ငါမင်းကို ပစ်မှတ်ထားနေတာမဟုတ်ဘူး
Vol. 5 Ch. 63
သနားစရာကောင်းသော အသံများက တစ်သံပြီး တစ်သံ ထွက်ရှိလာသည်။ ရွှီဖန်း၏ လက်သီးအောက်မှာ သူမလူတွေ တစ်ယောက်ပြီးတစ်
ယောက်လဲကျနေတာကို ကြည့်ရင်း ရှောင်းချောင်မျက်နှာက သေလုနီးပါး ဖြူဖျော့လာသည်။ သူမ အံ့အားသင့်ကာ ပြောစရာမဲ့နေခဲ့သည်။
အမှိုက်သယ်ရုံသက်သက်ဖြင့် ထိုလူများကို သူမပျိုးထောင်ခဲ့ခြင်းမဟုတ်ဘဲ လက်ရွေးစင်အဖြစ် ပျိုးထောင်ထားခဲ့တာဖြစ်သည်။ အခုတော့ ထိုလူများက မူလတန်းကလေးများကဲ့သို့ ရွှီဖန်း ညှင်းပန်းနှိပ်စက်သမျှ ဘာမှမလုပ်နိုင်ဘဲ ရှိနေသည်။
ဒါက လုံးဝကို ထိတ်လန့်စရာပင်။
ထိုအခိုက်အတန့်မှာ ရွှီဖန်းမျက်လုံးထဲ၌ ရွှေရောင်အလင်းက ကွယ်ပျောက်သွားကာ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားစွမ်းအားများသည်လည်း ပျောက်ကွယ်သွားတော့သည်။ ရွှီဖန်းသည် အမည်မသိ နောက်လိုက်ကို နင်းထားလျက် ရှောင်းချောင်ကို ပြုံးပြနေသည်။
"ရှောင်းချောင် ငါပြောခဲ့တာတွေကို ဘာလို့မယုံတာလဲ"
"ငါပြောခဲ့တာက မင်းပျိုးထောင်ထားတဲ့လူတွေအားလုံးက အမှိုက်တွေပဲဆိုတာ...ဒီမှာ ငြင်းချင်တဲ့လူရှိကြလား"
ပြောပြီးသည်နှင့် ရွှီဖန်းသည် သူ၏တားမရသော မျက်လုံးများဖြင့် ပတ်ပတ်လည်မှ လူများကို ကြည့်
လိုက်သည်။ ထိုမျက်လုံးများအား ဘယ်သူမှ မကြည့်ရဲကြပေ။ ကြောက်ရွံ့မှုကြောင့် တစ်ယောက်ပြီးတစ်ယောက်ပင် ခေါင်းကို ငုံ့သွားကြသည်။
ဒီလိုရက်စက်သည့် အမျိုးသားက သူတို့အပေါ် မျက်စိကျလာမည်ကို ကြောက်ရွံ့နေကြသည်။
ကောင်းကင်ဖြိုခွဲလက်သီးသည် အာ့လန်ရှန်း ငယ်ရွယ်စဥ်က သင်ယူခဲ့သည့် နည်းဖြစ်ပြီး မသေမျိုးအတတ်ပညာတောင်မဟုတ်သော်ငြား ရှေးကာလကတည်းက လက်ဆင့်ကမ်းလာသည့် အတတ်ပညာဖြစ်ကာ လျှော့တွက်လို့မရချေ။ ဒီလက်သီးအတတ်နှင့်အတူ ကောင်းကင်ဘုံစွမ်းအားအဆောင်ကပါ ပါဝင်အားဖြည့်ထားသေးသည်။
လက်ရှိမြင်ကွင်းက ခွေးတိုက်ပွဲကွင်းမှာ အားပေးသံများပြည့်နေသည့် မြင်ကွင်းဖြင့် ကွာခြားနေသည်။ ရွှီဖန်း၏ လှုပ်ရှားမှုများကြောင့် သူတို့ စကားပြောရန်ပင် မေ့နေကြကာ လက်ရှိ ဤနေရာက သာမာန်မဆန်စွာ တိတ်ဆိတ်နေ၏။
ရွှီဖန်းခြေထောက်နားမှ အကြီးဆုံးလေးကသာ ဟိန်းဟောက်နေသည်။ ထိုပုံစံလေးမှာ အလံကို ဝှေ့ယမ်းလျက် ရွှီဖန်း၏ လုပ်ဆောင်မှုအတွက် အော်ပေးနေသကဲ့သို့ပင်။
ရွှီဖန်း ပြုံးကာ ရှေ့နည်းနည်းတိုးလိုက်သည်။
"ရှောင်းချောင် မင်း စီးပွားရေးလုပ်နေပြီးတော့ လာတဲ့ဧည့်သည်တွေကို ဒီလိုပဲ ငြင်းဆန်နေကြလား"
"ကြည့်...အခု အကြီးဆုံးလေးနဲ့ ကစားဖို့ နောက်ထပ် ခွေးတစ်ကောင် ရှာရတော့မယ်မလား"
'ကစားသည်'ဆိုသည့်စကားက အလွန်စိတ်ဝင်စားဖို့ ကောင်းနေသကဲ့သို့ အကြီးဆုံးလေးသည် ပျော်ရွှင်စွာပင် လျှာကို ထုတ်လာသည်။ ခွေးမလေးနှစ်ကောင်နှင့် သူကစားခဲ့ရသော်ငြား စိတ်မကျေနပ်သေးမှန်း သိသာပေသည်။
ရွှီဖန်းက ကစားသည်ဟု ဆိုထားသော်ငြား တစ်ကယ်တမ်းမှာတော့ သူမပိုက်ဆံတွေကိုခိုးနေခြင်းပင်။ ရှောင်းချောင်သည် ခံပြင်းခြင်းဖြင့် သူမခေါင်းကိုနှိမ့်ကာ ပတ်ပတ်လည်မှ လူများကို ကြည့်လိုက်သည်။
သူမသာ ခွေးတိုက်ပွဲကို ဆက်လုပ်ခွင့်ပေးလိုက်ပါက ဒီလူတွေအားလုံးက ရွှီဖန်းခွေးဆီမှာပဲ လောင်းကြေးထပ်ကြတော့မှာ သေချာသည်။ ထိုအချိန်ကျရင် ကျောက်တုံးအပုံလိုက်က သူမခေါင်းပေါ်သို့ ကျလာလိမ့်မည်။
"ရွှီဖန်း မင်းနိုင်ပြီဆိုမှတော့ နောက်ပြန်ဆုတ်ပြီး စကားပြောကြရအောင်...ဟုတ်ပြီလား"
ကျေးလက်တောရွာမှတက်လာသည့် ဒီလူအပေါ် သူမခေါင်းကို မနှိမ့်ချင်သော်ငြား သူမမှာ ရွေးချယ်စရာမရှိပေ။ သူမ၏ဒေါသများကို ဖိနှိပ်ထားရုံသာ တတ်နိုင်ပြီး တည်ငြိမ်စွာ စကားပြောလိုက်သည်။
"နောက်ပြန်ဆုတ်ပြီး တစ်ခုခုပြောကြမယ် ဟုတ်လား၊ ဒီမှာပဲ ပြောရင် မရလို့လား"
ရွှီဖန်းသည် စိတ်ရှုပ်ထွေးနေသည့်ပုံဖြင့် သူ့မျက်လုံးများကို မှိတ်ကာ ရှောင်းချောင်ကို ဆိုလိုရင်း မေးနေသည်။ ရှောင်းချောင်မှာတော့ ဒေါသကြောင့် သူမပုခုံးများပင် တဆတ်ဆတ်တုန်လာတော့သည်။
ဒီကောင် တော်တော်လွန်နေပြီ!
"ခုနကကိစ္စမှာ ကျိုးကြောင်းခိုင်လုံတဲ့ ဖြေရှင်းချက်ပေးဖို့ နောက်ပြန်ဆုတ်ပြီး တစ်ခုခုပြောမလို့လား"
ရွှီဖန်းက သူမအတွက် ခက်ခဲစေမည့်အရာကို ဆက်လုပ်နေတာကြောင့် ရှောင်းချောင်မှာ ချက်ချင်း ပြိုလဲလုနီးပါးပင်။ ရွှီဖန်းတစ်ယောက် ခေါင်းမညိတ်ခင်မှာ သူမကို မျက်လုံးများကျဥ်းမြောင်း၍ ကြည့်လိုက်သည်။
"ကောင်းပြီလေ ဒါဆိုလည်း နောက်ပြန်ဆုတ်တာပေါ့၊ ဒီကိစ္စပြီးမပြီးဆိုတာ မင်းအပေါ်မှာ မူတည်တယ်"
အရမ်းကြီးရက်စက်တာကလည်း ကောင်းသည့်အရာ မဟုတ်ပေ။ ရှောင်းချောင်၏လက်ထဲမှာ တခြားဝှက်ဖဲများလည်း ရှိနေနိုင်သည်။ ဒါကြောင့် ခွေးတိုက်ပွဲကွင်းအပြင်သို့ သူမနောက်မှ လိုက်သွားခဲ့သည်။
"မင်းတို့အားလုံး အပြင်မှာစောင့်နေ"
ခွေးတိုက်ပွဲကွင်း၌ ရှောင်းချောင်၏ သီးသန့်ရုံးခန်းရှိနေလေသည်။ သူမက ရွှီဖန်းကို သူမ၏ လက်အောက်ငယ်သားများနှင့်အတူ ဒီနေရာသို့ ခေါ်လာခဲ့သည်။
"ဒါပေမယ့်"
လက်အောက်ငယ်သားတစ်ချို့က ရွှီဖန်းကို ကြောက်လန့်စွာ ကြည့်နေကြသည်။ ဒီလူက အလွန်ကို ရက်စက်သည်။ သူတို့ထွက်သွားပါက ရှောင်းချောင်မှာ သူမကို ကာကွယ်ပေးရန် ဘယ်သူမှ မရှိတော့ချေ။ နှစ်ယောက်တည်းထားပါက တစ်ခုခုဖြစ်သွားနိုင်သည်။
"ငါ မင်းတို့ကို အပြင်မှာနေလို့ပြောနေတာ နားမလည်ဘူးလား"
ရှောင်းချောင်သည် သူမဘဝ၌ ဒီလိုမွန်းကျပ်မှုမျိုး မခံစားဖူးပေ။ သူမလူများကို ပြောရင်း ကသိကအောင့်ဖြစ်နေသောဒေါသများကို ကြာကြာမထိန်းနိုင်တော့ပေ။
သူတို့စွမ်းရည်က ဘယ်နားမှာ အသုံးဝင်လို့ နေခဲ့ချင်သေးတာလဲ!
လက်အောက်ငယ်သားများအား ဆူငေါက်ပြီးနောက် ရွှီဖန်းကို ရုံးခန်းထဲ ခေါ်လာခဲ့သည်။
ရှောင်းချောင်၏ ရုံးခန်းက အလွန်ဈေးကြီးသည့် လက်ရေးပန်းချီများဖြင့် အဆင့်အတန်းရှိလှသည်။ ရွှီဖန်းသည် ရပ်မနေဘဲ အကြီးဆုံးခုံကို ရွေးကာ ထိုင်ချလိုက်သည်။
ဒီနေရာကို သူပိုင်သလိုမျိုး ပြုမူနေသည့် ရွှီဖန်း၏သဘောထားက သူမအား ဒေါသထွက်စေ၍ မျက်မှောင်ကြုတ်လာစေသည်။ ရှောင်းချောင်၏ ဒေါသထွက်နေသော အမူအရာကို ကြည့်ရင်း ရွှီဖန်း၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကော့တက်သွားခဲ့သည်။
"ပြော ဒီကိစ္စကို ဘယ်လိုဖြေရှင်းဖို့ စီစဥ်ထားလဲ"
"............"
သည်းခံ!
ရှောင်းချောင်က သူမလက်သီးအား တင်းတင်းကြပ်ကြပ်ဆုပ်ထားသည်။ အခုအချိန် သူမလုပ်နိုင်သည့်အရာက သည်းခံခြင်းပင်။ ဘယ်နည်းလမ်းပဲသုံးရပါစေ ဒီကပ်ရောဂါနတ်ဘုရားအား သူမ အဝေးကို ပို့ပစ်ရမည်။
"ရွှီဖန်း ငါတောင်းပန်ပါတယ်၊ အရင်က အမြင်ကျဥ်းသွားမိတယ်၊ မင်း ငါ့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"
တာဝန်ဝတ္တရားများရှိပြီး ကြီးကြီးမားမားလုပ်ဆောင်ရမည့် လူတစ်ယောက်အတွက် ဤကဲ့သို့သော သဘောထားက လူတိုင်းမှာ ရှိသင့်သည့်အရာတစ်ခုပင်။ သို့သော် လက်ရှိအခိုက်အတန့်၌ ရွှီဖန်းကို တောင်းပန်ရတာက ရှောင်းချောင်အတွက် ရိုးရှင်းသည့်အရာ မဟုတ်ခဲ့ချေ။
အချိန်တော်တော်ကြာအောင် အကျိုးအကြောင်း စဥ်းစားပြီးနောက် လူထောင်ပေါင်းများစွာ မပြောလိုသည့် စကားတစ်ခွန်းအား အားလျော့စွာ ပြောခဲ့သည်။ ဂုဏ်သရေရှိသော မြွေစိမ်းဂိုဏ်းခေါင်းဆောင်သူမက တခြားလူအပေါ် နှိမ့်ချသည့်အမူအရာဖြင့် တောင်းပန်ခဲ့ရသည်။
ထိုမြင်ကွင်းအား တစ်ယောက်ယောက်မြင်သွားပါက သူတို့မျက်လုံးများပင် ကြောက်လန့်မှုကြောင့် မြေပြင်ပေါ် ပြုတ်ကျသွားနိုင်သည်။ ဒါကလည်း ရှောင်းချောင်အနေဖြင့် ဘယ်သူ့ကိုမှ အထဲမဝင်ခိုင်းရသည့် အကြောင်းအရင်းဖြစ်နိုင်သည်။
ရွှီဖန်းက ထိုင်ခုံပေါ်မှာ သက်သောင့်သက်သာ ထိုင်နေခဲ့သည်။ သူက ရှောင်းချောင်၏ အုံ့မှိုင်းနေသော အမူအရာအား အပြုံးဖြင့် ကြည့်နေခဲ့ကာ နားကိုကလော်၍ ပြန်မေးလာသည်။
"ဘာပြောလိုက်တာလဲ...ငါ့ရဲ့နားတွေက သိပ်မကောင်းလို့ ထပ်ပြောပါဦး"
"မင်း!"
အရှက်မရှိဘူး! စက်ဆုပ်ဖို့ကောင်းတဲ့လူ! ရွံဖို့ကောင်းတယ်!
ဒီလိုဈေးပေါသည့်စကားကိုတောင် ပြောလိုက်သေးသည်။ သူကြားရဲ့သားနှင့် သက်သက်လုပ်တာပင်။ ရှောင်းချောင်က အံကိုကြိတ်ကာ ရွှီဖန်းအား ရက်စက်
ကြမ်းကြုတ်စွာ ကြည့်နေသည်။ ဖြစ်နိုင်ပါက ဒီလူယုတ်မာအား သူမ အပိုင်းပိုင်း ဆုတ်ဖြဲချင်ပေသည်။
ရှောင်းချောင်က ဒေါသထွက်နေတာကြောင့် သူမ အမူအရာက ပြန်ပြောင်းနေသည်။ ရွှီဖန်းသည် မျက်လုံးကျဥ်းမြောင်းလျက် ...
"ရှောင်းချောင် မင်းငါ့ကို တောင်းပန်နေတာ သေချာရဲ့လား"
"ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလဲ...တောင်းပန်တဲ့လူက အဲ့ဒီလို အမူအရာမျိုး ရှိတယ်လား"
"ငါ မင်းကို သတ်ပစ်မယ်!"
'မင်းမှာစွမ်းရည်ရှိရင် ငါ့ကိုရိုက်လေ'ဆိုသည့် စကားက ရွှီဖန်းမျက်နှာပေါ်၌ ရေးထားပုံရသည်။ ထိုကဲ့သို့ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းသော လူအား သူမဘဝမှာ မတွေ့ဖူးခဲ့ချေ။ မတိုင်ခင်မှ ရွှီဖန်းနှင့်ပတ်သက်သည့် မှတ်ဉာဏ်များကို မေ့ရင်း သူ့ဆီ ခုန်အုပ်မိတော့သည်။
"ချီး!"
ရွှီဖန်းမှာ စကားပြောရာ၌သာ တော်တာဖြစ်၏။ ဒီအမျိုးသမီးက အဆင်ခြင်မဲ့စွာဖြင့် သူမကိုယ်သူမ သူ့ဆီ ပစ်ဝင်လာမည်ဟု မထင်ထားခဲ့ပေ။
သူ မတုံ့ပြန်နိုင်ခင်မှာတင် သူမက သူ့အပေါ်သို့ လဲကျလာတော့သည်။
"မင်း ဘာလုပ်နေတာလဲ"
"ငါဘာလုပ်ရမှာလဲ လူယုတ်မာ! ငါမင်းကို သတ်မယ်!"
ရှောင်းချောင်သည် မြွေစိမ်းဂိုဏ်းနှင့် ပတ်သက်လာရင်တောင်မှ ပြင်ပမှာ တစ်ခါမှ မတိုက်ဖူးပေ။ သူမ တိုက်ခိုက်လာကတည်းကိုက သူမ လုံးဝ ခံနိုင်ရည်မရှိတော့လို့ပေ။ ရှောင်းချောင်သည် ဒေါသအလွန်ထွက်နေသော ကျားတစ်ကောင်ကဲ့သို့ ရွှီဖန်းကို ခွစီးထားကာ သူမပါးစပ်ကိုဟ၍ ပုခုံးကို ကိုက်ခဲလာတော့သည်။
******************