စစ်မှန်သောစွမ်းရည်
Vol. 5 Ch. 61
လောင်းကြေးထပ်လို့ပြီးသွားသည့်အချိန်ထိ ခွေးနှစ်ကောင်က မတိုက်သေးတာကြောင့် လူတိုင်း အံ့သြသွားရသည်။ ရှီရှီက အကွာအဝေးတစ်ခုကနေ လမ်းလျှောက်နေကာ အကြီးဆုံးလေး၏ ခွန်အားကို ကြောက်ရွံ့နေသလိုမျိုး ရှေ့မတက်လာပေ။
ထိုအချင်းအရာကိုမြင်သည့်အခါ ရှောင်းချောင် စိတ်ဆိုးလာတော့သည်။ သူမမတ်တပ်ရပ်ကာ ပွဲကြည့်စင်ပေါ်ကနေ လှောင်အိမ်ထဲမှ ရှီရှီကို အော်လိုက်သည်။
"ရှီရှီ ဘာကိုစောင့်နေတာလဲ! အဲ့ဒီခွေးကို သေအောင်ကိုက်သတ်လိုက်တော့!"
ပြောပြီးသည်နှင့် ရှောင်းချောင်က အကြီးဆုံးလေး၏သခင်ဖြစ်သူ ရွှီဖန်းအား လှည့်ကြည့်လာသည်။ သူမ၏ရက်စက်သော အကြည့်များက ရွှီဖန်းကို အနည်းငယ် မပျော်မရွှင်ဖြစ်စေသည်။
ငါက မင်းကို ကြောက်စရာလား။
"အကြီးဆုံးလေး ငါပြောထားတဲ့အတိုင်းဆက်လုပ်ထား!"
သခင်နှစ်ယောက်၏အမိန့်ကြောင့် ခွေးနှစ်ကောင်
လည်း လှုပ်ရှားမှု စလုပ်လာသည်။ ရှီရှီက အလွန်
မြန်ဆန်သည့်အရှိန်ဖြင့် သူ့ဆီလာနေတာမြင်သည့်အခါ အကြီးဆုံးလေးကလည်း ဟိန်းဟောက်ကာ ရှီရှီကို ခုန်အုပ်လိုက်သည်။
တစ်ဖက်က ခွေးတိုက်ပွဲကွင်းမှ တိုက်ပွဲခွေးဖြစ်ကာ လှုံ့ဆော်ခံထားရတာကြောင့် ကြမ်းကြုတ်ရက်စက်နေသည်။ နောက်တစ်ဖက်ကလည်း ကောင်းကင်ဘုံနတ်ခွေး၏ သွေးကိုဆက်ခံထားသည့် နတ်ခွေးဖြစ်သည်။ နှစ်ကောင်လုံး၏အရှိန်က အလွန်
မြန်ဆန်ပေသည်။ ခဏအတွင်းမှာ နှစ်ကောင်စလုံး နေရာတစ်ခုကိုရောက်သွားကြသည်။
ရှီရှီက ခွေးတိုက်ပွဲများစွာ မပြိုင်ထားဖူးပေ။ သို့သော်ငြား အကြိမ်ရေအနည်းငယ်နှင့်တင် ပွဲကြည့်
ပရိတ်သတ်များအပေါ်၌ အလွန်ကြောက်စရာကောင်းသည့် အမြင်ကို ချန်ထားခဲ့သည်။ သူတို့နှလုံးသားထဲမှ ရှီရှီက မကျရှုံးနိုင်သောခွေးဖြစ်ခဲ့သော်လည်း လက်ရှိမြင်ကွင်းကတော့ သူတို့ကို အလွန်အံ့အားသင့်စေသည်။
ရှီရှီက အကြီးဆုံးလေး၏ သဘာဝလွန်ဆန်နေသော ခွန်အားကြောင့် နောက်ပြန်လွင့်ထွက်သွားရသည်။
"ဘာ! ဒါက...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ရှီရှီက တစ်ကယ်ကြီး လွင့်သွားတယ်လား"
လူအများစုသည် အကြီးဆုံးလေးက ခွေးမလေးများကို စွဲလမ်းနေသည့် ခွေးဖြစ်ရုံသာ ဟူ၍ ထင်ခဲ့ကြသည်။ အခု ဘယ်လောက်ထိ ခွန်အားကြီးနေလဲ မျက်မြင်တွေ့ရသည့်အခါ သူတို့မှာ အံ့သြလွန်းလို့ စကားမပြောနိုင်ပေ။
အကြီးဆုံးလေးမှာ တစ်ကယ်ကို စွမ်းရည်ရှိနေ၏။
အူး!
ရှီရှီအား ကန်ထုတ်ပြီးနောက် အကြီးဆုံးလေးက မရပ်သွားပေ။ ကျယ်လောင်စွာ အူရင်း ရှီရှီကျသွားသည့်နေရာကို ပြေးလွှားသွားသည်။ သူ့ရဲ့အလျင်က ဥက္ကာပျံထက်တောင် မြန်သေးသည်။
ထို့နောက် ရင်းနှီးနေသည့်မြင်ကွင်းက ထပ်ဖြစ်လာသည်။
ရှေ့တစ်ခေါက်နှင့်မတူသည်က ဒီတစ်ကြိမ်မှာ အကြီးဆုံးလေးကို မြန်မြန်လက်ဦးယူနေခြင်းဖြစ်သည်။ သူက ရှီရှီ၏ အနောက်ဘက်ဖင်ဆီ ပြေးဝင်လာခဲ့သည်။
အကြီးဆုံးလေး စိတ်အားထက်သန်နေပုံအား ကြည့်
ရင်း ရွှီဖန်းမှာ မထိန်းနိုင်ဘဲ ရယ်မိတော့သည်။ ဒီနန့်
တန့်တန့်သူ့ခွေးကတော့ တော်တော်ထိန်းထားရသည့်ပုံပင်။
ရုတ်တရက် သူ့နောက်ကျောမှ အအေးဓာတ်ကို ခံစားလိုက်ရသည်။ မသိစိတ်မှအလိုလို အနောက်ကိုလှည့်ကြည့်မိရာ ထိတ်လန့်သွားရသည်။
ရှောင်းချောင်တစ်ယောက် ဘယ်အချိန်ကထလာပြီး သူ့နောက်ကိုရောက်လာမှန်း မသိခဲ့ပေ။ သူမက သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။
ပိုင်ရှင်ပီသစွာပင် သူ တိုက်ရိုက် ကြားမဖြတ်ပေးချင်ပေ။
သူ ဘာမှမသိသလိုမျိုး ဟန်ဆောင်ကာ သူမကို အပြစ်ကင်းစွာ ပြုံးပြလိုက်သည်။
"ရှောင်းချောင် ငါတို့ ဘယ်လောက် ကံကောင်းလည်း ကြည့်ပါဦး၊ ငါတို့ခွေးတွေက အချင်းချင်း ချစ်မြတ်နိုးနေကြပြီ၊ ခွေးလေးနှစ်ကောင်က ရှက်စရာတချို့ပြုလုပ်နေရုံပါပဲ...ပျော်ဖို့မကောင်းဘူးလား"
"မင်းရဲ့ခွေးကို ငရဲ ခေါ်သွားလိုက်!"
ဒီအရှက်မရှိသည့် ရွှီဖန်းက သူမကို ထိုအကြောင်း ပြောရဲသေးသည်။ ရှောင်းချောင်မျက်လုံးထဲမှ ဒေါသများက ပိုပြင်းထန်လာသည်။
သိထားရမည်မှာ ရှီရှီလိုခွေးမျိုးက မိတ်လိုက်ချိန်များများမရှိဘဲ တစ်နှစ်နေလို့ တစ်ခါသာ ဖြစ်တတ်သည်။ အခု ရှီရှီ့ဆီမှ အရည်အသွေးမြင့်ခွေးတစ်ကောင်ထပ်ရမည့်အခွင့်အရေးကို ရွှီဖန်း၏ခွေးက ယူဆောင်သွားသည်။ ဒီဆုံးရှုံးမှုက သန်းအနည်းငယ် ဆုံးရှုံးရတာနဲ့တောင် မတူပေ။
ရှောင်းချောင်မှာ ရွှီဖန်းအား လုံးဝသတ်ဖြတ်ချင်နေတော့သည်။
ရွှီဖန်းကတော့ စပ်ဖြဲဖြဲဖြင့် စကားပြန်လာသည်။
"မလုပ်ပါနဲ့ မင်းရဲ့ခွေးမလေးကလည်း ပျော်ရွှင်နေတာနော်...သူအလိုရှိမှာမဟုတ်ဘူး"
"မင်းနားလည်အောင် ငါစကားတချို့ ထပ်ပြောပေးလို့ လိုသေးလား!!!"
ရှောင်းချောင်က သူ့ကို အေးစက်စက်ထပ်စိုက်ကြည့်လာသည်။ သူမအနောက်မှာ ရပ်နေသော မြွေစိမ်းဂိုဏ်းမှ လူများစွာကလည်း စလှုပ်ရှားလာကြသည်။
"အဟွတ် အဟွတ် ကောင်းပြီလေ"
အကြီးဆုံးလေးကလည်း စိတ်ကျေနပ်လောက်ပါပြီ။ သူသာ ရှောင်းချောင်နှင့် ထပ်ကစားနေပါက သူ့ကြောင့် သူမ ဒေါသထွက်ရလွန်းလို့ သေသွားလိမ့်မည်။ ရွှီဖန်းတစ်ယောက် သူ့နှာခေါင်းကိုပွတ်ကာ အကြီးဆုံးလေးကို အော်ပြောလိုက်သည်။
"အကြီးဆုံးလေး ဝပြီလား၊ ဝပြီဆိုရင် လောင်ဇီဆီ ပြန်လာခဲ့တော့"
အူး!
"အာ...ခဏလောက်စောင့်ပါ"
ရှောင်းချောင်၏ သေစေနိုင်သော အကြည့်များကြောင့် ရွှီဖန်းသည် သူ့နှာခေါင်းကို နေရခက်စွာ ထပ်ပွတ်လိုက်မိသည်။
"မင်း သောက်ကောင်လေး! အဖေကခေါ်နေတာကို ဘာလို့မလာတာလဲ! ငါမင်းကို သင်းကွပ်ပစ်မှာနော်"
ဝူး ဝူး
ထိုစကားကြားတော့မှ အကြီးဆုံးလေးက လက်လျှော့တော့သည်။ ရှီရှီအတွက်မူ သူက အကြီးဆုံးလေးထွက်ခွာရာနောက် ခါးသက်စွာကြည့်နေပြီး ရှောင်းချောင်ကိုလည်း အချိန်ခဏလောက်ပျော်ခွင့်ပေးပါဆိုသည့် အသနားခံအကြည့်ဖြင့် ကြည့်နေရှာသည်။
"မစ္စ ဒါကျတော့ ဘယ်လိုတွက်ရမလဲ"
ခွေးတိုက်ပွဲက ရယ်ဖွယ်ရာအနေဖြင့် ပြီးဆုံးသွားကာ ယခင်ကတိုက်ပွဲများနှင့် ကွာခြားနေသည်။ ဒီတစ်
ကြိမ်မှာက ဘော့စ်ရဲ့ခွေးလည်း ဖြစ်နေသေးသည်။ ဒိုင်လူကြီးမှာ ဂရုမဲ့စွာဖြင့် ဆုံးဖြတ်ချက်မချရဲပေ။ ဒါကြောင့် ရှောင်းချောင်၏ဘေးနားကို ပြေးသွားကာ ခွင့်ပြုချက် တောင်းခံနေသည်။
ရှောင်းချောင်က သူ့ကို ပြင်းထန်စွာကြည့်လာ၍ အံကိုကြိတ်ကာ ဆူငေါက်လာသည်။
"ငါ မင်းကို သင်ပေးဖို့ လိုသေးလို့လား၊ အခုထွက်လာတဲ့ရလဒ်အရ ဘယ်လိုဆုံးဖြတ်ရမလဲဆိုတာ!"
ဒီနေရာမှာသာ သူမအရှုပ်အထွေးလုပ်မိပါက နှစ်ပေါင်းများစွာတည်ဆောက်လာသည့် ခွေးတိုက်ပွဲ၏ ဂုဏ်
သတင်းများအားလုံး ပျက်စီးသွားလိမ့်မည်။ ဒါက မမျှတပေ။
သူမလုံးဝလက်မခံနိုင်ပေ။ ဒါကြောင့် ဒီအရှုံးကို တိတ်တဆိတ်လက်ခံရန်သာ ရှိသည်။
အနိုင်လောင်းကြေးကိုထိန်းထားနိုင်သည့် ရွှီဖန်းအား သူမခါးသက်မှုအပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
"ရွှီမျိုးရိုးကောင် မင်းအခုထွက်သွားသင့်ပြီမလား"
"မဖြစ်နိုင်တာ"
အနိုင်ရထားသည့် ပိုက်ဆံများကို လက်ခံပြီးနောက် ရွှီဖန်း သူမကို ပြုံးပြကာ ပြောလိုက်သည်။
"ရှောင်းချောင် မင်းကတွန့်တိုလွန်းတာပဲ၊ ငါမင်းကိုလှည့်စားခဲ့တာလည်း မဟုတ်ဘူးလေ၊ ငါ့ခွေးကသာ မင်းခွေးကို လှည့်စားခဲ့တာလေးနဲ့ ငါ့ကို ဒီလိုပဲ မုန်းတီးလိုက်တာလား"
"ပြီးတော့ ငါရပ်တော့မယ်လို့ မင်းကို ဘယ်အချိန်က ပြောခဲ့လို့လဲ"
*************************