← Chapters

ရန်သူကိုကျရှုံးစေဖို့ တစ်ခုပဲလိုတယ်

Vol. 4 Ch. 59

ရန်သူကိုကျရှုံးစေဖို့ တစ်ခုပဲလိုတယ်

Vol. 4 Ch. 59

ဟိန်းဟောက်သံ!

တိတ်ဆိတ်နေသော ခွေးတိုက်ပွဲကွင်းထဲ၌ အကြီးဆုံးလေး၏ ဟိန်းသံက ထပ်ပေါ်လာပြန်သည်။ ဒီလိုဟိန်းသံတစ်ခု၏ ခြိမ်းခြောက်မှုအောက်မှာ ခုနကမှ သတ္တိရှိနေသည့် T-Rexတစ်ကောင်ကတော့ လဲကျသွားကာ သူ့အမွေးကြားထဲ ပုန်းချင်သလိုတောင် ပြုမူနေလေသည်။

"ဒါက...ဘာတွေဖြစ်ကုန်တာလဲ!"

ရက်စက်ကြမ်းကြုတ်သည့် T-Rexကိုသာ မြင်ဖူးကြသော ပွဲကြည့်ပရိတ်သတ်များမှာ အခုလို သတ္တိမရှိသည့်ခွေး ဖြစ်သွားတာကို လက်မခံနိုင်ဖြစ်နေကြသည်။

ဒါက ခွေးတိုက်ပွဲရော ဟုတ်ရဲ့လား။

အကြီးဆုံးလေးသည် အရာအားလုံးကိုနားလည်သော်လည်း ထိုလူအုပ်ကြီး၏ အကြည့်များကို ဂရုမစိုက်ချေ။ 

"ဖာ့ခ်!"

ထိုအချိန် ရွှီဖန်းမှာတော့ အထဲက ရှက်ရွံ့ဖွယ်မြင်ကွင်းကို ကြည့်ပြီး မျက်နှာကြီး မဲမှောင်လာတော့သည်။

အကြီးဆုံးရေ..အကြီးဆုံးလေးရ...တခြားခွေးကို ဖာ့ခ် ရမယ်လို့ ငါမင်းကို မပြောခဲ့ဘူးလေကွာ

ချီးတဲ့မှ မင်းက အရမ်းကြီး ဉာဏ်မကောင်းလွန်းဘူးလား။

ကောင်းကင်နတ်ခွေးဆီမှ အမွေဆက်ဆံခဲ့သည့်

အတိုင်း သူ့အဖေရဲ့ သဘာဝလိုပဲ ပြုမူနေလေသည်။ ထိုအချိန် အကြီးဆုံးလေးသည် လှောင်အိမ်ထဲ၌ ပျော်ရွှင်စွာ အော်ဟစ်နေကာ သူ၏ မရပ်မနားအော်သံက ခွေးတိုက်ပွဲကွင်းတစ်ခုလုံးကို ပျံ့နေ၏။ ရွှီဖန်းမှာ သူ့နဖူးပေါ်လက်တင်လျက် ပွဲကြည့်ပရိတ်သတ်

အလယ်မှ ရှောင်းချောင်ဆီ အလိုလိုကြည့်မိသွားသည်။

ထင်ထားခဲ့သည့်အတိုင်း သူမမျက်နှာက ရှုံ့တွနေသည်။ သူ ကြည့်လိုက်သည့်အချိန် သူမကလည်း ပြန်ကြည့်လာသည်။ ထိုမျက်လုံးများက ဒီလိုသခင်နဲ့ ဒီလိုခွေးနဲ့လိုက်ဖက်ပါတယ်ဆိုသည့် အကြည့်ဖြစ်

နေသည်။

"အာ...ညီအစ်ကိုရေ ငါ့ကို အနိုင်ပေးသင့်တယ်ထင်

တယ်နော်၊ မင်း အရှုံးကို လက်မခံဘူးဆိုရင် မင်းရဲ့ခွေးက ဒါကြောင့် သေသွားလိမ့်မယ်"

ရွှီဖန်းက ရှက်ရွံ့စွာ ပြုံး၍ ဆန့်ကျင်ဘက်မှာ ရပ်နေသည့် ခွေးထိန်းသူကို ကြည့်လိုက်သည်။ ဒီလိုအခြေအနေကို ဘယ်လိုအကဲဖြတ်ရမလဲ သူမသိတော့ချေ။

အကြီးဆုံးလေးက ပြိုင်ဘက်ကို အနိုင်ယူခဲ့သော်ငြား အနိုင်ယူသည့် နည်းလမ်းကတော့ ခွေးတိုက်ပွဲစည်းမျဥ်းနှင့် ကွာခြားနေသည်။

"မင်းခေါင်းကို အရှုံးပေးပါလား!"

ခွေးထိန်းသူမှာ မျက်ရည်ကျလုနီးပါး ဖြစ်နေလေပြီ။ နှစ်ပေါင်းများစွာ ခွေးတွေကို ထိန်းကျောင်းခဲ့ရသည့် သူ့ဘဝမှာ T-Rexက သူ ဂုဏ်အယူရဆုံး ခွေးဖြစ်ကာ ပြိုင်ဘက်မရှိသလောက် ဖြစ်ခဲ့သည်။

ဒါပေမယ့် အခုတော့ သူ ဂုဏ်ယူခဲ့ရသည့်ခွေးက...

ခွေးထိန်းသူမှာ အပေါက်တစ်ပေါက်ပင်ရှာကာ ပုန်းချင်နေလေသည်။

အလွန် ရှက်ဖို့ ကောင်းပေသည်။

"ငါရှုံးတယ်! ငါအရှုံးပေးတယ်!"

သူသာ အရှုံးမပေးလျှင် သူ့ခွေးကတော့ အကြီးဆုံးလေးကြောင့် သေရလိမ့်မည်။ နာကျင်နေသည့် နှလုံးသားအောက်မှာ ခွေးထိန်းသူသည် လက်မခံချင်သော်ငြား အရှုံးပေးလိုက်ရသည်။ 

"အဟွတ် အဟွတ်...မစ္စတာရွှီဖန်းရဲ့ ခွေးက ခွေးထီးတွေကြားထဲတွင် ဥပမာကောင်းတစ်ခုပဲဗျ၊ ခွေးမလေးတွေက သူ့ကိုမြင်တာနဲ့ ချက်ချင်းခေါင်းကိုငုံ့ပြီး ပျော်

ရွှင်ခွင့်ပေးလိုက်တော့တာပဲ၊ ဘယ်သူမှ ကန့်ကွက်ချင်တာ မရှိဘူးထင်ပါတယ်...ဒါဆို ဒီပွဲကတော့ အကြီးဆုံးလေး နိုင်သွားပါပြီ"

"အစ်ကိုကြီး ဒါက အရမ်းကို ဟန်ဆောင်ရာ မကျဘူးလား"

"မင်းတို့ကောင်တွေ ချီးတဲ့မှ T-Rexကို ကာမအားတိုးဆေးကျွေးထားကြတာလား"

ရလဒ်ကိုကြားသည့်အခါ ပွဲကြည့်ပရိတ်သတ်များသည် စိတ်ဆိုးတကြီး ထရပ်ကြတော့သည်။ သူတို့က T-Rexပေါ်မှာ ငွေများစွာ လောင်းထားကြပြီး ဒီတစ်

ကြိမ်တော့ နိုင်ပြီဟု ထင်ခဲ့ကြသည်။ သို့သော်ငြား အခုတော့ သူတို့ပိုက်ဆံတွေ အားလုံး ရွှီဖန်ဆီရောက်သွားတော့မည်။ သူတို့ လက်မခံနိုင်ကြပေ။

သို့သော်ငြား သူတို့အငြင်းထပ်ပွားစရာလည်း မရှိတော့ချေ။ T-Rexက လုံးဝကို ထမတိုက်နိုင်တော့ပေ။ သူတို့ ဘယ်လောက်ပဲ လက်မခံချင်သည် ဖြစ်စေ နာကျင်မှုအပြည့်ဖြင့် ခုံပေါ်ပြန်ထိုင်လိုက်ရသည်။ 

"အစ်ကို လာကူညီပါဦး၊ မြန်မြန်လေး အစ်ကို့ရဲ့ခွေးကို လာခေါ်ပေးပါ"

ဝန်ထမ်းအမြောက်အမြားက သံလှောင်အိမ်ထဲဝင်ကာ အကြီးဆုံးလေးကို ဆွဲထုတ်ဖို့ ကြိုးစားကြသည်။ သို့သော်ငြား အကြီးဆုံးလေးအား သူတို့ ဝိုင်းရွှေ့လို့မရဖြစ်နေသည်။ ဝန်ထမ်းများမှာ မျက်ရည်အပြည့်ဖြင့် တောင်းပန်လာကြတော့သည်။

"............"

ဝန်ထမ်းများက အကူအညီတောင်းလာတာကြောင့် ရွှီဖန်း၏နဖူးပေါ်၌ အနက်ရောင်မျဥ်းကြောင်းများ ပေါ်လာတော့သည်။ သံလှောင်အိမ်ထဲမှာ ပျော်ရွှင်စွာ လုပ်နေသည့် အကြီးဆုံးလေးအား အော်ငေါက်လိုက်ရုံသာ တတ်နိုင်တော့သည်။

"အကြီးကောင် ရပ်လိုက်တော့! ပြန်လာခဲ့ ဒီကို!"

"အူး!"

ခေါ်သံကိုကြားသည့်အခါ အကြီးဆုံးလေးက ရွှီဖန်းဆီ ပြေးလာသည်။ သူက T-Rexအား သနားစာနာမှုပင်မရှိဘဲ လှည့်ထွက်လာခဲ့သည်။ ဟိန်းသံနှင့်အတူ T-

Rexသည်လည်း သူ့နောက်ကို မလိုက်သွားရဲချေ။ သိသာစွာပင် T-Rexမှာ အကြီးဆုံးလေး၏ အရုပ်

တစ်ရုပ်လို ဆက်ဆံခြင်းကို ခံခဲ့ရသည်။

ထိုအချိန် အကြီးဆုံးလေးက ရွှီဖန်းဘေးနားကို ရောက်နေလေပြီ။ ရွှီဖန်းမှာ ဒီကောင့် အသေးလေးအား ကန်၍ ဆူငေါက်လိုက်ရသည်။

"အကြီးဆုံးလေး ငါ့ကို မျက်နှာသာပေးပါဦးလား၊ ငါမင်းကို ဒီလိုလုပ်ခိုင်းရင် ဒီလိုပဲလုပ်လေ"

"ဝူး ဝူး"

ရွှီဖန်းဒေါသထွက်နေတာကြောင့် အကြီးဆုံးလေးသည်  မြေကြီးပေါ်လှဲကာ အူလိုက်သည်။ T-Rexကို ရင်ဆိုင်ခဲ့တုန်းကလို ဘုရင်တစ်ပါး၏အော်ရာမျိုး မရှိတော့ချေ။ 

ဆူငေါက်ပြီးနောက် အကြီးဆုံးလေးနှင့် ထပ်ပြီး စကားမပြောနိုင်တော့ချေ။ ပွဲကြည့်ပရိတ်သတ်များအား သူ ရှက်ကိုးရှက်ကန်း ကြည့်လိုက်မိသည်။ 

"အားလုံးပဲ တောင်းပန်ပါတယ်၊ ကျွန်တော့်ခွေးက မကြာသေးခင်ကမှ အပူတက်နေတာဆိုလို့ မတော်တဆ အဲ့ခွေးလေးကို လုပ်မိသွားပါတယ်၊ တောင်းပန်ပါတယ်...တောင်းပန်ပါတယ်...ဒီတစ်ကြိမ်တော့ ကံကောင်းလို့ နိုင်သွားရပြီ"

ရှောင်းချောင်၏ပါးစပ်ထောင့်က တွန့်လိမ်သွားကာ မျက်နှာတစ်ခုလုံးလည်း မဲမှောင်လာသည်။ 

"ဒီခွေးသားကတော့!"

သူမ ဆဲရေးကာ လက်သီးကို တင်းကြပ်စွာ ဆုပ်ထားမိသည်။

ခုနလေးတင်ကမှ ဒီကောင်ကို ဆုံးရှုံးရအောင်လုပ်မည်ဟု သူမတွေးနေတုန်းရှိသေးသည်။ အခုတော့ သူရှုံးသွားအောင် မလုပ်နိုင်ခဲ့ရုံတင်မကပဲ တစ်သန်းရောက်လုနီးပါး ပိုက်ဆံအပိုကိုတောင် ထပ်ရှာပေးလိုက်ရသလို ဖြစ်သွားရသည်။

"ကျစ်! ကျစ်! ကျစ်! ခွေးတိုက်ပွဲတွေက ဒီလို အမြတ်အစွန်းရှိတာပါလား"

တိုက်ပွဲရလဒ်ကထွက်လာပြီဖြစ်၍ ရွှီဖန်းသည် ဖော်လံဖားမျက်နှာဖြင့် လောင်းကစားရုံကို ပြေးသွားလိုက်

သည်။ မတိုင်ခင်က အကြီးဆုံးလေးဆီမှာ လောင်းကြေးထပ်ထားတာ သူတစ်ယောက်တည်းရှိတာကြောင့် စားပွဲပေါ်က ပိုက်ဆံမှန်သမျှ သူ့အပိုင်

ဖြစ်သွားလေပြီ။ သူ ဘဝင်ခိုက်နေသော အမူအရာဖြင့် ပိုက်ဆံတွေကို ရေတွက်လိုက်သည်။

နောက်ထပ်နှစ်ပွဲလောက်ပြိုင်ပြီးရင် မြစ်အောက်ပိုင်းရွာအတွက် လမ်းပြင်ရန် ငွေလုံလုံလောက်လောက် ရနိုင်သည်။

"နောက်တစ်ပွဲ စလိုက်ရမလား"

အနည်းငယ်အနိုင်ရပြီးနောက် ကောင်းမွန်သော စမှတ်ဖြစ်သည်ဟု ယူဆကာ ပိုက်ဆံရေတွက်နေရင်းဖြင့် သူ့ကိုယ်သူ တိုက်တွန်းမိသည်။

"သူ့ခွေးကို ကျော်လွှားနိုင်တဲ့အရာ ဒီကမ္ဘာမှာ မရှိဘူးလို့ သူထင်နေတာလား"

ပွဲကြည့်ပရိတ်သတ်အလယ်မှာ ထိုင်နေသည့် ရှောင်းချောင်သည် ရွှီဖန်း၏ပျော်ရွှင်နေသည့် မျက်နှာထားကြောင့် သူမမျက်နှာက အေးစက်သထက် အေးစက်လာသည်။

ခွေးတိုက်ပွဲကွင်းထဲမှာ သူမလူပေါင်းစုံကို တွေ့ဖူးသလို ခွေးပေါင်းစုံကိုလည်း တွေ့ဖူးပေသည်။ ရွှီဖန်းခွေးက ဒီအတိုင်း အပူတက်နေသည့်ခွေးသာဖြစ်ပြီး သူမ အမြင့်ကြီးမတွေးထားချေ။

ခွေးတိုက်ပွဲကွင်း၏ ဦးဆောင်သူတစ်ဦးအနေဖြင့် ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိပေသည်။ သူမလုပ်ဖို့လိုတာက မာနကြီးနေတဲ့ကောင်ကို သူမအစွမ်းအစတွေ ပြဖို့ပင်။

"သွား! ရှီရှီကို ခေါ်ထုတ်လာခဲ့"

"ဘာ! ရှီရှီကို တိုက်ပွဲထဲ ဝင်ခိုင်းမှာလား"

"ဒါက ဒါက မရက်စက်လွန်းဘူးလား"

ရှောင်းချောင်၏အမိန့်ပေးသံကြောင့် ပွဲကြည့်ပရိတ်သတ်များမှာ သူမအား အံ့အားတကြီးကြည့်လာကြသည်။

ထိုအခိုက်အတန့်တွင် ရှောင်းချောင်၏ဆုံးဖြတ်ချက်ကို အမှတ်ရမိကာ ဒီအမျိုးသမီးက အလွန် နှလုံးသားမဲ့လှသည်ဟု သူတို့ခံစားလိုက်ရသည်။

******************************

All Chapters