ဒီအခြေအနေက အလွန်ရိုးရှင်းတယ်
Vol. 5 Ch. 65
ရှောင်းချောင်ကိုကြည့်ရတာ အလွန်ဒေါသထွက်သွားသည့်ပုံပင်။ ပေါက်ကွဲလုနီးပါးဖြစ်နေသည့် သူမကို ရွှီဖန်းတစ်ယောက် မျက်စိကျဥ်းလျက် ကြည့်ကာ နှုတ်ခမ်းတွန့်လိုက်မိသည်။ ဒါကလည်း သူလိုလားသည့်အရာပင်။ ဒီလိုမာနကြီးသည့် မိန်းမအား ဒေါသထွက်အောင် ပြုလုပ်ရသည်က တော်တော်လေးကောင်းသည့်ခံစားချက်ဖြစ်နေတာတော့ သူလက်ခံရမည်။
ရွှီဖန်း ရယ်လိုက်ကာ
"ရှောင်းချောင် မင်းက ငါ့အကြီးဆုံးလေးကို သဘောကျနေတဲ့ပုံပဲ၊ တစ်ကယ်တော့ မင်းလိုချင်ရင် မဖြစ်နိုင်တာတော့ မဟုတ်ဘူး၊ ငါ့မှာလည်း အခြေအနေတစ်ခုရှိတယ်"
"အိုး!"
ရွှီဖန်းက အပေးအယူအကြောင်း စကားစလာသည့်အခါ ရှောင်းချောင်မျက်ခုံးပင့်လိုက်သည်။ မျှော်လင့်ထားသကဲ့သို့ပင် အဆုံးမှာတော့ သူက ငွေက်မက်သူတစ်ယောက် ဖြစ်နေတုန်းပင်။ ဒါတောင် မြင့်မြတ်သလိုဟန်ဆောင်ပြီး သူမကို စကားကြီးစကားကျယ်တွေ လာပြောနေသေးသည်။
သူမ ကျေနပ်သွားသလို နှာမှုတ်လျက် ပြောလိုက်
သည်။
"ပြော ဘာအခြေအနေလဲ"
"ရိုးရှင်းပါတယ်"
စကားမပြောခင်မှာ ရွှီဖန်းက ရှောင်းချောင်၏ ရင့်ကျက်ပြီးကျက်သရေရှိသောခန္ဓာကိုယ်လေးအား သိမ်းကြုံးကြည့်လိုက်သည်။
"ရှောင်ချောင် မင်းဘယ်လိုထင်လဲ၊ ငါ့နောက်ကို သုံးလ လိုက်ရမယ်၊ ပြီးရင် အကြီးဆုံးလေးကိုသယ်ပြီး မင်းအရှေ့ကို ကိုယ်တိုင်လာပို့ပေးမယ်၊ ဒီအတွက် တစ်ပြားတစ်ချပ်မှလည်းမယူဘူး၊ ဘယ်လိုလဲ"
"ဘာပဲဖြစ်ဖြစ် ငါတို့ သန့်စင်ခန်းထဲမှာလည်း အတွေ့အကြုံရခဲ့ပြီးပြီပဲ၊ ဒီလိုပထမဆုံးအကြိမ်နဲ့အတူတူ နောက်လာမယ့်အကြိမ်တွေမှာလည်း ပိုကောင်းတာလေးဖြစ်သွားနိုင်..."
"အခုထွက်သွားစမ်း!"
ရွှီဖန်း ပြောလို့မပြီးသေးခင်မှာတင် ရှောင်းချောင်သည် ဘေးမှာရှိနေသည့် တစ်စုံတစ်ခုကိုဆွဲယူကာ ပစ်ပေါက်လာသည်။ မတိုင်ခင်က အခုလို အရှက်မရှိသည့် ကောင်မျိုးကို တစ်ခါမှ မတွေ့ဖူးပေ။ ဖြစ်နိုင်ပါက အခုတင် သတ်ပစ်ချင်ပေသည်။
ရှောင်းချောင်၏မျက်နှာက နီရဲနေကာ ရွှီဖန်းအား ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။ သူမ အံကိုကြိတ်ကာ ပြောလိုက်သည်။
"ရွှီဖန်း သန့်စင်ခန်းကိစ္စနဲ့ပတ်သက်ပြီး ငါ့ကို အဓိပ္ပာယ်မရှိတာ ထပ်ပြောရဲမယ်ဆိုရင် ငါမင်းကို သေချာပေါက်သတ်မယ်"
"ငါကရော ပြောချင်တယ် ထင်လို့လား၊ အခုကြည့်
ရင်သာ ငါက မင်းဆီက အခွင့်ကောင်းယူနေတယ်
ထင်ရတာ ငါကတော့ မင်းငါ့ဆီက အခွင့်ကောင်းယူနေတယ်လို့ပဲ ငါထင်တယ်"
သူမ၏ဒေါသအပြည့်ဖြစ်နေသော မျက်နှာအား ရွှီဖန်း အထင်အမြင်သေးစွာ ကြည့်လိုက်သည်။ ထိုကဲ့သို့ မကြည်မသာ မျက်နှာထားကြောင့် ရှောင်းချောင်မှာ ဒေါသပေါက်ကွဲလုနီးပါးပင်။
အရူးကောင်!
ဒီကောင်က ထောင်လွှားလွန်းတယ်!
ရှောင်းချောင် သူမလက်သီးကိုဆုပ်လိုက်ကာ
"ရွှီဖန်း မင်းအခု ထွက်သွားနိုင်ပြီ"
"ထွက်သွားရမယ်?"
ရွှီဖန်း မျက်လုံးမှေးကျဥ်းလိုက်သည်။ ဒေါသအလွန်ထွက်နေသည့် သူမအမူအရာကို ကြည့်ကာ သူပြုံး၍ ပြောလိုက်သည်။
"ငါ့ကိုထွက်သွားစေချင်ရင် လွယ်ပါတယ်၊ ငါးသန်းပေးရင်ပေး မဟုတ်ရင် နောက်ထပ်ပြိုင်ပွဲတွေကို ပေးပြိုင်လိုက်...မင်းကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်"
အကြီးဆုံးလေးကိုသာ ခွေးတိုက်ပွဲကွင်းမှာ ထပ်ပြိုင်
ခိုင်းပါက သူမ ဘယ်လောက်ထိ ထပ်ဆုံးရှုံးရဦးမလဲ မသိနိုင်ချေ။ သို့သော် သူမ ရွှီဖန်းကိုလည်း အကြွေတောင် မပေးချင်ပေ။ ဒီအနေအထားက တော်တော်ကို ကတ်သီးကတ်သတ်နိုင်ပေသည်။
ချီးပဲ! ဒီလူယုတ်မာကတော့!
သို့သော်ငြား သူမအနေဖြင့် မရွေးချယ်ဘဲ ကြာကြာနေလို့မရချေ။
"ဟမ့်! ငါးသန်းဆိုလည်း ငါးသန်းပေါ့"
ရွှီဖန်းက ကတ်နံပါတ်ပေးလာသည့်အခါ သူမ သူ့ကို မကျေမချမ်းကြည့်၍ ပိုက်ဆံလွှဲပေးလိုက်သည်။
"ဟဲဟဲ ရှောင်းချောင် မင်းက အရမ်းကို လှပပါပေတယ်"
ပိုက်ဆံလက်ခံရရှိသည့်အခါ သူ မတွန့်တို့ဘဲ သူမကို ချီးကျူးပေးလိုက်သည်။ အခုဆိုလျှင် သူ့ဆီမှာ ငါးသန်းကျော်ရှိနေလေပြီ။ လမ်းပြင်ဖို့ လုံလောက်ရုံတင်မကဘဲ တခြားအရာများ ပြုလုပ်ရန်အတွက်ပါ ရန်ပုံငွေရှိနေလေပြီ။
"နောက်နေ့ မင်းကို ထပ်တွေ့ဖို့ လာခဲ့မယ်"
ရွှီဖန်းက လက်ကိုဝှေ့ယမ်းကာ ရုံးခန်းမှ အမြန်
ထွက်သွားတော့သည်။
"ခွေးကောင်! လူယုတ်မာကောင်!"
ထိုအခိုက်အတန့်၌ ရှောင်းချောင်သည် လုံးဝသည်းမခံနိုင်တော့ဘဲ မြင်သမျှအရာရာတိုင်းကို အရူးတစ်
ယောက်လိုမျိုး မြေကြီးပေါ်သို့ ခွဲချဖျက်ဆီးနေခဲ့သည်။ သူမ၏ဒေါသများ စိတ်ထွက်ပေါက် ရရှိစေရန် ဤနည်းလမ်းသာ ရှိပေသည်။ သူမ၏ ဒေါသများ ငြိမ်းသက်သွားရန် နာရီဝက်တောင် အချိန်ယူခဲ့သည်။
ထိုအချိန် ရုံးထဲ၌ ရှောင်းချောင်၏ လက်အောက်ငယ်သားများလည်း ရှိနေပေသည်။ ရှုပ်ပွနေသော ရုံးခန်းထဲမှာ ထိုင်ရင်း သူမ သူတို့ကို အေးစက်စွာ ကြည့်ကာ မေးလိုက်သည်။
"မင်းတို့ကို ရှာဖို့ ခိုင်းထားတဲ့ဟာ ရှာတွေ့ပြီလား"
"Miss ဒါက ရွှီဖန်းရဲ့ ကိုယ်ရေးအကျဥ်းပါ"
အစောပိုင်းတုန်းက ရွှီဖန်းကို လေ့လာစုံစမ်းရန်အတွက် သူမ လူတချို့ကို စေခိုင်းခဲ့သည်။ သူမပြိုင်ဘက်အား အနိုင်ယူရန် နည်းလမ်းမရှိသည်ကို သူမသိသည်။ ဒါကို သူမ လုံးဝလက်မခံနိုင်ခဲ့ပေ။
နှစ်ပေါင်းများစွာ ထားရှိခဲ့သည့် အလေ့အကျင့်အရ ပြိုင်ဘက်က ဘယ်လောက်ပဲ အားနည်းနေပါစေ သူမကတော့ အစောင့်အကြပ်များကို လျှော့ထားခဲ့ခြင်းမရှိပေ။
ရှောင်းချောင်လည်း ထိုကိုယ်ရေးအကျဥ်းကိုယူကာ ဂရုတစိုက် လှန်လောကြည့်ခဲ့သည်။
"ထူးဆန်းတယ်"
စာမျက်နှာအားလုံးကို ဖတ်ရှုပြီးနောက်မှာ သူမ၏အမူအရာက ပိုပိုပြီး သံသယဝင်လာသည်။ ရွှီဖန်း၏ ထူးချွန်တော်ထက်ကြောင်း ရေးထား၍ မဟုတ်ဘဲ ကိုယ်ရေးအကျဥ်းမှာ သာမာန်လူတစ်ယောက်၏အကြောင်းအရာများသာ ပါရှိတာကြောင့်ပင်။ ကျောင်းတက်တုန်းက အဆင့်အနည်းငယ် ကောင်းခဲ့သော်ငြား အလွန့်အလွန်ထူးချွန်ခဲ့ခြင်းတော့ မဟုတ်ပေ။
ဒီတစ်ခါ သူရွာကို ပြန်လာခဲ့ရသည့် အကြောင်းအရင်းကလည်း အလုပ်လုပ်နေသည့်နေရာမှ ကန်ထုတ်ခံခဲ့ရခြင်းဖြစ်သည်။
"မင်းတို့ယူခဲ့တဲ့ ကိုယ်ရေးအကျဥ်းက မှန်ရောမှန်ရဲ့လား"
ဖတ်လေဖတ်လေ ပိုပြီးဒေါသထွက်လေ ဖြစ်နေရသည်။ သူမ ဒေါသထွက်ကာ ကိုယ်ရေးအကျဥ်းစာရွက်များကို ဖျက်ဆီး၍ ကြမ်းပြင်ပေါ် ပစ်ချခဲ့သည်။
ရွှီဖန်းက ကိုယ်ခံပညာမှာ ပြိုင်ဘက်ကင်းရုံတင်မကလို့ ခွေးထိန်းသည့်နေရာမှာရော ဆိုင်တစ်ခုကို စီမံသည့်
အထိပါ ထူးချွန်နေသည်။ ထိုကဲ့သို့သောလူက သာမာန်လူ မဖြစ်နိုင်ပေ။
သူမပါးကို အတင်းအကြပ်နမ်းသွားသည့် ကောင်
စုတ်က ကိုယ်ရေးအကျဥ်းမှာ ဖော်ပြထားသည့် သာမာန်ယောကျ်ားလေးနှင့် တူတူပဲဆိုတာကို သူမ မယုံကြည်ချေ။
"M-miss တစ်ကယ် တစ်ကယ်ကို သူ့ကိုယ်ရေးအကျဥ်းပါ...မှားစရာအကြောင်းမရှိပါဘူး"
ရှောင်းချောင်၏ဒေါသကြောင့် ရွှီဖန်းအကြောင်း စုံစမ်းခဲ့သည့် လက်အောက်ငယ်သားများမှာ တဆတ်ဆတ်တုန်ယင်လာကြသည်။ သူတို့မှာ စွပ်စွဲခံရသည်ဟု ခံစားရပေသည်။ မှန်ကန်သည့်အချက်အလက်တွေကို သူတို့ရှာခဲ့တာကြောင့် မှားနေတာ မဖြစ်နိုင်ချေ။
ထိုအချိန် လက်အောက်ငယ်သားတစ်ယောက်က အနားသို့ လျှောက်လာသည်။
"Miss ဒီရွှီဖန်းက ကျွန်တော့်အမြင်တော့ တစ်ကယ်ကို ပြဿနာတစ်ခုပဲ၊ ကျွန်တော်တို့ ဒုက္ခမရောက်ဖို့ သူ့ကိုဖယ်ထုတ်လိုက်ရင်ရော"
ရွှီဖန်းက တစ်ကယ်ကို "ဒုက္ခ"ဆိုသည့်နာမည်နှင့် ထိုက်တန်ပေသည်။ ဒီနေ့ ခွေးတိုက်ပွဲမှာ ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်က ခွေးတိုက်ပွဲကွင်း၏ သက်ဝင်လှုပ်ရှားမှုကို ပျက်စီးစေခဲ့သည်။
သို့သော်ငြား ရှောင်းချောင်ကတော့ ရွှီဖန်းကို ဒီအတိုင်းမသေစေချင်ပေ။ ဤနည်းလမ်းက ထိုလူယုတ်မာအတွက် လွယ်နေလွန်းသည်။
"မဟုတ်ဘူး..မသတ်နဲ့ဦး"
"ဒါပေမယ့်..."
လက်အောက်ငယ်သားသည် ထပ်ပြောချင်သော်ငြား ရှောင်းချောင်က မျက်မှောင်ကြုတ်လိုက်တာကြောင့် သူ့ကိုယ်သူပဲ ရပ်တန့်လိုက်သည်။ သူမ ရွေးချယ်ပြီးပြီဆိုကတည်းကိုက နောက်ကွယ်မှာ အကြောင်းရင်းရှိလိမ့်မည်။ အစောပိုင်းကဖြစ်ပျက်ခဲ့သည်များကို ပြန်သတိရရင်း ရှောင်းချောင်၏မျက်လုံးများက အေးစက်လာသည်။
"သူ့ကို ဒီလိုနည်းနဲ့ဖယ်ရှားဖို့က လွယ်နေလိမ့်မယ်"
သူမပေးသည့်ကတိကိုရပြီးနောက် ထွက်သွားသည့် ရွှီဖန်းကို ပြန်တွေးရင်း သူမ မနေနိုင်ဘဲ ရယ်မိသည်။
ကမ္ဘာပေါ်မှာ မယုံသင့်ဆုံးက ချောမောလှပသည့်မိန်းမများ၏စကား ဆိုတာကို ထိုအရူးက မသိပေ။
"နောက်ထပ် သူ့ဆိုင်ကို သွားမထိကြနဲ့တော့၊ သူက စီးပွားရေးစလုပ်ချင်နေမှတော့ စီးပွားရေးလုပ်ရတာ ဘယ်လောက်ခက်ခဲကြောင်း သူ့ကို သိခွင့်ပေးလိုက်တာပေါ့"
"ပြီးတော့...."
"Miss သူ့ခွေးကို လိုချင်လို့လား"
ရွှီဖန်းဘေးမှာ ရှိသည့် အကြီးဆုံးလေးအကြောင်း တွေးမိသည့်အခါ သူမ မျက်မှောင်ကြုတ်လိုက်
မိသည်။
အကြီးဆုံးလေးက ဘယ်လောက်အဖိုးတန်ကြောင်း ဘယ်သူမဆိုထက် သူမသိလေသည်။ ရွှီဖန်းက သူမကို ရောင်းရန်ဆန္ဒမရှိတာကြောင့် လုယူရမည့်နည်းလမ်းကို သူမစဥ်းစားရတော့မည်။
သို့သော်ငြား...
အကြီးဆုံးလေးကလည်း ရွှီဖန်းကို သစ္စာရှိနေပုံပင်။ သူမသာ တိုက်ရိုက်သွားလုပါက အကြီးဆုံးလေးက သူမအနောက်ကို လိုက်မည်မဟုတ်ချေ။
သူမအနောက်ကို နာနာခံခံလိုက်လာအောင် ဘာလုပ်ရမလဲ။ အချိန်တိုအတွင်းမှာ စိတ်ကူးကောင်းတစ်ခုကို မတွေးနိုင်တာကြောင့် သူမလက်တွေကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
"မင်းတို့ သူ့ကို စောင့်ကြည့်ထားကြ၊ ကျန်တာ နောက်မှ ပြောမယ်"
မြစ်အောက်ပိုင်းရွာ၏အဝေးမှာရှိနေသော ရွှီဖန်းကတော့ အခုထိ အလျှော့မပေးနိုင်သည့် ရှောင်းချောင်၏ အကြံများကို မသိချေ။
ယနေ့ ရွှီဖန်း အလွန်ပျော်ရွှင်နေသည်။ သူ့ခွေးနှင့်လျှောက်သွားရုံဖြင့် သန်းပေါင်းများစွာရှာနိုင်ခဲ့သည်။ တစ်မိုးအောက်မှာ သူ့လောက် ပိုက်ဆံများများရှာနိုင်သည့်လူကို မတွေ့ဖူးသေးချေ။
အကြီးဆုံးလေးကို ဆုချရန်အတွက် သိုးသားကင်တစ်ကောင်လုံးပါ ဝယ်ပေးခဲ့သေးသည်။
မြစ်အောက်ပိုင်းရွာကို ပြန်ရောက်သည်နှင့် ရပ်ရွာကော်မတီရုံးသို့ တိုက်ရိုက်ဦးတည်လိုက်သည်။ ဝူယွီရွှမ်းလည်း အဆင်ပြေပြီး လမ်းလည်း ပြင်နိုင်တော့မှာဖြစ်တာကြောင့် ဒီလိုသတင်းကောင်းကို ပြောရန် မစောင့်နိုင်တော့ချေ။
***********************