← Chapters

ပိုက်ဆံလိုချင်လား သေချင်လား

Vol. 3 Ch. 44

ပိုက်ဆံလိုချင်လား သေချင်လား

Vol. 3 Ch. 44

"ဒါက..

မြွေစိမ်းဂိုဏ်းမှ လူများသည် ဤကဲ့သို့ အခြေအနေမျိုးအား မမျှော်လင့်ခဲ့ကြပေ။ မြေကြီးပေါ်မှာ ဗွက်လူးကာ ကွဲကြေနေသည့် အသီးများကို ကြည့်ရင်း သူတို့ သိပ်စိတ်မပူကြပေ။

ဒီအသီးခြင်းအနည်းငယ်လောက်တော့ သူတို့တတ်နိုင်သေးသည်။ 

ဖြစ်နိုင်သမျှ မြန်မြန် ထွက်ခွာနိုင်ဖို့ရာအတွက် သူအံကြိတ်ကာ မေးလိုက်သည်။

"ပြောပါ ငါတို့ ဘယ်လောက်ပေးရမလဲ"

ရွှီဖန်းက ပြုံးလျက်...

"အများကြီးမဟုတ်ပါဘူး...မင်းတို့ငါးယောက်ရှိတယ်ဆိုတော့ တစ်ယောက်ကို ငါးသောင်းနဲ့ အားလုံးပေါင်း နှစ်သိန်းခွဲ လျော်ပေးရမယ်"

"ဘာ!"

ထိုပမာဏအားကြားသည့်အခါ လူထွားအုပ်စုသည် အလွန်ထိတ်လန့်သွားကြသည်။ အသီးတွေကို ရွှေနဲ့ လုပ်ထားတာမို့လို့လား။

"မိတ်ဆွေ မများလွန်းဘူးလားကွ"

အကယ်၍ ရာအနည်းငယ်၊ ထောင်အနည်းငယ် ဆိုရင်တောင်မှ မြွေစိမ်းဂိုဏ်းမှလူများသည် သူတို့၏ဒေါသများကို မြိုသိပ်နိုင်ဦးမည်။ သို့သော် ရွှီဖန်းက ပါးစပ်ဟကာ ယွမ် နှစ်သိန်းခွဲကို တောင်းလာသည်။

"ရွှီဖန်း မေ့လိုက်ပါတော့...ဘာလို့ ငါတို့"

ချိုးဆုအာသည် သူတို့မျက်နှာပေါ်မှ မခင်မင်သော အမူအရာများကြောင့် အခုထိ သူမနှလုံးသားထဲ၌ အကြောက်တရားကကျန်ရှိနေတုန်းပင်။ ဒုက္ခနည်းပါးသွားစေရန် သူမ ရွှီဖန်းအား ဆွဲထားမိသည်။ 

သို့သော်ငြား ရွှီဖန်းကတော့ ထိုကဲ့သို့ မတွေးပေ။

မြွေစိမ်းဂိုဏ်းကလူတွေကို ဒီအတိုင်းပဲ လွှတ်ပေးလိုက်ဖို့ရာအတွက် ရွှီဖန်းက မရိုးအပေ။

သူတို့ ဒုက္ခလာရှာမှာကို စောင့်နေရတာထက်စာရင် ကိုယ့်ဘက်က ပြန်တိုက်ခိုက်ထားရမည်။

"များတယ်ဟုတ်လား၊ မင်းတို့က ငါ့ကို နှစ်သိန်းခွဲတောင်းတုန်းကကျတော့ များတယ်မထင်ခဲ့ဘူးလား"

ရွှီဖန်းနှာမှုတ်ကာ ထိုလူများအား ခပ်ပေါ့ပေါ့ခြုံကြည့်လိုက်သည်။

"မပေးရင်လည်းရတယ်လေ၊ ဒီနေ့ မင်းတို့ ဒီကနေ တွားသွားပြီးထွက်သွားစေရမယ်၊ ရွေးချယ်ပါ"

"မင်း!"

ရွှီဖန်း၏ မျက်နှာအမူအရာက အလွန်လေးနက်နေကာ ဟာသလုပ်နေသည့်ပုံမပေါ်ချေ။ မြွေစိမ်းဂိုဏ်းမှ လူများမှ ချက်ချင်းဒေါသထွက်သွားရသည်။

သို့သော် သူတို့ငါးယောက်စလုံး အခုပဲအရိုက်ခံထားရသည့် မြင်ကွင်းကို ပြန်မြင်ယောင်ကာ ဒေါသတွေကို အတင်းအကြပ် ပြန်ဖိထားရသည်။

"ကောင်းပြီ ငါတို့ မင်းကို အဲ့ဒီပိုက်ဆံပေးမယ်၊ ဒါပေမယ့် မိတ်ဆွေ မင်းဆန့်ကျင်နေတာ မြွေစိမ်းဂိုဏ်းဆိုတာ မှတ်ထားတာကောင်းမယ်"

ဦးဆောင်လာသည့်ထိုလူက အနာဂါတ်မှာလက်စားချေဖို့ရန် ရွှီဖန်း၏ ပုံသဏ္ဍာန်အား မှတ်မိချင်နေသကဲ့သို့ သူ့အား ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။

တစ်ဖက်မှာ ရွှီဖန်းကတော့ ဂရုမစိုက်ပေ။ သူချမ်းသာလာပြီဆိုတာနဲ့ ခရိုင်မြို့တော်မှာ သူ့စီးပွားရေးကို တိုးချဲ့မည်မှာ မလွဲဧကန်ပင်။ မြွေစိမ်းဂိုဏ်းဆိုသည့်အဟန့်အတားကို မဖယ်ရှားထားပါက နောက်ကျရင် သူခြေလှမ်းတစ်လှမ်းချဖို့တောင် ခဲယဥ်းသွားလိမ့်မည်။

အချိန်ရောက်လာရင် ခေါင်းကိုက်နေရမည့်အစား ဖယ်ထုတ်ထားတာက ပိုကောင်းသည်။ ထိုလူများကို သူ့အကောင့်နံပါတ်ပေးကာ ငွေလွှဲပေးမှာကို စောင့်နေလိုက်သည်။

သူတို့ဆီမှာ ပိုက်ဆံအပိုရှိနေတာကြောင့် ငါးယောက်စုပြီးနောက်မှာတော့ ယွမ်၂သိန်းခွဲကို လွှဲပေးလာသည်။

"ကောင်းပြီ...ကျေးဇူးအများကြီးတင်ပါတယ်"

ငွေလက်ခံပြီးနောက် ရွှီဖန်းသည် ချိုးဆုအာကို လက်ညှိုးထိုး၍ ညွှန်ကြားလိုက်သည်။

"အစ်မဆုအာ...သူတို့အသီးအိတ်နည်းနည်းပေးလိုက်ပါ၊ သူတို့ဆီက ပိုက်ဆံများများရထားတာဆိုတော့ လက်ဆောင်သေးသေးလေးတော့ ပြန်ပေးရမှာပေါ့ ဟုတ်တယ်မလား"

"ဟမ့်! သွားစို့!"

သူတို့က ရွှီဖန်းရဲ့လက်ဆောင်ကို လက်မခံချင်တာတော့ သနားစရာပင်။ သူတို့က မကျေမနပ် နှာမှုတ်ကာ ထွက်သွားကြသည်။

"တော်လိုက်တာ! သစ်သီးဆိုင်သူဌေးရေ"

"သူဌေး ခုနက အရမ်းမိုက်တာပဲ!"

"သူဌေးက ကိုယ်ခံပညာအတတ်ကို စိတ်ဝင်စားတာလား"

မြွေစိမ်းဂိုဏ်းမှလူများရှိစဥ်က ဘေးပတ်ပတ်လည်မှ ဈေးဝယ်သူများသည် လက်တုံ့ပြန်ခံရမှာစိုး၍ စကားမပြောရဲကြပေ။ အခု သူတို့လည်းထွက်သွားရော ရွှီဖန်းသတ္တိကို ဝိုင်းပြီးချီးကျူးလာကြသည်။

ရွှီဖန်းက ပေါ့ပေါ့ပါးပါးပဲပြုံးနေကာ ထိုချီးကျူးစကားများအား အလေးအနက်မထားပေ။

"ကောင်းပြီ၊ ဒါက ဖြစ်ရပ်သေးသေးလေးတစ်ခုပါပဲ၊ ဒီနေ့ရဲ့ အဓိကအကြောင်းအရာက ကျွန်တော့်ရဲ့ ထာဝရရှင်သန်ခြင်းအသီးတွေနော်"

"အားလုံးပဲ ဆိုင်တစ်ဆိုင်လုံး ၅၀ရာခိုင်နှုန်းလျော့ဈေးရှိတယ်နော်! လက်မလွှတ်ကြနဲ့!"

စောနကတိုက်ပွဲက လူအမြောက်အမြားကို ဆွဲဆောင်ထားနိုင်ခဲ့သည်။ ရွှီဖန်း ဈေးရောင်းလာသည်ကို ကြားသည့်အခါ ထိုလူများက အသီးများကို စတင်ကောက်ယူလာကြသည်။

ယုတ္တိရှိရှိပြောရရင် ရွှီဖန်း၏စီးပွားရေးကအလွန်ကျော်ကြားနေတာကြောင့် ချိုးဆုအာလည်း ပျော်နေသင့်သည်။ သို့သော် ခုနကဖြစ်ပျက်သွားခဲ့သည့်ကိစ္စကို သူမ တွေးနေမိတုန်းပင်။

"အစ်မဆုအာ ဘာတွေတွေးနေတာလဲ"

သူမ၏အသိစိတ်လွတ်နေသလို ပုံစံကြောင့် ရွှီဖန်း မေးမြန်းမိသည်။

ချိုးဆုအာသည် ခါးသက်စွာပြုံးလျက်....

"ရွှီဖန်း မကြောက်ဘူးလားဟင်"

ရွှီဖန်း၏အပြုအမူများက စိတ်လိုက်မာန်ပါဖြစ်နေသည်ဟု သူမခံစားရသည်။

သူမအမြင်အရ ဒီမှာ စီးပွားရေးလုပ်မယ်ဆိုရင် မြွေစိမ်းဂိုဏ်းကဲ့သို့ ဒေသတွင်းက အာဏာရှင်ကို မဆန့်ကျင်တာက အကောင်းဆုံးပင်။ ဆန့်ကျင်မိပါက ဒုက္ခတဖွဲဖွဲကျလာတာကို အဆက်မပြတ်ခံနေရလိမ့်မည်။

"ဒါပေါ့ ကျွန်တော် ကြောက်တယ်"

ရွှီဖန်း ပြုံးလိုက်ကာ...

"အစ်မဆုအာ ကျွန်တော်ကြောက်ပေမယ့် လက်မခံနိုင်ဘူးလေ၊ ကျွန်တော်တို့ ကြိုးစားရှာဖွေထားတဲ့ပိုက်ဆံတွေကို ဘာကြောင့် သူတို့ကို အကြောင်းမဲ့ပေးနေရမှာလဲ"

"မှန်ပါတယ်၊ မြွေစိမ်းဂိုဏ်းလို ဒေသတွင်းအာဏာရှင်က တစ်ကယ်ကို ဒုက္ခတစ်ရပ်ပဲဆိုတာ၊ ဒါပေမယ့် ကျွန်တော့်ကို လာမရှုပ်ဖို့တော့ ပြောရဦးမှာပဲ"

"............."

ရွှီဖန်းမျက်နှာပေါ်မှာ ယုံကြည်ချက်များအား ချိုးဆုအာ ကြည့်နေမိသည်။

သူမက သူ့ရဲ့စွမ်းရည်ကို လျော့တွက်မိတာလည်း ဖြစ်နိုင်သည်။ ရွှီဖန်းဆီမှာ မြွေစိမ်းဂိုဏ်းကို သေတဲ့အထိ ဒုက္ခပြန်ပေးနိုင်တဲ့ စွမ်းရည်လည်း ရှိကောင်းရှိနိုင်ပေသည်။

"ရွှီ ရွှီဖန်း အစ်မ အလုပ်သွားလုပ်တော့မယ်"

ချိုးဆုအာ၏မျက်နှာက ရွှီဖန်းကိုကြည့်နေရင်းဖြင့် နီရဲလာသည်။ ရွှီဖန်းက တစ်ဖက်ကို မျက်နှာလှည့်သွားမှသာ သူမက ဆိုင်ထဲကို ဝင်သွားတော့သည်။

ထိုအချိန် ခရိုင်မြို့တော်၏ အခြားနေရာတစ်ခုမှာတော့...

ခွေးတိုက်ပွဲ

ကာကွယ်ကြေးလိုက်တောင်းသည့် စီးပွားရေးက သိပ်မဆိုးပေ။ သို့သော် ဒီခွေးတိုက်ပွဲကတော့ မြွေစိမ်းဂိုဏ်း၏ အကြီးမားဆုံး ဝင်ငွေ အရင်းအမြစ်ပင်။

ခွေးတိုက်ပွဲဆိုတာက ဆင်းရဲသားတွေတတ်နိုင်သော ကစားပွဲမဟုတ်ပေ။ များသောအားဖြင့် ဘာမှလုပ်စရာမရှိသည့် လူချမ်းသာကလေးများက သူတို့ခွေးများကို မွေးမြူထိန်းကျောင်းကြကာ တခြားခွေးဖြင့် တိုက်ခိုင်းကြသည့် ပြိုင်ပွဲဖြစ်သည်။

ခွေးတိုက်ပွဲက အလွန်ကို ကျော်ကြားလေသည်။ အနီးအနားမြို့များမှ အပျော်အပါးလိုက်စားသော ကျောင်းသားများသည်လည်း သူတို့ခွေးများကိုယူလာပြီး လာကစားကြသည်။

ထိုအခိုက်အတန့်တွင် ပြိုင်ပွဲကွင်းထဲမှာ Tuzoခွေးနှင့် Beagleခွေးတို့ ကိုက်နေကြတာကို မြင်ရလိမ့်မည်။

ပြိုင်ပွဲကွင်းအပြင်ဘက်တွင် လူတော်တော်များများက ထိုတိုက်ပွဲကို ကြည့်ရှုနေကြသည်။ သူတို့က လောင်းကြေးထပ်ထားသည့် ခွေးကို ကျယ်လောင်စွာ အော်ဟစ်အားပေးနေကြသည်။

ပရိတ်သတ်အများစုက ဝတ်စုံပြည့်ဝတ်ဆင်ထားသည့် အမျိုးသားများဖြစ်ပြီး အနည်းငယ်ကသာ အမျိုးသမီးများဖြစ်သည်။ ထိုအချိန် မြင်ကွင်းသေချာမြင်ရသည့် အကောင်းဆုံးနေရာမှာ ထိုင်နေသူက အမျိုးသမီးတစ်ယောက်ပင်။

သူမက အလှလေးတစ်ပါးလည်း ဖြစ်နေသေးသည်။

အနက်ရောင်ဇာဂါဝန်နှင့်အတူ အနက်ရောင်ပိုးခြည်ခြေအိတ်ဖြင့် ရစ်ပတ်ထားသည့် သူမ၏ခြေထောက်များက ညှို့ငင်နေ၏။ သူမ၏လှိုင်းတွန့်ဆံနွယ်များအောက်၌ ဆွဲဆောင်မှုရှိသော မျက်နှာလေးကလည်း ပေါ်လွင်နေသည်။

မျက်လုံးများ နီရဲနေသည့် ယောကျ်ားထုထဲမှ တစ်ယောက်ကိုကြည့်လိုက်မည်ဆိုလျှင် သူဟာ ခွေးတိုက်ပွဲကို ကြည့်နေတာမဟုတ်ဘဲ ထိုအမျိုးသမီးအား ကြည့်နေခြင်းပင်။ 

သူမ၏ရှည်သွယ်သော ခြေထောက်လေးများက ထိုလူအား သူမစကပ်အောက် ဝပ်တွားစေဖို့ လုံလောက်ပေသည်။

ထိုကဲ့သို့ သေလောက်အောင် ဆွဲဆောင်မှုပြင်းသည့် အမျိုးသမီးက ဒီမှာရှိနေသည့် သားရဲကဲ့သို့ ယောကျ်ားများ၏ ဆူပွက်နေသော ဟော်မုန်းများအား အမှန်

တကယ်ကို နှိုးဆွပေးနေသည်။ သို့သော်ငြား ဘယ်သူကမှ ရှေ့တက်၍ သူမအား မလွန်ကြူးရဲကြပေ။

အကြောင်းအရင်းကတော့ သူမအနောက်မှာရပ်နေသည့် အစောင့်နှစ်ယောက်ကြောင့်ပင်။ ထိုနှစ်ယောက်လုံးက လက်မောင်းပေါ်မှာ မြွေပုံစံ တက်တူးများ ထိုးထားလေသည်။ အကယ်၍ သူတို့နှင့်ရင်းနှီးသည့် သူသာဆိုရင်တော့ ထိုနှစ်ယောက်ဟာ မြွေစိမ်းဂိုဏ်း၏ အစောင့်အရှောက်များ ဖြစ်နေမှန်း သိနိုင်လိမ့်မည်။

ထိုအစောင့်များ၏ တလေးတစားအပြုအမူများကို ကြည့်ချင်းအားဖြင့် ထိုအမျိုးသမီးဟာ မြွေစိမ်းဂိုဏ်း၏ ခေါင်းဆောင်မှန်း လူတိုင်းသိနိုင်လေသည်။

********************

All Chapters