ကန့်ကွက်ချင်တာ ရှိသေးလား
Vol. 4 Ch. 48
"ဒါပေါ့ မဟုတ်ဘူးလေ"
ရွှီဖန်းသည် သူ့နောက်ကျောအား စိတ်ကျေနပ်မှုအပြည့်ဖြင့် ဆွဲဆန့်ကာ အပြုံးဖြင့် ပြောလိုက်သည်။
"ကျုပ်နည်းနည်း အံ့သြသွားရုံပါပဲ၊ မြွေစိမ်းဂိုဏ်းက အခုလို စကားပြောလို့ကောင်းမယ် မထင်ထားဘူး"
"ဘာ"
ရှောင်းချောင်က အံ့အားသင့်နေသည်။ စကားပြောရတယ်လွယ်တယ်? ငါတောင်းလိုက်တဲ့ပမာဏက နည်းနေလို့လား။
ဒီလူက ဒီထက် ပိုပေးချင်နေတာလား။
"တောင်းပန်ချင်သပဆိုလည်း ရပါတယ်၊ အရမ်းကြီးယဥ်ကျေးဖို့တော့မလိုပါဘူး...ဒီအတိုင်းပဲ တောင်းပန်လိုက်ပါ...ကျုပ် ရွှီဖန်းက ဘာမှဂရုစိုက်တဲ့လူ မဟုတ်ဘူးလေ၊ လျော်ကြေးအတွက်တော့ ယွမ်
တစ်သန်းလွှဲချင်တုန်းဆိုလည်း အလှလေးရဲ့သဘောပါပဲ"
ရှောင်းချောင်သည် လျော်ကြေးတိုးသင့်လားဆိုပြီး တွေးနေခဲ့တာဖြစ်သည်။ အဆုံးမှာတော့ ရွှီဖန်းပြောလိုက်သည့်စကားကြောင့် သူမအမူအရာမှာ နက်
မှောင်သွားတော့သည်။
"ဘာပြောလိုက်တယ်...ငါကပဲ မင်းကိုတောင်းပန်ရဦးမယ်...ပိုက်ဆံပေးရမယ်ပေါ့"
ဆန်းကြယ်မှုက ထိုအခိုက်အတန့်မှာ ထွက်ပေါ်လာသည်။ သူမအရှေ့မှ ဒီလူက သူမထင်ထားသကဲ့သို့ သတ္တိမနည်းလှချေ။
ဒါတင်မက လျော်ကြေးပါ ပြန်တောင်းလိုက်သေးသည်။
ဒီလို ယုံကြည်ချက်မျိုးကို သူ ဘယ်ကရလာတာလဲ!
ရှောင်းချောင် လှောင်ရယ်မိတော့သည်။ ဒီလိုခရိုင်မြို့သေးသေးလေးမှာ အခုလိုမောက်မာသည့်လူမျိုး တွေ့ရခဲလှသည်။
"ငါ့ကိုလျော်ကြေးပေးခိုင်းရအောင် မင်းရဲ့ယုံကြည်
ချက်တွေဘယ်ကရလာတာလဲ"
"ပြီးတော့ တောင်းပန်ခိုင်းလိုက်သေးတယ်၊ ဖြစ်လာမယ်ထင်လို့လား"
ရှောင်းချောင်က ရွှီဖန်းအား အေးစက်စွာ ကြည့်
နေသည်။ ဒီကောင်လေးအပါအဝင် ခရိုင်မြို့တော်မှာ မြွေစိမ်းဂိုဏ်း၏နေရာကို ဘယ်သူကမှ မကိုင်လှုပ်နိုင်ပေ။
အခုလို ရယ်ဖွယ်ရာခေါင်းကြောမာမှုကို သူမအရှေ့မှာ လာပြသထားတာကြောင့် ဒီလူအား သူမပညာပေးဖို့ ဝန်မလေးတော့ပေ။
"ကောင်လေး မင်းဘာပြောနေတယ်ဆိုတာ သိရဲ့လား"
ဘေးမှာရပ်နေသည့် အားလုံသည် ရှောင်းချောင်၏ အမူအရာကို နားလည်စွာပင် ချက်ချင်း ထရပ်လာသည်။
အားလုံက ဘယ်အချိန်မဆို လက်သည်းတွေထုတ်နိုင်သည့် လှောင်အိမ်ထဲမှ သားရဲကြီးနှင့် တူလှကာ ရွှီဖန်းအား အရိုးအသားမချန် ဝါးစားတော့မည့်အလားပင်။
မြွေစိမ်းဂိုဏ်းသည် ခရိုင်မြို့တော်မှာ တည်ထောင်ထားတာကြာပြီဖြစ်၍ ညစ်ပတ်သောလှည့်စားမှုများက ရှောင်လွှဲလို့မရချေ။ ဒီတစ်ကြိမ်မှာ အားလုံ အတွက် စလှုပ်ရှားဖို့ အချိန်ရောက်လာလေပြီ။
လက်ညစ်ပတ်စေသော အလုပ်များက ရှောင်းချောင်ကိုယ်တိုင်လုပ်ဖို့ရာ မသင့်တော်သော်ငြား အားလုံ အတွက်တော့ လုပ်ရမှာ လွယ်ကူပေသည်။
အားလုံမှ လှုပ်ရှားတော့မည်ကို မြင်သည့်အခါ ရွှီဖန်းသည် အေးစက်စွာ မတ်တပ်ရပ်၍ သူ့လက်ကိုမြှောက်လိုက်သည်။ ထို့နောက် လျှပ်စီးတမျှ မြန်သော အလျင်ဖြင့် အားလုံ၏မျက်နှာအား ရိုက်ချလိုက်သည်။
ထိုလက်ဝါးရိုက်ချက်တွင် ကောင်းကင်ဘုံစွမ်းအားအဆောင်၏ စွမ်းအားများ ပါဝင်တာကြောင့် ချက်ချင်းပင် ကျယ်လောက်သော အသံတစ်ခုက သစ်သီးဆိုင်အတွင်း ပဲ့တင်သံထွက်သွားခဲ့သည်။
ကြိုတင်သတိထားခဲ့ခြင်းမရှိတာကြောင့် အားလုံသည် ကြိုးပြတ်သွားသည့် စွန်ကဲ့သို့ ပျံထွက်သွားတော့သည်။
'ဘန်း'မြည်သံနှင့်အတူ နံရံအပေါ် ပြင်းထန်စွာ တိုက်သွားကာ အားလုံမျက်နှာပေါ်၌ နာကျင်နေသော အမူအရာများပေါ်လာသည်။ နာကျင်လွန်းတာကြောင့် သူ့နံရိုးအနည်းငယ်ကိုပင် ကျိုးသွားစေသည်ဟု သင်္ကာမကင်းဖြစ်ခဲ့ရသည်။
"မင်းကို စကားပြောခွင့် ပေးထားလို့လား"
ရွှီဖန်းသည် ထိုလူအား ပေါ့ပေါ့ပါးပါးကြည့်ကာ ပြန်
ထိုင်ချလိုက်သည်။ အံ့အားသင့်ကာ ကြောင်အနေသည့် ရှောင်းချောင်ကို ကြည့်ကာ ရွှီဖန်း ပြုံး၍...
"ကျုပ်က သစ်သီးဆိုင်ပိုင်ရှင်ဆိုပေမယ့်လည်း စီးပွားရေးလုပ်ငန်းရှင်ပဲလေ...ကျုပ် အကြမ်းဖက်မှုတွေ မလုပ်ချင်ဘူး"
"မြွေစိမ်းဂိုဏ်းက ကျုပ်စီးပွားရေးလုပ်နေတာကို လာဟန့်တားရဲကတည်းက မင်းတို့မှာ ရှိတာပေးဖို့ပြင်ထားသင့်တယ်...မြွေစိမ်းဂိုဏ်းရဲ့ ခေါင်းဆောင် ရှောင်းချောင်မှာ ကန့်ကွက်ချင်တာ ရှိသေးလား"
".........."
သူမ စကားမပြောနိုင်ခဲ့ပေ။
ရွှီဖန်းတောင်းဆိုတာကို လက်ခံ၊ မခံကြောင်း မပြောနိုင်တာမဟုတ်ဘဲ သူမ စကားပြောဖို့တောင်မှ အလွန်အံ့အားသင့်နေ၍ပင်။
ထောင့်မှာလဲနေသည့် အားလုံကို ကြည့်ပြီး သူမခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်တော့မလို ခံစားနေရသည်။
အားလုံ ဘယ်လောက်ထိ သန်မာကြောင်းကို သူမထက်ပိုသိနိုင်သည့်လူမရှိပေ။
သူမ အနိုင်ယူနိုင်သည်ဟု မပြောရဲတော့ပေ။ အားလုံက ဘယ်လိုမှ မတိုက်နိုင်တော့ဘူးဆိုတာ သေချာနေသည်။
အခုအချိန်မှာတော့ မြွေစိမ်းဂိုဏ်းကို တည်ထောင်ခဲ့သူ သူမက အားလုံတစ်ယောက် သစ်သီးဆိုင်ပိုင်ရှင်၏ လက်ဝါးတစ်ချက်ကိုတောင် မရှောင်နိုင်ဘဲ နံရံနှင့်
တိုက်သွားသည့်ကို ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရသည်။
ဒီလူ....သူ ဘယ်က လာတာလဲ
ယခင်က မရှိခဲ့ဖူးသော အမုန်းတရားက သူမနှလုံးသားထဲ၌ ထကြွလာသည်။ အရင်က ရွှီဖန်းအပေါ် သူမထားခဲ့သည့် အထင်သေးမှုများက လုံးဝပျောက်ဆုံးသွားလေပြီ။ သူမ အထင်သေးခဲ့မိသည့် ထိုလူအား စိုက်ကြည့်မိလိုက်သည်။
အသေးစိတ်ကြည့်လိုက်မိသော်လည်း သူမ ဒီလူအား လုံးဝမြင်အောင် မကြည့်နိုင်တော့ပေ။ အခုလေးတင် ဖြစ်သွားရသည့် အရှက်တကွဲဖြစ်ရခြင်းက လှပသော အမျိုးသမီး၏ အမူအရာအား အေးစက်သွားစေသည်။
"မင်းငါ့ကို ဆန့်ကျင်ချင်တာ သေချာပြီလား"
"ကန့်ကွက်ချင်လို့လား"
ရွှီဖန်း မျက်မှောင်ကြုတ်လိုက်ကာ ရှောင်းချောင်အား စိမ်းသက်စွာ ကြည့်လိုက်သည်။
"ငါ တစ်ခါမှ လူတစ်ယောက်ကို ဆန့်ကျင်ဖို့ဆိုတာ တစ်ခါမှမတွေးခဲ့ဖူးဘူး...ဒီနေ့ မင်းရဲ့မြွေစိမ်းဂိုဏ်းက ငါ့လမ်းကို လာမပိတ်ခင်အထိပေါ့"
"ဟမ့်!"
ရှောင်းချောင်သည် မကျေမနပ် နှာမှုတ်ကာ သူမခုံပေါ်မှ ထလိုက်သည်။
အားလုံက အခုလို များစွာ ဒဏ်ရာရသွားပြီးကတည်းက သူမအနေဖြင့် ဒီမှာဆက်နေရန် အကြောင်းမရှိတော့ချေ။ ထိုအခိုက်အတန့်မှာ သူမ ဖြောင့်ဖြောင့်တန်းတန်းရပ်ကာ ရွှီဖန်းအား အေးစက်စွာကြည့်လိုက်သည်။
"ရွှီဖန်း ဒီနေ့ မင်းပြောခဲ့တဲ့စကားတွေကို မှတ်ထားပါ၊ မကြာခင် မင်း ငါ့ရှေ့မှာ ဒူးထောက်ပြီးတောင်းပန်ရအောင် ငါလုပ်ပြမယ်"
ထိုကဲ့သို့ ပြောပြီးနောက် ရှောင်းချောင်သည် သနားစရာအခြေအနေမှ မနည်းကုန်းရပ်နေရသည့် အားလုံထံသို့ အကြည့်ပစ်လွှတ်လိုက်သည်။ ထို့နောက် သူမ၏ ၁၂စင်တီမီတာ အနက်ရောင်ဒေါက်အား စီးရင်း နောက်ပြန်လှည့်မကြည့်ဘဲ တံခါးရှိရာကို လျှောက်သွားတော့သည်။
"နေဦး"
ရုတ်တရက် ရွှီဖန်းအသံက သူမအနောက်မှ ထွက်လာသည်။
"ကောင်လေး မင်းဘာလုပ်မလို့လဲ"
ရွှီဖန်းက အမူအရာမဲ့စွာဖြင့် သူတို့ဆီ လာနေတာကြောင့် အားလုံသည် အံကိုကြိတ်လျက် ရှောင်းချောင်အရှေ့မှာ ပိတ်ရပ်လိုက်သည်။
လက်ဝါးတစ်ချက်ဖြင့် လွင့်ထွက်သွားရသည့် စောနက အတွေ့အကြုံကြောင့် သူ့မျက်လုံးထဲ၌ ကြောက်ရွံ့မှုများ ရှင်းရှင်းလင်းလင်းပေါ်လွင်နေသည်။
"ထွက်သွားစမ်း"
ရွှီဖန်းက အားလုံကိုကြည့်ကာ ထိုစကားတစ်ခွန်းသာ ပြောလာသည်။
ထိုစကားကပင် အားလုံအတွက် မတိုင်ခင်ကရခဲ့သည့် အကြောက်တရားအား ပြန်နိုးထလာစေသည်။ သူ့ကျောရိုးတစ်လျှောက်အေးစိမ့်သွားကာ ရှောင်းချောင်အရှေ့၌ အင်အားမဲ့စွာ ရပ်နေခဲ့ရသည်။ ထိုအခိုက်အတန့်မှာ သူဘေးကျပ်နံကျပ် ရောက်နေတော့သည်။
"အားလုံ ဘေးဖယ်လိုက်"
နောက်ဆုံးမှာတော့ ရှောင်းချောင်က စကားဆိုလာသည်။ ပြိုလဲလုနီးပါးဖြစ်နေသော အားလုံမှာ သက်
ပြင်းတစ်ချက်ချကာ မျက်နှာငယ်ဖြင့် ရွှီဖန်းအတွက် လမ်းဖွင့်ပေးလိုက်သည်။
"ဘာလုပ်ချင်သေးလို့လဲ"
သူမဆီလျှောက်လာသည့် ရွှီဖန်းကြောင့် ရှောင်းချောင် အေးစက်စွာ မေးလိုက်သည်။
ထိုအခိုက်အတန့်မှာ ရွှီဖန်းက တုံ့ဆိုင်းနေခြင်းမရှိဘဲ သူမအရှေ့ရောက်လာတာကြောင် ယုံကြည်မှုအပြည့်ရှိသည့်သူမအား ထိတ်လန့်စေခဲ့သည်။
"မလှုပ်နဲ့"
သူ့အား သင်ခန်းစာပေးချင်နေသကဲ့သို့ ရှောင်းချောင်၏လက်က လေပေါ်မြှောက်လာသည့်အခါ ရွှီဖန်း ပြုံးလျက် အော်ပြောလိုက်သည်။
ရှောင်းချောင်၏ လက်ဖဝါး လေပေါ်မှာ တန့်နေတာကို အခွင့်ကောင်းယူ၍ ရွှီဖန်းသည် သူ့လက်တွေကို သူမပုခုံးပေါ်မှ ရှည်လျားသော လှိုင်းတွန့်ဆံသားများရှိရာသို့ ဆန့်လိုက်သည်။
ရွှီဖန်း၏လက်ဖျားထိပ်က သူမ၏ချောမွေ့နေသော ပုခုံးထက် ဖြတ်သန်းသွားကာ လှိုင်းတွန့်ဆံပင်များအား ဆွဲယူလိုက်သည်။ ထို့နောက် စီးကရက်ပြာများကို ဂရုတစိုက် ဖယ်ပေးလိုက်သည်။
"ဆေးလိပ်သောက်တာက မင်းရဲ့ကျန်းမာရေးအတွက် အန္တရာယ်ရှိတယ်"
"....."
ရွှီဖန်းမျက်နှာပေါ်မှ အပြုံးက အပြင်းဆုံးအယ်ကိုဟောကဲ့သို့ပင် ရှောင်းချောင်နှလုံးသားထဲမှ ဒေါသအား ပိုလောင်ကျွမ်းစေလာသည်။
မတိုင်ခင်က သူမကို အခုလို စနောက်ရဲသည့် လူမရှိခဲ့ပေ။
ပါ့!
ရှောင်းချောင်သည် သူမဆံပင်အားကိုင်တွယ်နေသည့် သူ့လက်အား ချက်ချင်း ရိုက်ပုတ်ပစ်လိုက်သည်။ သူမ၏လှပသောမျက်လုံးများမှာ ရွှီဖန်းအား ဒေါသအပြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။
"ရွှီမျိုးရိုးဆိုတဲ့ကောင်! စောင့်နေ!"
အကြည့်ဖြင့်သာ သတ်နိုင်ပါက ရှောင်းချောင်၏အကြည့်အောက်မှာ ရွှီဖန်းတစ်ယောက် အပိုင်းပိုင်းဖြစ်သွားနိုင်၏။
သစ်သီးဆိုင်ထဲသို့ ပြန်မဝင်ခင်မှာ ထိုဆွဲဆောင်မှုရှိလှသော အမျိုးသမီးအား ကြည့်ရင်း သူ့ခေါင်းကို မရေမရာဖြင့် ခါယမ်းမိသည်။
"ထူးဆန်းလိုက်တာ"
**********************