ငါ မင်းရဲ့ရောဂါကို ကုပေးနိုင်တယ်
Vol. 5 Ch. 68
ရွက်ဖျင်တဲအောက်မှာ နေရင်း ဟုန်ဖေးသည် အလွန်ဒေါသထွက်နေခဲ့သည်။ တစ်စုံတစ်ယောက်က သူ့ဆီလျှောက်လာတာကို မြင်သည့်အခါ သူ့ဒေါသက မျက်နှာပေါက်ထွက်မတတ် ချက်ချင်း ဆိုးရွားလာတော့သည်။
သူက ရွှီဖန်းကို အော်ပြောခဲ့သည်။
"မင်းက ဘယ်ကကောင်လဲ! ဒီကိုလာဖို့ ဘယ်သူ ပြောလိုက်လဲ"
ထိုနောက် မတ်တပ်ရပ်လျက် ရွှီဖန်းကို လက်ညှိုးထိုးကာ သံကုန် အော်ငေါက်တော့သည်။
"ထွက်သွားစမ်း! မင်းကို အလုပ်ထုတ်လိုက်ပြီ!"
ရွှီဖန်းက သူ့နှုတ်ခမ်းထောင့်ကို အနည်းငယ်မြှင့်၍ ပြုံးနေသည်။
"ပထမဆုံးအနေနဲ့ ကျွန်တော်က ခင်ဗျားရဲ့ အလုပ်သမား မဟုတ်ဘူး၊ ဒုတိယကတော့ ကျွန်တော်သာထွက်သွားရင် သူဌေးဟုန်ကတော့ ဒီလတောင် အသက်မရှင်ရတော့ဘူးလို့ ကျွန်တော်ပြောရဲတယ်"
"ရွှီဖန်း ရှင်!"
အနောက်မှာ ရပ်နေသည့် ရှုချိုးယာမှာတော့ ရွှီဖန်း ထိုကဲ့သို့ ပြောလာသည်ကို ကြားသည်နှင့် ခြေဆောင့်နေတော့သည်။
ဒီလူကို ခုနကပဲ ပေါက်ကရတွေ မပြောဖို့ မှာထားရဲ့သားနဲ့!
ဒါက ဇွန်ဘီရောဂါဖြစ်သည်။ သူသာ တစ်ကယ်ရူးပြီး တစ်ယောက်ယောက်ကို ရိုက်လိုက်ပါက ရွှီဖန်း လုပ်
နိုင်သည့်အရာ မရှိပေ။ ရှုချိုးယာ၏ စိုးရိမ်ပူပန်မှုအတွက်တော့ ရွှီဖန်းက မလိုအပ်ဘူးဟု ထင်သည်။
လွန်ခဲ့သည့်ရက်တွေ၌ စိမ်းပြာရောင်ဆေးအိတ်မှ ဆေးပညာများကို သူနေ့တိုင်း အားရင်အားသလို လေ့လာခဲ့သည်။
ကောင်းကင်ဘုံနန်းတော်မှ ဆေးပညာကို သင်ယူထားသူ ရွှီဖန်းတောင်မှ သူ့ကို မကုနိုင်လျှင် ဟုန်ဖေးကတော့ တစ်ကယ်ကို မျှော်လင့်ချက်မဲ့ပြီဖြစ်သည်။
"မင်းက ငါ့ကို ခြောက်လှန့်ရဲတယ်လား"
ရွှီဖန်းက သူ့ကို စိန်ခေါ်နေတာ မြင်သည့်အခါ ဟုန်ဖေးက မသိစိတ်မှအလိုလိုပင် ရိုက်နှက်ရန် ရှေ့တိုးလာတော့သည်။ သို့သော် သူ အခု အရမ်းဆာလောင်နေခဲ့တာကြောင့် ခြေလှမ်းနှစ်လှမ်းတောင်မပြည့်ဘဲ မြေကြီးပေါ် လဲကျသွားခဲ့သည်။ သို့သော် မိန်းမဖြစ်သူက အမြန်ပင် အပြေးလေး ကူညီလာတာကြောင့် ရုပ်ပျက်ဆင်းပျက် မလဲကျခဲ့ပေ။
ထိုအလှလေးက ဟုန်ဖေးကို ကူညီ၍ စိုးရိမ်တကြီး မေးလာခဲ့သည်။
"ဆရာ ကျွန်မ ကျွန်မယောကျ်ားရဲ့ ရောဂါကို သိလို့လား"
ထိုအမျိုးသမီး၏နာမည်က လျိုပင်းယာ ဖြစ်သည်။ ပြီးခဲ့သည့်ရက်များ၌ ခရိုင်တစ်ခုလုံးမှာ ဟုန်ဖေး၏ရောဂါကို ကုသနိုင်မည့် လူများကို ရှာဖွေခဲ့သော်လည်း မရခဲ့ပေ။
ခရိုင်ဆေးရုံမှ သူမဖိတ်ခဲ့သော နာမည်ကြီးဆရာဝန်မှာလည်း ဟုန်ဖေးဆီမှ သတ်ခံရလုနီးပါးဖြစ်ကာ ဘောင်းဘီထဲ သေးပေါက်ချလုနီးပါးပင်။
ရွှီဖန်း နှုတ်ခမ်းတွန့်ကာ စားပွဲပေါ်မှ ပုစွန်တုပ်များကို ကြည့်လိုက်သည်။ သူမနက်ကတည်းက မနက်စာ မစားခဲ့ရတာကြောင့် မထိန်းချုပ်တော့ဘဲ တစ်ခုကို ယူ၍ ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။
ဝါးနေရင်းဖြင့် သူ မပီမပြင် ပြောလိုက်သည်။
"တစ်ကယ်တော့ ပြင်းထန်တဲ့ရောဂါမဟုတ်ပါဘူး၊ ခံတွင်းပျက်ရောဂါလေးပါပဲ"
ဟုန်ဖေးက ထိုစကားများကို ကြားသည့်အခါ ရယ်မောလာသည်။ ခံတွင်းပျက်တယ်ဟုတ်လား။
"ခံတွင်းပျက်တာက ငါ့ကို ဒီလိုတွေ ဖြစ်စေတယ်ပေါ့"
ဘေးမှာရပ်နေသည့် ဒေါက်တာလီကလည်း ထိုစကားများကြောင့် နှာမှုတ်လာသည်။ ရွှီဖန်းက ဟုန်ဖေးကို လှည့်စားချင်နေသည့် လူလိမ်ဟုသာ သူသတ်မှတ်ခဲ့သည်။
ခံတွင်းပျက်ခြင်းက သာမာန်ရောဂါတစ်ခုဖြစ်သည်။ ခရိုင်ဆေးရုံမှာ ကျော်ကြားသည့် ဆရာဝန်တစ်ယောက်အနေဖြင့် ဒီရောဂါအပေါ် အကူအညီမဲ့နေစရာ အကြောင်းမရှိပေ။
ဒေါက်တာလီက သူ့မျက်မှန်ကို တွန်းတင်လျက် သရော်လာသည်။
"လူငယ်လေး မင်း ဘယ်ဆေးကျောင်းက ဘွဲ့ရလာတာလဲ၊ မစ္စတာဟုန်ဖေးရဲ့ရောဂါက ခံတွင်းပျက်နေတာတဲ့လား၊ မင်း ငါ့ကို နောက်နေတာလား"
ရွှီဖန်း သူ့နှုတ်ခမ်းကို ကွေးလိုက်သည်။
"ကျွန်တော်က ဆရာဝန်မဟုတ်ပါဘူး၊ သာမာန်
လယ်သမားတစ်ယောက်ပါ၊ ပြီးတော့ သူဌေးဟုန်
ဖြစ်နေတာက ခံတွင်းပျက်ရောဂါဖြစ်နေတာ"
"ဘာ! လယ်သမားလား! ဟားဟား ဒါဆို သူက တောသားဖြစ်နေတာပဲ"
ဒေါက်တာလီ ပြုံးလိုက်မိသည်။ အစကတော့ အခုမှ ဘွဲ့ရထားသည့် ဆေးကျောင်းသားလေးဟု ထင်ခဲ့မိသော်လည်း အခုတော့ ပညာမတတ်သည့် လယ်သမားဖြစ်နေသည်။
ရွှီဖန်းသည် သူ့မျက်လုံးတွေကို ကျဥ်းမြောင်း၍ အပြုံးခပ်ဖျော့ဖျော့ဖြင့် ပြောလိုက်သည်။
"ဟမ်...တောသားဆိုတာတော့ ဟုတ်ပါတယ်၊ အခု ကျွန်တော့်ထက် ပိုဆိုးရွားနေတဲ့ တစ်စုံတစ်ယောက်ကရော တောသားပဲလား"
"မင်း!"
ဒေါက်တာလီက ဒေါသကြောင့် မျက်နှာနီရဲနေသည်။ ရွှီဖန်းက ဟုန်ဖေး၏ ရောဂါကို ခုတုံးလုပ်၍ သူ့ကို အရှက်ခွဲမည်ဟု မထင်ခဲ့ချေ။
"မှန်တယ်၊ ငါ မစ္စတာဟုန်ရဲ့ ရောဂါကို မကုသနိုင်ဘူး၊ အဲ့ဒါက ရှားပါးတဲ့ဇွန်ဘီရောဂါပဲ၊ ငါ ဘယ်လောက်ပဲ စွမ်းအားရှိပါစေဦး အဲ့ဒီရောဂါကို ကုသဖို့ နည်းလမ်းမရှိဘူး၊ နည်းလမ်းမသိတာကလည်း ပုံမှန်ပဲ"
"ခင်ဗျားခေါင်းကတော့ ဝမ်းနည်းစရာပဲ"
ရွှီဖန်းတစ်ယောက် ဒေါက်လာလီဆိုသည့်လူအားကြည့်ကာ မျက်လုံးလှိမ့်လိုက်သည်။ ထို့နောက် ပုစွန်တုပ်တစ်ကောင်ကိုယူ၍ ပါးစပ်ထဲ ပစ်ထည့်လိုက်ပြန်သည်။ မြိုချလိုက်ပြီးနောက် သူမေးလိုက်သည်။
"သူဌေးဟုန်က ဘာစားစား ထွေးထုတ်တယ်မလား"
"ဟုတ်တယ် ဟုတ်ပါတယ်ရှင့်၊ ကျွန်မအမျိုးသားက လဝက်လောက် ဘာမှမစားဖြစ်ဘူး၊ သူ့မှာ အရည်ပဲသောက်ပြီး အသက်ဆက်နေရတယ်"
အခုလို ထူးဆန်းသည့် ရောဂါကြီး ဖြစ်လာကတည်းက ဟုန်ဖေးသည် ဘာစားစား အန်ထုတ်နေရသည်။ အချိန်ကြာလာတော့ အစားအစာကို မြင်သည်နှင့် သူရူးမလိုဖြစ်ကာ ရိုင်းစိုင်းဒေါသထွက်လာတော့သည်။
ရွှီဖန်း ခေါင်းညိတ်ကာ မေးလိုက်သည်။
"ဒါဆို မင်း သူ့အခန်းမှာရှိနေရင်ရော မတိုင်ခင်ကထက် ပိုမကောင်းလာဘူးလား"
"ဒါက.."
လျိုပင်းယာက ဒါကို ကြားသည့်အခါ ရှက်ရွံ့သွားရသည်။
ရွှီဖန်းနှင့်အတူ လိုက်ပါလာသည့် ရှုချိုးယာတောင်မှ အနည်းငယ် ရှက်ရွံ့သွားရသည်။
ဒီကောင်လေး ဘာတွေ လိုက်မေးနေတာလဲ။
သို့သော်ငြား ရွှီဖန်း ပြောတာ မှန်ကြောင်းကို ငြင်းဆိုစရာ မရှိပေ။ ဟုန်ဖေးသည် အိပ်ရာပေါ်တွင် နဂါးတစ်ကောင်ကဲ့သို့ ကြမ်းတမ်းခဲ့သော်ငြား အခုတော့ ပိုးကောင်လိုပဲ ပျော့ဖတ်နေခဲ့သည်။
"ပြီးတော့ ညကျရင်လည်း အိပ်နေရင်း လမ်းထလျှောက်တတ်တယ် မလား"
လျိုပင်းယာမှာ ထိတ်လန့်မှုကြောင့် ပါးစပ်ဟနေတော့သည်။ ရွှီဖန်းပြောသမျှက အကုန်မှန်နေတာကြောင့် ဒီလူက တော်တော်ထူးခြားဆန်းကြယ်တာပဲဟု သူမခံစားနေရသည်။
"ဆရာ ကျွန်မတောင်းပန်ပါတယ်၊ ကျွန်မအမျိုးသားကို ကယ်တင်ပေးပါ၊ ဆရာဘာပဲတောင်းဆိုတောင်းဆို ကျွန်မတို့လက်ခံပါတယ်"
လျိုပင်းယာသည် ဒူးထောက်လုမတတ် တောင်းပန်နေခဲ့သည်။ သူမ အခက်အခဲတွေကြားမှာ ယောကျ်ားကောင်းတစ်ယောက်ကို ရခဲ့သည်ဖြစ်ရာ မုဆိုးမ မဖြစ်ချင်ပေ။
ဘေးမှာရပ်နေသည့် ဒေါက်တာလီက ထိုအရာကိုမြင်သည့်အခါ ထိတ်လန့်သွားပြီး သူမကို အမြန် ဖြောင်းဖျလာသည်။
"မစ္စလျို ကျေးဇူးပြုပြီး သူ့ကို မယုံလိုက်နဲ့၊ သူက လူလိမ်တစ်ယောက်ပဲ၊ သူ့မှာ တစ်ကယ်ပဲ စွမ်းရည်ရှိပြီး ဒီရောဂါကို ကုသနိုင်မှ အကူအညီတောင်းသင့်တယ်"
"မှန်တယ်! မင်း ဒီစောက်ရောဂါကို မကုနိုင်ရင် ဒီမှာ အဓိပ္ပာယ်မရှိတာတွေ လာပွားမနေနဲ့"
ထိုအချိန် ဟုန်ဖေးကလည်း သတိလက်လွတ်ဖြစ်နေရာမှ အသိဝင်လာသည်။ သူက ရွှီဖန်းအား စိတ်ဆိုးတကြီး ကြည့်နေခဲ့သည်။
ရွှီဖန်းကတော့ သူ့မျက်လုံးများကို ကျဥ်းမြောင်း၍ ပြောလာသည်။
"သူဌေးဝမ် ဒီရောဂါကို ခင်ဗျား ကုသချင်ရင်တော့ ကုသနိုင်တယ်၊ ခင်ဗျားမကုသချင်ရင် ကုသနိုင်မှာမဟုတ်ဘူး၊ ကျွန်တော် အခု ပြောလိုက်တဲ့ စကားတွေလိုပဲ ခင်ဗျားရဲ့ ရောဂါကို ဖိနှိပ်နိုင်တယ်"
ဟုန်ဖေး၏ ရောဂါက တစ်ကယ်ကို ထူးဆန်းသည့် ရောဂါဖြစ်သည်။ စိမ်းပြာရောင် ဆေးအိတ်ထဲ၌ 'သွေးမသွားနိုင်အောင်ဖိညှစ်ခြင်း' ဆိုသည့် မှတ်တမ်းရှိသည်။
ဒီဆေးပညာကို ရှင်းပြရမည်ဆိုပါက ဟုန်ဖေး၏ အစာခြေစနစ်သည် အလုပ်မလုပ်နိုင်လုနီးပါး ဖြစ်နေတာကြောင့် သူက ဇွန်ဘီများနှင့် မကွာခြားတော့ပေ။ သူက အစာစွမ်းအင်တွေကို ပုံမှန် မစုပ်ယူနိုင်ရုံတင်မကဘဲ အစာအနံ့ရသည်နှင့် အော့အန်လာလိမ့်မည် ဖြစ်သည်။
ကောင်းကင်ဘုံစိတ်စွမ်းအင် ပါရှိသည့် အစားအစာများကို စားပါက အန်ထုတ်နိုင်ဦးမှာတဲ့လား။
ရွှီဖန်း၌ ကောင်းကင်ဘုံစိတ်စွမ်းအင်ပါရှိသည့် အစားအစာများ မရှိသော်လည်း ကောင်းကင်ဘုံမြေသြဇာဖြင့် စိုက်ပျိုးထားသည့် အသီးများတော့ ရှိပေသည်။
ဒီရောဂါကို ကုသနိုင်သည့် နည်းလမ်းကို မှတ်တမ်းမတင်ထားပေ။ သို့သော်ငြား ဟုန်ဖေးတစ်ယောက် ဘာမှ မစားနိုင်ရင်တောင်မှ သူ့အသီးများကို စားနိုင်လိမ့်မည်ဟု သူယုံကြည်သည်။
လုံးလုံးကြီး ကုသနိုင်သွားမည် မဟုတ်သော်လည်း ရောဂါကို ဖိနှိပ်ထားနိုင်ပြီး သာမာန်လူကဲ့သို့ ရှင်သန်သွားစေရန်တော့ ဖြစ်နိုင်သည်။ အနည်းဆုံးတော့ သူတစ်ခုခုကို စားသုံးနိုင်လေပြီ။
"မင်း တစ်ကယ်ပဲ ငါ့ရောဂါကို ဖိနှိပ်နိုင်တာလား"
အခုဆိုလျှင် ရွှီဖန်း၏ စကားများက မှန်နေတာကြောင့် ဟုန်ဖေးက အနည်းကယ် တည်ငြိမ်သွားသည်။ သူက ကြိုးစားကြည့်ရန် အတွေးရှိလာသည်။
ရွှီဖန်း ခေါင်းညိတ်လိုက်ကာ...
"ပြဿနာမဟုတ်ဘူး"
"ကောင်းပြီ! ငါ ဒီနေ့ မင်းကိုကုသခွင့်ပေးမယ်"
"မင်းဘေးက မိန်းမငယ်လေးကို ငါမသိဘူးမထင်
လိုက်နဲ့၊ မင်း ငါ့ကို လိမ်ရဲရင် မင်းကိုမပြောနဲ့ သူမကိုတောင် ငါ လွှတ်ပေးမှာ မဟုတ်ဘူး"
"ဒါပေါ့ မင်းသာ ငါ့ရောဂါကို ကုပေးနိုင်ရင် ငါဟုန်ဖေးက ဒီဘဝမှာ မင်းကို ညီအစ်ကိုအဖြစ် သတ်မှတ်မယ်"
"မစ္စတာဟုန် သူ့ကို ယုံလို့မရဘူး"
သူ အချိန်တော်ကြာ တိုက်တွန်းနေခဲ့တုန်းကတော့ ဟုန်ဖေးက မကုသခိုင်းခဲ့ပေ။ အခု တောသားတစ်ယောက်၏ စကားကိုကျ ယုံပြီး ကုသခိုင်းနေကြသည်။ ဒေါက်တာလီမှာ လက်မခံနိုင်ဖြစ်နေရသည်။ ဒါကြောင့် သူတားရန် ကြိုးစားခဲ့သည်။
သို့သော် သူဆက်မပြောခင်မှာတင် ဟုန်ဖေးက ဒေါက်တာလီ၏ မျက်နှာကို ရိုက်ချလိုက်သည်။
"ငါ သူ့စကား နားမထောင်တော့ရော မင်းရဲ့ အစာအိမ်ကိုဖြတ်ပေးမှာ မို့လို့လား! ပါးစပ်ကိုပိတ်ထား"
ဟုန်ဖေး၏ အကြည့်က ဒေါက်တာလီကို ကြောက်ရွံ့မှုကြောင့် အဝေးရွှေ့သွားစေသည်။ သူ ရွှီဖန်းကို ကြည့်ကာ မေးခဲ့သည်။
"ပြောပါ...ဘယ်လိုကုမှာလဲ"
သူ့နေ့လည်စာကို အပြီးသတ်ပြီးနောက် ရွှီဖန်း ပုခုံးတွန့်လိုက်သည်။
"ရိုးရှင်းပါတယ်၊ ကျွန်တော်နဲ့အတူ တစ်နေရာ လိုက်ခဲ့"
**********************