← Chapters

ဒီအရာက ရောဂါကို ကုသနိုင်တယ်လား

Vol. 5 Ch. 69

ဒီအရာက ရောဂါကို ကုသနိုင်တယ်လား

Vol. 5 Ch. 69

ရွှီဖန်းနှင့်အတူ တစ်နေရာကို သွားရမည့်ပုံပေါ်တာကြောင့် လျိုပင်းယာသည် ဟုန်ဖေးကို အမြန်ကူညီပေး၍ လိုက်သွားခဲ့သည်။

​ဒေါက်တာလီမှာ သူ့ကို လျစ်လျူရှု၍ ရွှီဖန်းနောက် လိုက်သွားကြသည်ကို ကြည့်ပြီး အံကြိတ်ကာ အနောက်မှ လိုက်သွားခဲ့သည်။

"ဟမ့် ဒီတောသားက မင်းရဲ့ရောဂါကို ဘယ်လိုကုမလဲ ငါကြည့်ဦးမယ်"

ဆောက်လုပ်ရေးလုပ်ငန်းခွင်က ရွှီဖန်း၏ 'အမတ'သစ်သီးဆိုင်နှင့် အနည်းငယ် ကွာဝေးသည်။ ဒါကြောင့် ကားပါကင်ကို ရောက်သည်နှင့် ဟုန်ဖေး၏ ကားကို စီးခဲ့ကြသည်။ 

ရွှီဖန်းသည်လည်း သူ၏သုံးဘီးဖြင့် ခေါ်ဆောင်သွားရန် မတွေးထားခဲ့ပေ။ ဒါက ရှက်ဖို့ကောင်းလိမ့်မည်ပင်။

ဟုန်ဖေး၏ကားက ယွမ်၇သိန်းဝန်းကျင်ရှိသည့် BMWကားဖြစ်သည်။ ဟုန်ဖေး၏ လက်ရှိအခြေအနေဖြင့် ကားမောင်းရန်မဖြစ်နိုင်ပေ။ ဒါကြောင့် သူ၊ ဒေါက်တာလီနှင့် ရှုချိုးယာက အနောက်မှာ ထိုင်ခဲ့ကြသည်။

ရွှီဖန်းကတော့ အရှေ့မှာထိုင်၍ လျိုပင်းယာ၏ လမ်းပြလုပ်ခဲ့သည်။ မကြာလိုက်ဘဲ ကားက 'အမတ'ဆိုင် ရှေ့မှာ ရပ်သွားခဲ့သည်။

ကားပေါ်က ဆင်းပြီးနောက် ရွှီဖန်းခေါ်လာသည့် နေရာကိုမြင်ကာ ဟုန်ဖေးမှာ မနေနိုင်ဘဲ ဒေါသထွက်လာတော့သည်။

"မင်းက ငါ့ရောဂါပို ကုဖို့ အသီးဆိုင်ကို ခေါ်လာတာလား"

ရွှီဖန်းက သူ့ကို ဆေးရုံခေါ်သွားမည်ဟု သူထင်ခဲ့သော်လည်း သစ်သီးဆိုင် ဖြစ်နေသည်။ သစ်သီးဆိုင်၏အပြင်အဆင်က ကြည့်ကောင်းသော်ငြား သိထားရမည်မှာ ဘယ်လောက်ပဲ စားစရာက အရသာရှိနေပါက သူကတော့ အန်ချင်စိတ်သာ ခံစားရပေသည်။

ဒါ့အပြင် ဤသစ်သီးများက ကျေးလက်မှာ စိုက်ပျိုးထားသည့် သစ်သီးများဖြစ်နေပြန်သည်။

ဘေးမှာ ရပ်နေသည့် ဒေါက်တာလီက ကျိတ်ရယ်

နေသည်။ ဒီကောင်က ခေါ်သွားသင့်သည့်နေရာကို မခေါ်ဘဲ လျှောက်ခေါ်နေသည်။

လျိုပင်းယာသည်လည်း အနည်းငယ် ရှက်ရွံ့သွားကာ ပြုံး၍ မေးလာသည်။

"ယောကျ်ား ကျွန်မတို့ရောက်လာမှတော့ အထဲဝင်ပြီး တစ်ချက်ကြည့်ကြရအောင်ပါ"

"ဟမ့်! ဝင်ကြည့်ကြစို့!"

ဟုန်ဖေးသည် ထူးဆန်းသော သူ့ရောဂါကို ကုသရန် စိတ်အားထက်သန်နေခဲ့သည်။ အခုလေးတင် ပြသခဲ့သည့် ရွှီဖန်းလုပ်ရပ်များကလည်း နည်းလမ်းရှိပုံရသည်။ စိတ်မရှည်များခြင်းကို ဖိနှိပ်၍ သူ့နှာခေါင်းကို ပိတ်ကာ 'အမတ'ဆိုင်ထဲသို့ ရွှီဖန်းအနောက်မှ လိုက်ဝင်သွားခဲ့သည်။

အထဲမဝင်ခင်မှာတင် အပြင်မှာ စောင့်နေကြသည့် ဈေးဝယ်သူအများအပြားကြောင့် ဟုန်ဖေး အံ့သြသွားရသည်။ သစ်သီးဆိုင်၏ စီးပွားရေးက တော်တော်ကောင်းပေသည်။ အပြင်မှာတင် ဈေးဝယ်သူများက ပြည့်ကြပ်နေသည်။

လျစ်လျူရှုထားမိခြင်းနှင့် သတင်းမရခြင်းများအတွက် ဟုန်ဖေးကို အပြစ်မတင်သင့်ချေ။ သူက သူ့ကိုယ်သူ အမြင့်ကြီး တွေးထားတာကြောင့် ခရိုင်

မြို့တော်မှ ဆိုင်များကို အထင်သေးခဲ့သည်။ သူ့ရဲ့ရောဂါကြောင့် အစားအစာနှင့်ပတ်သက်သည့် ဆိုင်များကိုဆို ပိုပြီး ရွံရှာခဲ့သည်။ ဒါ့အပြင် 'အမတ'ဆိုင်က လတ်တလောကျမှ အလွန်နာမည်ကြီးလာခဲ့တာ ဖြစ်သည်။

အစားအစာအနံ့များက သူ့ကို ရွံရှာစေကြောင်း သိသော်ငြား အရမ်းစပ်စုချင်မိတာကြောင့် နှာခေါင်းပိတ်ထားသည့် လက်များကို မနေနိုင်ဘဲ ဖယ်လိုက်

မိသည်။

"ထူးဆန်းလိုက်တာ...ငါမရွံသွားပါလား"

ဟုန်ဖေး မျက်မှောင်ကြုတ်၍ ရွှီဖန်းကို တိတ်တဆိတ် ကြည့်လိုက်သည်။ ရုတ်တရက်ပင် ဒီလူက စွမ်းရည်

တချို့ရှိသည်ဟု သူခံစားလိုက်ရသည်။

"ရွှီဖန်း ဘာလို့ ရောက်လာတာလဲ၊ ဟမ် ဆရာမရှုလည်း လာတာလား"

ချိုးဆုအာသည် ဖောက်သည်များနှင့် အလုပ်ရှုပ်နေတာကြောင့် ခဏကြာမှသာ ရွှီဖန်းခေါ်ဆောင်လာသည့် လူအုပ်ကြီးကို တွေ့လိုက်ရသည်။ ဟုန်ဖေးနှင့်တခြားလူများသည် ချိုးဆုအာကို မြင်သောအခါ အံ့သြသွားကြသည်။ ဤသစ်သီးဆိုင်၏ သူဌေးက လှပသည့် အမျိုးသမီး တစ်ယောက် ဖြစ်နေမည်ဟု မထင်ခဲ့ကြပေ။

"ဟဲဟဲ သူဌေးက တစ်ကယ်ကို လှပါပေတယ်၊ သစ်သီးဆိုင်က စီးပွားရေးကောင်းနေတာ မအံ့သြတော့ဘူး"

သူ၏ ထူးဆန်းသော ရောဂါကို ကုသနိုင်ရန် အလို့ငှာ ဟုန်ဖေးသည် ချိုးဆုအာကို ချီးမြှောက်လိုက်သည်။ မမျှော်လင့်ထားစွာပင် ချိုးဆုအာက မျက်နှာနီ၍ လက်များဝေ့ယမ်းကာ ရှင်းပြလာသည်။

"နားလည်မှုလွဲတာပါ၊ နားလည်မှုလွဲတာပါ၊ သူဌေးက ရွှီဖန်းပါ ရှင့်"

ရွှီဖန်းကတော့ ဤကိစ္စကို အလေးအနက်မထားပေ။ သူပြုံး၍ ပြောလိုက်သည်။

"အစ်မဆုအာ ဒီနေ့ အစ်ကိုဖေးရဲ့ ရောဂါကို ကုဖို့ ဒီခေါ်လာတာ၊ သစ်သီးတချို့ကို ဆေးပြီး အစ်ကိုဖေးမြည်းဖို့ ယူလာပေးပါဦး"

"ကုသမယ်"

ချိုးဆုအာ အံ့သြသွားတော့သည်။ သစ်သီးဆိုင်က ဆေးရုံမဟုတ်ဘူးလေ။ ဒါကို ဒီမှာ ရောဂါကုမယ်ဆိုတော့ နည်းနည်း မအပ်မစပ်ဖြစ်မနေဘူးလား"

သို့သော် လက်ရှိ အပြင်လူများစွာ ရှိနေတာကြောင့် သူမ များစွာ မမေးခဲ့ဘဲ ခေါင်းညိတ်လျက် ထွက်သွားတော့သည်။

"အထဲဝင်ပြီး ထိုင်ကြပါ"

ချိုးဆုအာက အသီးတွေဆေးဖို့ အချိန်ခဏယူရမည်ဖြစ်တာကြောင့် ရွှီဖန်းသည် ဆိုင်ထဲကို ညွှန်ပြ၍ အရင် အထဲဝင်ခိုင်းလိုက်သည်။

ဒီကိုရောက်လာကတည်းက ကြိုးစားကြည့်ရန်ဖြစ်သည်။ ဟုန်ဖေးက ခေါင်းညိတ်ကာ သူ့မိန်းမအကူအညီဖြင့် လူအုပ်ကြီးကို ဖြတ်ကာ ဆိုင်ထဲ ဝင်လာခဲ့သည်။

ထိုအချိန် ရွှီဖန်း၏ ဦးဆောင်မှုဖြင့် 'အမတ'ဆိုင် အတွင်းပိုင်းကို သူတို့ ရောက်လာလေပြီ။ ဟုန်

ဖေးသည် ထိုင်ပြီးသည်နှင့် မနေနိုင်ဘဲ ပတ်ပတ်လည်ကို လိုက်ကြည့်မိသည်။

ဆိုင်၏အတွင်းပိုင်း၌ သစ်သီးများ၏ မွှေးရနံ့များဖြင့် ပြည့်နှက်နေသည်။ ယုတ္တိရှိရှိပြောရလျှင် သူ၏ ထူးဆန်းသော ရောဂါကြောင့် အခုလို အနံ့မျိုး ရရန် မဖြစ်နိုင်ချေ။ သို့သော် အခုကျ မသက်မသာဖြစ်ခြင်းကို လုံးဝမခံစားရပေ။ ထိုအစား သက်သောင့်သက်သာတောင် ဖြစ်နေသေးသည်။

"ရွှီဖန်း မင်းရဲ့ သစ်သီးဆိုင်က ငွေတော်တော်လေး ရှာနိုင်မှာပဲ ဟုတ်တယ်မလား"

ဟုန်ဖေးက သူ့ဟာသူပဲ ခေါင်းညိတ်နေသည်။ ရွှီဖန်းရောင်းချသော သစ်သီးများ၌ လျို့ဝှက်ချက်တစ်ခုခုရှိမည်ဟု သူခန့်မှန်းမိသည်။ 

"ဟဲဟဲ ကျွန်တော် ဘယ်လောက်ပဲရှာနိုင်ပါစေ အစ်ကိုဖေးလောက်တော့ မရှာနိုင်သေးပါဘူး ဟုတ်တယ်မလား"

ရွှီဖန်းပြုံး၍ အမှန်တရားကို ပြောလိုက်သည်။ ဟုန်ဖေးက အိမ်ခြံမြေလုပ်ငန်းကို လုပ်ကိုင်နေတာကြောင့် သူ့ကို မယှဥ်နိုင်သည်မှာ အမှန်ပေ။

"ရွှီဖန်း ပြီးပြီ"

ထိုအချိန် ချိုးဆုအာက ရေဆေးထားသည့် သစ်သီးခြင်းကို ယူလာသည်အား သူတို့ တွေ့လိုက်ရသည်။ ခြင်းထဲ၌ ဒီနေ့တင်မှ အနောက်တောင်မှ ခူးထားသည့် လတ်ဆတ်သော သစ်သီးများ ပြည့်နှက်နေသည်။

ချိုးဆုအာက သစ်သီးခြင်းကို စားပွဲပေါ် တင်ပေးလာသည်။ ဘေးမှာ ရပ်နေသည့် ဒေါက်တာလီက ထပ်မထိန်းထားနိုင်တော့ချေ။ သူအမြန်ပင် ခြင်းထဲမှ မက်မွန်သီးကို ယူကာ လှောင်ပြောင်လိုက်သည်။

"ဟားဟား လူငယ်လေး ဒီအရာက မစ္စတာဟုန်ရဲ့ ရောဂါကို ကုသနိုင်တယ်လို့ ငါ့ကိုမပြောနဲ့၊ ဟုတ်လား"

ချိုးဆုအာ ယူလာသည့် သစ်သီးများက ဘယ်နေရာမှာမဆို ဝယ်ယူနိုင်သည့် သာမာန်သစ်သီးများပင်။ မင်းသိထားရမှာက ဟုန်ဖေး နေကောင်းစဥ်က လေကြောင်းနှင့် တင်သွင်းလာသော နိုင်ငံခြားဖြစ် အသီးများကိုသာ စားသုံးခဲ့သည်။ ဒါက ဘာအသီးတွေလဲ!

ဒေါက်တာလီ ရယ်မောလိုက်သည်။ ဟုန်ဖေးက စားနိုင်မည် မဟုတ်ချေ။

"ကောင်လေး ဒီသစ်သီးပဲလား၊ မစ္စတာဟုန်သာ သုံးကိုက်ထိ စားနိုင်သ၍ ငါ ဒီတစ်ခြင်းလုံး စားပြမယ်"

"ရှင် ဘာတွေ ပြောနေတာလဲ"

ဘေးမှာ ရပ်နေသည့် ရှုချိုးယာမှာ ဒီလူက ရွှီဖန်း၏ ဆိုင်ကို စော်ကားနေခြင်းအား ထပ်နားမထောင်နိုင်တော့ချေ။

ဒီလူက အရမ်း ဒေါသထွက်ဖို့ ကောင်းတာပဲ!

ရွှီဖန်းကတော့ တည်ငြိမ်နေသည်။ သူ ရှုချိုးယာကို တား၍ ချိုးဆုအာကို ပြောလိုက်သည်။

"အစ်မဆုအာ ဒါ အရမ်းနည်းလွန်းတယ်၊ ထပ်ဆေးပြီးယူလာပေးဦး"

"ဒါက...."

ချိုးဆုအာသည် အလျှံပယ်ထည့်ထားသည့် ခြင်းတောင်းကို ကြည့်မိကာ သိချင်လာသည်။ ဒီမှာ ရှိနေတဲ့လူတွေက ဒီလောက်အများကြီး စားလို့ မလောက်ဘူးလား။

ရွှီဖန်းက ဒီအသီးတွေကို နေ့လည်စာအဖြစ် ကျွေးဖို့ လုပ်ထားလို့များလား။

"ကောင်းပါပြီ၊ အခု သွားလုပ်လိုက်မယ်"

ချိုးဆုအာက ခေါင်းညိတ်၍ ချက်ချင်း ပြန်ထွက်သွားသည်။

ဘေးမှာ ထိုင်နေသည့် လျိုပင်းယာမှာလည်း ရွှီဖန်းယူလာသည့် သစ်သီးများကို ကြည့်ကာ အနည်းငယ် ရှက်ရွံ့သွားရသည်။

ဟုန်ဖေးကို သူမပဲ ပြုစုစောင့်ရှောက်ခဲ့ရတာကြောင့် သူ့အကြောင်းကို သူမထက် ပိုသိမည့်လူ မရှိနိုင်ပေ။ ဟုန်ဖေးက အစကတည်းက သစ်သီးစားရတာ ကြိုက်နှစ်သက်သည့်လူမဟုတ်ဘဲ အခုလို သာမာန်သီးသာဆိုရင်တော့.......

ဟုန်ဖေးရောဂါထလာရင် ဖြစ်တတ်သည့်အကျိုးဆက်ကိုတွေးကာ သူမ ကြောက်ရွံ့မိသည်။ သူမ ဟုန်ဖေး၏ လက်မောင်းကို ဆွဲကာ မေးလိုက်သည်။

"ယောကျ်ား ကျွန်မတို့ သွားကြရင်ရော"

ဟုန်ဖေး၏ ဇနီးတောင်မှ ရွှီဖန်းကို မယုံတော့ချေ။ ဒေါက်တာလီသည် သူ၏မေးကို ဂုဏ်ယူစွာ မြှောက်ပင့်ထားမိသည်။

"ဟမ့် ဟမ့်! ကျွန်တော် ဘာပြောခဲ့လဲ၊ လယ်သမားက ဘယ်လိုလုပ် ကုသနည်းကို သိမှာလဲ"

သို့သော်ငြား နှစ်ယောက်စလုံးကို အံ့သြသွားစေသည်မှာ ဟုန်ဖေက ထွက်သွားရန် မရည်ရွယ်ထားပေ။

သူက ခြင်းထဲမှ မက်မွန်သီးကို ယူကာ မြည်းကြည့်ရန် ပြင်ခဲ့သည်။

"ယောကျ်ား..."

ဟုန်ဖေးက စားသုံးရန် ရည်ရွယ်ထားတာကြောင့် လျိုပင်းယာ စိတ်ပူလာသည်။ 

ဟုန်ဖေးက ပြုံး၍ သူ့ခေါင်းကို ခါယမ်းလာသည်။

"အဆင်ပြေပါတယ်၊ ညီငယ်လေးက ငါ့ကို လာမရှုပ်ရဲဘူးလို့ ငါယုံကြည်တယ်"

ဘာကြောင့်မှန်းတော့ မသိသော်ငြား ဟုန်ဖေးသည် ဤသစ်သီးများကို စားနိုင်မည်ဟု ခံစားနေရသည်။ သို့သော် အတိတ်မှာတုန်းက အစာစားတိုင်း အော့အန်ခဲ့ရသည့် ကြောက်လန့်ဖွယ် မှတ်ဉာဏ်များကြောင့် မက်မွန်သီးကို ကိုင်ထားရင် လက်မတုန်ဘဲ မနေနိုင်ခဲ့ချေ။

အခက်အခဲများဖြင့် သူ့သတ္တိတွေကို စုဝေးကာ ကိုက်ချလိုက်သည်။ သူ အသီး၏အရသာအား သေချာ မခံစားရဲတာကြောင့် ဖြစ်သလို ဝါးကာ တိုက်ရိုက်မြိုချပစ်ခဲ့သည်။

ဒေါက်တာလီလည်း ကြည့်ရင်း စိတ်လှုပ်ရှားလာသည်။

ဟုန်ဖေး၏ ရောဂါအခြေအနေအရ ဘာဆက်ဖြစ်မလဲဆိုတာကို သူကောင်းစွာ သိပေသည်။

အရင်ဆုံး သူ မသက်မသာ ခံစားရမည်ဖြစ်ကာ ပြီးလျှင် အန်ထုတ်လိမ့်မည်။ အန်ထုတ်ပြီလား!

သူ ထိန်းမနိုင် သိမ်းမနိုင် ဖြစ်နေရပေသည်။ ဒေါက်တာလီသည် မနေနိုင်ဘဲ အသံညည်းလိုက်မိသည်။ ဟမ့်! ဟုန်ဖေးသာ ရူးသွားရင် မင်းရော မင်းသစ်သီးဆိုင်ရော ပျောက်ပြီမှတ်!

မက်မွန်သီးအသားကို စားပြီးနောက် ဟုန်ဖေးသည်

လည်း အန်ထုတ်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။ သူ့ကို အံ့သြစေသည်က ရွံရှာမှုမဖြစ်လာပေ။ ထိုအစား ဆက်စားချင်သည့် စိတ်ဆန္ဒသာ ရှိနေခဲ့သည်။

နောက်ထပ် တစ်ကိုက်ပင် ကိုက်ချင်နေသည်။

အကြောင်းအရင်းမှာ ဤမက်မွန်သီးသည် သောက်

ရမ်းကိုမှ အရသာရှိနေတာကြောင့်ပင်။

*******************

All Chapters