ချိုးဆုအာ၏ရောဂါ
Vol. 3 Ch. 33
သက်သေမရှိတာကြောင့် ဝူယွီရွှမ်းသည်လည်း ချန်ကျင်းရှန်တို့သားအဖ၏အမှားလို့ ပြောလို့မရဖြစ်နေသည်။ သူမက ရွှီဖန်းအတွက် နည်းလမ်းတစ်ခုကို ခဏတာစဥ်းစားနေကာ...
"ရွှီဖန်း ဒီလိုအဖြစ်မျိုး ထပ်ဖြစ်မှာကို ကာကွယ်ဖို့ အနောက်ကတောင်ပေါ်မှာ ဝံပုလွေတချို့ မွေးထားရင်ရော"
"ဟဲဟဲ ယွီရွှမ်း သူပျိုးထောင်နေတာပဲလေ...အဲ့ဒီမှာ ကြည့်ပါလား...ခုနှစ်ကောင်မှ...ဟားဟားဟား သေးသေးလေးတွေ"
ရွှီဖန်း စကားပြောမှာကို မစောင့်ဘဲ ဘေးမှာ ရပ်နေသည့် ချန်ရှောင်ကျွင်းက ပျက်ရယ်ပြုကာ စကားဖြတ်ပြောလာသည်။
"ဒါက..."
ဝူယွီရွှမ်းသည် ချန်ရှောင်ကျွင်းအကြည့်နောက်လိုက်၍ အိမ်ထဲသို့ ကြည့်လိုက်ရာ လှေကားထစ်ပေါ်သို့ ခက်ခက်ခဲခဲတက်နေကြသည့် ခွေးပေါက်လေးများအား တွေ့လိုက်ရသည်။
ဒီခွေးပေါက်လေးများက အမှန်တစ်ကယ်ကို ချစ်ဖို့ကောင်းကြသော်ငြား တောင်ပေါ်ရှိ ဥယျာဥ်ခြံအား စောက်ရှောက်ခိုင်းဖို့ မှီခိုနေတာက နည်းနည်းတော့ များ၏။
ဝူယွီရွှမ်းက ရွှီဖန်းအား ဇဝေဇဝါဖြစ်နေသည့်အမူအရာဖြင့် ကြည့်လာသည်။ ရွှီဖန်း ဘာတွေးနေလဲဆိုတာ သူမ နားမလည်တော့ပေ။
ရွှီဖန်းက အနောက်တောင်ပေါ်မှာ ဥယျာဥ်ခြံပြုလုပ်ရန်အတွက် ပိုက်ဆံကုန်အောင်သုံးခဲ့မိလို့များ အခုလို ခွေးပေါက်လေးများကိုသာ ဝယ်ရန် တတ်နိုင်ခဲ့သည်လားမသိပေ။
ချန်ကျင်းရှန်သည် မျက်လုံးများ မှေးကျဥ်းကာ အလွန့်အလွန်သာမာန်ဆန်နေသော ခွေးပေါက်လေးများအား အကဲဖြတ်နေသည်။ သူတစ်ချက်ကန်
ထုတ်လိုက်ရုံနှင့် သူတို့အားလုံးကိုပင် သတ်ပစ်လို့ ရသည်။ ဒါလေးတွေကို တောင်ပေါ်မှာစောင့်ခိုင်းဖို့ ရွှီဖန်းက တစ်ကယ်ကြီး မှီခိုချင်နေတာလား။
"ဟဲဟဲ ရွှီဖန်း၊ စိတ်ဝင်စားစရာပဲ...မင်း ခွေးဝယ်ဖို့ ပိုက်ဆံမလောက်တော့လို့လား ဒါမှမဟုတ် သူများလိမ်တာ ခံလိုက်ရတာလား၊ ဒီခုနစ်ကောင်ကို ဦးလေးကြည့်ရတာတော့ ဝံပုလွေတွေနဲ့ မတူဘူးပဲ...မြစ်အောက်ပိုင်းရွာက ခွေးတွေနဲ့ တူတယ်ဆိုရင်တောင် ဟုတ်ဦးမယ်"
ချန်ကျင်းရှန်က လှောင်ပြောင်လာသည်။ ဒီည တောင်ပေါ်မှာ ရွှီဖန်းစောင့်ကြပ်နေမှာကို စိုးရိမ်နေလို့သာ မဟုတ်ရင် ဒီခွေးခုနစ်ကောင်ကို ဒီည ထိခိုက်အောင် လုပ်ပေးနိုင်သည်။
ချန်ရှောင်ကျွင်းကလည်း ပြုံးကာ ပြောလာသည်။
"ရွှီဖန်း တစ်နေ့ကပဲ မင်း ထောင်လွှားပြနေတာ မဟုတ်ဘူးလား၊ ချမ်းသာပြီး ပါဝါရှိတယ်လား...ဒါက ဘာလဲ၊ အခု ဝံပုလွေတစ်ကောင်လောက် ဝယ်ဖို့တောင် မတတ်နိုင်ဘူးတဲ့လား၊ မင်းရဲ့ဥယျာဥ်ခြံကို စောင့်ရှောက်ဖို့အတွက် ငါ့ရဲ့ပေါကြွယ်ဝမှုတွေကို မင်းအတွက် ချေးပေးရဦးမလား"
"ပေါက်တတ်ကရတွေ တော်စမ်း!"
ချန်သားအဖနှစ်ယောက်က သိသိသာသာကို လှောင်ပြောင်နေတာကြောင့် ဝူယွီရွှမ်းက ဆူငေါက်တော့သည်။ ရန်ပွဲတစ်ခု စလာတာမျိုး သူမ မလိုချင်ပေ။
သူမ ရွှီဖန်းအား နှစ်သိမ့်ပေးလိုက်သည်။
"ရွှီဖန်း နင့်မှာ ဘာအခက်အခဲပဲရှိရှိ ငါ့ကိုပြောသာပြော၊ ငါ သေချာပေါက် ကူညီမယ်!"
သူမအဖေအား ရွှီဖန်း ကုသပြီးအချိန်ကတည်းက သူ့အား သေသေချာချာ ကျေးဇူးမတင်ရပေ။ ရွှီဖန်းသာ ပိုက်ဆံပြတ်လပ်နေမည်ဆိုလျှင် သူမမွဲရင်မွဲသွားပါစေ ကူညီမည်ဟု စိတ်မှာ ဆုံးဖြတ်ထားသည်။
ရွှီဖန်းက ပေါ့ပေါ့ပါးပါးပင် ခေါင်းခါရမ်း၍ ပြုံးလာသည်။
"ယွီရွှမ်း မင်းရဲ့စေတနာအတွက် တစ်ကယ်ကျေးဇူးပါပဲ...ဒီအကြောင်း ဆက်မပြောရအောင်၊ ပျင်းဖို့ကောင်းတယ်"
"စကားမစပ် ငါ့ရဲ့သဘောထားကတော့ အဲ့ဒီကောင်တွေ ထပ်ပြီး ဒုက္ခလာပေးရဲရင်တော့ ငါ ရွှီဖန်းက သူတို့ကို လုံးဝ အလွတ်ပေးမှာမဟုတ်ဘူး"
သခင်ဖြစ်သူ၏ ဒေါသကို ခံစားရတာကြောင့် ခွေးပေါက်လေး ခုနစ်ကောင်သည် ရွှီဖန်း ခြေထောက်နားသို့ ပြေးလာကာ ချန်ကျင်းရှန်တို့သားအဖအား ဟောင်ကြတော့သည်။
ကံမကောင်းစွာပဲ သူတို့လေးတွေမှာ အလွန်ချစ်ဖို့ကောင်းနေကာ လုံးဝကြောက်ဖို့မကောင်းနေပေ။
ဝူယွီရွှမ်းနှင့် ထိုနှစ်ယောက်အား ခြံပြင် လိုက်ပို့ပြီးနောက်မှာ ရွှီဖန်း ဆောင့်ကြောင့်ထိုင်လျက် ခွေးပေါက်လေးများအား ပုတ်ပေးလိုက်သည်။ သူ ခါးသက်စွာ ပြုံးလျက်....
"အစောင့်အစ်ကိုကြီးတို့ရေ...မင်းတို့အားလုံးမြင်ကြတဲ့အတိုင်းပဲ...ချစ်ဖို့မကောင်းအောင် အကောင်းဆုံး လုပ်ယူကြဖို့ မှတ်ထားပါကွာ"
ပြီးတာနဲ့ မြစ်အောက်ပိုင်းရွာ၏ ဆေးခန်းသို့ ချက်ချင်း သွားတော့သည်။
ဝမ်ရှို့ချိုင်မိသားစုမှာ ဆေးခန်း၌ အချိန်တော်တော်ကြာ စောင့်နေကြသည်။
ဝမ်ရှို့ချိုင်သည် ဒီတလော နာခံနေကာ ရွှီဖန်းအား ပိုပိုပြီး လေးစားနေသည်။ ရွှီဖန်း ဆေးခန်းထဲသို့ လျှောက်လာတာ မြင်သည့်အခါ ရှက်ကိုးရှက်ကန်းပြုံး၍ လာကြိုဆိုလေသည်။
ရွှီဖန်းကတော့ လက်ကိုဝှေ့ယမ်းကာ သူ့လို တစ်ပုံစံတည်း ပြန်လုပ်ပြဖို့ စိတ်မဝင်စားပေ။ ရှုချိုးယာအား နှုတ်ဆက်ပြီးနောက် အိပ်ရာပေါ် လှဲနေသည့် ခွေးကောင်လေးဆီသို့ လျှောက်သွားလိုက်သည်။
သူ ငွေအပ်များအား ထုတ်ကာ ဝမ်ပါ့အား စတင် ကုသတော့သည်။
နှိမ့်ချရိုသေစွာ ကြည့်နေသည့် ရှုချိုးယာကိုလည်း အာရုံစူးစိုက်မှု ပေးရန် လိုအပ်သည့် တရုတ်အပ်
စိုက်ခြင်းကုထုံးနည်းလမ်းများအား ရှင်းပြပေးနေသည်။
ထိုအကြောင်းအရာများမှာ စိမ်းပြာရောင်ဆေးအိတ်ထဲ၌ မှတ်တမ်းတင်ထားသည့် မရှိမဖြစ်အရာများပင်။ စိတ်ဝိညာဥ်ဖွင့်ခြင်းအမှုန့်သောက်သုံးထားသည့် ရွှီဖန်းအတွက်တော့ လွယ်ကူသော်ငြား ရှုချိုးယာမှာတော့ နားထောင်ပြီးသည်နှင့် ရှုပ်ထွေးနေတော့သည်။
သူမ ဆက်နားမထောင်နိုင်တော့ဘဲ ပါးပေါ်မှာ လက်တင်လျက် ဘေးမှာသာ ထိုင်နေတော့သည်။ တရုတ်အပ်စိုက်ခြင်းကုထုံးအား တည်တည်ကြည်ကြည် လုပ်ဆောင်နေသည့် ရွှီဖန်းအား ကြည့်ရင်း သူမ ဘာတွေးနေလဲ မသိနိုင်ပေ။
မကြာလိုက်၊ ကုထုံးလည်းပြီးသွားကာ ဝမ်ရှို့ချိုင်သည် ဆေးဖိုးဝါးခအား ပေး၍ တခြားလူများနှင့်အတူတူ အိမ်ပြန်သွားခဲ့သည်။
ရှုချိုးယာသည် အဖြူရောင်ကုတ်ကိုချွတ်၍ ဘေးမှ လက်ဆွဲအိတ်အား ကောက်ယူနေသည်။ ရွှီဖန်း မနေနိုင်ဘဲ မေးမိသည်။
"ဆရာမရှု...အို! ချိုးယာ ဘယ်သွားမလို့လဲ"
"ခရိုင်မြို့တော်မှာ ဆေးအချို့ သွားယူဖို့ လိုနေလို့"
"ကျွန်တော် လိုက်ပို့ပေးမယ်ဆို ဘယ်လိုလဲ"
ရှုချိုးယာသည် ပြောပြီးသည်နှင့် ဒေါက်မြင့်ဖိနပ်ကိုတောင် စီးပြီးနေလေပြီ။ ရွှီဖန်းက သူ့သုံးဘီးဖြင့် ခရိုင်မြို့တော်ကို လိုက်ပို့ပေးရန် ပြင်လိုက်သော်ငြား သူမက သူ့အား ပြန်ဖိချလာသည်။
ရှုချိုးယာသည် သူမမျက်လုံးများအား လှိမ့်ကာ စိတ်ဆိုးဆိုးဖြင့် ပြောလာသည်။
"မရဘူး...ရှင်ကို ဆေးခန်းမှာ ခဏစောင့်ခိုင်းဖို့ ကျွန်မတွေးနေတာ...ကောင်းပြီနော် ဒီမှာပဲနေ! တစ်ယောက်ယောက်ဖျားလို့ လာပြရင် ကြည့်ပေးပြီးမှ ပြန်ရမယ်"
ရှုချိုးယာသည် ထိုစကားပြောကာ ချက်ချင်း ထွက်သွားတော့သည်။ ရွှီဖန်းမှာ ရယ်ရခက် ငိုရခက်
ဖြင့် ခေါင်းခါရမ်းလိုက်သည်။ ဆေးခန်းမှာ နာနာခံခံဖြင့် နေပေးကာ ရှုချိုးယာအစား အလုပ်လုပ်ပေးဖို့သာ တတ်နိုင်တော့သည်။
"ဟမ်?"
သူထိုင်ပြီးမကြာခင်မှာပင် အပြင်မှ ခြေသံများအား ကြားလိုက်ရသည်။
ခြေသံက အလွန်ညင်သာ၍ ခြေလှမ်းများက ကြာရှည်နေသည်။ အထဲသို့မဝင်လာခင်မှာ အချိန်ခဏလောက် တုံ့ဆိုင်းနေသည့်ပုံပင်။
"ရွှီ ရွှီဖန်း ဘာလို့ ဒီရောက်နေတာလဲ"
တစ်ဖက်လူမှာ တံခါးကိုဖွင့်လိုက်သည်နှင့် အထဲမှာ ထိုင်နေသော ရွှီဖန်းကိုမြင်ကာ အံ့အားသင့်သွားတော့သည်။
ဒီနေ့ ချိုးဆုအာသည် ပန်းပွင့်ပုံဂါဝန်လေးအား ဝတ်ဆင်ထားကာ ဂုဏ်သရေရှိ၍ သဘောထားကြီးပုံပေါ်နေသည်။ ရွှီဖန်းမှာ သူမ၏ ဖြူဖွေးကာ ကြည်လင်နေသည့် ကြာပန်းကဲ့သို့ လက်မောင်းလေးနှစ်ဖက်ကို ကြည့်နေရင်းဖြင့် သူမမျက်နှာမကောင်းမှန်း သတိထားမိသွားသည်။
"အစ်မဆုအာ...ဘာဖြစ်လို့လဲ"
ရွှီဖန်း မတ်တပ်ရပ်ကာ ချိုးဆုအာဆီသို့ လျှောက်လာသည်။ ဒါကို သူမမြင်သည့်အခါ နှလုံးခုန်နှုန်းများ မြန်ဆန်လာသည်။
"ရွှီ ရွှီဖန်း ဆရာမရှုမရှိရင်...အစ် အစ်မ အရင်ပြန်နှင့်မယ်"
သူမ ရှက်ရွံ့စွာပြောရင်း ထွက်ပြေးရန် ပြင်လိုက်သည်။ ထိုအခိုက်အတန့်မှာ သူမ၏နူးညံ့သော လက်များအား ရွှီဖန်းက ဆွဲလာသည်။
"အစ်မဆုအာ အရင်ဆုံး ထိုင်လိုက်ပါ..ကျွန်တော့်ကို အရင်ကြည့်ခွင့်ပေးပါ၊ စိတ်မပူပါနဲ့...ကျွန်တော့်ဆေးပညာက ဆရာမရှုထက် မနိမ့်ပါဘူး"
"ဒါက"
ချိုးဆုအာသည် ရွှီဖန်း တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသော သူမလက်အားကြည့်ကာ မျက်နှာတစ်ခုလုံး နီရဲနေသည်။ သူမတုံ့ဆိုင်းနေသော်ငြား ခန္ဓာကိုယ်က မသက်မသာ ခံစားနေရတာကြောင့် သူမနှုတ်ခမ်းအား ကိုက်ကာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ၊ ရွှီဖန်း အစ်မကို ကြည့်ပြီး ကူညီပါဦး"
ချိုးဆုအာသည် ရွှီဖန်းအနောက် လိုက်ကာ ထိုင်ချလိုက်သည်။
သူမ ရှက်နေတာကြောင့် ဘာမှမပြောခဲ့ပေ။ ဒါကြောင့်
ရွှီဖန်းမှာ သူမအား စိုးရိမ်ပူပန်စွာ ကြည့်၍ မေးရသည်။
"အစ်မဆုအာ...ဘာတွေခံစားနေရလဲဆိုတာ ကျွန်တော့်ကို ပြောပြရမယ်"
စိမ်းပြာရောင်ဆေးအိတ်အား ရွှီဖန်း လေ့လာနေသော်လည်း အကြည့်တစ်ချက်ဖြင့် ရောဂါကို ပြောနိုင်သည့် အဆင့်ထိတော့ မရောက်သေးပေ။
ချိုးဆုအာသာ ဘာမှမပြောဘူးဆိုလျှင် သူ ကုသပေးလို့ မရပေ။
ချိုးဆုအာက ခေါင်းခါရမ်းလာကာ...
"အစ်မ နေလို့မကောင်းဘူး"
"ဒါဆို ကျွန်တော့်ကိုပြော...ဘယ်နေရာက မသက်မသာ ခံစားနေရတာလဲ"
ရွှီဖန်းမှ ထိုမေးခွန်းအား မေးလာသည့်အခါ သူမ ပို၍ ရှက်ရွံ့လာသည်။ သို့သော်ငြား ရွှီဖန်း၏အကြည့်
အောက်၌ သူမ ခြင်သံကဲ့သို့ ခပ်တိုးတိုးပြောလိုက်သည်။
"အစ်မရင်ဘတ်က တင်းကြပ်နေသလို ခံစားရတယ်၊ ပြီးတော့ အစ်မရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကလည်း နည်းနည်း နာနေတယ်"
********************