← Chapters

တရုတ်လယ်တောခွေး

Vol. 4 Ch. 57

တရုတ်လယ်တောခွေး

Vol. 4 Ch. 57

အချိန်ကြာမြင့်စွာ စုဆောင်းထားခဲ့ရသည့် ဖိအားများက အခုအချိန်မှာ လျော့ကျသွားလေပြီ။ သူ့ညီလေးယမ်းနေတာကို ထိန်းရန်အတွက် ရွှီဖန်းတစ်ယောက် မသိစိတ်မှ အလိုလိုပင် ရှောင်းချောင်၏ လက်အား ဆွဲယူမိခဲ့သည်။

အပေါ့စွန့်ပြီးနောက် ဘောင်းဘီပြန်ဝတ်လိုက်သည်။ တစ်ဖက်လူကို ကျေးဇူးတင်ရန် ပြင်လိုက်စဥ်မှာ သူမ၏ ပေါက်ကွဲလုမတတ်အမူအရာအား တွေ့လိုက်ရသည်။ 

"ဟမ် သန့်စင်ခန်းထဲမှာ တစ်ယောက်ယောက်ရှိနေတာလား"

ထိုအခိုက်အတန့်မှာ အိမ်သာက သူ့အလိုလို ရေဆွဲချလာသည်။ ရေကျနေသည့်အသံက မိတ်ကပ်ပြင်နေသည့် အမျိုးသမီးနှစ်ယောက်အား သတိဝင်သွားစေသည်။

အိုး..သွားပြီ

ရှာတွေ့တော့မယ်...

ဒေါသပေါက်ကွဲလုနီးပါးဖြစ်နေသည့် ရှောင်းချောင်မှာလည်း သူမနောက်ကျော၌ ချွေးအေးများ စီးကျလာတော့သည်။ လက်အောက်ငယ်သားတွေက အိမ်သာထဲမှာ ယောကျ်ားတစ်ယောက်အတွက် ညစ်ပတ်သည့်အရာကို လုပ်ပေးရင်း ပုန်းနေသည့် သူမကိုမြင်သွားတာမျိုး အဖြစ်မခံနိုင်ပေ။ 

"ပုန်းနေ"

ရှောင်းချောင်သည် ရွှီဖန်းကို စိုက်ကြည့်ကာ တံခါးလက်ကိုင်ကို လှမ်းကိုင်လိုက်သည်။

ရွှီဖန်းလည်း အံ့သြသွားရသော်လည်း တံခါးဖွင့်ကာ ထွက်ဖို့ပြင်နေသည့် သူမ၏ အတွေးကို သတိထားမိ

တာကြောင့် တံခါးနောက်မှာ ဝင်ပုန်းလိုက်သည်။

"ဟမ် ဒါရိုက်တာရှောင်းဖြစ်နေတာပါလား"

ဒီအခြေအနေကို အခွင့်ကောင်းယူ၍ သူမ အိမ်သာထဲမှ ထွက်ကာ တံခါးကိုချက်ချင်း ပိတ်ချလိုက်သည်။

"ဒါရိုက်တာရှောင်းက လှုပ်ရှားတဲ့အသံလေးတောင် မထွက်တော့ ကျွန်မတို့ဖြင့် သေမတတ်လန့်သွားရတာပဲ"

ဝန်ထမ်းနှစ်ယောက်၏မျက်နှာပေါ်၌ သံသယတွေကို မြင်သော်ငြား ရှောင်းချောင်က တည်ငြိမ်နေ၏။ သူမ အနည်းငယ်ပြုံးလျက် စိတ်မပါတစ်ပါ ပြောလိုက်သည်။

"မသေပါဘူး"

"ဒါရိုက်တာရှောင်း ဒီနေ့အတွက် ရှီရှီက တိုက်မှာလား"

အမျိုးသမီးနှစ်ယောက်က မျက်နှာလိုမျက်နှာရ လုပ်လာကြသည်။ ရှောင်းချောင် ပြုံးလိုက်ကာ...

"အခြေအနေပေါ် မူတည်တယ်...အတူတူ ထွက်ကြတာပေါ့"

ရှောင်းချောင်နှင့် ဝန်ထမ်းနှစ်ယောက်ကြားမှ စကားဝိုင်းက ဝေးသထက် ဝေးသွားသည်။ အိမ်သာထဲပုန်းနေသည့် ရွှီဖန်းသည် ထိုအမျိုးသမီးနှစ်ယောက်ကို ရှောင်းချောင်တစ်ယောက် ကောင်းကောင်းလှည့်စားနိုင်လိုက်ပြီမှန်း သိလိုက်သည်။

အခုအချိန်က ထွက်ဖို့ အခွင့်အရေးကောင်းပင်။ တုံ့ဆိုင်းမှုမရှိဘဲ သူ အိမ်သာထဲမှ ထွက်၍ အမျိုးသမီးသန့်စင်ခန်းမှ မြန်မြန် ထွက်လာခဲ့သည်။

သန့်စင်ခန်းထဲမှာ ရှောင်းချောင်နှင့် အချိန်ဖြုန်းခဲ့တာကြောင့် ခွေးတိုက်ပွဲကွင်းထဲသို့ ပြန်ရောက်လာချိန်မှာ ခွေးတိုက်ပွဲက အလှည့်ရေအနည်းငယ်သာ ကျန်ရှိတော့သည်။

အခု ဒီပွဲပြီးသွားဖို့သာ စောင့်နေရန်လိုပြီး ပြီးတာနဲ့သူ့အကြီးဆုံးလေးအလှည့် ရောက်လာတော့မည်။

စာရင်းသွင်းရုံကို ပြန်သွား၍ ဝန်ထမ်းတစ်ယောက်ကိုမေးမြန်းပြီးနောက် ခုံနေရာ စရှာလိုက်သည်။

ယုတ္တိရှိရှိပြောရရင် ခွေးတိုက်ပွဲကိုကြည့်ရန်အတွက် ရှောင်းချောင် ဒီမှာရှိနေသင့်သည်။ သို့သော် သူ ဘယ်လောက်ပဲရှာရှာ ရှောင်းချောင်ကိုမတွေ့ပေ။

ခဏတာစဥ်းစားပြီးနောက် အကြောင်းအရင်းကို သူသိရှိသွားခဲ့သည်။

ရှောင်းချောင်က သန့်ရှင်းမှုကို ရူးသွပ်တာကြောင့် သန့်စင်ခန်းမှာ သူမလက်ကို အသည်းအသန်ဆေးကြောနေတာဖြစ်မည်။

ရှောင်းချောင်တစ်ယောက် အိမ်သာထဲမှာ သူ့ညီလေးကို ကူညီပေးခဲ့ရသည့် မြင်ကွင်းကိုပြန်တွေးရင်း သူရယ်မောလိုက်သည်။ သူမ၏နီရဲနေသည့်မျက်နှာကြောင့် မတိုင်ခင်က ဒီအလုပ်ကို မလုပ်ဖူးခဲ့မှန်းသိသာသည်။

ကြာကြာစောင့်စရာမလိုဘဲ လှောင်အိမ်ထဲရှိ ခွေးနှစ်ကောင်ကြားမှ တိုက်ပွဲရလဒ်က ထွက်ရှိလာသည်။ စိန်လာခေါ်သည့် လူတစ်ယောက်၏ ခွေးက ခွေးတိုက်ပွဲကွင်းမှ ရှောင်းချောင်၏ ခွေးကိုက်ခြင်းကို ခံခဲ့ရသည်။

"ညီလေး မင်းရဲ့ခွေးအပေါ်မှာ လောင်းကြေးမထပ်ချင်ဘူးလား"

ဝန်ထမ်းခဗျာ ခွေးတိုက်ပွဲကွင်းမှ ခွေးကိုက်ခဲထားသည့် ခွေးအသေအား ထုတ်ရန် အားတော်တော် ထုတ်သုံးခဲ့ရသည်။

လှောင်အိမ်အပြင်ဘက်၌ သူ့ခွေးကို သယ်ဆောင်ထားသည့် ခွေးပိုင်ရှင်ကို ကြည့်နေစဥ် စာရင်းသွင်းရုံမှ ဝန်ထမ်းက သူ့ဆီကို အပြုံးဖြင့်ရောက်လာကာ မေးမြန်း၏။

ပြိုင်ပွဲအတွင်း ခွေးကိုယူလာရုံဖြင့် လောင်းကြေးကို အများကြီးမထိရောက်ပေ။ ရွှီဖန်းသည် လောင်းကြေး တစ်သိန်း သုံးထားပြီးသားဖြစ်သော်ငြား ငွေများများနိုင်ချင်ပါက ထိုပမာဏက နည်းပါးသေးသည်။

'အကြီးဆုံးလေး'ဟုခေါ်သည့် လယ်တောခွေးမှာ T-rexခွေးဆီမှ သုံးမိနစ်အတွင်း အကိုက်ခံရမည်ဟု သူယုံကြည်သည်။ ဝန်ထမ်းက သူ့ကိုယ်သူ တွေးလိုက်သည်။ 

*သူပိုထည့်ရင် ငါတို့အများကြီးပိုနိုင်လိမ့်မယ်*

ဒီလိုခွေးမျိုးကိုတောင် ပြိုင်ပွဲကွင်းထဲ ယူလာရဲသည့် လူက တော်တော်လေး ယုံကြည်ချက်ရှိနေတာဖြစ်မည်။ လောင်းကြေးများများရစေရန် သူ့ကို လှည့်စားနိုင်သလောက် လှည့်စားရမည်။

ရွှီဖန်းသည် လှောင်အိမ်ထဲက T-rexခွေးကိုကြည့်ရင်း ဘဏ်ကတ်ကို ထုတ်လိုက်သည်။ 

"မင်းပြောတာ အဓိပ္ပာယ်ရှိသား...ဒါဆိုလည်း ငါ့ခွေးပေါ်မှာ လောင်းကြေးလေးသိန်း ထည့်မယ်"

"တစ်ကယ် တစ်ကယ်လား!"

မတိုင်ခင်က ပေးထားသည့် စရံငွေနှင့်ပေါင်းပါက လောင်းကြေးက ယွမ် ငါးသိန်းရှိသွားလေပြီ။ ထိုအရာက ဝန်ထမ်းဖြစ်သူအား မျက်ရည်ကျမတတ် ထိတ်လန့်သွားစေသည်။

ထိုအခိုက်အတန့်တွင် သူသည် မျောက်တစ်ကောင်ကို ကြည့်နေသလိုမျိုး ရွှီဖန်းကို အကဲဖြတ်လိုက်မိသည်။

*ဒီကောင်တော့ သူ့ခေါင်းက တံခါးနဲ့ ရိုက်မိထားတာများ ဖြစ်နေမလား*

"ဟဲဟဲ ကောင်းပါပြီ၊ လျှို့ဝှက်နံပါတ် ရိုက်ပေးဖို့ပဲ ဒုက္ခပေးရတော့မှာပဲ"

ငွေရှာခြင်းက ငွေရှာခြင်းသက်သက်ဖြစ်သည်။ ရွှီဖန်း၏ ရူးနေသော ဦးနှောက်ကို သူစာနာသော်ငြား သူ့မှာ နူးညံ့သော နှလုံးသားမရှိချေ။ သူ အပြုံးလေးဖြင့် ရွှီဖန်းမတွက် POSစက်ကို ပြင်ဆင်ပေးလိုက်သည်။

"ကောင်းပြီ မင်း အခု သွားနိုင်ပြီ"

လောင်းကြေးထပ်ပြီးနောက် ဝန်ထမ်းသည် ရွှီဖန်းကို သွားစေရန် ခွေးတိုက်ပွဲအလယ်ဗဟိုသို့ ညွှန်ပြခဲ့သည်။

ယေဘုယျပြောရရင် ခွေးတိုက်ပွဲတွင် ပါဝင်ဆင်နွှဲသော လူများသည် တိုက်ပွဲမစခင်မှာ သူတို့ခွေးကို လေ့ကျင့်ပေးရန်အတွက် ခွေးထိန်းသူများကို အတူခေါ်လာကြသည်။

ရွှီဖန်းအိမ်မှ ဘူးသီးခုနစ်လုံးကတော့ ရှို့ရှို့ဆီမှာ အိမ်မွေးခွေးလို မွေးမြူခံထားရသည်။ သူမဆိုရင် ခွေးထိန်းသူအကြောင်းကို ကြားတောင်မကြားဖူးချေ။ ဒါကြောင့် ရွှီဖန်းကပဲ ကွင်းထဲကို ဝင်သွားရသည်။

ခွေးတိုက်ပွဲကွင်း၏ အလယ်အကျဆုံးနေရာသို့ လျှောက်လို့အပြီးမှာ ဝန်ထမ်းကလည်း အကြီးဆုံးလေးကို ခေါ်ထုတ်ပေးလာသည်။

အချိန်အကြာကြီး ခွဲနေရထားတာကြောင့် အကြီးဆုံးလေးသည် ရွှီဖန်းကို အလွန် လွမ်းနေလေသည်။ ဒါကြောင့် ခပ်ပေါပေါအမူအရာဖြင့် လျှာကိုထုတ်ကာ သူ့ဆီ ခုန်အုပ်လာတော့သည်။

မတိုင်ခင်က ခွေးတိုက်ပွဲကို မမြင်ဖူးထားတာကြောင့် ရွှီဖန်းသည် အကြီးဆုံးလေး၏ ခေါင်းကို ပုတ်

ပေးလိုက်သည်။ ပတ်ပတ်လည်မှ ထူးထူးဆန်းဆန်း အကြည့်များကို သူခံစားမိသော်ငြား ဂရုမထားဘဲ ခပ်တိုးတိုးပြောလိုက်သည်။

"ခဏနေရင် ပြိုင်ဘက်ကို သတ်ပစ်ပြီး ငါ့ကို ဂုဏ်ယူရအောင်လုပ်ပေးပါကွာ...နားလည်တယ်မလား"

အခုဆိုရင် သူ့လက်ထဲမှာ ရှိသည့် ပိုက်ဆံအားလုံးက အကြီးဆုံးလေးအပေါ်မှာ မူတည်နေလေပြီ။ အကြီးဆုံးလေး ရှုံးသွားပါက သူလည်း အရာရာကို ဆုံးရှုံးရလိမ့်မည်။

ဒါက ရွှီဖန်း ဖြစ်ချင်သည့် အရာမဟုတ်ချေ။

အာဝူး!

ကောင်းကင်ဘုံနန်းတော်မှ လာသည့် ခွေးလေးဖြစ်လို့ အကြီးဆုံးလေးသည် လူစကားနားလည်လေသည်။

"ကောင်းပြီ၊ စဖို့အချိန်ရောက်ပြီ...ခွေးကို အထဲလွှတ်လိုက်တော့"

ထိုအချိန် ဘေးမှာရပ်နေသည့် ဝန်ထမ်းက ရွှီဖန်းကို တိုက်တွန်းလာသည်။ ရွှီဖန်းခေါင်းညိတ်ကာ သူ့ခွေးလေးကို ခေါင်းပုတ်၍ သံလှောင်အိမ်ထဲကို လွှတ်ပေးလိုက်သည်။

အကြီးဆုံးလေးက တိုက်ပွဲကွင်းပြင်ကို ရောက်သွားလေပြီ။ ခုနလေးတင်ကမှ Beetleခွေးကို သတ်ထားသည့် T-rexသည် အားမလျော့သေးဘဲ အရှိန်ရနေတုန်းပင်။ လှောင်အိမ်အတွင်း၌ သူ၏ နီရဲနေသော မျက်လုံးတစ်စုံက အကြီးဆုံးလေးကို ရူးသွပ်စွာ ကိုက်တော့မလိုပဲ ကြည့်နေခဲ့သည်။

သူ၏ကြောက်မက်ဖွယ်ရာအင်အားက သူတို့ကို ချုပ်ထားသည့် လှောင်အိမ်ကိုတောင် ပျက်စီးစေချင်သကဲ့သို့ပင်။

အကြီးဆုံးလေးကတော့ နေရာမှာတင် လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေပြီး တစ်ဖက်ပြိုင်ဘက်ကို ဘာရန်စမှုမှ မပြချေ။ 

ပြိုင်ပွဲမစခင်မှာတင် ရလဒ်ကို ကြိုသိနိုင်သည့်အနေအထားပင်။ အကြီးဆုံးလေး၏ကံကြမ္မာကို ကြိုတွေးရင်းဖြင့် ခုံမှာထိုင်နေကြသည့် ပွဲကြည့်ပရိတ်

သတ်သည် ဘေးမှာရပ်နေသည့် ရွှီဖန်းကို စာနာစွာကြည့်နေကြသည်။

"ကောင်းပြီ...မိတ်ဆွေတို့ရေ ခွေးတိုက်ပွဲ နောက်တစ်ပွဲကတော့ စတော့မှာပါ"

ထိုအချိန်မှာ ခွေးတိုက်ပွဲအတွက် မိတ်ဆက်ရန် တာဝန်ရှိသည့် အစီအစဥ်တင်ဆက်သူသည် ပွဲကြည့်

ပရိတ်သတ်များအား ခွေးများအကြောင်းကို မိုက်ခရိုဖုန်းဖြင့် မိတ်ဆက်ပေးလာသည်။

"စင်ပေါ်မှာရှိနေတဲ့ တစ်ကောင်ကတော့ ကျွန်တော်တို့နဲ့ ရင်းနှီးပါတယ်၊ ခုနကပဲ သွေးထွက်သံယိုအတွေ့အကြုံကို ကျွန်တော်တို့ဆီ ပေးစွမ်းခဲ့တဲ့ T-rexပါပဲ၊ T-rexဆိုတာ Beetleခွေးအမျိုးအစားတွေထဲက တစ်မျိုးပါပဲ၊ Beetleဆိုတာက တိုက်ပွဲတွေရဲ့ ဘုရင်တွေပါပဲ၊ T-rexဆိုတာက အထူးချွန်ဆုံး Beetleတွေထဲက တစ်ကောင်ပါပဲ၊ အရင်ပွဲတွေမှာလည်း T-rexက ဘယ်လောက်ကြမ်းတယ်ဆိုတာ မိတ်ဆွေတို့လည်း ရင်းနှီးကြမယ်ထင်ပါတယ်၊ စိတ်ဝင်စားတယ်ဆိုရင် T-rexကို လောင်းကြေးထပ်ကြဖို့ လာကြပါခင်ဗျ"

"ဒီတစ်ကြိမ် T-rexရဲ့ ပြိုင်ဘက်က မစ္စတာရွှီဖန်းရဲ့ အကြီးဆုံးလေးပါ"

**********************

All Chapters