← Chapters

တွားသွား၍ ထွက်သွားရသည်။

Vol. 2 Ch. 17

တွားသွား၍ ထွက်သွားရသည်။

Vol. 2 Ch. 17

လက်ရှိအချိန်၌ ဝမ်မာဇီသည် မာနထောင်လွှားကာ အာဏာရှင်ဆန်ဆန်ပြုမူနေ၏။ သူ၏ယုံကြည်ချက်များ အားလုံးက ဘေးမှာ ရပ်နေကြသော လက်ပါးစေလူရမ်းကားများကြောင့် ထွက်ပေါ်လာတာဖြစ်သည်။

ရွှီဖန်းသည် လျှပ်စီးအဆောင်အားလုံးကို သုံးပြီးပြီဖြစ်၍ ထိုလူတွေရဲ့ပြိုင်ဘက် မဖြစ်နိုင်ပေ။

*ငါ ဘာလုပ်သင့်လဲ*

စိတ်ထဲကနေ ကိုယ့်ဘာသာကိုယ်မေးနေရင်း ဝမ်မာဇီနောက်မှ လူရမ်းကားများအား မော့ကြည့်မိရာ သူအံ့သြသွားရသည်။

ထိုလူများက သူနှင့် ရင်းနှီးပေသည်။

ဝမ်မာဇီအနောက်မှ လူလေးယောက်သည် ရွှီဖန်း သူတို့အား မှတ်မိမည်ကို စိုးရိမ်ကာ ကြောက်လန့်တကြား ကြည့်နေကြသည်။ 

"ဟော...ဒါ ညီ(၄)မဟုတ်လား၊ ဒါဆို မင်းက ဝမ်မာဇီရဲ့ နောက်လိုက်ပေါ့လေ"

ရွှီဖန်းက နှုတ်ခမ်းတွန့်လျက် သရော်လာသည်မှာ ရန်သူကို မသိလိုက်တာကြောင့် မဟုတ်ပေ။ သို့သော် ဝမ်မာဇီခေါ်လာသည့်လူမှာ တစ်နေ့က သူ့ဆီမှနေ၍ မဲတူးပြာနှမ်းအောင် အရိုက်ခံလိုက်ရသည့် ညီ(၄)ဖြစ်နေခဲ့သည်။

ညီ(၄)၏ မျက်လုံးများမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။ သိသာစွာပင် ရွှီဖန်း၏လက်သီးကြောင့် သူမျက်ဖြူလန်ခဲ့ရသည့်နေ့အား နှလုံးသားထဲမှာ စွဲမှတ်နေတုန်းဖြစ်သည်။

ဝမ်မာဇီသည် ညီ(၄)၏အမူအရာအား လုံးဝသတိမမူမိပေ။ ထိုအချိန်၌ သူဟာ ရွှီဖန်းအား သနားစရာပုရွက်

စိတ်ကလေးကဲ့သို့ အထင်သေးစွာ စိုက်ကြည့်လျက် နှုမှုတ်လာသည်။

"ညီ(၄) အနောက်မှာပဲ မနေနဲ့တော့၊ ရက်အတော်ကြားအနားလည်းယူပြီးပြီဆိုတော့ မင်းရဲ့ကြွက်သားနဲ့အရိုးတွေကို ဆွဲဆန့်ပေးသင့်ပြီ"

ဝမ်မာဇီပြောပြီးသည်နှင့် ညီ(၄)ဟာ သူလုပ်နေကြအတိုင်း ဓားမြှောင်ဖြင့် လူတွေကို ဆုံးမရန် မစတင်လာခဲ့ပေ။

ဝမ်မာဇီလည်း အံ့အားသင့်ကာ နောက်ကိုလှည့်ကြည့်လိုက်သည်။ ထိုအခါကျမှ ညီ(၄)၏ ကြောင်ကိုတွေ့သော ကြွက်ကဲ့သို့ ဖြစ်နေသည့် အမူအရာအား တွေ့လိုက်ရသည်။

"ညီ(၄) ဘာဖြစ်နေတာလဲ...နေမကောင်းဘူးလား! သွားဆုံးမလိုက်လို့ ငါပြောနေတယ်"

ဝမ်မာဇီသည် ညီ(၄)အား ပြင်းပြင်းထန်ထန်စိုက်ကြည့်နေသည်။ ဒီနေ့ ရွှီဖန်းအား သင်ခန်းစာမပေးလိုက်ရရင် သူ့မျက်နှာကို ဘယ်နားသွားထားရမည်နည်း။

ညီ(၄)သည် ခခယယဖြင့်...

"အစ်ကိုကြီးဝမ် အစ်ကိုကြီးဝမ်...ဟိုနေ့က ကျွန်တော့်ကို ဒဏ်ရာရအောင်လုပ်တာ သူပါ..."

"ဘာ!"

ဝမ်မာဇီ၏မျက်လုံးများက ပြူးကျယ်လာကာ ရွှီဖန်းအား မယုံနိုင်စွာ ကြည့်နေသည်။ ရွှီဖန်းရဲ့ ဒီကိုယ်လုံးကိုယ်ပေါက်နဲ့ ညီ(၄)ကို ဘယ်လိုများ ချလိုက်တာလဲ။

သူက ညီ(၄)ကို အပေါ်အောက်ပြောင်းပြန်ဖြစ်တဲ့အထိ ချလိုက်တဲ့သူ ဖြစ်နေခဲ့တာလား!

ချက်ချင်းပင် အခြေအနေက ပြောင်းပြန်ဖြစ်သွားသည်။

ရွှီဖန်းသည် လှောင်ပြောင်ရယ်မောလျက်...

"ဝမ်မာဇီ မင်းဒီနေ့ခေါ်လာတဲ့လူက အခြေအနေ မူမမှန်တဲ့ပုံပဲနော်"

ပြောပြီးသည်နှင့် သူ့ကြွက်သားနှင့် အရိုးများအား ဆွဲဆန့်ကာ ဝမ်မာဇီရှိရာသို့ ပြေးဝင်သွားလိုက်သည်။ ရွှီဖန်း၏ အေးစက်နေသော မျက်လုံးအကြည့်က ဝမ်မာဇီ၏ အဆီများအား တုန်လှုပ်စေသည်။

"ညီ(၄) သွားလေ!!! မင်း ဘာကို ကြောက်နေတာလဲ! မင်းတို့လေးယောက်စလုံးတောင်ကို ဘာလို့ သူ့ကိုကြောက်နေတာလဲ!"

ညီ(၄)မှာ မျက်ရည်ကျလုနီးပါးဖြစ်နေလေပြီ။ သူ 

ချည့်နဲ့စွာ နောက်ဆုတ်လျက် ဝမ်းနည်းကြေကွဲစွာ ပြောလိုက်သည်။

"အစ်ကိုကြီး...ကျွန်တော်တို့ တစ်ကယ် သူ့ကို မရိုက်နိုင်ဘူး"

"မင်းတို့! အမှိုက်ကောင်တွေ!"

ဝမ်မာဇီသည် မုန်းတီးစွာ ဆဲဆိုရင်း ရွှီဖန်း သူ့အနားနီးကပ်လာသည်ကို မြင်သည့်အခါ သူတံတွေးမြိုချမိသည်။

"ရွှီ ရွှီဖန်း မင်း ဘာမှမစဥ်းစားဘဲ မလုပ်နဲ့နော်!"

ရွှီဖန်း သရော်လိုက်သည်။ ဒုက္ခလာပေးပြီးမှလား?

အရင်လာရှုပ်ရဲတဲ့လူက ဝမ်မာဇီဆိုတဲ့မင်းပဲ။

ဖြောင်း!

ရွှီဖန်းသည် ဝမ်မာဇီ၏မျက်နှာအား ဆော်ချလိုက်

သည်။ ထိုပါးရိုက်ချက်မှာ သူ့အား ကောင်းကင်ပေါ်သို့ ပျံတက်သွားစေသလိုပင် ဝမ်မာဇီခံစားလိုက်ရသည်။

"ငါမင်းကို ဒီမှာထိုင်ခွင့်ပြုထားလို့လား...ငရဲမှာသာ သွားထိုင်စမ်းပါ"

လက်ရှိရွှီမိသားစုသည် ယခင်က ရွှီမိသားစုတုန်းကလို မည်သူ၏အနိုင်ကျင့်ခြင်းမှ ခံယူတော့မည်မဟုတ်ချေ။

ဒီနေ့ ဝမ်မာဇီအား သင်ခန်းစာပေးကိုပေးရမည်။

"ရွှီ ရွှီဖန်း! မလာနဲ့နော်!"

ဝမ်မာဇီသည် နာကျင်သွားသည့်မျက်နှာအား အုပ်ရင်း လှုပ်တောင်မလှုပ်ရဲပေ။

ရွှီဖန်းက ညီ(၄)အား တစ်ချက်တည်းနဲ့ အနိုင်ယူခဲ့၏။ အခု သူ၏လှုပ်ရှားမှုတစ်ဝက်လောက်က ဝမ်မာဇီသည် ကိုယ်ကျင့်တရားပျက်ပြားသူအဖြစ် သူ့ကိုယ်သူ သတ်မှတ်ဖို့ရာ လုံလောက်ပေသည်။

သူ ထိုင်ခုံပေါ်မှ နာခံစွာ ထလိုက်သည်။

ထို့နောက် ရွှီဖန်းက အနောက်မှာရပ်နေသည့် လေးယောက်အား လက်ညှိုးကွေးကာ ခေါ်လိုက်တော့ နာနာခံခံ လျှောက်လာကြသည်။

"အစ်ကိုကြီး အစ်ကိုကြီး...ရေလှိုင်းက နဂါးဘုရင်ရဲ့နန်းတော်ထဲ ဝင်ရောက်သလိုဖြစ်သွားရပါပြီ...ကျွန်တော်တို့က အစ်ကိုကြီးရဲ့အိမ်မှန်း မသိခဲ့လို့ပါ"

ရွှီဖန်း သူ့နားရွက်ကိုကုတ်နေလျက် နှုတ်ခမ်းတွန့်သည်။

"ပေါက်တတ်ကရတွေတော်စမ်း! မင်းတို့လေးယောက် ဝမ်မာဇီကို ပါးရိုက်လိုက်ကြ"

"ဒါက...."

လေးယောက်စလုံး ချီတုံချတုံဖြစ်သွားကြသည်။

"ဟမ်? ဘာလဲ မင်းတို့က ဒီကိစ္စအတွက် ခေါင်းခံပေးမလို့လား"

သို့သော်ငြား ရွှီဖန်းက သူ့အားစိုက်ကြည့်နေသည်ကို ညီ(၄)မြင်သည့်အခါ မသိစိတ်မှအလိုလိုပင် လျှပ်စီးကြောင်းရိုက်ချက်၏နာကျင်မှုအား သတိရလာသည်။ သူ သာမာန်ကာလျှံကာပင် ဝမ်မာဇီအား ရိုက်လိုက်သည်။

အား!

ပါးရိုက်သံထွက်ပေါ်လာသည်နှင့် ဝမ်မာဇီသည် ဟန်ချက်ပျက်ကာ ကြမ်းပြင်အပေါ် လဲကျသွားသွားတော့သည်။ သူ့မျက်နှာဖောင်းကားလာနေစဥ်မှာပဲ အော်ဟစ်နေလေသည်။

ရွှီဖန်း မျက်မှောင်ကြုတ်မိသည်။ ညီ(၄)၏ခွန်အားက သူ့ထက် ပိုအားကြီး၏။

"အသံမကျယ်သေးဘူး...ထပ်ချ!"

"ဟင်..."

ညီ(၄)မှာ တုန်လှုပ်နေရသည်။ ဝမ်မာဇီသည် ကောင်းကင်သို့ လွင့်လုမတတ်နီးပါးပင်ဖြစ်နေလေပြီ။ ဒါကို မလုံလောက်သေးဘူးတဲ့လား။

ရွှီဖန်းက ခုံပေါ်တွင်ထိုင်ကာ လက်များကို ဝေ့ရမ်းလျက် ထပ်ပြောလာသည်။

"အသုံးမဝင်တာတွေရပ်ပြီး မြန်မြန်လုပ်...ဒီတစ်ခါချတာ ကြမ်းရင် အိမ်ကထွက်သွားခွင့်ပေးမယ်"

"ကောင်းပါပြီ! ကောင်းပါပြီ!"

ကျားပေါ်မှာတက်စီးရုံကလွဲပြီး ရွေးချယ်စရာမရှိတာကြောင့် ညီ(၄)သည် ဝမ်မာဇီအား ကို့ရို့ကားရားနိုင်စွာ ကြည့်လိုက်မိသည်။ ထို့နောက် သူ့လက်ထံသို့ အားအကုန်စုကာ ဝမ်မာဇီ၏ ဖောင်းနေသောမျက်နှာပေါ်သို့ ရိုက်ချလိုက်သည်။

တစ်ချက်!

နှစ်ချက်!

ရှင်းလင်းသော ပါးရိုက်သံများအောက်တွင် ဝမ်မာဇီသည် မူးဝေလည်ထွက်နေကာ ကြောက်ရွံ့တုန်လှုပ်နေတော့သည်။

ကျန်သည့် လက်ပါးစေသုံးယောက်မှာလည်း အလုပ်သေချာမလုပ်လျှင် ရွှီဖန်း နှိပ်စက်မည်ကိုကြောက်ရွံကာ ဝမ်မာဇီအား အားကုန်ထုတ်၍ ရိုက်နေသည်။ လေးယောက်လုံးကျွေးသည့် ရိုက်ချက်များအား ခံယူပြီးနောက် ဝမ်မာဇီသည် သတိပင်မေ့ကာ ကြမ်းပြင်ပေါ် လဲကျနေသည်။

ရွှီဖန်းက သူ့လက်တွေအား စိတ်မရှည်စွာ ဝှေ့ယမ်း၍ အမိန့်ပေးလာသည်။

"သူ့ကို ခေါ်ပြီး ထွက်သွား"

"ဟေး! ဟေး! ကောင်းပါပြီ"

လေးယောက်စလုံးသည် လွတ်ငြိမ်းအေးချမ်းသွားသကဲ့သို့ပြုမူကာ ဝမ်မာဇီအား ရွှီမိသားစုခြံဝင်းမှ ချက်ချင်းဆွဲထုတ်သွားကြလေသည်။

ဝမ်ရှို့ချိုင်သည် အံ့သြတုန်လှုပ်နေဆဲဖြစ်ကာ မျက်လုံးများအား ခဏခဏမှိတ်နေသည်။ ဖြစ်ပျက်ခဲ့သမျှက အိပ်မက်အတိုင်းပင်။

ထိုနောက်လိုက်များက ရွှီဖန်းအား ဘာလို့ကြောက်နေကြမှန်း သူတစ်ကယ်နားမလည်ပေ။

"ရွှီ ရွှီဖန်း...ဒီကိစ္စက ဦးလေးနဲ့ မသက်ဆိုင်ပါဘူး...ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ဦးလေးကို အပြစ်မတင်ပါနဲ့"

မည်သို့ပင်ဆိုစေ သူ့မှာ ဝမ်မာဇီအား သနားပေးဖို့ အချိန်မရှိပေ။ ဝမ်ရှို့ချိုင်သည် ရွှီဖန်းဘက်မှ သူ၏ဗီလိန်အစ်ကိုအား သတိမရတော့အောင် ငိုယို၍ တောင်းပန်နေသည်။

သူ့သားလေးနေပြန်ကောင်းဖို့အတွက် မျှော်လင့်နေတုန်းပင်။

ရွှီဖန်းက လက်ကိုဝှေ့ယမ်းလျက်...

"ဝမ်ရှို့ချိုင် ခင်ဗျားကို ဒီနေ့တော့ ခွင့်လွှတ်ပေးလိုက်မယ်၊ ဒါပေမယ့် အနာဂါတ်ကျရင် ရွှီမိသားစုကိုလှည့်စားတာတွေ မလုပ်ဖို့ မှတ်ထားရမယ်၊ မဟုတ်ရင် ခင်ဗျားရဲ့ကံကြမ္မာက ခင်ဗျားအစ်ကိုထက်ပိုဆိုးသွားမယ်"

"သွားတော့...စိတ်မပူနဲ့၊ ခင်ဗျားသားရဲ့ရောဂါကို ကုသပေးမှာပါ"

သူ့ဘက်က သဘောတူလိုက်ပြီးဆိုကတည်းက သူ့စကားတွေကို ပြန်ရုတ်သိမ်းဖို့ ရည်ရွယ်ခဲ့တာမရှိပေ။ ဝမ်ရှို့ချိုင်သည်လည်း ထိုစကားများအား ကြားသည့်အခါ စိတ်သက်သာရာရပြီး ဇနီးနှင့်အတူ အိမ်

ပြန်သွားတော့သည်။

"ကောကော ဒါတစ်ကယ်ပဲလား"

ဝမ်ညီအစ်ကိုနှစ်ယောက်ထွက်သွားသည်နှင့် ဧည့်ခန်းထဲ၌ ငြိမ်သက်အေးချင်းခြင်းတို့ ပြန်ရောက်လာသည်။ ရွှီရှို့ရှို့သည် သူမ၏မျက်လုံးဝိုင်းကြီးများအား နှစ်လိုဖွယ်မှိတ်ကာ အစ်ကိုဖြစ်သူအား သိချင်စိတ်အပြည့်

ဖြင့် ကြည့်လာသည်။

သူမအစ်ကိုက ဘယ်အချိန်က အင်အားကြီးသွားတာလဲမသိပေမယ့် ဝမ်မာဇီလိုလူကတောင် ကြောက်နေရသည်။

"ကလေး ဒါက ဘာတွေဖြစ်ကုန်တာလဲ"

ကျန်းလီမေလည်း ဇဝေဇဝါ ဖြစ်နေရသည်။

ရွှီဖန်းသည် သူတို့၏ပုခုံးအား ပုတ်ကာ ပြုံးလိုက်သည်။ 

"အမေ စိတ်မပူပါနဲ့...ဝမ်မာဇီက ကျွန်တော်တို့အိမ်ကို လာမရှုပ်ရဲတော့ပါဘူး၊ အမေတို့ မကျေနပ်တာ နစ်နာခဲ့တာရှိရင် ပြောသာပြပါ...ကျွန်တော် ရွှီဖန်းက အားလုံး ကိုင်တွယ်ပေးမယ်"

ဝမ်မာဇီသည် လက်မလျှော့ဘဲ ပြန်လာကောင်း ပြန်လာနိုင်သည်။ သို့သော် သူလည်း ဂရုမစိုက်ပေ။

သူက ရွှီဖန်းအား ဒုက္ခလာမရှာဘူးဆိုရင်တောင် ရွှီဖန်းဘက်ကတော့ ရှာရလိမ့်မည်။ သူ့အဖေကို ဒဏ်ရာရစေသည့်ကိစ္စက အခုထိမပြီးသေးပေ။

ရွှီဖန်း စိတ်ထဲ၌ အစီအစဥ်ချလိုက်သည်။ မနက်ဖြန် ခရိုင်မြို့တော်ကိုသွားကာ အဆောင်ပြုလုပ်ရန် ကုန်ကြမ်းပစ္စည်းများ ဝယ်ရမည်။ 

ထိုအချိန်ကျ ဝမ်မာဇီ ဘယ်သူ့ကိုပဲ ပို့ပါစေ သူမကြောက်တော့ပေ။

All Chapters