အခန်း (၈၀)
Vol. 8 Ch. 80
ကိုယ်ပိုင်လေယာဥ်ဖြင့် ဆယ်နှစ်နာရီကြာပျံသန်းပြီးနောက် သူတို့သည်တောင်ကမ္ဘာခြမ်းရှိ နှင်းထူထပ်သည့်မြို့တစ်မြို့သို့ဆင်းသက်ခဲ့ကြသည်။
လေယာဥ်တံခါးဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် အေးမြသည့်လေအား အားလုံးခံစားလိုက်ရသည်။ သူတို့ မျက်လုံးရှေ့တွင် ရင်သပ်ရှူမောဖွယ်ကောင်းသည့် ငွေရောင်နှင့်အဖြူရောင်တန်ဆာဆင်ထားသည့် နှင်းများဖုံးလွှမ်းနေလေသည်။
ချန်ရွှမ်းနှင့်ယန်ရှီ၏ ယခင်ကလျို့ဝှက်ဆက်ဆံရေးကြောင့် ဒါရိုက်တာယွီသည် X နိုင်ငံ၏မြို့တစ်မြို့ဖြစ်သည့် queenstown အား *Travel* ရှိုး၏နောက်ဆုံး တည်နေရာအဖြစ်ရွေးချယ်ရန် အကြံရလိုက်လေသည်။ လေယာဥ်သည် ကမ္ဘာနေရာအနှံအပြားအား ဖြတ်ကျော်ခဲ့ကာ ပူပြင်းနေသည့်နွေရာသီမှ အေးခဲနေသည့်ဆောင်းရာသီအဖြစ်သို့ ကူးပြောင်းသွားကာ ပရိတ်သတ်များအား ထူးခြားမှုများ ပေးစွမ်းခဲ့သည်။
ပါဝင်သူများ နှင်းများနှင့်ဖုံးလွှမ်းနေသည့် မြေပြင်ပေါ်သို့ခြေချလိုက်သည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ရေးသည့်နေရာတွင် အသံများဆူညံသွားလေသည်။
[နှင်းတွေကျနေတာပဲ၊ ချမ်ရွှမ်း ဒီမှာရှိမနေတာဝမ်းနည်းစရာပဲ၊ အခုတစ်ကြိမ်တော့ ချိုမြိန်ပြီးတော့ ရိုမန့်တစ်ဆန်တဲ့ပုံစံတွေမရှိတော့ဘူးပေါ့]
[နင်ကခောတ်နောက်ပြန်ဆွဲနေတာပဲ ယန်ရှီနဲ့ချန်ရွှမ်းကလမ်းခွဲထားတာ ကြာလှပြီ]
[နှင်းတွေကိုကြည့်ရတာ အရမ်းမိုက်တာပဲ၊ ငါအခုအရမ်းပူနေတာ ငါ့ကိုယ်ငါအတွက်အဲကိုခရီးထွက်ဖို့ပြင်ဆင်ရမယ်]
[ဒါရိုက်တာယွီကအရမ်းမိုက်တာပဲ ငါတို့တွေအခုမမလေးကျုံရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကိုပဲ ကြည့်နိုင်တာမလို့ အဲတာကိုပဲ ငါတို့ကိုယ်ပိုင်ခရီးစဥ်လို့ သဘောထားလိုက်ကြရအောင်]
ကျုံချင်းယွီနှင့်ယန်ရှီ လေယာဥ်မှဆင်းလိုက်သည်နှင့် ပေယွဲ့ပိုင်စီစဥ်ပေးထားသည့် နှင်းဖုံးနေသော SUV ကားအားတွေ့လိုက်ရသည်။ ထိုကားသည် ဆောင်းရာသီမောင်းနှင်မှုများအတွက် ထုတ်လုပ်ထားသည့် နှင်းတာယာများအားတတ်ဆင်ထားသည်။
ကျုံချင်းယွီသည် မျက်မှောင်ကြုတ်လိုက်ကာ
“ငါဒီလိုကားတွေကိုမကြိုက်ဘူး”
သူမ၏မျက်လုံးထဲတွင် SUV အားများသည် ကြမ်းတမ်းကာ သန့်စင်မှုမရှိသည့်ပုံပေါ်သည်။ သူမသည် လှပကာ ဇိမ်ကျသည့်ကားများအား ပို၍နှစ်သက်လေသည်။
ပေယွဲ့ပိုင်သည် ချော့မော့သည့်လေသံဖြင့် ရှင်းပြလေသည်။
“လမ်းတွေကချောတယ်လေ Lincoln limousine တွေကနှင်းကျတဲ့လမ်းအတွက် မသင့်တော်ဘူးလေ၊ SUV ကပိုပြီးသင့်တော်တယ်”
ရှင်းပြသည်အားကြားပြီးနောက် ကျုံချင်းယွီသည် တွန့်ဆုတ်စွာလက်ခံလိုက်သည်
လေယာဥ်အမှုထမ်းများသည် သူမတို့၏လက်ဆွဲအိတ်များအား SUV ကားနောက်ခန်းသို့ ကူညီထည့်ပေးကြသည်။ ကျုံချင်းယွီသည် နောက်ထိုင်ခုံတွင်ဝင်ထိုင်လိုက်ကာ ပေယွဲ့ပိုင်သည် သူမအနောက်သို့လိုက်သွားကာ သူမဘေးတွင်ထိုင်ရန် လုပ်နေလေသည်။
ကျုံချင်းယွီသည် သူအားချက်ချင်းပင်ပြောလိုက်ကာ
“ရှင်ကဘာလို့ ဒီကိုလာနေတာလဲ ချွေးတွေစိုနေတဲ့လူ သွားစမ်းပါ”
ပေယွဲ့ပိုင်၏အပြုံးသည် အနေခက်စွာရပ်တန့်သွားခဲ့သည်။ ရိုက်ကူးရေးအဖွဲ့၏ ကင်မရာများသည်လည်း အနီးအနားတွင်ရိုက်ကူးနေကြသည့်အချိန်ဖြစ်၍ ပိုဆိုးလေသည်။ သေချာသည်မှာ သူ၏ဂုဏ်သိက္ခာမှာ ထိခိုက်သွားခဲ့သည်။
[သူ့ကိုဆက်ဆံသင့်တဲ့ပုံစံအတိုင်းဆက်ဆံလိုက်ပါ]
[အမှန်အတိုင်းပြောရမယ်ဆိုရင် မစ္စကျုံက ပေယွဲ့ပိုင်ကိုခွင့်လွတ်ပေးပြီး ခရီးသွားအကြံပေးအဖြစ်လုပ်ခိုင်းတာကိုက အတော်ရက်ရောနေပါပြီ]
[အမှန်ပဲ ကောင်းဖို့အတွက်ဆိုရင် အဲလိုယောက်ျားမျိုးကိုစွန့်ပစ်သင့်တယ်]
[ငါဒီအရူးကောင်ကိုမြင်တဲ့အခါတိုင်း မအီမသာဖြစ်တယ်]
ပေယွဲ့ပိုင်မျက်နှာပေါ်ရှိ မချိုမချဥ်မျက်နှာအား လျစ်လျူရှုကာ SUV ကားအပြင်တွင် ပျော်ရွှင်စွာဓါတ်ပုံရိုက်နေသည့် ယန်ရှီအား ကျုံချင်းယွီလှည့်ခေါ်လိုက်သည်။
“နင်ဘာလို့ အဲမှာရပ်နေတာလဲ ဝင်လာခဲ့တော့လေ၊ ငါအေးနေပြီ”
ယန်ရှီသည် တစ်ခဏမျှအေးခဲသွားပြီးနောက် နားရွက်ချိတ်မတတ်ပြုံးလိုက်ကာ SUV ကားနောက်ခန်းပေါ်သို့တက်လာခဲ့သည်။
“ငါက နင်ငါ့နဲ့အတူတူ မထိုင်ချင်ဘူးထင်နေတာ”
ကျုံချင်းယွီသည် သူမ၏မေးအားမာနကြီးသည့်ပုံစံမော့လိုက်ကာ
“နင်က ပေယွဲ့ပိုင်ထက်ပိုသန့်ရှင်းတယ်လို့ ငါထင်လို့လေ၊ အနည်းဆုံးတော့ နင်ကချွေးတွေနဲ့မနံစော်နေဘူးလေ၊ အများကြီးတွေးမနေနဲ့”
ယန်ရှီသည်ရီမောလိုက်ကာ
“ကောင်းပါပြီ”
ရိုက်ကူးရေးအဆင်ပြေစေရန်အတွက် ရိုက်ကူးရေးအဖွဲ့၏ ဒါရိုက်တာအား အရှေ့ထိုင်ခုံအားပေးရကာ ပေယွဲ့ပိုင်အားအငှားကားခေါ်ရစေကာ ကျုံချင်းယွီ၏ SUV အနောက်တွင်ချန်ထားခံခဲ့ရသည်။
SUV ကားသည် စိုစွတ်သည့်လမ်းမများပေါ်တွင် ဖြေးဖြေးမှန်မှန် မောင်းနှင်လာခဲ့သည်။ လမ်းချော်ခြင်းအား ရှောင်ရှားရန်အတွက် ကားသည်အန္တရယ်ကင်းသည့်အရှိန်ဖြင့် မောင်းနှင်ခဲ့သည်။
နာရီဝက်ကြာပြီးနောက် ဒါရိုက်တာယွီဘိုကင်တင်ထားပေးသည့် နေရာထိုင်ခင်းဆီသို့ရောက်သွားလေသည်။
ထိုနေရာအား “တည်းခိုခန်း” ဟုခေါ်ကြသော်ညား ထိုနေရာသည် ဇိမ်ခံရေပူစမ်းအပန်းဖြေနေရာပင်ဖြစ်သည်။
ကြီးမားလှသည့်အကျယ်အဝန်းအတွင်းတွင် ဗီလာများအများအပြားရှိကာ ဗီလာအားလုံးတွင် ကိုယ်ပိုင်ရေပူစမ်းပါရှိသည်။
ကျုံချင်းယွီ၏မိသားစုတွင် ဆင်တူသည်ရေပူစမ်းအပန်းဖြေနေရာများ ပိုင်သောကြောင့် ထိုနေရာ၏ များပြားလှသည့်တန်ဖိုးအား သူမချက်ချင်းသတိရလိုက်လေသည်။ သူမသည် မတတ်နိုင်စွာဖြင့် မှတ်ချက်ပြုလိုက်သည်။
“ဒါရိုက်တာယွီ ဒီတစ်ခေါက် တကယ် အကုန်သုံးထားတာပဲ”
ယန်ရှီသည် မမှားနိုင်သည့်အမှတ်တံဆိပ်အားကြည့်လိုက်ရင်း သူမ၏မျက်လုံးများသည် လင်းလက်လာလေသည်။
“ဒီအမှတ်တံဆိပ်ကို ရင်းနှီးနေတယ်လို့ နင်မထင်ဘူးလား”
ထိုအမှတ်တံဆိပ်တွင် ဘာသာစကားနှစ်ခုပါရှိကာ မောင်းရီဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကားပင်ဖြစ်သည်။ ကျုံချင်းယွီသည် မောင်းရီဘာသာစကားအားနားမလည်ပါသော်ညား သူမသည် အင်္ဂလိပ်စကားလုံးအား အလွယ်တကူမှတ်မိနိုင်လေသည်။
“Royal ဟော်တယ် Royal ဟော်တယ်၊ အဲတာကငါတို့မိသားစုပိုင်ဟော်တယ်မလား Queenstown မှာလည်း ငါတို့ဟိုတယ်ရှိတာလား”
ယန်ရှီ: “....”
သူမသည်ကျုံချင်းယွီအား မျက်စောင်းတစ်ချက်ထိုးလိုက်ကာ
“နင် ကျုံမိသားစုရဲ့ ပိုင်ဆိုင်မှုတွေဘယ်မှာရှိလဲတောင် မသိဘူးပေါ့”
ကျုံချင်းယွီသည် ထိုမေးခွန်းအား ပုံမှန်အတိုင်းပြန်ဖြေလိုက်သည်။
“ငါတို့မိသားစုစီးပွားရေးက ကြီးလွန်းတယ်လေ၊ ငါဘယ်လိုလုပ် အကုန်လုံးကို မှတ်မိနိုင်ပါ့မလဲ၊ နင်ရော starlight entertainment ရဲ့အလုပ်တွေအကုန်မှတ်မိနိုင်လို့လား”
ယန်ရှီသည် ထိုမေးခွန်းအားချက်ချင်းအဖြေပေးလိုက်ကာ
“ငါသေချာပေါက် မှတ်မိတာပေါ့”
ကျုံချင်းယွီ: “....”
သူမတစ်ခဏမျှဆွံအသွားကာ
“ပါးစပ်ပိတ်လိုက်တော့”
ယန်ရှီ: T^T
အပြင်ဘက်ရှိ ရုန်းရင်းဆန်ခတ်ဖြစ်သံများကြောင့် ဗီလာတံခါးမှာပွင့်လာကာ တက်ကြွနေသည့် smoyed သည် ထွက်လာပြီး ကျုံချင်းယွီနှင့်ယန်ရှီအနားတွင် ပျော်ရွှင်စွာလှုပ်ရွနေလေသည်။
Cold မြို့၏ပူပြင်းသည့်အပူရှိန်နှင့်မတူပဲ လက်ရှိအေးခဲကာ နှင်းကျသည့်ရာသီဥတုသည် စွတ်ဖားခွေးဖြစ်သည့် ယာကျူအတွက်ပိုကိုက်ညီလေသည်။ ၎င်း၏နူးညံ့သည့် အမွေးနုလေးများသည် နှင်းနှင့်ပင်ရောနှောနေသကဲ့သို့ပင်ဖြစ်နေသည်။ ချစ်စရာကောင်းသည့် ခွေးဂျာကတ်အားဝတ်ထား၍ ပြုံးနေကာ ၎င်းသည် အဆုံးမရှိသည့် စွမ်းအင်များထွက်နေလေသည်။
လုပေယွီ၏ခေါင်းလေးသည် ပြူထွက်လာကာ
“ယန်ရှီ၊ မစ္စကျုံရောက်လာကြပြီပဲ အမြန်ဝင်ခဲ့ကြလေ”
သူသည် သူမတို့အားဗီလာအတွင်းသို့နွေးထွေးစွာ ကြိုဆိုကာ ပေါင်းခံထားသည့်ဝိုင်နှစ်ခွက်အား ယူလာခဲ့သည်။
“ဒါက Queenstown ရဲ့အထူးသီးသန့်ဝိုင်လေ ဒါကိုသစ်ကြားပိုးခေါက်ရယ် တစ်ခြားဟင်းခတ်အမွေးအကြိုင်တွေရယ်နဲ့ လုပ်ထားတာ ဒါက ကျဲတို့ကိုနွေးသွားစေမှာပါ”
ကျုံချင်းယွီနှင့်ယန်ရှီသည် သူမတို့၏ခွက်အားကိုင်လိုက်ကာ လေတွင် မွှေးကြိုင်သည့်ရနံ့များပြည့်စေသည့် ဝိုင်အားသောက်သုံးလိုက်ကာ သူမတို့၏ခန္ဓာကိုယ်အားနွေးစေလေသည်။
လွီယုနှင့်ရဲ့လော့ယီသည် ပထမအသုတ်ရောက်ရှိလာကြသူများဖြစ်ပြီး ကျုံချင်းယွီနှင့်ယန်ရှီမှ ဒုတိယအသုတ်ရောက်ရှိလာကြသူများဖြစ်သည်။ နောက်ဆုံးအသုတ်တွင် မထင်မှတ်ထားသည့်ဧည့်သည်ပါဝင်မှုအားထည့်သွင်းထားကာ မည်သူဖြစ်မည်ကို မသိရသေးပေ။
လုပေယွီသည် မှတ်ချက်ပြုလိုက်သည်။
“ကျဲလော့ယီနဲ့ ကျဲလင်းလင်းက အပေါ်မှာသိမ်းဆည်းနေကြတယ်၊ သူတို့တွေမကြာခင်ဆင်းလာကြမှာပါ”
ကျုံချင်းယွီသည် သူမ၏ဝိုင်အားသောက်သုံးနေရင်း သူမ မသိမသာလေးမေးလိုက်သည်။
“မင်းရဲ့ဒုတိယအစ်မကိုရောရှာတွေ့ပြီလား”
DNA စစ်ဆေးမှု၏ အတည်ပြုပေးမှုအရ သွေးသားတော်စပ်မှုရှိကာ သွေးနမူနာများမှာရောနှောနေသော်ညား ဆေးရုံရှိမှတ်တမ်းများသည် သူမအားရိုးရှင်းစွာဖြင့်ရှာဖွေတွေ့ရှိသင့်သည်။
လုပေယွီ၏အမူအယာမှာ စိတ်ဓါတ်ကျသွားသည့်ပုံပေါက်ကာ
“မတွေ့သေးပါဘူး၊ သူမကလေထဲမှာပျောက်ကွယ်သွားသလိုပဲ ဘာသဲလွန်စမှမကျန်ခဲ့ဘူး”
ကျုံချင်းယွီသည် တခဏမျှအံ့အားသင့်သွားကာ ယန်ရှီအားအလိုလိုစိုက်ကြည့်မိသွားသည်။
သို့သော်လည်း ယန်ရှီသည်သူမ၏ဝိုင်အားစိတ်ပါလက်ပါသောက်နေကာ သူမတို့နှစ်ဦးကြားရှိစကားဝိုင်းအား လျစ်လျူရှုထားပုံရသည်။
“ကျုံချင်းယွီ နင်တို့ဘာလို့ဒီလောက်နောက်ကျနေတာလဲ၊ နင်တို့တွေကအရမ်းနှေးတာပဲ”
ဆုလင်းလင်းသည် သူမ၏ခရီးဆောင်အိတ်အားအပေါ်ထပ်မှဆွဲချရင်း ပေါ်လာခဲ့သည်။ သူမကျုံချင်းယွီအားမြင်လိုက်သည်နှင့် သူမသည်သူမ၏တင်ပါးပေါ်လက်တင်လိုက်ကာ အောင်ပွဲခံသည့်အမူအယာအားလုပ်လိုက်ရင်း
“ငါတို့ကနင်တို့ထက် တစ်နာရီစောရောက်နေတာနဲ့တင် နင်တို့ကိုအနိုင်ယူပြီးသွားပြီ”
ကျုံချင်းယွီသည် ပေါ့ပါးစွာလှောင်ပြောင်လိုက်သည်။
“အဲတာကကြွားလုံးထုတ်ဖို့ တန်တဲ့ကိစ္စမလို့လား”
ဆုလင်းလင်းသည် ဂရုမစိုက်ပေ။ သူမပြောချင်သည်မှာ သူမကျုံချင်းယွီအားအနိုင်ယူနိုင်ခဲ့သည် ဆိုသည့်အကြောင်းပင်ဖြစ်သည်။
ဆုလင်းလင်း၏နောက်တွင် ရဲ့လော့ယီလိုက်လာလေသည်။ သူမသည် တည်ငြိမ်ပြီးလိုက်လျောညီထွေဖြစ်သည့်ပုံပေါက်ကာ သူမ၏ပုံစံအတိုင်း သဘာဝဆန်ကာနှိမ့်ချတတ်သည့် သူပုံစံမျိုးပေါက်စေပြီး ပြီးပြည့်စုံမှုကိုဖော်ညွှန်းစေလေသည်။
သူမသည် ၎င်းတို့အားညင်သာစွာနှုတ်ဆက်လေသည်။
“ချင်းယွီ ယန်ရှီ နင်တို့လည်း ရောက်လာကြပြီပဲ”
ဧည့်ခန်းထဲတွင် ဆွဲဆောင်မှုပြည့်ဝသည့်ရုပ်ရည်များရှိသည့် မိန်းမငယ်များ ယောက်ျားလေးများနှင့်ပြည့်နေကာ ပြီးပြည့်စုံသည့် မြင်ကွင်းအားဖန်တီးထားသည်။ လုပေယွီသည် အခန်းတွင်းစီးဆင်းနေသည့် သိမ်မွေ့သည့်အလိုက်အထိုက်ပုံစံအား မဖျက်ဆီးနိုင်ကာ သူ၏စကားလုံးများမလိုအပ်သည့်ပတ်ဝန်းကျင်ဟုထင်မိလေသည်။
ပေယွဲ့ပိုင်သူ၏လက်ဆွဲအိတ်အား ဧည့်ခန်းထဲသို့ တွန်းလာသည်အထိပင် ထိုကဲ့သို့ဖြစ်နေလေသည်။
“ချင်းယွီ မင်းဘယ်အခန်းမှာနေမှာလဲ၊ ကိုယ်မင်းရဲ့လက်ဆွဲအိတ်ကို အပေါ်ထပ်ကိုကူသယ်သွားပေးမယ်”
တခဏချင်းမှာပဲ ဧည့်ခန်းထဲရှိလေထုသည် အေးခဲသွားခဲ့သည်။ ပါဝင်သူများ၏ မျက်နှာအမူအယာများမှာလည်း ရုပ်ခြည်းပြောင်းလဲသွားခဲ့ကာ ဆုလင်းလင်းနှင့်လုပေယွီမှာ ထိတ်လန့်မှုကြောင့်ပါးစပ်များဟလာကြကာ ပေယွဲ့ပိုင်၏အကြည့်သည်လည်း ထိတ်လန့်တုန်လှုပ်သွားလေသည်။ ပြီးနောက် ရဲ့လော့ယီ၏ မျက်လုံးထဲတွင် အေးစက်မှုများဖြတ်ပြေးသွားခဲ့သည်။
ယောင်ကျူပင်လျှင် အခန်းတွင်းရှိ လေးလံသည့်တင်းမာမှုအားခံစားမိပုံစကာ သူ၏ဘေ့စ်ဘောဦးထုပ်လေးအားကိုင်ထားရင်း တီးတိုးလေးညီးညူနေလေသည်။
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုမှတ်ချက်များမှာ အရူးအမူးဖြစ်သွားခဲ့သည်။
[ဝိုး ဒီအဆင့်မြင့် ဒရမ်မာကားကဘာလဲဟ]
[ချကြ ချကြ ချကြ၊ ငါသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတွေကိုကြည့်ရတာ သဘောကျတယ်]
[ငါအထင် အဖြူရောင်စုံတွဲကတကယ်ထင်တယ်၊ ပေယွဲ့ပိုင်နဲရဲ့လော့ယီရဲ့အကြည့်တွေကိုပဲ ကြည့်လိုက်စမ်းပါ သူတို့တွေလိုက်ဖက်မှုတွေကိုထုတ်လွတ်နေတာပဲ၊ တီဗီဒရမ်မာတွေကတောင် ဒီလောက်မပြင်းထန်ဘူး]
[အကြံသမားနဲ့မရင့်ကျက်သေးတဲ့သူ ငါကတော့မမလေးကိုနိုးထစေချင်ပြီ၊ ပေယွဲ့ပိုင်ကသူမနဲ့မထိုက်တန်ဘူး]
ကျုံချင်းယွီသည် ဆိုဖာပေါ်တွင်ထိုင်ကာ သူမ၏ဝိုင်အားအေးအေးဆေးဆေးသောက်နေလေသည်။
သူမသည် ထိုအရှုပ်အထွေး၏တစ်စိတ်တစ်ပိုင်းဖြစ်သော်ညား သူမသည် ယခုတင်းမာနေသည့်အခြေအနေတွင်မူ သူမသည်ရဲ့လော့ယီနှင့်ပေယွဲ့ပိုင်အား အေးဆေးစွာကြည့်နေလေသည်။
ပေယွဲ့ပိုင်သည် ဖိအားအားခံစားလိုက်ရသည်။ ဆောင်းရာသီ၏အေးစက်သည့်ရာသီဥတုတွင် ချွေးများသည်သူ၏လည်ပင်းမှတစ်ဆင့်စီးဆင်းလာကာ သူမအင်္ကျီကော်လာထဲသို့စီးဝင်ပျောက်ကွယ်သွားလေသည်။ သူသည် ရဲ့လော့ယီ၏အကြည့်အား တမင်လျစ်လျူရှုလိုက်ကာ ကျုံချင်းယွီဘက်သို့လှည့်လိုက်လေသည်။
“ချင်းယွီ မင်းယန်ရှီနဲ့အတူနေမဲ့ အခန်းကဘယ်အခန်းလဲ၊ ကိုယ်မင်းရဲ့လက်ဆွဲအိတ်ကို အပေါ်ထပ်ကိုသယ်ဖို့ကူညီပေးမယ်”
ကျုံချင်းယွီသည် သိမ်မွေ့စွာရီမောလိုက်ကာ
“အလျင်မလိုပါဘူး ရှင်အခုအရင်ကအသိအကျွမ်းတစ်ယောက်နဲ့ဆုံနေတာကို ဘာလို့နှုတ်မဆက်သွားရမှာလဲ”
ပေယွဲ့ပိုင်သည် အေးခဲသွားကာ သူ၏ရှင်းပြချက်သည် အလိုလိုထွက်လာခဲ့သည်။
“ကိုယ်မင်းကိုပြောပြီးပြီလေ၊ ရဲ့လော့ယီနဲ့ကိုယ်က ကိုယ်တို့ရဲ့အတွဲပုံရိပ်အတွက် လူတွေကိုစိတ်လှုပ်ရှားစရာကောင်းအောင်လုပ်ပေးရုံပါကွာ”
“ကျွန်မသိတယ်လေ”
ကျုံချင်းယွီသည် စိတ်မရှည်စွာဖြင့်ဖြတ်ပြောလိုက်ကာ
“ဒါပေမဲ့ ရဲ့လော့ယီက ရှင့်ရဲ့ ကုမ္ပဏီကအနုပညာတစ်ယောက်မလား၊ သူမကိုအဲလောက်ရှောင်စရာအကြောင်းမရှိပါဘူး ဟုတ်တယ်မလား”
[LOL ပေယွဲ့ပိုင်ကဒီတစ်ခါတော့ သိသာလွန်းနေတယ်]
[တကယ် သူက ကုမ္ပဏီသူဌေးလေ တကယ်လို့အဲတာကလူထုအတွက်သာဆိုရင် ဘာလို့ သူကရဲ့လော့ယီဘေးမှာဆိုရင် ရယ်စရာကောင်းအောင် အနေရခက်နေရတာလဲ]
[ပေယွဲ့ပိုင်ရဲ့အမူအယာကကြည့်ရတာ သူ့မှာအများကြီးအပြစ်ရှိနေတဲ့ပုံပေါက်တယ်]
[ငါတွေးကြည့်တာလေ သူ့ကြည့်ရတာ ရဲ့လော့ယီအပေါ်လည်း အပြစ်ရှိသလို မမလေးအပေါ်လည်း အပြစ်ရှိနေပုံရတယ်]
အမှန်တွင်လည်း ပေယွဲ့ပိုင်မှာအလွန်ပင်စိတ်မကောင်းဖြစ်မိသည်။
သီအိုရီအရ “Journey” ၏ပါဝင်သူအဖွဲ့လေးဖွဲ့သည် ၎င်းတို့၏ကိုယ်ပိုင်အချိန်ဇယားများရှိပြီး တည်းခိုခန်း၏အပြင်ဘက်သို့ ကူသန်းခြင်းမှာရှားပါးလေသည်။ အကယ်၍ထိုသို့သာမဟုတ်ခဲ့လျှင် ပေယွဲ့ပိုင်သည် ကျုံချင်းယွီ၏အနောက်အားလိုက်၍ ၎င်းတို့နှစ်ဦးကြားရှိအရာများအား ပြန်ပြင်ဖို့ကြိုးစားနေမည်မဟုတ်ပေ။
ပေယွဲ့ပိုင်သည် သတိဖြင့်နေဖို့စီစဥ်ထားခဲ့ကာ ရဲ့လော့ယီနှင့်ဆုံဆည်းခြင်းမှ ရှောင်ရှားရန်စီစဥ်ခဲ့လေသည်။ သို့ပေမဲ့ သူတည်းခိုခန်းသို့ဝင်လိုက်ချိန်တွင် ထိုဒရမ်မာဆန်ဆန်အဖြစ်အပျက်သို့ ရုတ်ခြည်းဝင်ရောက်သွားမည်ဟု မထင်ခဲ့ပေ။
ပေယွဲ့ပိုင်သည် ရဲ့လော့ယီအားမနာကျင်စေချင်တော့သော်ညား ကျုံချင်းယွီအား ပျော်ရွှင်အောင်ထားဖို့သည်လဲ အရေးကြီးလေသည်။
“ကိုယ်မှာအခု ချစ်သူရှိသွားပြီလေ၊ ကိုယ်သေချာပေါက် သင့်တင့်အောင်ပြုမူသင့်ပြီလေ လက်အောက်ငယ်သားတွေနဲ့လည်း အတူပါပဲ”
သူအကြောင်းပြချက်ပေးလေသည်။
ရဲ့လော့ယီသည် သူမကိုယ်သူမမထိခိုက်စေခဲ့ပဲနှင့် အခြေအနေအား ချောမွေ့စွာကျော်ဖြတ်ခဲ့သည်။ သူမသည်ကျုံချင်းယွီဘေးတွင် အေးဆေးတည်ငြိမ်စွာဖြင့် ထိုင်လိုက်သည်။
“ချင်းယွီ ဒုတိယသခင်လေးက အထင်လွဲစရာတွေကိုရှောင်ဖို့ဒီလိုလုပ်နေတာပါ၊ သူနင့်ကိုတကယ်ဂရုစိုက်ပါတယ်”
မျက်လုံးအားလုံးသည် ရဲ့လော့ယီထံသို့ အကြည့်ရောက်သွားကြကာ ၎င်းတို့၏မျက်လုံးအိမ်များမှာ တစ်ယောက်ထပ် တစ်ယောက် မယုံနိုင်လောက်အောင်ကျယ်နေလေသည်။
ရဲ့လော့ယီ၏ ထိုမျှတည်ငြိမ်မှုအဆင့်သည် မယုံကြည်နိုင်စဖွယ်ပင်ဖြစ်သည်။
ဆုလင်းလင်းပင်လျှင် ဖြစ်ပျက်နေသည့်အရာများအား နားမလည်နိုင်တော့ပေ။
ပေယွဲ့ပိုင်သည် ပထမဆုံးတုန့်ပြန်လိုက်သူဖြစ်ကာ ရဲ့လော့ယီ၏ ပြောစကားအားချောမွေ့စွာလိုက်ပြောလေသည်။
“ဟုတ်တယ် ချင်းယွီ အဲတာကကိုယ်မင်းကို အများကြီးဂရုစိုက်လို့ပါ၊ ကိုယ်နဲ့ရဲ့လော့ယီကြားမှာ တကယ်ဘာမှမရှိပါဘူး”
ကျုံချင်းယွီ၏ ပေယွဲ့ပိုင်၏ပြန်ဖြေကြားချက်အား စိတ်မဝင်စားပေ။ သူ၏သရုပ်ဆောင်ချက်သည် သူမအားဆွဲဆောင်နိုင်ဖို့ရာအတွက် ဆိုးရွားလွန်းလေသည်။ သူမသည် ရဲ့လော့ယီဘက်သို့ကြည့်လိုက်ကာ သူမ၏မျက်လုံးတွင် စနောက်ချင်စိတ်များဖြင့် ပြည့်နေလေသည်။
ရဲ့လော့ယီသည် ညင်သာစွာပြုံးနေကာ သူမ၏အမူအယာမှာအပြစ်အနာမရှိနေပေ။ နူးညံ့သိမ်မွေ့သော်လည်း ပေါ့ပေါ့ပါးပါးနှင့် တည်ငြိမ်အေးချမ်းစွာ ဖြစ်နေလေသည်။
ဝမ်းနည်းမှုသို့မဟုတ် နာကြည်းသည့်အရိပ်အယောင်ပင်မရှိပေ။
Systemပင်လျှင် သူများ လက်မထောင်ပြလိုက်ရသည်။
[ရဲ့လော့ယီကတော့ အံ့ဩစရာပဲ ဒီစွမ်းရည်ကြီးနဲ့ သူမအော်စကာဆု မရလိုက်တာနှမြောစရာပဲ]
ယန်ရှီသည်လည်း အကြွင်းမဲ့သဘောတူကာ
“နောက်ဆုံးတော့လည်း သူမကအဓိကဇာတ်ဆောင်ပဲလေ”
ကျုံချင်းယွီမေးလိုက်သည်။
“ရဲ့လော့ယီ နင်ဒေါသမထွက်ဘူးလား”
စားပွဲပေါ်ရှိအပူပေးမီးဖိုအသေးလေးပေါ်တွင် ဝိုင်အိုးအားတင်ထားလေသည်။ ရဲ့လော့ယီသည် ဝိုင်အိုးထဲသို့ သစ်ကြားပိုးခေါက်အနည်းငယ်ထည့်လိုက်ကာ တည်ငြိမ်စွာပြန်လည်ဖြေကြားခဲ့သည်။
“ဘာဒေါသထွက်စရာရှိလို့လဲ၊ အဲတာဒီတိုင်း လူထုအတွက်စတန့်ပြကွက်သက်သက်ပဲလေ ခဏအတွက်ပဲလေ ပြီးတော့အမှန်မှမဟုတ်ပဲ”
ရဲ့လော့ယီ၏ ပရိတ်သတ်များသည် ချက်ချင်းပင်ထောက်ခံလိုက်ကြသည်။
[ငါဒါကိုပြောနေတာကြာလှပြီ၊ ငါတို့လော့ယီကဆက်ဆံရေးဖျက်စီးတဲ့သူမဟုတ်ဘူး]
[အမှန်ပဲ တကယ်လို့အဲတာကတစ်ယောက်ယောက်ရဲ့အမှားဆိုရင် အမှားရှိတဲ့သူကပေယွဲ့ပိုင်ပဲ၊ ငါတို့လော့ယီကအပြစ်ကင်းတယ်]
[လော့ယီကဘာအမှားလုပ်ခဲ့လို့လဲ၊ သူမက သူမသူဌေးရဲ့ ညွှန်ကြားချက်ကိုလိုက်နာခဲ့ရုံပဲလေ]
ကျန်ရှိနေသည့်စကားများအတွက် ရဲ့လော့ယီသည် ကျူံချင်းယွီအားကြည့်၍ ပြောလိုက်သည်။
“ချင်းယွီ ငါတကယ်ရိုးရိုးသားသားပြောနေတာပါ ငါနဲ့ပေသခင်လေးရဲ့ကြားမှာ တကယ်ဘာမှမရှိပါဘူး၊ ငါတို့နှစ်ယောက်ကဒီတိုင်းမိတ်ဆွေတွေပါ ဒါပေမဲ့နင်တို့နှစ်ယောက်ကတော့ တကယ်လိုက်ဖက်တာပါ၊ ငါနင်တို့နှစ်ယောက်လုံးတစ်သက်လုံးအတူပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးပါတယ်”
မူလက ပြင်းထန်သည့်တိုက်ပွဲ တိုက်ပွဲဖြစ်လာနိုင်သည့်အလားအလာမှာ ရဲ့လော့ယီ၏ သိမ်မွေ့နူးညံ့ကာလိမ္မာပါးနပ်သည့် စကားလုံးများအောက်တွင် ပျောက်ကွယ်သွားခဲ့သည်။
ဟန်ဆောင်သည်ပဲဖြစ်စေ အစစ်မှန်သည်ပဲဖြစ်စေ ရဲ့လော့ယီ၏လုပ်ဆောင်ချက်သည် တိုက်ရိုက်ထုတ်လွှင့်မှုအားကြည့်နေသည့် ပရိတ်သတ်များအား သူမသည် ဆက်ဆံရေးဖျက်ဆီးသူဖြစ်သည်ဆိုသည့်အရာအား မေ့ပစ်စေခဲ့သည်။
အမှန်တရားအားသိသည့် ဆုလင်းလင်းသည်သာ စကားပြောသည့်အကြောင်းအရာသည်ပြောင်းလဲသွားပြီး အခြားသူများအားလုံးသည် ပျော်ရွှင်စွာပြောနေကြချိန်တွင် သူမသည်မိုက်ခရိုဖုန်းအား တိတ်တဆိတ်ပိတ်လိုက်ကာရဲလော့ယီထံသို့ ကပ်သွားကာ တိုးတိုးတိတ်တိတ်မေးလိုက်သည်။
“လော့ယီ နင်အဆင်ပြေရဲ့လား”
ရဲ့လော့ယီသည်လည်း သူမ၏မိုက်ခရိုဖုန်းအားပိတ်လိုက်ကာ ဝိုင်အားထူးခြားမနားမွှေနေရင်း
“ငါအဆင်ပြေပါတယ်”
အချိန်မှာ ညနက်နေပြီဖြစ်သည်။ ၁၂နာရီကြာလေယာဥ်စီးခဲ့ပြီးနောက် Queenstown နှင့်တရုတ်ကြားရှိ အချိန်ကွာခြားချက်ရှိသဖြင့် ယခုဒေသအချိန်မှာ မနက်နှစ်နာရီဖြစ်သည်။
ပါဝင်သူများသည် ဧည့်ခန်းထဲတွင်စုဝေးနေကြဆဲဖြစ်ကာ အထူးဧည့်သည်ရောက်ရှိလာမှုအား စောင့်မျှော်နေကြသည်။
နောက်ခံဒေတာအားစောင့်ကြည့်နေရင်း ဒါရိုက်တာယွီ၏စိတ်အခြေအနေမှာအလွန်ကောင်းမွန်နေလေသည်။ ဧည့်ခန်းထဲရှိပြင်းထန်သည့် ပဋိပက္ခသည် မျှော်လင့်ထားသည့်အတိုင်း မပေါ်ပေါက်ခဲ့သော်လည်း ၎င်းကြောင့် အစီအစဉ်၏ ရေပန်းစားမှုသည် သိသိသာသာ မြင့်တက်လာခဲ့သည်။
အထူးဧည့်သည်အတွက်မူ ဒါရိုက်တာယွီသည် ၎င်းတို့သည်အစီအစဥ်အားပို၍ပင် ဖျော်ဖြေမှုပေးနိုင်မည်ဟု ယုံကြည်လေသည်။
ဧည့်ခန်းထဲတွင် ဒါရိုက်တာယွီသည် အဖွဲ့သုံးဖွဲ့အား ရောက်ရှိလာမည့်အရာများအား မိတ်ဆက်ပေးနေလေသည်။
“ငါတို့ရဲ့ရှိုးက တိုက်ရိုက်ထုတ်လွှင့်နေတာ အပိုင်းနှစ်ပိုင်းရှိသွားပြီ၊ ငါတို့ဆီမှာ အချစ်ဆုံးသူငယ်ချင်းအတွဲ လက်ထပ်ပြီးသားအတွဲ စေ့စပ်ထားတဲ့အတွဲနဲ့ လူနဲ့ခွေးအတွဲပါရှိပြီးသွားပြီ”
“ဒီအချိန်မှာတော့ ငါတို့ကလုံးဝအသစ်တစ်မျိုးဖြစ်တဲ့ အဖေနဲ့သားအတွဲကို မိတ်ဆက်ပေးသွားမှာပါ”
ကျုံချင်းယွီသည် မျက်ခုံးပင့်လိုက်ကာ
“အဖေနဲ့သားလား အဲတာဆိုရင် အသက်ကြီးတဲ့သူမဟုတ်ရင် ငယ်သေးတဲ့သူပေါ့ ငါတို့ဖျော်ဖြေရေးနယ်ပယ်ထဲမှာနာမည်ကြီးတဲ့ အဖေနဲ့သားအတွဲရှိလို့လား”
ယန်ရှီသည် တစ်ခဏမျှတွေးလိုက်ကာ “ဖြစ်နိုင်တာကတော့ “Where are we going dad” ဆိုတဲ့အစီအစဥ်ကတစ်ယောက်ယောက်မြန်းလား”
ကျုံချင်းယွီသည် သဘောမကျစွာဖြင့် သူမ၏လက်အားယမ်းလိုက်ကာ
“အဲတာဆိုရင် လုံးဝကလေးပဲလေ၊ ငါကလေးတွေကိုသည်းမခံနိုင်ဘူး သူတို့ကအရမ်းစိတ်ညစ်စရာကောင်းတယ်”
“သူတို့တွေက ငါတို့နဲ့အတူလျှောက်သွားနေမှာမဟုတ်ဘူးလေ”
ယန်ရှီသည် သူမစိတ်ချမ်းသာအောင်ပြောလိုက်သည်။
သူမတို့စကားပြောနေချိန်တွင် နောက်ဆုံးအတွဲ သည်ဝင်လာခဲ့သည်။
ငယ်ရွယ်သည့်အမျိုးသားနှစ်ဦးဝင်ရောက်လာခဲ့သည်။ တစ်ယောက်သည် အဖြူရောင်ဆောင်းတွင်းဝတ်အနွေးထည်အားဝတ်ထားကာ အခြားတစ်ယောက်သည် အနက်ရောင်ဆောင်းတွင်းဝတ်အနွေးထည်အားဝတ်ထားလေသည်။ ၎င်းတို့၏အရပ်မှာတူညီလုနီးပါးဖြစ်ကာ နှစ်ဦးစလုံးသည် ၆ပေ၂လက်မခန့်ရှိကြသည်။ ၎င်းတို့နှစ်ဦးဧည့်ခန့်ထဲသို့ဝင်လာချိန်တွင် လေထုသည်ပြောင်းလဲသွားကာ ၎င်းတို့သည်အခန်းထဲသို့ဖိအားတစ်ခုယူဆောင်လာသကဲ့သို့ပင်ဖြစ်သည်။
ယန်ရှီသည်ဆိုဖာပေါ်တွင်ထိုင်နေကာ သူမသည် ၎င်းတို့၏မျက်နှာအားမြင်နိုင်ရန်အတွက်ခေါင်းအား အဆင်မပြေသည့်အမြင့်အထိမော့လိုက်ရလေသည်။
သူမတိတ်ဆိတ်သွားခဲ့သည်။
ကျုံချင်းယွီသည်လည်း စကားဆက်မပြောတော့ပေ။
အခြားသူများသည်လည်း ဘာမှမပြောကြကာ ဧည့်ခန်းထဲရှိတိတ်ဆိတ်နေချိန်တွင် ယန်ရှီသည်ပေယွဲ့ပိုင်၏အံကြိတ်နေသံကိုသာ ပြတ်ပြတ်သားသားကြားလိုက်ရသည်။
“အဲတာဆို”
ကျုံချင်းယွီသည် အဖြူရောင်ဆောင်းတွင်းဝတ်အနွေးထည်ဝတ်ဖားသည့် ပေဟန်လီအား လက်ညိုးထိုးကာ အနက်ရောင်ဆောင်းတွင်းဝတ်အနွေးထည်းဝတ်ထားသည့် ကျုံယန်စီအားလက်ညိုးထပ်ထိုးလိုက်ရင်း
“ရှင်တို့နှစ်ယောက်ထဲမှာ ဘယ်သူကအဖေလဲ၊ ဘယ်သူကသားလဲ၊ အဖေနဲ့သားအတွဲကို အစားမထိုးလိုက်ခင်မှာ ရှင်တို့တွေအတွက်ပိုပြီးတိကျမဲ့ နာမည်နဲ့လာလို့မရဘူးလား”
ပေဟန်လီသည် ရယ်မောလိုက်ကာ
“အစားထိုးတာမဟုတ်ပါဘူး ကိုယ့်အမျိုးသမီးလေးရဲ့၊ ကိုယ်ကတကယ်ဧည့်သည်အနေနဲ့ဖိတ်ကြားခံရတာပါ ပြီးတော့ ရိုက်ကူးရေးအဖွဲ့ကကိုယ့်ကို ယာယီသားတစ်ယောက်ရှာပေးမယ်ပြောတယ် ဒါပေမဲ့ မထင်ထားခဲ့ဘူး”
သူ၏အကြည့်သည် ကျုံယန်စီထံသို့ရောက်သွားကာ
“သူတို့တွေစီစဥ်ပေးတဲ့ သားကဒီလောက်တောင်ကြီးနေလိမ့်မယ်လို့”
ကျုံယန်စီသည်လည်း တူညီသည့်အထင်သေးသည့်အကြည့်ဖြင့်ပြန်ကြည့်ကာ
“သူတို့တွေငါ့ကိုဖိတ်တုန်းကလဲ ငါ့ကို ပုန်ကန်တတ်တဲ့ယာယီသား တစ်ယောက်နဲ့တွဲပေးမယ်ပြောခဲ့တာပဲ၊ ဘယ်သူကောမင်းကယာယီသား ဖြစ်နေမယ်လို့ထင်မှာလဲ”
ပေဟန်လီ: “.....”
“မင်းက ငါ့လိုအရွယ်ရဲ့အဖေလုပ်နိုင်မယ်လို့ထင်လို့လား”
“အဲတာဆိုမင်းကတော့ ငါ့လိုအရွယ်ရဲ့အဖေလုပ်နိုင်မှာမလို့လား”
“ငါစမ်းကြည့်နိုင်ပါတယ်”
“သွားစမ်းပါ”
ဒါရိုက်တာယွီသည် ကျေနပ်စွာဖြင့်လက်ခုပ်တီးလိုက်ကာ ပျော်ရွှင်စွာကြည့်နေလေသည်။
“မြင်လား ဒါကယောက်ျားလေးတွေကြားထဲကအနှစ်သာရပဲ၊ “ငါမင်းရဲ့အဖေဖြစ်ချင်တယ်” အဖေနဲ့သားအတွဲအတွက်လုံးဝပြီးပြည့်စုံတယ်”
အဖွဲ့သားများ: “....”
အစည်းအဝေးပြီးနောက် ပါဝင်သည့်သူများသည် ၎င်းတို့၏အခန်းထဲသို့ပြန်ကြသည်။
အခန်းပြန်သည့်လမ်းတွင် ကျုံချင်းယွီနှင့်ကျုံယန်စီသည် ခဏတာဘေးချင်းကပ်လမ်းလျှောက်ရလေသည်။ ကျုံချင်းယွီ၏အမူအရာသည် အေးစက်နေကာ သူမအသံအားတိုးလိုက်ရင်း
“ကျုံယန်စီ နင်ရှိုးကို ယန်ရှီနောက်ကိုလိုက်ဖို့ ဝင်လာခဲ့တာလား၊ နင်ကအောင်မြင်သူတွေရဲ့ဘုရင်မဟုတ်ဘူးလား ပြီးတော့နင်မှာ ကုမ္ပဏီတစ်ခုလုံးစီမံစရာလိုသေးတယ်လေ”
“ငါကဒီနိုင်ငံမှာရှိတဲ့ ငါတို့ဟော်တယ်ရဲ့လုပ်ဆောင်ချက်တွေကိုလာစစ်ဆေးရင်း ဒီရှိုးမှာပါဖို့ အကြောင်းဖန်လာတာ”
ကျုံယန်စီသည်အမှုမဲ့အမှတ်မဲ့ပင်ပြန်ဖြေလိုက်သည်။
“တစ်စုံတစ်ယောက်ရဲ့ကျေးဇူးကြောင့်မလို့ ငါမုန့်လုပ်ငန်းစုကို စိတ်ပူစရာမလိုတော့ဘူးလေ၊ ငါ့မှာအားလပ်ချိန်တွေအများကြီးပဲ ဒါပေမဲ့ နင်ကရော သရုပ်ဆောင်အလုပ်ရော ရသစုံရှိုးတွေကော ပြီးတော့ မုန့်လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌအနေနဲ့ကောအလုပ်တွေလုပ်နေတာ အဆင်ပြေရဲ့လား”
“အဲတာနင်နဲ့ဘာမှမဆိုင်ဘူး”
ကျုံချင်းယွီသည် ယန်ရှီလက်အားဆွဲလိုက်ကာ သူမတို့အခန်းသို့ ဝင်သွားလေသည်။
ဆေးကြောပြီးနောက် ယန်ရှီသည် သူမ၏ပုံမှန်အလေ့အကျင့်အားလုပ်ရန် မီးဖိုချောင်သို့သွား၍ နွားနို့အနည်းငယ်အားနွေးနေလေသည်။
ယခုတလော သူမသည်ကျုံချင်းယွီ၏ အိပ်ရာမဝင်ခင် အိပ်ကောင်းစေရန် နွားနို့ချိုချိုလေးသောက်တတ်သည့်အကျင့်အား လိုက်ကျင့်နေမိသည်။
မီးဖိုချောင်ထဲတွင် ယန်ရှီသည် ကျုံယန်စီနှင့်ဆုံလေသည်။
လန့်ဖြန့်သွားပြီနောက် သူမသည် မီးဖိုချောင်ကင်မရာများအားရှောင်ရန်အတွက် သူ့အားရေခဲသေတ္တာအနောက်သို့ ဆွဲလိုက်သည်။
“ကောဒီမှာဘာလုပ်နေတာလဲ”
သူမတီးတိုးလေးမေးလိုက်သည်။
ရေခဲသေတ္တာအားမှီထားရင် ကျုံယန်စီသည် သူမ၏လက်အားဆော့ကစားနေလေသည်။
“ပေဟန်လီရဲ့ ပါဝင်မှုကကိုယ့်ကိုစိုးရိမ်စေလို့ပါ၊ အဲတာကြောင့်ကိုယ်သူနဲ့ ပါတနာဖွဲ့လိုက်တာ”
ယန်ရှီသည် ရုတ်တရက်နားလည်သွားလေသည်။ ပေယွဲ့ပိုင် ခရီးသွားအကြံပေးအဖြစ်သာ နေရာရခဲ့သည်မှာ အံ့ဩစရာမဟုတ်ပေ။ ပေဟန်လီသည် ဧည့်သည့်နေရာအား လုထားသည်မှာကြာလှပြီဖြစ်နိုင်သည်။
သူသည်အပြင်းအထန်ဆန့်ကျင်နေသူဖြစ်သည်။ သူမအား သူဘေးတွင်စောင့်ကြည့်နေမှရမည်ဖြစ်သည်။
သို့သော် သူမတို့သည် ပေဟန်လီနှင့်အတူခရီးသွားကြမည်မဟုတ်၍ သူမတို့နှင့်သူအကြားဆက်ဆံမှုမှာ အနည်းငယ်မျှသာဖြစ်သင့်လေသည်။ ပြဿနာများမရှိသင့်ပေ။
ပို၍ကြီးများသည် ပြဿနာမှာကျုံယန်စီဖြစ်သည်။
သူမတို့နှစ်ဦးကြားတွင် ကမ္ဘာတစ်ဝက်ခြားနေချိန်တွင် ကျုံချင်းယွီသတိမထားမိနိုင်သော်ညား ယခုကျုံယန်စီသည်နီးကပ်နေကာ သူမတို့နှစ်ဦးကြားဆက်ဆံရေးအား ဖုံးကွယ်ထားရန်ခက်ခဲမည်ဖြစ်သည်။ အကယ်၍ ကျုံချင်းယွီသာ သူမတို့နှစ်ဦးပတ်သက်မှုအားသိသွားခဲ့လျှင် သူမပို၍ပင်စိတ်ဆိုးသွားမည်ဖြစ်သည်။
ယန်ရှီသည် ကျုံယန်စီအားကြည့်လိုက်ကာ နှစ်စက္ကန့်မျှတွန့်ဆုတ်သွားပြီး နောက် သူမပြောလိုက်သည်။
“ကျုံယန်စီ ကျွန်မတို့လေ အခုအချိန်အတွက် ခဏအတူမရှိကြရရင်ရော”
ကျုံယန်စီသည်အေးခဲသွားကာ သူ၏အကြည့်မှာပို၍ အေးစက်လာလေသည်။
“ယန်ရှီ ကိုယ်ကစကားပြောရလွယ်တယ်လို့ မင်းထင်လို့လား”
ယန်ရှီသည် မျက်တောင်ခတ်လိုက်ကာ ခေါင်းညိတ်ပြလေသည်။
ကျုံယန်စီသည် ပြောစရာစကားမဲ့သွားလေသည်။ သူသည် ယောက်ျားလေးငတုံးများအား မြင်ဖူးပါသော်ညား အခြားသူ၏ခံစားချက်အားဂရုမစိုက်၍တောင်းပန်ချင်ပုံမရသည့် အမျိုးသမီးအားပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ အဓိကပြဿနာမှာ သူမ၏ဆင်ခြင်တုံတရားသည် သူညီမအနားမှာတွင် လည်ပတ်နေခြင်းဖြစ်သည်။
ကျုံယန်စီမေးလိုက်သည်။
“ကိုယ့်ကိုရိုးရိုးသားသားဖြေပေး၊ တကယ်လို့ကိုယ်နဲ့ကျုံချင်းယွီ ရေထဲပြုတ်ကျသွားရင် မင်းဘယ်သူ့ကိုကယ်မှာလဲ”
ယန်ရှီ: ?
ဒါကဘယ်လိုတောင်ရီစရာကောင်းတဲ့မေးခွန်းကြီးလဲ။ ဒီလိုဘေးကြပ်နံကြပ်မေးခွန်းတွေက များသောအားဖြင့် အမျိုးသားတွေအတွက်မဟုတ်ဘူးလား။
ယန်ရှီသည် သမားရိုးကျပုံစံဖြင့်ဖြေလိုက်လေသည်။
“ချင်းယွီရဲ့အလေးချိန်ဆိုရင် ကျွန်မသူမကိုမြစ်ကမ်းပါးပေါ်ကို ဆွဲသွားနိုင်လောက်တယ်၊ ဒါပေမဲ့ ကောဆိုရင်တော့ ကျွန်မကောကို သေမင်းနဲ့ပဲတွေ့ဖို့ ခေါ်သွားနိုင်လောက်တယ်”
ကျုံယန်စီသည် စိတ်ပျက်လက်ပျက်ရယ်မောလိုက်ကာ
“မင်းကိုယ်ရှေ့မှာတော့ ကိုယ်ပျော်စေမဲ့ဟာလေးမပြောနိုင်ဘူးလား၊ မင်းအဲလောက်တောင် ဘက်လိုက်ရလား”
ယန်ရှီသည် ထိုအကြံပြုချက်၏အဓိပ္ပါယ်မဲ့မှုအား လက်ခံလိုက်ကာ သူမပခုံးအား အနည်းငယ်ဆန့်တန်းလိုက်သည်။
“ပုံမှန်လူမျိုးက ဒီလိုမေးခွန်းမျိုးကိုမေးမှာမဟုတ်ဘူးလေ၊ ဘယ်လိုလူမျိုးက ကယ်တင်ဖို့လိုအပ်နေတဲ့ သူတို့ညီမနဲ့သူတို့ကိုယ်သူတို့နှိုင်းကြမှာလဲ”
ကျုံယန်စီသည် သူ၏ခေါင်းအားလက်မခံချင်ပဲလက်ခံလိုက်ရသကဲ့သို့ ယမ်းနေလေသည်။
အမှန်ပြောရလျှင် သူသည်တစ်ခုခု မူမမှန်နေသည်ကို ခံစားမိလေသည်။ အိမ်တွင်းရုပ်ရှင်ရုံ အပြင်ဘက်မှအနမ်းသည် ယန်ရှီ၏လက်တလောစိတ်အားထက်သန်မှုမှ သက်သက်ဖြစ်ပေါ်လာခြင်းဖြစ်နိုင်သည်။ သို့မဟုတ် ရင်ခုန်ဖွယ်လေထုကြောင့် နောက်ဆုံးတွင် ၎င်းသည်ခဏတာ ဇီဝကမ္မတုံ့ပြန်မှုတစ်ခုသာဖြစ်နိုင်လေသည်။
အဖြူရောင်တိမ်တိုက်တောင်တန်းများမှာပင်လျှင် ယန်ရှီသည် သူ့အားချစ်ခြင်းအဆင့်အားမရောက်ရှိပဲ သူ့အပေါ် နှစ်ခြိုက်သဘောကျစွဲလန်းမှုသာ ရှိသည်ကိုအမှတ်ရလေသည်။
သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးအားအရှိန်မြှင့်ပေးနေသည် သူမှာ သူသာလျှင်ဖြစ်သည်။ ပရဟိတလေလံပွဲအတွင်းရှိ ရင်ခုန်စရာအချိန်ပင်ဖြစ်စေ နန်နီဗင်ကားအတွင်းတွင် အပြင်းအထန်နမ်းရှိုက်ခဲ့ကြချိန်တွင်ဖြစ်စေ သူသည် အထိအတွေ့များသည် ၎င်းတို့နှစ်ဦးကြားရှိ ဆက်ဆံရေးအားတိုးမြှင့်ပေးနိုင်သည်ကိုသိကာ စစ်မှန်သည့်နှစ်သက်မှုနှင့် ကောင်းမွန်သည့်ခံစားချက်များအကြားရှိ မျဥ်းအားမှုန်ဝါးစေခဲ့သည်။
သို့သော် ယန်ရှီသည် သူနှင့်ခဏတာ ပရောပရည်လုပ်လိုက်ရုံသာဖြစ်သည်။
ထိုကဲ့သို့ စစ်မှန်သည့်ခံစားချက်များသည် အလျင်အမြန်ရောက်လာကာ အလျင်အမြန်ပဲပျောက်ကွယ်သွားခဲ့သည်။
ကျုံယန်စီသည် လက်မလွှတ်နိုင်ပေ။ သူသည် ထိုခံစားချက်များ ပျောက်ကွယ်သွားမည်ကိုစိုး၍ သူသည် Queen's မြို့ အထိသူမနောက်လိုက်ခဲ့လေသည်။
သို့သော်လည်း ယန်ရှီ၏သူ့အတွက် ခံစားချက်မှာ သူထင်ထားသည်ထက်ပင် ပို၍ပါးလျနေခဲ့သည်။ သူမသည် လမ်းခွဲစကားအားပေါ့ပေါ့တန်တန်ပင် ဝန်ထုပ်ဝန်ပိုးများသို့မဟုတ် နောက်ပိုင်းဖြစ်လာနိုင်သည့် ပြဿနာများကိုပင်မတွေးပဲ ပြောနိုင်လေသည်။
ကျုံယန်စီသည် ယန်ရှီ၏လက်အားတင်းကြပ်စွာဆုပ်ကိုင်လိုက်ကာ သူ၏ရင်ဘတ်ထဲရှိနာကျင်မှုအားခံစားနေရလေသည်။
“မရဘူး”
သူပြတ်ပြတ်သားသားပြောလိုက်သည်။
ယန်ရှီသည် ရှုပ်သွားကာ မျက်တောင်တစ်ချက်ခပ်လိုက်လေသည်။
“ဘာကို မရတာလဲ”
“လမ်းခွဲဖို့ကမဖြစ်နိုင်ဘူး”
ကျုံယန်စီသည် အနည်းငယ်ကွေးလိုက်ကာ ယန်ရှီ၏လည်ပင်းအစပ်နားတွင် သူ၏ခေါင်းအားတင်ထားလေသည်။
“ဒါပေမဲ့ ကိုယ်မင်းကိုကတိပေးပါတယ်၊ ကိုယ်မင်းကိုကျုံချင်းယွီရဲ့အရှေ့မှာ မထိပါဘူး”
ပြီးနောက် သူသည် သူ၏ ယန်ရှီလည်ပင်းအားသူ၏ခေါင်းဖြင့်ပွတ်နေကာ ယန်ရှီသည်ယားနေပါသော်ညား သူ့အားမတွန်းထုတ်ခဲ့ပေ။
သူမ၏အဆင်မပြေမှုအားထားကာ သူမသည်အကြောင်းအရာအားပြောင်းလိုက်လေသည်။
“ဒီမှာအရမ်းအေးတယ်မလား၊ ကောရဲ့ခြေကျင်းဝတ်ကအဆင်ပြေရဲ့လား”
ကျုံယန်စီသည် ပြုံးလိုက်ကာ သူ၏အတွင်းထဲမှ စစ်မှန်သည့်နွေးထွေးမှုထွက်ပေါ်လာခဲ့သည်။
“အခုတော့ မင်းကိုယ့်အကြောင်းကိုဂရုစိုက်ပြီပေါ့”
ယန်ရှီသည် အောက်သို့ထိုင်ချလိုက်ကာ သူ၏ခြေကျင်းဝတ်အား စစ်ကြည့်ရန်လုပ်နေလေသည်။
ကျုံယန်စီသည် သူမအားရနောက်ရန်ဆုံးဖြတ်လိုက်သည်။
“မင်းပြောတော့ မင်းကိုယ်နဲ့အတူမရှိနေချင်တော့ဘူးဆို၊ ဘာလို့ကိုယ့်အနာကို စစ်ပေးနေဦးမှာလဲ”
ယန်ရှီသည် ပုခုံးတွန့်လိုက်ကာ
“ကောင်းပြီလေ အဲတာဆိုကျွန်မမစစ်ကြည့်တော့ဘူး”
သူမသည် ထွက်သွားသယောင်လှည့်ထွက်လိုက်ချိန်တွင် ကျုံယန်စီသည် သူမအားတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားလေသည်။
သူ သူမအားဖက်သည့်အချိန်တိုင်း ထိုမျှပြင်းထန်ကာ ယန်ရှီ၏သေးငယ်သည့်ကိုယ်လေးအား သူ၏ကိုယ်ဖြင့်အပြည့်အဝဖုံးကွယ်ထားလေသည်။ သူ၏လက်ထဲတွင် သူမအားတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားနိုင်လျှင် သူမသည်ထွက်သွားနိုင်မည်မဟုတ်ဟု ယုံကြည်နေသကဲ့သို့ပင်ဖြစ်သည်။
ယန်ရှီသည် ထိုရုတ်တရက်ပွေ့ဖက်မှုကြောင့် လန့်ဖြန့်သွားကာ သူမ၏နှလုံးခုန်သံများထိန်းမနိုင်သိမ်းမရဖြစ်လာသည်နှင့် သူမ၏မျက်နှာသည်လဲနီမြန်းလာလေသည်။
သူမသည် ကျုံယန်စီ၏ချုပ်နှောင်မှုမှ လွတ်မြောက်ရန်ရုန်းကန်ရင်း
“တစ်ယောက်ယောက် ကျွန်မတို့ကိုမြင်သွားလိမ့်မယ်”
ကျုံယန်စီပြန်ဖြေလိုက်သည်။
“ကိုယ်ချင်းယွီရဲ့အခန်းကို ကိုယ်ဆင်းလာတုန်းက လော့ခ်ချခဲ့တယ်၊ သူမထွက်လာလို့မရဘူး”
ယန်ရှီ:?
ဒါကဘယ်လိုတောင်မထင်မှတ်ထားတဲ့လှည့်ကွက်မျိုးလဲ။
ထိုအချိန်တွင် ကျယ်လောင်သည့် ဒုန်း ဒုန်း ဒုန်း အသံသည် ပဲ့တင်ထပ်နေကာ ကျုံချင်းယွီ၏ ပြတ်သားသည့်အသံသည် ဗီလာတစ်ခုလုံးအားမြည်ဟီးသွားစေခဲ့သည်။
“ဘယ်သူငါ့အခန်းကို လော့ခ်ချသွားတာလဲ”
မျက်မှောင်ကြုတ်လိုက်ရင်း ယန်ရှီသည်ကျုံယန်စီအား အလျင်စလိုတွန်းထုတ်လိုက်ရင်း စွပ်စွဲသည့်အကြည့်ဖြင့်ကြည့်လိုက်ကာ ပြောလေသည်။
“အဲတာကောအပြစ်တွေပဲ”
ပြန်ဖြေသည်အားမစောင့်တော့ပဲ သူမသည်နွားနို့နှစ်ခွက်အားယူလိုက်ကာ ကျုံချင်းယွီအခန်းတံခါးအားဖွင့်ပေးဖို့ရာ အပေါ်ထပ်သို့အလျင်အမြန်တက်သွားခဲ့သည်။
မီးဖိုချောင်သည် ယခုတွင်တိတ်ဆိတ်သွားကာ ကျုံယန်စီတစ်ဦးတည်း ကျန်နေလေသည်။
ယန်ရှီခန္ဓာကိုယ်၏အနွေးဓါတ်သည် သူ၏ကိုယ်ပေါ်တွင်ရှိနေသေးကာ ထိုအေးမြကာ ချမ်းအေးသည့်ရာသီဥတုတွင် သက်တောင့်သက်သာဖြစ်သည့် ခံစားချက်အားပေးစွမ်းလေသည်။
မီးဖိုချောင်ထဲတွင် တစ်ခဏမျှရပ်ပြီးနောက် ကျုံယန်စီသည်ရေတစ်ခွက်ထည့်လိုက်ကာ သူ၏အခန်းသို့ပြန်သွားခဲ့သည်။
သူလှည့်လိုက်သည်နှင့် တံခါးဝတွင်ရပ်နေသည့် ရဲ့လော့ယီအားတွေ့လိုက်ရသည်။
ရဲ့လော့ယီသည် ပါးလွှာသည့်အင်္ကျီလက်ပြတ်အား မလုံတလုံဝတ်ဆင်ထားကာ သူမ၏ပုခုံးပေါ်တွင် အင်္ကျီအထူကြီးတစ်ထည်သာ ဝတ်ထားခဲ့သည်။
သူမသည် ကျုံယန်စီအားမော့ကြည့်လိုက်ကာ သူမအသံအားတိုးလိုက်ပြီးနောက်
“ကျွန်မတောင်းပန်ပါတယ် မစ္စတာကျုံ၊ ကျွန်မကရေယူဖို့လာခဲ့ရုံတင်ပါ၊ ကျွန်မတမင် မစ္စတာကျုံနဲ့ယန်ရှီကို စောင့်ကြည့်နေခဲ့တာမဟုတ်ပါဘူး”
ကျုံယန်စီသည် သူမအားအေးစက်သည့်အကြည့်ဖြင့်ကြည့်လိုက်ကာ
“ဘယ်သူ့ကိုမှသွားမပြောနဲ့”
ရဲ့လော့ယီ ခေါင်းငြိမ့်လိုက်သည်။
သူမသည် ပရဟိတလေလံပွဲထဲက တစ်စုံတစ်ခုအားသံသယဝင်နေခဲ့သည်။ကျုံယန်စီသည် ကျုံချင်းယွီနှင့်ပြိုင်ဘက်ဖြစ်သည့်အတွက် ရင်ထိုးအား လုနေကြသည်ဟု လူအများစုကထင်ကြလေသည်။ ကျုံမိသားစု၏ မောင်နှမနှစ်ယောက်သည် တစ်ဦးနှင့်တစ်ဦးမတည့်ကြပေ။ သို့သော် ရဲ့လော့ယီသည် မည်သူမျှသတိမထားမိသည့်အရာအား သတိထားမိသွားခဲ့သည်။ ၎င်းတို့နှစ်ဦးလုနေကြသည့်ရင်ထိုးမှာ ယန်ရှီလှူထားသည့်ရင်ထိုးပင်ဖြစ်သည်။
ထိုကဲသို့ကိစ္စများနှင့်ပတ်သက်၍ သူမတွင်အလိုလိုသိစိတ်ရှိလေသည်။
ယနေ့မီးဖိုချောင်ထဲတွင် သူမတွေ့ခဲ့သည့်အရာမှာ ၎င်းတို့၏ဆက်ဆံရေးနှင့်ပတ်သက်၍သူမ၏သံသယများအား အတည်ပြုပေးလိုက်လေသည်။
ရဲ့လော့ယီသည် ယောက်ျားများနှင့်ပရောပရည်လုပ်ကာ ထိန်းချုပ်ပြီး ၎င်းတို့ထံမှာအကျိုးကျေးဇူးများယူရသည်ကို သဘောကျသည်။ သို့သော်သူမတွင် တင်းကြပ်သည့်စည်းမျဥ်းများရှိလေသည်။ သူမသည် ပိုင်ရှင်ရှိပြီးသားယောက်ျားတစ်ဦးနှင့်ပတ်သက်မည်မဟုတ်သကဲ့သို့ ဆက်ဆံရေးဖျက်ဆီးသူတစ်ဦးလည်း ဖြစ်လာမည်ဟုတ်ပေ။ ကျုံယန်စီနှင့်ယန်ရှီ၏ဆက်ဆံရေးအားသိပြီးနောက် သူမသည် သူ့အားအလားအလာစာရင်းမှဖယ်ရှားလိုက်လေသည်။
ကျုံယန်စီထွက်သွားသည်နှင့် ရဲ့လော့ယီ၏အကြည့်သည် ထွက်သွားသည့်သူ၏ပုံစံတွင်မူ တဝဲလည်လည်ဖြစ်နေလေသည်။
ထူးဆန်းနေလေသည်။ ဖြစ်နိုင်သည်မှာ သူသည် သူမငယ်ရွယ်စဥ်က သူမ၏စိတ်ကူးယဥ်အမျိုးသား တစ်ဦးဖြစ်ခဲ့ဖူးသောကြောင့်ဖြစ်နိုင်သည်။ သူမ၏ငယ်ဘဝအိမ်မက် သူမ၏လက်လှမ်းမမှီနိုင်သည့် ဖြူစင်သည့်လရောင်လေး ရဲ့လော့ယီသည် အမြဲတစေ ကျုံယန်စီသည်အခြားသူများနှင့်မတူဟု ခံစားခဲ့ရလေသည်။ သို့ပေမဲ့ ထူးဆန်းသည်မှာ သူယန်ရှီအားပွေ့ဖက်ထားသည်ကိုမြင်သောအခါ သူမဝမ်းမနည်းနေပေ။ သူမသည် မနာလိုစိတ်အနည်းမျှသာခံစားခဲ့ရသည်။
ပေယွဲ့ပိုင်သူ၏ခံစားချက်များအား ကျုံချင်းယွီထံဝန်ခံလိုက်ချိန်တွင်တော့ ရဲ့လော့ယီ၏နှလုံးသားမှာ နာကျင်သွားခဲ့သည်။
သူမလွှတ်ထားလိုက်သည့်သူများမှာ သူမ၏ဆုပ်ကိုင်မှုမှရုန်းမထွက်နိုင်ဖြစ်နေကြကာ သူမတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်ဟု ထင်ခဲ့သည့်သူမှာမူ သူမအားအနက်ရှိုင်းဆုံးနာကျင်မှုအား ပေးခဲ့လေသည်။
နှလုံးသားရေးရာကိစ္စများသည် အလွန်ပင်ရှုပ်ထွေးလေသည်။
သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ရဲ့လော့ယီသည် အသက်ရှူသွင်းလိုက်သည်။
နောက်နေ့တွင် travel ရှိုးအတွက်နောက်ထပ်တိုက်ရိုက်ထုတ်လွှင့်မှုအား လွှင့်ခဲ့လေသည်။
ပါဝင်သူအများစုသည် မနေ့ညတွင်နောက်ကျမှအိပ်ကြသည်ဖြစ်ကာ နံနက်ရှစ်နာရီတွင် ရိုက်ကူးရေးမှာစတင်ပါသော်ညား အများစုမှာဆယ်နာရီကျော်အထိအိပ်စက်ကြလေသည်။
အိပ်ချင်မူးတူးဖြင့် မျက်လုံးများဝေဝါးနေချိန်တွင် ကျုံချင်းယွီသည် ဖြည်းညှင်းစွာထလာကာ သူမ မျက်နှာကို face mask ကပ်နေလေသည်။
ပုံမှန်အားဖြင့် ယခုအချိန်တွင် ခရီးသွားအကြံပေး သည်သူမအား ဒေသအစားအစားဖြစ်စေ ကျန်းမာသည့်အသုပ်တစ်ခုခုဖြစ်စေ နံနက်စာပြင်ဆင်ပေးထားမည်ဖြစ်သည်။
ယနေ့သည် ပေယွဲ့ပိုင်၏နံနက်စာပြင်ဆင်ရမည့်နေ့ရက်ပင်ဖြစ်သည်။ သို့သော်သူယူလာပေးသည်မှာ ဟိုတယ်ဘူဖေး စားစရာများပင်ဖြစ်သည်။ အခြားသူများအတွက် ထိုဟင်းလျာများမှာသင့်တော်သည်ဟုထင်ရသော်လည်း ကျုံချင်းယွီအတွက်မူ ထိုဟင်းလျာများမှာ လုံလောက်အောင်မသန့်စင်ပေ။
ကျုံချင်းယွီသည် ဆိုးသွမ်းစိတ်ဝင်လာကာ ပေယွဲ့ပိုင်အားကြိမ်းမောင်းလေသည်။
“ရှင် စားဖိုမှူးဘယ်လိုငှားရလဲဆိုတာမသိဘူးလား၊ ရှင်ပြင်လာတာတွေကဘာတွေလဲ ဝက်စာတွေလား”
၎င်းတို့၏ မနက်စာဘူဖေးအားစားသောက်နေကြသည့် အခြားဧည့်သည်များမှာ တိတ်ဆိတ်သွားကြလေသည်။
“......”
မနက်စောစောတွင် ဝေဖန်ခံလိုက်ရပြီးနောက် ပေယွဲ့ပိုင်၏အမူအယာမှာဆိုးရွားသွားကာ
“ကိုယ်ခဏနေရင် စားဖိုမှူးသွားငှားလာခဲ့ပါမယ်”
အထင်မကြီးသည့် ကျုံချင်းယွီသည် သူမ၏ပေါင်မုန့်အားချလိုက်ကာ လုံးဝစိတ်မဝင်စားသည့်ပုံပေါက်လေသည်။ ရေဓါတ်ထိန်းသိမ်းရန်အတွက် သူမသည်ဘလက်ကော်ဖီတစ်ခွက်ကိုသာ ရွေးချယ်လိုက်လေသည်။
ဒါရိုက်တာယွီသည် ယခုအပိုင်းအတွက် လှုပ်ရှားမှုများနှင့်ပတ်သက်၍ ယနေ့မနက်တွင်ကြေညာမည်ဟုပြောထားလေသည်။
ပထမဆုံးမှတ်တိုင် F nation တွင် ပါဝင်သူများအားလုံးသည် အတူညစာစားရကာ ဟော့ပေါ့ချက်ရလေသည်။ ဒုတိယမှတ်တိုင်ဖြစ်သည့် H nation တွင် ပါဝင်သူများအားလုံးသည် ကိုယ်တိုင်ငွေရှာရလေသည်။ ပြောရလျှင် လှုပ်ရှားမှုများမှာ အတော်ပင်ရိုးရှင်းလေသည်။ X nationအတွက်တွင်လည်း ပါဝင်သူများသည် ရှုပ်ထွေးမည့်အရာများမပါလောက်ဘူး ထင်လေသည်။
မနက် ဆယ်နာရီခွဲတွင် ဒါရိုက်တာယွီရောက်လာခဲ့သည်။
ပါဝင်သူများအားမြင်လိုက်ချိန်တွင် သူ၏မာကျောသည့်အမူအယာမှာပျော့ပျောင်းသွားခဲ့သည်။ အထူးသဖြင့် ကျုံယန်စီနှင့် ပေဟန်လီအားစိုက်ကြည့်မိလိုက်ချိန်တွင် သူ၏လည်ပင်းသည်အနည်းငယ်ကျုံသွားကာ သူ၏လေသံမှာအတော်ပင် နူးညံ့သွားလေသည်။
“အာ အားလုံးဒီရောက်နေကြပြီဆိုတော့ အချိန်ကိုက်ပဲ၊ ငါကဒီနေ့အပိုင်းရဲ့ လှုပ်ရှားမှုတွေကိုကြေညာပေးဖို့ရောက်နေတာပါ”
“မင်းတို့သိကြတဲ့အတိုင်း ရှိုးရဲ့ပုံစံကခရီးသွားတာလေ ပြီးတော့လှုပ်ရှားမှုတွေအားလုံးက ဘယ်တုန်းကမှ မခက်ခဲခဲ့ဘူး၊ ဒါပေမဲ့ ဒီနေ့ရဲ့လှုပ်ရှားမှုမှာတော့ ခြွင်းချက်မရှိဘူး ရိုက်ကူးရေးအဖွဲ့က နှင်းလျှောစီးတဲ့ကွင်းကို ဘိုကင်တင်ထားပြီးပြီ ဒီမှတ်တိုင်ရဲ့လှုပ်ရှားမှုကတော့ ပါဝင်သူတိုင်းကနှင်းလျှောစီးတာကိုတတ်မြောက်အောင်လေ့ကျင့်ပြီး သတ်မှတ်ထားတဲ့သင်တန်းကိုအောင်မြင်စွာပြီးဆုံးစေရမှာပဲဖြစ်ပါတယ်”
ပါဝင်သူများသည် စတင်ဆွေးနွေးကြလေသည်။
“နှင်းလျှောစီးတာက အဲလောက်ခက်မဲ့ပုံမပေါ်ပါဘူး”
“ဒါပေမဲ့ ငါဘယ်လိုစီးရတာလဲမသိဘူးလေ”
“စိတ်မပူပါနဲ ငါမင်းကိုသင်ပေးလို့ရပါတယ်၊ အဲတာကတကယ်ရိုးရှင်းပါတယ်”
“ဘာပဲဖြစ်ဖြစ် အခုနှင်းလျှောစီးတာက ငါတို့ခရီးစဥ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်သွားပြီမလား”
တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်များပင်လျှင် ထိုလှုပ်ရှားမှုအား ဆိုးရွားသည်ဟု ထောက်ခံနေကြလေသည်။ Queenstown သို့ ကမ္ဘာတစ်ခြမ်းခန့်ခရီးထွက်ပြီးချိန်တွင် နှင်းလျှောမစီးပါက မည်သည့်အရာများအားလုပ်မည်နည်း။ နှင်းကိုဝိုင်းကာ ရပ်ကြည့်နေရမည်လား။
ထုတ်လုပ်ရေးအဖွဲ့မှာ ထိုအကြံပြုချက်အား လုံးဝစိတ်မဝင်စားကြသည့်ပုံပေါ်လေသည်။
ပါဝင်သူများမှာ ဆွေးနွေးပြီးကြပြီး နှင်းလျှောစီးခြင်းအားလက်ခံကြသည့်ပုံပေါ်နေကြတာ ဒါရိုက်တာယွီသည် သူ၏လည်ချောင်းအားရှင်းလိုက်ကာ
“ကောင်းပြီ နှင်းလျှောစီးတာက လှုပ်ရှားမှုရဲ့အပိုင်းတစ်ခုပဲရှိသေးတယ်”
“အဲတာမတိုင်ခင် နောက်ထပ်လိုအပ်ချက်တစ်ခုရှိသေးတယ်”
အားလုံးသည် ဒါရိုက်တာယွီထံသို့အာရုံစိုက်သွားကြသည်။
ဒါရိုက်တာယွီသည် ကြေညာလိုက်သည်။
“လိုအပ်ချက်က ပါတနာတွေလဲတာပဲ၊ ပါဝင်သူတိုင်းက နှင်းလျှောစီးတဲ့လှုပ်ရှားမှုမှာ မပါဝင်ခင် ခရီးသွားအဖော်တွေကိုလဲကြရမယ်”