← Chapters

ရှောင်းချောင်

Vol. 3 Ch. 45

ရှောင်းချောင်

Vol. 3 Ch. 45

ခရိုင်မြို့တော်မှာ သောင်းကျန်းနေသည့် မြွေစိမ်းဂိုဏ်းနောက်ကွယ်မှ ခေါင်းဆောင်က အမျိုးသမီးတစ်

ယောက်ဆိုတာ ယုံဖို့ ခဲယဥ်းလှသည်။

ဒီသတင်းကို ကြားကြသည့်အခါ လူအများအပြားက ထင်ကြေးပေးလာကြသည်။ အမျိုးသမီးတစ်ယောက်က ဤကဲ့သို့အဆင့်အတန်းထိရောက်ဖို့ဆိုရင် အင်အားကြီးယောကျ်ားကို တွယ်ကပ်ထားတာဖြစ်မည်ဟုပင်။

သို့သော်ငြား ရှောင်းချောင် အမည်ရသည့် ဤအမျိုးသမီး၏ အကြင်နာကင်းမဲ့သော နည်းလမ်းများကို မြင်တွေ့ပြီးနောက် ထိုခန့်မှန်းချက်များက ပျောက်ကွယ်သွားတော့သည်။

သိထားရမည်မှာ သူမဘေးမှာစောင့်ရှောက်နေသည့် လူနှစ်ယောက်က သူမကို ကာကွယ်ဖို့ရန် သာမာန်ထက်လွန်ကဲသော စွမ်းရည်များ ပိုင်ဆိုင်ထားကြသည်။

သူမက ခွေးနှစ်ကောင်ကြားမှ တိုက်ပွဲကိုကြည့်ရတာ ပျော်ရွှင်နေတာကြောင့် ယောကျ်ားအပေါင်း၏ မျက်လုံးများကို သတိမထားမိပေ။ တစ်ဖက်မှာတော့ သူမ၏ လက်အောက်ငယ်သားတချို့က ပြေးလွှားလာကြသည်။

"အစ်မရှောင်း"

ရောက်လာသည့်လူများက စောနကမှ ရွှီဖန်းလက်သီးဖြင့် အကြိတ်ခံလာရသည့် ငါးယောက်ပင်။ သူတို့က ရှောင်းချောင်ကို အကူအညီတောင်းဖို့ရန်အတွက် ခွေးတိုက်ပွဲကျင်းပရာသို့ အမြန်ပြေးလာကြသည်။

သူတို့အမြန်ရောက်ချလာကြသော်လည်း ဖြစ်ရပ်တစ်ခုလုံးကို မပြောပြသေးဘဲ ဘေးမှာ နာနာခံခံဖြင့် ရပ်စောင့်နေကြသည်။

ရှောင်းချောင်အကြောင်းကို သူတို့ရော အစောင့်အရှောက်နှစ်ယောက်ပါ သိထားကြသည်။ သူမက တစ်ခုခုလုပ်နေစဥ်၌ ကြားဖြတ်နှောင့်ယှက်တာကို မကြိုက်ပေ။

မင်းဘာမင်း ဘယ်သူဖြစ်ဖြစ် မင်း သူမကို တွေ့ချင်ပါက သူမကိစ္စတွေပြီးတဲ့အထိ အရင်စောင့်ရမည်။

ရှောင်းချောင်သည် အတိတ်နေ့ရက်မှာကတည်းက ထိုစည်းမျဥ်းကို လက်ကိုင်ကျင့်သုံးခဲ့သည်။ သူတို့ငါးယောက်စလုံး ထိုစည်းမျဥ်းအား ဖောက်ဖျက်ဖို့ ခွန်အားမရှိကြောင်းကိုတော့ ဝန်ခံရလိမ့်မည်။ အခု ရှောင်းချောင်က ခွေးတိုက်ပွဲကို ကြည့်နေတာ မြင်သည့်အခါ သူတို့ ဘေးမှာ နာနာခံခံ ရပ်စောင့်နေလိုက်သည်။

Tuzoခွေးနှင့် Beagle ခွေးတို့၏ တိုက်ပွဲစသည့်အချိန်မှစ၍ ဘယ်လောက်ကြာသွားပြီမှန်းမသိသည့်အခါမှာတော့ တိုက်ပွဲအဆုံးသတ်ကို ရောက်လို့လာပေသည်။ 

Beagleခွေးက Tuzoခွေး၏ သေအောင်ကိုက်သတ်

ခြင်းကို ခံလိုက်ရသည်။ ထိုခွေးက သူ့ပြိုင်ဘက်မသေမချင်း သူ့သွားစွယ်များအား မရုတ်သိမ်းခဲ့ပေ။ နောက်ဆုံးမှာ ခွေးထိန်းဆရာတွေကပဲ ကွင်းထဲကိုဝင်၍ အတင်းအကြပ် ဆွဲထုတ်လိုက်ရသည်။

"ဟဲဟဲ အစ်မရှောင်းရဲ့ မြေပြင်တပ်ကြီးကတော့ တစ်ကယ်ကို အံ့သြစရာပါပဲ"

Tuzoခွေးက တခြားလူခွေးမဟုတ်ပေ။ ရှောင်း

ချောင်မွေးမြူထားသည့် တိုက်ပွဲခွေးများထဲက တစ်ကောင်ပင်။

Beagle ခွေးကတော့ စီရင်စုတစ်ခုမှ လူပေါ်ကြော့လူငယ်လေးတစ်ယောက်၏ ခွေးပင်။ သူက သူခွေးအပေါ်၌ အလွန်ယုံကြည်ထားကာ တခြားရန်သူခွေး၏ဇက်ကို ပြန်ယူဆောင်ပေးလာနိုင်မည်ဟု ထင်ခဲ့သည်။ သို့သော်ငြား ရှောင်းချောင်၏ ခွေးလက်ချက်ဖြင့် သေခဲ့ရသည်။

ရှောင်းချောင်သည် သူမ၏ခြေထောက်လေးများအား ချိတ်ရင်း ဘေးမှ အစောင့်အရှောက်အား ပြောလိုက်သည်။

"လူမိုက်...သွား သူ့ဆီမှာ ပိုက်ဆံသွားယူခဲ့"

တစ်ကယ်တော့ ရှောင်းချောင်သည် သူမ၏ ချစ်လှစွာသောခွေးလေး သေအောင် ကိုက်ခံရမလား၊ မရဘူးလားဆိုတာကို ဂရုမစိုက်ပေ။ သို့သော် စီရင်စုမှ ထိုကောင်က သူမခွေးအား ကျိန်ဆဲနေလေသည်။

မင်းရှုံးပြီဆိုမှတော့ မင်းကတိအတိုင်း ငါးသိန်းပေးရမှာပဲ။

သူမအလုပ်ပြီးသွားသည့်အခါ ဆေးလိပ်ကို ညှပ်

သောက်၍ အခိုးအငွေ့တချို့အား မှုတ်ထုတ်လိုက်

သည်။ ပြီးမှသာ သူမ၏ဆွဲဆောင်မှုရှိသည့်မျက်လုံးများက ဘေးမှာရပ်စောင့်နေသည့် သူမနောက်လိုက် ငါးယောက်စီ ကျရောက်သွားသည်။

"ဘာပြောလိုက်တာလဲ ခုနက"

"အာ...."

မူလကတော့ သူတို့ ရှောင်းချောင်အား အကူအညီတောင်းချင်ခဲ့သော်လည်း သူမက ခွေးတိုက်ပွဲကို စိတ်ရောက်နေပြီး သူတို့ကို လုံးဝအာရုံမစိုက်ပေ။ နောက်လိုက်ငါးယောက်မှာ ကသိကအောင့်ဖြင့် စပ်ဖြဲဖြဲလုပ်လိုက်မိသည်။

"အစ်မရှောင်း...တစ်ကယ်တော့ ကျွန်တော်တို့က အရေးကြီးကိစ္စကြောင့်လာတာပါ"

"ပြောစရာရှိရင် ပြော"

ရှောင်းချောင်က သူမစီးကရက်ကို ပုတ်၍ ပြာအနည်းငယ် အောက်ကျအောင် လုပ်ရင်း တိုတိုတုတ်တုတ်ပြောလာသည်။

သူမအကျင့်ကိုသိတာကြောင့် သူတို့ငါးယောက်လည်း အချိန်မဆွဲရဲပေ။

"တလောက ခရိုင်မှာ သစ်သီးဆိုင်အသစ်ဖွင့်တယ်၊ ဒီနေ့ ကျွန်တော်တို့ ညီအစ်ကိုတွေ အဲ့ဒီဆိုင်ကို ဆုတချို့ရဖို့ သွားခဲ့ပေမယ့် မရခဲ့ဘူး"

"အိုး...ဘာကြောင့်လဲ"

ရှောင်းချောင်သည် ထိုလူများဆိုလိုသည့် 'ဆုတချို့ရဖို့' ဆိုတာကို အလိုလို နားလည်လေသည်။ မေးခွန်းမမေးခင်အား သူတို့အား စိတ်မဝင်စားသည့်အကြည့်ပေးလိုက်သည်။

ရှောင်းချောင်၏အကြည့်က သူတို့မျက်လုံးတည့်တည့်ကို စိုက်ကြည့်နေသည်။ သူတို့သာ အမှန်အတိုင်း မပြောလာပါက ထိုမျက်လုံးထဲမှ အစွယ်အချွန်တွေ ထွက်လာတော့မည့်အတိုင်းပင်။ 

ဦးဆောင်လာသည့်လူက သူ့နဖူးပေါ်မှ ချွေးအေးတွေကိုသုတ်ရင်း မသိုဝှက်ဘဲ ပြောပြရသည်။

"အာ...အစ်မရှောင်း အဲ့ဒီကောင်လေးက နည်းနည်းထောင်လွှားလွန်းတယ်...ကျွန်တော်တို့ငါးယောက်ကို ရိုက်နှက်ရုံတင်မကလို့ နှစ်သိန်းခွဲပါပေးရအောင် လှည့်စားသွားသေးတယ်"

"ဟားဟား ဒါဆိုရင်တော့ မင်းတို့က တစ်ကယ် တော်နေတာ မဟုတ်ဘူးလား"

မြွေစိမ်းဂိုဏ်းကို အရှက်ရစေသည့် ဤသတင်းအားကြားသည့်အခါ ရှောင်းချောင်က ပေါ့ပေါ့ပါးပါးရယ်လာသည်။ တစ်ဖက်မှာတော့ သူမဘေးမှာရပ်နေသည့် အစောင့်နှစ်ယောက်ဟာ သူမဆိုလိုရင်းကို နားလည်လေသည်။ သူက တုံ့ဆိုင်းခြင်းမရှိဘဲ ထိုလူ၏မျက်နှာအား ရက်စက်စွာ ရိုက်ချလိုက်သည်။

ထိုရိုက်ချက်က အကြင်နာကင်းမဲ့လှကာ အရိုက်ခံရသည့်လူမှာ သွားနှစ်ချောင်းပင် ကျွတ်ထွက်သွားရသည်။ ချက်ချင်းပင် ထိုလူက ပြင်းပြင်ထန်ထန် ဒဏ်ရာရသွားခဲ့သည်။ 

"မင်းတို့က ဒီလိုရှက်စရာကိစ္စကို လာပြောရဲတဲ့ သတ္တိရှိသေးတယ်ပေါ့...မြွေစိမ်းဂိုဏ်းက မင်းတို့လို အမှိုက်တွေကို မထောက်ပံ့ပေးဘူးဆိုတာ အခု သင်ယူထားလိုက်"

"ဒါက..."

အစောင့်နှစ်ယောက်၏ ရက်စက်သော မျက်နှာအမူအရာကြောင့် သူတို့ငါးယောက်လုံးမှာ မတရားမှုကို ခံစားလိုက်ရသည်။

သူ အပြင်မှာလည်း အရိုက်ခံလာရသည့်အပြင် ဒီကိုပြန်လာတော့လည်း ပါးထပ်ရိုက်ခံရပြန်သည်။ များလွန်းပေသည်။

"ရပြီ"

အစောင့်နှစ်ယောက်က သင်ခန်းစာထပ်ပေးတော့မည်ကို မြင်သည့်အခါ ရှောင်းချောင်က သူမလက်များကို ဝှေ့ယမ်း၍ ရပ်ခိုင်းလိုက်သည်။

"မင်းတို့ငါးယောက်က အရင်ကနဲ့မတူဘူး၊ မင်းတို့ရဲ့မျက်နှာကို အပြင်လူတွေက မှတ်မိပြီး မြွေစိမ်းဂိုဏ်းကမှန်း သိကြမယ်ဆိုတာ ငါယုံတယ်"

"ဒါဆို မင်းတို့ပြောပုံအရ သစ်သီးဆိုင်သူဌေးက ခရိုင်မြို့တော်က မဟုတ်ဘူးပေါ့"

ရှောင်းချောင်မှ မေးခွန်းအသေးစိတ် မေးမြန်းလာသည့်အခါ ငါးယောက်စလုံး၏မျက်လုံးများမှာ အရောင်လက်သွားတော့သည်။ 

ရှောင်းချောင်၏နည်းလမ်းများက အန္တရာယ်များသော်လည်း သူမက သူမ၏ချို့ယွင်းချက်များကို ပြင်းပြင်းထန်ထန်ကာကွယ်တတ်သူ ဖြစ်လေသည်။ သူမ အသေးစိတ်မေးလာကတည်းက ကူညီပေးတော့မယ်ဆိုတာ သေချာသည်။

ဒီတစ်ကြိမ်မှာတော့ သူ၏ဖောင်းကားနေသောမျက်နှာကို ဖုံးကာ အမြန်ပြောပြလိုက်သည်။

"အစ်မရှောင်း အဲ့ဒီကောင်က မြစ်အောက်ပိုင်းလို့ခေါ်တဲ့ ကျေးလက်ဒေသက လာတဲ့ပုံပဲ၊ သူက အရမ်းရိုင်းတယ်၊ ကျွန်တော်တို့က မြွေစိမ်းဂိုဏ်းနာမည်ကို ထုတ်ပြောခဲ့တာတောင်မှ သူ့မျက်လုံးထဲလုံးဝမထည့်ဘူးလို့ ပြန်ပြောလာတယ်"

"ဟမ်"

ရှောင်းချောင်ကြားသည့်အခါ သူမမျက်နှာပေါ်၌ အေးစက်စက်အပြုံးတစ်ခုက ချက်ချင်းပေါ်လာကာ သူမ၏ သွေးနီရောင်နှုတ်ခမ်းများအား သုတ်လာသည်။

"ဒါဆို မင်းတို့ပြောပုံအရ သူတစ်ယောက်တည်းနဲ့ မင်းတို့ငါးယောက်လုံးကို ချနိုင်ခဲ့တယ်ပေါ့"

"ဟားဟား မင်းတို့တွေ ငါ့ကို တစ်ကယ်ကြီး မျက်နှာရအောင်လုပ်ပေးနေတာလား"

"ငါ့ခွေးက တခြားခွေး ကိုက်တာခံလိုက်ရရင်တောင် ဒါက ငါလက်မခံနိုင်တဲ့အရာမဟုတ်သေးဘူး၊ မင်းတို့ငါးယောက်လုံးက အရိုက်ခံလာရပြီး ဒီမှာလာပြီးအတွန့်တက်နေသေးတယ်၊ ပြောပါဦး ငါမင်းတို့ကို ဘာကြောင့် ဆက်ပြီး ပျိုးထောင်ပေးနေရမှာလဲ"

"..........."

ရှောင်းချောင်မျက်လုံးထဲမှ အထင်သေးမှုက ပိုပိုပြင်းထန်လာတာကြောင့် သူတို့ငါးယောက်စလုံးမှာ ကျောပြင်ရော ခေါင်းပါ အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

ရှောင်းချောင်မကြိုက်ဆုံးလူက စွမ်းရည်မရှိသည့်လူများထက် သတ္တိနည်းပြီးအသုံးမကျသည့် အမှိုက်များပင်။ ဒီငါးယောက်က လူတစ်ယောက်ဆီကနေ သနားစရာအခြေအနေထိရောက်အောင် ရိုက်ခံလာရမှန်း သူမကြားသည့်အခါ သူတို့အပေါ် အလွန် အထင်အမြင်သေးသွားရသည်။

ထိုအချိန် သူမဘေးမှာရပ်နေသည့်အစောင့်က သူ့လက်ကို ထပ်မြှောက်လာပြန်သည်။

"မလုပ်ပါနဲ့! မရိုက်ပါနဲ့! အစ်မရှောင်း ကျွန်တော်တို့ ရှင်းပြတာကို နားထောင်ပါဦး"

"အဲ့ အဲ့ဒီကောင်က အရင်က လေ့ကျင့်ထားဖူးတဲ့ပုံပဲ"

ဒါ့အပြင် သူ့ခွန်အားက သူတို့ငါးယောက်လုံး မတွန်းလှန်နိုင်သည့်အထိ ကောင်းနေသေးသည်။

"ပြီးတော့ သူထပ်ပြောသေးတယ်၊ အစ်မရှောင်းဆိုရင်တောင်မှ သူဂရုမစိုက်ဘူးတဲ့၊ အကယ်၍ မြွေစိမ်းဂိုဏ်းကသာ သူ့ကိုလာထိရဲရင် သူကလည်း မြွေသေဖြစ်အောင် တက်နင်းဖို့ ဝန်မလေးဘူးတဲ့"

အရိုက်ခံရခြင်းမှ ရှောင်ရှားရန်အတွက် ထိုငါးယောက်မှာ အလျှင်အမြန် ပြောလာတော့သည်။

ရှောင်းချောင်သည် အမှန်တရားကို ဖော်ထုတ်နိုင်ခဲ့တာကြောင့် ရယ်မောကာ သူမကိုယ်သူမ တီးတိုးဆိုလိုက်သည်။

"စိတ်ဝင်စားစရာပဲ၊ ဒီလိုမြို့လေးထဲမှာ အခုလို အဟန့်အတားကို မကြုံရတာ ကြာပြီ"

"အားလုံ မြစ်အောက်ပိုင်းရွာမှာ ဆရာဝန်တောင် ရှိရဲ့လား"

***********************

All Chapters