ဒါက မကောင်းဘူး
Vol. 3 Ch. 34
အဟွတ်! အဟွတ်!
ရွှီဖန်းမှာ သီးလုနီးပါးပင်။ ချိုးဆုအာ နေရခက်ပုံပေါ်နေတာ မဆန်းတော့ပေ။
လက်ရှိဆေးခန်းထဲ၌ သူမနှင့် သူနှစ်ယောက်တည်းသာ ရှိသည်။ ထိုစကားများအားပြောပြီးနောက် သူမ နေရမခက်ဘဲ နေဖို့ဆိုတာ မဖြစ်နိုင်ပေ။
"ရွှီဖန်း ငါအတည်ပြောနေတာပါ...မဟုတ် အဲ့ဒီလိုမဟုတ်"
ချိုးဆုအာသည် သူမစကပ်အား စိုးရိမ်ပူပန်စွာဆုပ်ကိုင်ရင်း အားလျော့စွာ ရှင်းပြလာသည်။ အကျင့်ပျက်မိန်းမကဲ့သို့ သူ့အား ရည်ရွယ်ချက်ရှိရှိ ဖျားယောင်းနေသည်ဟု ရွှီဖန်း ထင်သွားမည်ကို ကြောက်ရွံ့နေသည်။
ရွှီဖန်း ခေါင်းခါရမ်းလိုက်ကာ...
"အစ်မဆုအာ စိတ်မပူပါနဲ့၊ ကျွန်တော် သိတယ်"
ချိုးဆုအာနှင့် ရက်အနည်းငယ်ခန့် အချိန်ဖြုန်းဖူးတာကြောင့် သူမအကြောင်း ကောင်းစွာသိသည်။ သူမက ထိန်းထိန်းသိမ်းသိမ်းနေတတ်ပြီး ဘာမှအထင်မမှားတတ်သည့်လူမှန်း သူသိသည်။
သူမ၏အခြေအနေအကြောင်း အသေးစိတ်မေးပြီးနောက်မှာ ယေဘုယျအကြံတစ်ခုကို မြန်မြန်ရလိုက်သည်။
"အစ်မဆုအာ...ဒီနေရာကို တလောက လာဖူးလား"
ထိုအခိုက်အတန့်၌ ချိုးဆုအာ၏ လှပသော မျက်နှာလေးမှာ အမူအရာအပြည့်ရှိနေပြီး ခေါင်းညိမ့်လာသည်။
"အင်း လာဖူးတယ်၊ ရွှီဖန်း...အစ်မ အစ်မ ဗိုက်က အရမ်းနာ...."
သူထင်ထားသကဲ့သို့ပင် ချိုးဆုအာသည် ရာသီလာစဥ်ခံစားရသည့် လက္ခဏာများအား ခံစားနေရခြင်းပင်။ သူမ စကားပြောပြီးသည်နှင့် မျက်ခုံးများ တွန့်ချိုးကာ ဗိုက်ကိုဆုပ်ကိုင်လျက် ကွေးညွှတ်လာသည်။
"အစ်မဆုအာ...ကျွန်တော့်ကို လက်ပေးပါ"
သူ့လက်ချောင်းများအား ဓားသဏ္ဍာန်ပြုလုပ်ကာ လက်မနှင့် လက်ညှိုးကြားရှိ နေရာအား ဖိပွတ်
ပေးလိုက်သည်။
"ရွှီဖန်း...အစ်မ သွားတော့"
ချိုးဆုအာသည် သူမနှုတ်ခမ်းအားကိုက်ကာ စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။ သို့သော် သူမဝမ်းဗိုက်မှ နာကျင်မှုကြောင့် ရွှီဖန်း လက်ထဲမှ ရုန်းမထွက်နိုင်ခဲ့ပေ။
ထိုအခိုက်အတန့်၌ ရွှီဖန်းက သူမ၏လက်လေးအား ဖိပွတ်နေသည်။ သူမ၏ ရင်ဘတ်သည်လည်း အချင်းချင်းတိုက်မိကုန်သည့် သမင်လေးများကဲ့သို့ ခုန်ပေါက်နေသည်။ သူမ စိတ်လှုပ်ရှားနေကာ ရှက်လည်း ရှက်နေမိသည်။
ရွှီဖန်းသည် ဘေးမှာ တစ်ဝက်သာ ပိတ်ထားသည့် တံခါးအား ခဏခဏကြည့်ရင်း တွေးမိသည်။ အကယ်၍သာ ရွာသားတစ်ယောက်ယောက်က မြင်သွားလို့ကတော့ အနာဂါတ်မှာ မြစ်အောက်ပိုင်းရွာ၌ သူမျက်နှာပြရဲတော့မည် မဟုတ်ပေ။
"ဟင်"
ရုတ်တရက် ကြည်လင်သော နွေဦးကဲ့သို့ သက်သောင့်သက်သာရှိသည့် ခံစားချက်က ပျံ့နှံ့လာကာ ချိုးဆုအာ၏ ပူပန်မှုအား လျော့ကျသွားစေသည်။ ရွှီဖန်း၏ နှိပ်နယ်ပေးမှုအောက်မှာ ဝမ်းဗိုက်မှ နာကျင်မှုက သက်သာလာရုံတင်မကဘဲ သူမရင်ဘတ်မှ တင်းကြပ်နေမှုများလည်း မရှိတော့ကြောင့် သူမ သတိထားမိတော့သည်။
"အင်း~~"
ရွှီဖန်း၏ နည်းလမ်းက အလွန်ကောင်းမွန်သည်။ ချိုးဆုအာအတွက် လက်မနှင့်လက်ညှိုးကြား ဖိပွတ်ခြင်းခံရသည်မှာ အလွန် သက်သောင့်သက်သာ ရှိလွန်းတာကြောင့် မနေနိုင်ဘဲ ညည်းညူမိလေသည်။
သို့သော် သူမအရှေ့မှာရှိသည့် ရွှီဖန်းအားကြည့်ရင်း ရှက်သွားရတာကြောင့် သူမမျက်နှာတစ်ခုလုံး မနီခင်မှာ သူမနှုတ်ခမ်းအားကိုက်ကာ ညည်းညူးသံအား အတင်းအကြပ် လည်ချောင်းထဲ ပြန်မြိုချလိုက်ရသည်။
ချိုးဆုအာ နင်အသံထွက်လို့မဖြစ်ဘူး! ရွှီဖန်း နင့်ကို အထင်လွဲသွားလိမ့်မယ်!
စိတ်ထဲ၌ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သော်ငြား နောက်တစ်ချက်မှာ မထိန်းနိုင်တော့ဘဲ အသံထွက်မိတော့သည်။
ကျော့ရှင်းသော ငန်းဖြူကဲ့သို့ သူမ၏ သွယ်လျကာ ဖြူဖွေးသော လည်တိုင်တို့အား မြှင့်ရင်း အတွေးထဲနစ်မြောသွားသလို ညည်းညူလာသည်။
သူမ၏ဆံပင်များက ကျဆင်းနေသည်။ သူမ၏ နူးညံ့ပြီးဆွဲမက်ဖွယ်ကောင်းသော မျက်နှာပေါ်ရှိ မျက်ဝန်းများမှာလည်း မြူဆိုင်းနေသကဲ့သို့ ထင်ရကာ အချစ်များပြည့်နေသည်။ ထိုအချိန်အခိုက်အတန့်မှာ သူမအရိုးအသားထဲ၌ နှစ်လရှည်ကြာစွာ ဖုံးကွယ်
ထားခဲ့သော ဆွဲဆောင်မှုများ ထွက်ပေါ်လာတော့သည်။
"ရွှီ ရွှီဖန်း...အစ်မ တော်တော်လေး နေကောင်းသွားပါပြီ၊ မင်း မင်း ရပ်လို့ရပြီ"
ဘယ်နှစ်ကြိမ်မှန်းမသိ နှိပ်နယ်ပေးပြီးနောက်မှာ ဝမ်းဗိုက်ထဲမှာ နာကျင်မှုသည်လည်း ပျောက်သွားလေပြီ။ သူမက ရွှီဖန်းအား ခါးသီးမှုများ ပြည့်နေသော မျက်ဝန်းများဖြင့် ကြည့်ကာ အမောတကော ပြောလာသည်။
သူမ၏မျက်လုံးများက သူ့အား ဘာကြောင့် ဒီလောက် သက်သောင့်သက်သာရှိအောင် ပွတ်ပေးနေရတာလဲဟု ပြောချင်ပုံရသည်။
ရွှီဖန်းသည် ချိုးဆုအာ၏လက်အား လွှတ်ပေးကာ ရှင်းပြလိုက်သည်။
"အစ်မဆုအာ...ဒီလို ဓမ္မတာလာနေစဥ် နာကျင်ရတဲ့လက္ခဏာက ဆဲလ်ထဲမှာရှိပြီး ပုံမှန်အားဖြင့် သွေးအားနည်းတာကြောင့် ဖြစ်ရတာ၊ မသက်သာဘူးဆိုရင် အခုလုပ်သလိုမျိုး လုပ်လို့ရတယ်၊ အဲ့ဒီနေရာကို ဟယ်ကု ကုထုံးအမှတ်လို့ခေါ်တယ်၊ နောက်ကျရင် အစ်မဘာသာ အစ်မနှိပ်ပေးလို့ရတယ်၊ ဒီနည်းလမ်းနဲ့ နာကျင်မှုက သက်သာသွားလိမ့်မယ်"
"ပြီးတော့..."
ရွှီဖန်းက ချိုးဆုအာ၏ ပန်းပွင့်စကပ်အောက်မှ ခြေထောက်များအား ကြည့်ကာ ပြောလိုက်သည်။
သူမက လယ်ယာလုပ်ငန်းကို သိပ်မလုပ်ခဲ့တာကြောင့် ဖြစ်နိုင်သည်။ သူမ၏ခြေထောက်များမှာ သေးသွယ်ပြီး ဖြူဝင်းနေကာ ကြိုးသိုင်းဖိနပ်လေးဖြင့် ပိုပြီး နူးညံ့ပုံပေါက်နေသည်။
"အစ်မ နာနေတုန်းဆိုရင် ကျွန်တော် ထိုက်ချုံးအမှတ်ကိုပါ နှိပ်နယ်ပေးလို့ရတယ်၊ ဒါဆို သွေးကြောတွေကို လှုံ့ဆော်ပေးနိုင်တဲ့ အကျိုးသက်ရောက်မှု ရရှိလိမ့်မယ်"
"မလို! မလိုတော့ပါဘူး"
ချိုးဆုအာသည် ရှေးထုံးအတိုင်းနေသည့် အမျိုးသမီးဖြစ်ရာ ရွှီဖန်းမှ သူမခြေထောက်အား နှိပ်ပေးတော့မှာကို မြင်သည်နှင့် လက်များခါယမ်းကာ ငြင်းလာတော့သည်။
"ရွှီဖန်း အစ်မအဆင်ပြေပါတယ်...အစ်မ အခုကောင်းသွားပါပြီ၊ အစ်မ အရင်သွားနှင့်တော့မယ်"
ချိုးဆုအာသည် အထိတ်တလန့်ဖြင့် မတ်တပ်ရပ်ကာ ရွှီဖန်းအား တစ်ချက်ကြည့်ရင်း ဆေးခန်းတံခါးအား အမြန်ဖွင့်၍ ထွက်သွားတော့သည်။
ရွှီဖန်းမှာ ချိုးဆုအာတစ်ယောက် ပျာယာခတ်ပြီး ထွက်သွားသည့် ပုံရိပ်လေးအားကြည့်ရင်း ခေါင်းခါရမ်းမိတော့သည်။
ရှုချိုးယာတစ်ယောက် ဆေးအသစ်များယူ၍ ပြန်ရောက်လာသည့်အခါ ရွှီဖန်းလည်း ပြီးမြောက်ထားသည့်တာဝန်များအား တင်ပြခဲ့သည်။ ရှုချိုးယာနှင့် အချိန်ခဏလောက် စကားပြောပြီးနောက်မှာ အိမ်ကို
ပြန်လာခဲ့သည်။
"ကောကော! မကောင်းတော့ဘူး! တစ်ခုခုဖြစ်သွားတယ်!"
ခြံဝင်းထဲသို့ ခြေချလိုက်သည့်အခိုက်အတန့်မှာ ညီမဖြစ်သူ ရွှီရှို့ရှို့တစ်ယောက် အထိတ်တလန့်အမူအရာဖြင့် သူ့ဆီပြေးလာသည်ကို တွေ့လိုက်ရသည်။
"ရှို့ရှို့ ဘာဖြစ်လို့လဲ"
ခဏလောက် မရှိတော့သည်နှင့် အပင်များ ထပ်ခုတ်ခံလိုက်ရပြီလားဟု သူတွေးမိရာ စိုးရိမ်သွားတော့သည်။
ရွှီရှို့ရှို့က အသက်ရှူထုတ်ကာ ပြောလာသည်။
"ကောကော ဘယ်လိုခွေးအမျိုးအစားကို ယူခဲ့တာလဲ! သူတို့ ကြီးထွားတာ ဘာလို့ ဒီလောက်တောင် မြန်ရတာလဲ!"
ရွှီရှို့ရှို့က သူမရင်ဘတ်အားဖိရင်း ပြောနေသည်။ အရမ်းကြီးမသိသာသော်လည်း ထိုခွေးလေးခုနစ်ကောင်မှာ အချိန်တိုအတွင်း များစွာ ကြီးလာသည်ကို သူမ မြင်နေရသည်။
အပင်ထပ်ခုတ်ခံရတာ မဟုတ်ကြောင်း သိမှသာ ရွှီဖန်းလည်း စိတ်သက်သာရာရတော့သည်။
"အရူးမလေး...နို့ဖြတ်ပြီးသွားတဲ့ခွေးလေးတွေက ကြီးတာမြန်ကြတယ်လေ၊ ဒီခွေးလေးခုနစ်ကောင်က နိုင်ငံခြားက သူငယ်ချင်းဆီက ရခဲ့တာဆိုတော့ သေချာပေါက် ကြီးတာမြန်တာပေါ့"
"အိုး! လတ်စသတ်တော့ ဒီလိုကို၊ ညီမလေး အတွေးလွန်သွားတာပဲ၊ ညီမလေး ထင်ထားတာက သူတို့ တစ်ခုခုပေါက်ကရစားမိပြီး ရောဂါရသွားတယ်မှတ်နေတာ"
ရွှီရှို့ရှို့သည် နှစ်လိုဖွယ်ကောင်းစွာ နှုတ်ခမ်းစူရင်း ထိုစကားတစ်ခွန်းပြောကာ ထွက်သွားတော့သည်။
"ဖာ့ခ်!"
သို့သော်ငြား ခွေးခုနစ်ကောင် သူ့ဆီပြေးလာတာ မြင်သည့်အခါ ရွှီဖန်း ရှော့ရသွားတော့သည်။
သူအိမ်က မထွက်သွားခင်ကနှင့် ယှဥ်မည်ဆိုလျှင် ထိုခွေးပေါက်ခုနစ်ကောင်မှာ သုံးစင်တီမီတာကနေ လေးစင်တီမီတာလောက် မြင့်သွားကြသည်။
သိထားရမည်မှာ တစ်ရက်သာ ကုန်ဆုံးသေးသည်။
သာမာန်ခွေးပေါက်လေးများနှင့်ယှဥ်ပါက ဒီခွေးပေါက်များ၏ ကြီးထွားမှုက အဆပေါင်းများစွာမြန်ဆန်လွန်းသည်။
"ဒါက..."
သူ့အား အလယ်မှာထားကာ ပတ်ပတ်လည် ပြေးလွှားနေကြသည့် ခွေးခုနစ်ကောင်အား ကြည့်ရင်း ရွှီဖန်း ခေါင်းခါရမ်းမိတော့သည်။ ကြည့်ရတာ သူလျှော့တွက်မိပုံပင်။
တခြားခွေးမျိုးဖြစ်နေရင်တောင်မှ ကောင်းကင်နတ်ခွေး၏ သွေးကို ဆက်ခံထားသည့် ခွေးများ ဖြစ်နေတုန်းပင်။ ဘယ်လိုလုပ်သာမာန်ဖြစ်နိုင်မည်နည်း။
ချက်ချင်းပင် ယခင်က ပျက်စီးသွားခဲ့သော မျှော်လင့်ချက်များ ပြန်ရှင်သန်လာတော့သည်။
သူခြေထောက်နားမှ ခွေးခုနစ်ကောင်အား ကြည့်ကာ အံ့သြနေမိသည်။ သူတို့သာ ပြည့်ပြည့်ဝဝကြီးလာမည်ဆိုလျှင် ဘာနှင့် တူလောက်မလဲ မသိပေ။
ကမ္ဘာပေါ်မှာ အကြမ်းဆုံးခွေးမျိုးနွယ်တွေထဲပါသည့် Tibetan Mastiffs နှင့်ယှဥ်လျှင် ဘယ်သူက ပို၍ အားကောင်းမည်နည်း။
"ဟဲဟဲ ချန်ကျင်းရှန် နဲ့ ချန်ရှောင်ကျွင်း မင်းတို့က ငါ့ခွေးပေါက်တွေကို အထင်သေးထားတာမလား၊ အချိန်ရောက်လာပြီဆိုရင် သူတို့ ဘယ်လောက် အင်အားကြီးလဲဆိုတာ မင်းတို့ကို တွေ့ကြုံခွင့် ပေးလိုက်မယ်"
ရွှီဖန်းသည် လက်သီးတင်းတင်းဆုပ်ကာ စမ်းကြည့်ဖို့ စိတ်အားထက်သန်နေတော့သည်။
ထိုအခိုက်အတန့်မှာ သူ့အိမ်ကိုလာပြီး အပင်တွေကို ရက်ရက်စက်စက် ဝင်မွှေသွားသည့် အဖွဲ့ကိုတောင် စောင့်မျှော်နေမိသည်။
အဲ့ဒီအချိန်ကျ သူ့ခွေးခုနစ်ကောင် ဘယ်လောက်ထိ ခွန်အားကြီးလဲဆိုတာ သူတို့ မြင်တွေ့ရလိမ့်မည်။
*********************