေးလိုက်သည်

“အသစ်ပြုပြင်ထားတဲ့နေရာတွေကို ချက်ချင်းအသုံးမပြုသင့်ဘူးလို့ ကျွန်မ ကြားဖူးတယ်”

လုံခြုံဘေးကင်းမှုသည် သူမအတွက် အရေးအကြီးဆုံးဖြစ်သည်။အစီအစဉ်ရိုက်ကူးပြီးမှ အတင်းအဖျင်းသတင်းများ ထွတ်လာခဲ့လျှင် အရှုံးများပေလိမ့်မည်။

ချူထင်းပိုင်သည် စိတ်ချလက်ချ ပြောလိုက်သည်။

“ကျွန်တော်တို့က ပတ်ဝန်းကျင်နဲ့အဆင်ပြေတဲ့ဆေး (eco-friendly)သုတ်ထားတာ၊ နှစ်ပတ်လောက်ဆို ရပြီ”

အခန်းမှ ထွက်လာပြီးတောက် ချူထင်းပိုင်သည် သူမအား Perimeter နားသို့ လိုက်ပြသည်။ယန်ရှီသည် သုတ်ဆေးဗုံးအား သယ်ဆောင်ထားသည့်အလုပ်သမားတစ်ယောက်နှင့် မတိုက်မိခင်အထိ ဓါတ်ပုံများ ရိုက်ကူးနေခဲ့သည်။

သုတ်ဆေးများသည် သူမ၏အကျီပေါ်သို့ မှောက်ကျလာခဲ့သည်။

အလုပ်သမားသည် အထိတ်တလန့်ဖြင့် တောင်းပန်လာသည်။

“ဒါရိုက်တာယန်၊ ကျွန်တော်မမြင်လိုက်လို့ပါ၊ အဆင်ပြေရဲ့‌လား၊ တောင်းပန်ပါတယ် မတော်တဆဖြစ်သွားတာပါ”

ယန်ရှီ နောက်သို့ ဆုတ်လိုက်သည်။

“အဆင်ပြေပါတယ်”

သူမ၏ အင်္ကျီသည် သုတ်ဆေးများဖြင့် စေးကပ်ပြီး ပျက်စီးသွားသည်။

လင်းကျီသည် သူမအား သန့်ရှင်းပေးရန် အမြန်ပြေးလာသည်။

ချူထင်းပိုင်ပြောလိုက်သည်။

“ကျွန်တော်တို့မှာ အပိုလေ့ကျင့်ရေး ဝတ်စုံတွေရှိတယ်၊ အင်္ကျီလဲ လိုက်မလား”

နေရာအား ပြန်လည်ပြုပြင်နေစဉ် ချူထင်းပိုင်သည် သင်တန်းသားများနှင့် နည်းပြများ၏ ဝတ်စုံများကို တာဝန်ယူထားရသည်။ထိုဝတ်စုံများသည် ကျောင်းဝတ်စုံနှင့် အားကစားဝတ်စုံနှစ်ခုကို ရောယှက်ဖန်တီးထားသည်။

ယန်ရှီသည် သူမ၏ ဆေးများဖြင့်ပေကျံနေသော အင်္ကျီအား တစ်ချက်ကြည့်လိုက်သည်။

“အေးလေ၊ မလဲလို့မှမရတာ”

ချူထင်းပိုင်သည် သူမအား အမျိုးသမီးဝတ်ကျောင်းသူပုံစံဝတ်စုံတစ်စုံ ပေးလိုက်သည်။ယန်ရှီသည် သန့်စင်ခန်းထဲ၌ အဝတ်လဲလိုက်သည်။

အမျိုးသမီးသရုပ်ဆောင်အများစုသည် Size S သာ ဝတ်ဆင်လေ့ရှိသောကြောင့် ယူနီဖောင်းများသည် တစ်သားတည်း တူညီနေကြပြီး ယန်ရှီနှင့် အလွန်ပင် လိုက်ဖက်လေသည်။ ထိုသို့ငယ်ရွယ်သည့်ဝတ်စုံများသည် သူမ၏ပုံစံအား နုပျိုသွားစေသည်။

“ဒါရိုက်တာယန်၊တော်ရဲ့လား”

ချူထင်းပိုင်သည် အပြင်ဘက်မှ လှမ်းအော်သည်။

“တော်တယ်”

ယန်ရှီသည် ကော်လံအားခေါက်တင်လျက် ပြန်ဖြေလိုက်သည်။

“အဆင်ပြေတယ်”

သူမ ထွက်ခွာတော့မည့်အချိန်တွင် သန်မာသည့်လက်များသည် သူမအား အနောက်ဘက်မှ လှမ်းဆွဲလိုက်သည်။ယန်ရှီသည် ကြောက်လန့်သွားပြီး အော်တော့မည့်အချိန်တွင် အလွန်လျင်မြန်စွာဖြင့် ချိုမြိန်သည့်အနံ့ရှိသည့် အဝတ်စတစ်ခုသည် သူမ၏ ပါးစပ်နှင့် နှာခေါင်းအားဖုံးအုပ်လိုက်သည်။

စူးရှ သင်းပျံ့သည့်ရနံ့တစ်ခုသည် သူမ၏အာရုံတစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။

သူမသည် အပြင်းအထန်ရုန်းကန်သော်ငြား သူမ၏ခြေထောက်များသည် အချိန်ပိုင်းအတွင်းမှာပင် လေးလံလာသည်။သူမသည် အော်ရန်ကြိုးစားသော်လည်း အဝတ်စသည် သူမ၏အသံကို ကာဆီးထားသည်။

သန့်စင်ခန်းတွင် မှန်ရှိသည့်အတွက်ကြောင့် ယန်ရှီသည် သူမအားတိုက်ခိုက်နေသည့်သူကို မြင်တွေ့နေရသည်။ ထိုသူသည် မုန့်ရွမ်းယွီဖြစ်သည်။

ကြောက်ရွံမှုသည် သူမ၏စိတ်အတွင်း ထိုးဖောက် ဝင်ရောက်လာသည်။ မုန့်ရွမ်းယွီ၏အကြည့်နှင့် ယုတ်မာသည့်အပြုံးများအား မှန်မှတဆင့်မြင်တွေ့သည်နှင့် သူမ၏မျက်လုံးများသည် ကြောက်ရွံ့မှုများဖြင့် ကျယ်ဝန်းလာသည်။

ခဏအတွင်းမှာပင် ယန်ရှီ၏ခန္ဓာကိုယ်သည် ပျော့ခွေသွားသည်။အမှောင်ထုသည် သူမအား ဖုံးလွှမ်းသွားလေသည်။

---

ကျုံမိသားစု၌။

လက်ထောက်ဆွန်းသည် တံခါးခေါက်ခြင်းမရှိဘဲနှင့် ရုံးခန်းထဲသို့ ဝင်လာသည်။သူ၏ခြေလှမ်းများသည် အလောတကြီးဖြစ်နေသည်။

“ဥဣဌကျုံ၊ အရေးကြီးသတင်း၊ မုန့်ရွမ်းယွီက ယန်ရှီဆီကို သွားနေတယ်၊ သူဒီကိစ္စ‌တွေနောက်မှာ ယန်ရှီရှိနေတာ သိသွားပြီထင်တယ်”

ကျုံယန်စီသည် ချက်ခြင်း မတ်တပ်ထရပ် လိုက်သည်။

“သူဘယ်မှာလဲ”

“ဆင်ခြေဖုန်းရပ်ကွက်နားက Sp ရိုက်ကွင်းမှာ၊ မုန့်ရွမ်းယွီက သွားတောင်သွားနေပြီ”

ကျုံယန်စီ၏မျက်နှာသည် ဖြူဖျော့သွားသည်။

ယန်ရှီသည် မုန့်မိသားစု၏စတော့ရှယ်ယာများကိုသာမက မုန့်ရွမ်းယွီ၏ အနာဂတ်ဘဝကိုပါ ဖျက်စီးခဲ့လေသည်။ပိုဆိုးသည်မှာ သူမတွင် ပန်းရောင်စိန်လက်ကောက်ရှိသည်ဆိုတာ သူသိသည်။သူမအား မထိခိုက်စေမည့် နည်းလမ်းမရှိချေ။

သူမကို အရင် သတိပေးသင့်သည်။

ကျုံယန်စီသည် မြေအောက်ဂိုဒေါင်သို့ သွားလိုက်ပြီး ယန်ရှီအား ဆက်သွယ်လိုက်သည်။သို့သော် မြို့စွန်‌ကုန်လှောင်ရုံသည် ဆက်သွယ်ရေးမကောင်းသောကြောင့် အသံမေးလ်များသာ ရရှိနေသည်။

“လင်းကျီ ဒါမှမဟုတ် တစ်ခြားသူကို ခေါ်လို့ရလား”

ကျုံယန်စီသည် ယန်ရှီထံသို့ဆက်သွယ်နေစဉ် လက်ထောက်ဆွန်းသည် လင်းကျီအား ဆက်သွယ်နေသည်။

“ချူထင်းပိုင်က သင်တန်းသားတွေ ဖုန်းသုံးလို့မရအောင် ဆက်သွယ်ရေးပိတ်ဆို့မှုကိရိယာ တပ်ဆင်ထားတယ်”

ကျုံယန်စီ၏ အမူအရာများသည် ပိုမို၍ ဆိုးရွားလာသည်။

လက်ထောက်ဆွန်သည် စိတ်ပူသကဲ့သို့ပြောလာသည်။

“ဆရာ၊ဘာမှမဖြစ်လောက်ပါဘူးနော်၊ မုန့်ရွမ်းယွီက ဥပဒေကိုတော့ မချိုးဖျက်လောက် …. ပြီးတော့ စိတ်ထိန်းပါဦး၊ ဆရာ့ခြေထောက်–”

သူ့ဒဏ်ရာအား လျစ်လျူရှု၍ ကျုံယန်စီသည် လျင်မြန်စွာသွားနေသည့်အတွက် လက်ထောက်ဆွန်းသည် သူ့အား ကူတွဲပေးရသေးသည်။

ဂိုထောင်တွင် ကျုံယန်စီသည် ဒရိုင်ဘာ‌အား မစောင့်ခဲ့ချေ။ သူသည် Aston Martin ကားပေါ်သို့ တက်သွားပြီး အင်ဂျင်စက်နှိုးကာ အဆောက်အဦးမှ ထွက်ခွာသွားခဲ့သည်။

“ဆရာ၊ ကားမောင်းလို့မရသေးဘူးလေ”

သို့သော် ကျုံယန်စီသည် ထိုအကြောင်းများကို လျစ်လျူရှုခဲ့သည်။ ပြိုင်ကားလေးသည် လမ်းစုံတွင်ကွေ့သွားပြီး မြို့စွန်သို့ အရှိန်တင်မောင်းနှင်နေလေသည်။

---

အကတိုက်သည့် အခန်းထဲတွင် ယန်ရှီ၏မျက်ခွံ့များ လေးလံစွာ ပွင့်လာသည်။

ညပင်ရောက်နေချေပြီ။ အပြင်ဘက်ရှိကောင်းကင်သည် ပြာနက်နေပြီး ကြယ်သို့မဟုတ် ဂြိုလ်သိမ်စသည့် သူမ မပြောပြနိုင်သည့် အလင်းစလေးများဖြင့် တောက်ပနေသည်။

ထို့နောက် သူမ၏ရှေ့တွင် မုန့်ရွမ်းယွီသည် ရက်စက်ယုတ်မာစွာကြည့်နေသည်။

သူ၏ပုံစံသည် ညတွင်းချင်းပင် ဆယ်နှစ်လောက်အိုစာသွားပြီး သူ၏ချောမောသည့်ရုပ်ရည်သည် ကြောက်မက်ဖွယ်အဖြစ်သို့ ကူးပြောင်းသွားသည်။ သူ၏မျက်လုံးများသည် အနီရောင်သွေးကြောများဖြင့် နီရဲနေပြီး သူ၏အကြည့်များသည် ယန်ရှီအား ဝါးမြိုတော့မည့်အလား ကြည့်နေသည်။

“ငါ့ကိုဖော်ထုတ်လိုက်တာ မင်းပဲ”

ယန်ရှီသည် ကြောက်လန့်မှုများဖြင့် တုန်ရီနေပြီး သူမ၏မျက်နှာပေါ်တွင် မျက်ရည်များစီးကျနေသည်။

“သခင်လေးမုန့်‌ ကျေးဇူးပြုပြီး စိ‌တ်လျော့ပါ၊ ရှင်စိတ်လျော့လိုက်ပါဦး”

မုန့်ရွမ်းယွီသည် ငရဲမှတွားသွားထွက်လာသည့် မြွေတစ်ကောင်အလား သွေးအေးရက်စက်သည့်ပုံစံများ ဖြာထွက်နေသည်။

“ဒီမနက်တုန်းက မင်းငါနဲ့ဒီအိတ်အကြောင်း စကားလာပြောတုန်းက မင်းစမ်းသပ်ချင်ခဲ့တာမလား၊ ငါ့ကိုရှင်လျက်နဲ့သေအောင်လို့လေ၊ မိန်းမတွေရဲ့စိတ်က အဆိပ်ပြင်းတဲ့လို့ပြောကြတယ် ၊အခုတော့ ငါကိုယ်တိုင်မြင်ဖူးသွားပြီ”

လက်များအား ချည်နှောင်ခြင်းခံရသည့် ယန်ရှီသည် ထိတ်လန့်မှုဖြင့် ရုန်းကန်နေသည်။

“သခင်လေးမုန့် ရှင်ပဲ ပစ္စည်းအတုတွေကို အစစ်နဲ့အစားထိုးခဲ့တာလေ၊ ဘာလို့ ကျွန်မအမှားဖြစ်ရမှာလဲ”

မုန့်ရွမ်းယွီသည် ပြန်ပြောသည်။

“ငါလဲတော့ရော ဘာဖြစ်လဲ၊ အဲလူတွေက အမှတ်တံဆိပ်ကိုပဲစိတ်ဝင်စားတာ၊ ငါမိသားစုရဲ့တံဆိပ်ပါနေသရွေ့ ဈေးပေါပေါနဲ့ချရောင်းရင်တောင် သူတို့ကဝယ်မှာပဲ၊ ဘယ်သူက အတုအစစ်ကို ဂရုစိုက်လို့လဲ၊ မစိုက်ဘူးလေ၊ သူတို့က တံဆိပ်ကိုပဲ လိုချင်ကြတာ”

“ဒီကိစ္စက အ‌ဆင်ပြေပြေဖြစ်သွားရမှာ၊ မင်းသာမဖော်ထုတ်လိုက်ရင် ဘယ်သူမှသိမှာမဟုတ်ဘူး၊ အဲဒီအရူးတွေက ဘာကွာလဲတောင်သိတာမဟုတ်ဘူး၊ လူတိုင်းပျော်ရွင်နေရမှာ မင်းကဘာလို့ဖော်ထုတ်လိုက်တာလဲ၊ ဘာလို့ ငါ့ကိုဖျက်စီးရတာလဲ”

ယန်ရှီသည် အပြင်းအထန်ခေါင်းခါနေပြီး ထောင့်တစ်ခုသို့ နောက်ဆုတ်သွားသည်။

“ပစ္စည်းအတုတွေကို တစ်ရာမီလီယမ်နဲ့‌ရောင်းနေတာလေ၊ သခင်လေးမုန့် ဘာလို့ ဘာမှမဖြစ်သလိုပြောနိုင်ရတာလဲ၊ ရှင် တစ်ရာမီလီယမ်ကို ဘာမှမဖြစ်သလို သုံးဖြုန်းနိုင်ပေမယ့် တစ်ချို့ဝယ်သူတွေအတွက်တော့ သူတို့ဘဝကြီးလေ၊ တစ်ချို့မိန်းကလေးတွေက ဇိမ်ခံအိတ်တစ်လုံးဝယ်ချင်ရုံပါ၊ ဒါကဘာများ မှားနေလို့လဲ’

မုန့်ရွမ်းယွီသည် မထူးခြားနားစွာ ပခုံးတွန့်ပြလာသည်။

“သူတို့က ပေါ်ပင်သမားတွေလေ၊ သူတို့က လှည့်စားခံရဖို့ ထိုက်တန်တယ်၊ ဇိမ်ခံပစ္စည်းဆိုတာ သူတို့အတွက် ရည်ရွယ်တာမဟုတ်ဘူး၊ ငါပိုပြီးလဲလိုက်သင့်တာ ၊အဲလိုအရူးတွေက အတုနဲ့ပဲ တန်တယ်”

“အိုး၊ပြီးတော့ ငါမင်းကိုပေးတဲ့အိတ်လေ ၊အဲတာလည်း အတုပဲ၊ ဘာလို့လဲဆိုတော့ မင်းကအဲတာနဲ့ပဲ တန်လို့”

မုန့်ရွမ်းယွီသည် ရူးနှံ့စွာ ရယ်‌သည်။

“ယန်ရှီ၊ ငါမင်းကိုအခွင့်အရေးတစ်ခုပေးမယ်၊ ဒါကိုပေါက်ကြားစေတဲ့ဘလော့ကာကိုဖုန်းခေါ်လိုက်၊ သူ့ကို ဒါကမုန့်မိသားစုကိုမနာလိုလို့ လိမ်ညာခဲ့တာပါလို့ ၊ငါတို့ထုတ်ကုန်တွေက အဆင်ပြေတဲ့‌အကြောင်း ပြန်ရေးခိုင်းလိုက်၊ သူ့ကိုအခုခေါ် မြန်မြန်လုပ်”

သူသည် ဖုန်းအား သူမထံသို့ ပစ်ပေးလိုက်သည်။

ဖုန်းအား ကိုင်ရမည့်အစား ယန်ရှီမေးလိုက်သည်။

“ဒါပေမယ့် ရှင်တို့ပစ္စည်းတွေက အရည်အသွေးမပြည့်မှီဘူးလေ”

“ငါပြောသလိုသာလုပ်စမ်းပါ၊ အချိန်တွေဖြုန်းမနေနဲ့”

မုန့်ရွမ်းယွီအော်လိုက်သည်။

“အရည်အသွေးမမှီတော့ရောဘာဖြစ်လဲ၊ ဘလော့ကာသာ ပြန်တင်လိုက်ရင် ပြည်သူတွေက ငါတို့ကိုပြန်ယုံကြည်လာမှာပဲ၊ လိုက်စစ်နေတဲ့ တင်ပြချက်တွေက ဘာမှမဟုတ်ဘူး”

ယန်ရှီသည် ခါးမတ်လိုက်ပြီး သူမ၏မျက်လုံးထဲရှိ ကြောက်ရွံ့မှုများပျောက်ကွယ်သွားကာ အေးစက်သည့်အမူအရာသို့ပြောင်းလဲသွားသည်။

“ရှင်မှန်တယ် သခင်လေးမုန့်၊ စစ်ဆေးရေးအစီရင်ခံစာတွေက ပျင်းဖို့ကောင်းတယ်၊ မုန့်ခေါင်းဆောင်က ကိုယ်တိုင်ဖွင့်ပြောတာက ပိုကောင်းမယ်နော်”

မုန့်ရွမ်းယွီသည် ရုတ်တရတ် တွေဝေသွားသည်။

အဘယ့်ကြောင့် သူမ ဆက်၍ မကြောက်တော့သည်နည်း။ အဘယ့်ကြောင့်သူမသည် ရုတ်တရတ် သတ္တိရှိသွားသနည်း။

“ယန်ရှီ၊ လှည့်စားနေတာရပ်ပြီး ဖုန်းခေါ်လိုက်တော့”

သူ၏စကားပြောခြင်းမပြီးဆုံးခင်၌ပင် သူ၏လည်ပင်းအား သက်တော်စောင့်မှရိုက်ချလိုက်သော အသံသည် ပဲ့တင်ထပ်သွားသည်။

အရိုက်ခံလိုက်ရပြီးနောက် သတိမမူနိုင်တော့ဘဲ မုန့်ရွမ်းယွီသည် သတိလစ်သွားလေသည်။

ချူထင်းပိုင်နှင့်လင်းကျီသည် သူမအားကြိုးဖြေပေးရန် ပြေးသွားသော်လည်း သူတို့မရောက်ခင်ပင် ကြိုးများပြေသွားပြီဖြစ်သည်။သူ၏အကျီလက်ထဲမှ ဘလိတ်ဓားသည် ကြမ်းပြင်ပေါ်သို့ ကျသွားသည်။သူမသည် မုန့်ရွမ်းယွီထံသို့သွားလိုက်ပြီး နှစ်‌ချက်လောက် ကန်ကျောက်လိုက်သည်။

“ငါ့နေရာမှာ ငါ့ကိုပြန်ပေးဆွဲဖို့ကြိုးစားတယ်ပေါ့ ၊တုံးလိုက်တာ”

ချူထင်းပိုင်သည် အကတိုက်သည့်အခန်းမှ စောင့်ကြည့်ထားသောအရာများကို ဖုန်းထုတ်၍ ပြသလိုက်သည်။

“ဥဣဌယန် ၊ကျွန်တော်တို့ သူပြောတာတွေအားလုံးကို မှတ်တမ်းယူထားပါတယ်”

ယန်ရှီသည် ထိုဗီဒီယိုအား ကျေနပ်စွာကြည့်လိုက်သည်။သိပ်ကောင်းသည်။ မုန့်ရွမ်းယွီ၏စကားများသည် ပြင်းထန်ပြီး သူမသရုပ်ဆောင်ရသည်နှင့် ထိုက်တန်ပေသည်။

.

နာရီဝက်ခန့်အလိုတွင်။

ချူထင်းပိုင်သည် ယန်ရှီအား စတူဒီယိုအသစ်ကို လိုက်လံပြသပေးနေသည်။

လင်းကျီသည် အမြန်ပြေးလာသည်။

“ဥက္ကဌယန်၊ကျွန်တော်တို့လူတွေ သခင်လေးမုန့်ရဲ့ကားကို ရှာတွေ့ထားတယ်၊ သူက အစ်မ ဆီလာနေပြီ၊ ကျွန်မတို့ ရဲခေါ်လိုက်ရမလား”

မုန့်မိသားစု၏သတင်းများအား ဖော်ထုတ်ပြီးနောက်တွင် PRဌာနအား ဝူလျောင်မှ သပ်ရပ်စွာကိုင်တွယ်ခဲ့သော်လည်း မုန့်ရွမ်းယွီ သံသယရှိနေနိုင်သေးသည့်အတွက် သတိထားရန် လင်းကျီအား ပြောကြားခဲ့သည်။ထို့ကြောင့် သူမသည် အပိုလုံခြုံရေးများအား စီစဉ်ခဲ့သည်။

ချူထင်းပိုင်ရှုပ်ထွေးသွားသည်။

“သခင်လေးမုန့်၊ မုန့်ရွမ်းယွီလား၊ သူက ဘာကိစ္စရှိလို့လဲ”

သူသည် မုန့်မိသားစုအတွက် ကြေညာများရိုက်ကူးပေးဖူးသည့်အတွက် မုန့်ရွမ်းယွီအား ကောင်းစွာ သိပေသည်။

ယန်ရှီသည် ပုခုံးတွန့်လိုက်သည်။

“ဒီနေ့ထုတ်ဖော်လိုက်တဲ့ သူတို့ရဲ့ထုတ်ကုန်အကြောင်းလေ၊ အဲတာကျွန်မပဲ”

ချူထင်းပိုင်၏မျက်လုံးများ ပြူးကျယ်သွားသည်။

“ဘော့စ်၊ မင်းက မီးနဲ့ကစားနေတာပဲ”

ထိုကဲ့သို့ ဗုံးကြဲပြီးနောက် သူမသည် အဘယ့်ကြောင့် သူ၏စတူဒီယိုအား ပုံမှန်အတိုင်းစစ်ဆေးနေသနည်း။ ဘယ်လောက်တောင် တည်ငြိမ်လိုက်သနည်း။

ယန်ရှီသည် ခေတ္တတွေးပြီးနောက် လင်းကျီအားမေးလိုက်သည်။

“ကိုယ်ရံတော်တွေကို ရုပ်ဖျက်ခိုင်းထားတယ်မလား”

လင်းကျီသည် ခေါင်းညိတ်ပြသည်။

“ဟုတ်ကဲ့ ၊နှစ်ယောက်က အလုပ်သမားအဖြစ် ရုပ်ဖျက်ထားပါတယ်”

ယန်ရှီသည် မဲ့ပြုံးပြုံးလိုက်သည်။

“အစပိုင်းအစီရင်ခံစာက ထုတ်ကုန်စစ်ဆေးမှုရလဒ်ပဲ၊ အရမ်းအံ့ဩမနေနဲ့၊ စတော့ဈေးကွက်မဖွင့်ခင်အချိန်အထိ မုန့်မိသားစုကို နောက်တစ်ကွက်လောက် ထိုးနှက်ကျတာပေါ့”

လက်ရှိအချိန်။

ချူထင်းပိုင်သည် တည်းဖြတ်ထားသည့်ဗီဒီယိုအား ယန်ရှီထံသို့ ပို့လိုက်သည်။သူသည် နောက်ခံမြင်ကွင်းကို ဝါးလိုက်ပြီး သူမ၏မျက်နှာကိုpixelလုပ်ထားကာ အသံဖိုင်တွင် သူမ၏နာမည်အား ဆင်ဆာဖြတ်ထားသည်။အဓိကရိုက်ချက်သည် မုန့်ရွမ်းယွီအပေါ်၌သာ ရှိနေသည်။

ကြည့်ရှုပြီးသည့်နောက် ယန်ရှီသည် ခေါင်းညိတ်လိုက်သည်။

“အဲတာကို ဝူလျောင်ဆီကိုပို့လိုက်”

လင်းကျီသည် ကြမ်းပြင်ပေါ်၌ သတိမရှိသည့်မုန့်ရွမ်းယွီအား ကြည့်လိုက်ပြီး ထပ်မံ၍ ကန်လိုက်သည်။

“ဒီအမှိုက်ကိုရော ဘယ်လိုလုပ်မှာလဲ”

“ရဲခေါ်လိုက်”

ယန်ရှီသည် ပုံမှန်အတိုင်းပြောသည်။

“ပြီးတော့ သက်သေအနေနဲ့ အဲပန်းရောင်လက်ကောက်ကိုပါ ရဲလက်လွှဲပေးလိုက်”

.

မိနစ်အနည်းငယ်ကြာပြီးသည့်နောက်တွင် မုန့်ရွမ်းယွီ နိုးထလာသည်။

သူ၏ခေါင်းအား ခါလိုက်သည့်အခါမှသာ အမြင်အာရုံသည် တဖြည်းဖြည်းရှင်းလင်းလာသည်။ထို့နောက် သူသတိမလစ်ခင် ယန်ရှီ၏အေးစက်သောအမူအရာအား မှတ်မိသွားသည်။

သေစမ်း၊ငါဂွင်ဆင်ခံလိုက်ရပြီ။

အံကြိတ်၍ ဒေါသထွက်စွာဖြင့် သူထရပ်လိုက်သည်။

သူသည် အကတိုက်သည့်အခန်းမှ ထွက်တော့မည့်အချိန်တွင် အမှောင်ထဲမှ တုတ်တစ်ချောင်းသည် သူ၏ပခုံးပေါ်သို့ ကျရောက်လာသည်။

မုန့်ရွမ်းယွီသည် အော်လိုက်ပြီး ဒူးထောက်ကျသွားသည်။

လရောင်သည် လျှောက်လမ်းပြတင်းပေါက်မှတဆင့် တောက်ပနေပြီး သူ့ထံ ချဉ်းကပ်လာသော အေးစက်၍ ဒေါသထွက်နေသည့် ကျုံယန်စီ၏ပုံရိပ်အား ဖော်ဆောင်နေသည်။

“ကျုံယန်စီ၊မင်းဘာတွေလုပ်နေတာလဲ”

မုန့်ရွမ်းယွီသည် တံတွေးထွေးလိုက်သည်။

ဘာမျှမပြောဘဲနှင့် ကျုံယန်စီသည် ခပ်ပြင်းပြင်းထပ်မံ ရိုက်ချလိုက်သည်။

“အား!!”

နာကျင်မှုသည် သည်းမခံနိုင်စရာပင်ဖြစ်သည်။ သခင်လေးမုန့်သည် ယခင်က ထိုကဲ့သို့အရိုက်မခံခဲ့ရဖူးချေ။

“ကျုံယန်စီ၊ ငါမင်းညီနော် တော်တော့ ၊အခုရပ်လိုက်တော့”

ကျုံယန်စီသည် ငရဲမှထွက်လာသည့် မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ သူ၏ပုံစံသည် ကြောက်မက်ဖွယ်ကောင်းနေသည်။ ပို၍ထိတ်လန့်ဖွယ်ကောင်းသည်မှာ သွေးများစီးကျနေသော ခြေကျင်းဝတ်ကိုပင် သူသည် လျစ်လျူရှုထားပေသည်။

“ယန်ရှီဘယ်မှာလဲ”

သူသည် သိလိုဇောဖြင့်မေးလိုက်သည်။

“ငါဘယ်လိုသိမှာလဲ”

မုန့်ရွမ်းယွီသည် အော်ပြောလိုက်သည်။

ကျုံယန်စီ၏အကြည့်များသည် စူးရှနေပြီး တုတ်ဖြင့်ထပ်မံ ရိုက်ပြန်သည်။

မုန့်ရွမ်းယွီသည် ကြောက်ရွံ့တုန်လှုပ်သွားပြီး အသနားခံလိုက်သည်။

“သူသွားပြီ ယန်ရှီထွက်သွားတာကြာပြီ၊ သူက ငါ့ကိုကစားသွားတာ၊ ငါသူ့ကိုလက်ဖျားနဲ့တောင်မထိခဲ့ဘူး၊ ကျုံယန်စီ ကျေးဇူးပြုပြီး ငါ့ကိုမရိုက်ပါနဲ့တော့ တောင်းဆိုတာပါ”

ကျုံယန်စီ၏လက်များသည် လေထဲတွင် ရပ်တန့်သွားသည်။

သူသည် ဖရိုဖရဲဖြစ်နေသည့် အကတိုက်သည့်စတူဒီယိုအား ကြည့်လိုက်သည်။လျော်ကြိုးတစ်ချောင်းသည် ကြမ်းပြင်ပေါ်တွင် ရှိနေပြီး ယန်ရှီကိုမူ မတွေ့မိချေ။

“ငါသူ့ကိုဘာမှမလုပ်ခဲ့ဘူး”

မုန့်ရွမ်းယွီသည် အခိုင်အမာပြောသည်။

“ငါ့ကိုယ်ပေါ်က ခြေရာတွေကိုကြည့်ဦး၊ သူက ငါ့ကိုချောက်ချသွားတာ ငါကသူ့ထက် ဘယ်လိုလုပ် ပိုတော်နိုင်မှာလဲ၊ တစ်ခုခုဖြစ်ခဲ့ရင်တောင် သူက ငါ့ကိုလှည့်စားခဲ့တဲ့သူပဲ”

ကျုံယန်စီသည် အေးစက်စွာ မေးလိုက်သည်။

“မင်းကသူ့ကိုပြန်ပေးဆွဲခဲ့တယ် ၊ဒါပေမယ့်သူက လွတ်သွားတယ်ပေါ့”

မုန့်ရွမ်းယွီ သုန်မှုန်သွားသည်။

“သူဘယ်တုန်းကမှ ပြန်ပေးဆွဲမခံခဲ့ရဘူး”

ယန်ရှီသည် သုတ်ဆေးမှောက်ကျသည့်အချိန်မှစ၍ သူ၏အစီအစဉ်အား သိနေခဲ့ဟန်တူသည်။သူသည် သတိလစ်စေရန် မေ့ဆေးအားသုံးခဲ့သော်လည်း သူမသည်အသက်ရှုအောင့်၍ သတိအားထိန်းသိမ်းထားခဲ့သည်။

ထိုအတွေးသည် မုန့်ရွမ်းယွီအား မှင်သက်သွားစေသည်။အဘယ့်ကြောင့် သူနှင့် အခြားလူအားလုံးသည် မိန်းကလေးတစ်ယောက်၏လှည့်စားမှုကိုခံခဲ့ရသနည်း။

ကျေနပ်သည့် မဲ့ပြုံးတစ်ခုအား ကျုံယန်စီ၏နှုတ်ခမ်း၌ ချိတ်ဆွဲလိုက်သည်။

မုန့်ရွမ်းယွီသည် တောက်ခေါက်လိုက်သည်။

“ကျုံယန်စီ၊ငါတို့ကမိသားစုတွေလေ၊ မင်းငါ့ကို လက်စားချေဖို့ ကူညီပေးသင့်တယ်၊ ယန်ရှီဘက်မှာ မရပ်ပဲနဲ့လေ”

ပြောဆိုမှုမပြီးဆုံးခင်၌ပင် ရိုက်ချက်သည်ထပ်မံရောက်ရှိလာသည်။သည်အခါတွင် ညှာတာမှုမရှိတော့ချေ။ မုန့်ရွမ်းယွီ၏ ဖြူဖျော့နေသည့်အသားမှ သွေးများထွက်လာသည်။

---

တစ်ဖက်တွင်။

ယန်ရှီ၊ လင်းကျီနှင့်တစ်ခြားသူများသည် SP လေ့ကျင့်ရေးစခန်းမှ ထွက်ခွာ၍ လုံခြုံစိတ်ချရသည့် ကားပါကင်သို့ သွားနေကြသည်။သူမသည် ချူထင်းပိုင်ကို ထိုဗီဒီယိုအား ဝူလျောင်ထံသို့ ချက်ချင်းပို့‌ရန် ညွှန်ကြားခဲ့သည်။

ထိုကိစ္စပြီးသွားသည့်နောက်တွင် ယန်ရှီသည် စိတ်သက်သာသွားပြီး သက်ပြင်းချ၍ လက်မောင်းများအား အ‌ကြောလျော့နေသည်။

အခြေခံလုပ်သားများ၏ အလုပ်ချိန်ပြီးပြီဖြစ်သောကြောင့် ကားပါကင်တွင် ကားများ မရှိသလောက်နီးပါးရှင်းလင်းနေသည်။ သူမ၏ Mercedes၊ချူထင်းပိုင်၏ Beetle နှင့်Aston Martin မှလွဲ၍ မည်သည့်ကားမျှ မရှိချေ။

၎င်းသည် မုန့်ရွမ်းယွီ၏ကား မဟုတ်ချေ။

မုန့်ရွမ်းယွီသည် တုံးအသော်လည်း ယန်ရှီအားပြန်ပေးဆွဲပြီး သူ၏ကားကို မြေညီထပ်မှာပါကင်ထိုးလောက်သည်အထိတော့ မတုံးလောက်ချေ။

ယန်ရှီသည် မျက်မှောင်ကြုတ်လိုက်ပြီး ကားပိုင်ရှင်အား သိချင်နေသည်။

ထို့နောက် အရိပ်တစ်ခုသည် နောက်ခံမီးရောင်များအား ကွယ်၍ လေ့ကျင့်ရေးစခန်းမှထွက်လာသည်။ပုံသဏ္ဍာန်မှာ အရပ်ရှည်ပြီး ပခုံးကျယ်သည်။ထို့အပြင် အနည်းငယ်ထော့၍ တုတ်ကိုအားပြုကာ လျှောက်လမ်းနေသော်လည်း အနည်းငယ်မညီမညာဖြစ်နေသည်မှ အလွန်စွာကြည့်ကောင်းသည်။

ပုံရိပ်သည် အနားသို့ပို၍ နီးကပ်လာသည်နှင့်အမျှ ယန်ရှီ၏မျက်လုံးများသည် သိသွားသည့်ဟန်ဖြင့် ပြူးကျယ်သွားသည်။

“ကျုံယန်စီ”

သူသည် ပြန်လည်မဖြေကြားပဲနှင့် ကြိုးချည်ခံခဲ့ရ‌သောကြောင့် အနီးအစင်းများ ထင်းကျန်နေသည့် သူမ၏လက်ကောက်ဝတ်ကိုသာ စိုက်ကြည့်နေခဲ့သည်။

ယန်ရှီသည် မုန့်ရွမ်းယွီ၏မေ့ဆေး၌ အမှန်တကယ်မေ့မြောမသွားဘဲနှင့် အင်္ကျီလက်ထဲတွင် ဘလိတ်ဓါးကို ဝုက်ထားခဲ့သည်။သူမသည် အစတွင် လိုက်လံသရုပ်ဆောင်ပေး၍ မသိသကဲ့သို့ ဟန်ဆောင်နေခဲ့သည်။

ကျုံယန်စီသည် အနားသို့ရောက်သည့်အချိန်တွင် သူမ၏လက်ကောက်ဝတ်အားဆွဲယူ၍ လက်မဖြင့်ဒဏ်ရာအား အသာအယာပွတ်သပ်နေသည်။

“နာနေလား”ဟု သူမေးသည်။

ယန်ရှီသည် ခေါင်းခါလိုက်သည်။

“မနာပါဘူး၊ ဒါနဲ့ ရှင်ဒီကိုဘာလို့ရောက်နေတာလဲ”

သူသည် ပြန်မဖြေချေ။သူ၏လက်ချောင်းများသည် ထိလိုက်သည်နှင့်အနာပျောက်ကင်းသည့်အလား ဒဏ်ရာအား ပွတ်သပ်နေသည်။

ထိုအခိုက်တွင် ယန်ရှီသည် မုန့်ရွမ်းယွီအား တစ်ကွက်ကျော်နိုင်ခဲ့သဖြင့် အလွန်ပင်စိတ်သက်သာရာရသော်လည်း တစ်ချိန်တည်းမှာပင် သူမသည်အရမ်းတော်လွန်းသည့်အတွက်ကြောင့် လည်း သူစိုးရိမ်မိပြန်သည်။

“မုန့်ရွမ်းယွီဆီက သတင်းနှိုက်တာလား”

ကျုံယန်စီမေးလိုက်သည်။

ယန်ရှီသည် သူမ၏ခေါင်းအား အသာအယာငြိမ့် ပြလိုက်သည်။

“ရှင်သိတာပဲ”

သူ၏မျက်လုံးများသည် ဒေါသနှင့် အကူအညီမဲ့မှုတို့ပေါင်းစပ်၍ မဲမှောင်နေသည်။

“ဒီလိုအန္တရာယ်များတာတွေ ထပ်မလုပ်ပါနဲ့”

“စိတ်လျော့ပါ ဒါကျွန်မနေရာပါ၊ မုန့်ရွမ်းယွီ ကျွန်မကို အမှန်တကယ်နာကျင်အောင်မလုပ်နိုင်…”

ထို့နောက် သူမ၏နှာခေါင်းထဲတွင် သွေးနံ့ရလာသည်။

ယန်ရှီငုံ့ကြည့်လိုက်သည့်အချိန်တွင် သူမ ရပ်ဆိုင်းသွားသည်။

သွေးများသည် ကျုံယန်စီ၏ညာဘက်ခြေကျင်းဝတ်မှ ထွက်နေပြီး မြေပေါ်သို့မကျမီ သူ၏အနက်ရောင်ဘောင်းဘီတွင် စွန်းထင်းသွားသည်။

ဒဏ်ရာသည် လမ်းလျှောက်လိုက်ခြင်းကြောင့် ချုပ်ရိုးပြေသွားခြင်းဖြစ်ပေလိမ့်မည်။

“ကျုံယန်စီ။ရှင့်ခြေထောက်”

သူမသည် အံ့ဩသကဲ့သို့ ပြောလာသည်။

သူသည် ဒဏ်ရာအား အခုမှ သတိရသည့်အတိုင်း ငုံ့ကြည့်လိုက်သည်။ ဤနေရာအား ရောက်ချင်ဇောဖြင့် နာကျင်မှုကိုပင် သတိမပြုမိချေ။

လရောင်သည် ပို၍တောက်ပလာပြီး SP၏ အပြင်ဘက်ဝန်းကို ပို၍ထွန်းလင်းစေသည်။ယန်ရှီ၏အကြည့်များသည် သွေးစီးနေသည့် လမ်းကြောင်း၌သာ ရောက်ရှိနေသည်။ Aston Martin ကားမှ စ၍ ကြမ်းပြင်ပေါ်သို့ ထိုမှတစ်ဖန် ကျုံယန်စီ၏ခြေထောက်၌ အဆုံးသတ်သည်။

ခိုင်မာသောကွန်ဂရစ်အပေါ်ရှိ သွေးစက်နီနီများဖြင့် ကြောက်မက်ဖွယ်ကောင်းလှသည်။

သူမ၏ရင်ဘက်သည် အတွင်းထဲအထိ နာကျင်လာသည်။ သွေးများထိုသို့ဆုံးရှုံးပြီးနောက် သူမည်မျှနာကျင်နေလိမ့်မည်ကို သူမ တွေးပင်မတွေးရဲပေ။

ကျုံယန်စီသည် ယခုထိ ပြုံးနေဆဲဖြစ်ပြီး သူမ၏ဆံပင်လေးအား ခပ်ဖွဖွ သပ်တင်ပေးသည်။

“အဆင်ပြေပါတယ်၊ မနာပါဘူး”

All Chapters