ရွှီဖန်း ထွက်ပေါ်လာပြီ
Vol. 6 Ch. 76
ဟွားမန်ရှင်းဟိုတယ်သည် ခရိုင်၌ လူသိများကာ ရွှီဖန်း အလယ်တန်းနှစ်ကတည်းက စဖွင့်လာတာဖြစ်သည်။ စီးပွားရေးလုပ်ငန်းများက အဘက်ဘက်မှ အရှိန်အဟုန်မြင့်စွာဖြင့် တိုးတက်လာကြသော်ငြား ဟွားမန်ရှင်းသည် အခုထိတိုင် စီးပွားရေးမကျသွားဘဲ ဆက်လက်အောင်မြင်နေသည်။ ပွဲတော်ရက်တွေမှာဆိုရင် ခရိုင်ရှိ လူတော်တော်များများက စားသောက်ရန်
အတွက် ဟွားမန်ရှင်းကိုသာ ရွေးချယ်ကြလေသည်။
ဒီနေ့က ပိတ်ရက်ဖြစ်တာကြောင့် ဟွားမန်ရှင်း၌ လူကြိတ်ကြိတ်တိုးနေလိမ့်မည်။ ရွှီဖန်းတို့ လူအုပ်ကြီးမှာ နေရာရဖို့ရန်ပင် မလွယ်ကူချေ။ အလယ်တန်းတုန်းကနှင့်ယှဥ်ပါက ဟွားမန်ရှင်းလည်း အခုဆို ကွာခြားမှုတချို့ ရှိနေလေပြီ။
ရွှီဖန်းတို့အုပ်စုက လူအရေအတွက်များတာကြောင့် ကားဖြင့်သွားရန်မဖြစ်နိုင်ချေ။ ဒါကြောင့် လမ်းလျှောက်လာခဲ့ကြသည်။ တစ်လမ်းလုံးလည်း သူတို့ စကားပြောလာခဲ့ကြသည်။
ထိုအချိန် ပိုင်ဖေးဟုန်၏နှုတ်ခမ်းက အထင်သေးစွာဖြင့် ကော့တက်သွားကာ မေးလာသည်။
"ရွှီဖန်း မင်း အထက်တန်းပြီးတော့ ပြည်နယ်မှာ အလုပ်လုပ်ဖို့ တက်သွားတယ်မဟုတ်ဘူးလား၊ ဘာလို့ မြစ်အောက်ပိုင်းရွာကိုပြန်လာခဲ့တာလဲ၊ မင်း လယ်သမားလုပ်ချင်လို့တော့ မဟုတ်ဘူးမလား"
ပိုင်ဖေးဟုန် ပါးစပ်ဟလိုက်သည်နှင့် လူအုပ်ကြီးက ရွှီဖန်းကို ချက်ချင်း လှည့်ကြည့်လာကြသည်။ ရွှီဖန်း ပြုံးလိုက်ကာ ဘာမှမရှင်းပြချင်ပေ။ တစ်ကယ်လည်း သူလုပ်နေတာက လယ်စိုက်နေတာနဲ့ တူတူပဲလေ။
သူခေါင်းညိတ်ကာ ဝန်ခံလိုက်သည်။
"ဟုတ်တယ် ငါရွာမှာနေပြီး လယ်လုပ်နေတာ"
"ဟားဟား ရွှီဖန်း မင်းကတော့ ရယ်စရာပဲ၊ အရင်တုန်းက မင်းက ငါတို့အတန်းမှာ ထိပ်ဆုံးကျောင်းသားတွေထဲပါခဲ့တယ်၊ အခုတော့ ရွာမှာပဲ လယ်ပြန်စိုက်နေရပါလား"
ရွှီဖန်း ဝန်ခံလာသည့်အခါ လူအုပ်ကြီးက ရယ်မောလာကြသည်။ ပိုင်ဖေးဟုန်က အများဆုံးပင်။ သူက ရွှီဖန်းကို ကြည့်ကာ ဟာသလုပ်လာသည်။
"ငါ့ကိုပြောကြည့်စမ်းပါ၊ မင်းကို စာသင်ပေးခဲ့တဲ့ ဆရာမတွေသာ မင်းစာအုပ်တွေအများကြီးဖတ်ပြီး လယ်သမားဘဝနဲ့အဆုံးသတ်သွားတာ သိရင် ဒေါသထွက်ပြီး သေသွားကြမလားပဲ"
ရွှီဖန်း မျက်လုံးများကို ကျဥ်းမြောင်း၍ ပြောလိုက်သည်။
"လယ်သမားဖြစ်ရတာ မကောင်းလို့လား"
"မင်းဘယ်လိုထင်လို့လဲ"
ရွှီဖန်းကပဲ အဓိပ္ပာယ်မရှိတာတွေ ပြောနေသလိုမျိုး ပိုင်ဖေးဟုန်က နှုတ်ခမ်းစောင်းသွားသည်။ သူက ရက်ရောသလို ဟန်ဆောင်ပြုမူခဲ့သည်။
"အိုး ရွှီဖန်း...အိုး ရွှီဖန်းရာ...မင်းက လူတော်လူကောင်းပဲဟာ အရှုပ်အထွေးတွေဖြစ်ပြီး လယ်သမားဘဝနဲ့ဆုံးသွားရတယ်လို့"
"ဒီလိုဆိုရင်ရော ဘယ်လိုလဲ၊ တစ်နေ့ ငါ့အဖေ ဝန်ထမ်းစုဆောင်းပြီဆိုရင် ငါ သူ့ကို မေးလိုက်မယ်၊ အဲ့ဒီအခါကျ ငါတို့မိသားစုက KTVကို လာပြီး စားပွဲထိုးလာလုပ်လေ"
ပိုင်ဖေးဟုန်၏ လေသံက သူ့ကိုယ်သူမှန်သည်ဟု အထင်ရောက်နေပုံရသည်။ ရွှီဖန်း၏ အမူအရာက တစ်ခုခုမှားယွင်းလာသည်ဟု အားမောင် ခံစားနေရသည်။ ဒါကြောင့် လက်ရှိအခြေအနေကို ပြောင်းရန် သူကြိုးစားခဲ့သည်။
အားမောင်က ရယ်လျက်...
"တစ်ကယ်တော့ ကျေးလက်မှာနေရတာကလည်း မဆိုးဘူးလို့ ငါထင်တယ်၊ ရှုခင်းကလည်းကောင်းတဲ့အပြင် အိမ်ဝယ်ဖို့လည်း ခေါင်းရှုပ်စရာမလိုဘူး၊ မြို့မှာ နေရတာလောက် ဖိအားလည်း မများဘူး"
အားမောင်၏ရည်ရွယ်ချက်ကို ပိုင်ဖေးဟုန်က မမြင်ဘဲ မနေချေ။ သူက အားမောင်ကို စိုက်ကြည့်၍ နှာမှုတ်လာသည်။
"မင်းမဆိုးဘူးထင်ရင်လည်း သူနဲ့အတူ လယ်သမားသွားလုပ်လေ"
"လာ...ငါတို့ရောက်ပြီ၊ အထဲဝင်ကြရအောင်"
ထိုအချိန် ဟွားမန်ရှင်းဟိုတယ်ရှေ့သို့ ရောက်နေပြီဖြစ်၍ ပိုင်ဖေးဟုန်က ဘာမှဆက်မပြောတော့ချေ။ သူက လက်ကို ဝှေ့ယမ်းလျက် လူအုပ်ကြီးကို အထဲဝင်ရန် ပြောခဲ့သည်။ သို့သော် သူက မနေနိုင်ဘဲ ညည်းတွားခဲ့သေးသည်။
"ဆင်းရဲတဲ့နှစ်ကောင်သား ပေါင်းမိနေတာ မဆန်းပါဘူး"
ရွှီဖန်းကတော့ လက်သီးတင်းတင်းဆုပ်ကာ ထိုးမိလုနီးပါးပင်။ အားမောင်က သူ့ကို ဆွဲထားလို့သာ မလုပ်ခဲ့တာဖြစ်သည်။
"ရွှီဖန်း ဘာလို့ သူနဲ့ငြင်းခုံနေမှာလဲ၊ ဒီကောင်က သူ့အဖေကြွယ်ဝမှုကို မှီခိုနေတာ၊ ငါပြောတာနားထောင် ညီအစ်ကို...ဒေါသမထွက်လိုက်နဲ့၊ မဟုတ်ရင် အကုန်လုံးက စိတ်ညစ်ကုန်ကြမှာ"
ရွှီဖန်း အသက်ရှူထုတ်၍ ခေါင်းညိတ်လိုက်သည်။ အားမောင်ပြောတာမှန်လေသည်။ ဒီနေ့လိုနေ့မျိုးမှာ ရန်ပွဲဖြစ်သွားပါက အကုန်လုံးက ပြန်လည်ပေါင်းစည်းပွဲကို ဆက်လက်ကျင်းပရန် စိတ်ပါတော့မည် မဟုတ်ချေ။
ရွှီဖန်းသည်လည်း လက်ရှိအနေအထားကို မဖျက်ဆီးချင်ပေ။
"အေးပါ၊ အားမောင်...မင်း လတ်တလော ဘာလုပ်နေလဲ"
ရွှီဖန်းက သိချင်နေမိသည်။ အားမောင်ကတော့ သက်ပြင်းချ၍ ခါးသက်သက်ပြုံးနေသည်။
"မမေးစမ်းပါ၊ ငါအခု အလုပ်လက်မဲ့ဖြစ်နေတာ၊ ဒါကြောင့် ဒီကောင်တွေနဲ့ စုဝေးဖို့ ရောက်လာတာလေ"
ရွှီဖန်းကတော့ မျက်ခုံးမြှင့်လိုက်မိသည်။ အားမောင်
သည် အလွန်ရွှင်ရွှင်ပြပြနေတတ်ပြီး မိတ်ဆွေပေါများသည်။ တလောက သူ စီးပွားရေးအသစ်ထပ်လုပ်ရန် တွေးနေခဲ့တာကြောင့် အားမောင်ကို မန်နေဂျာအဖြစ် ခန့်လို့ရလောက်သည်။
ရွှီဖန်းတစ်ယောက် အားမောင်ကို လေးလေးနက်နက်ကြည့်ကာ မေးလိုက်သည်။
"အားမောင် မင်းငါနဲ့ အလုပ်တူတူလုပ်ဖို့ စိတ်ဝင်စားလား"
"ဘာ"
အားမောင် မနေနိုင်ဘဲ ရယ်မိသည်။ သူ ရွှီဖန်းကို ပုတ်လိုက်ကာ...
"မင်း ငါ့ကို စနေတာ ရပ်လိုက်တော့၊ မင်းရဲ့နေရာကိုတော့ ဆွဲမသွင်းပါနဲ့ကွာ ဟုတ်ပြီလား၊ ငါ ဘယ်လို လယ်စိုက်ရမလဲတောင် မသိတာကို"
"ဒါ့အပြင် ငါ လက်လျှော့ချင်စိတ် မရှိသေးဘူး၊ အချိန်ခဏလောက် အနားယူပြီးရင် ငါ ပြည်နယ်ကို ထွက်သွားဖို့ ပြင်ဆင်ထားတယ်၊ ငါအလုပ်ကောင်းကောင်းတစ်ခုတော့ ရှာတွေ့လောက်မှာပါ"
"အဲ့ဒီအချိန်ကျ ငါ ဘာအလုပ်မှ ရှာလို့မရနိုင်သေးဘူးဆိုရင်တော့ ငါမင်းကို လာရှာမယ်လေ"
ရွှီဖန်းမှာ ရယ်ရခက် ငိုရခက်ပင်။ သူအခု တစ်ခုခုဆက်ပြောပါကလည်း အားမောင်က ယုံမည်ပုံမပေါ်ချေ။ ဒါကြောင့် သူလည်း ဆက်ပြောရင် စိတ်မဝင်စားတော့ချေ။ နောက်တစ်ခါ အခွင့်အရေးရှိတော့မှပဲ သူနဲ့ဆွေးနွေးတော့မည်။
"ကောင်းပြီ၊ အထဲဝင်ကြစို့...ငါတို့ အပြင်မှာ အကြာကြီး မနေသင့်ဘူး"
ပြောပြီးသည်နှင့် ရွှီဖန်းသည် အားမောင်ကို ဆွဲကာ ဟွားမန်ရှင်းဟိုတယ်အပေါက်ဝကို ဦးတည်လိုက်
သည်။ လူများပြားသည့် စားသောက်ဆိုင်ထဲကို ဝင်လိုက်သည်ဆိုရင်ပဲ သူတို့ အံ့အားသင့်သွားရသည်။ အချိန်ခဏအကြာလောက် ပြောဆိုလို့အပြီးမှာ ပိုင်ဖေးဟုန်က သူတို့လူအုပ်အတွက် အရှေ့နားကခုံတွေကို ယူချင်ခဲ့သည်။
အားမောင်က မျက်မှောင်ကြုတ်နေသည်။ မန်နေဂျာနှင့် အငြင်းပွားနေသည့် ပိုင်ဖေးဟုန်ကို ကြည့်ရင်း သူတတွတ်တွတ်ပြောလိုက်မိသည်။
"ထူးဆန်းတယ်၊ အချိန်အကြာကြီးရှိနေပြီကို ဘာလို့ အခုထိ ခုံမရသေးတာလဲ"
ရွှီဖန်းက အထဲမှာ ပြည့်နေသည့် လူအုပ်ကြီးကို ညွှန်၍ ပြောလိုက်သည်။
"လူတအားများလို့ ခုံတွေမရှိတော့ဘူး ထင်တယ်"
ဒီလို အခြေအနေမျိုးက ဟွားမန်ရှင်း၌ ဖြစ်နေကြပင်။
"အစ်ကိုပိုင် ဘာလုပ်သင့်လဲ"
"ငါတို့ ဒီကို အကြာကြီးလမ်းလျှောက်လာရတာ...အခုမှ တခြားဆိုင်ကို ထပ်သွားလို့ မရနိုင်လောက်ဘူး"
"ဟုတ်တယ်၊ ပြီးတော့ ဒီက အစားအသောက်တွေကိုလည်း မြည်းချင်သေးတာ၊ နင်တို့ အကြံတစ်ခုခုများ ရှိကြလား"
ပိုင်ဖေးဟုန်နှင့် မန်နေဂျာက အချိန်အတော်ကြာစကားပြောနေသော်လည်း အခုထိ မရသေးချေ။ ဗိုက်ဆာနေကြသည့် မိန်းကလေးတချို့မှာ ညည်းညူးလာကြသည်။
ပိုင်ဖေးဟုန်လည်း အနည်းငယ် ရှက်ရွံ့နေသည်။ သူက ဒီဆိုင်မှာ လိုက်ကျွေးမည်ဟု ကတိပေးထားခဲ့သည်။ တစ်လမ်းလုံးမှာ ဒီဆိုင်က အစားအသောက်တွေ ဘယ်လောက်ကောင်းကြောင်း ကြွားထားခဲ့ရုံတင်မကဘဲ ပိုင်ရှင်နှင့် ရင်းနှီးကြောင်းပါ ပြောဆိုထားခဲ့သည်။
သူသာ မဖြေရှင်းနိုင်လျှင် မျက်နှာပျက်ရလိမ့်မည်။
"အာ...ငါ သူနဲ့ ပြောကြည့်ရမလား"
ထိုအချိန် ရွှီဖန်းက အကြံပြုလာသည်။ ပိုင်ဖေးဟုန်
သည် ရွှီဖန်းကို ကြည့်၍ နှာမှုတ်ကာ သရော်လာသည်။
"ရွှီဖန်း မင်းကလား...ငါ့ကို လာနောက်နေတာ ရပ်ပေးလို့ရမလား"
"လူတိုင်းပဲ စိတ်မပူကြပါနဲ့၊ ငါ့ကို အချိန်ငါးမိနစ်ပဲပေး...ဒီဆိုင်မှာ စားခွင့်ရမယ်လို့ အာမခံတယ်"
ပိုင်ဖေးဟုန်က သူ့ရင်ဘတ်ကို ယုံကြည်ချက်ရှိရှိပုတ်ကာ မန်နေဂျာဆီလျှောက်သွားသည်။
"လူကြီးမင်း ဒီမှာ ခုံမရှိတော့ပါဘူး၊ နောက်တစ်နေ့မှ ထပ်လာခဲ့လို့ အဆင်ပြေမလားရှင့်"
ပိုင်ဖေးဟုန်က ထပ်ရောက်လာတာကြောင့် မန်နေဂျာမှာ စိတ်မရှည်ချင်တော့ပေ။ ပိုင်ဖေးဟုန်သည် အကွာအဝေးတစ်ခုမှ အခန်းကြီးကို ညွှန်ပြကာ မေးလိုက်သည်။
"အဲ့ဒီအခန်းက အလွတ်မဟုတ်ဘူးလား"
မန်နေဂျာက ထိုနေရာကို ကြည့်၍ ခေါင်းခါရမ်းလာသည်။
"လူကြီးမင်း အဲ့ဒီအခန်းက ကျွန်မတို့ သူဌေးက သူ့ဧည့်သည်တွေနဲ့တွေ့မှ သုံးတဲ့အခန်းဖြစ်ပါတယ်၊ သူဌေးရဲ့ မိတ်ဆွေကောင်းတစ်ယောက်ယောက်သာ မဟုတ်ရင် အဲ့ဒီအခန်းကို သုံးခွင့်မပြုထားပါဘူး၊ လူကြီးမင်း နောက်တစ်နေ့ကျမှ ပြန်လာပေးပါရှင့်"
"ငါ့ကို အဲ့ဒီလိုလာမကြည့်နဲ့၊ ငါက 'ပျံသန်းအရိပ်'KTVပိုင်ရှင်ရဲ့ အငယ်ဆုံးသခင်လေးနော်၊ မင်းရဲ့ သူဌေးက သီချင်းဆိုဖို့ လာဖူးတာမလို့ ငါတို့က ရင်းနှီးတယ်လို့ ပြောလို့ရတယ်၊ အခု ဖွင့်ပေးလို့ရပြီလား"
ပိုင်ဖေးဟုန်က သူ့မျက်နှာသူ အမွှန်းတင်နေသော်လည်း မန်နေဂျာ၏ သဘောထားကတော့ အတူတူပင်ဖြစ်သည်။ သူမက ခေါင်းခါရမ်းလျက်...
"အားနာပါတယ်...ဒါက သူဌေးသတ်မှတ်ထားတဲ့စည်းမျဥ်းပါ၊ လူကြီးမင်း နောက်တစ်နေ့မှ ပြန်လာသင့်ပါတယ်"
"ဖာ့ခ်! မင်းက ဘာကို သောက်ကျိုးနည်း ဆိုလိုနေတာလဲ! မင်းအဖေကို ဒီလိုဆက်ဆံရဲတယ်ပေါ့...ငါ ဒီဆိုင်ကို ချက်ချင်း ဖျက်ဆီးပစ်မယ်ဆိုတာ မင်းယုံလား"
မန်နေဂျာက သူ့ကို လုံးဝမျက်နှာသာမပေးတာကြောင့် ပိုင်ဖေးဟုန် ဒေါသထွက်လာသည်။ သူက မန်နေဂျာကိုစိုက်ကြည့်ရင်း တိုက်ခိုက်ချင်လာတော့သည်။
မန်နေဂျာကလည်း လုံးဝမကြောက်ပေ။ ဟွားမန်ရှင်း နာမည်စကြီးလာကတည်းက အခုလို အခြေအနေမျိုးစုံကို သူမကြုံတွေ့ခဲ့ရတာ မနည်းမနောပင်။ သူဌေး၏နောက်ခံအင်အားကြောင့် သူမတို့တွေက ကြောက်စရာမလိုခဲ့ပေ။
မန်နေဂျာက နှာမှုတ်ကာ ဘေးမှာရပ်နေသည့် လုံခြုံရေးများကို လက်ဝှေ့ယမ်းပြလိုက်သည်။ ချက်ချင်းပင် ပိုင်ဖေးဟုန်သည် သူ့ထက်အရပ်ရှည်
သည့် လုံခြုံရေးအစောင့်များ၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။
"လူကြီးမင်းက ဆက်ပြီး ရိုင်းစိုင်းနေမယ်ဆိုရင် ကျွန်မတို့ဘက်က ဆိုင်ထဲကနေ ထုတ်ပစ်ရလိမ့်မယ်"
ဤလုံခြုံရေးအစောင့်တစ်ယောက်ချင်းစီက သေချာလေ့ကျင့်ပျိုးထောင်ခံထားရသည့်လူများဖြစ်သည်။ ပိုင်ဖေးဟုန်၏ မျက်နှာ၌ ကြောက်ရွံ့မှုများ ဖြတ်သွားသည်။ သူ့သွားများကို အံကြိတ်၍ မန်နေဂျာကို ချက်ချင်း စိုက်ကြည့်လိုက်သည်။
"ကောင်းပြီလေ...မင်းက သတ္တိရှိသားပဲ"
ပိုင်ဖေးဟုန်သည် နောက်ပြန်လှည့်ကာ သူ့အတန်းဖော်တွေရှိရာသို့ ပြန်လျှောက်လာသည်။ ကံကောင်းစွာဖြင့် အလှမ်းဝေးတာကြောင့် ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို ဘယ်သူမှမမြင်လိုက်ပေ။ ပိုင်ဖေးဟုန်မှာ မနေနိုင်ဘဲ သက်ပြင်းအသာချမိသည်။ မဟုတ်လျှင် သူ မျက်နှာပျက်ရလိမ့်မည်။
"အစ်ကိုပိုင် ဘယ်လိုလဲ...ရသွားပြီလား"
"ဟုတ်တယ် ဟုတ်တယ်...အခု စားလို့ရပြီလား...ငါတို့ ဗိုက်ဆာလို့ သေတော့မှာပဲ"
ထိုအချိန်လူတိုင်းက စိုးရိမ်ပူပန်စွာ မေးလာကြသည်။ ပိုင်ဖေးဟုန်က အနည်းငယ်ရှက်ရွံ့နေတာကြောင့် သူ့နှာခေါင်းကို ပွတ်ကာ ပြောလိုက်သည်။
"ဒါ ဒါက..မန်နေဂျာပြောတာတော့ အစားအသောက်အတွက် ပါဝင်ပစ္စည်းတွေ မလုံလောက်တော့ဘူးတဲ့၊ ငါတို့ ဒီမှာ စားလို့မရတော့ဘူး"
"နောက်တစ်ဆိုင်ပြောင်းရင်ရောဘယ်လိုလဲ၊ စိတ်မပူပါနဲ့...ဒီဆိုင်ထက် မဆိုးတဲ့ ဆိုင်ကို ခေါ်သွားမယ်လို့ ငါအာမခံတယ်"
ပြောပြီးသည်နှင့် ပိုင်ဖေးဟုန်မှာ အပြစ်ရှိသလို ခံစားလိုက်ရသည်။ ခရိုင်ထဲ၌ ဘယ်ဆိုင်ကမှ သူတို့ကိုယ်သူတို့ ဟွားမန်ရှင်းထက် ပိုအရသာကောင်းသည်ဟု ဘယ်သူကမှ မပြောရဲချေ။
"အာ...ခရိုင်မှာ ဒီဆိုင်က အကောင်းဆုံးစားသောက်ဆိုင်မဟုတ်ဘူးလား"
"လူတိုင်းက ဒီကိုလာတဲ့အကြိမ်ရေက ရှားတယ်...မစားလိုက်ရတာ စိတ်မကောင်းစရာပဲ"
ထိုအခိုက်အတန့်တွင် မိန်းကလေးများက ကလူသလို ပြုမူလာတာကြောင့် ပိုင်ဖေးဟုန်မှာ သူ့ကိုယ်သူ မထိန်းနိုင်အောင် ဖြစ်စေသည်။
ဝူယွီရွှမ်းတောင်မှ ခန်းမထဲမှာ ပျံ့နှံ့နေသည့် အနံ့များကို ရှူကာ အလွန်အမင်းစမ်းစားကြည့်ချင်နေသည့် ပုံပေါက်နေသည်။
"မေ့လိုက်ကြတာပေါ့လေ"
ပိုင်ဖေးဟုန်သည် လူတိုင်းကို နောက်တစ်ဆိုင်ပြောင်းရန် ထပ်ပြီးတိုက်တွန်းတော့မည့်အချိန် ရွှီဖန်း လျှောက်လာတာကို မြင်လိုက်သည်။ သူ အံ့သြသွားကာ မေးလိုက်သည်။
"ရွှီဖန်း ဘာလုပ်ချင်လို့လဲ"
ရွှီဖန်းက ပြုံး၍
"အကုန်လုံးက ဒီမှာ စားချင်နေကြတာဆိုတော့ ငါ သူမကို သွားပြောကြည့်ဦးမလို့၊ ပြဿနာမရှိဘူးမလား"
လူတိုင်းက ဒီမှာပဲ စားချင်နေကြသည်။ သူတို့ပျော်ရွှင်နေကြသည့်ခံစားချက်များကို မပျက်သွားစေချင်ပေ။ အထူးသဖြင့် မြည်းစမ်းရန် အလွန်စိတ်ဝင်စားနေသည့် ဝူယွီရွှမ်းကိုပင်။
ရွှီဖန်းသည် ပိုင်ဖေးဟုန်လောက် မာနမကြီးသလို သူ့လောက်လည်း အဆက်အသွယ် မပေါပေ။ သူသိတာဆိုလို့ ဟုန်ဖေးတစ်ယောက်သာ ရှိတာကြောင့် သူကြိုးစားကြည့်ချင်မိသည်။
ပိုင်ဖေးဟုန်က ရွှီဖန်းကို ကြည့်၍ ပြုံးနေသည်။
ဒီကောင် သူ့ကိုယ်သူ မျက်နှာပျက်ရဖို့ မစောင့်နိုင်တော့ဘူးလား။
"သေချာတာပေါ့ မင်းမှာ လုပ်နိုင်စွမ်းရှိရင် သွားပြောနိုင်တယ်"
***********************