ရှင်လုပ်တာ ကျွန်မနာနေပြီ
Vol. 5 Ch. 67
ရွှီဖန်းက စိတ်လှုပ်ရှားကာ သူမလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လာတာကြောင့် ရှုချိုးယာ၏ မျက်နှာက နီရဲနေသည်။
ထိုအခိုက်အတန့်မှာ သူမ သူ့ကို စိုက်ကြည့်လိုက်သည်။
"အရူး! လွှတ်ပေးဦး...ရှင်လုပ်တာ ကျွန်မနာနေပြီ"
"တောင်းပန်ပါတယ် တောင်းပန်ပါတယ်...ကျ-ကျွန်တော် စိတ်လှုပ်ရှားသွားလို့"
ရွှီဖန်းသည် နေရခက်စွာပင် သူ့လက်ကို ပြန်ဆွဲထုတ်၍ ခေါင်းကုတ်ကာ ရှင်းပြခဲ့သည်။
မြစ်အောက်ပိုင်းရွာ၏ အရေးက သူ့စီးပွားရေးအတွက် အလွန်အရေးကြီးလေသည်။ ဒါကြောင့် သူ့စိတ်လှုပ်ရှားမှုကို ထိန်းရန် ခက်ခဲပေသည်။
ရှုချိုးယာက သူမနှုတ်ခမ်းကို ကွေးကာ ပြောလာသည်။
"ရှင်အရမ်းစိုးရိမ်ပူပန်နေမှတော့ ကျွန်မကူညီပေးရမှာပေါ့"
"ဆောက်လုပ်ရေးလုပ်ငန်းသူဌေးတစ်ယောက်ကို ကျွန်မသိတယ်၊ မနက်ဖြန် ကျွန်မဆီလာခဲ့၊ သူ့ဆီကို ခေါ်သွားပေးမယ်"
"ကျွန်မ ရှင့်ကို လှည့်စားနေတာမဟုတ်ဘူး"
"ကောင်းတယ်! ဒါဆို ကျွန်တော် မနက်ဖြန်စောစော လာရှာမယ်"
ရှုချိုးယာနှင့် သဘောတူညီချက်ရပြီးနောက် နောက်တစ်နေ့မရောက်ခင်အထိ သူစောင့်ခဲ့ရသည်။ မနက်ရောက်သည်နှင့် ရှုချိုးယာကို ခေါ်ဆောင်ရန် သုံးဘီးကို ဆေးခန်းရှိရာသို့ မောင်းသွားခဲ့သည်။
"ရွှီဖန်း ရှင်အခုဆို ယွမ်သန်းများစွာ ပိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်နေပြီပဲ၊ ဘာလို့ ကားမဝယ်စီးတာလဲ"
ရွှီဖန်းက သူ့စရိတ်ထဲက လမ်းပြင်ရန် သုံးဖို့ ဆန္ဒရှိနေသော်ငြား သူ့အတွက်သူကျ မသုံးတာကြောင့် ရှုချိုးယာ နားမလည်နိုင်ဖြစ်နေသည်။ အနာဂါတ်ကျ မြို့ကိုတက်ခဲ့သည်ရှိသော် စီးစရာက ပုံရိပ်အတွက် အရေးကြီးလေသည်။
ရွှီဖန်း ရှက်ရွံ့စွာ ပြုံး၍ ပြောလိုက်သည်။
"မြစ်အောက်ပိုင်းရွာက လမ်းတွေနဲ့ဆိုရင် ကားအကောင်းစားဝယ်ရင်တောင်မှ အသုံးမဝင်လို့လေ"
လက်ရှိ မြစ်အောက်ပိုင်းရွာ၏ လမ်းအခြေအနေဖြင့် BMWတို့ Audiတို့ ဝယ်စီးရင်တောင်မှ လအနည်းငယ်အတွင်းမှာတင် ဖယ်ထုတ်ပစ်ရလိမ့်မည်။
လမ်းကို အရင်ဆုံး ပြင်ပြီးမှသာ ဝယ်စီးတာ ပိုကောင်း၏။
"မေ့လိုက်တော့ အရူးလေး"
ထိုအချိန် ရှုချိုးယာက သူ့ခေါင်းကို ခေါက်၍ ပြောလာသည်။
"SUVတစ်စီးလောက် ဝယ်ဖို့ မလုံလောက်တာကျလို့၊ ဒီကို ပြန်မမောင်းလာနိုင်လည်း ဆိုင်ရှေ့မှာ ရပ်ထားခဲ့လို့ရတာပဲ"
"ကျွန်မ ဂရုမစိုက်ဘူး၊ ကိစ္စတွေ အရင်လုပ်ပြီးရင် ကားဝယ်ဖို့ ရှင့်ကို ခေါ်သွားပေးမယ်၊ ကိုယ့်ကိုယ့်ကိုယ် ပျော်ရွှင်အောင် မထားဘဲ ဘယ်လိုလုပ် ချစ်သူမိန်းကလေး ရှာနိုင်မှာလဲ"
"........."
ရွှီဖန်းမှာ ရယ်ရခက် ငိုရခက်ပေ။ ဘာလို့လဲမသိပေမယ့် ရှုချိုးယာ၏ အပြုအမူများက သူ့ဇနီးမယားကဲ့သို့ အလား ဆက်တိုက်ခံစားနေရသည်။
သို့သော်ငြား ကားတစ်စီးဝယ်ယူခြင်းက မေးခွန်းထုတ်စရာမလိုပင်။ သူ့အတွေးထဲမှာ ယခင်က တွေးတောင်မတွေးခဲ့ဖူးသည့် ဇိမ်ခံကားများ၏အကြောင်း ရှိနေလေပြီ။
"အိုး ဟုတ်သား၊ ချိုးယာ မနေ့ကပြောတဲ့ သူဌေးနာမည်ကဘာလဲ၊ ခဏနေတွေ့ရင် နှုတ်ဆက်ရအောင်လို့"
ရှုချိုးယာမိတ်ဆက်ပေးချင်သည့် သူဌေးက ခရိုင်မြို့တော်မှ ဖြစ်သည်။ နာမည်အရင်မေးထားတာက ခဏနေရင် ရိုင်းသော အပြုအမူမလုပ်မိရန် ရှောင်ရှားနိုင်လိမ့်မည်။
"သူ့နာမည်က ဟုန်ဖေး၊ အရင်တုန်းက ကျွန်မ ခရိုင်ဆေးရုံမှာ အလုပ်သင်ဆင်းနေတုန်းက သူနဲ့ သိခဲ့ကြတာ"
"ဒါပေမယ့်"
"ဘာဖြစ်လို့လဲ၊ ပြဿနာရှိလို့လား"
ရှုချိုးယာက ရှင်းပြနေရင်း ကသိကအောင့် ဖြစ်နေပုံရသည်။ ရွှီဖန်းမျက်မှောင်ကြုတ်ကာ သူမကို ကြည့်လိုက်သည်။
"မနေ့က သူ့ရဲ့အခြေအနေကို ကျွန်မ ဆရာဆီ လှမ်းမေးခဲ့တယ်၊ ကြည့်ရတာ သူက ထူးဆန်းတဲ့ရောဂါကို ခံစားနေရတဲ့ပုံပဲ"
"သူ ဒီနေ့လည်း နေမကောင်းဘူးဆိုရင် ကျွန်မတို့ရဲ့ လမ်းခရီးက အသုံးမဝင်တော့လောက်ဘူး"
"နေမကောင်းဖြစ်နေတာလား၊ ဘယ်လိုတောင် ထူးဆန်းတဲ့ ရောဂါဖြစ်နေလို့လဲ"
နားထောင်ပြီးသည်နှင့် ရွှီဖန်း မျက်မှောင်ကြုတ်
လိုက်သည်။ ခရိုင်ဆေးရုံကတောင် မကုသနိုင်သည့် ရောဂါက ဘာရောဂါမှန်း သူသိချင်နေသည်။
ဟုန်ဖေး၏ရောဂါကို ပြန်တွေးရင်း ရှုချိုးယာမှာ အခုထိ စွဲကျန်နေသေးသည့် ကြောက်ရွံ့ခြင်းကို ခံစားခဲ့ရသည်။ သူမ နှုတ်ခမ်းအား ဖွင့်၍ ရှင်းပြလိုက်သည်။
"ရောဂါနာမည်တော့ ကျွန်မမသိဘူး၊ ဒါပေမယ့် ကျွန်မ ဆရာပြောတာတော့ သူက ဇွန်ဘီလက္ခဏာတွေကို ခံစားနေတာတဲ့"
"ဇွန်ဘီလား"
ရှုချိုးယာပြောလာသည့် အရာက သိပ္ပံနည်းကျကျ မရှိနိုင်သည့် ရောဂါဖြစ်ကာ ရွှီဖန်း မကြားဖူးခဲ့ပေ။
ရှုချိုးယာ ခေါင်းညိတ်၍ ပြောလိုက်သည်။
"သူနေမကောင်းဖြစ်လာပြီဆိုရင် စိတ်ဆိုးမာန်ဆိုးဖြစ်လာပြီး တစ်ယောက်ယောက်ကို ရိုက်ရင်ရိုက် မဟုတ်ရင် ကျိန်ဆဲနေတတ်တယ်"
"အရေးအကြီးဆုံးအရာက သူက အရင်ကထက် ပိုပိုပိန်လာတာပဲ၊ သူ့ရဲ့သွင်ပြင်က အရမ်းကြောက်ဖို့ကောင်းပြီး တီဗီတွေထဲက ဇွန်ဘီတွေလိုပဲ"
"အဲ့တာကြောင့်ကို"
ရွှီဖန်း မျက်မှောင်ကြုတ်မိသည်။ ရှုချိုးယာပြောသည့်လက္ခဏာများက မရေရာဖြစ်နေတာကြောင့် အခုလို အထူးအခြေအနေမျိုးကို သူ မပြောနိုင်ခင်မှာ ထိုလူကို အရင်ဆုံးတွေ့ကြည့်ရန် လိုအပ်သည်။
"ကိစ္စမရှိဘူး၊ ချိုးယာ အရင်ဆုံးသွားကြည့်ကြပြီး ပြီးမှ ထပ်ပြောကြတာပေါ့"
ရှုချိုးယာ၏စကားများအရ အခုလမ်းခရီးက အချိန်ဖြုန်းတာမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် သူတို့အစီအစဥ် ချပြီးပြီဖြစ်၍ အခြေအနေကို အရင်စစ်ဆေးကြည့်ရန် သူဆုံးဖြတ်ခဲ့သည်။
ရှုချိုးယာကလည်း မတားပေ။
"ဒါပေမယ့် အများကြီးတော့ မမျှော်မှန်းထားနဲ့နော်၊ ဟုန်ဖေးရဲ့ ဒီရောဂါက ဆရာဝန်တွေတောင် ကုသလို့ရတဲ့ ရောဂါမျိုးမဟုတ်ဘူး"
"ဘာလို့လဲ"
ရွှီဖန်း သိလိုစိတ်ဖြင့် မေးခဲ့သည်။
"ဟုန်ဖေးက ပိုက်ဆံပြတ်နေတဲ့ လူမဟုတ်လို့ အရင်က သူ့ရောဂါအတွက် ဆရာဝန်တွေကို ဖိတ်ခေါ်ခဲ့တယ်၊ ဒါပေမယ့် ခရိုင်ဆေးရုံက အတော်ဆုံးဆရာဝန်တွေတောင်မှ ခေါင်းခါခဲ့ရတယ်"
"ဒီအတွက် သူပိုက်ဆံတွေလည်း တစ်သန်းလောက်
ကုန်ခဲ့တယ်၊ ဒါပေမယ့် သူလုပ်နိုင်တာ ဘာမှ မရှိခဲ့ဘူး၊ အခုဆို သူ ပိုပိုပြီး ဆိုးလာတယ်၊ ကျွန်မဆရာပြောပုံအရ သူက နောက်လဆိုရင် နောက်ဆက်တွဲကို ခံစားရလိမ့်မယ်တဲ့"
ထိုစကားပြောပြီးနောက် ရှုချိုးယာက သူမလျှာကို ရွှတ်နောက်နောက် ထုတ်လာသည်။
"ဟင်း ထပ်မပြောတော့ပါဘူး၊ ခဏနေလို့ ဟုန်ဖေးကိုတွေ့ရင် သူအခြေအနေကို သိသွားလိမ့်မယ်"
ရှုချိုးယာသည် ဘာမှ ထပ်မရှင်းပြတော့ချေ။ သူမအမြင်အရ ရွှီဖန်းအပါအဝင် ဘယ်ဆရာဝန်မှ ဟုန်ဖေး၏ရောဂါကို ကုနိုင်မည်မဟုတ်ချေ။
သုံးဘီးဆိုင်ကယ်လေးက ဒုန်းဆိုင်းမောင်းနှင်နေခဲ့သည်။ မကြာခင်မှာတင် သူတို့ ခရိုင်မြို့တော်ကို ရောက်လာခဲ့သည်။
ဟုန်ဖေးမှ လတ်တလော ကန်ထရိုက်ချထားသည့် ဆောက်လုပ်ရေးတည်နေရာ၌ ဆောက်လုပ်နေသည်မှာ အစိုးရအဆောက်အအုံတစ်ခုဖြစ်သည်။ ထိုအရာက အခြေခံသာပြီးသေးသော်လည်း ကြည့်လိုက်ရုံဖြင့် ယွမ် ၁၀သန်းလောက် တန်မည်မှန်း သိနိုင်သည်။
ဒီလိုကြီးမားသည့်ပရောဂျက်ကို ရယူနိုင်ခဲ့သည့် ဟုန်ဖေးက သာမာန်လူတစ်ယောက် မဟုတ်မှန်းသိသာပေသည်။
"ချိုးယာ သူ့ကိုတွေ့ဖို့ ခေါ်သွားပေးပါ"
သူတို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ရောက်သည်နှင့် သူ ချိူးယာကို တောင်းဆိုခဲ့သည်။
"အင်း...ရွှီဖန်း ခဏနေ စကားပြောတာ ပေါက်ကရတွေ မပြောမိစေနဲ့နော်၊ ကျွန်မဆရာပြောတာ ဟုန်ဖေးက အခု စိတ်အခြေအနေဆိုးဝါးနေတယ်တဲ့"
ရွှီဖန်း ခေါင်းညိတ်ကာ ချိုးယာနောက်ကို လိုက်သွားခဲ့သည်။
"ရွှီဖန်း သူက ဟုန်ဖေး"
ချိုးယာ ညွှန်ပြသည့်နေရာကို ကြည့်လိုက်ရာ ယာယီရွက်ဖျင်တဲအောက်က ကုလားထိုင်ပေါ်မှာ လှဲနေသည့် အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့ဘေး၌ ဆွဲဆောင်မှုရှိသော အဝတ်အစားကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်ရှိကာ သူမမျက်နှာပေါ်၌ မတရားခံရသလို အမူအရာမျိုးရှိနေခဲ့သည်။
ရှုချိုးယာက ရှင်းပြလာသည်။
"အဲ့တာ ဟုန်ဖေးရဲ့ဇနီးလေ၊ သူမက သူ့ထက် နှစ်နှစ်
ဆယ်တိတိ ငယ်တယ်၊ ကျွန်မဆရာပြောပုံအရ ဆရာဝန်ကို မိန်းမတော်ထားတာတဲ့"
"ရွှီဖန်း သွားစို့"
ချိုးဆုအာသည် ဟုန်ဖေးတစ်ယောက် ခရိုင်မြို့တော်၌ လူတစ်ယောက်ကို ရိုက်နှက်ခဲ့သည့် မြင်ကွင်းကို ပြန်သတိရကာ အနည်းငယ် ကြောက်ရွံ့နေသည်။ ဒါကြောင့် သူမ ရွှီဖန်း အနောက်၌ ပုန်းကာ သူနှင့်အတူ ဟုန်ဖေးရှိရာသို့ သွားခဲ့သည်။
သူတို့နှစ်ယောက် ရွက်ဖျင်တဲအနားသို့ ရောက်လာသည့်အခါ ဟုန်ဖေးမိန်းမ ပြောနေသည့်စကားကို ကြားခဲ့ရသည်။
"ယောကျ်ား ကျွန်မ တောင်းပန်ပါတယ်၊ ဒေါက်တာလီကို ရှင့်ရောဂါ ကြည့်ခိုင်းကြရအောင်နော်၊ သူ့ကို မကြည့်စေချင်ရင်တောင်မှ နည်းနည်းတော့ စားသောက်ပါဦး၊ ရှင်အခုလိုဖြစ်နေတာ ကျွန်မတစ်ကယ် စိတ်မကောင်းလို့ပါ"
ရွက်ဖျင်တဲ၏စားပွဲတစ်ခုအပေါ်၌ ခမ်းနားသော ဟင်းပွဲများ ရှိနေခဲ့သည်။ ဟုန်ဖေး၏ ဇနီးက ခရိုင်
မြို့တော်မှ အကောင်းဆုံးစားဖိုမှူးကို ချက်ခိုင်းခဲ့ခြင်းဖြစ်သည်။
သို့သော်ငြား ဟုန်ဖေးကတော့ ကြည့်တောင်မကြည့်ဘဲ ဆူငေါက်လာသည်။
"ထွက်သွားစမ်း! ငါမစားဘူးလို့ပြောနေတယ်! အဲ့ဒါကို ကြည့်ရုံနဲ့တင် ရွံဖို့ကောင်းတယ်"
ထိုအခိုက်အတန့် ရွှီဖန်းသည်လည်း ဟုန်ဖေး၏အသွင်အပြင်ကို ကောင်းစွာမြင်ရပြီး ချက်ချင်း ရှော့ရသွားတော့သည်။ ရှုချိုးယာ ပြောခဲ့သလိုပင် ဟုန်ဖေး၏ လက်ရှိအသွင်အပြင်က ဇွန်ဘီအတိုင်းပင်။
သူက အရိုးအိတ်ကဲ့သို့ ပိန်လှီနေပြီး သူ့မျက်နှာပေါ်တွင် လည်း အစက်အပြောက် တစ်စက်မျှပင် မရှိ။ သူ့မျက်လုံးနှစ်လုံးကပါ ပြူးနေပြီး ခန္ဓာကိုယ်ထဲက ထွက်လာတော့မည့်ပုံပင်။
ပြီးတာနဲ့ ဘေးမှာ ထိုင်နေသည့် အမျိုးသမီးကို ကြည့်လိုက်မိသည်။ အခု သူတို့ပုံစံက အလှလေးနှင့် သားရဲကြားက ပုံပြင်အတိုင်းပင်။
ထို့နောက် ရွှီဖန်းသည် ရှုချိုးယာကို ခေါ်၍ ရွက်ဖျင်တဲသို့ ဝင်သွားခဲ့သည်။
************************