← Chapters

တည်ငြိမ်အောင်ထိန်းနိုင်လား

Vol. 3 Ch. 42

တည်ငြိမ်အောင်ထိန်းနိုင်လား

Vol. 3 Ch. 42

"ပြန်အမ်းမယ်"

ငွေပြန်အမ်းမယ်ဆိုသည့် ရွှီဖန်းပြောစကားကို ကြားသည့်အခါ ထိုအုပ်စုကို ဦးဆောင်လာသည့် လူက အဆုတ်ကွဲမတတ် အော်လာသည်။

"မင်းဖင်ကိုပဲ နောက်ဆုတ်လိုက်"

ထို့နောက် သူ့ဘေးမှ အသီးခြင်းအား ကန်ထုတ်လာသည်။

"ရှင်တို့အားလုံး ဘာလို့ ဒီလိုလုပ်နိုင်ရက်တာလဲ"

ခြင်းထဲမှ မက်မွန်သီးများအားလုံး မြေကြီးပေါ် လိမ့်ကျပြီး ရွံ့တွေပေကုန်တာ မြင်သည့်အခါ ချိုးဆုအာမှာ စိတ်နှလုံးနာကျင်သွားရသည်။

ဒီနေ့ ၅၀ရာခိုင်နှုန်းလျှော့ထားသော်လည်း ထိုခြင်းထဲမှ မက်မွန်သီးများက ယွမ်ထောင်ကျော်လောက် တန်နေတုန်းပင်။

"မင်းဘိုးအေတဲ့မှ ဒီလောင်ဇီက မင်းရဲ့သစ်သီးဖိုးကို မလိုဘူး"

သူက ရွှီဖန်းစိုက်ပျိုးထားသည့် အသီးများအား မညှာမတာနင်းကာ နှာမှုတ်လာသည်။

"ခုနကပဲ ငါရှင်းရှင်းလင်းလင်း မပြောထားလို့လား ဘာလဲ!"

"မင်းတို့အသီးတွေစားပြီး ငါ့ညီအစ်ကိုတွေ ဗိုက်နာကုန်ကြတယ်...ငါတို့ရဲ့ဆေးဖိုးဝါးခကို မင်းဘက်က လျော်ကြေးပေးရမယ်၊ ဟမ့်...ငါ မင်းကို အနိုင်မကျင့်ပါဘူး...ငါတို့ညီအစ်ကိုငါးယောက်ရှိတယ်...တစ်ယောက်ကို ယွမ်ငါးသောင်းနဲ့ အားလုံးပေါင်း ယွမ်နှစ်သိန်းခွဲပေးရမယ်!"

ထိုလူက စကားပြောပြီးသည်နှင့် ရွှီဖန်းအား လက်

ဖြန့်တောင်းလာသည်။ သူ၏ အမူအရာက ပိုက်ဆံတောင်းသည့် ကိစ္စအပေါ်၌ ယုံကြည်ချက်အပြည့်ရှိနေသည်။

"အစ်ကိုရွှီဖန်း ဒီကို ခဏလာပါဦး"

ဒီငါးယောက်ကို ကြည့်ရသည်မှာ နောက်ခံတချို့ရှိသည့်ပုံပင်။ သစ်သီးဆိုင်ရှေ့၌ အုတ်အော်သောင်းတင်းဖြစ်အောင် လုပ်နေကြသော်လည်း ပတ်ပတ်လည်မှ ဈေးဝယ်သူများသည် ကြောက်ရွံ့စွာ ကြည့်နေကြသည်။ ဘယ်သူကမှ ရဲမခေါ်ရဲကြပေ။

အခြေအနေကို ပြေလည်အောင် မရှင်းနိုင်မှန်း မြင်သည့်အခါ လွန်ခဲ့သည့်ရက်အနည်းငယ်က ရွှီဖန်းငှားထားသော ဝန်ထမ်းတစ်ယောက်သည် လူအုပ်ကြီးကို တွန်းလှန်၍ သူ့ကို ဆွဲထုတ်လာသည်။

"အားတန် ဘာဖြစ်လို့လဲ"

အားတန်သည် မြစ်အောက်ပိုင်းရွာမှ ရွာသားဖြစ်သည်။  ယခင်က ခရိုင်မြို့တော်မှာ အလုပ်လုပ်ဖူးတာကြောင့် ဒီလူအား သစ်သီးပို့ဆောင်ရေးအတွက် ခန့်ထားခဲ့တာဖြစ်သည်။

ဆွဲထုတ်ခံခဲ့ရတာကြောင့် ရွှီဖန်းမှာ နားမလည်ဖြစ်နေရသည်။

အားတန်သည် ဘေးမှာရပ်နေကြသည့် လူထွားအုပ်စုအား သတိထားကြည့်၍ ပြောလာသည်။

"အစ်ကိုရွှီဖန်း ဒီလူတွေက မုန်းစရာကောင်းပေမယ့် သူတို့ကို ရန်စလို့ မရဘူး"

"အစ်ကိုက ခရိုင်မြို့တော်မှာ ကြာကြာ မနေဖူးတော့ ဒီက အခြေအနေတွေကိုမသိဘူး...ဒီလူတွေက မြွေစိမ်းဂိုဏ်းက ကောင်တွေပဲ...ခရိုင်မြို့တော်မှာ ဆိုင်ဖွင့်

ချင်ရင် သူတို့ပြောတာကို နာခံတာ ပိုကောင်းတယ်"

"သူတို့ပြောတာကို နာခံရမယ်လား"

အားတန်၏ အကြံပေးမှုအား ကြားသည့်အခါ ရွှီဖန်း ရယ်ချင်သွားတော့သည်။

သန်မာသောနဂါးတောင်မှ ဒေသခံမြွေကို မတိုက်ခိုက်

နိုင်ဆိုသည့် ဆိုရိုးအတိုင်းပင် ခရိုင်မြို့တော်မှာ ဆိုင်ဖွင့်ချင်ပါက ဒေသခံမြွေကို ရန်မစတာအကောင်းဆုံးပေ။ ဒါက မင်းကို ပိုက်ဆံရှာဖို့ ပိုပြီး လွယ်ကူသင့်လျော်စေလိမ့်မည်။

သူ့ဆိုင်မှ သစ်သီးများ၏အရည်အသွေးကြောင့် ယွမ် ၂သိန်း ၅သောင်းဆိုတာ တစ်ကယ်တော့ ပြဿနာမဟုတ်ပေ။

သို့သော်ငြား သူ့ဒေါသတွေကို ဒီလိုမျိုး မမြိုချလိုက်

နိုင်ပေ။

မြွေစိမ်းဂိုဏ်းအကြောင်းကို ကြားဖူးတာ ဒါပထမဆုံး မဟုတ်ပေ။ ရှုချိုးယာနှင့် ခရိုင်မြို့တော်မှာ သူအတူရှိတုန်းကလည်း ထိုဂိုဏ်းမှ ကလေကချေများနှင့်ကြုံခဲ့ရသေးသည်။

သူတို့ ပထမဆုံးအကြိမ် တိုက်ခိုက်ပြီးကတည်းက ထပ်မံတိုက်ခိုက်ရန် မကြံထားခဲ့ပေ။ အာ့လန်ရှန်းက ကောင်းကင်ဘုံလက်သီးကို သင်ပေးခဲ့တာဖြစ်လို့ သူ့အတွက် လေ့ကျင့်ဖို့ တစ်ယောက်ယောက် လိုအပ်နေသည်။

ဒေါသကိုဖျောက်လိုက်မည့်အစား တခြားလူများကိုပါ ဥပမာပြပေးရမည်ဟု ဆုံးဖြတ်ချက်ချကာ အားတန်ကို ပြန်ပြောလိုက်သည်။

"ဟုတ်ပြီ ငါသူတို့ကို နာနာခံခံနဲ့ နားထောင်ပေးမှာပါ"

"ဟူး...အစ်ကိုရွှီဖန်း အစ်ကိုလည်း ဒီလိုတွေးတယ်ဆိုမှသာ ကျွန်တော်လည်း စိတ်သက်သာရာရသွားပြီ"

ရွှီဖန်းမှ ဒေါသထိန်းလိုက်တာ မြင်သည့်အခါ အားတန်တစ်ယောက် စိတ်သက်သာရာရသွားတော့သည်။

မတိုင်ခင်က သူ ခရိုင်မြို့တော်မှာ လုပ်ခဲ့ဖူးတာကြောင့် မြွေစိမ်းဂိုဏ်းအကြောင်းကို သူကောင်းစွာသိသည်။ မြွေစိမ်းဂိုဏ်းကို ဆန့်ကျင်သူမှန်သမျှက နှစ်အတော်ကြာ ဆေးရုံမှာ တက်ခဲ့ရသည်။

သူ့ရှေ့မှာ ရပ်နေသည့် လူထွားငါးယောက်နှင့် ရွှီဖန်းအား ယှဥ်ပါက ခွန်အားကွာခြားချက်မှာ ကြီးလွန်းသည်။ သူတို့နှင့် ရန်ပွဲသာ ဖြစ်မိပါက ဈေးဆိုင်မဖွင့်ရဘဲ ဆေးရုံပဲတက်ရလိမ့်မည်။

"ဟဲဟဲ အစ်ကိုတို့၊ ကျုပ်ရဲ့ဘော့စ်က ခင်ဗျားတို့ရဲ့ ဆေးဖိုးဝါးခ နှစ်သိန်းငါးသောင်းကို လျော်ပေးဖို့ သဘောတူလိုက်ပါတယ်...ကြည့် ဒီကိစ္စအဆင်ပြေပြီမလား"

ထိုအချိန် အားတန်သည် ရွှီဖန်းအား ခေါ်၍ မြွေစိမ်းဂိုဏ်းမှ လူငါးယောက်ထံ​လျှောက်သွားတော့သည်။ သူ့မျက်နှာပေါ်၌ ရှက်ကိုးရှက်ကန်းအပြုံးကို တင်ထားကာ ရွှီဖန်းအတွက် ကိစ္စအဆင်ပြေအောင် လုပ်ပေးနေသည်။

"အိုး မင်းက ကိစ္စတွေကို ဘယ်လိုကိုင်တွယ်ရမလဲ သိတာပဲ၊ မင်းရဲ့စုတ်ချာနေတဲ့ဆိုင်ကို ငါလာလည်တာ အလဟဿမဖြစ်ဘူးပဲ"

အတိတ်မှာတုန်းက သူဌေးဖန်က ကာကွယ်ကြေးတောင်းသည့်အခါတိုင်း ငြီးတွားခဲ့သည်။ သူဌေးဖန်ကို ခြောက်ဖို့အတွက် သူတို့လက်တွေကို သုံးခဲ့ရသည်။ အခုတော့ အရာရာက ချောချောမွေ့မွေ့ပဲ ဖြစ်နေသည်။ မြွေစိမ်းဂိုဏ်းမှ ထိုအုပ်စုဟာ ရွှီဖန်းအား အထင်သေးစွာ ကြည့်လာကြသည်။

"ကောင်းပြီလေ...မင်းဆုံးဖြတ်ထားပြီးရင်လည်း မြန်မြန် ပိုက်ဆံပေးလိုက်၊ ညကျရင် ငါတို့ ညစာစားပွဲ လုပ်ရဦးမှာဆိုတော့ အဲ့ဒီကောင်မလေးကို အရက်ငှဲ့ခိုင်းဖို့ ခေါ်လာခဲ့"

ပိုက်ဆံအကြောင်းကြားသည်နှင့် သူတို့က ဖြုန်းဖို့ပင် တွေးပြီးနေလေပြီ။ သူတို့က ချိုးဆုအာကို ဖျက်လိုဖျက်ဆီးကြည့်နေကြသည်မှာ အခုချက်ချင်းပင် အလစ်သုတ်ချင်နေသည့်အတိုင်းပင်။

ချိုးဆုအာသည် ထိုရက်စက်သော အကြည့်များကြောင့် ရွှီဖန်းအနောက်ကို မသိစိတ်မှအလိုလို ဝင်ပုန်းမိသည်။

ထိုလူတွေအတွက် သူမ အရက်မငှဲ့ပေးချင်ပေ။

"အစ်မဆုအာ မကြောက်ပါနဲ့"

ရွှီဖန်း ပြုံး၍ ချိုးဆုအာကို နှစ်သိမ့်ပေးလိုက်သည်။ ထို့နောက် မြွေစိမ်းဂိုဏ်းမှ ငါးယောက်ကို ကြည့်ကာ...

"လူကြီးမင်းတို့ ပိုက်ဆံတောင်းထားတယ်မလား၊ ဒီကတ်ထဲမှာ အားလုံးပေါင်း ငါးသိန်းရှိတယ်"

ရွှီဖန်းက သူ့အိတ်ထဲက ကတ်ကို ထုတ်ပြလာသည်။ လူထွားငါးယောက်ကြားသည့်အခါ သူတို့မျက်လုံးများ လင်းလက်သွားတော့သည်။

ငွေနှစ်ဆရတာမျိုးအတွက် သူတို့ စိတ်မခုပေ။ ဒီကောင်က အရမ်းကိုဖားနေတာပဲဟု သူတို့ကိုယ်သူတို့ တီးတိုးပြောကာ ရွှီဖန်းကတ်အား ဆွဲယူလာကြသည်။

"မင်း"

သူတို့လက်က ကတ်ကို ထိတော့မည်အချိန်ကျမှ ရွှီဖန်း လက်ပြန်ဆုတ်လိုက်တာကြောင့် သူတို့ ဒေါသထွက်သွားကြသည်။

"ကောင်လေး မင်း ဘာသောက်ကျိုးနည်း လုပ်နေတာလဲ"

"မင်းအဖေငါ့ကို အဲ့ဒီကတ် မြန်မြန်ပေးစမ်း!"

"ဟားဟား"

မြွေစိမ်းဂိုဏ်းအဖွဲ့သားများသည် တိုင်ပင်စရာမလိုဘဲ ရွှီဖန်းအား ပတ်ပတ်လည် ဝိုင်းထားကြသည်။ အကယ်၍ သူသာ နာနာခံခံဖြင့် ကတ်ကို မပေးလာလျှင် သူတို့ ရိုက်နှက်တော့မည်။

ရွှီဖန်း ပြုံးလျက် သူ့လက်ထဲမှာ ဘဏ်ကတ်ကို ကစားနေလိုက်သည်။

"အားလုံးပဲ...ကျုပ်က ခင်ဗျားတို့ကို ယွမ်ငါးသိန်းပေးဖို့ တစ်ကယ်ကို တတ်နိုင်ပါတယ်၊ ဒါပေမယ့် အခြေအနေတစ်ခုမရှိဘဲ လူတစ်ယောက်ကို ပိုက်ဆံပေးရတာကတော့ ကျုပ်လက်မခံနိုင်ဘူး"

"ခင်ဗျားတို့ တစ်ယောက်စီတိုင်းက ကျုပ်ကို အဖေလို့ ခေါ်ကြရင် ဘယ်လိုလဲ...ပြီးရင် အဖေက သားတို့ကို မုန့်ဖိုးပေးရင်ပေးလောက်မှာပေါ့...ဟုတ်တယ်မလား"

"အစ်ကိုရွှီဖန်း!"

အားတန်မှာ တစ်ခုခုတော့မှားနေပြီဟု ခံစားခဲ့ရသည်။ အခု ရွှီဖန်းမှ မြွေစိမ်းဂိုဏ်းအား ဆန့်ကျင်နေသည်ကို မြင်သည့်အခါ သူ စိုးရိမ်လာတော့သည်။

ဒီလို ယုံကြည်စိတ်ချရသည့်အလုပ်မျိုး ရှာတွေ့ရန် သူ့အတွက်မလွယ်ကူပေ။ ရွှီဖန်းသာ မြွေစိမ်းဂိုဏ်း၏ ရိုက်နှက်ခြင်းကို ခံရပါက သူလည်း အလုပ်ဆုံးရှုံးသွားနိုင်သည်။

"ကောင်လေး စောက်ကျိုးနည်း မင်းက ငါတို့နဲ့ လာကစားနေတာလား"

အားတန်ရှင်းပြတာကို မစောင့်ဘဲ အဖွဲ့ဦးဆောင်လာသည့် လူက လက်သီးကိုဆုပ်ကာ ရွှီဖန်းဆီ ပြေးဝင်လာတော့သည်။

မြွေစိမ်းဂိုဏ်းသည် ခရိုင်မြို့တော်ထဲ၌ အမြဲတမ်း သောင်းကျန်းနေသောအဖွဲ့ဖြစ်ရာ ​​သူတို့ကို ဘယ်သူမှ ရန်မစရဲခဲ့ကြပေ။ အခု ဒီကောင်လေးကိုသာ သင်ခန်းစာမပေးထားရင် အနာဂတ်မှာ မြွေစိမ်းဂိုဏ်းနှင့်အတူ သူက မြို့ထဲမှာ ဘယ်လိုလုပ် ခြေချနိုင်တော့မည်နည်း။

ခြေလှမ်းကျဲကြီးများဖြင့် သူက ရွှီဖန်းအရှေ့သို့ ရောက်ချလာကာ လက်သီးဖြင့် ဗိုက်ကို ထိုးချလာသည်။

ထိုလက်သီးက မြန်ဆန်ကာ အားပါနေ၏။ ထိုကဲ့သို့ အထိုးသာခံရပါက နာကျင်မှုနှင့်တင် သေဆုံးသွားနိုင်သည်။

ဖောက်!

ထိုးခံရလုနီးပါးအချိန်၌ ရွှီဖန်း၏ မျက်လုံးများက ရွှေရောင်အလင်းဖြတ်သွားကာ သူ၏ရောင်ဝါကလည်း စူးရှလာသည်။

သူလက်ကို မြှောက်ကာ ရန်သူ၏ ပါးကို တိုက်ရိုက် ရိုက်ချပစ်လိုက်သည်။ တစ်ဖက်လူက သူ့ဆီပြေးလွှားလာစဥ်မှာ သူ ကောင်းကင်ဘုံစွမ်းအားအဆောင်ကို ချိုးခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ သူ့လက်ထဲက ခွန်အားများက နှိုင်းယှဥ်၍မရနိုင်အောင် ပြင်းထန်လွန်းကာ ထိုလူအား လွင့်ထွက်သွားစေသည်။

ဘန်းဆိုသည့် အသံနှင့်အတူ ထိုလူက မြေကြီးပေါ် ပြုတ်ကျသွားခဲ့သည်။ ပတ်ပတ်လည်မှ ဈေးဝယ်သူများသည်လည်း ကြောက်လန့်ကာ နောက်ဆုတ်သွားကြသည်။

"ဒါ...."

ရိုက်ချက်တစ်ချက်တည်းဖြင့် လူတစ်ယောက်ကို လွင့်ထွက်သွားစေသည့် မြင်ကွင်းက မြင်ရခဲသည်။ ကျန်ရှိနေသေးသည့် မြွေစိမ်းဂိုဏ်းသား လေးယောက်ဟာ ချက်ချင်းပင် ရူးမလို ကြောက်လန့်သွားကြသည်။

အားတန်နှင့် ချိုးဆုအာတောင်မှ ရှော့ဖြစ်ကုန်ကြသည်။

အခုမှသာ သူတို့၏စိုးရိမ်ပူပန်မှုများက မလိုအပ်မှန်း သတိထားမိတော့သည်။

**********************

All Chapters