ဘယ်လိုလုပ်ရလဲ သင်ပေးပါ
Vol. 5 Ch. 71
"မဟုတ်...အဲ့ဒါ မဟုတ်ပါဘူး ကြီးမြတ်သောဆရာ၊ ကျုပ်က ဆရာ့ရဲ့ ဆေးပညာကို သင်ယူချင်တာပါ"
ဒေါက်တာလီက နောက်ဆုံးမှာ ဆိုလိုရင်းကို နားလည်သွားခဲ့သည်။ ကျွမ်းကျင်သူတွေက သာမာန်လူတွေလို နေထိုင်ကြတာဖြစ်သည်။
ဒီတစ်ကြိမ်မှာ သူဒီကိုလာခဲ့တာ ဟုန်ဖေး၏ရောဂါကို မကုသခဲ့သော်ငြား ပုန်းကွယ်နေသည့် နတ်ဘုရားဆန်သော ဆရာဝန်ကို ရှာတွေ့ခဲ့ရသည်။ သူဆေးရုံမှ အလုပ်ထွက်ပြီး ရွှီဖန်းဆီမှာ သင်ယူရန် ဆုံးဖြတ်ခဲ့သည်။
"ကြီးမြတ်သော ဆရာ ကျုပ်ကို ဆေးပညာသင်ပေးဖို့ တောင်းဆိုပါတယ်၊ မဟုတ်ရင် ကျုပ် ဒူးထောက်မှာပဲ"
ရွှီဖန်းမှာ ပြောစရာစကားပင် ပျောက်ရှနေသည်။ ဒီလူက အလွန် အရှက်မဲ့ပေသည်။
"အရင်ဆုံး ထပါ"
ရွှီဖန်းတစ်ယောက် မျက်လုံးလှိမ့်ကာ ဆူလိုက်သည်။
"ခင်ဗျားလို နာမည်ကြီးဆရာဝန်တစ်ယောက်က ကျွန်တော့်လို လယ်သမားကို လာဒူးထောက်နေတယ်ဆိုတော့ ခင်ဗျားမှာ အနာဂါတ်မရှိတော့ဘူးလား"
"ဒီတိုင်း ထားလိုက်ပါ၊ ခင်ဗျား ကျွန်တော့်ဆေးပညာကို လေ့လာချင်ရင် အနှစ်သုံးဆယ် လေးဆယ်ကြာရင်တောင် အလုပ်ဖြစ်မှာမဟုတ်ဘူး၊ ခင်ဗျားရဲ့ ဆေးပညာကလည်း အားမနည်းပါဘူး၊ ကျွန်တော်နဲ့ အချိန်လာဖြုန်းနေမယ့်အစား ဆေးရုံကိုပြန်ပြီး လူနာတွေကိုပဲ ကယ်နေပါ၊ နားလည်တယ်မလား"
ရွှီဖန်းက ဒေါက်တာလီကို လိမ်နေခြင်းမဟုတ်ပေ။ သူသိသည့်ဆေးပညာတွေက ကောင်းကင်ဘုံနန်းတော်ကလာသည့် လျှို့ဝှက်လက်ရေးစာများ ဖြစ်ကာ သူတောင်မှ စိတ်ဝိညာဥ်ဖွင့်ခြင်းအမှုန့်ကြောင့် နားလည်နိုင်ခဲ့တာဖြစ်သည်။ တခြားလူများအနေဖြင့် သင်ယူနိုင်မည် မဟုတ်ချေ။
ဒါ့အပြင် ကောင်းကင်ဘုံနန်းတော်က ဆေးနည်းများကိုဒေါက်တာလီအား သင်ပေးရန် မစီစဥ်ထားပေ။ သူတို့နှစ်ယောက်က ထိုမျှ မရင်းနှီးပေ။
"နှစ် နှစ်သုံးဆယ်လား"
သင်ယူရန် နှစ်သုံးဆယ်ကြာမည်ကို သိလိုက်ရသည့်အခါ ဒေါက်တာလီက တုန့်ဆိုင်းသွားတော့သည်။ အခု သူစိတ်တည်ငြိမ်သွားပြီဖြစ်ရာ ရွှီဖန်း၏စကားများကို သေချာ ပြန်တွေးလိုက်သည်။ မှန်ပေသည်၊ ဆရာဝန်တစ်ယောက်ဖြစ်သည့် သူ့တာဝန်က ခွဲစိတ်ကုတင်ပေါ်က လူနာများကို ကယ်တင်ရန်ပင်။
ဒေါက်တာလီက သက်ပြင်းချ၍ ခေါင်းညိတ်လာသည်။
"ဆရာရွှီ ကျုပ်ကို အသိဝင်အောင် လုပ်ပေးလို့ ကျေးဇူးပါပဲ၊ ဆရာ့ ဖုန်းနံပါတ်လေးပေးလို့ရမလား၊ အနာဂါတ်ကျရင် ကုသလို့မရတဲ့လူနာမျိုးရှိလာရင် သူတို့ ဒီအတိုင်း သေသွားဖို့ ကျုပ် မလိုချင်ဘူး"
ရွှီဖန်း သူ့နှုတ်ခမ်းကို တွန့်၍ ပြောလိုက်သည်။
"ပြဿနာမရှိပါဘူး၊ ကျွန်တော် ဖုန်းနံပါတ်ပေးလိုက်မယ်၊ ဒါပေမယ့် နောက်ကျရင် ကျွန်တော့်ကို ကြီးမြတ်သောဆရာလို့မခေါ်ပါနဲ့၊ အဲ့ဒါက ကျွန်တော့်ကိုယ်ကျွန်တော် အသက် ၇၀ ၊ ၈၀ လောက်ရှိသွားပြီလို့ ခံစားလိုက်ရတယ်"
"ဒါက....ကောင်းပါပြီ"
ဒေါက်တာလီမှာ အနည်းငယ် ရှက်ရွံ့သွားရသည်။ သူက လေးစားသမှုဖြင့် ခေါ်တာဖြစ်ပြီး အသက်ကြီးစေမယ့်သဘောမျိုးဖြင့် မဟုတ်ချေ။
ရွှီဖန်း သူ့ဖုန်းနံပါတ်ကိုပေး၍ ပြောလိုက်သည်။
"ကောင်းပြီ၊ ခင်ဗျားလာခဲ့တဲ့ ပြည်နယ်ဆေးရုံကို ပြန်သွားပါ၊ ခင်ဗျားက နာမည်ကြီးဆရာဝန်တစ်ယောက်ပဲမလား၊ ဒီလို ခရိုင်သေးသေးလေးမှာ အချိန်ဖြုန်းမနေသင့်ဘူး"
"ကျုပ် ကျုပ် ဒီနေ့ ပြန်မှာပါ"
ဒေါက်တာလီက ခေါင်းညိတ်ကာ မေးလာသည်။
"ဒါပေမယ့် မပြန်ခင် ဒီက အသီးနည်းနည်းလောက် ဝယ်သွားလို့ရမလား"
ပြောပြီးသည်နှင့် ဒေါက်တာလီသည် လောဘကြီးသော အမူအရာဖြင့် တံတွေးမြိုချနေသည်။ သူခုနက အနည်းငယ်သာ မြည်းခဲ့သော်လည်း အရသာက အခုထိ စွဲကျန်နေတုန်းပင်။
ရွှီဖန်းမှာ ထိုလူ၏ပုံပန်းသွင်ပြင်ကိုမြင်တော့ ကြည့်လို့ကောင်းသည်ဟု တွေးလိုက်မိသည်။
"ခင်ဗျားဝယ်ချင်ရင် ဝယ်သွားပါ၊ ကျွန်တော်မတားပါဘူး"
"ဟဲဟဲ အဲ့ဒါဆိုကောင်းပါပြီ"
အနားမှာ ထားရှိထားသည့် သစ်သီးများကိုကြည့်ကာ ဒေါက်တာလီ၏ မျက်လုံးများက အရောက်လက်သွားသည်။ ပြည်နယ်မြို့တော်ကို ပြန်သယ်သွားရန် များများဝယ်သွားရမည်ဟု သူတွေးနေ၏။
"အိုး ဟုတ်သား...ခင်ဗျား ပြည်နယ်ကနေ ဒီကို ကားမောင်းလာတာလား"
ဒေါက်တာလီတစ်ယောက် သစ်သီးတွေဝယ်ပြီး ပြန်
ထွက်တော့မည်အချိန် ရွှီဖန်းက မေးလာသည်။
"အာ ဟုတ်ပါတယ်...ဆရာရွှီ၊ ဘာဖြစ်လို့လဲ"
သစ်သီးအပြည့်ထည့်ထားသည့် အိတ်ကိုဆွဲထားသော ဒေါက်တာလီသည် ထူးဆန်းသလို ခံစားခဲ့ရသည်။ ဘာလို့မေးတာပါလိမ့်။
ရွှီဖန်း ပြုံးလိုက်ကာ...
"ကျွန်တော်ဒီနေ့ ပြည်နယ်ကို သွားစရာရှိတယ်၊ ဒါကြောင့် ကျွန်တော့်ကိုပါ ခေါ်သွားဖို့ အကူအညီတောင်းပါတယ်"
"ဟမ်"
ရှုချိုးယာက သိချင်စိတ်ဖြင့် ရွှီဖန်းကို ကြည့်နေသည်။ ရွှီဖန်းက ပြည်နယ်ကို သွားရမယ်လို့ မပြောခဲ့ဘူးလားလို့။
"ဘာလဲ မေ့သွားပြီလား၊ ကားဝယ်ရမယ်ဆို"
ရှုချိုးယာ၏ စိတ်ရှုပ်ထွေးနေသော အမူအရာကြောင့် ရွှီဖန်း သတိပေးလိုက်သည်။ အခု လမ်းပြင်ရန်လိုအပ်သည့် ပိုက်ဆံများကိုပါ သုံးစရာမလိုတော့ဘဲ စုဆောင်းလိုက်မိပြီဖြစ်တာကြောင့် သူနှင့် သူ့မိသားစုပျော်ရွှင်အောင် ကောင်းမွန်တာလေးတွေ ပြုလုပ်ရမည်။
ခရိုင်မြို့ထဲ၌ ကြီးကြီးမားမား ကားဆိုင်မရှိပေ။ ရှိသည့်ဆိုင်ကလည်း ပြည်နယ်မှတဆင့် ပြန်ရောင်းတာဖြစ်လို့ ငွေကို လိမ်စားပြီး များစွာ မြှင့်တင်ထားသည်။ ခရိုင်ထဲမှာ ကားဝယ်ရလောက်အောင်အထိ ရွှီဖန်း မတုံးအပေ။
လမ်းတစ်လျှောက်မှာလည်း ပြည်နယ်မြို့တော်၊ ရှန်
ဟိုင်းမြို့ထဲ၌ ကားအရောင်းဆိုင်သို့ ဒေါက်တာလီကို လမ်းပြလုပ်ခိုင်း၍ ရနိုင်သည်။
သဘာဝကျစွာပင် ဒေါက်တာလီကလည်း ထိုတောင်းဆိုမှုကို မငြင်းဆန်ပေ။ သူက ပျော်ပျော်ရွှင်ရွှင်ဖြင့် လက်ခံပြီး သူ့ကားထဲသို့ ရွှီဖန်းနှင့် ရှုချိုးယာကို ဝင်ထိုင်စေသည်။
ကား၏အမြန်နှုန်းဖြင့် ရှန်ဟိုင်းမြို့သို့ အမြန်ပင် ရောက်သွားခဲ့သည်။ ဒေါက်တာလီသည် ရွှီဖန်းကြိုက်သည့် ကားအမျိုးအစားကို မသိတာကြောင့် ရှန်ဟိုင်းမြို့မှ အကြီးဆုံး ကားအရောင်းဆိုင်ကြီးကို ခေါ်သွားခဲ့သည်။ ထိုနေရာ၌ သေးသည့်ကားတွေကအစ sport ကားတွေအဆုံး အကုန်ရှိပေသည်။ ဒါ့အပြင် လူတိုင်းနီးပါးကလည်း ကားပြန်ရောင်းရန်၊ လဲရန် ဒီကိုပဲလာကြတာကြောင့် ရွှီဖန်း ရွေးချယ်ရတာ ပိုအဆင်ပြေလိမ့်မည်။
ကားပါကင်ထဲ၌ ကားထိုးပြီးနောက် ဒေါက်တာလီ စကားပြောလိုက်သည်။
"ကောင်းပြီ ဆရာရွှီရေ၊ ကျုပ် ဒီနေ့ ဆေးရုံဝင်ဖို့ ရှိသေးတာမလို့ ဆရာတို့နဲ့ ကားတူတူ လိုက်မကြည့်ပေးနိုင်တော့ဘူး"
"ဟုတ်ပါပြီ၊ ဒုက္ခပေးခဲ့မိလို့ အားနာပါတယ်၊ အချိန်ရရင် ခရိုင်မြို့ကို လာလည်ဖို့ မမေ့ပါနဲ့"
ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ တစ်လမ်းလုံး ဒေါက်တာလီကို ဒုက္ခပေးခဲ့ရတာကြောင့် သူထွက်သွားသည့်အခါမှာ ရွှီဖန်းနှင့် ရှုချိူးယာ နှစ်ယောက်ပဲ ကားကြည့်ရန် လျှောက်သွားလိုက်သည်။
တိုက်ဆိုင်စွာပင် ဒီနေ့ ပြပွဲဟောခန်းမထဲ၌ ကားပြပွဲကျင်းပနေသည်ဟု နေရာအနှံ့မှာ ကြေငြာထားခဲ့သည်။ ထိုပြပွဲကို ဝင်ကြည့်ရှုရန်အတွက် နေရာတိုင်းမှာ လက်ကမ်းစာစောင်များ ရှိနေသည်။ ရွှီဖန်းလည်း ရရှိလာသည့် လက်ကမ်းစာစောင်ကို ကြည့်ကာ...
"ချိုးယာ ဝင်ကြည့်ကြစို့"
ရွှီဖန်းက လက်ကမ်းစာစောင်ပေါ်မှ သူသဘောကျသည့် ကားကို တွေ့လိုက်သည့်ပုံပင်။ ရှုချိုးယာလည်း ခေါင်းညိတ်ကာ ရွှီဖန်းအနောက်ကနေ ပြခန်းထဲသို့ ဝင်လိုက်သည်။
ကားပြပွဲမှာ ပြသထားသည့် ကားများက တော်တော်လေး ကောင်းမွန်သည့် ကားများဖြစ်သော်လည်း ဝင်ခွင့် အလကားမဟုတ်ပေ။ သို့သော်ငြား ဈေးလည်းမကြီးပေ။ ရွှီဖန်းသည် လက်မှတ်နှစ်စောင်ဝယ်၍ ရှုချိုးယာနှင့်အတူ ပြခန်းထဲသို့ ဝင်လာခဲ့သည်။
ကားပြပွဲကြောင့် အထဲ၌ လူများစွာ ရှိနေလေသည်။ သို့သော် လူများစွာရှိခြင်းက အကုန်လုံး ဝယ်ကြလိမ့်မည်ဟု မဆိုလိုပေ။ ၇၀ ၊ ၈၀ရာခိုင်းနှုန်းလောက်က ကြည့်ရန်သက်သက် လာကြခြင်းဖြစ်သည်။
အများစုက သူတို့နှင့်အတူ ပစ္စည်းများ ယူလာကြသည်။ ကြီးမားသောကင်မရာများ၊ ဘောပင်များပင်။ စီစဥ်သူများ ဖွင့်ထားသည့် နောက်ခံသီချင်းမှလွဲ၍ ခန်းမထဲ၌ ဓာတ်ပုံရိုက်သံများဖြင့် ပြည့်နှက်နေသည်။
သို့သော်ငြား သူတို့က ကားကို ရိုက်နေကြခြင်းမဟုတ်ပေ။ ကားဘေးမှာ ရပ်နေသည့် အလှလေးများကို ဝိုင်းပြီး ဓာတ်ပုံရိုက်နေကြတာဖြစ်သည်။
ရွှီဖန်း အထဲကို လျှောက်လာသည့်အခါ လူများစွာက သူတို့၏ ကင်မရာများကို သူ့ဆီလှည့်ကာ နှိပ်လာကြသည်။
သူ့ဘေးမှာ ရပ်နေသည့် ရှုချိုးယာကို ဝိုင်းရိုက်နေကြမှန်း သူနားလည်ဖို့ အချိန်တောင်မယူရပေ။ ဒါ့အပြင် ရှုချိုးယာဘေးမှာ ရပ်နေသည့် ရွှီဖန်းမှာ လူများစွာ၏ မနာလိုမှုကို ချက်ချင်းခံလိုက်ရသည်။
သဘာဝကျစွာပင် ရွှီဖန်းက စိတ်မဆိုးချေ။ ထိုလူများ ဒေါသကြောင့် အသက်ထွက်သွားစေရန်အလို့ငှာ ရည်ရွယ်ချက်ရှိရှိဖြင့် ရှုချိုးယာ၏ ခါးကို ဖက်လိုက်သည်။
ရွှီဖန်း၏ရည်ရွယ်ချက်က အောင်မြင်ပေသည်။ ရွှီဖန်းက အလှလေးကို ကြမ်းကြမ်းတမ်းတမ်းဖက်
ထားသည်ကို မြင်သည့်အခါ ထိုသားရဲအုပ်စုမှာ ဒေါသထွက်လို့ သွားတွေပါ ယားလာတော့သည်။ သူတို့ အလိုလို မျက်နှာလွှဲကာ ထိုနှစ်ယောက်ကို မကြည့်ကြတော့ပေ။
"ဟေး! ဘာလုပ်တာလဲ!"
လူတိုင်းက အကြည့်လွှဲသွားသော်ငြား ရွှီဖန်းက အရှက်ကင်းမဲ့စွာ ဆက်ဖက်ထားတုန်းပင်။ ရှုချိုးယာက သူ့ခြေထောက်ကို တက်နင်းလာတာကြောင့် လေအေးတစ်ချက် ရှုသွင်းလိုက်ရသည်။
*သောက်ကျိုးနည်း*
ရွှီဖန်း သူ့မျက်လုံးကို လှိမ့်ကာ ဒီအမျိုးသမီးကို သွားမရှုပ်သင့်ဘူးဟု တွေးလိုက်မိသည်။ သူ့လက်ကို ပြန်ဆွဲယူကာ ရှုချိုးယာအား ခန်းမထဲ၌ လှည့်ပတ်ကြည့်ရှုစေသည်။
မတိုင်ခင်က လက်ကမ်းစာစောင်မှာတွေ့ခဲ့သည့်အတိုင်း ရွှီဖန်းသည် သူဝယ်ချင်သည့်ကားကို ဆုံးဖြတ်ထားပြီးပြီဖြစ်သည်။ သူ ဒီမှာ လှည့်ပတ်ကြည့်ရှုနေရသည့်အကြောင်းအရင်းက ကားဘေးမှာ ရပ်နေသည့် အလှလေးများကြောင့်ပင်။ သူလိုချင်
သည့်ကားက သူနှင့် အဝေးမှာ ရှိနေသော်ငြား တင့်တယ်သော အမူအရာဖြင့် တစ်ကားပြီးတစ်ကား သေချာ ကြည့်နေခဲ့သည်။
ပြခန်းထဲရှိ ကားအားလုံးနှင့် မော်ဒယ်များအားလုံးကို ကြည့်ပြီးနောက်မှာ သူအချိန်ထပ်မဆွံတော့ပေ။ ရှုချိုးယာကို ခေါ်ကာ ကားဝယ်ရန် ပြခန်းကောင်တာသို့ သွားလိုက်သည်။
အနားရောက်တော့မှ ရွှီဖန်း အံ့သြသွားရသည်။ သူနှင့်သိသည့်လူက ရှိနေသည်။
ကျောက်ယွင်ကျယ်
ထိုလူ၏နောက်ကျောကို ကြည့်ရင်း ရင်းနှီးသလို ရွှီဖန်း ခံစားနေရသည်။ ထိုအခိုက်အတန့်မှာ သူကလည်း ဘေးကို လျှောက်လာသည်။ ထိုအခါမှသာ သူ့မြေးလေးဖြစ်နေမှန်း သတိရတော့သည်။
တစ်ကယ်တော့ လက်ရှိမှာ ရွှီဖန်းက အလွန်ယဥ်ကျေးနေသည်။ သူသာ အရိုင်းအစိုင်းဖြစ်ပါက ထိုလူကို သွားပြေးရိုက်ပြီးနေလေပြီ။
ပြည်နယ်မြို့တော်က စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်နေစဥ် သူ့မိန်းကလေးနှင့် ဖောက်ပြန်ပြီး သူ့ကိုချောက်တွန်းကာ အလုပ်ပြုတ်စေခဲ့သည့်လူက ထိုကောင်ပင်။
"မြို့ထဲရောက်ရောက်ချင်း ဒီနှစ်ယောက်နဲ့ ချက်ချင်း ပြန်တွေ့ရမယ်လို့ ငါမထင်ထားခဲ့ဘူး"
ဒီတစ်ကြိမ်မှာ ကျောက်ယွင်ကျယ်က တစ်ယောက်တည်းလာတာမဟုတ်ဘဲ သူ့ဘေးမှာ မိန်းကလေးတစ်ယောက်ပါလာသည်။
ထိုအမျိုးသမီးက ရှုချိုးယာလောက်မလှပေ။ သို့သော် ကလက်တက်တက်ဝတ်ဆင်ထားတာကြောင့် ပြခန်းမှ မော်ဒယ်များနှင့် တန်းတူ ဖမ်းစားမိနေသည်။
ကျောက်ယွင်ကျယ်သည် အရှက်ဆိုတာ ဘာမှန်းမသိသည့်ကောင်ဖြစ်ရာ လူအများရှေ့မှာတင် သူမ၏ တင်ပါးကို ဆုပ်နယ်နေခဲ့သည်။
ထိုယောကျ်ားနှင့်မိန်းမ လုံးဝအရှက်ကင်းမဲ့နေသည်ကို ကြည့်ရင်း ရွှီဖန်း စိတ်ထဲမှာ သရော်လိုက်မိသည်။ သိူ့သော်ငြား ကျောက်ယွင်ကျယ်ကပါ သူနှင့်အတူ ကားတစ်ခုတည်းကို မျက်စိကျနေမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
ထိုအချိန် စင်မြင့်ပေါ်၌ SUVကားတစ်စီးရှိနေကာ ထိုကား၏ခေါင်းမှာပါသည့် LANDROVERတံဆိပ်က လူသိများလေသည်။ အဲ့တာက တစ်ကယ်ကို Land Roverအမျိုးအစားဖြစ်သည်။ SUVကို နှစ်သက်ကြသည့်လူတိုင်းက Land Roverကို ပိုင်ဆိုင်ချင်ကြသည်။
ကား၏ကိုယ်ထည်က လေးထောင့်ဆန်၍ တခြားတောက်တောက်ပြောင်ပြောင် ကားများနှင့်မတူချေ။ အရွယ်အစားပဲကြည့်ကြည့်၊ ပုံပန်းသွင်ပြင်ပဲကြည့်
ကြည့် အမျိုးသားတစ်ယောက်၏ လွှမ်းမိုးခြယ်လှယ်လိုသော အော်ရာများ ပြည့်နေသည်။
ရွှီဖန်းသည် လက်ကမ်းစာစောင်မှာမြင်ကတည်းက ပုံပန်းသွင်ပြင်ကိုကြည့်ပြီး ဝယ်ရန်ဆုံးဖြတ်ခဲ့သည်။ ဒါ့အပြင် SUVက ရွှီဖန်းနှင့် အလွန်သင့်တော်သည်။ သူက ခရိုင်နှင့် ရွာကို သွားလိုက်ပြန်လိုက်လုပ်ရမှာဖြစ်ကာ SUVကလည်း ကြမ်းတမ်းသော တောင်
တက်လမ်းများကိုပါ သွားနိုင်တာကြောင့် ရွှီဖန်းအတွက် အထူးသီးသန့်ထုတ်ထားသည့်အလားပင်။
"ရွှီဖန်း ဒီနှစ်ယောက်က ဘယ်သူလဲ"
ရှုချိုးယာသည် ရွှီဖန်း၏ အကြည့်နောက်လိုက်ကြည့်
ရင်း တစ်ခုခုမှားနေသည်ကို သတိထားမိခဲ့သည်။ သူမနေနိုင်ဘဲ မေးမိသည်။
"တစ်ယောက်က အရင်က ကျွန်တော့်အကောင်းဆုံးညီအစ်ကို ဖြစ်ခဲ့တဲ့လူ၊ နောက်တစ်ယောက်က ကျွန်တော့်ရည်းစားဟောင်း"
"ဒါက...."
ထိုနှစ်ယောက်၏ရင်းနှီးသောအပြုအမူများကိုကြည့်ရင်း ရှုချိုးယာမှာ ပြောစရာစကား ပျောက်သွားရသည်။ ရွှီဖန်းထံ၌ အခုလို မနှစ်မြို့စရာကောင်းသည့် အမှတ်တရမျိုး ရှိနေမည်ဟု သူမမထင်ထားခဲ့ပေ။
"သူတို့ ဘာပြောနေကြလဲ သွားကြည့်ရအောင်"
အသက်ပြင်းပြင်းရှူ၍ ချိုးဆုအာ သည် ရွှီဖန်း ၏လက်ကိုကိုင်ကာ သူတို့နှင့် သွားတွေ့လိုကြောင်း ညွှန်ပြလိုက်သည်။
ရှုချိုးယာက အစပြုနေတာကြောင့် ရွှီဖန်း အံ့သြသွားရသည်။ သူမရဲ့ ချစ်စဖွယ် အသွင်အပြင်ကို ကြည့်ကာ ရင်ထဲ ထိမိသွားသည်။
ဒီအမျိုးသမီးလေး၏ရည်ရွယ်ချက်က ရိုးရှင်းသည်။ သူ့ဒေါသကို ဖြေဖျောက်ပေးရန်အတွက် ကူညီလိုခြင်းပင်။ သူမ၏အလှတရားက မိုက်မဲသော ရည်းစားဟောင်းထက် ပိုကောင်းတာတော့ သေချာနေသည်လေ။
"ကောင်းပြီ၊ သွားကြစို့"
ရွှီဖန်းက ချက်ချင်းပင် ရှုချိုးယာကို ဆွဲကာ ကျောက်ယွင်ကျယ်ဆီ လျှောက်သွားခဲ့သည်။ သူတို့ အနားရောက်လေ နှစ်ယောက်ကြားမှ စကားပြောသံကို ကြားလိုက်ရသည်။
ထိုအမျိုးသမီးက ကျောက်ယွင်ကျယ်လက်မောင်းပေါ်၌ နံ့တန့်တန့်မှီကာ ကလူအသံဖြင့် ပြောနေသည်။
"ယောကျ်ားက တစ်ကယ်ပဲ ဒီကားကို မျက်စိကျနေတာလားဟင်"
ကျောက်ယွင်ကျယ်က ပြုံးကာ ခေါင်းညိတ်သည်။
"ကားတွေအများကြီးကြည့်ပြီးပြီ၊ ဒါကို အကြိုက်ဆုံးပဲ၊ ဒီနှစ် ငါ နှစ်ကုန်ဘောနပ် ရပြီးရင် ချေးငွေထပ်ယူပြီး အရစ်ကျနဲ့ ဝယ်ရမယ်"
ကြည့်ရတာ ထိုနှစ်ယောက်က လာကြည့်ရုံသာဖြစ်ပြီး ဝယ်ရန် မဟုတ်သေးပေ။ ရွှီဖန်းပြုံးလိုက်ကာ ဒါက သာမာန်ပဲဟု တွေးလိုက်သည်။ ကျောက်ယွင်ကျယ်က အခုမှ အထွေထွေမန်နေဂျာ ဖြစ်လာတာကြောင့် သူ့မှာ ပေးရန် ပိုက်ဆံများစွာ မရှိနိုင်ပေ။
"ယောကျ်ား ဘာလို့ ဒီကားကို ဝယ်မှာလဲ၊ ကားအကောင်းစားလည်းမဟုတ်တဲ့အပြင် ကြီးလည်းကြီးသေးတယ်၊ sport carဝယ်ရင်ရော အဲ့တာက အရမ်းမိုက်တာပဲ၊ ချစ်တို့ စီးရင် လူတွေက အားကျတဲ့အကြည့်နဲ့ဝိုင်းကြည့်ကြမှာ"
သို့သော် ကျောက်ယွင်ကျယ်က သူမစကားကို ကြားသည်နှင့် ချက်ချင်းခေါင်းခါယမ်းလာသည်။
"သောက်ရေးမပါတာ! sport carက ဘယ်လိုလုပ် Land Roverထက် ကောင်းနိုင်မှာလဲ၊ ငါ့မှာ ပိုက်ဆံရှိရင် ဒါပဲဝယ်မှာ"
"အာ ဘာလို့လဲ"
ထိုအချိန် ရွှီဖန်း၏ ရည်းစားဟောင်းသာမကဘဲ ရွှီဖန်းကိုယ်တိုင်တောင်မှ သိချင်နေသည်။ ကျောက်ယွင်
ကျယ်က ဘာကြောင့် အခုလို ဆုံးဖြတ်ထားတာလဲ။
********************