လာလေ တစ်ယောက်နဲ့တစ်ယောက်ထိခိုက်အောင်လုပ်ကြတာပေါ့
Vol. 5 Ch. 64
"ဖာခ့်!"
ဒီမိန်းမ သူ့ကို ဘယ်လောက်ထိမုန်းနေလဲဆိုတာ ဘုရားသာ သိလိမ့်မည်။ သူမကိုက်ချလိုက်သည့်
ဒဏ်ရာက သေလုနီးပါး နာကျင်ပေသည်။
ရွှီဖန်းမှာ အခက်တွေ့နေကာ သူ့လက်မောင်းထဲမှ ရှောင်းချောင်ကို သူနှင့်အတူ ကော်ဇောအပေါ် ပစ်လှဲချလိုက်သည်။ ရှောင်းချောင်၏ စိတ်ဓာတ်မာကြောခြင်းက ရွှီဖန်း ခန့်မှန်းထားသည်ထက်ကို ပိုလွန်းနေသည်။ နှစ်ယောက်စလုံး ဖက်တွယ်လျက်အနေအထားဖြင့် ကော်ဇောအပေါ်မှာ အကြိမ်ရေအနည်းငယ်လူးလိမ့်နေကြသည်။ ရွှီဖန်း သူမအပေါ်လှဲချလိုက်တာတောင်မှ သူမက သူ့ကို မလွှတ်ပေးသေးချေ။ သူမ ကြိုးတန်းအပေါ်မှာ အသက်အတွက် တိုက်ခိုက်နေရသော်လည်း ရွှီဖန်းကို လွှတ်ပေးရန် ငြင်းဆန်နေသည်။
"လက်တွေဖြုတ်လိုက်!"
"မဖြုတ်ဘူး! ငါမင်းကို သေအောင်ကိုက်သတ်ပစ်မယ်!"
ရွှီဖန်း၏နာကျင်နေသည့်အမူအရာကြောင့် ရှောင်းချောင်၏မျက်နှာက ပိုအဆင်ပြေလာသည်။ နောက်ဆုံးတော့ သူမ လက်စားချေဖြစ်ခဲ့လေပြီ။ သူမ ရွှီဖန်းကို ကိုက်ခဲရင်း ထိုစကားလုံးများကို မပီမပြင်ပြောလာသည်။
"ငါမင်းကို ဖယ်လို့ပြောနေတယ် မဖယ်ဘူးလား!"
"မဖယ်ဘူး! မင်းမှာ စွမ်းရည်ရှိရင် ငါ့ကိုသတ်လိုက်!"
ဖာ့ခ်! ဒီမိန်းမကတော့ ဘာမှကို ပြောလို့မရဘူး။
သူ့ပုခုံးမှတက်လာသည့် နာကျင်မှုအား သည်းခံရင်း အံကိုကြိတ်လိုက်မိသည်။ ပြီးမှ သူ၏လက်ကို အနက်
ရောင်ရောင်အသားကပ်ဖြင့် ရစ်ပတ်ထားသည့် ရှောင်းချောင်၏ လှပသော ခြေထောက်များဆီသို့ ရွှေ့ကာ စကပ်ထဲဝင်သွားလိုက်သည်။
"မင်း!"
ဒီလူယုတ်မာပေါ် သူမကြံစည်ခဲ့သည့် နည်းပရိယာယ်က အောင်မြင်သွားပြီထင်ကာ သူမပျော်နေခဲ့သည်။ သို့သော် ရွှီဖန်းက လူယုတ်မာထက်ကို ပိုဆိုးနေမည်ဟု မထင်ထားပေ။
ရွှီဖန်း၏ထူးဆန်းသောလက်က သူမစကပ်ထဲမှာ ရွေ့လျားနေတာကို ခံစားမိခဲ့တာကြောင့် သူမမျက်နှာမှာ သွေးများပေါက်ထွက်မတတ်နီရဲလာတော့သည်။
"ဟမ့်! မင်းက မလွှတ်ပေးဘူးလုပ်နေတာမလား"
ရွှီဖန်းမှာလည်း လူယုတ်မာလို ကစားဖို့ ရည်ရွယ်ချက်မရှိခဲ့ပေ။ သူက ရှောင်းချောင်နှင့် ယှဥ်ပြိုင်ချင်ခဲ့ရုံသာ ဖြစ်သည်။
ရှောင်းချောင်၏ရှက်သွေးဖြန်းနေသော မျက်နှာကို ကြည့်ရင်း သူ ရက်စက်စွာ ရယ်၍ ပြောလိုက်သည်။
"မင်း ဒီလို အကျိုးအကြောင်းမဲ့တဲ့ဟာကို ဆက်လုပ်နေမယ်ဆိုရင် ငါမင်းရဲ့ဗဟိုနေရာကို ချုပ်ကိုင်ပစ်မယ်...ပြီးရင် နောက်တစ်ဆင့်ကတော့ ကိုယ်စားပြုနှစ်ခုလေးပေါ့"
ရွှီဖန်းအမြင်အရတော့ ရှောင်းချောင်က သူ့ကို လိမ်လည်ဖို့ ခေါ်လာခဲ့တာပင်။ သူပြုံးလျက် သူမ၏မျက်နှာပေါ် ခပ်ကြမ်းကြမ်းနမ်းပစ်လိုက်သည်။
"မင်း! မင်း!"
ရှောင်းချောင်သည် အလွန်ထိတ်လန့်သွားတာကြောင့် ပါးစပ်များ ပွင့်ဟနေသည်။ ရွှီဖန်းက သူမပါးကို တိုက်ရိုက်နမ်းချလာမည်ဟု မထင်ထားခဲ့ပေ။
"ငါမင်းကိုထပ်မကစားတော့ဘူး...အခုလွှတ်လိုက်"
ရှောင်းချောင်သည် ကော်ဇောအပေါ်မှ ကသုတ်ကရက် ထရပ်တော့သည်။
"အရှက်မရှိတဲ့ကောင်"
ရွှီဖန်းဖိထားတာကြောင့် တွန့်ကျေနေသည့် သူမအဝတ်များကို ဖြန့်ရင်း သူ့ကို စိုက်ကြည့်လိုက်သည်။
ဒီလိုရူးနေသည့်မိန်းမဆီမှ အချိန်အတော်ကြာ အကိုက်ခံထားရတာကြောင့် သူ့ပခုံးက သွေးတောင်
ထွက်နေ၏။ အနာအား ထိရင်း သူ့မျက်နှာရှုံ့သွားမိသည်။ ဒီမိန်းမက သူ့ကို အရှက်မရှိတဲ့ကောင် ဟု ပြောရဲသေးတာကြောင့် သူဒေါသထွက်လာတော့သည်။
"စိတ်ဆင်းရဲစရာကောင်းတဲ့မိန်းမ"
ရွှီဖန်း ဘွင်းဘွင်းရှင်းရှင်းပင် တစ်ဖက်လူကို ပြန်ပြောလိုက်သည်။
"မင်း ဘယ်သူ့ကို လာခေါ်နေတာလဲ ကြွက်စုတ်ကောင်"
ရှောင်းချောင်က အခေါ်အဝေါ်ကိုမကြိုက်သည့်အလား ရွှီဖန်းကို ဒေါသတကြီး စိုက်ကြည့်နေသည်။
ရွှီဖန်းသည် ပြောစရာစကားမဲ့စွာပင် သူ့မျက်လုံးအား လှိမ့်၍ ခြောက်ကပ်ကပ်ရယ်မောမိသည်။
"ဒီမှာ နောက်ထပ် ကြွက်စုတ်တစ်ကောင် ရှိနေတာပဲ"
"မင်း!"
ရှောင်းချောင်က အလွန်ဒေါသထွက်ကာ ရွှီဖန်းဆီ ပြေးဝင်လာပြန်သည်။
"ဘာလဲ ပျော်လို့မဝသေးလို့လား"
တစ်ဖက်မှာ ရွှီဖန်းကတော့ လုံးဝဂရုမစိုက်ပေ။ သူပြင်ဆင်ပြီးသားဖြစ်၍ ရှောင်းချောင်အား ဘဝင်
ခိုက်စွာ မျက်ခုံးမြှင့်ပြလိုက်သည်။
လာလေ တစ်ယောက်နဲ့တစ်ယောက် ထိခိုက်အောင် လုပ်ကြတာပေါ့။
"ဟမ့်!"
သိသာစွာပင် ခုနက ဖြစ်ပျက်ခဲ့သည့်အရာကြောင့် ရှောင်းချောင်က ကြောက်နေတုန်းပင်။ သူမ နှာမှုတ်ကာ အလိုလို နောက်ပြန်ဆုတ်သွားခဲ့သည်။
ဒီမိန်းမက သူ့ကို အမူအကျင့်ပျက်ပြားတဲ့ကောင်လို့ တွေးနေတာလား။ သူမကသာ သူ့ကို လာမကိုက်ပါက သူ့ဘက်က လှုပ်ရှားစရာအကြောင်းမရှိပေ။ ရွှီဖန်း သရော်ကာ ပြန်ထိုင်လိုက်သည်။
"ကောင်းပြီ မင်း ငါ့ကို ဆက်ပြီးတောင်းပန်ချင်သေးတယ်ဆိုရင်တော့ ဒီတစ်ကြိမ်တော့ ပိုပြီးရိုရိုသေသေနဲ့ လုပ်ဖို့မျှော်လင့်တယ်"
"ရွှီဖန်း ဘာကိုဆိုလိုတာလဲ!"
ရွှီဖန်း၏သဘောထားကို ရှောင်းချောင် သည်းမခံနိုင်တော့ချေ။ သူမ၏အင်အားကို ထုတ်ပြရင်း ရွှီဖန်းကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေခဲ့သည်။
အိုး!
သူမပုံစံကိုမြင်တော့ ရွှီဖန်း ရယ်ချင်လာသည်။
"ရှောင်းချောင် မင်းကဘာလဲ ငါတို့အပြင်ပြန်ထွက်ပြီး ထပ်ပြိုင်ချင်လို့လား"
ဒီမိန်းမက သူမအတွက် ဘာကောင်းလဲဆိုတာကို မသိဘဲ သူ့ကို ကန့်ကွက်ချင်နေသေး၏။ အသာစီးရနေတဲ့သူ ဘယ်သူလဲဆိုတာကိုတောင် မြင်အောင် မကြည့်
နိုင်ပေ။
"ဟမ့်"
သူမ၏လက်ရှိအခြေအနေကိုတွေးကာ ရှောင်းချောင် နှာမှုတ်လိုက်သည်။
"ရွှီဖန်း အသုံးမဝင်တဲ့ဟာတွေ မပြောနဲ့"
"မတိုင်ခင်က ဖြစ်ပျက်ခဲ့တဲ့အရာတွေက ငါ့အမှားပဲ၊ အုပ်ချုပ်ရေးမှူးကောင်မလေး အဆင်ပြေစေရမယ်လို့ ငါအာမခံတယ်၊ ပြီးတော့ မင်းဆိုင်ကိုလည်း ငါထိတော့မှာ မဟုတ်ဘူး"
"ပြီးတော့ ငါမင်းကို လျော်ကြေး ဆယ်သန်းပါ ပေးမယ်"
"ဘာ"
ဆယ်သန်းဟုတ်လား။
ရွှီဖန်းတစ်ယောက် ရှောင်းချောင်ကို အံ့သြစွာ ကြည့်
လိုက်သည်။ ဒီမိန်းမ ရူးသွားပြီဟု သူထင်လိုက်
မိသည်။ သူ့ကို ယွမ်၁၀သန်း ပေးလာသည်အထိ သူမ အလွန်ရက်ရောလိမ့်မည်ဆိုတာကို သူမယုံချေ။
"ရှောင်းချောင် မင်းအတည်ပြောနေတာလား"
အစမ်းသဘော သူမေးမိရာ ရှောင်းချောင်က ဂုဏ်ယူစွာ နှာမှုတ်၍ ပြန်ဖြေလာသည်။
"ရွှီဖန်း ငါ့ကို မင်းလိုမျိုး ထင်နေတာလား...ဆယ်သန်းက ငါ့အတွက် ဘာမှမဟုတ်ဘူး"
"ဒါပေါ့ မင်းကို ယွမ်ဆယ်သန်းပေးဖို့ ငါ့မှာလည်း အခြေအနေတချို့တော့ ရှိတယ်"
"မင်းရဲ့ခွေး ငါ့ကိုပေး"
ရှောင်းချောင်သည် ခွေးတိုက်ပွဲများ၏ ကျွမ်းကျင်သူ ဖြစ်သည်။ မတိုင်ခင်က သူမ၏ ခွေးနှစ်ကောင်လုံး အကြီးဆုံးလေးဆီမှာ ရှုံးခဲ့ရတာကြောင့် သူမစိတ်ဆိုး ဒေါသထွက်ခဲ့သော်ငြား အကြီးဆုံးလေးက အကောင်းဆုံးခွေးဖြစ်သည်ကိုတော့ သူမ ပြောနိုင်သေးသည်။
သူမသာ အကြီးဆုံးလေးကို လက်ဝယ်ပိုင်ဆိုင်ထားပါက အနာဂါတ်၌ သူမ၏ ခွေးတိုက်ပွဲစီးပွားရေးသည် ပို၌ကြီးပွားတိုးတက်လာလိမ့်မည်။ ထိုအချိန်ရောက်လျှင် ဒီယွမ်ဆယ်သန်းကိုလည်း ပြန်ရှာနိုင်လိမ့်မည်။ ဒါ့အပြင် ရှီရှီကလည်း အကြီးဆုံးလေးကို နှစ်သက်နေသေးသည်။
တစ်ကယ်ကြီး!
ရွှီဖန်းမနေနိုင်ဘဲ ရယ်မောမိတော့သည်။ တစ်ကယ်ကို ရှောင်းချောင်ဆိုသည့်မိန်းမက ရက်ရောဖို့ဆိုတာ မဖြစ်နိုင်ပေ။
"ရှောင်းချောင် ယွမ်၁၀သန်းက တစ်ကယ်ကို ဆွဲဆောင်မှုရှိတဲ့ ကိန်းဂဏန်းပါပဲ၊ ဒါပေမယ့် စိတ်မကောင်းပါဘူး၊ ငါ အကြီးဆုံးလေးကို မရောင်းနိုင်ဘူး"
ရှောင်းချောင်က သူမပိုက်ဆံရှာရန်အတွက် အကြီးဆုံးလေးကို လိုချင်နေသည်။ သူကရော မလိုဘဲ နေပါ့မလား။ ဒါ့အပြင် ကောင်းကင်ဘုံက ထုတ်ကုန်လိုဖြစ်နေသည့် အကြီးဆုံးလေးကို တစ်ပါးသူလက်ထဲသို့ ပေးမိပါက ကောင်းကင်ဘုံနန်းတော်သို့ သူ့ကိုယ်သူ ရှင်းပြနိုင်မည်မဟုတ်ချေ။
"ဟမ့်"
ထိုအချိန် ရှောင်းချောင်၏သရော်သံအား ကြားလိုက်ရသည်။ သူမက ရွှီဖန်း ငြင်းမည်မှန်း ကြိုသိထားပုံပင်။
"ရွှီဖန်း ကမ္ဘာပေါ်မှာ မင်းမလုပ်ချင်တဲ့ စီးပွားရေးမရှိပါဘူး၊ လာဟန်မဆောင်နေနဲ့...မင်းလက်မခံရင် ငါ ငွေမြှင့်ပေးမှာပဲ၊ သန်းနှစ်ဆယ်...လုံလောက်ပြီလား"
သန်းနှစ်ဆယ်ဆိုတာ ယခင်ပမာဏ၏ နှစ်ဆပင်။ ရွှီဖန်းက သူ့ဘဝမှာ ထိုမျှပမာဏအထိ မရှာဖူးလောက်ဘူးဟု သူမယုံကြည်သည်။ ဖြစ်နိုင်တာကတော့ ဒီပမာဏကိုကြားသည်နှင့် ဦးတည်ရာမဲ့စွာ ပျော်ရွှင်သွားလိမ့်မည်။
သူမစိတ်ထဲမှအတွေးနှင့်အတူ ရွှီဖန်းအား ယုံကြည်
ချက်ရှိစွာ ကြည့်လိုက်သည်။ ထိုကဲ့သို့သော အမူအရာက ဘုရင်မတစ်ပါး၏ ကြီးစိုးခြယ်လှယ်သော အမူအရာနှင့် အတူတူပင်။
သန်းနှစ်ဆယ်...ဟားဟား
ရွှီဖန်း ပြုံးလိုက်မိသည်။ ဒါကမှ ရှောင်းချောင် အစစ်
ပင်။ သူမက သူမလိုချင်သည့်အရာတိုင်းကို ဂရုစိုက်
ခြင်းခြင်းမရှိဘဲ သိမ်းယူလိမ့်မည်။ တစ်ကယ်ကို နိုင်လိုမင်းထက်ပြုမူသော မိန်းမပင်။
သို့သော်ငြား ကမ္ဘာပေါ်၌ ပိုက်ဆံနှင့်တိုင်းတာလို့မရသည့် အရာများ ရှိနေသေးသည်။
"အကြီးဆုံးလေးက ငါ့နောက်ကို လိုက်နေခဲ့တာ အချိန်တော်တော်ကြာပြီ...အဲ့ဒီငွေလောက်နှင့် ငါက အကြီးဆုံးလေးကို သူများဆီ ရောင်းပစ်လိမ့်မယ်လို့ ထင်နေတာလား"
"မင်း"
ရှောင်းချောင်မှာ ရွှီဖန်းအား စိတ်ဆိုးတကြီး စိုက်
ကြည့်လာတော့သည်။ ဒီလူက မျက်နှာသာပေးနေခြင်းကို တန်ဖိုးထားရကောင်းမှန်းမသိပေ။
သန်းနှစ်ဆယ်ပေးတာတောင်မှ သူ့ကို ရပ်လို့ မရနိုင်ဘူးလား!
ရှောင်းချောင် အလွန်ဒေါသထွက်နေသည်။ တစ်
ရက်တည်းမှာတင် တူညီသော အမျိုးသားတစ်ယောက်တည်းကြောင့် သူမ ဆက်တိုက်ကို ဒေါသထွက်နေရသည်။ ဒီလိုအဖြစ်အပျက်မျိုး သူမဘဝမှာ ပထမဆုံး ကြုံဖူးတာပင်။
သူမ ရွှီဖန်းကို အေးစက်စက်စိုက်ကြည့်၍ အံကြိတ်ပြောလိုက်သည်။
"မင်းမရောင်းချင်တာ သေချာပြီလား"
*************************