← Chapters

ဒါတွေအားလုံး စိတ်လိုက်မာန်ပါလုပ်ခဲ့မိတဲ့ အမှားတွေပါ

Vol. 3 Ch. 31

ဒါတွေအားလုံး စိတ်လိုက်မာန်ပါလုပ်ခဲ့မိတဲ့ အမှားတွေပါ

Vol. 3 Ch. 31

"ဘာ!"

ဝမ်မာဇီ၏ စွေစောင်းနေသော မျက်လုံးများက ချက်ချင်း ပြူးကျယ်လာသည်။

ရွှီဖန်း၏ ဥယျာဥ်ခြံကို ဖျက်ဆီးရန်အတွက် သူ တစ်

ကယ်လည်း တွေးခဲ့သည်။

ယွမ် ၂၅၀,၀၀၀အား သူပြန်မရနိုင်လျှင် ရွှီဖန်းကိုလည်း သူ့ဆီမှ အကျိုးအမြတ်ယူခွင့်မပြုနိုင်ပေ။ 

ဝမ်မာဇီ၏မျက်နှာက အလေးအနက်ဖြစ်သွားသည်။ ယုံကြည်ချက်ရှိနေပုံပေါ်သော ချန်ကျင်းရှန်အား သူကြည့်လိုက်သည်။

"ချန်ကျင်းရှန် မင်းမှာ နည်းလမ်းရှိလို့လား"

"ဒါပေါ့ ကျုပ်မှာ နည်းလမ်းရှိတယ်!"

ချန်ကျင်းရှန်သည် နှာမှုတ်လျက်...

"မဟုတ်ရင် ကျုပ်က ခင်ဗျားကို ဘာလို့ ဒီလာခိုင်းမှာလဲ"

"ဒါဆိုလည်း မြန်မြန်သာ ပြောကွာ"

ဝမ်မာဇီမှာ စိတ်မရှည်စွာ တိုက်တွန်းတော့သည်။ သူ အခုချက်ချင်းပင် ရွှီဖန်းအား မွဲပြာကျသွားအောင် လုပ်ချင်နေသည်။

"အဖေ မြန်မြန်ပြောပြပါ!"

ထိုအချိန်၌ ချန်ရှောင်ကျွင်းလည်း တိုက်တွန်းလာသည်။ လက်ရှိမှာ သူ့ခံစားချက်က ဝမ်မာဇီနှင့် အတိအကျကို တူလေသည်။

ချန်ကျင်းရှန်က သူ့မျက်လုံးများအား ကျဥ်းမြောင်းကာ ပြုံးနေသည်။

"တွေးကြည့်လေ၊ ရွှီဖန်းက အပင်တွေခုတ်ဖို့ လူတွေကို ငှားပြီး ပိုက်ဆံသုံးခဲ့တယ်၊ ကျုပ်တို့လည်း ထပ်တူ လုပ်လို့ မရဘူးလား"

"ဒါက"

နှစ်ယောက်စလုံး အခုထိ နားမလည်ကြသေးနေမှန်း ချန်ကျင်းရှန် မြင်သည့်အခါ ရှင်းပြလိုက်သည်။

"ဝမ်မာဇီ ခင်ဗျားမှာ နောက်လိုက်တွေ အများကြီးရှိတာပဲ၊ မှောင်လာပြီဆိုတာနဲ့ သူတို့ကို ဒီခေါ်လာခဲ့ပါ၊ လူပြတ်လပ်တဲ့အချိန်ကို အခွင့်ကောင်းယူပြီး သူ့အိမ်အနောက်က တောင်ကို သွားကြမယ်၊ ပြီးရင် အပင်တွေအကုန်လုံး ဖျက်ဆီးပစ်ကြမယ်"

"ကျစ်! ကျစ်! သူ ပိုက်ဆံတွေ အများကြီးသုံးခဲ့တာလေ၊ နောက်တစ်နေ့ရောက်လို့ သူ့အပင်တွေအကုန်လုံး သေနေတာမြင်ရင်...ကျုပ်ကိုပြောကြည့်...ရွှီဖန်းတစ်ယောက် စိတ်ဓာတ်ကျပြီး သူ့ကိုယ်သူ သတ်သေမလားပဲ"

"ဒီအကြံ ကောင်းတယ်"

ဝမ်မာဇီသည်လည်း ထိုကဲ့သို့ အတွေးရှိသည့်အလား ခေါင်းညိတ်လာသည်။ ညဘက်မှာ လှုပ်ရှားခဲ့မယ်ဆိုလျှင် ရွှီဖန်းကလည်း ဘယ်သူလုပ်မှန်း မထောက်ပြနိုင်တော့ပေ။ အဲ့ဒီအချိန် သူတို့ကလည်း အပင်တွေကို ဖျက်စီးပြီးပြီဖြစ်လို့ ရွှီဖန်းလည်း မွဲပြာကျသွားလိမ့်မည်။

"ဟမ့်! ချန်ကျင်းရှန် မင်းလည်း ကောက်ကျစ်တတ်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"

ဝမ်မာဇီသည် အပြုံးဖြင့် ချန်ကျင်းရှန်အား ပုတ်လိုက်သည်။ သိသာစွာပင် ချန်ကျင်းရှန်၏အကြံက သူ့အကြိုက်နှင့် ကွက်တိပင်။ 

"ကောင်းပြီ...အစီအစဥ်လည်း ချပြီးပြီဆိုတော့ ငါ အကူတွေခေါ်ပြီးရင် ဒီညစကြမယ်...အချိန်ကျပြီဆိုရင် ရွှီဖန်းအပင်တွေအားလုံးကို ဖျက်ဆီးပစ်မယ်!"

ဆွေးနွေးမှုပြီးသွားသည့်နောက် ဝမ်မာဇီသည် အရာအားလုံးအား ပြင်ဆင်ရန် ခရိုင်မြို့တော်ကို ဖုန်းခေါ်ခဲ့သည်။ 

ကောင်းကင်ကြီး မှောင်လာသည်နှင့် ဝမ်မာဇီ၏ ညွှန်ကြားချက်အတိုင်း တေလေဂျပိုး ခုနစ်ယောက် ရှစ်ယောက်လောက်သည် မြစ်အောက်ပိုင်းရွာသို့ အမြန် ရောက်ရှိလာကြသည်။

သူတို့အားလုံး လက်ထဲမှာ ပုဆိန်ကို ကိုင်ထားကြသည်။ ဝမ်မာဇီသည် ထိုလူများအား ကြည့်ကာ ကျေနပ်အားရစွာ ခေါင်းညိတ်နေသည်။

ချန်ကျင်းရှန်နှင့် ချန်ရှောင်ကျွင်းကိုလည်း သူအမိန့်

ပေးလိုက်သည်။  

"မင်းတို့နှစ်ယောက်လုံး ရွှီဖန်းအိမ်အနောက်က အပင်တွေဖျက်ဆီးဖို့ သူတို့ကို ခေါ်သွားလိုက်၊ ရွှီဖန်း မမိအောင် လုပ်ဖို့ မမေ့နဲ့ဦး၊ ဒီတစ်ကြိမ်အောင်မြင်သွားရင် မင်းတို့အတွက် ငါ ကောင်းတာလေး ပေးမယ်"

အခုဆိုလျှင် ရွှီဖန်းနှင့်ရှယန်ယွိမှာ တစ်ယောက်နှင့်တစ်ယောက် သိသွားကြလေပြီ။ ဒီကိစ္စက သူ့အား အနည်းငယ် ကြောက်ရွံ့စေသည်။ ရွှီဖန်းကသာ မိသွားလျှင် သူ့အတွက် ဒုက္ခတစ်ပြုံကြီး ယူဆောင်လာနိုင်သည်။

သားအဖနှစ်ယောက်အား ညွှန်ကြားပြီးနောက် ဝမ်မာဇီက ထွက်သွားသည်။ ချန်ရှောင်ကျွင်းသည် သူ့အဖေအား မဝံ့မရဲကြည့်ကာ...

"အဖေ သွားကြတော့မလား"

ချန်ရှောင်ကျွင်းသည် မတိုင်ခင်က အခုလို သူတစ်ပါးအားထိခိုက်စေသည့်ခိုးကြောင်ခိုးဝှက်အလုပ်မျိုးကို မလုပ်ဖူးတာကြောင့် အနည်းငယ် စိတ်လှုပ်ရှားပူပန်

နေသည်။ ချန်ကျင်းရှန်သည် သူ့သား၏ပုခုံးအား ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။ 

"မစိုးရိမ်နဲ့၊ နည်းနည်းလောက် ထပ်စောင့်ကြမယ်...ရွာသားတွေအကုန်လုံး အိပ်လောက်ပြီဆိုမှ ငါတို့သွားကြမယ်"

ချန်ကျင်းရှန်လည်း ဒီကိစ္စမှာ ဥပဒေနှင့် ဆန့်ကျင်နေမှန်း သိလေသည်။ သိထားရမည်မှာ ဒီကိစ္စက ဘိုးဘွားအုတ်ဂူကို တူးနေခြင်းနှင့် တူညီလှသည်။ မိသွားခဲ့လျှင် ဥပဒေက သူတို့ကို ဆုံးမလိမ့်မည်။

ဒါကြောင့် ဂရုတစိုက်လုပ်ရန် လိုအပ်သည်။

"မိနစ်နှစ်ဆယ်ကြာရင် ထွက်ကြမယ်"

ရွှီဖန်းမှာတော့ ချန်ကျင်းရှန်တို့၏ အကြံအစည်အား ဘာမှမသိပေ။ ရေချိုးပြီးသည်နှင့် အိပ်ရာပေါ်လှဲကာ  မီးများ ပိတ်၍ အိပ်ရန်ပြင်နေလေပြီ။

သူ တစ်နေ့လုံး ကောင်းကင်ဘုံစွမ်းအားအဆောင်များအား သန့်စင်မွမ်းမံကာ အလုပ်ရှုပ်နေခဲ့သည်။ ဒါကြောင့် အိပ်ရာပေါ်လှဲလိုက်သည်နှင့် အိပ်ချင်စိတ်

ဖြစ်တည်လာသည်။ မကြာလိုက် အိပ်ချင်မူးတူးဖြစ်လာကာ အိပ်ပျော်လုနီးပါးပင်။

ထိုအခိုက်အတန့်၌ အိတ်ထဲထည့်ထားသည့် ဖုန်းက မြည်လာသည်။ သို့သော်ငြား ရွှီဖန်းသည် မကိုင်လိုက်ဘဲ သူ့ခန္ဓာကိုယ်အား တစ်ဖက်ကို လှည့်လိုက်သည်။

သို့သော် ဖုန်းက ဆက်မြည်နေကာ ရွှီဖန်းအား အိပ်ခွင့်မပေးချေ။

ယူကြည့်လိုက်မှသာ wechatတွင် 'သူငယ်ချင်းဖြစ်

ရန်တောင်းဆိုခြင်း'က ၁၀ကြိမ်လောက် တက်နေမှန်း သိရသည်။

"ဘယ်သူတွေပါလိမ့်"

ထိုဆယ်ကြိမ်လုံးမှာ လူတစ်ယောက်ထဲမှ လာတာဖြစ်သည်။ ရွှီဖန်းသည် ပရိုဖိုင်ပုံအား ကြည့်လိုက်ရာ ရွှေရောင်သံချပ်ကာ ဝတ်ထားသည့် သူအား တွေ့လိုက်ရသည်။ ဒီလူ၌ သိသာလွန်းသည့် လက္ခဏာတစ်ခုရှိနေသည်။

မျက်လုံးသုံးလုံး ရှိနေခြင်းပင်။ 

"အာ့လန်ရှန်း"

ရွှီဖန်းသည် နာမည်အား ကြည့်လိုက်ရာ တစ်ကယ်ကို အာ့လန်ရှန်း ဖြစ်နေသည်။

ဒီနတ်ဘုရားက ကျောက်စိမ်းအင်ပါယာနှင့် အမျိုးတော်တာကြောင့် ဖုန်းသုံးခွင့် မြန်မြန်ရခဲ့တာ ကျိုးကြောင်း ခိုင်လုံပေသည်။ 

ရွှီဖန်းလည်း အာ့လန်ရှန်း၏ သူငယ်ချင်းတောင်းဆိုခွင့်အား လက်ခံလိုက်သည်။

"ဟားဟား လူငယ်လေး...မင်းက ငါသူငယ်ချင်းအပ်ဖို့ ဆန္ဒရှိတဲ့ လူလို့ စဥ်းစားလို့ရတယ်"

သူငယ်ချင်းအဖြစ် လက်ခံပြီးနောက် အာ့လန်ရှန်းဆီမှ စာဝင်လာသည်။ 

"စစ်မှန်သောအရှင်အာ့လန်? ကိစ္စတစ်ခုခုရှိလို့လားဗျ"

"အင်း မင်းအခု အားလား၊ မင်းကို အကူအညီတောင်းချင်တဲ့ ထူးခြားတဲ့အမှိုက် ငါ့မှာရှိတယ်၊ ကြည့်ပြီး ကူညီပေးနိုင်မလား"

အာ့လန်ရှန်း၏လေသံက အနည်းငယ် ကို့ရို့ကားရားနိုင်နေတာကြောင့် သူ မျက်မှောင်ကြုတ်လိုက်သည်။ ရွှီဖန်း သိလည်း သိချင်မိပေသည်။ ဘယ်အရာကိုများ ထူးခြားတဲ့အမှိုက်လို့ ခေါ်ရတာလဲ။

"အာ...စစ်မှန်သောအရှင်အာ့လန် အဲ့ဒီထူးခြားတဲ့ အမှိုက်က ဘာလဲ"

ရွှီဖန်းမေးလိုက်သည့်အခါ အာ့လန်ရှန်းသည် ခဏတာတိတ်ဆိတ်သွားကာ ပြီးမှ သက်ပြင်းချလာသည်။

"ဟင်း! ဒါတွေအားလုံးက စိတ်လိုက်မာန်ပါလုပ်ခဲ့မိတဲ့ အမှားတွေပါ၊ ငါ မင်းကို မဖုံးကွယ်တော့ဘူး၊ ငါပစ်ဖို့လုပ်နေတာက ခွေးပေါက်လေးတချို့ပါ"

"ဘာရယ်"

ရွှီဖန်းမှာ အံ့သြသွားရသည်။ ဒါက ကောင်းကင်နတ်ခွေးပေါက်လေးတွေ ဖြစ်နေမလား။

အာ့လန်ရှန်းသာ ထိုခွေးများကို သူ့ဆီပစ်လာခဲ့လျှင် ထိုခွေးများအား မှီခိုထားတာကြောင့် ရွှီဖန်းအား ကျော်လွှားနိုင်မည့်သူ မရှိတော့လောက်ပေ။ 

ထိုအချိန်မှာပဲ အာ့လန်ရှန်း၏ သက်ပြင်းချသံအား သူကြားလိုက်ရသည်။

"ဟင်း ငါ့ရဲ့ကောင်းကင်နတ်ခွေးကြီးက တခြားဝါသနာတော့ မရှိပါဘူး၊ ဒါပေမယ့် သူက အပြင်က ခွေးတွေကိုတော့ လိုက်နှောင့်ယှက်ရတာ ကြိုက်တယ်လေ၊ ဒီကောင်က သူကြိုက်တဲ့ခွေးကို တွေ့တာနဲ့ စိတ်လိုက်မာန်ပါလုပ်တော့တာပဲ၊ ဒီခွေးပေါက်လေးတွေက သူ စိတ်လိုက်မာန်ပါလုပ်လို့ ရလာတဲ့ ပြစ်ဒဏ်လေးတွေ"

ကောင်းကင်နတ်ခွေးကြီးသည် ကောင်းကင်ဘုံနန်းတော်၌ ရက်စက်သော ခွေးဖြစ်ကာ အမြဲတမ်း ခွေးမလေးများနှင့် တူတူရှိသည်။ ထိုအဖြစ်က မရေမတွက်နိုင်သော ခွေးမလေးများ၏ ဗိုက်များအား ကြီးလာစေသည်။ ဒီအတွက် များစွာသော နတ်ဘုရားများသည် ကျောက်စိမ်းအင်ပါယာအား မကျေနပ်ကြောင်း တိုင်တမ်းကြတော့သည်။ 

အာ့လန်ရှန်းသည် ကျောက်စိမ်းအင်ပါယာ၏ အမျိုးဖြစ်သော်ငြား သူလည်း ကြာကြာ ခေါင်းမခံပေးနိုင်တော့ချေ။ သူက ဒီတစ်ခါမှာတော့ အမိန့်ပေးလာခဲ့သည်။ ကောင်းကင်နတ်ခွေးသာ ထပ်ပြီးရှုပ်လာဦးမည်ဆိုလျှင် သင်းကွပ်ခံရတော့မည်။

အာ့လန်ရှန်းသည် ကောင်းကင်နတ်ခွေးအား သူ့ညီအစ်ကိုလို ဆက်ဆံပေးသည်။ ဒါကြောင့် သဘာဝအရပင် သူ့ညီအစ်ကိုက သူ၏ ဒုတိယအငယ်လေးအား ဆုံးရှုံးရမည့်အဖြစ်ကို မြင်နိုင်စွမ်းမရှိပေ။ ဒါကြောင့် ဘယ်သူမှ သတိမထားမိသေးခင် ခွေးပေါက်လေးများအား သေမျိုးလောကမှာ စောင့်ရှောက်ဖို့သာ လုပ်နိုင်တော့သည်။

"လူငယ်လေး...မင်းငါ့ကို ကူညီပေးလို့ ဒီကိစ္စကို ဖုံးကွယ်ထားနိုင်ခဲ့ရင် ငါမင်းကို ကောင်းကောင်းလေး ဆုချမှာပါ...ဘယ်လိုထင်လဲ"

ကောင်းကင်နတ်ခွေး၏ အောက်ပိုင်းကိုယ်လေး ပျော်ရွှင်စေဖို့ရန် အာ့လန်ရှန်းမှာ ရွှီဖန်းအား ကြိုးစားတိုက်တွန်းနေတော့သည်။

ရွှီဖန်းသည် အာ့လန်ရှန်း၏ အလေးထားသော အမူအရာအား ကြည့်ကာ စိတ်လှုပ်ရှားလာသည်။

ဒီတစ်ခါတော့ သူ သေအောင် ကြွယ်ဝပြီပဲ!

ကောင်းကင်နတ်ခွေး၏ အချစ်ရေးကိစ္စမှ ထွက်လာသည့် ခွေးပေါက်လေးများသည် အာ့လန်ရှန်းအတွက် ပြဿနာဆိုသော်ငြား သူ့အတွက်မူ သေရေးရှင်ရေး ဆုံးဖြတ်ပေးနိုင်လေသည်။ ဒါလေးတွေက ကောင်းကင်နတ်ခွေး၏ သွေးကို ပိုင်ဆိုင်ထားသည့် နတ်သားရဲလေးများပင်။

သူသာ မွေးစားထားမည်ဆိုလျှင် အကျိုးရှိလှသည်။ ဒီလို အလုပ်မျိုးဆို ဘာမှမရလည်း လုပ်နိုင်ပေသည်။

"အဆင်ပြေပါတယ်! ကျွန်တော့်သတင်းကို စောင့်နေပေးပါ...ကျွန်တော်အဆင်သင့်ဖြစ်ပြီဆိုရင် သူတို့တွေကို ပစ်ချလို့ရပြီ...ဒီလို စိတ်လိုက်မာန်ပါလုပ်လို့ရလာတဲ့ပြစ်ဒဏ်လေးတွေနဲ့ပတ်သက်လို့ ကျွန်တော့်ဘက်က ကူညီပါ့မယ်!"

ရွှီဖန်းသည် အစီအစဥ်ချကာ သူ့လက်တွေကို ဖုန်းလက်ကွက်အပေါ်မှာ တင်ရင်း စာပြန်လိုက်သည်။ ထို့နောက် အိပ်ရာပေါ်မှ ထခုန်လိုက်တော့သည်။

All Chapters