ဘာလို့ ငါ့ကို လက်မထပ်တာလဲ
Vol. 5 Ch. 66
မကြာလိုက်ပေ။ ရွှီဖန်းတစ်ယောက် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိသွားခဲ့သည်။ ထို့နောက် ဝူယွီရွှမ်း၏ ရုံးခန်းတံခါးကိုခေါက်ကာ သူအထဲဝင်သွားလိုက်သည်။
"ရွှီဖန်း ဒီကို ဘာလို့ ရောက်လာတာလဲ"
ဝူယွီရွှမ်း၏မျက်နှာက သိပ်မကောင်းပေ။ ရှောင်းချောင်၏လက်ထဲ၌ အချက်အလက်တချို့ ရှိနေတာကြောင့် လွန်ခဲ့သည့်ရက်တွေ၌ သူမ ခံစားချက်သိပ်မကောင်းချေ။
မြစ်အောက်ပိုင်းရွာကို တိုးတက်အောင် လုပ်ချင်တာက သူမ၏ ဆန္ဒဖြစ်သည်။ သို့သော်ငြား အခုတော့ ပန်းတိုင်မရောက်ခင်မှာပဲ ပြိုလဲရတော့မည်။
ရွှီဖန်းမှာ သူမ၏ စိတ်ဓာတ်ကျနေပုံပေါ်သော အမူအရာကိုကြည့်၍ ရယ်မိသွားသည်။ သူမ၏မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်၍ သူ ပြောခဲ့သည်။
"ဘာဖြစ်လို့လဲဲ...ခံစားချက် မကောင်းတဲ့ပုံပဲ"
ရွှီဖန်းက နားနှစ်ဖက်ကိုချိတ်လုနီးပါး ပြုံးဖြဲဖြဲလုပ်နေတာကြောင့် ဝူယွီရွှမ်း ဒေါသထွက်သွားတော့သည်။ သူမ မျက်လုံးအားလှိမ့်၍ ဆူငေါက်လိုက်သည်။
"နင်က ရယ်နိုင်သေးတယ်လား"
ကံဆိုးမိုးမှောင်ကျခြင်းကို ရယ်နိုင်လောက်သည်အထိ ဤကိစ္စကမရိုးရှင်းပေ။ သိထားရမည်မှာ လမ်းသာ မပြင်နိုင်ပါက ရွှီဖန်း၏ စီးပွားရေးလည်း ပို၍အဆင်ပြေလာမည် မဟုတ်ချေ။
"ယွီရွှမ်း ပိုပြီးလက်ခံနိုင်အောင် ကြိုးစားကြည့်ပါ၊ ရှင်သန်ရတဲ့ဘဝက တစ်ခုပဲရှိတာ၊ ငါတို့ ကျော်ဖြတ်လို့မရတဲ့ အတားအဆီးတွေလည်း ရှိလာမှာပဲ"
ရွှီဖန်းသည် သတင်းကောင်းအား ပြောပြရန် အလျင်မလိုချေ။ သူခဏတွေးတောကာ ငယ်ဘဝအချစ်ဦးအား စနောက်ဖို့ ဆုံးဖြတ်ခဲ့သည်။
ထိုအချိန် ဝူယွီရွှမ်းက ဝမ်းနည်းကြေကွဲခြင်း၊ ခံပြင်းခြင်းများဖြင့် သူ့ပါးကိုထောက်လာသည်။
"ငါ မြောင်းထဲမှာပိတ်မိပြီး ပြန်မထွက်တတ်ဘူးလို့ နင့်ကို ဘယ်သူပြောလဲ"
ဝူယွီရွှမ်း၏အမူအရာကြောင့် သူနည်းနည်း ထိရှသွားရသည်။ ပြောရရင် သူမ၏ ကံဆိုးမှုက သူနှင့်
ပတ်သက်၍ ဖြစ်လာခဲ့ရသော်ငြား အနည်းငယ်မျှတောင် သူ့ကို အပြစ်မတင်ခဲ့ပေ။
ဒီလိုခေတ်ကြီးထဲ၌ အခုလို အမျိုးသမီးကောင်းတစ်ယောက်ကို ရှာတွေ့ရန် ခက်ခဲလှသည်။
"ယွီရွှမ်း တစ်ကယ်တော့ မင်း အလုပ်ထုတ်ခံလိုက်ရလည်း ဆိုးတဲ့ကိစ္စတော့မဟုတ်ဘူး"
ထိုအခိုက်အတန့်တွင် ရွှီဖန်းက သူ့နှာခေါင်းကိုပွတ်၍ ထူးခြားဆန်းကြယ်စွာ ပြောလာသည်။ ဝူယွီရွှမ်းသည် အလွန်သိချင်စွာဖြင့် ရွှီဖန်းကို ကြည့်နေသည်။
"ဘာလို့ အဲ့ဒီလိုပြောတာလဲ"
ဝူယွီရွှမ်းက နားမလည်ပေ။ အလုပ်ထုတ်ခံရတဲ့ကိစ္စကို ဘာလို့ မဆိုးရွားဘူးလို့ ပြောတာလဲ။
"မင်းအလုပ်ပြုတ်ရင် ငါ့ကို လက်ထပ်လိုက်လေ၊ ငါက နေ့ဘက်ကျရင် ရွာက မြေမှာ လယ်ထွန်မယ်၊ ညကျရင်တော့ မင်းရဲ့မြေမှာ လယ်ထွန်မှာပေါ့၊ ပြီးရင် ငါတို့မှာ ဝဝကစ်ကစ်ကလေးတစ်သိုက် ရှိလာလိမ့်မယ်၊ ကျစ် ကျစ်! ဘယ်လောက်သာယာလိုက်လဲ"
"ငါနင့်ကို ရိုက်ပစ်မယ်!!!"
သူမကို စနောက်ကတည်းက သူအနည်းငယ် နောက်ဆုတ်ထားသည်။ ဝူယွီရွှမ်းသည် နီရဲနေသော မျက်နှာဖြင့် သူမ၏နူးညံ့သော လက်သီးများကို ဝေ့ယမ်းနေခဲ့သည်။
"ဟမ့်"
အချိန်ခဏလောက် ရန်ဖြစ်ပြီးနောက်မှာ ဝူယွီရွှမ်းသည် သူမ၏မျက်လုံးများကို လှိမ့်ကာ ရွှီဖန်းကို နှာမှုတ်ပြလာသည်။
"ငါ နင့်ကို လက်ထပ်ချင်တယ်လို့ မပြောဖူးပါဘူးနော်"
"အာ...မင်းပဲ ရွာမှာ လမ်းပြင်၊ ကျောင်းဆောက်ပြီးရင် ငါတို့ စေ့စပ်ကြမယ်လို့ သဘောတူထားတယ်မလား၊ ဘာလို့ စကားကို ပြန်ရုတ်သိမ်းသွားရတာလဲ"
သူမကို ထိုပုံစံအဖြစ် တွေ့လိုက်သည့်အခါ ရွှီဖန်း စိုးရိမ်မိသွားသည်။ ဝူယွီရွှမ်းကတော့ သူမပါးစပ်လေးကို လက်ဖြင့်ပိတ်ရင်း ရယ်နေသည်။
ရွှီဖန်းက သူ့ခေါင်းကို ဂုဏ်ယူစွာဖြင့် မြှောက်လျက်..
"ဒါဆို ပြန်မရုတ်သိမ်းသေးဘူးပေါ့"
"အဲ့ဒီတော့ ဘာဖြစ်လဲ၊ နင် လမ်းအသစ်၊ ကျောင်းအသစ်ဆောက်ဖို့ ပိုက်ဆံအများကြီး ရှိမယ်လို့ ငါမထင်ပါဘူးနော်"
ကျောင်းဆောက်လုပ်ရန်အတွက်က ပိုက်ဆံနှင့်တင်မဖြစ်ချေ။ ကြင်နာမှုလည်း လိုအပ်လေသည်။ လူတွေမှာ ပိုက်ဆံများစွာ ရှိကြရင်တောင်မှ တခြားလူအပေါ် ပိုက်ဆံဖြုန်းရန် ဆန္ဒမရှိကြပေ။ ဝူယွီရွှမ်းသည် ထိုအကြောင်းအရာအား အထူးအနေဖြင့် ပြောဆိုခဲ့သည်။
သို့သော် ရွှီဖန်းက ကြားကြားချင်း ရယ်တော့သည်။
"ဘာလို့ ရယ်နေတာလဲ"
ရွှီဖန်း၏ ရယ်မောသံက ဝူယွီရွှမ်းအား သိလိုစိတ်ပြင်းပြလာစေသည်။
"ဒီနေ့ ငါမင်းကို သတင်းကောင်း ပြောဖို့ လာခဲ့တာ"
"သတင်းကောင်းလား"
ဝူယွီရွှမ်း မျက်မှောင်ကြုတ်မိသည်။ ရွှီဖန်းကို အခုလို ပျော်ရွှင်စေတဲ့ သတင်းကောင်းက ဘာများဖြစ်မလဲ။
"ဒီနေ့ ရှောင်းချောင်နဲ့ ကိစ္စတွေကို ဖြေရှင်းခဲ့တယ်၊ ငါ ခန့်မှန်းရသလောက် သူမ ထပ်ပြီး ဘာမှ ထပ်လုပ်ရဲတော့မှာ မဟုတ်ဘူး၊ ပြီးတော့ ငါ လမ်းပြင်ဖို့ ပိုက်ဆံလည်း စုဆောင်းလာခဲ့တယ်၊ အခု ငါတို့ ဆောက်လုပ်ရေးသမားတွေ ရှာဖို့ပဲလိုတယ်"
"တစ်ကယ်လား"
ရွှီဖန်း သူမကို ပြောပြလာမည့် သတင်းကောင်းက ဤကိစ္စဟု မထင်ထားခဲ့ပေ။ သူမ စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်၍ ရွှီဖန်း လက်ကိုဆွဲလိုက်သည်။
"ရွှီဖန်း နင် ငါ့ကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်"
"ငါက ဘာလို့ လိမ်ရမှာလဲ"
ရွှီဖန်း ပြုံးလိုက်သည်။ ရှောင်းချောင်က သူ့ကို လာမရှုပ်ရဲတော့ဘူးဆိုတာကို သူသိသည်။ မဟုတ်လျှင် သူ့ဘူးသီးလုံးများကို ခေါ်ကာ ခွေးတိုက်ပွဲကွင်းကို ထပ်သွားလိုက်မည်။ ဒါက သူမအတွက် လုံလောက်ပေမည်။
"ကောင်းလိုက်တာ! နောက်ဆုံးတော့ အကုန်လုံး အဆင်ပြေသွားခဲ့ပြီ"
ရွှီဖန်းက သူမကို နှစ်သိမ့်ရန်သက်သက် လိမ်ညာနေခြင်းမဖြစ်နိုင်ချေ။ ဝူယွီရွှမ်းလည်း စိတ်သက်သာရာ ရမိတော့သည်။ သူမ စိတ်လှုပ်ရှားနေတာကြောင့် ရွှီဖန်း၏လက်ကို ဆက်ကိုင်ထားမိခဲ့သည်။
ဝူယွီရွှမ်း၏ချောမွေ့နူးညံ့နေသော လက်ကလေးကြောင့် ရွှီဖန်းမှာ သူ့နှလုံးသားထဲ၌ မလွယ်ကူသော ခံစားချက်တစ်ခုကို ခံစားနေရသည်။ သူမ အာရုံလွတ်နေတာကို အခွင့်ကောင်းယူ၍ သူမလည်ပင်းကိုဆွဲချကာ ပါးကို နမ်းလိုက်မိသည်။
"နင်!"
ဒီရွှီဖန်းကောင် အလွန်လက်ရဲဇက်ရဲရှိမည်ဟု သူမ မထင်ထားခဲ့တာကြောင့် စိုးရိမ်ပူပန်စွာ တံခါးကို လှမ်းကြည့်မိလိုက်သည်။ အလုပ်ရုံးခန်းထဲ၌ သူမ ရှုပ်ရှုပ်
ယှက်ယှက်တွေ မလုပ်ရဲပေ။
အုပ်ချုပ်ရေးမှူးက ယောကျ်ားလေးတစ်ယောက်နှင့် ရုံးခန်းမှာ ရှုပ်နေသည်ဟု သတင်းထွက်သွားပါက သူမမျက်နှာအား ဖွက်ထားရပေလိမ့်မည်။
"ဟမ့်! ငါနင့်ကို ရိုက်ပစ်မယ်!"
ဝူယွီရွှမ်း၏ ဆူပူနေသည့်မျက်နှာအား ကြည့်ရင်း ရွှီဖန်း အရှက်မရှိ ရယ်မောလိုက်မိသည်။
"ငါလုပ်နိုင်တာ ဘာမှမရှိဘူးလေ၊ မင်းက အရမ်းလှလွန်းတော့ ငါသည်းမခံနိုင်တော့ဘူး"
"ဒါ့အပြင် ဒီလို သတင်းကောင်းရှိနေတာ ငါတို့ အောင်ပွဲ ကျင်းပရမှာပေါ့"
"နင့်ဖင်ကိုပဲ အောင်ပွဲခံပါလား"
ဝူယွီရွှမ်းသည် စိတ်တိုစွာဖြင့် ရွှီဖန်းကို မျက်လုံး လှိမ့်ပြလိုက်သည်။ အပြင်လူများ မြင်သွားမည်ကို သူမကြောက်ရွံ့နေသည်။
"ကောင်းပြီ၊ ဘာမှလုပ်စရာမရှိရင် ပြန်တော့၊ ငါအလုပ်လုပ်ရဦးမယ်"
အခြေအနေကိုလည်း အခွင့်ကောင်းယူပြီးပြီဖြစ်၍ ထပ်ပြီးစောင်းကြွကြွလုပ်ရန် မစီစဥ်ထားပေ။ ဒါကြောင့် သူ့လက်တွေကိုဝှေ့ယမ်းကာ ရပ်ရွာကော်မတီမှ ထွက်လာခဲ့သည်။
ရပ်ရွာကော်မတီမှ ထွက်လာပြီးနောက် သူ မနေနိုင်ဘဲ ခေါင်းကိုက်မိပြန်သည်။ သူ့ဆီမှာ လမ်းပြင်ရန် ပိုက်ဆံလုံလုံလောက်လောက် ရှိသော်ငြား ဖြေရှင်းစရာလိုသည့် ပြဿနာတစ်ခု ရှိနေသည်။
လမ်းပြင်ရန်အတွက် ယုံကြည်စိတ်ချရမည့် ဆောက်လုပ်ရေးသမားတွေကို အပ်ရပေမည်။ အကြောင်းအရင်းမှာ အကျင့်မကောင်းကာ နှလုံးမည်းနက်နေသော ဆောက်လုပ်ရေးသမားတချို့ကြောင့်ပင်။
ဒါကြောင့် ထိုလူများအပေါ်၌ သူ့ငွေများကို မဖြုန်းလိုက်ချင်ပေ။ ဒါ့အပြင် လမ်းပြင်ခြင်းကလည်း သူ့ပရောဂျက်ဖြစ်နေသေးသည်။
ဒီနယ်မြေထဲ၌ သူနှင့် ခင်သည့်မိတ်ဆွေများလည်း မရှိပေ။ မျက်စိမှိတ်နားပိတ် ရှာနေလို့ကတော့ ယုံကြည်
စိတ်ချရမည့် ဆောက်လုပ်ရေးသမားတွေကို ရှာနိုင်
မည်မဟုတ်ချေ။
"ရွှီဖန်း!"
"ရွှီဖန်း!"
သူခေါင်းကိုက်နေတာကြောင့် တစ်ယောက်ယောက်က သူ့ကိုခေါ်လာသည့်အသံအား အကြိမ်ရေတချို့ကျမှ ကြားလိုက်ရသည်။
သူခေါင်းကိုလှည့်လိုက်သည်နှင့် သူ့ကိုခေါ်သည့်လူကို တွေးလိုက်ရသည်။ သူမနေနိုင်ဘဲ ညည်းတွားမိတော့သည်။
"ဒါ ဆိုးတာပဲ"
ရှုချိုးယာ
ရှုချိုးယာသည် အဖြူရောင်ဆရာဝန်ကုတ်ကို ဝတ်ဆင်ထားပြီး သူမဆေးခန်းရှေ့မှာ ခါးထောက်ကာ ရပ်နေသည်။ သူမက ဒေါသထွက်နေသည့် အမူအရာဖြင့်ကြည့်နေသည်။
"ဆရာမရှု...အိုး အိုး ချိုးယာ...ကျွန်တော့်ကို ရှာနေတာလား"
ရွှီဖန်းသည် အနည်းငယ် နေရခက်စွာဖြင့် ဆရာဝန်မလေးအနားဆီ လျှောက်သွားလိုက်သည်။
"ရှင် ကျွန်မကို လာရှာတဲ့ နောက်ဆုံးနေ့ကတည်းက ရက်တော်တော်ကြာပြီ၊ အခု ကျွန်မခေါ်တော့ လျစ်လျူရှုတယ်ပေါ့လေ"
ရှုချိုးယာမျက်နှာပေါ်မှ အမူအရာက ကြေကွဲဝမ်းနည်းနေသည့်ဇနီးမယားနှင့် တူနေလေသည်။ ရှက်ရွံ့နေသည့်ရွှီဖန်းမှာ စပ်ဖြဲဖြဲလုပ်၍ ရှင်းပြရသည်။
"မဟုတ်ရပါဘူး...မင်းကအရမ်းလှတဲ့သူမလို့ ကျွန်တော်နေ့တိုင်း အိပ်မက်မက်နေတာပါ"
"လူညစ်ပတ်!"
ရွှီဖန်းက သူမကို အိပ်မက်ထဲ ထည့်မက်သည်ဟု ပြောလာသောအခါ ရှုချိုးယာ၏ မျက်နှာက နီရဲသွားသည်။ သူမ ချက်ချင်းပင် ရွှီဖန်းကို ဆူငေါက်လိုက်သည်။
သူ့အိပ်မက်ထဲမှာ သူမက အင်္ကျီဝတ်ထားလား၊ မဝတ်ထားဘူးလားဆိုတာ ဘယ်သူက သိနိုင်မှာလဲ။
"ဟမ့် မေ့လိုက်တော့ ကျွန်မ ဒီတစ်ခါတော့ ခွင့်လွှတ်
လိုက်မယ်၊ ရှင် ခုနက ဘာတွေစဥ်းစားပြီးဈာန်ဝင်နေရတာလဲ"
"..........."
ရှုချိုးယာသည် ရွှီဖန်းကို စနောက်နေခြင်းသာ ဖြစ်ပြီး သူမက အကြောင်းရင်းမရှိဘဲ ပြဿနာရှာတတ်သည့်မိန်းကလေး မဟုတ်ပေ။ သူမ နှုတ်ခမ်းကို ဆူပုတ်ကာ မေးလိုက်သည်။
"ဒါက ဒီလိုပါ"
ရွှီဖန်းလည်း စိတ်အနှောက်အယှက်ဖြစ်နေခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်းထဲက တစ်ယောက်ယောက်ကို ရှုချိုးယာမှ သိလိုသိငြား သူအကြောင်းစုံ ပြောပြလိုက်သည်။
"ဟင်း! အစကတော့ ပိုက်ဆံရှိရင် ရပြီထင်ခဲ့တာ၊ အခုတော့ အဆက်အသွယ်ရှိဖို့ကလည်း အရေးကြီးနေပြန်ပြီ"
ရှုချိုးယာက ရွှီဖန်းအား အံ့အားတကြီး ကြည့်နေစဥ်၌ သူကတော့ သက်ပြင်းချနေခဲ့သည်။
ရွှီဖန်းတစ်ယောက် အချိန်တိုအတွင်းမှာ ဒီလောက်ပိုက်ဆံအများကြီး ရှာနိုင်လိမ့်မည်ဟု သူမမထင်ခဲ့ချေ။
မြစ်အောက်ပိုင်းရွာလို ဆင်းရဲသော ရွာလေးတစ်ရွာအတွက် လမ်းပြင်ဖို့ မပြောနှင့် ပိုက်ဆံတချို့ကောက်ရင်တောင်မှ ပြဿနာတစ်ခု ဖြစ်နေခဲ့သည်။
ရွှီဖန်းက တစ်ကယ်ကို တခြားလူတွေ မကျော်လွှားနိုင်သည့် လူတစ်ဦးပင်။
ပိုပြီးအရေးကြီးတာက တချို့လူတွေမှာ သူတို့လမ်းကြောင်းကို တည်ဆောက်ရန်အတွက် သူတို့ရှာဖွေထားသည့် ငွေတွေကို အသုံးပြုနိုင်ရန် အမြော်အမြင်မရှိသလို ကြင်နာမှုလည်း မရှိကြပေ။
လူသစ်တစ်ယောက်လို ဖြစ်သွားသည့် ရွှီဖန်းကိုကြည့်ရင်း သူမ ပြုံးမိသည်။
"ကျစ်! ကျွန်မက ပြဿနာကြီးကြီးမှတ်နေတာ၊ ဆောက်လုပ်ရေးကုမ္ပဏီလေးများ...ခက်ခဲတာမဟုတ်ပါဘူး"
"ဟမ်"
ရှုချိုးယာကိုကြည့်ရတာတော့ သူမမှာ နည်းလမ်းရှိသည့်ပုံပင်။ ရွှီဖန်း သူမကို စိတ်လှုပ်တရှား ကြည့်
လိုက်သည်။
"ချိုးယာ...နည်းလမ်းရှိတာလား"
**********************