ဝယ်ယူခြင်း
Vol. 2 Ch. 18
ညစာအမြန်စားပြီးနောက် ရွှီဖန်းတစ်ယောက် အခန်းအောင်းသွားသည်။ ထို့နောက် သိုလှောင်လက်စွပ်ထဲမှ ထိုက်ပိုင်အဆောင်ကျမ်းအား ထုတ်၍ လက်ထဲ၌ ဂရုတစိုက်ကိုင်ကာ အာရုံစိုက်လေ့လာတော့သည်။
ထိုက်ပိုင်ကျင့်စစ်၏ဤစာအုပ်အထူကြီးအား ယခင်ကသာ ဖတ်ရမည်ဆိုလျှင် သေချာပေါက် သူရှုပ်နေလိမ့်မည်။
သို့သော်ငြား စိတ်ဝိညာဥ်ဖွင့်ခြင်းအမှုန့်အား သူသောက်ထားခဲ့သည်။ ထိုက်ပိုင်အဆောင်ကျမ်းအား တစ်ရွက်ချင်း ဖတ်နေရင်း အကြောင်းအရာများသည် သူနှင့် လုံးဝမစိမ်းသက်နေမှန်း ခံစားလိုက်ရသည်။
သူဖတ်လေ စိတ်လှုပ်ရှားလေပင်။
ဤအဆောင်များက ယနေ့ခေတ်အဆောင်တုများနှင့် လုံးဝကွာခြားသည်။ ထိုက်ပိုင်ကျင့်စစ်၏စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသည့် အဆောင်တိုင်းမှာ ထူးခြားသောအစွမ်းမျိုးစုံ ရှိကြသည်။
'ကောင်းကင်ဘုံစွမ်းအားအဆောင်' သည် အသုံးပြုသူ၏ ခွန်အားကို သုံးဆတိုးမြှင့်ပေးသည်။ 'မြင်ကွင်းမြှင့်အဆောင်' ကမူ အချိန်တိုအတွင်းမှာ အရာဝတ္ထုတွေကို ဖောက်ထွင်းမြင်နိုင်သည့် စွမ်းရည်ရရှိနိုင်သည်။ 'ကိုယ်ပျောက်အဆောင်'က အသုံးပြုသူ၏ခန္ဓာကိုယ်အား အချိန်ခဏ ပျောက်ကွယ်သွားစေသည်။ 'မီးဓားအဆောင်'သည် အချိန်တိုအတွင်းမှာ မီးဓားတစ်လက်အား ဆင့်ခေါ်နိုင်သည်။ 'မိုးကြိုးနှင့် လျှပ်စီးအဆောင်များ'ကမူ မိုးကြိုးနှင့် လျှပ်စီးစွမ်းအားများအား ရရှိနိုင်သည်။
အဆောင်အမျိုးအစားတိုင်းမှာ အံ့အားသင့်ဖွယ်
စွမ်းအားများ ရှိသည်။ ရွှီဖန်းသည် သူဖတ်လိုက်ရသည့် အရာများအားလုံး၏ လွှမ်းမိုးမှုကို ခံစားလိုက်ရသည်။
အလွန်သိချင်နေသောစိတ်၏ တိုက်တွန်းမှုအောက်၌ အဆောင်ပြုလုပ်နည်းပုံစံ၊ နည်းလမ်းများအား သူ့စိတ်ထဲ၌ လျှင်မြန်စွာ မှတ်ထားလိုက်နိုင်သည်။
တစ်ချိန်တည်းမှာပင် ရွှီဖန်း၏ခေါင်းထဲ၌ ပြဿနာတစ်ခု ပေါ်လာသည်။ ဤအဆောင်များက အမှန်ကို စွမ်းအားရှိကြသော်လည်း သူတို့အား သန့်စင်မွမ်းမံရသည့်ဖြစ်စဥ်မှာ အလွန်ခက်ခဲလှသည်။
ပထမဦးဆုံးအနေဖြင့် ကုန်ကြမ်းများမှာ တန်ဖိုးရှိရမည်။ ဒုတိယကတော့ သန့်စင်မွမ်းမံရသည့် နည်းပညာမှာ အလွန့်အလွန် ခက်ခဲသည်။ ပထမဆုံးအဆောင်ဖြစ်သည့် ကောင်ကင်ဘုံစွမ်းအားအဆောင်ပြုလုပ်ရာ၌ ဆယ်ခုမှာ တစ်ခုပဲ အောင်မြင်နိုင်ချေရှိသည်ဟု သူယူဆမိသည်။
ရွှီဖန်း အသက်ပြင်းစွာရှူရင်း အတွေးတစ်ခု တွေးမိသွားသည်။
အဖိုးအခမကုန်ဘဲ ဘယ်လိုလုပ်အောင်မြင်မည်နည်း။ အဆောင်ပြုလုပ်ဖို့အတွက် ငွေအမြောက်အမြားကိုလိုအပ်နေသည်။
သူ သက်ပြင်းကြီးစွာချမိသည်။ ကံကောင်း၍ သူ့ဆီမှာ ပိုက်ဆံအများကြီး ရှိနေသည်။ ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်ရမည်။
အမြဲတမ်းဘာပဲလုပ်လုပ် ပထမအကြိမ်ဆိုတာ ကြုံရစမြဲပင်မဟုတ်ပါလော။
နောက်တစ်နေ့၌ အိပ်ရာမှ စောစောထကာ အိမ်
နောက်က တောင်ဆီ ထွက်လာခဲ့သည်။ အပင်တွေကို စိုက်ပျိုးရန်အတွက် မနက်ဖြန်ထိစောင့်နေရမည်ကို သူစိုးရိမ်နေမိသည်။
ရင့်မှည့်နေသော မက်မွန်သီးများအား ခူး၍ သုံးဘီးနောက်တွဲ၌ တင်ကာ ခရိုင်မြို့တော်ကိုသွားရန် ပြင်ဆင်လိုက်သည်။
"ရှို့ရှို့ သုံးဘီးအပေါ်တက်"
ဒီတစ်ခေါက် ခရိုင်မြို့တော်သို့ သွားရာခရီးတွင် ဂရုတစိုက်လုပ်စရာ ကိစ္စများစွာ ရှိသည်။
ပထမဆုံးက မက်မွန်သီးမှာယူထားသည့် ဖောက်သည်များအား အသီးသွားပို့ရမည်။ ဒုတိယအနေဖြင့် အဆောင်များ သန့်စင်မွမ်းမံရန်အတွက် ကုန်ကြမ်းပစ္စည်းများ ဝယ်ယူရမည်။ တတိယကတော့ အိမ်အတွက် ပစ္စည်းတချို့ ဝယ်ပေးရမည်။
အခု သူချမ်းသာနေပြီဖြစ်လို့ သူ့မိသားစုအား ပျော်ရွှင်အောင်ထားရမည်။
ဒါပေါ့! အရေးအကြီးဆုံးက ကောင်းကင်ဘုံနန်းတော်မှ နတ်ဘုရားများလေ့လာဖို့ရန် ဖုန်းအနည်းငယ် ဝယ်ရမည်။
ရွှီရှို့ရှို့မှာ ဤရက်ပိုင်းအတွင်း အိမ်မှာပဲ နေနေရတာကြောင့် အလွန်ပျင်းနေရှာသည်။ ရွှီဖန်းက ခရိုင်သ
မြို့တော်သို့ သွားဖို့ခေါ်သည့်အခါ စကားတစ်ခွန်းတောင်မပြောဘဲ သုံးဘီးပေါ်မှာ ဝင်ထိုင်ခဲ့သည်။
သုံးဘီးဆိုင်ကယ်လေးသည် ညစ်ပတ်၍ကြမ်းတမ်းသော လမ်းလေးအားဖြတ်ကာ ခရိုင်မြို့တော်ထဲသို့ ဝင်ရောက်လာသည်။
"ရှို့ရှို့ရေ အစ်ကိုကြီး မက်မွန်သီးတွေ လိုက်ပို့ရမှာမလို့ ညီမလေးအတွက် ပိုက်ဆံပေးခဲ့မယ်၊ အမေ..အဖေနဲ့ ညီမလေးအတွက် လိုအပ်မယ့်ဟာတွေဝယ်ပြီးစောင့်နေ"
မက်မွန်သီးများ သွားပို့ရမည့်အပြင်ကို အဆောင်ပြုလုပ်ဖို့ ကုန်ကြမ်းများ ဝယ်ရဦးမည်။ သူ့ညီမ ဒီအကြောင်းသိသွားလျှင် အဆင်မပြေချေ။ အချိန်ကုန်လည်း သက်သာစေရန် သူမအား ဈေးဝယ်ခိုင်းထားလိုက်မည်။ ဒါဆိုရင် သူတို့မောင်နှမနှစ်ယောက် အိမ်စောစော ပြန်လို့ရလိမ့်မည်။
"အင်း...ဟုတ်ပါပြီ ကောကော၊ ညီမလေးကို ထားခဲ့လိုက်"
ရွှီရှို့ရှို့သည် အထက်တန်းကျောင်းအား ခရိုင်
မြို့တော်မှာ တက်နေတာကြောင့် ဤနေရာနှင့် ရင်းနှီးကျွမ်းဝင်လေသည်။
သို့သော်ငြား အစ်ကိုဖြစ်သူပေးလာသည့် မုန့်ဖိုးကို မြင်ကာ ရှို့ရှို့တစ်ယောက် ကြက်သေသေသွားရသည်။
"အာ...ကော ဒါအရမ်းများတယ်"
ရွှီဖန်းက ပိုက်ဆံအထပ်လိုက်အား သူမလက်ထဲ ထိုးထည့်ပေးလာသည်။ စုစုပေါင်း ယွမ်၂၀၀၀၀နီးပါးလောက် ရှိပေမည်။
ရှို့ရှို့ထင်ထားခဲ့သည်မှာ ယွမ်တစ်ထောင်သာ ရမည်ဟုပင်။
"ကောကော...အရမ်းအရမ်းများတယ်"
တစ်လကို ယွမ်၃၀၀၀နှင့်သာ ဖြတ်သန်းခဲ့ဖူးသူ ရွှီရှို့ရှို့သည် ဤကဲ့သို့ ပိုက်ဆံအမြောက်အမြားအား သုံးခဲ့ဖူးခြင်းမရှိပေ။
ရွှီဖန်းမှာ ရယ်ရခက်ငိုရခက်စွာဖြင့် မျက်လုံးများ လှိမ့်လိုက်သည်။ သူမ၏ နှာခေါင်းလေးကာ ညှစ်ကာ အပြုံးတစ်ခုဖြင့်...
"အရူးမလေး မင်းအတွက် ပိုက်ဆံဖြုန်းပေးဖို့ အစ်ကိုကြီးတစ်ယောက်လုံး ဒီမှာရှိနေတယ် မဟုတ်လား၊ များတယ်လို့ တွေးနေတုန်းလား...ဒီပိုက်ဆံတွေအကုန်လုံး ညီမလေး ဒီနေ့ အကုန်သုံးရမယ်!"
အနာဂါတ်မှာ သစ်သီးပင်တွေစိုက်ပျိုးလို့ပြီးပါက တစ်နေ့ကို အခုငွေပမာဏလောက် အမြောက်အမြား ရှာနိုင်လိမ့်မည်။
သူ့မိသားစုလေး ကောင်းမွန်သည့်ဘဝမှာ နေထိုင်ဖို့ရန် ပိုက်ဆံအနည်းငယ်လေး သုံးပေးရတာကို ရေတွက်နေဖို့ မလိုပေ။
"ဟုတ်ပါပြီ ဟုတ်ပါပြီ ကောကောရယ်...ညီမလေး သုံးကြည့်ပါမယ်၊ မကုန်ရင်တော့ရော ညီမလေးကို ဆူရဲတာကျလို့..."
ရွှီရှို့ရှို့က နှုတ်ခမ်းစူပြသည်။ သူမ ကျောင်းပြန်တက်သည့်အခါ အတန်းထဲမှ ဝယ်နိုင်သုံးနိုင်သည့် ကောင်မလေးများ၏ အဆင့်မြင့်ထုတ်ကုန်များ၊ လှပသော အဝတ်အထည်များအား သူမ အားကျရတော့မည်ဟု ထင်ခဲ့သည်။ ယခုတော့ သူမ တတ်နိုင်သည့်အရာ ဖြစ်သွားလေပြီ။
"တော်တယ်! အစ်ကိုကြီး အလုပ်သွားလုပ်ပြီ!"
ဘယ်နေရာမှာ ပြန်ဆုံမည်ဆိုသည့်အကြောင်းအား ညီမဖြစ်သူနှင့် သဘောတူညီပြီးနောက် စိတ်ထဲမှာ မှတ်ထားသည့် ဖောက်သည်များ၏ အိမ်လိပ်စာ အတိုင်း သုံးဘီးမောင်း၍ ထွက်လာခဲ့သည်။
ဒုတိယနေ့သာ ရှိသေးသည့်အပြင် မနက်အစောကြီး အိမ်တိုင်ရာရောက် လာပို့ဆောင်ပေးတာကြောင့် မက်မွန်သီးမှာယူထားသည့် ဖောက်သည်များအားလုံး အံ့သြကုန်ကြသည်။
ဖောက်သည်အများအပြားမှာ ရွှီဖန်း၏ရိုးသားမှုအား ခံစားမိ၍ နောက်ထပ်ကြိုတင်မှာယူကြလေသည်။ ဒီအရာက ရွှီဖန်းကိုလည်း ဝမ်းမြောက်စေသည်။ ယခုအခြေအနေအတိုင်းသာ ဆက်လက်ရှိနေမည်ဆိုလျှင် နဂါးမျိုးနွယ်စုကိုပင် သူကျော်ဖြတ်နိုင်မည်ဟု ယုံကြည်သည်။
ခရိုင်မြို့တော်ထဲ သုံးပတ်လောက်ပတ်၍ မက်မွန်သီးများအား ကြိုတင်မှာယူထားသည့် အိမ်တိုင်းသို့ လိုက်ပို့ရသည်မှာ တစ်နာရီကုန်လုနီးပါးပင်။
အလုပ်ပြီးဆုံးသွားသည်နှင့် ပတ်ဝန်းကျင်မှ လူများအား မေးမြန်းကာ ခရိုင်မြို့တော်ရှိ လက်ကားဈေးရှိရာသို့ ထွက်လာခဲ့သည်။
လက်ကားဈေးသည် လမ်းတစ်ခုလုံးကို နေရာယူထားကာ အနီရောင်နှင့် အဖြူရောင်သုံးထားသော မင်္ဂလာဆောင်ပစ္စည်းများ၊ အမွှေးနံ့သာဖယောင်းတိုင်များ၊ အဝါရောင်စာရွက်များ၊ သစ်ကြံပိုးခေါက်မှင်တံများ အစရှိသည့် အမျိုးမျိုးသော ထုတ်ကုန်များကို ရောင်းချနေသည်။
ရွှီဖန်းသည် ထိုက်ပိုင်အဆောင်ကျမ်းတွင်ပါဝင်သည့် 'ကောင်းကင်ဘုံစွမ်းအားအဆောင်' ကို သန့်စင်မွမ်းမံရန် စီစဥ်ထားသည်။ လက်ရှိမှာ သူက ဒီအရိုးရှင်းဆုံး အဆောင်ကိုသာ သန့်စင်မွမ်းမံနိုင်သေးသည်။ ဒါကြောင့် ရှုပ်ထွေးသည့် ပါဝင်ပစ္စည်းများ မလိုအပ်သေးပေ။ နှိုင်းယှဥ်၍ပြောရလျှင် တခြားအဆောင်များထက် ဒီအဆောင်က အောင်မြင်နိုင်ချေ ပိုမြင့်မားသည်။
ရွှီဖန်းက သူ့ကန့်သတ်ချက်သူသိသည်။ ပထမဦးစွာ လက်အသုံးပြုနည်းများအား လေ့လာဖို့ရန်အတွက် 'ကောင်းကင်ဘုံစွမ်းအားအဆောင်'ကို အသုံးပြုရမည်။ ထို့နောက် သန့်စင်မွမ်းမံခြင်းနည်းလမ်းအား ကျွမ်းကျင်လာသည်အထိ လေ့ကျင့်ရမည်။ ပြီးမှသာ အခြားအဆောင်များအား စမ်းသပ်နိုင်မည်ဖြစ်သည်။
မဟုတ်လျှင် ပိုက်ဆံကုန်တာပဲ အဖတ်တင်သည်။
နံ့သာဆိုင်အချို့အား လှည့်လည်ကြည့်ရှုပြီးနောက်မှာ ရွှီဖန်းသည် အဝါရောင်စာရွက် အမြောက်အမြားနှင့် သစ်ကြံပိုးခေါက်ဖြင့် ပြုလုပ်ထားသော မှင်တံတစ်ချောင်းကိုဝယ်ခဲ့သည်။
သူဝယ်ခဲ့သည့်ပစ္စည်းများသည် လက်ကားဈေးထဲ၌ အကောင်းဆုံးပစ္စည်းများဖြစ်သည်။ ဓားအားထက်အောင်မသွေးဘဲနဲ့တော့ ဓားက အလိုလိုမထက်လာနိုင်ပေ။ အချိန်တစ်ခုရောက်လာသည့်အခါ အခုပြင်ဆင်ထားခဲ့သည့်အရာများက ကောင်းကင်ဘုံစွမ်းအားအဆောင်ပြုလုပ်ရာ၌ သူ၏ အောင်မြင်မှုနှုန်းအား တိုးမြှင့်ပေးနိုင်မည်ဆိုတာကို ယုံကြည်ထားသည်။
ဆိုင်ကနေထွက်လာပြီးနောက် ပစ္စည်းများအား သိုလှောင်လက်စွပ်ထဲထည့်လိုက်သည်။ ထို့နောက် မတိုင်ခင်က မောင်နှမနှစ်ယောက် ချိန်းထားသည့် နေရာသို့ သုံးဘီးမောင်း၍ ပြန်လာခဲ့သည်။
ရွှီရှို့ရှို့သည် ထိုနေရာ၌ သူမအစ်ကိုအား အချိန်အကြာကြီး ထိုင်စောင်နေခဲ့သည်။ ရွှီဖန်းလည်း သုံးဘီးကိုရပ်ကာ ညီမဖြစ်သူအား ကြည့်လိုက်သည်။ ရွှီရှို့ရှို့က ဈေးဝယ်အိတ်အနည်းငယ်ကို သယ်ဆောင်ထားသော်လည်း အများစုက ဖခင်ဖြစ်သူအတွက်ပင်။
ရုတ်တရက် လက်ထဲ၌ ပိုက်ဆံများစွာရှိလာခြင်းကြောင့် ကလေးမလေးမှာ ဘယ်လိုသုံးရမလဲ မသိခဲ့ပေ။
ရွှီရှို့ရှို့က သူမ၏နှုတ်ခမ်းများအား စုဝိုင်းကာ တတွတ်တွတ်ပြောလာသည်။
"ကောကော ပိုက်ဆံတွေက အရမ်းများတော့ ဘာတွေဝယ်ရမလဲ မသိတော့ဘူး"
ရွှီဖန်းမှာ ရယ်ရခက်ငိုရခက်ဖြစ်ကာ ခေါင်းခါရမ်းတော့သည်။ ထုံးစံအတိုင်း သူ အပြစ်လည်းမတင်
နိုင်ပေ။
"ဒီအရူးမလေးနဲ့တော့"
သူမ၏ခေါင်းသေးသေးလေးအား သူပုတ်လိုက်သည်။
"လာ...အစ်ကိုကြီးနဲ့တူတူ သွားဝယ်ကြမယ်"
လက်ရှိအချိန်၌ သူလုပ်ရမည့်ကိစ္စအားလုံးနီးပါး ပြီးသွားပြီဖြစ်ကာ တစ်ခုသာ ကျန်တော့သည်။
ကောင်းကင်ဘုံနန်းတော်မှ နတ်ဘုရားများအတွက် ဖုန်းဝယ်ယူရန်ပင်။