သေးငယ်သော ခွေးပေါက်လေး ခုနစ်ကောင်
Vol. 3 Ch. 35
နောက်ရက်အနည်းငယ်အထိ ဖျက်ဆီးရေးသမားအုပ်စုက လှုပ်ရှားမှုတစ်ခုလေးတောင် မလုပ်လာပေ။ ရလဒ်အနေဖြင့် သူတို့၏နေ့ရက်များက ပိုပြီး အေးငြိမ်းသွားရသည်။
ရွှီဖန်းအိမ်မှ 'ဘူးသီးလုံး' ခုနစ်လုံးကတော့ သူ့ဒူးအထိ ကြီးလာကြလေပြီ။ ဒီလို ကောင်းကင်ကို ဖီဆန်နေသည့် ကြီးထွားနှုန်းက သူ့အား စိတ်လှုပ်ရှားစေသည်။
သူတို့လေးတွေက လူးလှိမ့်ပြီး ချစ်ဖို့ကောင်းအောင် လုပ်နေကြသေးသော်ငြား သူတို့၏ခြေသည်းလက်သည်းများနှင့် အစွယ်များကတော့ ချွန်ထက်စပြုနေလေပြီ။ ထိုအချင်းအရာကြောင့် သူတို့လေးတွေမှာ ဝံပုလွေခွေးအဖြစ် လွယ်လွယ်ကူကူ ပြောင်းနိုင်လိမ့်မည်ဟု ရွှီဖန်း မှတ်ယူထားသည်။
ကမ္ဘာပေါ်ရှိ စိတ်စွမ်းအင်များက နည်းပါးလှကာ အစားအစာများသည်လည်း ကောင်းကင်ဘုံနန်းတော်မှ မဟုတ်တာကြောင့် သူ့ဒူးလောက်အထိ ကြီးပျင်းပြီးနောက်မှာ သူတို့၏ကြီးထွားမှုနှုန်းက တဖြည်းဖြည်း နှေးကွေးလာသည်။
ရွှီဖန်း စိတ်သက်သာရာလည်းရမိသည်။ မဟုတ်လျှင် ဤခွေးပေါက်လေးများ ဘာကြောင့် ကြီးထွားမှု မြန်ဆန်နေကြောင်းကို မည်သို့ရှင်းပြရမည်မှန်း သူမသိချေ။
လက်ရှိအချိန်၌ အနောက်တောင်တွင် သူတစ်ယောက်တည်းရှိနေကာ အဆောင်များ ရေးဆွဲမွမ်းမံနေသည်။ နေလုံးကြီးက မိုးကုတ်စက်ဝိုင်းသို့ ဝင်ရောက်သွားသည်အား ကြည့်ရင်း သူသက်ပြင်းတစ်ချက် ရှုထုတ်လိုက်တော့သည်။ ထို့နောက် ပစ္စည်းများသိမ်းကာ အိမ်ပြန်ရန် ပြင်လိုက်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ညတိုင်းညတိုင်း သူ အထူးအာရုံစူးစိုက်ခဲ့ရသော်ငြား အခုတော့ သူစိုးရိမ်စရာမလိုတော့ပေ။
ဒီနောက်လိုက်လေးခုနစ်ကောင်မှာ နားလည်လွယ်ကြသည်။ ရွှီဖန်း၏ အမိန့်အောက်မှာ ညတိုင်း အနောက်တောင်ကို စောင့်ရှောက်ရန်အတွက် လာကြလိမ့်မည်။ သူစိတ်ပူရန် လုံးဝမလိုတော့ပေ။
ထိုလူအုပ်စုထပ်လာမှာကို သူလုံးဝမကြောက်တော့ပေ။ မလာမှာကိုသာ ကြောက်လေသည်။
"တစ်ပတ်တောင်ပြည့်တော့မှာကို...သူတို့ ဒီအတိုင်း ထိုင်နေနိုင်မှာတော့ မဟုတ်ဘူးလေ...ဟုတ်တယ်မလား"
သူ့ကိုယ်သူ စိတ်မရှည်စွာ ပြောနေရင်း တောင်ပေါ်မှ နုနုနယ်နယ်သာရှိသေးသော သစ်သီးပင်များအား သူကြည့်လိုက်သည်။
သိထားရမည်မှာ ကောင်းကင်ဘုံမြေသြဇာ မပါဘဲနဲ့ ဒီသစ်သီးပင်တွေကို ရိတ်သိမ်းနိုင်ဖို့ အနည်းဆုံး တစ်နှစ်ကြာလိမ့်မည်။
ဒီလို နှေးကွေးတဲ့ သက်ရောက်မှုကြောင့် သူလုံးဝမစောင့်နိုင်တော့ပေ။
ကောင်းကင်ဘုံမြေသြဇာသုံးထားရင်တောင်မှ ထိုလူအုပ်စု ခုတ်တာခံလိုက်ရလျှင် အသုံးမဝင်တော့ချေ။
ထူးဆန်းနေသော်ငြား သူစိတ်ထဲမှနေ၍ ဆုတောင်းမိတုန်းပင်။
ကျေးဇူးပြုပြီးတော့ ငါ့အိမ်အနောက်တောင်က အပင်တွေကို ခုတ်ပစ်ဖို့ မြန်မြန်တတ်နိုင်သမျှ လာစမ်းပါ!
ထို့နောက် သူ အိမ်သို့ ပြန်ခဲ့သည်။ ညစာစားပြီး သိပ်မကြာခင်မှာပဲ အိပ်ရာပေါ်သို့လှဲကာ စအနားယူလိုက်
သည်။
အဆောင်များ မွမ်းမံရခြင်းက အားအင်များစွာ ကုန်
ခမ်းစေတာကြောင့် သူ မြန်မြန် အိပ်မောကျသွားခဲ့သည်။
သူ့မျက်လုံးများအား တစ်ဖန်ပြန်ဖွင့်သည့်အခါမှာတော့ နောက်တစ်နေ့ပင် ရောက်နေလေပြီ။
"ကောကော! ထတော့! တစ်ခုခု တစ်ခုခုဖြစ်သွားတယ်လို့!"
ထိုအချိန်၌ ရွှီရှို့ရှို့က သူ့အား လက်နှင့်တွန်းလှုပ်ကာ နှိုးလာခဲ့ခြင်းပင်။ ရွှီဖန်း မျက်လုံးဖွင့်လိုက်သည်နှင့် သူမ၏ စိုးရိမ်ပူပန်နေသော အမူအရာအားမြင်ကာ ချက်ချင်း ထထိုင်လိုက်သည်။
"ရှို့ရှို့ ဘာဖြစ်လို့လဲ"
သူ့ကိုယ်သူ တွေးလိုက်မိသည်။
*အနောက်တောင်က ငါ့အပင်တွေ ထပ်အခုတ်ခံလိုက်ရပြန်ပြီလား*
ရွှီရှို့ရှို့သည် ပူပန်စွာဖြင့် သူမခြေထောက်အား ဆောင့်ကာ ပြောလာသည်။
"ကောကော! သွားကြည့်ရင် သိလိမ့်မယ်လို့!"
ရွှီဖန်း ခေါင်းညိတ်လိုက်ကာ ဖိနပ်ပါးအား ကောက်
စွပ်၍ ရှို့ရှို့နှင့်အတူ ပြေးသွားခဲ့သည်။
အိမ်အနောက်မှ တောင်သို့ ရှို့ရှို့သွားရာနောက် လိုက်လို့အပြီးမှာ ဘာတွေဖြစ်ပျက်နေမှန်း နားလည်သွားတော့သည်။
ချန်ကျင်းရှန်တို့သားအဖနှစ်ယောက်နှင့် တေလေဂျပိုး ခုနစ်ယောက် ရှစ်ယောက်ခန့်မှာ မြေကြီးပေါ်တွင် လဲကျနေကာ နာကျင်မှုကြောင့် ဆွဲဆွဲငင်ငင် ငိုကြွေးနေကြသည်။
သူတို့၏မျက်နှာများက အညစ်အကြေးများဖြင့် လူးနေကာ အဝတ်အစားများလည်း ဆုတ်ဖြဲခံထားရသည်။ တချို့ဆို ခန္ဓာကိုယ်ပေါ်၌ သွေးတွေရှိနေသည်။
သူတို့အား ဝိုင်းရံထားသည် 'ဘူးသီးလုံး' ခုနစ်လုံးကြောင့် ဝမ်းနည်းဖွယ် အခြေအနေသို့ ကျရောက်သွားသည်မှာ ထင်ရှားလှသည်။
ခွေးလေးခုနစ်ကောင်မှာ အခုထိ လျှာလေးတစ်လစ်တစ်လစ်ဖြင့် အမြီးများ နန့်နေသေးသော်ငြား ချန်ကျင်းရှန်တို့ အုပ်စု၏ မျက်လုံးများထဲတွင်တော့ မယှဥ်သာသော ကြောက်ရွံ့မှုများ ပြည့်နှံ့နေသည်။
ရွာသားအများအပြားက ဘေးဘက်မှာရပ်ရင်း သူတို့အား ကြည့်နေကြသည်။ သို့သော်ငြား သေးငယ်သော ခွေးလေးခုနစ်ကောင်၏ ခြိမ်းခြောက်မှုအောက်မှာတစ်ညလုံးနှိပ်စက်ခံထားရသည့် ချန်ကျင်းရှန်တို့အား ဘယ်သူကမှ ရှေ့ထွက်၍ မကယ်ဆယ်ရဲကြပေ။
"ရွှီ ရွှီဖန်း! မင်းခွေးတွေ ဝေးဝေးခေါ်သွားစမ်းပါ!"
ထိုအချိန် ချန်ရှောင်ကျွင်း၏ ကျယ်ကျယ်လောင်လောင်အော်ငိုသံအား သူကြားလိုက်ရသည်။
တစ်ညလုံး ခွေးခုနစ်ကောင်၏ ညှင်းပန်းနှိပ်စက်မှုကြောင့် အခုထိတိုင်အောင် သူကြောက်ရွံ့နေတုန်းပင်။
"ဟားဟား မင်း ဘာပြောလိုက်တာလဲ"
ဒီလိုကောက်ကျစ်ယုတ်မာတဲ့အလုပ်ကို လုပ်ထားခဲ့ပြီး ဖမ်းမိတော့မှ လွှတ်ပေးပါတဲ့လား။
သူ့ကို သက်ရှိဘုရားလောင်းများ မှတ်နေကြလား။
လူအုပ်ကြီး၏အကြည့်အောက်မှာ အကြီးဆုံးခွေးလေးဆီသို့ လျှောက်သွား၍ ခေါင်းပုတ်ပေးလိုက်သည်။
"မင်းတို့ခုနစ်ကောင်လုံး ကောင်းကောင်းလုပ်ခဲ့ကြတယ်၊ ငါ မင်းတို့ကို နေ့လည်စာ ကြက်ခြေထောက်ကျွေးမယ်"
ရွှီဖန်းထံမှ ချီးကျူးမှုကို ရရှိသည့်အခါ ဘူးသီးခုနစ်လုံးမှာ စိတ်လှုပ်ရှားလာကြပြီး မျက်လုံးများမှာ သတ်ဖြတ်ချင်သည့် အလင်းများ ထွက်ပေါ်လာကြသည်။ သူတို့က ချန်ကျင်းရှန်တို့အုပ်စုအား လှည့်
ဟိန်းဟောက်လိုက်သေးသည်။
ချန်ရှောင်ကျွင်းသည် မြေကြီးအပေါ် လဲကျနေကာ အလွန်ကြောက်ရွံ့နေတာကြောင့် ချက်ချင်းပင် ဘောင်းဘီများ စိုစွတ်သွားတော့သည်။
ရွှီဖန်းသည် မြေပြင်ပေါ်မှ ပုဆိန်များအား ကြည့်ကာ နှာမှုတ်လိုက်သည်။
"ချန်ကျင်းရှန်...ချန်ရှောင်ကျွင်း လွန်ခဲ့တဲ့ရက်
အနည်းငယ်ကပဲ ငါ့ရဲ့ခွေးပေါက်လေးတွေကို အထင်သေးခဲ့တာမလား၊ အခုတော့ ကိုက်ခံရပြီမလား"
"မင်း!"
ချန်ကျင်းရှန်၏ အိုမင်းနေသော မျက်နှာမှာ အနီရောင်ပြောင်းလာပြီး ရွှီဖန်းအား စိုက်ကြည့်နေသည်။ မသိစိတ်မှအလိုလို ပြန်ပြီး ချေပချင်သော်ငြား လှုပ်ရှားရန်အဆင့်သင့်ဖြစ်နေသည့် ခွေးခုနစ်ကောင်ကို မြင်သည့်အခါ သူ ချက်ချင်း ကိုယ်ကို ကျုံ့ထားမိသည်။
ရွှီဖန်း ထိုလူ့အား စက်ဆုပ်ရွံရှာစွာ ကြည့်၍ လှောင်ပြောင်လိုက်သည်။
"လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ ခင်ဗျားရဲ့သားက မ
ဆင့်အတန်းမြင့်တယ်ဆိုပြီး ပြောခဲ့တာလေ၊ အခု ခင်ဗျားတို့ နှစ်ယောက်လုံးကို ဖမ်းမိသွားပြီဆိုတော့ ဒီအကြွေးကို ရှင်းသင့်ပြီထင်တယ်၊ ဟုတ်တယ်မလား"
"ရွှီဖန်း ဒီလိုကောက်ကျစ်တဲ့နှစ်ယောက်လုံးကို သေသွားအောင်ပဲ မင်းရဲ့ခွေးတွေကို ကိုက်ခိုင်းလိုက်စမ်းပါ! ချီးပဲ ငါ မကြည့်နိုင်တော့ဘူး!"
"ဖီး! ချန်ကျင်းရှန် မင်း ရွာအတွက်အလုပ်လုပ်တုန်းမှာ ငါတို့အတွက် အကျိုးအမြတ်တစ်ခုလေးတောင် မပေးခဲ့ဘူး၊ ငါ့အထင်တော့ တခြားလူ လုပ်တာမှ ပိုကောင်းဦးမယ်!"
"ဟဲဟဲ သားတစ်ယောက်ရှိလည်း အလကားပါပဲ၊ တက္ကသိုလ်တက်ခဲ့တာ အချိန်ဖြုန်းတာနဲ့ဘာထူးမှာလဲ၊ ဒီလိုကောင်ကို ရွာရဲ့အရာရှိဝန်ထမ်းလို့ ခေါ်တယ်တဲ့လား"
နှစ်ယောက်စလုံးက မြစ်အောက်ပိုင်းရွာ၏ တာဝန်ခံများဖြစ်သည်။ ဒါကြောင့် တခြားလူကို ဖျက်ဆီးရန်အတွက် ကောက်ကျစ်စဥ်းလဲသည့် အလုပ်များလုပ်ခဲ့သောအခါ ကျန်သည့်ရွာသားများသည် ဆဲရေးလာကြတော့သည်။
ထိုစကားများအား ချန်ရှောင်ကျွင်းကြားသည့်အခါ နှလုံးကွဲကြေသွားတော့သည်။
ဒီတစ်ကြိမ်မှာ သူ့ဂုဏ်သတင်းအားလုံး ပျက်စီးခဲ့ပြီဆိုတာ သူသိလိုက်သည်။ ဒါကိုအသာထားဦး၊ ဒီနေ့ သူအိမ်ပြန်နိုင်မလားဆိုတာက ရွှီဖန်း ဆန္ဒရှိ၊ မရှိပေါ်မှာ မူတည်နေသေးသည်။
"ကောင်းပြီ အားလုံးပဲ ခဏလောက် ရပ်ပေးကြပါ"
ထိုအခိုက်အတန့်မှာ ရွှီဖန်းက လက်ဝှေ့ယမ်းကာ အားလုံးကို တိတ်နေဖို့ အချက်ပြလာသည်။ ထို့နောက် ချန်ကျင်းရှန်တို့ အုပ်စုအားကြည့်၍...
"ချန်ကျင်းရှန် ဒီအလုပ်ကို ခင်ဗျားတစ်ယောက်တည်း လုပ်တာမဟုတ်ဘူးဆိုတာ ကျုပ်သိတယ်၊ ဒါကို စိုးမရိမ်ပါနဲ့၊ ကျုပ် သူ့ကိုလည်း သွားတွေ့မှာပါ...အခုတော့ ကျုပ်တို့ကြားက ကိစ္စကို အရင်ရှင်းတာပေါ့"
သူ တစ်ချက်ကြည့်ရုံဖြင့် မြေကြီးပေါ် လဲနေသည့် တေလေဂျပိုး ရှစ်ယောက်မှာ ဝမ်မာဇီ၏လူတွေမှန်း သိသည်။
အရင်ဆုံး ဝမ်မာဇီဟာ ဖခင်ဖြစ်သူ၏ ခြေထောက်အား ပိုဆိုးသွားအောင် လုပ်ခဲ့ပြီး အခု သူ့ဥယျာဥ်ခြံကိုလည်း လာဖျက်ဆီးနေပြန်သည်။ အသစ်ရောက်လာသောမုန်းတီးမှုက ရှိပြီးသား အာဃာတထဲသို့ ပေါင်းစည်းလာသည်။ ဒါကြောင့် ရွှီဖန်း သူ့အား ဖယ်ထားမည် မဟုတ်ချေ။
"ဒီရက်တွေမှာ ခင်ဗျားတို့သားအဖက ကျုပ်သစ်သီးပင် ငါးဆယ်တောင် ခုတ်ပစ်ခဲ့ကြတယ်၊ ကျုပ် ဘာမှမပြောတော့ဘူး၊ ဒါပေမယ့် သစ်သီးပင်တွေအတွက်တော့ တစ်ပင်ကို ယွမ်၁၅၀၀ကျတယ်၊ ဒီနေ့ ပေးချေမယ်ဆို ခင်ဗျားတို့ကို သွားခွင့်ပေးမယ်"
"သောက်ရေးမပါတာ!"
ချန်ကျင်းရှန်မှာ ထိုပမာဏအား ကြားသည်နှင့် ဒေါသထွက်တော့သည်။ ရွှီဖန်းက သိသိသာသာကို ခြိမ်းခြောက် ငွေညှစ်နေတာပင်။ ဒီအပင်တွေရဲ့ ဈေးကို သူမသိဘဲနေပါ့မလား။
ယွမ်၁ထောင်တောင် မရှိဘူးကွ! ဟုတ်ပြီနော်! ပြီးတော့ သူခုတ်ခဲ့တာ အပင်၃၀တည်းလေ! ဘယ်ကဘယ်လို ၅၀ဖြစ်သွားရတာလဲ!
"ရွှီဖန်း မင်း လူတွေကို မတရားလာမလုပ်နဲ့! အဲ့ဒီပိုက်ဆံ ငါမင်းကို မပေးတော့ရော မင်း ဘာလုပ်နိုင်မှာလဲ!"
ချန်ကျင်းရှန်သည် တခြားလူများ သူ့ကို ဘယ်လိုတွေးနေမလဲ ဂရုမစိုက်ပေ။ နဂိုကတည်းက သူ မျက်နှာပြောင်တိုက်တာကြောင့် တိုက်ရိုက်ထုတ်ပြောလာသည်။
ရွှီဖန်း ပြုံးလိုက်ကာ...
"အိုး...မပေးဘူး ဟုတ်လား"
"အကြီးဆုံးဘူးသီးလုံးရေ...သွားကိုက်ကြည့်စမ်းပါ၊ အသားအရသာက ဘယ်လိုလဲ သိရအောင်"
ဂရုမစိုက်ဟန်ဖြင့် ပြောလာသော အမိန့်အောက်မှာ နှစ်လိုဖွယ်ကောင်းသော ခွေးလေးခုနစ်ကောင်သည်
ချက်ချင်း ဝံပုလွေကဲ့သို့ ပြောင်းလဲသွားကာ ချန်ကျင်းရှန်အဖွဲ့ရှိရာသို့ ခုန်အုပ်လိုက်သည်။
သူတို့၏အစွယ်များကို ဖြဲပြကာ ခြေသည်းလက်သည်းများ ဝှေ့ယမ်းပြနေသည့် ကြောက်စရာကောင်းသော ခွေးများကို ကြည့်ကာ ဘေးမှာရပ်နေသည့် ရွာသားတွေတောင်မှ ကြောက်ရွံ့မှုကြောင့် တောင့်တင်းသွားကြသည်။
အလွန်လျင်မြန်စွာပင် ချန်ကျင်းရှန်နှင့် သူ့သားမှာ အကြောက်လွန်ပြီး ဒူးထောက်ကာ ငိုယိုတောင်းပန်ကြတော့သည်။
"မဟုတ်! မဟုတ်ဘူး! ရွှီဖန်း ငါ ငါ မှားသွားပါတယ်! ငါ မင်းကိုပေးပါ့မယ်!"
"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်သေးဘူး ကျုပ်မှားသွားတာပါ"
ထိုအချိန် ရွှီဖန်းက ပြုံး၍ ယဥ်ယဥ်ကျေးကျေးဆိုလာသည်။ သူ နားကို ထိုးကော်ပြလျက်...
"တစ်ပင်ကို ယွမ် ၂၀၀၀ဖြစ်သင့်တာ"
************************