← Chapters

အခန်း (၇၇)

Vol. 8 Ch. 77

အခန်း (၇၇)

Vol. 8 Ch. 77

မုန့်ရွှမ်းယွီ ယန်ရှီအားပြန်ပေးဆွဲသည့်ဗီဒီယိုသည် M တံဆိပ်ထုတ်ကုန်များ၏ အရည်အသွေးအစစ်များနှင့်အတူ ပေါ်လာခဲ့ခြင်းသည် မုန့်လုပ်ငန်းစု၏ စတော့စျေးများအား ကျဆင်းသွားစေခဲ့သည်။

နောက်ရက်အနည်းငယ်တွင် ယူရှောင်နှင့်ယောင်ချီတို့ အလုပ်ရှုပ်နေခဲ့ကြသည်။ မုန့်ဟွေ့ကူသည် သူ၏ရှယ်ယာများအားထုတ်မရောင်းချင်ပေ။ သို့သော်အခြားရှယ်ယာရှင်များမှာမူ တစ်မျိုးတွေးလေသည်။ စောစောရောင်းလိုက်ခြင်းသည် ပို၍ဆုံးရှူံးမှုနည်းစေမည်ဖြစ်သည်။ ရလာဒ်အနေနှင့် ရှယ်ယာများအား ရယူခြင်းသည် ယန်ရှီထင်ထားသည်ထက် ချောမွေ့သွားခဲ့သည်။

မုန့်ရွှမ်းယွီမှာမူ စီးပွားရေးလိမ်လည်မှုနှင့်ပြန်ပေးဆွဲမှုများဖြင့် ရဲမှဖမ်းဆီးခဲ့သည်။

သူဖမ်းခေါ်ခံသွားရသည့်ညတွင် အနီးအနားတွင်ပုန်းနေသည့် ပါပါရာဇီတစ်ဦးသည် ဗီဒီယိုအားရိုက်ကူးခဲ့သည်။ ထိုနေ့ညနေပိုင်းတွင် မုန့်လုပ်ငန်းစု၏စတော့ရှယ်ယာများသည် ပြိုလဲလုနီးနီးဖြစ်သွားကာ မုန့်ဟွေ့ကူမှာဒေါသထွက်လွန်း၍ မေ့လဲမတတ်တောင်ဖြစ်သွားခဲ့သည်။

မုန့်ယင်းရုန်သည်လည်း သူမ တတ်နိုင်သည့်အရာမရှိတော့ပေ။ မုန့်လုပ်ငန်းစုသည်ထိုမျှအကျပ်အတည်းထဲရောက်နေချိန်တွင် သူမ ကျုံယန်စီ၏အကူအညီအားရယူရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။ မုန့်ရွှမ်းယွီ၏လုပ်ရက်များမှာ စက်ဆုပ်ဖွယ်ကောင်းသည်ကို သူမသိသော်ညား သူသည်သူမ၏သားပင်ဖြစ်သည်။

သို့ပေမဲ့ ကျုံယန်စီသည် သူမအားတွေ့ရန်ငြင်းခဲ့သည်။

နောက်ဆုံးတွင် ကျုံလုပ်ငန်းစုသည် မုန့်လုပ်ငန်းစု၏ ရှယ်ယာ သုံးဆယ်ရှစ်ရာခိုင်နှုန်းအား အောင်မြင်စွာရယူနိုင်ခဲ့ပြီး မုန့်မိသားစု၏ရှယ်ယာ သုံးဆယ့်တစ် ရာခိုင်နှုန်းအား ကျော်သွားခဲ့သည်။ ကျုံလုပ်ငန်းစုသည် အကြီးဆုံးရှယ်ယာရှင်ဖြစ်လာကာ ဥက္ကဋ္ဌအသစ်ခန့်အပ်ရန်အတွက် ဘုတ်အဖွဲ့အစည်းအဝေးအား အလျင်အမြန်ခေါ်ဆိုခဲ့သည်။

ဘုတ်အဖွဲ့အစည်းအဝေးပြီးနောက် M အမှတ်တံဆိပ်၏ တရားဝင်ဝေ့ပေါ်အကောင့်တွင် ကျုံချင်းယွီအား ဥက္ကဋ္ဌအဖြစ်ခန့်အပ်ကြောင်းကြေညာကာ မကြာသေးမှီကရောင်းချခဲ့သည့် ထုတ်ကုန်အတုများအား ပြန်လည်သိမ်းဆည်းရန်ကတိပြုခဲ့ကာ ဝယ်ယူသူများအားစိတ်လုံခြုံမှုပေးခဲ့သည်။

[ငါ့အမြင်များ မှားနေတာလား၊ မမလေးကအခု M တံဆိပ်ရဲ့ ဥက္ကဋ္ဌ ဖြစ်သွားပြီပေါ့]

[ငါထင်တာက သူ စာချုပ်ကိုဖျက်သိမ်းမယ်လို့ထင်ခဲ့တာ၊ ဒါပေမဲ့သူမက မုန့်မိသားစုကို ဖယ်လိုက်ပြီးတော့ လွဲပြောင်းယူလိုက်တာပဲ]

[မမလေး: ငါထောက်ခံတဲ့ အမှတ်တံဆိပ်တွေအကုန် ပြဿနာလုံးဝမရှိစေရဘူး]

[မုန့်ရွှမ်းယွီကအဖမ်းခံလိုက်ရပြီ၊ သူ့လိုစိတ်ပျက်စရာလူမျိုးအတွက် ထိုက်တန်တယ်]

[ကျုံလုပ်ငန်းစုကလည်း M တံဆိပ်ကိုထောက်ပံပေးပြီး ဥက္ကဋ္ဌအသစ်နဲ့ဆိုရင် အရင်လို ပြဿနာတွေရှိတော့မှာမဟုတ်ဘူး]

[ဝိုး မမလေးကိုအမြဲတမ်းအားပေးနေပါတယ်]

တစ်ချိန်တည်းတွင် ယန်ရှီသည်လည်း systemထံမှ သတိပေးချက်တစ်ခုလက်ခံရရှိလိုက်သည်။

[ဒင် M တံဆိပ်၏ ဥက္ကဋ္ဌတစ်ဦးဖြစ်လာခြင်းသည် ကျုံချင်းယွီအား ကံကြမ္မာအမှတ် သုံးမှတ်တိုးစေခဲ့သည်]

……

ကျုံချင်းယွီ မကြာသေးမှီကချုပ်ဆိုခဲ့သည့် ကြေညာစာချုပ်နှစ်ခုအပါဝင် သူမ၏ ကံကြမ္မာအမှတ်သည် ခုနစ်ဆယ်ခြောက်မှတ် ရှိသွားပြီဖြစ်သည်။

ထိုညနေတွင် ကျုံမိသားစု၏ဘိုးဘွားခန်းမ၌

ကျုံချင်းယွီသည် လွန်ခဲ့သည့်နေ့များအတွင်း အလွန်ပင်ကံကောင်းနေခဲ့သည်။ သူမသည် ကျုံယန်စီသူမ၏ Purple Gold Garden ပရောဂျက်အား လုယူသွားသည်ကို ဂရုမစိုက်ဟန်ဆောင်နေသော်လည်း အမှန်တွင် သူမအား အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ယခုတွင်ကျုံလုပ်ငန်းစုသည် မုန့်လုပ်ငန်းစုတွင် အကြီးဆုံးရှယ်ယာရှင်ဖြစ်လာသည်ဖြစ်ကာ သူမသည် ပို၍ပင်ယုံကြည်မှုရှိရှိလမ်းလျှောက်ကာ ကျုံယန်စီအရှေ့တွင် ထိုအရာအားကြွားဝါရသည်ကို နှစ်သက်နေသည်။

ကျုံပါးပါးသည်လည်း အိမ်ကိုနောက်ကျမှပြန်လာကာ ကျုံယန်စီသည် မုန့်လုပ်ငန်းစု၏အခြေအနေကြောင့် ရင်ဆိုင်နိုင်ရသည်ကိုတွေးကာ စိတ်ပူနေသည်။

ညစာစားချိန်တွင် တစ်မိသားစုလုံးဆုံကြသည်။

ကျုံပါးပါးသည် အောင်မြင်သည့်ဝယ်ယူမှုအား ဂုဏ်ပြုရန် ပေါင်မုန့်ကြော်တစ်ခုအား မြှောက်လိုက်သည်။

ကျုံယန်စီအားစိတ်ချမ်းသာစေရန် သူသည်တီးတိုးလေဖြင့်

“ပါးပါးတို့ဝယ်ခဲ့တဲ့ ရှယ်ယာ သုံးဆယ်ရှစ်ရာခိုင်နှုန်းမှာ နှစ်ရာခိုင်နှုန်းကချင်းယွီကိုယ်တိုင်ဝယ်ခဲ့တာ၊ ကျန်တာတွေကိုတော့ ပါးပါးအနားယူတဲ့အချိန်ကျရင် မင်းနဲ့ချင်းယွီကိုအညီအမျှခွဲပေးမှာပါ”

ဆိုလိုရင်းသည်ရှင်းသည်။ ထိုအရာမှာသူ့အတွက်ပင်ဖြစ်ပြီး စိတ်မဆိုးရန်ဖြစ်သည်။

ကျုံပါးပါးသည် သမီးထက်သားအားပိုချစ်ခြင်းမရှိပေ။ သို့သော် သူသည်သားများထံသာ မိသားစုစီးပွားရေးအားလက်ဆင့်ကမ်းရမည်ဟု ယုံကြည်လေသည်။ ကလေးနှစ်ယောက်ကြားတွင် သူသည် မျှတစေချင်သည်။

ကျုံချင်းယွီသည် ထူးခြားမနားပင်ပြန်ဖြေလိုက်သည်။

“ကျွန်တော် M တံဆိပ်ကိုစိတ်မဝင်စားပါဘူး”

ကျုံချင်းယွီသည် မျက်ခုံးပင့်လိုက်ကာ

“အို ကောင်းပြီလေ၊ နင်ဂရုမစိုက်ဘူးဆိုရင် M တံဆိပ်ကငါ့အပိုင်ပဲပေါ့”

“ငါကတော့ရတာပဲ”

ကျုံချင်းယွီသည် အံ့ဩသွားသည်။ သူမသည်ယန်ရှီ၏အင်္ကျီအစအားဆွဲလိုက်ကာ

“ကျုံယန်စီကအကျိတ်ကိုဖယ်လိုက်တာမဟုတ်ဘူးလား၊ ဒါမှမဟုတ်သူ ဦးနှောက်အစားထိုးခွဲစိတ်မှုလုပ်လိုက်တာများလား”

ယန်ရှီသည် မျက်တောင်ခတ်လိုက်ကာ

“ဖြစ်နိုင်တာ သူတကယ်စိတ်ရင်းနဲ့ ပြောချင်တာထင်တယ်”

ကျုံချင်းယွီသည် ယန်ရှီခေါင်းအားခေါက်လိုက်ကာ

“တကယ်လို့ သူကရူးသွားရင်တောင်မှ နင်ကရော စိတ်ရူးပေါက်သွားပြီလား”

ကျုံယန်စီသည် ထိုနှစ်ဦးတီးတိုးပြောနေသည်အား ကြည့်နေသည်။ သို့သော် သူမတို့၏အသံမှာ တိုးနေသည်လည်း မဟုတ်ပေ။ သူနှင့်ကျုံပါးပါးသာကြားနိုင်သည်မဟုတ် အန်တီကျန်းနှင့် အနီးနားရှိအခြားသူများအားလုံးသည်လည်း အကုန်ကြားနိုင်လေသည်။

ကျုံချင်းယွီသည် ဘာမှပင်မပြောနိုင်၍ ရှင်းပြရုံသာတတ်နိုင်လေသည်။

“ရှယ်ယာတွေကို မညီမမျှခွဲတာက အတွင်းပဋိပက္ခ တွေကိုဖြစ်စေနိုင်ပြီး အုပ်ချုပ်မှုအပိုင်းကိုအားနည်းစေတယ်၊ တကယ်လို့ မင်းသာ M တံဆိပ်ကိုသေချာကိုင်တွယ်နိုင်တယ်ဆိုရင် မင်းကိုပဲအကုန်ကိုင်တွယ်ခိုင်းလိုက်တာပိုကောင်းတယ်”

ထို့အပြင် ကျုံယန်စီသည် ကျုံချင်းယွီတွင် ဖက်ရှင်အမြင်ကောင်းရှိသည်ဟုထင်သည်။ငြီးငွေ့ဖွယ် မိသားစုလုပ်ငန်းနှင့် အိုင်တီကုမ္ပဏီနှင့်ယှဥ်လျှင် သူမသည် ဇိမ်ခံပစ္စည်းတံဆိပ်များတွင် ပို၍စိတ်ဝင်စားသည်။

ကျုံချင်းယွီ၏ မျက်လုံးများပြူးကျယ်လာခဲ့သည်။

ကျုံယန်စီတကယ်ပဲ သူမနဲ့မပြိုင်ဆိုင်တော့ဘူးပေါ့ နေအနောက်ဘက်က ထွက်လာတာလား။

…..

မုန့်လုပ်ငန်းစု၏ ဝယ်ယူမှုများမှုယခုတွင် အတည်တကျဖြစ်သွားပြီဖြစ်သည်။

ယန်ရှီမူ သူမသည်ကျုံယန်စီ ပြဿနာရှာမည်ကိုစိုးရိမ်နေခြင်းမဟုတ်ပေ။ သူမ ပန်းရောင်စိန်လက်ကောက်အား ပြန်ပေးရန်ငြင်းချိန်တွင် သူသည် သူမတို့M တံဆိပ်အားပစ်မှတ်ထားနေသည်ကို သိပြီးဖြစ်သည်။ သူ၏လုပ်ဆောင်ချက်များအရ သူဝင်ရောင်စွက်ဖက်မည် မဟုတ်ဟု ဆိုလိုကာ ယခုတွင်မူ ဝယ်ယူမှုများပြီးသွားပြီဖြစ်ကာ ကျုံချင်းယွီနှင့်ကျုံပါးပါးအတွက် ခက်ခဲအောင်လုပ်မည်မဟုတ်ပေ။

ငြီးငွေ့ဖွယ်ဝယ်ယူမှုနှင့်နှိုင်းယှဥ်ပါက ယန်ရှီ၏စိတ်ထဲတွင် ပို၍အရေးကြီးသည့်အရာရှိလေသည်။

ညစာစားပြီးနောက် သူမသည်ကျုံမိသားစုအပြင် အခြားအလုပ်သမားများအား အိမ်ရှိရုပ်ရှင်ရုံအတွင်းသို့ ခေါ်သွားခဲ့သည်။

ယနေ့ညသည် The Singer ၏ တိုက်ရိုက်ထုတ်လွှင့်မည့်ညဖြစ်သည်။

ရှောင်ယန်သည် ဟန်ရှုအား The Singer အရည်အချင်းစစ်ပွဲတွင် ပါဝင်ရန် အချိန်မှီလေး အပြေးအလွှား‌ခေါ်သွားခဲ့သောကြောင့် သူမအား ပြိုင်ပွဲဝင်တစ်ဦးအနေဖြင့်နေရာရခဲ့သည်။ သူမ၏ပထမဆုံးဖျော်ဖြေမှုတွင် ဟန်ရှု တကယ်ကို ကံမကောင်းခဲ့ပေ။ သူမသည် သူမ၏ပထမဆုံးဖြစ်သည့် အကြီးမားဆုံး ဖျော်ဖြေရေးပွဲတွင် စိတ်လှုပ်နေခဲ့ကာ သူမဝတ်ထားသော ဂါဝန်ရှည်ကို တတ်နင်းမိ၍ ချော်လဲကာ ကီးလွဲသွားခဲ့သည်။

သို့ပေမဲ့ သူမသည်အံကြိတ်ကာ သီချင်းအားပြီးဆုံးအောင်ဆိုခဲ့ပြီး နောက်ဆုံးမှရေတွက်လျှင် ဒုတိယနေရာအားရခဲ့သည်။

ယှဥ်ပြိုင်သူများအနေနှင့် ၎င်းတို့သည် နောက်ဆုံးနေရာမရမချင်း အောင်မြင်သည်ဖြစ်သည်။

ယန်ရှီသည် စိတ်ပျက်သွားခဲ့သော်လည်း နားလည်လေသည်။ ဟန်ရှူသည် အတွေ့အကြုံမရှိကာ စင်ကြောက်ခြင်းသည်လည်း ပုံမှန်ပင်ဖြစ်သည်။ အနည်းဆုံးတော့ သူမတွင်နောက်ထပ်အခွင့်အရေးရှိသေးသည်။

အိမ်တွင်းရုပ်ရှင်ရုံ၏ မျက်နှာပြင်ပေါ်တွင် watermelon ဗီဒီယိုတိုက်ရိုက်ထုတ်လွှင့်မှုအားပြထားသည်။ The Singer သည် နေ့တိုင်းညရှစ်နာရီတွင် လွှင့်ကာ ယခုအချိန်သည် ခုနစ်နာရီငါးဆယ်မိနစ်ပင်ရှိပြီဖြစ်သည်။

ယခုတစ်ခေါက်ပြိုင်ပွဲ၏ ရလာဒ်များသည် တိုက်ရိုက်ကြည့်ရှူသူများသာ အကဲဖြတ်မည်မဟုတ်ပဲ အိမ်ရှိကြည့်ရှူသူများ၏ မဲများဖြင့်လည်း ဆုံးဖြတ်မည်ဖြစ်ရာ ကြည့်ရှူသူများစုဆောင်းရန် အရေးကြီးလေသည်။

အိမ်တွင်ရုပ်ရှင်ရုံသည် အယောက်နှစ်ဆယ်ခန့်ထိုင်လို့ရကာ ထိုင်ခုံများမှာ သက်တောင့်သက်သာနှင့်နှစ်ယောက်တွဲထိုင်လို့ရသည့် ပုံစံမျိုးပင်ဖြစ်သည်။ ကျုံချင်းယွီသည် အလယ်ထိုင်ခုံအားရွေးကာ ယန်ရှီအားလက်ယမ်းပြနေသည်။

“ရှီရှီ ဒီမှာထိုင်ရအောင်”

ယန်ရှီသည် သူမထံဦးတည်သွားလိုက်သည်။

သို့သော် ခြေလှမ်းနှစ်လှမ်းမျှလှမ်းပြီးနောက် မီးရောင်မှိန်မှိန်အောက်တွင် လက်တစ်ဖက်သည်သူမ အား လှမ်းဆွဲလိုက်သည်။

သူမ မော့ကြည့်လိုက်ချိန်တွင် ကျုံယန်စီအားဘေးတွင် တွေ့လိုက်ရသည်။

ရက်အတန်ကြာအနားယူပြီးနောက် သူ၏ခြေထောက်ဒါဏ်ရာသည် အတန်အသင့်ကောင်းနေပြီဖြစ်ကာ သူသည်ချိုင်းထောက်အားမလိုတော့ပေ။ သို့သော်သူသည် ချိုင်းထောက်အား သယ်ဆောင်ထားဆဲဖြစ်သည်။

သူသည် ယန်ရှီအားနက်နက်နဲနဲကြည့်လိုက်ကာ လက်ယမ်းပြနေသေးသည့် ကျုံချင်းယွီအား တစ်ချက်ကြည့်လိုက်သည်။

နောက်တစ်ခဏတွင် ကျုံယန်စီသည် အနီးဆုံးဆိုဖာတွင်ထိုင်ချလိုက်ကာ ယန်ရှီအား ဟန်ချက်မညီလောက်ဖြစ်စေရုံမျှသာ သူမ၏လက်ကောက်ဝတ်အားဖွဖွလေးဆွဲလိုက်သည်။

“အား”

ယန်ရှီသည် သူ့ဘေးရှိဆိုဖာပေါ်သို့ပြုတ်ကျသွားချိန်တွင် လန့်ဖြန့်သွားခဲ့သည်။ ကံကောင်းစွာဖြင့် ဆိုဖာသည်နူးညံသည်ဖြစ်ကာ သူမ မထိခိုက်ခဲ့ပေ။

ကျုံချင်းယွီအော်လိုက်သည်။

“ကျုံယန်စီ!!”

သူမအလျင်အမြန်ရောက်လာကာ ယန်ရှီအားသူမဘက်သို့ဆွဲလိုက်သည်။

“ရှီရှီကငါနဲ့အတူထိုင်မှာ”

ကျုံယန်စီသည် ယန်ရှီအားသနားစဖွယ်ကြည့်လိုက်ကာ

“ဒါပေမဲ့ ရှီရှီ ကိုယ်ကနေမကောင်းသေးဘူးလေ”

ကျုံချင်းယွီ:??????

“ ကျုံယန်စီ သိမ့်မွေ့ပြီးလှည့်ဖြားတတ်တဲ့သခင်လေးလို လုပ်နေတာရပ်လိုက်! နင်ရဲ့အနာက ထိုင်တဲ့နေရာနဲ့ဘာဆိုင်လို့လဲ”

သို့ပေမဲ့ ယန်ရှီသည် ထောင်ချောက်မိသွားသည်။ သူမသည်ကျုံယန်စီအားစိုးရိမ်စွာကြည့်လိုက်သည်။

“ကော ခြေထောက်နာလို့လား၊ အဲတာကြောင့်ကောခုနတုန်းက ဟန်ချက်ပျက်သွားတာလား”

ကျုံယန်စီ ခေါင်းငြိမ့်းလိုက်သည်၊

ယန်ရှီသည် အပြစ်ရှိသလိုခံစားလိုက်ရသည်။ အကယ်၍ကျုံယန်စီသာ သူမအားကယ်တင်ဖို့ SP အခြေစိုက်စခန်းအားအလျင်အမြန်မသွားခဲ့ပါက သူ၏အနာလည်း ပြန်ပွင့်သွားမည်မဟုတ်ပေ။

သို့ပေမဲ့ ရိုးရိုးသားသားပြောရလျှင် သူလာသည်ဖြစ်စေ မလာသည်ဖြစ်စေ ကွာခြားမှုကြီးကြီးမားမားမရှိပေ။

ကျုံချင်းယွီသည် ဒေါသတကြီး အံကြိတ်လိုက်ကာ

“ရှီရှီ သူရဲ့သနားစရာဟန်ဆောင်နေတာမှာ မကျဆုံးသွားစေနဲ့၊ သူအနာကပျောက်သွားတာကြာလှပြီ”

သို့ပေမဲ့ ယန်ရှီသည် စိုးရိမ်နေသေးသည့်ပုံပေါက်သည်။

သူမသည် ကျုံချင်းယွီ၏လက်အားဖြုတ်ချကာ ကျုံယန်စီထံသို့လျှောက်သွားခဲ့သည်။

ကျုံချင်းယွီသည် အတွင်းတွင်အော်ဟစ်နေပြီဖြစ်သည်။

အား ကျုံယန်စီ သေသင့်တဲ့လက်ဖက်စိမ်းကောင်ကတော့။

ယန်ရှီသည် ထိုင်ချကာ ကျုံယန်စီ၏ဘောင်းဘီအားမလိုက်ရင်း သူ၏အနာအားစစ်ဆေးနေသည်။ အနာအားပတ်တီးသေချာပတ်ထားကာ ပိတ်စမှသွေးများစိမ့်ထွက်ခြင်းမရှိပေ။ အနာအားကြည့်ရသည်မှာ အဆင်ပြေသည့်ပုံပေါက်သည်။

တစ်ခဏမျှကြာပြီးနောက် အိမ်တွင်းရုပ်ရှင်ရုံသို့လူအနည်းငယ်ထပ်ရောက်လာခဲ့သည်။ ယန်ရှီသည်မြူးကြွကာ ထလိုက်ရင်း ၎င်းတို့အား လက်လှမ်းပြနေသည်။

“ဆရာဝန်လီ ဒီမှာထိုင်ပါ”

ဆရာဝန်လီသည် ကျုံမိသားစု၏ကိုယ်ပိုင်ဆရာဝန်ဖြစ်သည်။

ယန်ရှီသည် ဆရာဝန်လီအားကျုံယန်စီဘေးတွင်ထိုင်ရန် နေရာပြလိုက်သည်။

“ဆရာဝန်လီ မစ္စတာကျုံက သူခြေကျင်းဝတ်က နာနေတုန်းလို့ပြောတယ်၊ ဆရာလည်း ဒီကိုရောက်နေတာဆိုတော့ အနာကိုတစ်ချက်စစ်ကြည့်ပေးပါလား”

ဆရာဝန်လီသည် တာဝန်ကျေပွန်သည်ဖြစ်ကာ ခေါင်းငြိမ့်လိုက်သည်။

“သေချာတာပေါ့”

ကျုံယန်စီသည် နှစ်စက္ကန့်မျှအေးခဲသွားကာ စိတ်ပြန့်လွင့် သွားလေသည်။ ထိုအချိန်တွင် ယန်ရှီသည် ကျုံချင်းယွီနှင့်လက်ချင်းချိတ်ထားပြီဖြစ်သည်။

“ဆရာဝန်လီလည်း ဒီကိုရောက်နေပြီဆိုတော့ ဘာမှစိုးရိမ်စရာမရှိတော့ဘူးပေါ့၊ လာ ချင်းယွီအရှေ့မှာထိုင်ကြရအောင်”

ကျုံချင်ယွီမျက်လုံးထဲရှိ စိတ်ပျက်မှုများသည် ချက်ချင်းပင်ပျောက်ကွယ်သွားကာ ကျုံယန်စီအားအောင်ပွဲခံသည့်အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်လေသည်။

“သွားကြမယ်”

ပြီးနောက် ကျုံပါးပါးရောက်လာကာ အိမ်တော်ထိန်းယွီနှင့်အတူထိုင်လေသည်။

အိမ်တော်ရှိ ဝန်ထမ်းအများစုသည်လည်း စုဝေးနေကြလေသည်။

ယန်ရှီသည် ဝူလျောင်အားခေါ်ရန် ခေတ္တထွက်လာခဲ့သည်။ ဟန်ရှူမည်သို့ပင်ဖျော်ဖြေသွားမည်ဖြစ်စေ သူမတို့သည် ရေပန်းစား hashtag အားဝယ်ရမည်ဖြစ်သည်။ မဟုတ်လျှင် အင်တာနက်သုံးစွဲသူများသည် သူမဖျော်ဖြေနေသည်ကို သိကြမည်မဟုတ်ပဲ သူမ၏ပြင်ပမဲပေးမှုများသည် နည်းနေမည်ဖြစ်သည်။

ဖုန်းချလိုက်ပြီးနောက် သူမနောက်သို့လှည့်လိုက်ချိန်တွင် ကျုံယန်စီ၏စူးရှသည့်အကြည့်အားတွေ့လိုက်ရသည်။

သူသည် သူ၏ချိုင်းထောက်အားမသုံးနေပေ။ သူသည် ဧည့်ခန်းထဲ၍တိုင်အနီရောင်အား ပျင်းရိစွာမှီနေလေသည်။ ပေါ့ပေါ့ပါးပါးတီရှပ်အဖြူအားဝတ်ထားသည်ဖြစ်၍ သူသည်ပို၍ငယ်ရွယ်သည့်ပုံပေါက်သည်။ ကြည့်ရသည်မှာ ပူပင်စရာကိစ္စများမရှိသည့် ကောလိပ်ကျောင်းသားတစ်ဦးကဲ့သို့ပင်ဖြစ်သည်။

ယန်ရှီသည် ရွတ်နောက်နောက်ပြုံးလိုက်ကာ

“မစ္စတာကျုံ၊ ရှင့်ရဲ့ခြေကျင်းဝတ်ကမနာတော့ဘူးလား”

ကျုံယန်စီသည် တမင်မျက်ခုံးပင့်လိုက်ကာ

“နာသေးတယ် အတော်ကိုနာနေတာ၊ ဘာလို့ဘယ်သူမှ ကိုယ့်ကိုဂရုမစိုက်ကြတာလဲ”

“လူလိမ် ဆရာဝန်လီကလူမဟုတ်လို့လား”

“အဲတာဆို မင်းကရော”

ကျုံယန်စီသည် အရှေ့သို့တိုးလာကာ သူတို့နှစ်ဦးကြားရှိအကွာအဝေးသည် လက်မလောက်သာ ရှိမှရပ်လိုက်လေသည်။ သူသည်အနည်းငယ်ငုံ့လိုက်ကာ ယန်ရှီ၏တောက်ပနေသည့်မျက်လုံးဝိုင်းလေးများနှင့် အကြည့်ချင်းဆုံလေသည်။

ထိုမျှနီးကပ်နေချိန်တွင် ယန်ရှီသည်သူ၏အသက်ရှုသံအားခံစားရနိုင်ကာ သူ၏ပယင်းရောင်မျက်လုံးများမှ သူမ ပုံရိပ်ရောင်ပြန်ဟပ်နေသည်ကိုပင် မြင်နိုင်သည်။

ထိုစွဲမက်ဖွယ်ကောင်းသည့် မျက်ဝန်းများသည် သူမကိုသာကြည့်နေလေသည်။

သူမ၏နှလုံးခုန်သံမှာ မြန်လာလေသည်။

သူမ အကြည့်သည် သူ၏သေသပ်သည့်မျက်ခုံးများ ဖြောင့်တန်းနေသည့်နှာတံနှင့် နောက်ဆုံးတွင် သေသပ်သည့်ပုံစံနှင့် စနောက်ချင်သည့် အပြုံးလေးရှိနေသည့် နှုတ်ခမ်းပေါ်သို့ရောက်သွားလေသည်။

သူမ၏သွေးခုန်နှုန်းသည် ပို၍ပင်မြန်လာခဲ့သည်။

ယွင်ပိုင်တောင်ပေါ်တွင် ယန်ရှီသည်ခံစားချက်တစ်ခုအားခံစားခဲ့ရသည်။ ထိုခံစားချက်သည် SP အခြေစိုက်စခန်းတွင် မိုးခိုးရောင် မြေပြင်ပေါ်ရှိသွေးစွန်းများအား ကြည့်ရင်း အပြင်သို့ထွက်လာလေသည်။

သူမထိုညအားမည်သည့် အခါမှ မေ့မည်မဟုတ်ပေ။ တိတ်ဆိတ်နေသောကောင်းကင်တွင် ကြယ်များဖြင့်ပြည့်နေကာ ကျုံယန်စီသည် သူမအားငုံ့ကြည့်လိုက်ရင်း သူမလက်အားဆွဲလိုက်သည်။

သူပြောလိုက်သည်။

“အဲတာကအဆင်ပြေပါတယ်၊ မနာပါဘူး”

သို့ပေမဲ့ ယန်ရှီသည်နာကျင်နေဆဲဖြစ်သည်။

ကူကယ်ရာမဲ့စွာဖြင့် သူမ၏အသံသည် အပြစ်တင်စိတ်နှင့်သိချင်စိတ် ရောနေကာ သူမရေရွတ်လိုက်သည်။

“ကျုံယန်စီ ရှင်ကကျွန်မအပေါ်ကောင်းလွန်းနေတာပဲ”

ကျုံယန်စီသည် တင်းမာလာကာ သူ၏အသက်ရှုကြပ်လာလေသည်။ အချိန်အတော်ကြာ ရပ်ပြီးနောက် သူတီးတိုးပြောလိုက်သည်။

“အဲတာဆို မင်းကိုယ့်ကိုမင်းရဲ့နှလုံးသားလေးနဲ့ ပြန်ပေးဆပ်မှာလား”

ယန်ရှီသည်အေးခဲသွားကာ သူမပြန်မဖြေနိုင်ခင်တွင် ဥဩသံများသည် တင်းမာမှုအားဖြိုခွင်းလိုက်သည်။ ရဲဝန်ထမ်းများသည် မုန့်ရွှမ်းယွီအားဖမ်းဆီးရန် အချိန်မှီရောက်လာခဲ့သည်။

ပြီးနောက် အဖြေမဲ့နေသည့်မေးခွန်းသည် ဖြေးဖြေးချင်းပျောက်ကွယ်သွားခဲ့သည်။

ယခုတွင် ယန်ရှီသည် ထိုစကားများအားပြန်မှတ်မိလေသည်။

“မင်းကိုယ့်ကိုမင်းရဲ့နှလုံးသားလေးနဲ့ ပြန်ပေးဆပ်မှာလား”

သူမ၏နှလုံးမှာ ထိန်းချုပ်မရစွာခုန်ပေါက်နေကာ သူမ၏ရင်ဘတ်ထဲမှ ခုန်ထွက်ရန်ကြိုးစားနေသကဲ့သို့ပင်ဖြစ်သည်။

ကျုံယန်စီသည် သူမ၏နဖူးအားညင်သာစွာတောက်လိုက်ကာ

“သွားကြရအောင် ရှိုးကစတော့မယ်”

သူသည်သူမ၏လက်အားကိုင်လိုက်ကာ ရုင်ရှင်ရုံထဲသို့ ဦးဆောင်ခေါ်သွားခဲ့သည်။

သို့ပေမဲ့ ယန်ရှီသည် သူ့အားရပ်တန့်လိုက်သည်။ ကျုံယန်စီသည် လှည့်ကြည့်လာကာ ရှုပ်ထွေးနေဆဲဖြစ်သည်။

သူမတုန့်ပြန်နိုင်သေးချိန်တွင် သူ၏မေးစေ့အား နူးညံ့သည့်အရာတစ်ခုပွတ်ဆွဲသွားသည်ကို ခံစားလိုက်ရသည်။ ယန်ရှီသည် တိုးဝင်ကာအလျင်အမြန်အနမ်းတစ်ပွင့်ပေးလိုက်ပြီး ပြေးထွက်သွားခဲ့သည်။

ကျုံယန်စီသည် ထိုနေရာတွင်အမြစ်တွယ်နေသကဲ့သို့ဖြစ်နေကြ အံ့ဩနေလေသည်။

သူ၏လက်ချောင်းများသည် သူမနှုတ်ခမ်းထိသွားသည့် နေရာအားထိလိုက်ကာ တိတ်တဆိတ်ပြုံးလိုက်လေသည်။

……

“The Singer” တိုက်ရိုက်ထုတ်လွှင့်မှုရှိုးတွင်

စင်နောက်တွင် ဟန်ရှူသည် အခြားယှဥ်ပြိုင်သူများ၏ ဖျော်ဖြေမှုအားကြည့်ရင်း တုန်လှုပ်ခြောက်ခြားနေသည်။

Watermelon ဗီဒီယို၏ ထင်ရှားသည့်ရှိုးပွဲဖြစ်သည့်အလျောက် “The Singer” သည်အရည်အချင်းအရှိဆုံး ဖျော်ဖြေသူများကိုသာ ပြသလေသည်။ ၎င်းတို့ကြားတွင် ဟန်ရှူသည် လူသိအနည်းဆုံးဖြစ်ကာ ကျရှုံးမည်ကို စိတ်အပူဆုံးပင်ဖြစ်သည်။

ယခင်တစ်ခေါက်တွင် သူမသည်ထိုအကြောက်တရားကြောင့် ကျရှုံးခဲ့လေသည်။ သူမ၏စင်မြင့်အတွေ့အကြုံမှာ နည်းလေသည်။ ဟန်မြို့အမွေဆက်ခံသူ၏ ဖျော်ဖြေပွဲမှလွဲလျှင် လွန်ခဲ့သောအပတ်သည် သူမ၏ပထမဆုံးဖျော်ဖြေမှုသာဖြစ်သည်။

ဟန်ရှူသည် ဖျော်ဖြေရေးနယ်ပယ်တွင် ဒုတိယအခွင့်အရေးပေးခဲ့သည်ကိုသိသည်။ အကယ်၍သူမသာယခုကျရှုံးသွားခဲ့လျှင် သူမ မည်သည့်အခါမျှ ပြန်လာနိုင်တော့မည် မဟုတ်ပေ။

သူမသည် ဝေဖန်မှုများအား ခံနိုင်ရည်ရှိပါသည်။

သို့ပေမဲ့ သူမ၏ဖုန်းအားကြည့်ကြည့်ချိန်တွင် မုန်းတီးမှုအစား သူမအား အားပေးထားသည့် မက်ဆေ့ချ်ကိုသာတွေ့လိုက်ရသည်။

[ညီမ စိတ်လှုပ်ရှားနေတာလား]

[ဒါကနင့်ရဲ့ပထမဆုံးအကြိမ်လေ၊ နောက်တစ်ဆင့်မှာ နင်ပိုကောင်းအောင်လုပ်လို့ရပါတယ်]

[ကျို့ထိုးတာတောင်မှ နင့်အသံကလုံးဝ အံ့ဩစရာပဲ]

[ရှူရှူ၊ မုန်းနေတဲ့သူတွေကို လျစ်လျူရှူထားလိုက်ပါ၊ တစ်ခါလောက်ရှုံးတာကဘာမှမဖြစ်ဘူး ငါတို့နင့်ရဲ့အနောက်မှာရှိတယ်]

ဟန်ရှူ၏ မျက်လုံးထဲမှမျက်ရည်များစီးကျလာလေသည်။

K ကုမ္ပဏီတွင် မန်နေဂျာသည် သူမအားမည်သည့်အမှားမျိုးအတွက်မဆို မညှာမတာ ဆူပူကြိမ်းမောင်းခဲ့သည်။ သူမသည် ကျရှုံးသွားပြီးနောက် သူစိမ်းများသည် သူမအား အားပေးကြမည်ဟု မထင်ခဲ့ဖူးပေ။

ယန်ရှီပင်လျှင် သူမအားမဆူပူခဲ့ပေ။

“အယ် တစ်ခါလောက်ရှုံးတာကဘာမှ မဟုတ်ပါဘူး၊ မင်းစိန်ခေါ်တဲ့အကျော့ကို နိုင်ခဲ့တာပဲလေ၊ တစ်ခြားအခွင့်အရေးတွေရှိဦးမှာပါ”

ပြီးနောက် ပိုမိုလေးနက်စွာဖြင့် ယန်ရှီ ပြောလိုက်သည်။

“ဒါပေမဲ့ မင်းစိတ်လှုပ်ရှားနေတာက ပြဿနာပဲ၊ ချောင်ယန်သူမကို ရသစုံရှိုးတွေ ကြေညာတွေပြီးတော့ ဘားကဖျော်ဖြေမှုတွေပါရှာပေးလိုက်၊ သူမ ပိုပြီးသန်မာလာဖို့လိုတယ်”

တစ်ပတ်အကြာမဆုတ်မနစ်လေ့ကျင့်ပြီးနောက် ဟန်ရှူ၏စင်မြင့်အားကြောက်စိတ်သည် ပျောက်သွားခဲ့သည်။

သူမသည် စိတ်လှုပ်ရှားနေဆဲဖြစ်သော်ညား အရင်တစ်ခါကဲ့သို့မဟုတ်တော့ပေ။

ယှဥ်ပြိုင်သူ သုံးဦးပြီးချိန်တွင် သူမအလှည့်ရောက်ပြီဖြစ်သည်။

ဟန်ရှူသည် အသက်ပြင်းပြင်းရှူလိုက်ကာ မိုက်အားဆွဲကိုင်ရင်း စင်ပေါ်သို့တက်သွားခဲ့သည်။

ယခုအဆင့်အတွက် သူမသည်အော်ပရာအသံများနှင့် ရောစပ်ထားသည့်အလွန်ခက်ခဲသည့် အင်္ဂလိပ်သီချင်းအားရွေးခဲ့သည်။သူမ၏အသံနည်းပြနှင့် အသင်းသည် သူမဖိအားများအောက်တွင်ကီးလွတ်သွားမည်ကို စိုးရိမ်နေခဲ့သည်။

သို့ပေမဲ့ ဟန်ရှူ၏ သန္နိဋ္ဌာန်မှာခိုင်မာနေခဲ့ပြီး “ကျွန်မလုပ်နိုင်ပါတယ်”။

အိမ်တွင်းရုပ်ရှင်ရုံရှိ ပရိတ်သတ်များသည် အသက်များအောင့်ထားမိသည်။

ဟန်ရှူ၏ ကျရှုံးမှုအားသိပြီးနောက် နောက်တစ်ကြိမ် ကျရှုံးမည်ကို ၎င်းတို့ကြောက်နေကြသည်။

ကျုံချင်းယွီသည် ယန်ရှီ၏လက်အားဆုပ်ကိုင်လိုက်ကာ သီချင်းသီဆိုသူထက်ပင် သူမသည်ပို၍စိတ်လှုပ်ရှားနေသည်။

ပြီးနောက် ဟန်ရှူသည်စတင်လိုက်သည်နှင့် သူမ အသံသည်အခန်းထဲတွင် ဟိန်းထွက်သွားခဲ့သည်။

ပေါ့သီချင်းများအား နားမထောင်တတ်သည့် ကျုံပါးပါးပင်လျှင် မတ်မတ်ထိုင်လိုက်ကာ လက်ချောင်းများသည် သံစဥ်နှင့်အညီလှုပ်ယမ်းနေလေသည်။

ကောင်မလေး၏အသံမှာ စိတ်ကူးယဥ်ဆန်သည့်အသံမျိုးဖြစ်ကာ ကင်မရာအားဖြတ်ကျော်၍ တိုက်ရိုက်ထုတ်လွှင့်မှုနှင့် စပီကာများမှဖြတ်ကာ နားထောင်နေသူအားလုံး၏ ဝိဥာဥ်ထဲသို့ဝင်သွားလေသည်။ သူမ၏ငယ်ရွယ်သည့် အင်အားသည် လှိုင်းလုံးလေကဲ့သို့ဖြစ်ကာ ကီးသည်လည်း တစ်ခုထက်တစ်ခု ပိုမြင့်လာကာ မေ့ဖို့ရာမဖြစ်နိုင်ပေ။

သီချင်းပြီးဆုံးသွားချိန်တွင် ဆွဲဆောင်ခံလိုက်ရသည့်ပရိတ်သတ်များသည် လက်တွေ့ဘဝသို့ဖြည်းညှင်းစွာပြန်ရောက်လာကြသည်။

ကျုံချင်းယွီသည် ယန်ရှီအားတင်းတင်းကြပ်ကြပ်ဖက်လိုက်ကာ

“အဲတာတကယ့်ကို အံ့ဩစရာကောင်းတာပဲ၊ ဒီတစ်ခါတော့ငါတို့တွေနောက်ဆုံးဖြစ်မှာမဟုတ်ဘူး”

ယန်ရှီသည် ရယ်မောလိုက်ကာ

“နင် သူမ သီချင်းဆိုတာကိုကြားဖူးတာပဲဟာ၊ နင်ဟန်ရှူကိုယုံကြည်ထားသင့်တာ”

ဟန်ရှူ၏နာမည်သည် အလျင်အမြန်ပင် ရှာဖွေမှုစာရင်း၏ထိပ်ဆုံးသို့ရောက်သွားခဲ့သည်။ ယခုတစ်ခေါက်တွင် သူမ၏ပရိတ်သတ်များအား သူမစိတ်မပျက်စေခဲ့ပေ။

[ဘုရားရေ သူမအသံထွက်လိုက်တဲ့အချိန်ကစပြီး ငါ့နားတွေကကောင်းချီးပေးခံလိုက်ရသလိုပဲ]

[တကယ့်ကို ရင်ဖို့စရာပဲ]

[ဒါကလုံးဝကို နတ်မိမယ်ရဲ့အသံပဲ၊ ငါတော့စွဲလမ်းနေပြီ]

[သူမရဲ့အသံကတကယ့်ကိုမယုံကြည့်နိုင်စရာပဲ သူမကအသစ်လား]

[ငါ ဟန်ရှူကိုတအားချစ်တာပဲ၊ သူမကိုရူးရူးသွပ်သွပ်အားပေးနေပါတယ်]

သီချင်းပြီးသွားသည်နှင့်ယန်ရှီသည် လူတိုင်းအားတိုက်တွန်းလိုက်သည်။

“စင်အပြင်မှာ မဲပေးဖို့မမေ့ကြနဲ့နော်”

မဲပေးတာကသာအဓိကပဲ။

ကျူံယန်စီသည် မဲ့ပြုံးပြုံးလိုက်ကာ သူသည် ယန်ရှီနမ်းသွားသည့်နေရာအား သူ၏လက်မဖြင့်ပွတ်နေလေသည်။ တစ်ခြားလက်တစ်ဖက်ဖြင့် သူသည် ကျုံလုပ်ငန်းစု၏စကားပြောချက်သို့ မဲပေးရမည့်လင့်အား ယွမ်တစ်သောင်းစာအိတ်နီနှင့်အတူပို့လိုက်သည်။

[!!!]

[မစ္စတာကျုံက ရသစုံရှိုးတွေကြည့်တာလား]

[မစ္စတာကျုံက Journey ရှိုးကိုအမြဲကြည့်နေတာ၊ သူကတိုက်ရိုက်ထုတ်လွှင့်မှုကို ကြိုက်တဲ့သူပဲလေ]

[အဲဒီက သခင်မလေးကရှိုးမှာပါလို့ပါ]

[ငါဂရုမစိုက်ဘူး မစ္စတာကျုံနဲ့ငါက လူတစ်ယောက်ထည်းကိုတူတူအားပေးကြတာ၊ ကြီးမြတ်တဲ့သူတွေကအတွေးတူကြတယ်]

[ငါတို့ရဲ့နတ်ဘုရားမကိုထောက်ခံရမယ်]

[0.02 ယွမ်အတွက်ကျေးဇူးပါ မစ္စတာကျုံ၊ တစ်ခြားသူတွေရောဘယ်လောက်ရကြလဲ]

ဟန်ရှူပြီးနောက် ကျန်ရှိသည့် ယှဥ်ပြိုင်သူလေးဦး ဖျော်ဖြေခဲ့ကြသည်။ နောက်ဆုံး ရလာဒ်အားကြေညာချိန်တွင် ဟန်ရှူသည် ဒုတိယနေရာအားရခဲ့သည်။

ယခုတစ်ခေါက်သည် ဖိုင်နယ်ပွဲမဟုတ်သေးပေ ထိုကြောင့်ယန်ရှီမျက်လုံးထဲတွင် ဒုတိယနေရာသည် အလွန်ပင်ကောင်းမွန်သည့်အောင်မြင်မှုဖြစ်သည်။

ကျုံပါးပါးသည် မယုံကြည်ပေ။ သူသည် ဖျော်ဖြေရေးနယ်ပယ်နှင့်မရင်းနှီးသည်ဖြစ်ကာ သူသည် ဟန်ရှူ၏ဖျော်ဖြေမှုသည်သာ အကောင်းဆုံးဖြစ်သည်ဟု ခံစားရလေသည်။

ယန်ရှီရှင်းပြလိုက်သည်။

“အနိုင်ရသွားတဲ့သူက နိုင်ငံတကာအဆင့် နိုင်ငံခြားအဆိုတော်ပဲ၊ ဟန်ရှူလိုအသစ်လေးအတွက် ဒုတိယနေရာရတာကိုက အံ့ဩစရာပဲ၊ သူမရဲ့စင်ပြင်ပမှာ နာမည်မကြီးသေးပေမဲ့ နာမည်ကြီးဖို့အတွက် အချိန်တွေရှိပါသေးတယ်”

System သည်ရွှင်ရွှင်ပျပျပေါ်လာခဲ့သည်။

[Host အဲတာက ဒုတိယနေရာပဲဆိုပေမဲ့ ကျွန်တော်တို့ဒီတစ်ခေါက် တော်တော်များများရလိုက်တယ်]

ယန်ရှီ၏မျက်လုံးများသည်တောက်ပသွားကာ

“ကံကောင်းမှုအမှတ်တွေလား”

[ဒါပေါ့]

[ဒင် ဟန်ရှူ၏နာမည်ကျော်ကြားမှုသည် တိုးလာသည်ဖြစ်၍ ကျုံချင်းယွီသည် ကံကောင်းမှုအမှတ် တစ်မှတ်ရရှိခဲ့သည်။ ယခုကံကောင်းမှုအမှတ်စုစုပေါင်း ခုနစ်ဆယ့်ခုနစ်မှတ်]

…

နောက်တစ်နေ့တွင် ယန်ရှီသည်ပုံမှန်အတိုင်း starlight entertainment အားသွားခဲ့သည်။ ကုမ္ပဏီသည်ချောမွေ့စွာလည်ပတ်နေကာ ဌာနများအားလုံးသည်လည်း အဆင်ပြေပြေလုပ်ဆောင်နေပြီး သူမအားစိုးရိမ်စရာနည်းပါးအောင်လုပ်ပေးလေသည်။

နှစ်ရက်အတွင်း Journey ၏ တတိယနှင့်နောက်ဆုံးရပ်နားရာအား စတင်ရိုက်ကူးမည်ဖြစ်သည်။ မူလတွင်ပြီး၍ စောကာရိုက်ကူးမည်ဖြစ်သော်ညား ယနေ့ည၏ ဝေ့ပေါ်ညအား ကျုံချင်းယွီ ရဲ့လော့ယီနှင့် ဒါရိုက်တာယွီပင်လျှင် တက်ရောက်ကြမည်ဖြစ်သောကြောင့် ရွေ့ဆိုင်းလိုက်သည်။

ကျုံအိမ်တော်တွင် ကျုံချင်းယွီသည် Mတံဆိပ်ပွဲတက်ဂါဝန်နှင့် အကန့်အသတ်ထုတ် လက်ဝတ်ရတနာများအား ဝတ်ဆင်ထားသည်။ ယန်ရှီသည်လည်း M တံဆိပ်ဝတ်စုံအားဝတ်မည်ဖြစ်သည်။ ယနေ့ဝေ့ပေါ်ညအတွက် starlight ရှိအနုပညာရှင်အားလုံးသည် M တံဆိပ်အားဝတ်ဆင်ကြမည်ဖြစ်သည်။ ပရိုမိုရှင်းအတွက်သာမက ဖက်ရှင်ဆိုင်အတွက် ကြေညာပါဖြစ်လေသည်။

ကော်ဇောနီပေါ်သို့ ကျုံချင်းယွီသည် Madness အဖွဲ့သားများနှင့်အတူလျှောက်ကာ ဒါရိုက်တာဝေ့နှင့်လက်ချင်းချိတ်ကာ အဓိကသရုပ်ဆောင်များထက်အရင် လျှောက်သွားခဲ့သည်။

Starlight ၏ VP တစ်ဦးအနေနှင့် ယန်ရှီသည် ကုမ္ပဏီအားကိုယ်စားပြုရန် အတွက်တာဝန်ပေးခံရလေသည်။ ပွဲစီစဥ်သူများသည် သူမအားရှန့်ရှင်းဟယ်နှင့်တွဲပေးထားသော်လည်း သူသည် Bottom Line မှအမြန်လာရမည်ဖြစ်သောကြောင့် သူမသည်မာစီးဒီးထဲတွင် တိတ်တဆိတ် ဖုန်းကြည့်ကာစောင့်နေခဲ့သည်။

ရုတ်တရက် ကားတံခါးသည်ပွင့်လာကာ ကျုံယန်စီသည် အပြင်တွင်ရပ်နေလေသည်။

ယန်ရှီသည် အပြင်သို့ထွက်လိုက်ကာ

“ကောကဒီမှာ ဘာလုပ်နေတာလဲ”

ကျုံယန်စီသည် ဝေ့ပေါ်ညကြေညာဘုတ်အား ညွှန်ပြကာ “ကိုယ်ကစပွန်စာလေ” ပြီးနောက်သူသည် သူ၏လက်ကောက်ဝတ်အားမြှောက်လိုက်ကာ သူမအားလက်ချိတ်ရန်ပေးလိုက်ပြီး

“ကိုယ်တို့တွေအတူသွားကြမလား”

Starlight သည် ကျုံလုပ်ငန်းစု၏လုပ်ငန်းခွဲဖြစ်သည့်အလျောက် ဥက္ကဋ္ဌနှင့်အတူကော်ဇော်နီပေါ်တွင် လျှောက်ခြင်းသည် အဆင်မပြေသည်မဟုတ်ပေ။

ယန်ရှီသည် ကျုံယန်စီ၏လက်မောင်းအားကိုင်လိုက်ကာ ကော်ဇောနီပေါ်သို့ လျှောက်သွားလေသည်။

ထိုအချိန်တွင် ကျုံချင်းယွီနှင့် Madness အဖွဲ့သည် ပွဲ၏ဝင်ပေါက်သို့ရောက်နေကြပြီဖြစ်ကာ သူမပြန်လှည့်ကြည့် လိုက်ချိန်တွင် ယန်ရှီအား ကျုံယန်စီနှင့်အတူတွေ့လိုက်ရသည်။

ကျုံချင်းယွီ: !!!!!!

“ငါကိုဘာလို့ ယန်ရှီနဲ့အတူ မတွဲပေးခဲ့တာလဲ” သူမဆန္ဒပြနေလေသည်။

ဒါရိုက်တာဝေ့သည် ဂုဏ်ရှိသည်မှာအမှန်ပင်ဖြစ်သော်လည်း သူမသည် သူမ၏အချစ်ဆုံးသူငယ်ချင်းနှင့်သာကပ်နေချင်သည်။

ဝန်ထမ်းတစ်ဦးသည် ရှင်းပြပေးသည်။

“ကောဇောနီတွေက ယောက်ျားလေးနဲ့မိန်းကလေးကိုပဲ တွဲပေးတာများတာပါ၊ အဲတာကပိုပြီး သဘောကျစရာကောင်းတယ်လေ”

ကျုံချင်းယွီသည် ဒါရိုက်တာဝေ့၏ပြောချင်နေသည့်ခေါင်းအား လက်ညိုးထိုးကာ

“ငါ့မျက်လုံးကိုကြည့်ပြီးပြောစမ်းပါ၊ အဲတာကသဘောကျစရာလား”

ဝန်ထမ်း:”.....”

ဒါရိုက်တာဝေ့သည် ငိုလုနီးပါးပင်ဖြစ်သွားသည်။

“သခင်မလေး အဲတာကတော့ကြမ်းတမ်းလွန်းတယ်”

ကံမကောင်းစွာဖြင့် ကျုံချင်းယွီသည် ကော်ဇောနီအားလျှောက်ပြီးပြီဖြစ်ကာ သူမထပ်လျှောက်၍မရပေ။ သူမသည် ကျုံယန်စီနှင့်ယန်ရှီရောက်လာမည်ကိုသာ အပေါက်ဝတွင်စောင့်နေနိုင်သည်။

ယန်ရှီသူမအားရောက်လာချိန်တွင် ကျုံချင်းယွီသည် သူမ၏လက်အားဆွဲလိုက်ကာ ကျုံယန်စီအားကြည့်လိုက်သည်။

အဲဒီအရှက်မရှိတဲ့လူအိုကြီးကတော့။

အခုသူကစပွန်စာအနေနဲ့တောင် လာခဲ့တာပေါ့။

“ကောင်းပြီ ကောင်းပြီ”

ယန်ရှီသည် ကျုံချင်းယွီအားချော့လိုက်ကာ

“အထဲဝင်ကြရအောင်လေ”

ဆုပေးပွဲအပြင် ဝေ့ပေါ်ညတွင် စိတ်ဝင်စားဖွယ်အခမ်းအနားဖြစ်သည့် ပရဟိတလေလံပွဲအား ထည့်သွင်းထားသည်။

ဧည့်သည်တစ်ဦးစီသည် လေလံတင်မည့်ပစ္စည်းအားလှူဒါန်းနိုင်ပြီး ရရှိလာမည့်ပိုက်ဆံများအား ကြက်ခြေနီအသင်းထံသို့ လှုဒါန်းမည်ဖြစ်သည်။

တက်ရောက်သူများအတွက်ဖွင့်လစ်ထားသော်ညားလေလံပွဲသည် ပရိတ်သတ်များသည်လည်း လိုင်းပေါ်မှလေလံဆွဲနိုင်သောကြောင့် နာမည်ကြီးများအား အဓိကပစ်မှတ်ထားထားသည်။ အနှစ်ချုပ်ပြောရလျှင် ၎င်းသည် ပရိတ်သတ်များ၏စွဲလမ်းမှုဖြင့် ငွေရှာရန်အခြားနည်းတစ်ခုပင်ဖြစ်သည်။

ယန်ရှီသည် ယွမ်တစ်သိန်းကျော်တန်ဖိုးရှိသည့် ရင်ထိုးအားလှူဒါန်းခဲ့သည်။ starlight ကိုယ်စားလှယ်တစ်ဦးအနေနှင့် လှုဒါန်းမှုအားမလှူ၍မရပေ။ သို့ပေမဲ့ သူမသည် ထိုရင်ထိုးရောင်းမထွက်မည်ကိုစိတ်မပူပေ။ ဝူလျောင်သည် ထိုရင်ထိုးအားပြန်ဝယ်ရန် လူတစ်ဦးအားစီစဥ်ထားကာ ထိုအရာအား ကုမ္ပဏီ လှူဒါန်းမှုအနေဖြင့် အကျိုးရှိစွာပြောင်းလဲလိုက်မည်ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် လေလံပွဲ၏ပထမဆုံးပစ္စည်းမှာ ယန်ရှီ၏ရင်ထိုးပင်ဖြစ်သည်။

သူမသည် များစွာမမျှော်လင့်ထားပေ။ ကြယ်ပွင့်များကြားထဲမှ သူမသည်တက်သစ်စလေးပင်ဖြစ်သည်။ ပထမဆုံးလေလံပစ္စည်းသည် ဝူလျောင်ပြန်ရနိုင်မည်ဖြစ်ကာ ပြန်ကိုရမည်ဖြစ်သည်။

ထင်ထားသည့်အတိုင်း ပွဲစီစဥ်သူသည် ကြမ်းခင်းစျေးအားစကြေညာလိုက်သည်။

“100,000 ယွမ်!”

ဝူလျောင်သည်သူ၏နံပါတ်ပြားအား ချက်ချင်းမြှောက်လိုက်ကာ

“110,000”

ထိုလေလံဆွဲမှုသည် မကြာခင်ပြီးဆုံးသင့်လေသည်။

ယန်ရှီသည် လေလံပစ္စည်းများပါဝင်သည့်စာအုပ်အားလှန်ကြည့်ကာ နောက်ထပ်လေလံပစ္စည်းအားသိချင်နေခဲ့သည်။

“200,000”

ကျုံချင်းယွီသည် သူမ၏နံပါတ်ပြားအား ကျော့ရှင်းစွာမြှောက်လိုက်သည်။

ယန်ရှီသည်ခေါင်းယမ်းလိုက်ကာ ကျုံချင်းယွီ၏အင်္ကျီအစအား ဆွဲလိုက်လေသည်။

“နင်ဘာတွေလုပ်နေတာ အဲလောက်ကြီးအထိသုံးဖို့မလိုဘူးလေ”

ကျုံချင်းယွီသည် မာနကြီးစွားမေးမော့လိုက်ရင်း

“နောက်ထပ်စျေးနည်းနည်းလေးပါ၊ ဘယ်သူမှနင့်ပစ္စည်းကိုမလိုချင်ဘူးလို့တော့ အထင်မခံနိုင်ဘူးလေ”

ယန်ရှီ: “.....”

နင်ကသာ အဲတာကိုသတိထားမိသွားအောင်ဆွဲခေါ်နေတာလဲ။

စီစဥ်သူသည် လန့်ဖြန့်သွားသည်။ ရိုးရှင်းသည့်ရင်ထိုးလေးတစ်ခုသည် ဒုတိယခေါ်စျေးမှာပင် စျေးနှစ်ဆခုန်တက်သွားမည်ဟု မထင်ထားပေ။

“200,000 တစ်ကြိမ် 200,000 နှစ်ကြိမ်”

“300,000!”

ကျုံယန်စီသူ၏ နံပါတ်များအား မြှောက်လိုက်သည်။

ယန်ရှီ:?

“ကေ-ကော” သူမကျုံယန်စီထံသို့ လှည့်လိုက်သည်။

“ကောကကော ဘာလို့လေလံဝင်ဆွဲနေတာလဲ”

“အဲတာကမင်းရဲ့ရင်ထိုးမလား”

သူသည်အပြစ်ကင်းစွာ မျက်တောင်ခတ်လိုက်ကာ

“ကိုယ်လည်း လိုချင်တယ်လေ”

ကျုံချင်းယွီသည် ဒေါသများထွက်လာ‌ေလသည်။

ရင်ထိုးကို ဘယ်သူမှ မရစေရဘူး။ ငါပဲ ရရမယ်။

“400,000”

“500,000”

“1,000,000”

“1,100,000”

ယန်ရှီသည် အံ့အားသင့်နေလေသည်။ ဒီနှစ်ယောက်ဘာလုပ်နေကြတာလဲ အဲတာက 100,000ယွမ်ပဲတန်တဲ့ ရင်ထိုးလေးလေ။

စျေးသည်ဆက်တက်နေကာ ယန်ရှီသည် ကျုံချင်းယွီသည်နောက်ဆုတ်မည်မဟုတ်သည်ကို သိလေသည်။ အမွေဆက်ခံသူတစ်ဦး၏ အလုပ်အကိုင်မှာအောင်မြင်လာပြီးနောက် သူမသည်ငွေအားရေကဲ့သို့သုံးလာလေသည်။သူမသည် ယခင်က အဝါရောင်စိန်အတွက် သုံးဆယ်မီလီယံသုံးခဲ့ဖူးလေသည်။ သူမအတွက် ယွမ်ထောင်ဂဏန်းများသည် ဘာမှမဟုတ်ပေ။

ယန်ရှီသည် ကျုံယန်စီဘက်ကိုသာလှည့်နိုင်ကာ “ဆက်လေလံမဆွဲနဲ့တော့”

ကျုံယန်စီသည် အောက်သို့ငုံ့ကြည့်လိုက်ကာ ယန်ရှီအားကြည့်လိုက်သည်။

ကောင်မလေး၏မျက်နှာမှာ သေးငယ်ကာသူမ၏မျက်လုံးများသည် ယုန်လေးများ၏မျက်လုံးကဲ့သို့ တောက်ပနေကာ သူ့အားတောင်းဆိုနေသည်။

ရုတ်တရပ် ကျုံယန်စီသည် သူ့ရင်ဘတ်ထဲတွယားယံလာကာ အရာအားလုံးအား နှောင့်ယှက်ချင်သည့် မငြိမ်မသက်စိတ်မျိုးဝင်လာလေသည်။

ကျုံချင်းယွီသည် လေလံစျေးအား 2 million အထိတင်လိုက်ကာ လေလံသူ၏ခေါ်သံအားစောင့်နေသောကြောင့် သူမဘေးရှိတင်းမာမှုများအား သတိမမူမိပေ။

ထို့နောက် ကျုံယန်စီသည် ငုံ့လာကာ ယန်ရှီ၏နှုတ်ခမ်းအားနမ်းလိုက်သည်။

“ကောင်းပြီ ကိုယ်မင်းစကားကိုနားထောင်မယ်”

All Chapters