ဘာလဲ နားမလည်ဘူးလား
Vol. 5 Ch. 62
ကာစီနိုမှာဆိုလျှင် မင်း စိတ်ကျေနပ်သွားသည်နှင့် ရပ်ရမှာက စည်းမျဥ်းတစ်ခုလိုဖြစ်နေသည်။ ဒါက အလောင်းကစားသမားတွေ လိုက်နာသင့်သည့် စည်းမျဥ်းဖြစ်ကာ ပြောစရာမလိုဘဲ လူတိုင်းသိထားကြသည်။ မင်း ဘယ်လောက်ပဲနိုင်ထားပါစေ စည်းမျဥ်းချိုးဖောက်ပါက လောင်းကစားရုံမှ ဆွဲထုတ်ခံရလိမ့်မည်။
ရွှီဖန်းကတော့ ထိုစည်းမျဥ်းတွေကို မသိပေ။ သူသိတာတစ်ခုက ရှောင်းချောင်ကို သေသည်အထိ တိုက်ခိုက်ရန်သာသိသည်။ သူ လုံးဝ မကြောက်ပေ။
ထိုသတ္တိနှင့်အတူ ခွန်အားကလည်း ရွှီဖန်းမှာ ရှိနေသည်။ အကြီးဆုံးလေးနှင့် ခွေးနှစ်ကောင်၏ ပွဲဆက်တိုက်ကြောင့် ပွဲကြည့်ပရိတ်သတ်မှာ လွန်စွာအံ့သြနေကြသည်။
ခွေးက နည်းနည်းတော့ လမ်းလွဲနေသော်ငြား သူသန်မာတာကိုတော့ ငြင်းလို့မရပေ။ ရှီရှီကို လွင့်
ထွက်အောင်လုပ်နိုင်သည့် တိုက်ပွဲခွေးဆိုလို့ ရွှီဖန်း၏ အကြီးဆုံးလေးကိုသာ သူတို့မြင်ဖူးသေးသည်။
သားရဲတွေမှာ လူတွေကဲ့သို့ စည်းမျဥ်းစည်းကမ်းများမရှိဘဲ ခွန်အားကသာ အဓိကပင်။ T-Rexနှင့် ရှီရှီတောင်မှ အညံ့ခံခဲ့ရသည့် ထိုခွေးက ထူးခြားနေတာတော့ သိသာသည်။
ရွှီဖန်းကိုသာ ဆက်ပြီး ပြိုင်ခွင့်ပေးလိုက်ပါက ခွေးတိုက်ပွဲကွင်းက ချမ်းသာနေရင်တောင်မှ ၎င်းကိုဆန့်ကျင်၍ နိုင်ဖို့ မလုပ်နိုင်ပေ။
လွန်ခဲ့သည့်ရက်က ရှောင်းချောင်က ရွှီဖန်းကို စာအိတ်တစ်အိတ် ပေးခဲ့ကာ ပထမအရှုံးကို လက်ခံခဲ့သည်ဟု ဆိုလို့ရသည်။ သို့သော်ငြား ထိုကိစ္စအပြီးမှာ သစ်သီးဆိုင်လေးသာဖွင့်ထားသည့် ရွှီဖန်းအဖို့ သူမကို ထပ်ပြီးအပြစ်မပြုရဲတော့ဘူးဟု သူမ တွေးခဲ့သည်။ သို့သော်ငြား သူက သူမစိတ်တိုအောင် နောက်တစ်
ကြိမ်လုပ်လိုက်ပြန်သည်။
ခွေးတိုက်ပွဲကို နှစ်ပေါင်းများစွာ ဦးဆောင်လာသည့်လူအနေဖြင့် ရှောင်းချောင်သည် လက်ရှိရှိနေသည့် လူအားလုံးထက် အကောင်းနှင့်အဆိုးကို သိရှိလေသည်။
ရွှီဖန်းကို ဒီမှာ ကြာကြာနေခွင့်မပေးနိုင်ပေ။ မဟုတ်
လျှင် သူမကို စောင့်နေမည့်အရာက ဒေဝါလီခံရခြင်းပင်။
"ရွှီဖန်း မင်း ဘာကိုဆိုလိုတာလဲ"
ရှောင်းချောင်က ရွှီဖန်းကို အေးစက်စွာကြည့်နေသည်။ ပတ်ပတ်လည်မှာ လူများစွာကြည့်နေကြတာကြောင့် လူတွေ၏စိတ်နှလုံးကို ဆုံးရှုံးရမည့် နည်းလမ်းကို သူမ မသုံးနိုင်ဖြစ်နေသည်။
"ငါဘာကိုဆိုလိုတာလဲ"
အလှလေးတွေက အလှလေးတွေသာဟု ပြောရမည်
ပင်။ ရှောင်းချောင်သည် စိတ်ဆိုးနေတာတောင်မှ သူမက အလွန်ကြည့်ကောင်းနေသေးသည်။ အနည်းဆုံးတော့ ရွှီဖန်းမျက်လုံးထဲ၌ သူမက ရိုက်ချခံထားရသည့်အမူအရာ ဖြစ်နေတာကြောင့် မျက်စိပသာဒရှိလှသည်။
"ရှောင်းချောင် ငါဘာပြောခဲ့လဲ မေ့သွားတာလား"
"မင်းကိုနှစ်ဆပြန်ခံစားစေရမယ်လို့ ငါပြောခဲ့တယ်၊ မင်းစိတ်ထင် ငါက ဟာသလုပ်နေတယ် ထင်လို့လား"
မြွေစိမ်းဂိုဏ်း၏ အုပ်ချုပ်သူတစ်ဦးအနေဖြင့် ရှောင်းချောင်နှင့် ရွှီဖန်းကြားမှ ကွာခြားသော အဆင့်အတန်းသည် တိမ်နှင့် ရွှံ့ကဲ့သို့ ဖြစ်နေသည်။ သူမမျက်လုံးထဲ၌ ရွှီဖန်းက ပုရွက်စိတ်နှင့်တောင် နှိုင်းယှဥ်၍ မရခဲ့ပေ။ ရွှီဖန်းကို သတ်ခြင်းဆိုတာက သူမစိတ်ကူးပေါက်ရာလုပ်နိုင်သည့်အရာဖြစ်ခဲ့သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က မြွေစိမ်းဂိုဏ်းမှ လုပ်ဆောင်ခဲ့သည့် သောင်းကျန်းမှုကြောင့် 'အမတ'ဆိုင်ကလည်း သူတို့တောင်းဆိုလာသည့်အရာကို ငြင်းပယ်ခဲ့သည်။ ဒါ့အပြင် ဝူယွီရွှမ်း၏ သေရင်းရှင်းရေးကလည်း ဘာမှမသိရပေ။ ရှောင်းချောင်က ခရိုင်မြို့တော်၏ကိစ္စများ၌ ပါဝင်ပက်သတ်ကာ ဝေဖန်ခွင့်ရှိနေသည်။
ဒါတွေအားလုံးက ရှောင်းချောင်ကြောင့်ပင်။
ရွှီဖန်းက လယ်သမားတစ်ယောက်ဖြစ်သည်။ သို့သော်ငြား အဆင့်အတန်းနိမ့်နေတာနဲ့ပဲ လူတစ်ယောက်က အားနည်းတယ်ဟု မဆိုလိုပေ။ ရှောင်းချောင်က သူမလုပ်ရပ်တိုင်းအတွက် ပြစ်ဒဏ်ခံသင့်သည်။
"ရှောင်းချောင် ငါတို့ကြားက ကစားပွဲက စတောင်မစရသေးဘူး...ကြောက်နေပြီလား"
ရွှီဖန်း လှောင်ပြောင်လျက် သူမကို ကြည့်လိုက်သည်။ ခုနလေးတင်က အကြီးဆုံးလေး ဖျော်ဖြေပြထားသည့် အံအားသင့်စရာအဖြစ်အပျက်က 'မလွှမ်းမိုးနိုင်'ဟု ဖော်ပြလို့ရပေသည်။
သူသာဆန္ဒရှိလျှင် ခွေးတိုက်ပွဲကွင်းတစ်ခုလုံးကို သိမ်းကြုံးဖို့က ပြဿနာမဟုတ်ချေ။ ရုပ်ပိုင်းဆိုင်ရာခွန်အားကို မေးခွန်းထုတ်ခဲ့ရင်တော့လား...
ရွှီဖန်း ရယ်၍ ပြောလိုက်သည်။
"အိုး ဟုတ်သား...အကြီးဆုံးလေးကို တစ်စတစ်စပင်ပန်းအားလျော့အောင်လုပ်ပြီး သတ်မယ်လို့တော့ မတွေးလိုက်နဲ့...ငါ့မှာ အကြီးဆုံးလေးလိုခွေးမျိုး နောက်ထက် ခြောက်ကောင် ကျန်နေသေးတယ်"
ညီမဖြစ်သူက ခွေးလေးတွေကို ဘူးသီးလုံးလေးများဟု အမည်ပေးထားသည်။ ထိုခုနစ်ကောင်လုံးက ကောင်းကင်ဘုံကနေ မွေးဖွားလာခဲ့ကြတာဖြစ်သည်။ အကြီးဆုံးလေးမှာ ဒီလိုစွမ်းရည်ရှိနေပါက ကျန်သည့် ခြောက်ကောင်မှာလည်း ရှိနေလိမ့်မည်။
"ကျစ်! ကျစ်! ကျစ်! စိတ်ဝင်စားဖို့ကောင်းတယ်"
"ညီအစ်ကို မင်းက တစ်ကယ်ရက်စက်တာပဲ၊ ရှောင်းချောင်က လှပတဲ့အမျိုးသမီးပဲလေ၊ မင်း သူမကို ဒီလိုပဲ အသေသတ်မလို့လား"
"ဟီးဟီးဟီး နောက်ထပ်တစ်ယောက်ကတော့ သေဖို့ မကြောက်ပြန်ဘူး"
ရှောင်းချောင်က မြွေစိမ်းဂိုဏ်း၏ခေါင်းဆောင်မှန်း ဒီမှာ ရှိနေသည့်လူတိုင်းသိလေသည်။ ဒီနှစ်တွေထဲမှာ ရှောင်းချောင်၏ ရက်စက်သောနည်းလမ်းများကိုသာ ကြုံတွေ့ခဲ့ရတာကြောင့် ဒီလိုလှပပြီးအေးစက်သည့် အမျိုးသမီးကို အပြစ်အနည်းငယ်လေးတောင် မပြုလုပ်ရဲကြပေ။
အခု ကျိုးကြောင်းမဆင်ခြင်သော လူငယ်လေးတစ်ယောက်က သေမှာမကြောက်ဘဲ ထွက်ပေါ်လာပြီး ရှောင်းချောင်ကို ပွင့်လင်းစွာ စိန်ခေါ်နေသည်။ လူအုပ်ကြီးမှာ စိတ်မဝင်စားဘဲ မနေနိုင်တော့ချေ။
ထိုအခိုက်အတန့်မှာ သူတို့တောင် မသိလိုက်ဘဲ ရွှီဖန်းတို့နားမှာ ဝိုင်းအုံကုန်ကြသည်။ ဘယ်သူက အဆုံးမှာ ရပ်နိုင်မလဲ သူတို့မြင်ချင်နေသည်။
"ရွှီဖန်း မင်းက ငါ့ကို တွန်းအားပေးနေတာပဲ"
အခုအချိန်မှာ ရွှီဖန်းကို ခွေးတိုက်ပွဲကွင်းမှာ ကန်
ထုတ်ရန် သူမအကြမ်းဖက်သည့် နည်းလမ်းသုံးမိပါက ခွေးတိုက်ပွဲ၏ ဂုဏ်သတင်းကျဆင်းသွားလိမ့်မည်။ ဒါက ရှောင်းချောင် မမြင်ချင်သည့် အရာပင်။
စီးပွားရေးတစ်ခုလည်ပတ်ခြင်းက ရေအဆက်မပြတ်စီးဆင်းနေရမည့် ကိစ္စအတိုင်းပင်။ အခြေခံအုတ်မြစ်ကိုဖျက်ဆီးပစ်တာက မလုပ်အပ်သည့်ကိစ္စပင်။
သို့သော်ငြား ရွှီဖန်းကလည်း အဆုံးမရောက်မချင်း ကစားချင်နေသည်။ ရှောင်းချောင်မှာ မည်သို့သော ရွေးချယ်မှုမျိုး ပြုလုပ်ရမည်မှန်း မသိတော့ချေ။
ထိုအချိန် ရှောင်းချောင်၏မျက်လုံးများက အနောက်မှာ ရပ်နေသည့် မြွေစိမ်းဂိုဏ်းမှ လူများကို လှုပ်ရှားရန် ညွှန်ကြားလိုက်တာကြောင့် သူတို့ ရွှီဖန်းကို ဝိုင်းရံလာကြသည်။
ခွေးတိုက်ပွဲကွင်း၏ လေထုက ပြင်းထန်လာသည်။
လူတိုင်းကလည်း ထိုအရာကိုမြင်သည့်အခါ လေအေးတစ်ချက် ရှူသွင်းလိုက်မိသည်။
ရှောင်းချောင်က ရက်စက်တဲ့ ဂိမ်းကို ကစားတော့မလို့လား။
ထိုအခိုက်အတန့်၌ ရှောင်းချောင်၏အပြုအမူများက လွန်ကြူးသည်ဟု သူတို့ခံစားရသော်ငြား ဘယ်သူကမှ အသံမထွက်ရဲကြပေ။ မြွေစိမ်းဂိုဏ်းကိုဆန့်ကျင်ပါက ခရိုင်မြို့တော်မှာ သေသည်အထိ အပြစ်ပေးခံရလိမ့်မည်။
"ဒါက ဘာလဲ...ရှောင်းချောင် မင်းက လူတွေကို နိုင်လိုမင်းထက်ပြုမူပြီး စီးပွားရေးလုပ်နေတာလား"
"မင်းမကစားနိုင်တော့တာနဲ့ အကြမ်းဖက်ပြီး ရပ်ခိုင်းတယ်ပေါ့"
ရွှီဖန်း မျက်လုံးစောင်း၍ သူ့ဆီလျှောက်လာကြသည့် မြွေစိမ်းဂိုဏ်းမှ တလေဂျပိုးများအား ကြည့်လိုက်သည်။
သူ မတုံးပေ။ ရှောင်းချောင်က သူ့ကို ဖိအားပေးပြီး ဖိနှိပ်ချင်နေတာပင်။
"ဒါပေမယ့် မင်းတစ်ယောက်တည်းနဲ့ ငါ့ကို ရပ်နိုင်မယ်ထင်လို့လား"
သူ့ခြေထောက်နားမှာ ဒေါသထွက်နေသည့် အကြီးဆုံးလေးအား ရွှီဖန်း ချက်ချင်း နှစ်သိမ့်ပေးလိုက်သည်။ သူ့မျက်လုံးများက ဆော့ကစားလိုစိတ်များဖြင့် ပြည့်
နှက်နေကာ သူ့ဆီလာနေသည့် တေလေဂျပိုးများအား နေရာမသွင်းပေ။
မြွေစိမ်းဂိုဏ်းမှ လူများမှာ တစ်ယောက်ချင်းဆီတိုင်းက အနိုင်လိုချင်သော စိတ်သဘာဝရှိကြသည်။ ဒါကြောင့် ရွှီဖန်း၏ အထင်သေးသောအကြည့်များကို သူတို့သည်းမခံနိုင်ကြပေ။ သူတို့လက်သီးကို မြှောက်၍ ရွှီဖန်းဆီ ပြေးလာကြသည်။
သူတို့တိုက်ခိုက်ရာမှ ဖြစ်လာမည့် အကျိုးဆက်များကို ဂရုမစိုက်ပေ။ အရိုက်ခံရပြီးသေတယ်ဆိုတာက သူတို့အတွက် ပုံမှန်ဖြစ်ရပ်တစ်ခုလိုဖြစ်နေသည်။ အခု သူတို့က ဒဏ်ရာရအောင်သာ လုပ်ရမှာဖြစ်၍ ဒီနေ့အတွက် သူတို့ ကြင်နာနေပြီဟု ပြောလို့ရသည်။
ရဲခေါ်ဖို့လား။
မြွေစိမ်းဂိုဏ်း၏ပိုက်နက်ထဲသို့ ဘယ်သူမှ မလာရဲချေ။
"ဟမ့်"
ထိုလူအုပ်စုက သူ့ဆီသို့ ပြင်းပြင်းထန်ထန်ပြေးလာသည်ကို မြင်သည့်အခါ ရွှီဖန်းသည် နှာမှုတ်လျက် အိတ်ကပ်ထဲသို့ လက်ထည့်ကာ ကောင်းကင်ဘုံ စွမ်းအား အဆောင်ကို ချိုးလိုက်သည်။
ရွှေရောင်အလင်းတစ်ချက်က သူ့မျက်လုံးထဲ၌ ဖြတ်သန်းသွားခဲ့သည်။ ကောင်းကင်ဘုံစွမ်းအားအဆောင်ထဲတွင်ပါရှိသော စွမ်းအားများက နွေးထွေးသော စီးကြောင်းအဖြစ်ပြောင်းကာ ရွှီဖန်း ခန္ဓာကိုယ်ထဲကို စီးဝင်သွားသည်။
ထိုအခိုက်အတန့်၌ ရွှီဖန်းက နောက်တစ်ယောက် ပြောင်းလဲသွားသလိုပင်။ လူအုပ်ကြီးနှင့် ရင်ဆိုင်ရသော်လည်း သူအနည်းငယ်မျှပင် မကြောက်နေပေ။ သူ့လက်သီးနှစ်လုံးဖြင့် ထိုလူများ၏ ခေါင်းကို မိတ်ဆက်ပေးလိုက်သည်။
"ဖာ့ခ် ဒီကောင် သေချင်နေတာလား"
"ကျစ် ကျစ် ကျစ် ကျစ်! ဘယ်လိုလုပ်နေတာလဲ"
လူအုပ်ကြီးက ရွှီဖန်း၏ဆုံးဖြတ်ချက်အား ဦးနှောက်မရှိဟု ပြောနေကြသည်။ ဒီကောင်လေးက မာနကြီးလွန်းသည်။
မင်းက မြွေစိမ်းဂိုဏ်းက လူတွေကို အသုံးမကျဘူးလို့ ထင်နေတာလား။ မင်းကိုယ်မင်း တစ်ချက်ပြန်မကြည့်မိဘူးလားကွ။
လွန်ခဲ့သည့် သုံးစက္ကန့်မှ လှောင်ပြောင်နေသော ရယ်သံများသည် ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။ ထိုအခိုက်အတန့်မှာ လူတိုင်း၏အမူအရာများက တစ်စုံတစ်ရာဆီမှ ထိန်းချုပ်ခံလိုက်သကဲ့သို့ပင် ထပ်တူညီနေကြသည်။ သူတို့၏ အံ့သြနေသည့်အမူအရာများက တစ်ပုံစံတည်းပေ။ လူအုပ်ကြီးအလယ်မှာ ရှိနေသည့် ရွှီဖန်းကို ကြည့်ရင်း သူတို့ ကြက်သေသေသွားတော့သည်။
သူတို့ အကုန်လုံး မိန်းမော တွေဝေနေကြသည်။ ရွှီဖန်းက မတိုင်ခင်က သာမာန်ယောကျ်ားလေးတစ်ယောက်ပဲလား သို့မဟုတ် ကောင်းကင်ဘုံကိုးဘုံမှ ဘယ်သူမှ မလွှမ်းမိုးနိုင်သည့် စစ်ပွဲနတ်ဘုရားပဲ ဆင်းသက်လာသည်လား မသိတော့ချေ။
လုံးဝ ယှဥ်ပြိုင်နိုင်မည့်သူမရှိဘဲ ပြိုင်ဘက်ကင်းပေသည်။
ဒီမြွေစိမ်းဂိုဏ်းမှ လူများသည် ညဘက် ကလေးငိုသည့်အခါ သူတို့နာမည်ပြောလိုက်ရုံဖြင့် တိတ်သွားကြသည်အထိ ကြောက်စရာကောင်းလှသည်။ ထိုလူများက ရွှီဖန်း၏ လှုပ်ရှားမှုတစ်ခုလေးကိုတောင် မခံနိုင်ကြပေ။ စာရွက်တစ်ရွက်ကဲ့သို့ပင် ရွှီဖန်း တစ်ချက်ထိုးသည်နှင့် လွင့်ပျံကုန်ကြသည်။
ဒါက ဘယ်လိုတောင် ထူးဆန်းတဲ့ အင်အားကြီးလဲ။ အလွန့်အလွန်ကြောက်ဖို့ကောင်းတာကြောင့် လူတိုင်းလူတိုင်းအား မှင်သက်သွားစေသည့်အပြင် သူတို့၏ မေးရိုးများပင် အဆစ်လွဲသွားသည်ဟု ခံစားလိုက်ရသည်။
အခုလို အံ့ဖွယ်ကောင်းသည့် ခွန်အားဖြင့် စစ်ပွဲကာလမှာဆိုလျှင် တိုင်းတစ်ခုလုံးကို ဖိနှိပ်ထားနိုင်သည့် ရက်စက်သော စစ်ဗိုလ်ချုပ်ကြီးတစ်ဦးဟု ပြောလို့ရပေသည်။
**********************