ရှောင်းချောင်၏ဝှက်ဖဲ
Vol. 4 Ch. 60
ရှီရှီက T-Rexကဲ့သို့ တိုက်ပွဲခွေးမျိုး မဟုတ်သော်ငြား ခွေးတိုက်ပွဲကွင်း၌ ထိုက်တန်သော ဝှက်ဖဲဖြစ်သည်။ ရှီရှီက Beetle ခွေးအမျိုးအစားတွေထဲ ဖြစ်ပေမယ့် T-Rexနဲ့တော့ ကွာခြားသည်။ ရှီရှီက ၁၀၀% Bitterခွေး စစ်စစ်ဖြစ်သည်။
ရှီရှီ၏ ခွန်အား၊ ခံနိုင်ရည်နှင့် အမြန်နှုန်းတို့က T-Rexထက် များစွာ သန်မာခြင်းမရှိပေ။ သို့သော် မတိုင်ခင်က T-Rexနှင့် ရှီရှီတို့တိုက်ခိုက်ကြရာ ၁၅မိနစ်အတွင်းမှာတင် T-Rexမှာ ခေါင်းတစ်ဝက်
ပြုတ်လုနီးပါး ရှီရှီ၏ ကိုက်ခြင်းကို ခံလိုက်ရသည်။
ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်သော ခွေးနှင့် ရွှီဖန်း၏ အကြီးဆုံးခွေးလေးက ဘယ်လိုမှ ပြိုင်နိုင်မည် မဟုတ်ချေ။
သူသာ အနိုင်ရဖို့ ယခင်နည်းလမ်းကို ဆက်သုံးနေပါက ရှီရှီက ရက်စက်စွာပင် ထိုအရာအား တိုက်ရိုက် ကိုက်ချပစ်လိုက်မှာဖြစ်သည်။
ရှီရှီက ရှောင်းချောင် ပျိုးထောင်ထားသောခွေးဖြစ်ကာ သူဘယ်လောက်ထိ အင်အားကြီးမှန်း သူမသိဆုံးပင်။
ထိုအခိုက်အတန့်မှာ ရှောင်းချောင်လွန်ကဲသည်ဟု လူတိုင်းက ပြောနေကြသည်။ သို့သော် ရှောင်းချောင်
အတွက်တော့ လွန်ကဲနေခြင်း မဟုတ်ပေ။ ရွှီဖန်းကို ဒီလိုရက်စက်သည့်နည်းလမ်းဖြင့် အသေသတ်ရန် သူမဆုံးဖြတ်ထားသည်။
တစ်ချိန်တည်းမှာပဲ သူ လက်စားချေချင်နေသည်။ သူ့အာဃာတတွေ မပျောက်သေးခင်မှာပဲ ဒီကောင်က သန့်စင်ခန်း၌ သူမကို အခွင့်ကောင်းယူသွားခဲ့သည်။
"ဟဲ ဟဲ ညီအစ်ကိုရေ မင်းတော့ ဒီညခွေးသားဟော့ပေါ့ စားရတော့မယ်"
ရှောင်းချောင်က ရှီရှီနဲ့ တိုက်စေချင်နေတာကြောင့် ခွေးထိန်းသူသည် ဝမ်းနည်းနေသည့်အချိန် သူမ၏ ဆုံးဖြတ်ချက်ကိုကြားကာ အားအပြည့် ပြန်ဖြစ်သွားရသည်။
ရှီရှီနှင့်သာဆိုလျှင် T-rexကို စော်ကားသွားသည့် အကျင့်ဆိုးခွေးကတော့ မကြာခင်မှာတင် အလောင်းကောင်အဖြစ် သေဆုံးရလိမ့်မည်။
ပွဲကြည့်ပရိတ်သတ်များ၏ အထိတ်တလန့်နှင့် စာနာနေသော အမူအရာများကြောင့် ရွှီဖန်းမှာ တစ်ခုခုမှားနေပြီဟု ခံစားရကာ နှလုံးခုန်နှုန်းမြန်သွားရသည်။
လူအုပ်ကြီး၏ဆွေးနွေးသံတွေအရ ရှီရှီက ခွေးတိုက်ပွဲကွင်း၏ ဝှက်ဖဲဖြစ်ပုံရသည်။ ခွေးတိုက်ပွဲကွင်း၏သူဌေးဖြစ်သော ရှောင်းချောင်အနေဖြင့် ဒီအတိုင်းထိုင်နေကာ ရွှီဖန်းတစ်ယောက် ပိုက်ဆံတ
သောသောနိုင်နေမှာကို မကြည့်နိုင်ပေ။
အခုအချိန်မှာ ရွှီဖန်းလည်း ပွဲထပ်ပြိုင်ရန် ဆုံးဖြတ်ထားတာကြောင့် အနည်းငယ် စိုးရိမ်မိသွားသည်။ သူ့ ခြေထောက်အနားမှာ ရှိနေသည့် အကြီးဆုံးကို ကြည့်ကာ ဆောင့်ကြောင့်ထိုင်၍ ခေါင်းပုတ်ပေးလိုက်သည်။
"နောက်တစ်ခါကျရင်တော့ ငါ့ကို မျက်နှာသာပေးပါကွာ"
ရှီရှီဆိုသည့် အဟန့်အတားကြောင့် သူ့ဆုံးဖြတ်ချက်ကို ပြန်မပြင်ခဲ့ပေ။ ဒီနေ့က ငွေရှာရုံသက်သက် လာတာမဟုတ်ချေ။ ရှောင်းချောင်ကိုပြောခဲ့သလိုမျိုး သူမကို နှစ်ဆပြန်ခံစားစေဖို့ လာခဲ့တာ ဖြစ်သည်။ သူမပြုလုပ်ခဲ့သည့်အရာတိုင်းအတွက် သူ့ကို ပေးဆပ်ရမည်။
အချိန်ခဏတာစောင့်လို့အပြီးမှာ ရှောင်းချောင်
ကိုယ်တိုင် ပျိုးထောင်ထားသည့် ရှီရှီဆိုသည့်ခွေးကို ခွေးထိန်းသူမှ လှောင်အိမ်အပြင်ဘက်သို့ ယူထုတ်လာသည်။
T-Rexနှင့် မတူညီစွာပင် ရှီရှီ၏တစ်ကိုယ်လုံးက အဖြူရောင်အမွေးများနှင့် ဖြစ်သည်။ သူက လှောင်အိမ်ထဲရောက်သည်နှင့် T-Rexလို ထိုးမဟောင်လာဘဲ အကြီးဆုံးလေးကို တည်ငြိမ်စွာ ကြည့်နေသည်။
ထိုကဲ့သို့ တည်ငြိမ်နေခြင်းက အလွန် ခြောက်ခြားဖွယ်ကောင်းပေသည်။ ရှီရှီကို လေ့ကျင့်ပေးရန်အတွက် ပြိုင်ပွဲပေါင်းများစွာကို ထိုခွေးပြိုင်ခဲ့ရမှန်း ရွှီဖန်းသိလိုက်သည်။
သို့သော်...
ရွှီဖန်းက မျက်မှောင်ကြုတ်နေသည်။
ရှောင်းချောင်က သန့်စင်ခန်းမှာတုန်းက သူ့ကို ကူညီခဲ့ရသည်။ အခု အကြီးဆုံးလေးက သူမခွေးကို ဖာခ့်လိုက်မယ်ဆိုရင် ပိုမကောင်းဘူးလား။
ဘယ်သူ့ကို သွားဂရုစိုက်ရမှာလဲ။
သူ့ကိုယ်သူတီးတိုးရေရွတ်ရင်း ဆောင့်ကြောင့်ထိုင်ကာ အကြီးဆုံးလေးနဲ့ စတင်ဆက်သွယ်လိုက်သည်။
"အကြီးဆုံးလေး နဂိုအတိုင်းပဲ ဆက်လုပ်သိလား၊ အဲ့ခွေးကို ရိုက်ချပစ်! နားလည်တယ်မလား"
"အာဝူး!"
အကြီးဆုံးလေးက အဆူခံထိထားတာကြောင့် ကြောက်ရွံ့နေတုန်းပင်။ သို့သော် ရွှီဖန်း အမိန့်ပေးလိုက်တာလည်း ကြားရော စိတ်လှုပ်တရှား ဟိန်းဟောက်တော့သည်။
သူ၏မျက်လုံးလေးနှစ်လုံးက ရာဂအလင်းရောင်
ကြောင့် လင်းလက်နေကာ အဖြူရောင်အမွေးများဖြင့် လှပနေသော ရှီရှီကို စိုက်ကြည့်နေသည်။
သူ့မျက်လုံးများက မျှော်လင့်စောင့်စားခြင်းများဖြင့် တဖိတ်ဖိတ်လင်းလက်နေကာ လှောင်အိမ်ထဲပြေးဝင်၍ ရှီရှီ့ခန္ဓာကိုယ်ကို တက်စီးရန် မစောင့်နိုင်တော့သကဲ့သို့ပင်။
ထိုအရာက ရှောင်းချောင် သူ့ကို မတိုင်ခင်က ကူညီခဲ့သည့်အရာထက် ပို၍ စစ်မှန်နေသည်။ ဒါကြောင့် ရွှီဖန်းလည်း အတွေးကို ပြောင်းလိုက်သည်။ အကယ်၍ ရှီရှီကိုသာ သတ်ခိုင်းလိုက်ပါက နှလုံးသားမဲ့ရာ ကျသွားလိမ့်မည်။
"စလို့ရပြီလား"
အကြီးဆုံးလေးနဲ့ ဆွေးနွေးပြီးနောက် ဘေးမှာ ရပ်နေသည့် ဝန်ထမ်းကို သူမေးလိုက်သည်။ ပွဲကြည့်ပရိတ်
သတ်အလယ်မှာ ထိုင်နေသည့် ရှောင်းချောင်က သူ့ကို တစ်ချက်ကြည့်၍ လှောင်ရယ်နေသည်။ ဒီကောင်က အကျင့်ဆိုးသူ့ခွေးကို ငါ့ရှီရှီ ပါးစပ်အောက်မှာ သေခိုင်းဖို့ စိတ်မရှည်ဖြစ်နေတာပဲ။
"ခဏစောင့်"
ရှောင်းချောင်က ခေါင်းခါရမ်းကာ ရှီရှီကိုထိန်းသည့် ခွေးထိန်းသူကို ကြည့်နေသည်။ ခွေးထိန်းသူက ချက်ချင်းခေါင်းညိတ်ကာ ဘေးမှ လက်ထောက်ကို ညွှန်ကြားနေသည်။ လက်ထောက်ဖြစ်သူကလည်း မကြာခင်မှာ လှောင်အိမ်တစ်ခုကို ယူဆောင်လာသည်။
လှောင်အိမ်ထဲ၌ အလွန်ကြမ်းကြုတ်သည့်ခွေးတစ်ကောင်ရှိကာ ရှီရှီ့ဘေးနားကို ခေါ်ဆောင်လာခံရသည်။ ထိုတစ်ကောင်က ရှီရှီကို ဟောင်နေလေသည်။
တစ်ဖက်မှာ ရှီရှီကတော့ လုံးဝမလှုပ်ပေ။
ခွေးထိန်းသူက ထိုခွေးနှင့် ရှီရှီကို လှောင်အိမ်တစ်ခုထဲ ထည့်ကာ ပိတ်လှောင်ထားခဲ့သည်။
"အူး!"
လှောင်အိမ်ထဲရောက်သည်နှင့် ထိုခွေးက ရှီရှီ၏လည်ပင်းကို ကိုက်ခဲရန် ထက်ရှသောသွားများကို ထုတ်ဖော်လာသည်။
ထိုအချိန် ရှီရှီ၏မျက်လုံးများက နီရဲလာကာ ချက်ချင်းခုန်လွှား၍ ထိုခွေး၏လည်ပင်းကို ကိုက်ခဲလာသည်။ သွေးများက ပန်းထွက်လာကာ ထိုခွေးက ရုန်းကန်လာသည်။ သို့သော် ရှီရှီ၏ခွန်အားက ကြောက်စရာကောင်းလွန်းတာကြောင့် သေသည်အထိ မရုန်းထွက်နိုင်ခဲ့ပေ။
ဒီလိုနည်းလမ်းကို ပွဲကြည့်ပရိတ်သတ်များအားလုံး နားလည်ပေသည်။ ဒီနည်းလမ်းက ခွေးတိုက်ပွဲကွင်း၌ သုံးနေကြဖြစ်ကာ ထိုအချင်းအရာမှတဆင့် ခွေး၏ ရက်စက်သောသဘာဝကို လှုံ့ဆော်ပေးနိုင်ပေသည်။ ဒါ့အပြင် ခွေးရဲ့တိုက်ခိုက်နိုင်စွမ်းကိုလည်း ပိုတိုးလာစေသည်။
ရှီရှီအနေဖြင့် သန်မာသောပြိုင်ဘက်ကို ရင်ဆိုင်ရမည့်အကြိမ်တိုင်း သူ၏ ရက်စက်သောသဘာဝကို လှုံ့ဆော်ပေးရန် ရှောင်းချောင်က ဒီနည်းလမ်းကို အမြဲသုံးသည်။ ကြည့်ရတာ ဒီတစ်ကြိမ်မှာ သူမ ဆုံးဖြတ်ထားပြီးသည့်ပုံပင်။ သူမက ရှီရှီကို အကောင်းဆုံးအနေအထားမှာ ရှိနေစေချင်သည်။
ထိုအချိန် ရှီရှီ၏မျက်လုံးများက နီရဲနေကာ ကြည့်ရှုနေသူများအား ကြောက်ရွံ့စိတ်ကြောင့် တဆတ်ဆတ်တုန်သွားစေသည်။ ရှီရှီက လုံးဝကို တိုက်ခိုက်လိုစိတ်အမြင့်ဆုံးမှာ ရှိနေတာ သိသာသည်။
"ကောင်းပြီ စလို့ရပြီ"
ရှီရှီ၏လက်ရှိအခြေအနေကိုမြင်မှ ရှောင်းချောင်လည်း အလွန်စိတ်ကျေနပ်သွားရသည်။ သူမခေါင်းကိုညိတ်ကာ ပြိုင်ပွဲစနိုင်ကြောင်း လက်အောက်ငယ်သားကို ခေါင်းညိတ်ပြလိုက်သည်။
ဝန်ထမ်းက ခေါင်းညိတ်လိုက်သည်နှင့် ခွေးထိန်းသူအားလုံးထွက်သွားကြကာ လှောင်အိမ်ထဲ၌ ရှီရှီနှင့် အကြီးဆုံးလေးကိုသာ ချန်ထားခဲ့ကြသည်။
အကြီးဆုံးလေးကလည်း ခွန်အားကြီးသည်ကို ရှီရှီက သိပုံရသည်။ သူ့ရဲ့သွားတွေကိုသာ ဖြဲထားပြီး ဘေးမှာ လျှောက်နေသည်။ သူက အကြီးဆုံးလေးဆီ အလျင်စလို မခုန်အုပ်ပေ။
ခွေးနှစ်ကောင် တိုက်ခိုက်ဖို့လုပ်နေစဥ်မှာ ပွဲကြည့်ပရိတ်သတ်တွေကလည်း လောင်းကြေးပြေးထည့်နေကြသည်။ ဒီအခွင့်အရေးကို အခွင့်ကောင်းယူ၍ အမြတ်ရချင်နေကြသည်။
ယခင်ကနှင့်မတူညီစွာ လူတစ်ချို့သည် ကံကောင်းမှုကို စမ်းသပ်ချင်သည့်အလား အကြီးဆုံးလေးဆီ လောင်းကြေးလာထပ်ကြသည်။
သို့သော်ငြား လောင်းကြေးအကုန်ထပ်ပြီးချိန်၌ အကြီးဆုံးလေး၏လောင်းကြေးက ရှီရှီ၏ လောင်းကြေးထက် နိမ့်နေတုန်းပင်။ ဆိုလိုသည်မှာ လူအများစုက ရှီရှီကို အကြီးဆုံးလေး မတိုက်နိုင်ဘူးဟု ထင်ကြပေသည်။ ပြီးတော့ ရှီရှီကလည်း ခွေးတိုက်ပွဲကွင်းက ဝှက်ဖဲဖြစ်နေသေးသည်။
အကြီးဆုံးလေးကို ရွှီဖန်းကိုယ်တိုင်ပျိုးထောင်ခဲ့တာကြောင့် သဘာဝကျကျပင် သူမတွန့်တိုပေ။ သူ့လက်ထဲရှိနေသည့် ယွမ်၁၄သိန်းကို လောင်းကြေးအကုန်ထပ်လိုက်တာကြောင့် အကြီးဆုံးလေး၏လောင်းကြေးကလည်း အဆင့်တစ်ခုကို ရောက်ရှိလာသည်။
***********************