← Chapters

ပြန်လည် ပေါင်းစည်းပွဲ

Vol. 5 Ch. 75

ပြန်လည် ပေါင်းစည်းပွဲ

Vol. 5 Ch. 75

Land Roverထဲ ဝင်ပြီးသည်နှင့် ဝူယွီရွှမ်းအိမ်ကို မောင်းလိုက်သည်။ မကြာလိုက်ဘဲ သူမခြံရှေ့သို့ ရောက်ရှိသွားခဲ့သည်။ ခြံတံခါး မပိတ်ထားတာကြောင့် သူ ကားအပေါ်မှ ဆင်းကာ အထဲဝင်သွားလိုက်သည်။

"ယွီရွှမ်း အဆင်သင့်ဖြစ်ပြီလား"

"ခဏစောင့် ပြီးတော့မယ်"

ရွှီဖန်းက လည်ပင်းဆန့်၍ အိမ်ထဲကို အော်ပြောခဲ့သည်။ ဝူယွီရွှမ်း၏ ပြန်ဖြေသံကိုလည်း သူကြားခဲ့ရသည်။ သူမက အင်္ကျီလဲလို့ မပြီးသေးတာ ဖြစ်နိုင်သည်။ ရွှီဖန်းကလည်း အလျင်မလိုပေ။ ဒါကြောင့် ခြံထဲမှာပဲ ရပ်စောင့်နေခဲ့သည်။

မကြာလိုက်ဘဲ ဝူယွီရွှမ်းက ထွက်လာတော့သည်။

သူ မရောက်ခင်ကတည်းက ဝူယွီရွှမ်းတစ်ယောက် အဝတ်ကို စေ့စေ့စပ်စပ် ဝတ်နေမှန်းသိသာသည်။ သူမ၏ ဖြောင့်စင်းနေသော ဆံနွယ်အောက်၌ သိမ်မွေ့သောမျက်နှာလေးက မိတ်ကပ်ခပ်ပါးပါးကို ဆင်မြန်းထားတာကြောင့် သူမ၏ လှပသော ပုံရိပ်လေးက အထင်ကြီးဖွယ်ရာ ဖြစ်နေသည်။ သူမက အနက်ရောင်စကပ်အတိုလေးကို ဝတ်ဆင်ထားသည်ဖြစ်ရာ မူလပုံစံလေးမပျောက်ဘဲ ဆွဲဆောင်မှုရှိနေသေးသည်။

ဝူယွီရွှမ်း၏လှပသော ခြေထောက်များက သည်းခံစိတ်ကို လာစမ်းသပ်နေသလိုပင်။ သူမ၏ ရှည်လျားကာ ဖြူဖွေးနေသော ခြေတံရှည်များက ပြောင်ရှင်းနေသည်။ အသားကပ်ဘောင်းဘီ ထပ်မဝတ်ထားတာတောင်မှ လုံးဝ ပြီးပြည့်စုံနေသည်။ 

သူမ၏ပေါင်တံများက မတုတ်ဘဲ သွယ်လျနေသည်။ ဖြောင်းစင်းနေသော ခြေသလုံးနှင့် ချိတ်ဆက်လိုက်

သည့်အခါ သဘာဝ၏ အလှတရားကဲ့သို့ပင်။ သူမဝတ်ဆင်ထားသည့် ရှစ်စင်တီမီတာ အနက်ရောင် ဒေါက်ဖိနပ်နှင့်ပါ တွဲကြည့်လိုက်ပါက သူမက သွက်လက်ဖြတ်လတ်သော မြို့သူအလှလေးအတိုင်းပင်။

ရွှီဖန်းက သူမကို သတိလွတ်သလို ကြည့်နေတာ မြင်သည့်အခါ ဝူယွီရွှမ်းသည် သူမနှုတ်ခမ်းကိုအုပ်၍ တခစ်ခစ်ရယ်လိုက်သည်။ သူမ မျက်လုံးများကို လှိမ့်လျက်...

"ဟေး ကြည့်လို့ဝပြီလား"

"မဝသေးဘူး" 

ရွှီဖန်းကလည်း အမှန်အတိုင်း ပြန်ဖြေသည်။

ဘာကြောင့်မှန်းမသိသော်ငြား ဝူယွီရွှမ်းသည် သူမနှလုံးသားထဲမှ ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။ အချိန်အကြာကြီး အဝတ်တွေရွေးခဲ့ရတာ အချိန်အလဟဿဖြုန်းတာမျိုး မဖြစ်တော့ပေ။

သူမ ရွှီဖန်းကို ပုတ်လိုက်သည်။

"ဟုတ်ပါပြီ ကြည့်တာရပ်တော့၊ ငါတို့ နောက်ကျရင် မကောင်းဘူး"

ဝူယွီရွှမ်းသည် သူမ အဝတ်ရွေးရာ၌ အချိန်အများကြီးသုံးခဲ့​တာကြောင့် စုရပ်ကိုရောက်သည့်အခါ နောက်ကျနေမည်ကို စိုးရိမ်နေသည်။ 

ရွှီဖန်း ခေါင်းညိတ်၍ ဝူယွီရွှမ်းနှင့်အတူ ခြံထဲမှ ထွက်လာခဲ့သည်။ 

"အထဲဝင်"

ရွှီဖန်းက အရင်ဦးဆောင်ထွက်လာတာကြောင့် သူမ အထဲဝင်လို့ရစေရန် Land Roverတံခါးကို ဖွင့်ပေးခဲ့သည်။ သို့သော်ငြား ဝူယွီရွှမ်းကတော့ ကြောင်အနေသည်။ သူမအရှေ့မှ လွှမ်းမိုးခြယ်လှယ်မှုအပြည့်ရှိနေသော SUVကိုကြည့်ရင်း သူမနှုတ်ခမ်းများက အံ့သြမှုကြောင့် ပွင့်ဟလာသည်။

"ရွှီ ရွှီဖန်း ဒါ နင့်ကားလား"

"ဟုတ်တယ် လွန်ခဲ့တဲ့ရက်ပိုင်းက ဝယ်ခဲ့တာ၊ ဘာဖြစ်လို့လဲ"

မြစ်အောက်ပိုင်းရွာလို ရွာသေးသေးလေး၌ ကြက်ခိုးခံထိရင်တောင် နောက်တစ်နေ့ဆို တစ်ရွာလုံး သိပြီးနေလေပြီ။ ဝူယွီရွှမ်း သိထားပြီးလောက်ပြီဟု သူထင်ထားခဲ့သော်ငြား သူမပုံစံအရ အခုမှ သိသွားသည့်ပုံပင်။

"ဘာမှမဖြစ်ပါဘူး၊ အရင်ကတည်းက အခုလို ဈေးကြီးတဲ့ကားမျိုး မစီးဖူးလို့"

ဝူယွီရွှမ်းက ရှက်ပြုံးဖြင့် ပြောလာသည်။ သူမမိသားစုက မချမ်းသာတာကြောင့် သူမက အမြဲခြိုးခြံချွေတာ၍ နေခဲ့ရသည်။ ဒါကြောင့် ယွမ်၁သန်းထက်ပိုသည့် ကားကိုတောင် သူမ တစ်ခါမှမစီးခဲ့ဖူးချေ။

သူမ၏လက်ရှိအမူအရာကြောင့် ရွှီဖန်း မနေနိုင်ဘဲ ရယ်မိတော့သည်။

"အရူးမလေး မင်း ငါ့မိန်းမဖြစ်လာရင် နေ့တိုင်း စီးရမှာပါကွာ"

"သောက်ကောင် ဘယ်သူက နင့်မိန်းမဖြစ်ချင်လို့လဲ!"

ရွှီဖန်းက ထပ်ပြီး မျက်နှာပြောင်လာပြန်သည်။ ဝူယွီရွှမ်း၏မျက်နှာက နီရဲလာကာ ရွှီဖန်းကို ရိုက်လိုက်သည်။

"ကောင်းပြီ သွားကြစို့"

သူတို့ ထပ်ပြီး အချိန်ဆွဲနေပါက နောက်ကျကုန်တော့မည်။ သူမ ကားပေါ်ကို တက်ကာ မြန်မြန်သွားရန် တိုက်တွန်းခဲ့သည်။ ရွှီဖန်းခေါင်းညိတ်၍ မောင်းသူနေရာမှာ ဝင်ထိုင်လိုက်သည်။ 

အချိန်တစ်ခုအကြာမှာ Land Roverဖြင့် ခရိုင်ရှိ အထက်တန်းကျောင်းအနီးကို ရောက်သွားခဲ့သည်။ အဝေးမှ ကျောင်းဂိတ်ပေါက်ဝကို သူကြည့်လိုက်ရာ စောင့်နေသည့် လူအုပ်စုကြီးကို တွေ့လိုက်ရသည်။ ဒီနေ့က ကျောင်းပိတ်တာကြောင့် ထိုလူအားလုံးက ပြန်လည်ပေါင်းစည်းပွဲအတွက် ရောက်နေခြင်းဖြစ်

ရမည်။ ထိုအချိန် သူတို့ကိုကြည့်ရတာ စိတ်မရှည်ဖြစ်နေသည့်ပုံပင်။ ရောက်ဖို့ကျန်တော့တာ သူတို့နှစ်ယောက်ပဲ ရှိတော့သည်ဟု ရွှီဖန်း ခန့်မှန်းလိုက်သည်။

ကားရပ်လိုက်ပြီးနောက် သူတို့နှစ်ယောက်ထွက်

လိုက်ကြသည်။ အားမောင်က နှုတ်ဆက်ရန်အတွက် သူတို့ဆီလျှောက်လာနေသည်။

"အိုက်ယိုး! ဖာ့ခ်!"

မောင်မောင်က ရွှီဖန်းဘေးမှာ ရပ်နေသည့် ဝူယွီရွှမ်းကို မြင်သည့်အခါ အံ့သြတုန်လှုပ်သွားခဲ့သည်။ သူ့မျက်နှာတစ်ခုလုံးက ရှော့ရမှုများ ပြည့်နေသည်။

ပြောရရင် ဝူယွီရွှမ်းလာလိမ့်မည်ဟု သူမထင်ခဲ့ပေ။ အခုလေးက လူတိုင်းက စောင့်နေရင်း ဒီအကြောင်းကို ဟာသလုပ်ပြောနေကြသေးသည်။ 

အထက်တန်းတုန်းကနှင့် ယှဥ်ကြည့်ပါက ဝူယွီရွှမ်းသည် မရင့်ကျက်မှုများ လျော့ကျသွားကာ ရင့်ကျက်သော ဆွဲဆောင်မှုများက အစားထိုးဝင်

ရောက်လာသည်။ အားမောင်က ထင်ယောင်ထင်မှားမြင်နေသည်ဟု ထင်ကာ သူ့ကိုယ်သူဆွဲစိတ်လိုက်

သည်။ သို့သော် နာကျင်မှုက အမှန်ပင်။

ရွှီဖန်းမှာတော့ သူ့ကိုကြည့်ပြီး ရယ်ရခက် ငိုရခက်ပင်။ 

"အားမောင် မင်းမျက်လုံးမမြင်ရတော့ဘူးလား"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ မင်း ငါမိုက်မဲနေတာ မြင်ချင်ရင် မြင်ချင်တယ်ပေါ့၊ အရင်ကတည်းက ငါက အရူးပဲ မဟုတ်ဘူးလား"

အားမောင်နှင့် ရွှီဖန်းက ကောင်းမွန်သော ဆက်ဆံရေးရှိတာကြောင့် ပြောပြီးသည်နှင့် ရယ်မောလိုက်ကြသည်။ ရွှီဖန်းတို့ နှစ်ယောက် တူတူလာကြသည်ကို သူ မအံ့သြပေ။ သူတို့နှစ်ယောက်စလုံးက မြစ်အောက်ပိုင်း ရွာကပဲလေ။

ရယ်မောကာဖြင့် သူတို့အနောက်မှ Land Roverကို အားမောင်ကြည့်လိုက်သည်။ ထိုအချိန် Land Rover ၏ ကိုယ်ထည်က အားမောင်ကို ဆွဲဆောင်လိုက်နိုင်သည်။

အားမောင်သည် သူ့နှုတ်ခမ်းကို အသံမြည်အောင် စုပ်၍ ပြောလိုက်သည်။

"ဒါက ကားကောင်းပဲ အလှပန်းလေးရေ၊ မင်းက ဒီလို လွှမ်းမိုးခြယ်လှယ်ပုံပေါက်တဲ့ကားတွေကြိုက်မယ်လို့ မထင်ထားဘူး"

အားမောင်က ဝူယွီရွှမ်းကို မနာလိုစွာဖြင့် ကြည့်နေသည်။

ဝူယွီရွှမ်းသည် ကျောင်းမှာတုန်းက ထိပ်ဆုံးအဆင့်ကျောင်းသားတွေထဲက တစ်ယောက်ဖြစ်သည်။ နှစ်အနည်းငယ်အတွင်းမှာ အခုလို ဈေးကြီးသည့်ကားမျိုး ဝယ်စီးနိုင်မည်ဟု သူ မထင်ထားခဲ့ပေ။

ပြောပြီးသည်နှင့် သူက ရွှီဖန်းပုခုံးကို ပုတ်၍ အပြုံးဖြင့် ဆူငေါက်နေသေးသည်။

"မင်းက တစ်ကယ်ကံကောင်းတာပဲ၊ ဒီလို ဇိမ်ခံကားမှာတောင် လိုက်စီးခွင့်ရတယ်၊ မင်း စီးတုန်းက ဘယ်လိုခံစားရလဲ ငါ့ကို မျှဝေဦးကွာ"

"အာ..."

ဝူယွီရွှမ်းမှာ ထိုစကားကိုကြားလည်းကြားရော နေရခက်သွားတော့သည်။ သူမ ခါးသက်စွာ ပြုံး၍ ပြောလိုက်သည်။

"အားမောင် နင်မှားနေပြီ၊ ဒီကားက ရွှီဖန်းဟာ၊ ဒီနေ့ သူပဲ ငါ့ကိုလာခေါ်တာ"

"ဟားဟား အလှပန်းလေး၊ နှစ်တော်တော်ကြာတော့မှ မင်းက ရယ်စရာပြောတတ်တဲ့လူမှန်း ငါသိရတော့တယ်"

အားမောင်က ရယ်နေသည်။

"ရွှီဖန်းက ဒီကားဝယ်ဖို့ တတ်နိုင်မယ်ထင်လို့လား၊ ဟာသမလုပ်နေနဲ့၊ ဒီကားက သန်းချီပြီးတန်တယ်၊ ရွှီဖန်းက ငါနဲ့ လယ်ဗယ်တူတူပဲရှိတာ"

"ဒါက..."

ဝူယွီရွှမ်းသည် နေရခက်စွာဖြင့် ရွှီဖန်းကို မော့ကြည့်လိုက်သည်။

ရွှီဖန်း ခေါင်းခါရမ်းပြလိုက်သည်။ အားမောင်က ရည်ရွယ်ချက်ရှိရှိလုပ်နေတာ မဟုတ်မှန်း သူသိသည်။ ဘာပဲဖြစ်ဖြစ် အခုလို ခေါင်းစဥ်မှားနေသည့်အဖြစ်ကိုသူ ဂရုမစိုက်ပေ။

"ကောင်းပြီ၊ မင်းက စကားအများကြီးပြောနေတဲ့ တစ်ဦးတည်းသောလူပဲ၊ သွားကြစို့ မကြည့်နဲ့တော့၊ လူတိုင်းက ငါတို့ကို စောင့်နေတယ်လေ သွားကြစို့"

ရွှီဖန်းကလည်း ရှင်းပြရန် စိတ်မပါပေ။ အားမောင်နှင့် စကားတချို့ပြောကာ လူအုပ်ကြီးရှိရာသို့ လျှောက်သွားကြသည်။

သူတို့ ကောင်းစွာ ဝတ်ဆင်လာသကဲ့သို့ တခြားလူများသည်လည်း သေချာဝတ်ဆင်လာကြသည်။ ယောကျ်ားလေးများက ဝတ်စုံပြည့်နှင့်ရှူးကို ဝတ်ဆင်လာကြပြီး မိန်းကလေးတွေကလည်း ကောင်းစွာ ဝတ်ဆင်ထားကြသည်။

သို့သော် ဝူယွီရွှမ်းရောက်လာပြီးနောက် အကုန်လုံး၏အာရုံက သူမဆီရောက်ရှိလာသည်။ အထူးသဖြင့် ယောကျ်ားလေးများပင်။ သူတို့က လှပစွာဝတ်ဆင်ထားသည့် ဝူယွီရွှမ်းကို မျက်လုံးကျွတ်မတတ်ကြည့်နေကြသည်။ သူတို့က ချက်ချင်းပင် ဝူယွီရွှမ်းကို ဝန်းရံလာကြသည်။

ဝူယွီရွှမ်းကတော့ လက်ရှိအခြေအနေ၌ နေရခက်နေသည်။ သူမ ဘယ်လိုတုံ့ပြန်ရမည်မှန်း မသိတော့တာကြောင့် လူအုပ်ကြီးအပြင်၌ ရှိနေသော ရွှီဖန်းအား အကူအညီတောင်းသလို ကြည့်လိုက်မိသည်။

ရွှီဖန်း ခါးသက်သက် ပြုံးလိုက်သည်။ ဝူယွီရွှမ်းက ဒီလိုအခြေအနေကို မကြိုက်တာလည်း မဆန်းပေ။ လူများစွာ ဝိုင်းရံထားခြင်းခံရတာက တော်တော် နေရခက်ပေမည်။

ထိုအချိန် ရွှီဖန်းက လူအုပ်ကြီးထဲ တိုးဝှေ့ဝင်ကာ ပြောလိုက်သည်။

"နောက်ကျနေပြီ၊ အရင်ဆုံး စားသောက်ဆိုင် ရှာကြရအောင်"

ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ဝူယွီရွှမ်းလည်း လူအုပ်ကြီးကြားထဲမှ ထွက်လာခဲ့သည်။

"ရွှီဖန်း မင်း ဘာကြောင့် စကားများနေရတာလဲ"

ထိုအချိန် ဆံပင်အနားသတ်၌ အဖြူရောင်ဆေးဆိုးထားသော အမျိုးသားက ရွှီဖန်းကို စိတ်ပျက်စွာ ကြည့်နေသည်။ ခဏလောက်ဆိုရင်ပဲ ဝူယွီရွှမ်းဆီမှ သူ ဖုန်းနံပါတ်တောင်းလို့ရတော့မှာဖြစ်သည်။

ရွှီဖန်းပြုံးကာ ဘာမှ ပြန်မပြောခဲ့ပေ။

ရွှီဖန်းသည် ပိုင်ဖေးဟုန်ကို ဘယ်တုန်းကမှ ကြည့်မရခဲ့ပေ။ ဒါ့ကြောင့် သူ့ကို မျက်နှာသာမပေးသည်က ရွှီဖန်းအတွက် ပုံမှန်ပင်။

ပိုင်ဖေးဟုန်အကြောင်း ပြောရလျှင် အတိတ်တုန်းက ဝူယွီရွှမ်းအနောက်ကို လိုက်ခဲ့သည့် ကျောင်းသားတွေထဲ အတက်ကြွဆုံးလူဖြစ်သည်။ ပိုင်ဖေးဟုန်၏အဖေက ခရိုင်မှာ စီးပွားရေးအလုပ်ကောင်းကောင်းရှိပေသည်။ ချမ်းသာသော ဒုတိယမျိုးဆက်တစ်ဦးအနေဖြင့် ပိုင်ဖေးဟုန်သည် အထက်တန်းတုန်းက အာဏာရှင်ဆန်စွာ ပြုမူခဲ့သည်။ အဲ့ဒီတုန်းကတော့ ဆရာမတွေရော ကျောင်းသားတွေကပါ သူ့ကို မကြိုက်ခဲ့ကြပေမယ့် အခုတော့ သူက ကျောင်းသားဟောင်းတွေကြား အလွန်ကျော်ကြားနေလေပြီ။

အကြောင်းအရင်းကတော့ ရိုးရှင်းသည်။ ကျောင်းသားဟောင်းတချို့သည် အလုပ်ရှာရန်အတွက် ပိုင်ဖေးဟုန်၏ အဖေကို မှီခိုလိုသောကြောင့်ပင်။ ကံကြမ္မာ၏သားတော်ဖြစ်သူ ပိုင်ဖေးဟုန်မှာ လူလေးစားခံပုဂ္ဂိုလ်ဖြစ်လာသည်။

ဤသည်မှာ ကျောင်းသားဘဝမှ လူ့အဖွဲ့အစည်းထဲသို့ စဝင်ကာစ၌ လူများ ပြောင်းလဲကျင့်သုံးကြသည့် နည်းပင်။

အခုဆိုလျှင် ဝူယွီရွှမ်းက မိန်းကလေးအုပ်စုနား ရောက်သွားပြီဖြစ်၍ ပိုင်ဖေးဟုန် လက်လျှော့လိုက်ရသည်။ တစ်ရက်လုံးကျန်နေသေးတာကြောင့် သူမနှင့် စကားပြောရန် သူအလျင်မလိုပေ။

ထိုအချိန် ပိုင်ဖေးဟုန်သည် 'ကျန့်ရှီတန့်သွမ်' ဘရန်းမှ ဝယ်ထားသည့် နာရီကို ထုတ်ကြည့်ကာ ပြောလာသည်။

"အင်း...နောက်ကျနေပြီပဲ၊ သွားစားကြရအောင်"

"ကောင်းပြီ ပိုင်ဖေးဟုန် မင်းက ခရိုင်ကနေရာတွေနဲ့ ရင်းနှီးတာပဲ၊ ဘယ်မှာစားမလဲဆိုတာကို မင်းပဲရွေးလိုက်ပါလား"

"ဟုတ်တယ် အစ်ကိုပိုင်ရော ဘယ်လိုထင်လဲ"

လူများစွာက သူ့အကြောင်းပြောနေကြတာကြောင့် ပိုင်ဖေးဟုန်က ပျော်ရွှင်စွာ ရယ်လာသည်။

"မင်းတို့ ကြားဖူးနိုင်တယ်၊ အခု ခရိုင်မှာ နာမည်ကြီးနေတဲ့စားသောက်ဆိုင်က ဟွားမန်ရှင်း ဟိုတယ်ကပဲ၊ လူတော်တော်များများက အဲ့ဒီမှာ စားသောက်ဖို့ သွားကြတယ်"

"ဟဲဟဲ ဒါပေါ့ ဈေးကတော့ ကြီးပေမယ့် စိတ်မပူကြပါနဲ့၊ ဒီနေ့ အစားရော အသောက်ရော ပျော်ပျော်ရွှင်

ရွှင်စားကြပါ၊ ငါ ပိုင်ဖေးဟုန်က အကုန် ဒကာခံမယ်၊ ဒီနေ့ စားကောင်းသောက်ကောင်းစားရအောင် မင်းတို့ကို ဟွားမန်ရှင်း ဟိုတယ် ခေါ်သွားပေးမယ်"

"တစ်ကယ်လား...ကောင်းတယ်!"

"ဟွားမန်ရှင်းက အစားအသောက်တွေက အရမ်းအရသာရှိတယ်လို့ ငါကြားဖူးတယ်၊ ဒါပေမယ့် သူက အမြဲလူပြည့်နေတဲ့အပြင် ဈေးကလည်း ကြီးသေး

တယ်၊ ဒီနေ့ အစ်ကိုပိုင်ကျွေးမှာဆိုတော့ ငါတို့ တော်တော်ကံကောင်းတာပဲ"

"ကောင်းပြီ၊ အပိုတွေမပြောကြနဲ့တော့၊ ငါလည်း ဗိုက်ဆာနေပြီ၊ အခုပဲ မင်းတို့ အစာအိမ်ကိုဖြည့်ဖို့ ငါခေါ်သွားပေးမယ်"

ထိုသို့ဖြင့် ပိုင်ဖေးဟုန်သည် လူတိုင်းကို ဟွားမန်ရှင်း ဟိုတယ်သို့ ခေါ်ဆောင်သွားခဲ့သည်။

********************

All Chapters