← Chapters

ခွေးတိုက်ပွဲ စိန်ခေါ်ခြင်း

Vol. 4 Ch. 55

ခွေးတိုက်ပွဲ စိန်ခေါ်ခြင်း

Vol. 4 Ch. 55

"အဓိပ္ပာယ်မရှိတာတွေ ဘယ်ကရောက်လာပြန်တာလဲ၊ မြန်မြန် ဘယ်မှာလဲပြောပြ"

အားတန်နှင့် စနောက်နေဖို့ရန် ရွှီဖန်းမှာအချိန်မရှိတာကြောင့် သူ့ကို မြန်မြန်တိုက်တွန်းမိသည်။

"ကောင်းပါပြီ"

ရွှီဖန်းက ခွေးတိုက်ပွဲကို စိန်ခေါ်ရန် ဆုံးဖြတ်ပြီးသားဖြစ်နေတာကြောင့် အားတန်လည်း တားလို့ရမည် မဟုတ်တော့ချေ။ သူ့ခေါင်းကိုကုတ်ကာ ခွေးတိုက်ပွဲကွင်းပြင် တည်ရှိရာကို ပြောပြခဲ့သည်။

ခွေးတိုက်ပွဲကွင်းပြင်က 'အမတ' သစ်သီးဆိုင်နှင့် မဝေးပေ။ သူ့လက်ထဲ၌ အကြီးဆုံးခွေးလေးကို သယ်ဆောင်ပြီး လမ်းလျှောက်သွားပါက ဆယ်မိနစ်လောက်သာ ကြာလိမ့်မည်။ အားတန်အား ဆိုင်အပ်ခဲ့ပြီးနောက် ထိုနေရာသို့ ထွက်လာခဲ့သည်။

ရှောင်းချောင်၏ ခွေးတိုက်ပွဲက ခရိုင်မြို့တော်မှာ အလွန်ကျော်ကြားသည်။ ပတ်ပတ်လည်ကိုမေးမြန်းရင်းဖြင့် မြွေစိမ်းဂိုဏ်း၏အဓိကစီးပွားရေးအရင်းအမြစ်ဖြစ်သော ခွေးတိုက်ပွဲကွင်းသို့ လျှင်မြန်စွာ ရောက်ရှိလာခဲ့သည်။

ခွေးတိုက်ပွဲကွင်းဟု အမည်ပေးထားသော်လည်း တစ်ကယ်တမ်းကျ သီးသန့်ကလပ်ကြီး နှင့်ဆင်တူလှသည်။ ကြည့်ရတာ ရှောင်းချောင်က ဒီအတွက် ပိုက်ဆံတော်တော် သုံးထားပုံပင်။ ကလပ်ကြီးက ခြံနေရာတော်တော်များကို အပိုင်သိမ်းထားကာ ဆင်ထားသည့် တန်ဆာများကလည်း အလွန်အမင်း အဆင့်မြင့်လေသည်။ ခရိုင်မြို့တော်မှ တခြားအဆောက်အဦးများနှင့်ယှဥ်ပါက ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။ ကြက်အုပ်တွေထဲ ကြိုးကြာဖြူတစ်ကောင် ရပ်နေသကဲ့သို့ပင်။

ခွေးတိုက်ပွဲကွင်းကို မကြာသေးမီအချိန်ကမှ စထားတာဖြစ်နိုင်သည်။ ကလပ်ကြီး အရှေ့မှ ကားပါကင်၌ ဇိမ်ခံကားများ အပြည့်ရှိနေတာကို တွေ့ရလိမ့်မည်။

ထူးဆန်းသည်ဟု မထင်မိပေ။ ခွေးတိုက်ပွဲမှာ ခွေးတွေကို ပျိုးထောင်ရန်အတွက် ငွေအမြောက်အမြားကုန်ကျသလို လောင်းကြေးကလည်း အရမ်းများသည်။ ဆင်းရဲသောပြည်သူတို့ တတ်နိုင်သည့် အရာမဟုတ်ချေ။ ဒီကလပ်၌ ငယ်ရွယ်ချမ်းသာသည့် သခင်လေးများဖြင့်သာ ပြည့်နေလိမ့်မည်။

ဂိတ်ပေါက်ဝ၌ လူထွားကြီးနှစ်ယောက်ဟာ တံခါးစောင့်လုပ်နေကြသည်။ သူတို့၏လက်မောင်းပေါ်၌ မြွေတက်တူးကို ထိုးထားကြတာကြောင့် မြွေစိမ်းဂိုဏ်းက လူတွေမှန်း သိသာပေသည်။

အထဲဝင်လို့မရမှာကိုတော့ သူမစိုးရိမ်ချေ။ ရှောင်းချောင်ကလည်း သူ့ကိုစောင့်ကြည့်ရန်အတွက် လူတိုင်းကို အမိန့်ပေးထားရန် မဖြစ်နိုင်ချေ။

ရှောင်းချောင်၏အကျင့်စရိုက်အရ လူတစ်

ယောက်၏ပုံပန်းသွင်ပြင်ကိုကြည့်ကာ ကန့်သတ်

တတ်သည့်လူမဟုတ်ချေ။ ဘယ်လောက်ပဲ ဆင်းရဲနေပါစေ၊ ထိုလူထံမှ ဆီတစ်စက်လောက်သာ ကျန်

သည်အထိ ဖျစ်ညှစ်သိမ်းယူတတ်သော မိန်းမပင်။

အကြီးဆုံးခွေးလေးအား ဦးဆောင်၍ ခွေးတိုက်ပွဲကွင်းထဲသို့ ဟန့်တားခြင်းမခံရဘဲ သူ ဝင်ရောက်သွားနိုင်ခဲ့သည်။

အထဲသို့ဝင်လိုက်သည်နှင့် အတွင်းပိုင်းအပြင်အဆင်များက ပိုပြီးအဆင့်မြင့်နေသည်ကို တွေ့ရလိမ့်မည်။ မသိလျှင် နန်းတော်သို့ ရောက်ရှိသွားသည်ဟုပင် ထင်ရသည်။ ခြေလှမ်းနှစ်ဆယ်လောက် လျှောက်လို့အပြီးမှာ ချီဖောင်ဂါဝန်ကို ဝတ်ဆင်ထားသည့် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။ ချီဖောင်အခွဲကြားမှ သူမ၏ ခြေတံရှည်များကြောင့် ကလပ်အတွင်းရှိ လေထုက အလွန်ပူပြင်းနေ၏။

ဒါက ရှောင်းချောင်၏ အကြံဖြစ်လိမ့်မည်။ ခွေးတိုက်ပွဲက ကာစီနိုစီးပွားရေးနှင့် မခြားနားပေ။ သူတို့က ဧည့်သည်များ၏ ဟော်မုန်းတွေအားလုံး စုစည်းလာတာကို လိုချင်ကြသည်။ ဒါမှသာ ပိုပြီး စိတ်လိုလက်ရဖြစ်ကာ ပိုက်ဆံများစွာ ဖြုန်းကြလိမ့်မည်။

ထိုအလှလေး၏ လမ်းညွှန်မှုအောက်မှာ ခွေးတိုက်ပွဲကွင်း၏ အထဲသို့ သူရောက်ရှိလာသည်။ မြန်

မြန်ဆန်ဆန်ပဲ ခွေးတိုက်ပွဲကွင်းထဲမှာရှိနေသည့်လူများကို တွေ့လိုက်ရသည်။

အခန်းက ၃၀၀-၄၀၀စတုရန်းမီတာလောက် ကျယ်ဝန်းကာ ရှေးဟောင်းရောမမြို့ရှိ Colosseumနှင့် ဆင်သည်။ ပတ်ပတ်လည်မှာ ထိုင်ခုံတွေအပြည့်ရှိကာ အလယ်မှာတော့ ကြီးမားသော သံတိုင်လှောင်အိမ်ကြီး ရှိလေသည်။

ရှောင်းချောင်၏ ခွေးတိုက်ပွဲက အလွန်ကျော်ကြားတာကြောင့် လူအပြည့်ရှိနေသည်။ ထိုလူများက တောက်ပသော အဝတ်အစားများ ဝတ်ထားကြကာ မိန်းမတွေကို ရင်ခွင်ထဲထည့်ဖက်ထားကြသည်။ မျက်လုံးနီများဖြင့် အလယ်မှာ တိုက်နေသည့် ခွေးနှစ်ကောင်ကို အော်ဟစ်အားပေးနေကြသည်မှာ လူဆိုးလူပေများနှင့်တူလှသည်။

လှောင်အိမ်ထဲမှာတော့ ခွေးနှစ်ကောင်ဟာ အသက်ကိုရင်း၍ တိုက်ခိုက်နေသည်။ သားရဲနှစ်ကောင်ကြားက တိုက်ပွဲက လူတိုက်ပွဲတွေထက်ကိုပိုပြီး သွေးထွက်သံရဲ ရှိလှသည်။ ဤကဲ့သို့ လှုံ့ဆော်မှုကပဲ သူတို့ကို ပျော်ရွှင်စေတာကြောင့် ရှောင်းချောင်၏ ခွေးတိုက်ပွဲကို လာကြခြင်း ဖြစ်ပေသည်။

အလယ်မှာရှိနေသည့် ခွေးနှစ်ကောင်အပေါ်မှာ သယ်ဆောင်ထားသည့် လောင်းကြေးပမာဏ၏ဆွဲဆောင်မှုကြောင့်လည်း သူတို့က အားတက်သရော အားပေးနေကြသည်။

ရွှီဖန်းက ဝင်ပြိုင်ရန် အလျင်မလိုချေ။ ဒီနေ့ သူလာခဲ့သည့် ရည်ရွယ်ချက်က ခွေးတိုက်ပွဲကွင်းတစ်ခုလုံးကို သိမ်းကျုံးပစ်ရန်ဖြစ်သည်။

ပတ်ဝန်းကျင်ကို ခဏလောက် လေ့လာပြီးနောက်မှာ ခွေးတိုက်ပွဲ၏ စည်းမျဥ်းတွေကို သူနားလည်ခဲ့သည်။ 

လောင်းကစားပွဲဆိုမှတော့ သူလုပ်ရန်လိုအပ်သည်က ခွေးတိုက်ပွဲမစခင် လောင်းကြေးရုံမှာ လောင်းကြေးသွားထည့်ရုံပင်။ 

သို့သော် ခွေးတိုက်ပွဲကွင်းမှ ခွေးများနှင့် တိုက်ခိုက်ဖို့ရန်အတွက် အရင်ဆုံးစာရင်းသွင်းရဦးမည်။

"စာရင်းသွင်းဖို့ ဖောင်ရနိုင်မလား"

စာရင်းသွင်းရုံကို တွေ့သည်နှင့် သူ့အရှေ့မှ မန်နေဂျာထံ ဖောင်တောင်းလိုက်သည်။

ဖောင်ဖြည့်သွင်းရန် လိုအပ်သည့်အချက်အလက်များက ခွေးတိုက်ပွဲနှင့်ပတ်သက်သည့်အကြောင်းအရာ အများစုပါဝင်ပြီး ပိုင်ရှင်၏ အချက်အလက်များကိုလည်း ရိုးရိုးရှင်းရှင်းမေးထားသည်။

"ညီအစ်ကို မင်း တော်တော်လေး ယုံကြည်ချက်ရှိနေတာလား"

မန်နေဂျာက ရွှီဖန်းဘေးမှ ခွေးလေးကိုကြည့်ကာ သူ့ပါးစပ်မှ လှောင်ချင်ပြက်ရယ်ချင်သည့် အသံထွက်လာတော့သည်။ ဒီနှစ်တွေထဲမှာ ခွေးတိုက်ပွဲကွင်း၌ အလုပ်လုပ်ခဲ့ရသည်။ သူက အရည်အချင်းရှိသည့် ခွေးလေ့ကျင့်ပေးသူ မဟုတ်ရင်တောင်မှ အကြည့်

တစ်ချက်ဖြင့် ခွေးအမျိုးအစားကို သိဖို့ဆိုတာကတော့ မခက်ခဲပေ။

ရွှီဖန်းကလည်း ခွေးနှင့်အတူ ရောက်လာသည်။ ရွှီဖန်း၏ခွေးက ကောင်းမွန်သည့်တိုက်ပွဲခွေးမဟုတ်ဘဲ တရုတ်လယ်တောခွေးသာ ဖြစ်ကြောင်းကို သူပြောနိုင်သည်။

ရွှီဖန်းက ခွေးကို ရည်ရွယ်ချက်ရှိရှိ ဒုက္ခပေးနေတာလားတော့ မသိနိုင်ပေ။ စာရင်းသွင်းခြင်းက စရံငွေ ယွမ်တစ်သိန်း ကျသင့်သည်။

ရှုံးပါက တစ်ပြားမှ ပြန်မရသော်ငြား အနိုင်ရရှိသွားလျှင် ယွမ် နှစ်သိန်း ပြန်ရပေလိမ့်မည်။ ဒီစည်းမျဥ်းကြောင့် တစ်ယောက်ယောက်က ပြဿနာလာရှာမှာကိုလည်း ဂရုစိုက်စရာမလိုတော့ပေ။ သူတို့ဘက်ကတောင် ယွမ်တစ်သိန်း အလကား ရဦးမည်။

"ကောင်းပြီ ငါတို့ မင်းခွေးကို အရင်ယူထားမယ်...တိုက်ပွဲစတော့မယ်ဆိုရင် ငါတို့ မင်းကို သတိပေးမယ်"

ထိုအချိန် မန်နေဂျာသည် ရွှီဖန်း၏ ဖောင်ကိုယူကာ သူ့လက်အောက်ငယ်သားအား ခွေးကို အောက်ခေါ်သွားဖို့ အော်ပြောနေခဲ့သည်။ ပြီးမှ ရွှီဖန်းအတွက် နံပါတ်ပြားတစ်ခုပေးလာသည်။

သူ့လက်ထဲမှ နံပါတ်ပြားက အမှတ်စဥ်လေးဖြစ်သည်။ သူ့ရဲ့အကြီးဆုံးခွေးလေး မတိုက်ခင် အရှေ့မှာ သုံးပွဲကျန်နေသေးသည်။ 

ဒါက အနည်းဆုံးတော့ မိနစ်နှစ်ဆယ်လောက် စောင့်ရပေမည်။ ရွှီဖန်း အနည်းငယ် စိတ်အနှောင့်အယှက်

ဖြစ်လာတာကြောင့် နံပါတ်ပြားကို သိမ်း၍ အနားမှာရှိသည့် ဝန်ထမ်းကို သန့်စင်ခန်းတည်နေရာ မေးလိုက်သည်။

မကြာလိုက်ပေ၊ သူသန့်စင်ခန်းကို ရှာတွေ့ကာ မအောင့်ထားနိုင်တော့ဘဲ အမြန် အိမ်သာကို ပြေးသွားလိုက်သည်။

"ဟမ်"

အိမ်သာထဲသို့ပြေးဝင်စဥ်အခိုက်အတန့်၌ သူ့ဘောင်းဘီကိုချွတ်ဖို့ပြင်စဥ်မှာပဲ ပတ်ပတ်လည်ကိုကြည့်ကာ ထိတ်လန့်သွားရသည်။

လူချမ်းသာတွေရဲ့ အမူအကျင့်က နည်းနည်းတော့ ထူးဆန်းပေမယ့်လို့....

အိမ်သာထဲ ယောကျ်ားလေးဆီးသွားခွက်က မရှိဘူးလား!

အတိတ်မှာတုန်းက ရွှီဖန်းက ဒီအတိုင်း အလုပ်သမားပဲဖြစ်ကာ အဆင့်မြင့်ကလပ်ကိုလည်း မသွားဖူးချေ။ အခု အိမ်သာထဲ၌ ဆီးသွားခွက်မတွေ့ရခြင်းက သူ့ကို စိတ်ရှုပ်ထွေးစေသည်။ 

ရွှီဖန်းသည် ထိုအကြောင်းတွေးတောဖို့ရန် စိုးရိမ်

ပူပန်လွန်းနေသည်။ ပြီးမှ ဘောင်းဘီကိုဆွဲတင်၍ အခန်းလွတ်တစ်ခုကိုရှာလိုက်သည်။

တံခါးကိုဖွင့်ကာ ဝင်လိုက်ပြီးနောက် ဘောင်းဘီကိုဆွဲချလျက် ရွှီဖန်းအငယ်လေးကို ထုတ်လိုက်သည်။ သူအသက်တစ်ချက်ရှူထုတ်ကာ အပေါ့သွားလိုက်တော့သည်။

အပေါ့သွားနေစဥ် သီချင်းလေးညည်းနေသည့် ရွှီဖန်းခဗျာ သူ့ရှေ့မှ မြင်ကွင်းတစ်ခုကြောင့် ခန္ဓာကိုယ်ထဲမှ အရည်များအား အတင်းပြန်ဖိသွင်းလိုက်ရသည်။

ဖာ့ခ်! ဒီမိန်းကလေးက ယောကျ်ားလေး သန့်စင်ခန်းထဲကို ဘာလာလုပ်တာလဲ!

ရွှီဖန်းသည် သူ့ကိုယ်သူ ကိုယ်တိုင်ကပဲ တံခါးမှားဝင်လာသည်ဟု မထင်ပေ။ ဒီအမျိုးသမီးက အိမ်သာထဲဝင်လာကာ သူမ၏ အဝတ်တစ်ဝက်ကို ချွတ်ချနေသည်။

သူမ၏စကပ်နှင့် အနက်ရောင်အသားကပ်ဘောင်းဘီအား ချွတ်ချကာ အိမ်သာအပေါ် ထိုင်ချခဲ့သည်။ အခုလို ရှက်စရာကောင်းသည့် အခြေအနေမှာ မိန်းကလေးဝင်ချလာတာကို မမျှော်လင့်တာတော့ အမှန်ပဲ။ သူ့မှာတော့ ဘောင်းဘီချွတ်၍ ငှက်ကို ထုတ်ထားလျက်သား ဖြစ်နေ၏။

တံခါးပိတ်နေသည့် သူမကို ကြည့်ရင်း သူ့မျက်လုံးများက ကြောင်အမ်းအမ်းဖြစ်ကာ ပြူးကျယ်သွားခဲ့သည်။

"ထူးဆန်းလိုက်တာ...တစ်ယောက်ယောက်နဲ့ဆင်နေသလားလို့"

ရောက်လာကတည်းက တစ်ဖက်မိန်းကလေး၏ မျက်နှာကို သူသေချာမမြင်ရသေးချေ။ ထိုအခိုက်အတန့်မှာ သူမကလည်း မျက်နှာမော့လာသလို ရွှီဖန်းသည်လည်း မျက်မှောင်ကြုတ်မိတော့သည်။

*******************

All Chapters