← Chapters

ဒီအမျိုးသမီးက ငါ့ကို လုံးဝ လာတိုက်ခိုက်နေတာပဲ

Vol. 4 Ch. 52

ဒီအမျိုးသမီးက ငါ့ကို လုံးဝ လာတိုက်ခိုက်နေတာပဲ

Vol. 4 Ch. 52

သူပျော်ရွှင်မြူးထူးနေတုန်း ဆိုင်အရှေ့မှ ဟွန်းတီးသံအား သူကြားလိုက်ရသည်။ ကြည့်ရတာ ဈေးဝယ်သူ ရောက်လာပုံပင်။

ရွှီဖန်းမတ်တပ်ရပ်ကာ အပြင်ကို လှမ်းကြည့်လိုက်

သည်။ ဆိုင်ရှေ့မှာ ရပ်ထားသည့် Porsche Cayenneကားကိုမြင်တော့မှသာ သူနှုတ်ခမ်းထောင့်က အပေါ်ကော့တက်သွားတော့သည်။

မနေ့က သူ့ဆီရောက်လာသည့် မိုးသက်မုန်တိုင်းက ဒီနေ့လည်း ထပ်ရောက်လာပြန်သည်။ ရောက်လာသည့်လူက သိသာစွာပင် မြွေစိမ်းဂိုဏ်း၏ခေါင်းဆောင် ရှောင်းချောင်ပင်။ ကားစက်

သတ်ပြီးနောက် အနီရဲရဲဂါဝန်ကို ဝတ်ဆင်ထားသည့် ရှောင်းချောင် ထွက်လာသည်ကို သူတွေ့နေရသည်။

မနေ့က သူမနောက်မှ လိုက်လာသည့် နောက်လိုက်ကို မတွေ့ရပေ။ သူ့ရဲ့ ကောင်းကင်ဘုံစွမ်းအားအဆောင်ကြာင့် ထိုလူ ဆေးရုံတက်နေရတာ ဖြစ်မည်ဟု သူတွေးမိသည်။

"ရှောင်းချောင် မင်းက ဒီကို တစ်ယောက်တည်း လာရဲတယ်လား"

ပတ်ဝန်းကျင်မှ ဈေးဝယ်သူများ၏ ကြောက်လန့်တကြားအကြည့်တွေအောက်မှာ ရှောင်းချောင်သည် သူမ၏ Chanel အိတ်အား ကိုင်၍ 'အမတ' သစ်သီးဆိုင်ထဲသို့ လျှောက်သွားသည်။

ရွှီဖန်း၏ နှုတ်ခွန်းဆက်စကားအား တိုက်ခိုက်လိုစိတ်ပြင်းထန်နေသည့်ထိုအမျိုးသမီးက တည်ငြိမ်စွာ ပြန်ပြုံးပြလာသည်။

"ဘာလဲ ရွှီဖန်း မင်းဆိုင်က ငါ့ကို မကြိုဆိုဘူးလား"

ရှောင်းချောင်သည် ရွှီဖန်းအား မျက်လုံးတစ်ဖက်

မှိတ်ပြကာ မနေ့က သူတို့ဆွေးနွေးခဲ့သည့် စားပွဲခုံသို့ သူမ၏ နှစ်လိုဖွယ်ခြေထောက်များဖြင့် လျှောက်သွားသည်။

ထို့နောက် သူမပိုက်ဆံအိတ်ကိုချကာ ခုံပေါ်မှာ အားရကျေနပ်စွာပင် သူမခြေထောက်များအား ချိတ်ထိုင်

လိုက်သည်။ ထို့နောက် သူမ၏ စီးကရက်အား မီးစညှိတော့သည်။

ဒီလိုတစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သွားသည့် အပြုအမူများက သဘာဝဆန်နေသည်။ ဆေးလိပ်ငွေ့တွေအောက်မှာ သူမ၏ဖျားယောင်းသွေးဆောင်နေသော မျက်နှာထက် ကျေနပ်သည့် အပြုံးတစ်ပွင့်ပေါ်လာသည်။ မသိရင် 'အမတ'ဆိုင်ကပဲ သူမအိမ်ဖြစ်နေသကဲ့သို့ပင်။

"အစ်မဆုအာတို့ အရင်ဆုံး အပြင်ထွက်သွားလိုက်ပါ"

ဒီအမျိုးသမီးက သူ့ကို တိုက်ခိုက်ဖို့ လာမှန်း သိသာသည်။ ချိုးဆုအာတို့ကို အမိန့်ပေးပြီးနောက် ရှောင်းချောင်ဆီ သူလျှောက်သွားလိုက်သည်။

"ဘာလာလုပ်တာလဲ...ငါမနေ့က ပြောခဲ့တဲ့ကိစ္စကို စဥ်းစားပြီးပြီလား"

ရှောင်းချောင်၏ဘရာမှ ထင်ရှားနေသော အရာအား ရွှီဖန်းတစ်ယောက် မျက်တောင်မခတ်ဘဲ ကြည့်နေလိုက်သည်။

ဒီအပြုအမူက အခြေအနေကို ပိုဆိုးသွားစေမယ်ဆိုရင်တောင် သူဂရုမစိုက်ပေ။ ရှောင်းချောင်တောင်မှ သူ့ဆိုင်ကို သူမအိမ်ယာလို သဘောထားပြနေသေးတာ၊ သူကလည်း သဘာဝကျစွာပင် သူမအား ဧည့်သည်လို မဆက်ဆံနိုင်ပေ။

ရှောင်းချောင်တွင် အမျိုးသားများ၏ဆန္ဒအား လှုံ့ဆော်ပေးနိုင်သည့် စွမ်းရည် တစ်ကယ်ပင် ရှိလေသည်။ သို့သော် မည်သူကမှ သူမ၏ အဆိပ်ကဲ့သို့စွမ်းရည်အား တိုက်ရိုက်မထိပါးရဲကြပေ။

ရွှီဖန်းကတော့ သတ္တိရှိသည့်လူအဖြစ် စဥ်းစားလို့ရသည်။ ထိုအခိုက်အတန့်၌ ခရိုင်မြို့တော်မှ နံပါတ်

တစ်အမျိုးသမီးခဗျာ ရွှီဖန်းမျက်လုံးကို မြောင်းထဲပစ်ထုတ်၍ သူ့အမေဇစ်မြစ်အား မေးရန်မစောင့်

နိုင်တော့ပေ။ ရှောင်းချောင်သည် သူ့အား အပိုင်းပိုင်းဆုတ်ဖြဲချင်နေသည့် စိတ်အား ထိန်းကာ ပြုံးလိုက်သည်။

"ကြီးရဲ့လား"

"ငါ့မက်မွန်သီးတွေထက်တောင် ကြီးတယ်"

"..........."

ရှောင်းချောင်၏မျက်နှာက မဲမှောင်သွားကာ စားပွဲခုံအား သူမလက်ဖဝါးဖြင့် ရိုက်ချလာသည်။

"ထပ်ကြည့်စမ်း! ငါမင်းရဲ့မျက်လုံးတွေကို ဆွဲထုတ်

ပစ်မယ်ဆိုတာ မင်းယုံလား"

စကားလုံးတိုင်းတွင် ရှောင်းချောင်၏ဒေါသက တောင်ပေါ်မှပြေးဆင်းလာသည့်သားရဲအရိုင်းကဲ့သို့ ထင်ရသည်။ သူ မျက်နှာလွှဲကာ ပြောလိုက်သည်။

"ငါကြည့်နေတာ မင်း ကိုယ်ဝန်များ ရသွားတာလို့...ဟုတ်လား"

"............"

များစွာသောယောကျ်ားများက သူမကို တစ်ချက်သာ ကြည့်ရဲကြသည်။ သို့သော် ဒီယောကျ်ားကတော့ သူမကို မိနစ်အတော်ကြာ စိုက်ကြည့်နေရဲခဲ့သည်။ ရှောင်းချောင် လက်သီးတင်းတင်းဆုပ်ထားမိသည်။ မနေ့က သူထုတ်ပြခဲ့သည့် ခွန်အားကြောင့် သူမဒေါသများကို မြိုသိပ်ထားရန်သာ တတ်နိုင်ခဲ့သည်။

"ငါ ဒီနေ့လာတာ မင်းကို တစ်ခုခုပြဖို့"

"အိုး...ငါကြည့်စရာ တစ်ခုခုရှိနေတယ်ပေါ့"

ရှောင်းချောင်၏စကားကိုကြားသည့်အခါ ရွှီဖန်းသည် စားပွဲခုံအောက်မှ သူမ၏သွယ်လျသော ခြေထောက်များအား အလိုလို ကြည့်မိသွားသည်။

ဘုတ်!

ရှောင်းချောင်သည် သူမအိတ်ထဲမှ စာအိတ်ထူထူကို ထုတ်ကာ ရွှီဖန်းထပ်မကြည့်တော့အောင်လို့ စားပွဲခုံကို ရိုက်ချလိုက်သည်။

ထိုအသံအားကြားသည့်အခါ သူ့အကြည့်တွေကို ပြန်ဆုတ်လိုက်သည်။

စားပွဲပေါ်မှ စာအိတ်က အလွန်ထူနေကာ ရွှီဖန်းအထင်အရတော့ အထဲမှာ ပိုက်ဆံများရှိလိမ့်မည်။

သိသာစွာပင် ထိုအထဲ၌ ပိုက်ဆံများရှိသည်။ မနေ့က သူတို့ ဆွေးနွေးခဲ့ကြသည့်အတိုင်း တောင်းပန်ကြေးအဖြစ် ယွမ်တစ်သိန်းပေးအပ်ခြင်းပင်။

နောက်တစ်နေ့မှာ ပိုက်ဆံကို ချက်ချင်းလာပေးရတဲ့အထိ ဒီအမျိုးသမီးက နာခံနေတာ ဟုတ်ပါ့မလား။

"ဟဟ...မြွေစိမ်းဂိုဏ်းဆီက ဒီလိုဟာမျိုးကို ငါမမျှော်လင့်ထား...."

မကြာမီ ခရိုင်ကလည်း ရန်ပုံငွေကို ချပေးလိမ့်မည်။ ရှောင်းချောင်ကပါ ယွမ်၁သန်းထပ်ပေးလာတာကြောင့် လမ်းပြင်ရန် သူငွေထပ်စိုက်ဖို့ မလိုတော့ချေ။

စနောက်ဖို့တွေးလိုက်တုန်းမှာ စားပွဲပေါ်က စာအိတ်ကိုကြည့်ရင်း ရုတ်တရက်ပင် သူပြောမည့်စကားများအား ပြန်မြိုချလိုက်သည်။

"ဒီစာအိတ်ကို မင်း ဘယ်လိုရခဲ့တာလဲ"

ရွှီဖန်းက ပေါ့ပြက်ပြက်နိုင်သည့်လူမဟုတ်ချေ။ ရှောင်းချောင်အား သူ နမိတ်မကောင်းစွာ ကြည့်

လိုက်သည်။ 

ဒီအမျိုးသမီးကို ရိုးရိုးရှင်းရှင်းတွေးဖို့ဆိုတာက စိတ်ကူးယဥ်ဆန်နေမှန်း သိသာလှသည်။

ဒီစာအိတ်ထဲ၌ တစ်သန်းထက် ပိုပါနိုင်သည်။ ဒါ့အပြင်....

ဝူယွီရွှမ်းသည်လည်း ခရိုင်မှာရှိသည့် သူမ အဆက်အသွယ်မှတဆင့် ရန်ပုံငွေတောင်းဆိုရန် ဒီစာအိတ်ကို သုံးခဲ့ကြောင်း သူသိသည်။

သူမနှင့်ဆက်ဆံရေးကောင်းသည့်လူမှ လမ်းပြင်ရန်အတွက် ငွေပေးရန် ကတိပေးခဲ့သည်ဟု သူမပြောခဲ့သည်။ သို့သော်ငြား မျက်စိတစ်မှိတ်အတွင်းမှာ ဒီအမျိုးသမီးက ဒီစာအိတ်နှင့် သူ့ဆီရောက်လာသည်။

ဒီလောက်ထိ မရိုးရှင်းမှာကို သူစိုးရိမ်မိသည်။

"ကျစ်! ကျစ်! ကျစ်! မင်း မနေ့ကပဲ အရမ်းမိမိုက်သလို ပြုမူနေခဲ့တာမလား...အခုကျ ဘာဖြစ်သွားရတာလဲ"

မနေ့တုန်းက သူမမျက်နှာတစ်ခုလုံးက မဲပုတ်နေကာ ဒေါသအပြည့်ဖြင့် ထွက်လာခဲ့ရသည်။ အခု ရွှီဖန်းလည်း ထိုကဲ့သို့ရုပ်ဖြစ်သွားသည့်အခါ နောက်ဆုံးမှာတော့ သူမခေါင်းအား မြင့်မြင့်မော့နိုင်လေပြီ။

ရှောင်းချောင်သည် သူမပါးကိုကိုင်ထားရင်း ဆံပင်တွေကို ဆော့ကစားနေသည်။ 

"ဟဲဟဲ...မင်းက ထောက်ပံ့ကြေးတစ်သန်းရခဲ့တဲ့ တစ်ဦးတည်းသောလူနော်...မင်းကပဲတုံးနေတာလား...ဒါမှမဟုတ် အဲ့ဒီမိန်းကလေးကပဲ ဘွဲ့ရပြီးမိုက်မဲလွန်းတာလား"

"........"

ရှောင်းချောင်ပြောလာကတည်းက သူမဆိုလိုသည့် မိုက်မဲသည့်မိန်းကလေးအား သိရန် မကြာလိုက်ပေ။

ကြည့်ရတာ ဝူယွီရွှမ်းက သူမလက်အောက်မှ လူတစ်ယောက်ယောက်ကို အကူအညီတောင်းခဲ့ပုံပင်။

ဒီအမျိုးသမီးအပေါ်၌ သူတစ်ကယ်ကို အမြင်မကြည်တော့ပေ။

"မင်း ဘာလိုချင်တာလဲ"

စားပွဲပေါ်မှ စာအိတ်ကြည့်ရင်း သူမှုန်ကုပ်စွာ မေးလိုက်သည်။

ရှောင်းချောင်က သူမလက်ထိပ်လေးများဖြင့် ဆံပင်ကိုဆော့ကစားကာ တခစ်ခစ်ရယ်မောလာသည်။

"ဆင်းရဲတဲ့ရွာလေးရဲ့အုပ်ချုပ်ရေးမှူးက အဆက်အသွယ်တချို့ရဖို့ ယွမ်၃၀,၀၀၀ကို လာဘ်ထိုးခဲ့တယ်လေ...ကျစ်! ကျစ်! လုပ်စရာတွေအများကြီးရှိနေတာပဲ"

"ရွှီဖန်း ငါသာ တစ်ယောက်ယောက်ကို ဒီအကြောင်း ခရိုင်ရုံးကို စာတင်ခိုင်းလိုက်ရင် ချစ်ဖို့ကောင်းတဲ့မိန်းကလေးခဗျာ ဘယ်လိုအကျိုးဆက်ကို ခံစားရလိမ့်မယ်ထင်လဲဟင်"

"ရှောင်းချောင် မင်းလုပ်ရဲလား!"

ဝူယွီရွှမ်းက သူ့ကြောင့်သာ ဒီလိုလုပ်ခဲ့ရတာဖြစ်သည်။ ရှောင်းချောင်နှင့် သူ့ကြားက ပဋိပက္ခကြောင့် အုပ်ချုပ်ရေးမှူးရာထူးကိုသာ ဆုံးရှုံးခဲ့ရပါက သူ့ကိုယ်သူ ခွင့်လွှတ်စရာ အကြောင်းရှိလာတော့မည် မဟုတ်ချေ။

လက်ရှိမှာ ဒီအမျိုးသမီးက သူလိုချင်သလို လုပ်နိုင်စွမ်းရှိနေသည်။ သူ အလွန်ဒေါသထွက်ကာ စားပွဲခုံကိုရိုက်၍ ရှောင်းချောင်ဆီ သွားလိုက်သည်။

ထိုအခိုက်အတန့်၌ ရွှီဖန်းသည် ဒေါကန်ရူးသွပ်နေသည့် သားရဲဖြင့် ဆင်တူလှသည်။ သို့သော်ငြား ရှောင်းချောင်ကတော့ ကြောက်ရွံ့ဟန်မပြပေ။

"ဘာလဲ...အမျိုးသမီးတစ်ယောက်ကို ရိုက်ချင်လို့လား"

ရှောင်းချောင်က ရွှီဖန်းအား ရွှတ်နောက်နောက် အမူအရာဖြင့် ကြည့်နေသည်။ သူမ၏လက်အား ဆန့်ထုတ်ကာ ရွှီဖန်းရင်ဘတ်အပေါ် စက်ဝိုင်းများရေးဆွဲလိုက်သည်။

"မင်းက တစ်ကယ်ပဲ ငါ့ကိုရိုက်ချင်တာ ဖြစ်နိုင်ပါ့မလားနော်"

ပြောပြီးသည်နှင့် သူမ၏အမူအရာက အေးစက်သထက် အေးစက်လာသည်။ သူမ၏ကျောက်စိမ်းကဲ့သို့လက်ချောင်းများက ရွှီဖန်းရင်ဘတ်မှ အဝတ်အားဆုပ်ကာ သူမဆီ ဆွဲယူလိုက်သည်။

"ရွှီဖန်း မင်းပဲ ငါနဲ့ ကစားချင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား"

************************

All Chapters