မင်းတို့ကို မဖမ်းမိစေနဲ့
Vol. 3 Ch. 32
ညအချိန်ဖြစ်တာကြောင့် မိဘနှစ်ပါးနှင့် ညီမဖြစ်သူမှာ အိပ်ပျော်နေလေပြီ။ ရွှီဖန်းသည် အိမ်ထဲ၌ ဓာတ်မီးကို ရှာကာ အနောက်တံခါးကို တိတ်တဆိတ်ဖွင့်လိုက်သည်။
အာ့လန်ရှန်းပြောခဲ့သည့် ခွေးပေါက်လေးများအကြောင်းကို တွေးနေခဲ့တာကြောင့် သူ့ခြေလှမ်းများက မြန်ဆန်နေသည်။
မက်မွန်ပင်များ အနီးကို ရောက်လုနီးပါးမှာတင် ရုတ်တရက် ခြေလှမ်းများအား ရပ်လိုက်သည်။
ပုစဥ်းရင်ကွဲများ၏ ကျည်ကျည်ကျာကျာအသံများကလွဲလို့ တစ်ခုခုအား ခုတ်နေသည့် အသံအား ဝိုးတိုးဝါးတား ကြားနေရသည်။
အစကတော့ နားကြားမှားတာဟု ထင်ခဲ့သေးသည်။ သို့သော်ငြား အချိန်ခဏကြာသည်အထိ အသံက မရပ်သေးပေ။ သူမျက်မှောင်ကြုတ်ကာ ဓာတ်မီးအားကိုင်လျက် အသံလာရာနောက် လျှောက်သွားလိုက်သည်။
အချိန်ခဏကြာ ရှာဖွေပြီးနောက်မှာ အသံက ကျယ်သထက် ကျယ်လာသည်။ လူတချို့ တီးတိုးပြောဆိုနေကြသည့် အသံတွေတောင် ပါသေး၏။ ကြည့်ရတာ လူတချို့ရှိနေသည့်ပုံပင်။
"ဖာ့ခ်! အဲ့ဒီမှာ ရပ်စမ်း!"
မကြာလိုက်၊ ဓာတ်မီး၏အကူအညီဖြင့် အသံလာရာအရင်းအမြစ်အား သူတွေ့လိုက်ရသည်။
ပုဆိန်တွေ ကိုင်ဆောင်ထားသည့် လူအုပ်ကြီးသည် တစ်နေ့လုံး သူစိုက်ပျိုးခဲ့သည့် အပင်များအား ခုတ်ကာ ဖျက်ဆီးနေကြသည်။
ဒီသစ်သီးပင်လေးများက သူ့အတွက် အရာရာပင်။ ရွှီဖန်း ဒေါသတကြီး ဟိန်းဟောက်ကာ ထိုလူများအနောက် လိုက်သွားတော့သည်။
သို့သော်ငြား အကွာအဝေးက ခြားလွန်းသည်။ တောင်ပေါ်က လမ်းတွေကလည်း ညဘက်မှာ လျှောက်ပြေးရတာ မလွယ်ကူချေ။ သူ အပင်တွေအနား ရောက်သည့်အခါ မုဆိုးတစ်သိုက်က ပျောက်သွားလေပြီ။
"မိမစစ်ဖမစစ်ကောင်တွေ ငါမင်းတို့ကို ဖမ်းမမိစေနဲ့"
အနားမှာ ပျက်စီးနေသည့် သစ်သီးပင်အချို့အား ကြည့်လေကြည့်လေ ရွှီဖန်းတစ်ယောက် လူသတ်ချင်လာလေဖြစ်နေသည်။
သူသာ ကောင်းကင်ဘုံနန်းတော်မှ အမှိုက်လေးတွေကို လက်ခံဖို့ မပြေးလာခဲ့လျှင် ဒီကောင်တွေက တောင်ပေါ်ရှိ သစ်သီးပင်များအားလုံးကို အပိုင်းပိုင်းအစစ ဖျက်ဆီးသွားနိုင်သည်။
စိတ်ထဲ၌ မသင်္ကာသည့် လူများရှိသော်လည်း သူ့အတွက် ထောက်ပြစရာ သက်သေမရှိပေ။ ဒီဆုံးရှုံးမှုအား လက်ခံရုံသာ ရှိသည်။
အရင်ဆုံး သူ့ကိုယ်သူ အသက်ပြင်းပြင်းရှူထုတ်ကာ စိတ်တည်ငြိမ်အောင် လုပ်လိုက်သည်။ ပြီးမှ ပတ်ဝန်းကျင်ကို စတင်စစ်ဆေးလိုက်သည်။
ဒီကောင်တွေက သူမရောက်လာခင်မှာ အပင် ၂၀လောက် ခုတ်ပြီးနေလေပြီ။ ဒီသစ်သီးပင်များ၏ ပျမ်းမျှဈေးနှုန်းကို တွက်ချက်ကြည့်လျှင် ယွမ်၁၀,၀၀၀ကျော်လောက် ဆုံးရှုံးသွားရသည်ပင်။ ဒီခွေးကောင်တွေ ဆယ်ဆပြန်ပေးဆပ်ရမည်ဟု သူကျိန်ဆိုမိသည်။
သူရှာတွေ့တာခံလိုက်ရတာကြောင့် ထိုခွေးကောင်တွေ ထပ်ပြီးပြန်မလာရဲတော့မှာကိုတော့ သူယုံကြည်သည်။ မက်မွန်ပင်များ ရှိရာသို့ မပြန်သွားခင်မှာ ထိုခွေးကောင်များအား ဒေါသတကြီး ကျိန်ဆဲခဲ့သေးသည်။
ဘေးပတ်ဝန်းကျင်၌ ဘယ်သူမှ မရှိကြောင်း သေချာသည်နှင့် အာ့လန်ရှန်းထံ စာပို့လိုက်သည်။
"စစ်မှန်သောအရှင်အာ့လန်...ကျွန်တော်ရောက်နေပြီ၊ သူတို့ကို အခု အောက်ယူချလာလို့ရပြီ"
စာပို့ပြီး သိပ်မကြာခင်မှာပဲ သူ့ခေါင်းထက်၌ အနက်ရောင်တွင်းပေါက်ကြီး တဖြည်းဖြည်း ကျယ်
ပြန့်လာသည်။
ရွှီဖန်းသည် ခေါင်းမော့ကာ အပေါ်သို့ ကြည့်လိုက်သည်။ အာ့လန်ရှန်းမှာ မသေမျိုးဖြစ်နေသော်လည်း သူမကောင်းတာလုပ်မှာကို တစ်ယောက်ယောက်ရှာတွေ့မှာ ကြောက်နေသကဲ့သို့ ဟိုကြည့်ဒီကြည့် လုပ်နေသေးသည်။
"လူငယ်လေး ဘာမှထပ်မပြောနဲ့၊ ငါချပေးပြီးတာနဲ့ သွားတော့မယ်၊ ပြီးမှ wechatမှာ ပြောကြတာပေါ့"
အာ့လန်ရှန်းသည် သူခိုးဂျပိုးလို ပြုမူနေကာ အနက်ရောင်တွင်းပေါက်ထဲ ပစ်ချပြီးသည်နှင့် ချက်ချင်း အပေါက်ကို ပိတ်သွားတော့သည်။
မကြာလိုက်၊ အာ့လန်ရှန်း ပစ်ချလိုက်သော ခွေးပေါက်လေးများက ရွှီဖန်း ခြေထောက်အနားမှာ ပြုတ်ကျလာသည်။
ဓာတ်မီး၏အလင်းရောင်အောက်မှာ သူအောက်ငုံ့ကြည့်လိုက်သည်။ သူ့ခြေထောက်အနားတွင် ခွေးပေါက်လေး ၇ကောင်တောင် ရှိနေကာ သူ့အား ချစ်ဖို့ကောင်းစွာ လျက်ပေးနေကြသည်။
"ဒီခွေးလေးတွေ..."
သူ့အား သခင်ကဲ့သို့ ပြုမူနေကြသည့် ခွေးလေး၇ကောင်အား ကြည့်ရင်း ရွှီဖန်းမှာ ရယ်ရခက်ငိုရခက်ပင်။
ဒီခွေးပေါက်လေးများက ပိန်ပါးကာ သေးငယ်ကြသည်။ ချစ်ဖို့ကောင်းတာကလွဲလို့ ကောင်းကင်နတ်ခွေးကြီးလိုမျိုး ဗိုလ်ကျအထက်ဆီးဆန်သည့်အော်ရာမျိုး မရှိပေ။
သိထားရမည်မှာ ကောင်းကင်နတ်ခွေး၏ ဟိန်းဟောက်သံတစ်သံကတောင် ကောင်းကင်ဘုံကို တုန်လှုပ်စေနိုင်သည်။ ဒီခုနှစ်ကောင်ကရော?
ရွှီဖန်း သက်ပြင်းချလိုက်မိသည်။ ဒီခွေးပေါက်လေးတွေက ဖြစ်နိုင်တာကတော့ ကောင်းကင်နတ်ခွေးနှင့် ချီဟွားဟွားခွေးတို့ စပ်မွေးလာတာဖြစ်လိမ့်မည်။
မြစ်အောက်ပိုင်းရွာက ခွေးတောင်မှ ဒီခွေးပေါက်လေးတွေကို အနိုင်ယူနိုင်လောက်သည်။
ရွှီဖန်းတစ်ယောက် ခေါင်းခါရမ်းကာ စိတ်ကူးထဲမှ အတွေးများကို ဖျက်ဆီးလိုက်သည်။ ထို့နောက် ဒီခုနှစ်ကောင် အနာဂါတ်မှာ ဘာမှမဖြစ်လာလည်း ချစ်ဖို့ကောင်းခွင့်ပဲ ပေးလိုက်မည်ဟု တွေးကာ အိမ်ကို ခေါ်လာခဲ့သည်။
နောက်တစ်နေ့ရောက်တော့ သူ့မိသားစုက ခွေးခုနစ်ကောင်၏ မူလဇစ်မြစ်အား မေးတော့သည်။ ရွှီဖန်းသည် သူငယ်ချင်းဆီမှ လက်ဆောင်ရသည်ဟု သာမန်ကာလျှံကာပြောကာ ခရိုင်မြို့တော်သို့ သစ်သီးများလိုက်ပို့ရန် ထွက်လာခဲ့သည်။
ဖောက်သည်တွေဆီသို့ သစ်သီးများလိုက်ပို့အပြီး အိမ်ပြန်လာခဲ့သည်။
"အကြီးဆုံးလေး...ဒုတိယလေး...ထိုင်ကြမယ်!"
ရှို့ရှို့သည် ခြံဝင်းထဲ၌ ခွေးပေါက်လေးခုနစ်ကောင်ဖြင့် ဆော့ကစားနေကာ နာမည်တွေတောင် ပေးထားလိုက်သေးသည်။
ရွှီဖန်းမှာ မျက်လုံးမလှိမ့်ဘဲမနေနိုင်တော့ပေ။
"အရူးမလေး...ခွေးတွေကို ဘူးသီးများ ထင်နေလား"
ခွေးပေါက်လေး ခုနစ်ကောင်လုံး သူ့အနား ပြေးလာတာကို မြင်သည့်အခါ ရွှီဖန်း နှုတ်ခမ်းတွန့်လိုက်သည်။
မြစ်အောက်ပိုင်းရွာမှာ ခွေးတွေကို ပျိုးထောင်သလိုမျိုး ဒီခုနစ်ကောင်ကို ပျိုးထောင်လိုက်လျှင် အနာဂါတ်မှာ နိုင်းယှဥ်လို့မရအောင် ခွန်အားကြီးလာလိမ့်မည်ဟု သူအနည်းငယ်တော့ မျှော်လင့်ထားသည်။
ခွေးပေါက်လေးခုနစ်ကောင်အား စနောက်ပြီးနောက်မှာ ငွေအပ်ဘူးအား ယူ၍ မြစ်အောက်ပိုင်းရွာ၏ ဆေးခန်းသို့ သွားရန်ပြင်လိုက်သည်။
"ရှို့ရှို့ရေ အစ်ကို မင်းအစ်မချိုးယာဆီ သွားလိုက်ဦးမယ်"
ဆေးပညာအစွမ်းအား သူပြသပြီးကတည်းက ရှုချိုးယာသည် သူမအား သင်ပေးပါရန် တောင်းဆိုခဲ့သည်။
ဆရာဝန်လှလှလေး၏ တောင်းဆိုမှုအား မငြင်းဆန်
နိုင်ခဲ့ပေ။ ဒါ့အပြင် ဝမ်ပါ့၏ ရောဂါကိုလည်း ဒီနေ့ပဲ ကုသပေးမှာဖြစ်သည်။ ရွှီဖန်း စကားအကြာကြီးမပြောတော့ဘဲ ထွက်ရန်ပြင်လိုက်သည်။
"ရွှီဖန်း နင်အပြင်သွားမလို့လား"
ခြံပြင်မထွက်ခင်မှာ ဝူယွီရွှမ်းသည် ချန်ကျင်းရှန်တို့သားအဖအားခေါ်၍ ခြံထဲဝင်လာသည်အား သူတွေ့လိုက်ရသည်။
ဝူယွီရွှမ်းသည် ဂုဏ်ပြုစကား ပြောကြားရန်အတွက် ရွှီဖန်းဆီ ရောက်လာတာ ဖြစ်သည်။
ရွှီဖန်းသည် မြစ်အောက်ပိုင်းရွာ၌ ဥယျာဥ်ခြံလေးကို ဆောက်ခဲ့တာကြောင့် စီးပွားရေးစလုပ်ဖို့ ဆုံးဖြတ်ထားမည်မှန်း သိသာသည်။ မြစ်အောက်ပိုင်းရွာ၏ အုပ်ချုပ်သူအကြီးအကဲအနေဖြင့် သူမ၏ ထောက်ပံ့မှုအား ပြသရမည်။
"ရွှီဖန်း နင့်မှာအခက်အခဲရှိခဲ့ရင် ငါ့ကို လာရှာ၊ ကူညီပေးမယ်၊ ဒါဆို နင်လည်း နင့်အလုပ်ကို ကောင်းကောင်းလုပ်လို့ရပြီ"
ဝူယွီရွှမ်းသည် ရွှီဖန်း၏ ဆုံးဖြတ်ချက်အား အလွန်ထောက်ခံနေသည်။ ရွှီဖန်း လုပ်ငန်းစလုပ်ရာ၌ သူမလည်း အကောင်းဆုံး ကူညီပေးနိုင်မည်ဟု မျှော်လင့်နေသည်။
ရွှီဖန်းသည် ခါးသက်စွာ ပြုံးကာ သူမအနောက်မှာ ရပ်နေသည့် ချန်သားအဖအား ကြည့်လိုက်သည်။
"ယွီရွှမ်း စီးပွားရေးတစ်ခု စလုပ်တဲ့အခါမှာတော့ တစ်ကယ်ကို အခက်အခဲတွေက အများကြီးပဲ၊ မင်းရဲ့လမ်းကြောင်းကို လာလာပိတ်တဲ့ ခွေးရူးတွေက အမြဲရှိနေတာ၊ ဒါပေမယ့် စိတ်မပူပါနဲ့ ငါ ရွှီဖန်းက လွယ်လွယ်ကူကူမကျရှုံးဘူး"
"ဖာ့ခ် မင်းဘယ်သူ့ကို ခွေးလို့ ပြောတာလဲ!"
ရွှီဖန်းသည် ထိုစကားပြောနေစဥ်မှာ ချန်ရှောင်ကျွင်းအား စူးစိုက်ကြည့်နေခဲ့သည်။ ချန်ရှောင်ကျွင်းသည်
လည်း မထိန်းနိုင်ဖြစ်ကာ ရွှီဖန်းအား စိုက်ကြည့်၍ ဆဲလာသည်။
ချန်ကျင်းရှန်မှာ ထိုအရာအား မြင်သည့်အခါ သူ့သားအား ခပ်မြန်မြန် ဆွဲထားရသည်။
"ဟေး! ရွှီဖန်း မင်း ဆေးမှားသောက်လာတာလား! ပြောနေရင်းနဲ့ ဘာလို့ ငါ့သားကို လာကြည့်နေတာလဲ! မင်းငါတို့ကို လာစွပ်စွဲနေတာလား!"
"မင်း ဘာဖြစ်နေလဲ ငါမသိပေမယ့် နားထောင်
လိုက်တာ ပိုကောင်းမယ်...ငါ့ရဲ့ရှောင်ကျွင်းက မြစ်အောက်ပိုင်းရွာရဲ့လက်ထောက်ဝန်ထမ်းဖြစ်နေပြီ၊ သူက တက္ကသိုလ်ကျောင်းသားကွ! မကောင်းတာ ဘာမှလုပ်မှာ မဟုတ်ဘူး! မင်းထပ်ပြီးစွပ်စွဲနေမယ်ဆိုရင် ငါတို့ကို မယဥ်ကျေးဘူးလို့ အပြစ်မတင်နဲ့!"
လေထုထဲ၌ ယမ်းမှုန့်များ ပျံ့လာတာကြောင့် ရွာ၏အုပ်ချုပ်ရေးမှူး ဝူယွီရွှမ်းသည် ချန်ကျင်းရှန်နှင့် သူ့သားအား ကြည့်ကာ မေးလာသည်။
"ရွှီဖန်း ဘာတွေဖြစ်ထားတာလဲ"
ရွှီဖန်းသည် ခေါင်းကိုခါယမ်းကာ ချန်သားအဖအား ထိပ်တိုက်မတွေ့တော့ပေ။ ဒီအချိန်မှာ ပြစရာ ဘာသက်သေမှ မရှိတာကြောင့် ဆက်ပြီးပြောနေမယ်ဆိုလျှင် သူကပဲ ဘာမှမဟုတ်သည့်အရာအတွက် ဒုက္ခလိုက်ရှာနေသည့်ပုံပေါက်သွားလိမ့်မည်။
"ဘာမှမဟုတ်ပါဘူး၊ မနေ့ညက တစ်စုံတစ်ယောက်က ငါ့သစ်သီးပင်ဒါဇင်လောက်ကို ခုတ်ပြီးဖျက်ဆီးသွားတယ်၊ ကိစ္စကြီးတော့ မဟုတ်ပါဘူး"
"ဒါက..."
ရွှီဖန်း၏ ရှင်းပြမှုကြောင့် ဝူယွီရွှမ်းသည် မျက်မှောင်ကြုတ်ကာ ချက်ချင်းပြောလာသည်။
"ရွှီဖန်း မြစ်အောက်ပိုင်းရွာကလူတွေက ဒီလိုအလုပ်မျိုးတော့ လုပ်မှာမဟုတ်ဘူး၊ တခြားရွာကများလား၊ ဒါမှမဟုတ် ဝမ်မာဇီ လုပ်တာများလား"
************************