← Chapters

ရှက်ရွံ့စေသည်

Vol. 3 Ch. 38

ရှက်ရွံ့စေသည်

Vol. 3 Ch. 38

အခုအချိန်မှာ ရွှီဖန်း အလိုအပ်ဆုံးက ကောင်းကင်ဘုံမြေသြဇာပင်။ သို့သော် အာ့လန်ရှန်းက ဒီထက်ပိုကောင်းတာ ပေးရန်အတွက် ဆုံးဖြတ်လိုက်တာကြောင့် ရွှီဖန်းအား ရှက်ရွံ့စေသည်။

ရွှီဖန်း သူ့နှာခေါင်းအား ထိကာ ပြန်ပြောလိုက်သည်။

"စစ်မှန်သောအရှင်အာ့လန် အများကြီးပျူငှာဖို့ မလိုပါဘူး၊ ကောင်းကင်ဘုံက မြေကြီးတစ်တူးစာလောက် ပေးရင်ရပါပြီ၊ ဒါပေမယ့် အရှင် ကျွန်တော့်ကို တစ်

ကယ် ပေးချင်နေသေးတယ်ဆိုရင် တိုက်ခိုက်နည်းတစ်နည်းလောက်ပဲ ပေးပါဗျ"

ဝမ်မာဇီနှင့် ပြဿနာသွားရှင်းတုန်းက ကောင်းကင်ဘုံစွမ်းအားအဆောင်အား မှီခို၍ လူမိုက်အုပ်စုကို လွယ်လွယ်ကူကူမှောက်သိပ်နိုင်ခဲ့သော်ငြား သူ့ရဲ့အားနည်းချက်ကို သတိထားမိခဲ့သည်။

သူ သန်မာသွားရုံသာ ဖြစ်ပြီး ဘာမှမလုပ်နိုင်ခဲ့ပေ။

အကယ်၍ အာ့လန်ရှန်းဆီကသာ အကွက်တစ်ကွက်လောက် သင်ယူနိုင်ပါက ကောင်းကင်ဘုံစွမ်းအားအဆောင်နှင့်အတူ သူ့ကိုယ်သူ ပြည့်ပြည့်ဝဝ ကာကွယ်နိုင်လိမ့်မည်။

အာ့လန်ရှန်းက မြန်မြန် အပေးအယူ လုပ်လာသည်။

"ညီလေးရွှီဖန်း ငါ အာ့လန်ရှန်းက လောဘမကြီးတဲ့ မင်းလိုလူကို လေးစားတယ်၊ ဒီလိုဆိုရင်ရော...ငါ ငယ်

ငယ်က သင်ယူခဲ့တဲ့ လက်သီးပညာတစ်ခုကို ပြပေးမယ်...ကျေးဇူးတင်လက်ဆောင်လို့ သတ်မှတ်လိုက်ပေါ့"

"မြေကြီးအတွက်တော့ တလောတုန်းကမှ ငါ့ရဲ့စစ်

နတ်ဘုရား ပရဝုဏ်ကို ဆောက်ဖို့အတွက် မြေကြီးအများကြီး ယူထားခဲ့တယ်...ဂရုတစိုက်လုပ်ဖို့ နည်းနည်းပဲလိုတော့တာဆိုတော့ အချိန်ရောက်လာရင် ငါမင်းကို ပို့ပေးလိုက်မယ်"

အာ့လန်ရှန်းက ပြောပြီးသည်နှင့် wechatမှ စာအိတ်နီတစ်ခု ပို့လာသည်။ ရွှီဖန်းတစ်ယောက် ထိုစာအိတ်နီအား ကြည့်ကာ စိတ်လှုပ်ရှားသွားတော့သည်။

အာ့လန်ရှန်းပြောခဲ့သည့် လက်သီးပညာ ပါဝင်နေဖို့ များပေသည်။ ရွှီဖန်း သက်ပြင်းရှူထုတ်ကာ စာအိတ်ကို ဖွင့်လိုက်သည်။

ထိုအခိုက်အတန့်မှာ ဉာဏ်အလင်းတန်းတစ်ခုက ဖုန်းထဲမှ ထွက်လာ၍ ရွှီဖန်း စိတ်ထဲဝင်ရောက်သွားသည်။ 

ဒါက အာ့လန်ရှန်း၏ စိတ်အသိဉာဏ်တစ်မျှင်လေး ဖြစ်ကာ သူငယ်ရွယ်စဥ်က သင်ယူကျွမ်းကျင်ခဲ့သည့် လက်သီးပညာပါဝင်သည်။ ထိုပညာက ကောင်းကင်ဖြိုကွဲလက်သီးကျမ်း၏ အနှစ်သာရများပင်။

သူ့စိတ်၌ လူပုံစံအရိပ်တစ်ခုက ကောင်းကင်ဖြိုကွဲလက်သီး၏ လှုပ်ရှားမှုများအား လေ့ကျင့်နေသည်။ မကြာခင်မှာပဲ ထိုလှုပ်ရှားမှုများအား ရွှီဖန်း မှတ်မိသွားခဲ့သည်။ 

"ဒါ အဆင်ပြေလွန်းနေတာပဲ"

ကောင်းကင်ဖြိုကွဲလက်သီးမှာ သူ့အရိုးများနှင့် ပေါင်းစပ်သွားသကဲ့သို့ ထင်ရသည်။ လက်မြှောက်ရုံနှင့်တင် သူ လိုက်လုပ်နိုင်နေသည်။

ဒါက သူ့အား လွန်စွာ စိတ်လှုပ်ရှားစေသည်။ 

ဒီလက်သီးကျမ်းကို လအနည်းငယ်လောက် လေ့ကျင့်ရမည်ဟု သူထင်ခဲ့သည်။ သို့သော် သူ၏ စိတ်အသိဉာဏ်က အဆင်ပြေအောင် ဖန်တီးပေးလာသည်။

ကောင်းကင်ဖြိုခွဲလက်သီးအား ခံစားရင်း ရွှီဖန်းမှာ စပ်ဖြဲဖြဲ မလုပ်ဘဲ မနေနိုင်တော့ပေ။ ကောင်းကင်ဘုံစွမ်းအားအဆောင်နှင့် ခွေးခုနစ်ကောင်ကို မမှီခိုရင်တောင်မှ ဒီကောင်းကင်ဖြိုခွဲလက်သီးတစ်ခုတည်းဖြင့် ဝမ်မာဇီ၏ နောက်လိုက်များအား လွယ်လွယ်ကူကူ ချနိုင်ပေသည်။

"ညီလေးရွှီဖန်း ဒီလက်သီးကျမ်းက နည်းနည်း အကြမ်းဆန်ပေမယ့် အများကြီးမတွေးလိုက်ပါနဲ့၊ ကောင်းကင်ဘုံနန်းတော်မှာ စည်းမျဥ်းတွေရှိတာကြောင့် တစ်ကယ်လို့ ငါသာ မင်းကို ကောင်းကင်ဘုံကို ဖီဆန်နေတဲ့ ပညာတွေကို သင်ပေးလိုက်ရင် ဒီလောကကြီးရဲ့ နိယာမတွေကို သက်ရောက်ကုန်လိမ့်မယ်"

ထိုအချိန်မှာ အာ့လန်ရှန်းက ရှက်ရှက်ဖြင့် ရှင်းပြလာသည်။ ရွှီဖန်းက သူ့အတွက် များစွာကူညီခဲ့သော်လည်း သူကတော့ ကျေးဇူးတင်လက်ဆောင်အဖြစ် ဒီလောက်သာ ပြန်ပေးနိုင်ခဲ့သည်။ သူ တစ်ကယ်ကို အားနာနေခဲ့သည်။

ရွှီဖန်းမှာ ရယ်ရခက် ငိုရခက်ပင်။ သူ့ဘက်က ဤလက်ဆောင်အား အလွန်စိတ်ကျေနပ်မိတာကြောင့် နှစ်သိမ့်ပေးလိုက်သည်။

"စစ်မှန်သော အရှင်အာ့လန် ယဥ်ကျေးလွန်းနေပါပြီ...ကျွန်တော် အရှင့်ရဲ့ စေတနာကို နားလည်ပါတယ်"

"ဟားဟား ညီလေး မင်းငါ့ကို အပြစ်မတင်ဘူးဆိုတော့ ကောင်းတာပဲ...ကောင်းပြီ၊ တစ်ကယ်တော့ ငါ့မှာ ရဲတင်းလွန်းတဲ့ တောင်းဆိုချက် တစ်ခုရှိနေတယ်"

"မင်းသိပါတယ်...ငါက ကောင်းကင်နတ်ခွေးကို ညီအစ်ကိုလို သဘောထားတယ်ဆိုတာ၊ ဒီဘေးဒုက္ခကနေ လွတ်မြောက်ခဲ့ပြီဆိုပေမယ့် သူ့ရဲ့ပျော်ရွှင်မှုတွေ ဆုံးရှုံးသွားရတာမျိုးကို ငါမမြင်နိုင်ဘူး၊ မင်းမှာ နည်းလမ်းတစ်ခုခု ရှိလား"

"ဒါက..."

အာ့လန်ရှန်းက ကောင်းကင်နတ်ခွေးကို တစ်ကယ်တုန်နေတာချစ်ရှာတာပဲဟု တွေးရင်း ရွှီဖန်း ပြုံးမိသွားသည်။ ချီးပါသေးပေါက်တာကအစ ဂရုစိုက်ရုံတင်

မကဘဲ သူ့အနာဂါတ်ကိုပါ တွေးပေးနေသေးသည်။

ဒီလို သနားစရာကောင်းသည့်အခြေအနေအား အဆုံးသတ်ရန် ရွှီဖန်း အကြံတစ်ခု ရလိုက်သည်။

"စစ်မှန်သော အရှင်အာ့လန်...ကျွန်တော့်မှာ ကောင်ကင်နတ်ခွေးရဲ့ ပျော်ရွှင်ရရေး ပြဿနာကို ဖြေရှင်းဖို့ ပစ္စည်းတစ်ခုရှိတယ်၊ ခဏနေရင် စာအိတ်နီနဲ့ ပို့ပေးလိုက်ပါမယ်"

အာ့လန်ရှန်းနှင့်ခဏတာ စကားပြောပြီးနောက်မှာ ကောင်းကင်နတ်ခွေးအတွက် တစ်စုံတစ်ခုအား ဝယ်ပေးရန် သူပြင်လိုက်သည်။

ခရိုင်မြို့တော်မှ ဆေးဆိုင်ရှိရာသို့ သုံးဘီးဖြင့် မောင်းကာ ဆိုင်ထဲ ဝင်လိုက်သည်။

အသက်သေးသေးလေးများအား ဖယ်ရှားရန်အတွက် တစ်ခုတည်းသော အဖြေမှာ ထီး (ကွန်ဒုံး) သုံးခိုင်းရန်ပင်။

မတိုင်ခင် ဒီပြဿနာအား ဖြေရှင်းရန် ရွှီဖန်း တွေးခဲ့သေးသည်။ အစကတော့ ကောင်းကင်နတ်ခွေးအတွက်  လေဖြည့်လို့ရသည့် အရုပ်များ ဝယ်ပေးရန် စဥ်းစားထားခဲ့သော်လည်း ထိုအချင်းအရာက ခွေးမလေးများကိုလည်း ထိခိုက်စေနိုင်သည်။ ဒါ့အပြင် မြို့ထဲမှာလည်း ထိုကဲ့သို့ အရုပ်ပုံစံမျိုးအား မရှာတွေ့နိုင်လောက်ဘူးဟု သူခန့်မှန်းခဲ့သည်။

ဒါ့အပြင် ကောင်းကင်နတ်ခွေး၏ ခွန်အားအရ သူ အထွတ်အထိပ်သို့ မရောက်ခင်မှာတင် ပေါက်ပြဲသွားနိုင်သည်။ 

ဆေးဆိုင်ထဲ၌ လှည့်ပတ်ကြည့်ရှုပြီးနောက်မှာ ထီးအမျိုးအစားအစုံ တင်ထားသည့် အကန့်အား သူ့တွေ့ရှိသွားခဲ့သည်။

အမျိုးအစားက စုံလင်လွန်းတာကြောင့် ကျွမ်းကျင်သူ မဟုတ်သည့် ရွှီဖန်းမှာ ကြည့်ရုံနှင့်တင် ခေါင်းကိုက်လာတော့သည်။

လူတွေ ဘာသုံးကြလဲတောင် သူမသိတာ ခွေးဆိုရင်တော့....

"ဟင်း! ခွတီးခွကျနိုင်လိုက်တာကွာ...မေ့လိုက်တော့ ဘူးတစ်ချို့ပဲ ယူလိုက်တော့မယ်"

ခဏတာတွေးတောပြီးနောက် သူအံကြိတ်ကာ ဘူးအနည်းငယ်ကို ဆွဲယူလိုက်သည်။ ထို့နောက် ငွေပေးချေရန် ပြင်လိုက်သည်။

"ဟမ် အများကြီးပဲ...ဒါတွေအကုန်လုံး သုံးမလို့လား"

ထိုအချိန်၌ အမျိုးသမီးတစ်ယောက်၏ မကျေမနပ်အသံက သူ့အနောက်မှ ထွက်လာသည်။ ရွှီဖန်း လှည့်ကြည့်လိုက်ရာ တစ်ဖက်လူ၏ မျက်နှာ လှလှလေးအား မြင်ပြီး ထိတ်လန့်သွားတော့သည်။

"အဟွတ်! အဟွတ်! ချိုးယာ...မင်းလည်း ဒီကို ဘာလာလုပ်တာလဲ"

မပျော်မရွှင်ဖြစ်နေသည့် ချိုးယာအား မြင်သည့်အခါ ရွှီဖန်းတစ်ယောက် ရှက်သွားရသည်။

"ဟမ့်! ရွှီဖန်း ရှင် ကျွန်မကို မရှင်းပြချင်ဘူးလား"

ရှုချိုးယာက ရွှီဖန်းလက်ထဲမှ ကွန်ဒုံးဘူးများအား ကြည့်ရင်း အေးစက်စက် ပြောလာသည်။

ဒီရက်တွေထဲမှာ ရွှီဖန်းအပေါ်၌ သူမ ထင်မြင်ချက်

ကောင်းကောင်းရှိခဲ့သည်။ သို့သော်ငြား ရွှီဖန်းမှ ဒီလိုပစ္စည်းများအား ဝယ်ယူနေသည်ကို သူမမြင်လိုက်

သည့်အခါ အများကြီးတွေးမိပြီလားဟု ကိုယ့်ကိုယ်ကိုယ် ထင်မိတော့သည်။

ရွှီဖန်းမှာ ရည်းစားမရှိမှန်း သူမရှင်းရှင်းလင်းလင်း မှတ်မိသည်။ ဒီလို ကွန်ဒုံးတွေများများ ဝယ်ဖို့ သူပိုက်ဆံရှာနေခဲ့တာလား။ သူက မိန်းမတွေနဲ့ ဟိုလိုကိစ္စတွေ စမ်းချင်နေတာလား။

တွေးလေတွေးလေ သူမ ဒေါသပိုထွက်လာသည်။ သူမ ရွှီဖန်းအား စိုက်ကြည့်ကာ နှာမှုတ်လိုက်သည်။

"ဟမ့်! ရှင်က ဒီလိုလူမျိုးဖြစ်နေမယ်လို့ ကျွန်မ လုံးဝမထင်ထားခဲ့ဘူး ရွှီဖန်း"

"..........."

ရွှီဖန်းမှာ မျက်ရည်ပင် ကျချင်လာသည်။ သူရှင်းပြချင်သော်လည်း ဘယ်လိုရှင်းပြရမည်မှန်း မသိချေ။ 

သူမကို ငါက ခွေးအတွက် ဝယ်တာလို့ ပြောရမှာလား။

ဒါကို သူမက ယုံနိုင်မယ်တဲ့လား။

ရွှီဖန်းတစ်ယောက် သူ့ခေါင်းအား ကုတ်လျက် ရှင်းပြမိသည်။

"ချိုးယာ...အထင်မလွဲပါနဲ့၊ ဒါတွေကို အိတ်ကပ်ထဲ ထည့်ထားရင် ကံကြမ္မာကောင်းတွေ ရောက်လာနိုင်တယ်လို့ ပြောတာကြားဖူးတယ်၊ အဲ့ဒါကြောင့် ဝယ်ပြီး အိတ်ကပ်ထဲ ထည့်ထားဖို့..."

သူလိမ်နေတာ မဟုတ်ပေ။ ရွှီဖန်း လက်ထဲမှ ထီးလေးတွေက ရွှေထုပ်လေးတွေမွေးဖွားခြင်းနှင့် သက်ဆိုင်

နေသည်။ သို့သော်ငြား ရွှီဖန်းလက်ထဲမှ ဘူးများကိုကြည့်ကာ ရှုချိုးယာက မျက်လုံးလှိမ့်၍ နှာမှုတ်လာသည်။

"ဪ ဒါကြောင့် ရှင်က ဒီလောက်တောင်များများ ဝယ်ခဲ့တာပေါ့...ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူ ဖြစ်

ချင်လို့ပေါ့...ဟမ့်!"

"............"

ရှုချိုးယာက စိတ်ဆိုးဆိုးဖြင့် ထွက်သွားသည့်အခါ ရွှီဖန်း ငိုချင်လာသည်။ ဆရာမရှုဆီက ဘယ်လိုသဝန်တိုမှုမျိုးကို ငါရလိုက်တာလဲကွာ။

"ဟင်း!"

ရွှီဖန်းသက်ပြင်းချမိကာ ငွေတချို့ကို ထုတ်၍ ကောင်တာအပေါ် ပစ်တင်လိုက်သည်။ ထို့နောက် သူမအနောက်ကို အမြန်ပြေးလိုက်သွားခဲ့သည်။

ဆေးဆိုင်မှ ပြေးထွက်လာပြီးနောက် ပတ်ပတ်လည်ကို ရှာကြည့်ရာ ရှုချိုးယာ၏ပုံရိပ်လေးအား တွေ့လိုက်ရသည်။

ရှုချိုးယာမှာ ဒေါသထွက်နေတာကြောင့် သူမကိုယ်

သူမ ဘယ်သွားလို့သွားမိနေမှန်း အာရုံမစိုက်နိုင်ဘဲရှိရာ လူတချို့နှင့် တိုက်မိတော့သည်။ တစ်ချက်ကြည့်ရုံနှင့်တင် ထိုလူများက သွားရှုပ်လို့ကောင်းသည့်ပုံ မပေါ်ချေ။

မိန်းကလေးလည်း ဖြစ်သော ရှုချိုးယာမှာ သူတို့မျက်နှာပေါ်မှ မဖော်ရွေသော အကြည့်များကြောင့် သူမကြောက်ရွံ့သွားသည်။

နောက်ပြန်ဆုတ်ကာ သူမ၏ သတ္တိများအား ဆင့်ခေါ်၍ ပြောလိုက်သည်။

"ရှင်တို့ မဆင်မခြင်မလုပ်နဲ့...ကျွန်မ ကျွန်မချစ်သူက မကြာခင် လိုက်လာတော့မှာ"

*********************

All Chapters