သူမမှာ သတ်ပစ်ချင်စိတ် ရှိနေပြီ
Vol. 4 Ch. 56
ဒီအမျိုးသမီးက အိမ်သာအပေါ်မှာ ထိုင်နေသော်ငြား ကြည့်ကောင်းနေတုန်းပင်။ သူမမျက်နှာက ကျောက်မြတ်ရတနာကဲ့သို့ သိမ်မွေ့နူးညံ့ကာ ပြေပြစ်ချောမောနေသည့် ကိုယ်လုံးကိုယ်ပေါက်ကလည်း ရင့်မှည့်နေသော မက်မွန်သီးလေးအတိုင်းပင်။ ရင့်ကျက်သည့်အမျိုးသမီးတစ်ယောက်၏ ဆွဲဆောင်မှုအား ထုတ်လွှတ်နေခဲ့သည်။
သူမက အနက်ရောင်အသားကပ်ဘောင်းဘီကို တစ်ဝက်ခန့်ချွတ်ထားကာ ခြေထောက်များကို တင်းတင်းကြပ်ကြပ် ညှပ်ထားသည်။ သို့သော်ငြား အနက်ရောင်ဇာအောက်ခံဘောင်းဘီကိုတော့ ရွှီဖန်း မြင်နိုင်သေးသည်။
ဂလု
မြင်ကွင်းက အလွန်ဆွဲဆောင်မှုရှိနေသည်။ သူမခန္ဓာကိုယ်အားကြည့်ရင်း ရွှီဖန်း တံတွေးမြိုချမိသည်။ မကြာမီမှာ နာမည်နှစ်လုံးက သူ့ခေါင်းထဲ ပေါက်ကွဲထွက်သွားတော့သည်။
ရှောင်းချောင်
စကပ်ကိုချွတ်ထားသည့် အမျိုးသမီးက မနေ့က 'အမတ'သစ်သီးဆိုင်ကိုလာ၍ သူ့ကို ခြိမ်းခြောက်ခဲ့သောမြွေစိမ်းဂိုဏ်းမှ ရှောင်းချောင်ဖြစ်နေသည်။
"ဟဲဟဲ ရှောင်းချောင် ဘယ်လိုတောင်တိုက်ဆိုင်တာလဲ...ငါတို့ ထပ်တွေ့ကြပြန်ပြီ"
ရွှီဖန်း နှာမှုတ်ကာ ရှောင်းချောင်းကို နှုတ်ဆက်ခဲ့သည်။ သွေးပူများ၏ သက်ရောက်မှုကိုခံနေရသော ရွှီဖန်းအငယ်လေးတောင်မှ ခေါင်းလိုက်ညိတ်နေသည်။
မြင်ကွင်းက တစ်ကယ်ကို သည်းမခံနိုင်စရာကောင်းလှသည်။ အမြဲလိုလိုတည်ငြိမ်နေတတ်သည့် ရှောင်းချောင်တောင်မှ ထိန်းချုပ်လို့မရအောင် နှလုံးဆောင့်ခုန်သွားခဲ့သည်။
"ဒီကနေ ငရဲကို ထွက်သွားစမ်း!"
သူမခန္ဓာကိုယ်ကို ဖုန်းကွယ်လိုက်သော ရှောင်းချောင်၏မျက်နှာမှာ နီရဲနေသည်။ သူမက ရွှီဖန်းကို ပြင်းပြင်းထန်ထန်စိုက်ကြည့်၍ ဒေါသထွက်နေသည်။
အစကတော့ သူမကိုဆန့်ကျင်ရဲပြီး မာနကြီးသည့် ဒီလိုယောကျ်ားနှင့် ခဏလောက် ကစားပေးရတာ လုံလောက်သည်ဟု တွေးခဲ့သည်။ အခုတော့ သူမနှလုံးသားထဲ၌ သတ်ပစ်ချင်စိတ်သာ ကျန်တော့သည်။
ဒီလူကို ခွေးကျွေးပစ်ရမယ်!
"ရှောင်းချောင် မင်းနည်းနည်းလောက် ယဥ်ကျေးလို့ရမလား၊ ငါမင်းကိုနှုတ်ဆက်နေတယ်လေ...ဘာလို့ ရိုင်းစိုင်းပြနေတာလဲ"
ရွှီဖန်းကတော့ နေရခက်ဖို့နေသာသာ ဒေါသပင်ထွက်နေသေးသည်။ သူမက အမျိုးသားသန့်စင်ခန်းထဲကို ဇွတ်ဝင်လာသည့်အပြင် သူ့ကိုပါ လာပြန်စိုက်ကြည့်နေသေးသည်။
"မင်းကနေ ထွက်သွားသင့်တဲ့လူလေ...ဒါက အမျိုးသား သန့်စင်ခန်းလေ"
"အမျိုးသား သန့်စင်ခန်းဟုတ်လား"
ရွှီဖန်းက သူမအား မျက်နှာပြောင်တိုက်၍ လာငြင်းခုံနေတာကြောင့် ရှောင်းချောင် သရော်မိတော့သည်။
ဒီလူ တော်တော်မျက်နှာပြောင်တိုက်လွန်းတာပဲ!
ရှောင်းချောင်သည် သူမခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ယင်သည်အထိ ဒေါသထွက်နေသည်။ သူမ အံကိုကြိတ်ကာ စကားတချို့ကို ညှစ်ထုတ်ပြောလိုက်သည်။
"ဒါက အမျိုးသမီးသန့်စင်ခန်း!"
"အဟွတ် အဟွတ်! အမျိုးသမီး သန့်စင်ခန်းဟုတ်လား"
ရွှီဖန်း ထိတ်လန့်သွားကာ သူ့ခေါင်းကို လှည့်ကြည့်မိလိုက်သည်။ ဒါဆို ဆီးသွားအိုးမရှိတာက...
ကြည့်ရတာ သူမှားဝင်လာသည့်ပုံပင်။
"အိုး...တစ်ကယ်ကို အမျိုးသမီးသန့်စင်ခန်းပဲ၊ မြွေစိမ်းဂိုဏ်းက ဝန်ထမ်းတွေက ငါ့ကို လမ်းမှားညွှန်ပေးလိုက်တာပဲ"
ရက်စက်သောနှလုံးသားရှိသူ ရှောင်းချောင်နှင့် ပတ်သက်လို့ သူ့ဘက်က ရှက်ရွံ့မိတာ မရှိပေ။ သူ့နှခေါင်းအား ဂရုမစိုက်စွာ ပွတ်သပ်လျက် ရှောင်းချောင်ကို လက်ညှိုးကွေးခေါ်လိုက်သည်။
"ခဏလောက် ငါအကြာကြီးမထိန်းနိုင်တော့ဘူး"
"မင်းမထဘူးဆိုရင် ငါမင်းမျက်နှာကို ပန်းမိလိမ့်မယ်"
"မင်း!!!!"
ရှောင်းချောင်မှာ ဒေါသထွက်ရလွန်းပင် သွားများပင် ရိုက်ခတ်နေလေပြီ။ အခုအချိန် သူမလက်ထဲ၌ ကတ်ကြေးရှိပါက ဒီခွေးကောင်ရဲ့ဟာကို ဖြတ်ပစ်မိမှာ သေချာသည်။
"ရွှီမျိုးရိုးဆိုတဲ့ကောင် စောင့်နေလိုက်!"
ရှောင်းချောင်က အံကြိတ်လျက် ရွှီဖန်းကို ကြည့်နေခဲ့သည်။ ရွှီဖန်း၏အကြည့်အောက်မှာတင် သူမသည် ရှက်ဒေါသဖြင့် ပေါင်ပေါ်ဆွဲချထားသည့် အောက်ခံဘောင်းဘီအား ပြန်ဝတ်လိုက်သည်။ အသားကပ်ဘောင်းဘီနှင့် စကပ်ကိုပါ ပြန်ဝတ်ပြီးနောက် ဘိုထိုင်ပေါ်မှ အေးစက်စွာ ထလိုက်သည်။ ထို့နောက် ရွှီဖမ်းကို တွန်းကာ ထွက်သွားဖို့ လုပ်နေသည်။
သို့သော်ငြား ထိုအချိန်၌ ခြေလှမ်းသံက သန့်စင်ခန်းဝင်ပေါက်မှ ထွက်လာသည်။ တစ်ယောက်ယောက်က အထဲကို ဝင်လာသည့်ပုံပင်။
ရှောင်းချောင်မျက်နှာပေါ်မှ အမူအရာက ပြောင်းလဲသွားခဲ့သည်။ ဒီလိုစက်ဆုပ်ဖွယ်ကောင်းသည့်
အခြေအနေ၌ တစ်ယောက်ယောက်ကသာ သူမ ယောကျ်ားတစ်ယောက်နှင့် ရှိနေမှန်း တွေ့သွားပါက ဒီလို အဓိပ္ပာယ်မရှိသည့်အရာကို ပြန်ရှင်းပြဖို့က သူမအတွက် မဖြစ်နိုင်ချေ။
တုံ့ဆိုင်းခြင်းမရှိစွာပင် သူမနောက်ကိုပြန်ဆုတ်ကာ တံခါးလော့ခ်ချလိုက်သည်။
အိမ်သာအခန်းက သိပ်မကြီးပေ။ သူမနောက်ပြန်
ဆုတ်လိုက်ခြင်းက ရွှီဖန်းကို ဖိသလိုဖြစ်သွားရသည်။ ရှောင်းချောင်၏ရှူထုတ်လိုက်သော လေနွေးနွေးက သူ့မျက်နှာပေါ်သို့ ကျရောက်နေသည်။ ဆွဲဆောင်မှုရှိသော ရေမွှေးနံ့နှင့်အတူ ရွှီဖန်း၏ ငရုတ်ဆုံမှာ တဖန် သန်စွမ်းလာပြန်သည်။
"မင်းပစ္စည်းကိုမြန်မြန်ဖယ်လိုက်...မဟုတ်ရင် ငါ မင်းကို သတ်ပစ်မယ်!"
သန့်စင်ခန်းအပြင်၌ လူနှစ်ယောက်က ပျော်ပျော်ရွှင်ရွင်စကားပြောနေကြသည်။ ရှောင်းချောင်သည် အသံကိုနှိမ့်၍ ရွှီဖန်းကို အေးစက်စက် ခြိမ်းခြောက်လာသည်။
ရှောင်းချောင်၏လူသတ်ချင်နေသောအကြည့်ကြောင့် ရွှီဖန်း ရယ်ချင်သွားခဲ့သည်။
"ဘာလို့ အပြင်မထွက်တာလဲ"
"ငါမင်းနဲ့နေချင်နေတယ်လို့ ထင်သွားရင် ပါးစပ်ကို ပိတ်လိုက်"
သိသာစွာပင် ရှောင်းချောင်က မိသွားမှာကို မလိုချင်
ပေ။ သူမက အသံကိုနှိမ့်ပြော၍ သူ့ကို စိုက်ကြည့်နေခဲ့သည်။
"..........."
ပြောစရာစကားမဲ့စွာပင် သူ့မျက်လုံးများအား လှိမ့်
လိုက်မိသည်။ တံခါးအဟလေးမှ သူကြည့်လိုက်
သည့်အခါ ချီဖောင်ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးဝန်ထမ်းနှစ်ယောက်သည် မှန်ရှေ့မှာရပ်ကာ မိတ်ကပ်ပြန်ပြင်နေကြသည်။
နှစ်ယောက်စလုံးက ထွက်သွားရန် အလျင်မလိုနေကြဘဲ မိတ်ကပ်ပြင်ရင်း စကားပြောနေကြသည်။ သူတို့ပြီးဖို့ဆို အနည်းဆုံးဆယ်မိနစ်လောက်ကြာမည်ဟု သူခန့်မှန်းလိုက်သည်။
ထိုနှစ်ယောက်ကို ရှောင်းချောင်က စောင့်နိုင်သော်လည်း သူကတော့ မစောင့်နိုင်ပေ။ သူ အပေါ့စွန့်ချင်နေလေပြီ။
မှားယွင်းစွာခံစားနေရသည့် သူ့ညီလေးအား ကြည့်ရန် ခေါင်းကို ငုံ့လိုက်မိသည်။ ရှောင်းချောင်က သူ့ကို နံရံမှာ ဖိထားတာကြောင့် ညီလေးအား မကူညီနိုင်ဖြစ်နေသည်။
"ရှောင်းချောင် ငါမင်းနဲ့ဆွေးနွေးစရာရှိတယ်...ငါအပေါ့သွားချင်နေပြီ"
ခေါင်းကိုအဝေးလှည့်ထားသည့် ရှောင်းချောင်အား သူမပျော်မရွှင်ကြည့်ကာ ပြောလိုက်တော့သည်။
ရှောင်းချောင်က သူမကိုယ်သူမတောင် အာရုံကောင်းကောင်းမစိုက်နိုင်သေးပေ။ သူမ ရွှီဖန်းအား ရန်လိုစွာကြည့်၍ ပြောလိုက်သည်။
"ကိုယ့်ဘာသာ သွားချင်တဲ့နေရာသွားလိုက်ပါလား...ငါ့ကို ဘာလို့ လာပြောနေတာလဲ"
ရှောင်းချောင်နှင့် ဆက်ဆံရေးဆိုးဝါးစေရန် သူကြိုးစားခဲ့သော်ငြား မျက်နှာအရေပြားပါးသူပီပီ နောက်လုပ်မည့်အရာအတွက် သူနည်းနည်းတော့ ရှက်သွားရသည်။
သူ့နှာခေါင်းအား ပွတ်ကာ သူမနားထဲသို့ ခပ်တိုးတိုးပြောလိုက်သည်။
"ငါ့ကို ကူညီပေးပါ ဟုတ်ပြီလား...ဖယ်ပေးဦး"
"သွားသေလိုက်ပါလား"
ရှောင်းချောင်၏အမူအရာက ရွှီဖန်းမျှော်လင့်ထားသည့်အတိုင်းပင်။ ဒီလိုကိစ္စမျိုးကို ဘယ်သူကမှ ကူညီကြလိမ့်မည်မဟုတ်ချေ။
"မင်းငါ့ကို မကူရင် မင်းရဲ့အသားကပ်ခြေအိတ်ကို ပန်းမိမှ ငါ့ကိုအပြစ်မတင်နဲ့"
ရွှီဖန်းသည် နေရခက်စွာပင် အသံနှိမ့်၍ ဆိုလိုက်သည်။ အလျင်စလိုဖြစ်နေတာကြောင့် သူမထိန်းထားနိုင်တော့ပေ။ စွန့်ထုတ်ပြီးမှသာ ဒုက္ခမရောက်တော့မှာဖြစ်သည်။
အမျိုးသမီးအများစုက တူညီကြသည်။ သူတို့က သန့်ရှင်းမှုအတွက် အလွန်ကို စွဲလမ်းကြသည်။ ရှောင်းချောင်ကလည်း ချွင်းချက်မဟုတ်ပေ။ သူမခြေထောက်ပေါ် စွန့်ထုတ်မည့်အကြောင်း ကြားသည့်အခါ ထိတ်လန့်သွားတော့သည်။
တစ်ကယ်သာဖြစ်လာပါက သူမကိုယ်သူမ သတ်သေချင်မိလိမ့်မည်။
"မြန်မြန်လုပ်"
ရွှီဖန်းကို ပြင်းပြင်းထန်ထန်စိုက်ကြည့်ပြီးနောက် သူမမျက်နှာက နီရဲကာ တိတ်ဆိတ်သွားသည်။ ထို့နောက် မြန်မြန်လုပ်ရန် တိုက်တွန်းလာသည်။
"ဟုတ်ပါပြီ"
ရွှီဖန်း ရယ်လိုက်ကာ အပေါ့စသွားတော့သည်။
ဆီးကျနေသည့်အသံအားနားထောင်ရင်း ရွှီဖန်းမှာ သက်ပြင်းတစ်ချက် ရှူထုတ်မိသည်။ သောက်ရမ်းကို မိုက်ပေသည်။
အခုလို အပေါ့သွားချင်တာကို သေလုနီးပါး အောင့်ထားရမည်ဟု အိပ်မက်ထဲမှာတောင် ထည့်မမက်ခဲ့ဖူးပေ။
************************