← Chapters

မင်းက ကောင်းကင်ထိတက်ဖို့ ကြိုးစားနေတာလား။

Vol. 6 Ch. 78

မင်းက ကောင်းကင်ထိတက်ဖို့ ကြိုးစားနေတာလား။

Vol. 6 Ch. 78

ချင်းလန်သည် သူမ၏တောင်းပန်မှုကို ပြသရန်အတွက်သာ ဒီကိုလာခဲ့ခြင်းဖြစ်သည်။ သူမက ရွှီဖန်းနှင့် သိပ်မရင်းနှီးပေ။ ဒီမှာ ကြာကြာနေပါက မကောင်းတာကြောင့် သူမ ပြုံး၍ ပြောလိုက်သည်။

"ဟုတ်ပါပြီ၊ အကုန်လုံးပဲ ပျော်ပျော်ရွှင်ရွှင် စားသောက်ကြပါဦး၊ ကျွန်မ ထပ်ပြီး မနှောင့်ယှက်ပါတော့ဘူး"

ပြီးသည့်နောက် ချင်းလန်သည် အခန်းထဲမှ ထွက်သွားတော့သည်။

"WTF! ရွှီဖန်း! မင်းက သောက်ကျိုးနည်း စွမ်းတာ မလုံလောက်သေးဘူးလားကွာ! မင်း တစ်ကယ် ငါ့ကို ဖုန်းကွယ်ထားခဲ့တာပဲ"

ချင်းလန်ထွက်သွားသည်နှင့် ရွှီဖန်းဘေးမှာထိုင်နေသည့် အားမောင်က သူ့ကိုယ်သူ ရိုက်၍ ပြောလာသည်။ 

"မင်းဆိုတဲ့ကောင်လေးက တော်လှချည်လားကွ"

ရွှီဖန်းနှင့် သူက လယ်ဗယ်တူတူဖြစ်ခဲ့တာကြောင့် အစတုန်းကတော့ ရွှီဖန်းအပေါ် မြင့်မြင့်ကြီး မတွေးထားခဲ့ပေ။ အခု ရွှီဖန်းက သူ့နာမည်သူ တည်ဆောက်ထားနိုင်တာကိုမြင်မှ သူ့အပေါ် လုံးဝ လေးစားသွားတော့သည်။

နှစ်ယောက်သား ငြင်းခုန်နေတာကိုကြည့်ရင်း ဝူယွီရွှမ်းသည် အပြုံးလေးဖြင့် သူမခေါင်းကို ခါရမ်းမိသည်။ ထို့နောက် သူမ အားမောင်ကို ပြောလိုက်သည်။

"အားမောင် Land Roverက ရွှီဖန်းရဲ့ကားလို့ ငါပြောခဲ့တာကို အခု ယုံပြီမလား"

Land Roverကား

သူ့ကိုယ်သူ နှစ်သိမ့်နေသည့် ပိုင်ဖေးဟုန်မှာ ထပ်မံ လန့်သွားရပြန်သည်။ Land Roverဆိုတာကုန်စုံဆိုင်တွေကလို တွန်းလှည်းမျိုးမဟုတ်ချေ။ ၎င်းက ယွမ်သန်းနဲ့ချီပြီး ထိုက်တန်ပေသည်။ ရွှီဖန်းက ဒါကိုတောင် မောင်းနိုင်တယ်ဆိုတော့ ဒါဆို...

ဆင်းရဲသည့်တတိယမျိုးဆက်ဖြစ်သော ရွှီဖန်းက ရုတ်တရက်ကြီး သူဌေးဖြစ်သွားခဲ့သည်။ အဖေဖြစ်

သူ၏ အလုပ်ကိုဆက်ခံထားသည့် ချမ်းသာသော ဒုတိယမျိုးဆက်ဖြစ်သူ သူနှင့် ယှဥ်ကြည့်ပါက ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေသည်။

ဒါက လူတွေကို စိတ်အားထက်သန်စေသည့် ပုံပြင်

နှင့်တောင် တူနေ၏။

သောက်ကျိုးနည်း!

ပိုင်ဖေးဟုန်၏ နှလုံးသားတစ်ခုလုံးက ဒေါသများဖြင့် ပြည့်နှက်နေကာ သူ့ခေါင်းကို နှိမ့်၍ ရွှီဖန်းကို ကြည့်

လိုက်သည်။ ရွှီဖန်း၏နယ်မြေက သူ့ပိုင်နက်နှင့် အလွန်နီးကပ်နေမည်ဟု မထင်ခဲ့မိတာကြောင့် ထင်ပေါ်ကျော်ကြားမှုတွေကို ခိုးသွားစေမိခဲ့သည်။

သူ့မျက်နှာပြန်ရနိုင်မည့် နည်းလမ်းကို သူတွေးရမည်။ 

ထိုအချိန် ရွှီဖန်းကတော့ ချမ်းသာပြီးချောမောသည့်အမျိုးသားအဖြစ်ကို ရောက်ရှိသွားခဲ့သည်။ သူက ရုပ်ချောပြီး စိတ်ကောင်းဝင်နေတာကြောင့် မေးခွန်းတွေကို ဖြေပေးနေခဲ့သည်။

အားမောင်က ရွှီဖန်းကို တံတောင်ဖြင့်တို့ကာ မေးလာသည်။

"အိုး ဟုတ်သားပဲ၊ အပေါက်ဝမှာ ရှိတုန်းက မင်းငါ့ကို မင်းအလုပ်ထဲ ဆွဲသွင်းချင်တယ်လို့ ပြောခဲ့တာမလား၊ အဲ့တာ ဘာကိုဆိုလိုတာလဲ"

အားမောင်က အလွန်စိတ်ဝင်စားနေသည်။ ရွှီဖန်း သူ့ကို ကြည့်၍ ရယ်မောလိုက်သည်။

"လူဆိုးကောင် မင်းဘာလို့ မေးခွန်းတွေ အများကြီးမေးနေတာလဲ၊ မင်းပဲ ငါနဲ့ လယ်တူတူမစိုက်ချင်ဘူး မဟုတ်လား"

"မဟုတ်...မဟုတ်ပါဘူး...အစ်ကိုရွှီ အဲဲ့ဒီတုန်းက မသိခဲ့လို့ပါ၊ မြန်မြန်လေးပြောပြပါ"

ရွှီဖန်းက သူ့ကို စနောက်နေတာကြောင့် အားမောင်သည် စိုးရိမ်ပူပန်စွာဖြင့် ကပ်ဖားရပ်ဖားပြုံးကာ အမြန်တောင်းပန်လာသည်။

ရွှီဖန်းကတော့ ရယ်ရခက် ငိုရခက်ပင်။

"ငါ စီးပွားရေးအသစ်ထပ်တိုးချဲ့ဖို့ ပြင်ဆင်နေတာ၊ အဲ့ဒီအချိန်ရောက်လာရင် ငါ့အတွက် အလုပ်တွေကူလုပ်ပေးမယ့် လူလိုတယ်လေ၊ အထူးသဖြင့် စွမ်းရည်ရှိတဲ့လူပေါ့"

"မင်းရဲ့လူမှုဆက်ဆံရေးက ကောင်းတယ်၊ ငါ့အတွက် တစ်ခုခုလုပ်ပေးဖို့ လူရှာရမယ်လို့ ငါတွေးနေခဲ့တာ၊ ဘယ်လိုလဲ စိတ်ဝင်စားလား"

"ဒါပေါ့!"

အားမောင်သည် ထိုစကားကိုကြားသည့်အခါ အပျော်လွန်၍ မျက်လုံးများ ထွက်လုမတတ်ပင်။

သိထားရမည်မှာ ချမ်းသာသည့် ဒုတိယမျိုးဆက်

ဖြစ်သော ပိုင်ဖေးဟုန်လည်း အထွေထွေမန်နေဂျာသာ ဖြစ်သေးသည်။ ရွှီဖန်းဆီမှ စကားတစ်ခွန်းဖြင့် သူ့အသက်မွေးဝမ်းကျောင်းက ပိုင်ဖေးဟုန်ထက်ပင် မြင့်သွားလေပြီ။ သူ မပျော်ဘဲ မနေနိုင်ပေ။

"အစ်ကိုရွှီ မင်း ရှာနေတဲ့ စွမ်းရည်ရှိတဲ့လူဆိုတာ ငါပဲ၊ မင်းအတွက် အဆက်အသွယ်တွေကို ကောင်းကောင်းရှာပေးမယ်လို့ ငါကတိပေးတယ်"

အားမောင်သည် သူ့မျက်နှာပေါ်၌ သူရဲကောင်းကဲ့သို့ အမူအရာကို တင်ထားကာ ရွှီဖန်းအတွက်ဆို ဘယ်

အချိန်ဖြစ်ဖြစ် စွန့်လွှတ်အနစ်နာခံမည့်အလား ပြုမူနေသည်။

ရွှီဖန်းကတော့ သူ့ကိုကြည့်ကာ မျက်လုံးလှိမ့်လိုက်သည်။

"လာစမ်းပါ မင်း ငါ့ကို လာလုပ်ပြမနေနဲ့၊ မင်းအကြောင်း ငါမသိတာကျလို့၊ ငါ ပြင်ဆင်တာပြီးသွားရင် မင်းအလုပ်ဆင်းလို့ရပြီ"

"ဒါပေမယ့် ငါမင်းကို တစ်ခါတည်းပြောထားဦးမယ်၊ အရင်ကလို ရှုပ်ရှုပ်ယှက်ယှက်တွေ လုပ်ရဲလို့ကတော့ ငါ့ကို ကရုဏာမရှိဘူးလို့ အပြစ်မတင်နဲ့နော်၊ ဒါပေါ့ မင်းကောင်းကောင်းလုပ်ရင် မြို့ကြီးမှာ ပိုက်ဆံရှာတာထက် ပိုမြန်စေရမယ်လို့ ငါအာမခံတယ်"

"စိတ်မပူနဲ့၊ ရှိတာမှ ဒီညီအစ်ကို နှစ်ယောက်တည်းကို ဘာမှ ပြောစရာမလိုဘူး"

အားမောင်က ရွှီဖန်းကို ကျေးဇူးတင်စွာကြည့်နေသည်။ ရွှီဖန်းက သူ့ကို အခွင့်အရေးပေးလာတာကြောင့် သူကလည်း ဖြုန်းတီးပစ်မှာ မဟုတ်ပေ။

"ကောင်းပြီ၊ အားလုံး စားလို့လည်း ပြီးပြီဆိုတော့ ငါ့နေရာကိုသွားပြီး သီချင်းဆိုကြမလား"

စားသောက်၍ အနားယူပြီးသည့်အချိန် ပိုင်ဖေးဟုန်

သည် မတ်တပ်ရပ်ကာ သူ့KTVမှာ သီချင်းဆိုရန် စဖိတ်ခေါ်ခဲ့သည်။

"ကောင်းတယ်! ကောင်းတယ်! ငါတို့ စကားတွေပဲပြောနေတာ ပျင်းလာပြီ၊ သီချင်းတူတူသွားဆိုကြရအောင်"

လူတိုင်းက ထပ်တောင်မတွေးဘဲ သဘောတူလာကြသည်။ ထို့နောက် သီးသန့်အခန်းမှ သူတို့ ထွက်လာခဲ့သည်။

မူလကတော့ ရွှီဖန်းနှင့် ဝူယွီရွှမ်းက KTVသွားရန် စိတ်မဝင်စားပေ။ သို့သော် လူအုပ်ကြီး၏ ဖိတ်ခေါ်မှုအောက်၌ ငြင်းပစ်ရန် အနည်းငယ် ရှက်ရွံ့မိတာကြောင့် လက်ခံလိုက်ရသည်။

အခန်းထဲမှ ထွက်လာပြီးနောက် ပိုင်ဖေးဟုန်သည် ငွေရှင်းကောင်တာကို ယုံကြည်ချက်ရှိစွာသွား၍ ငွေချေရန် ပြင်လိုက်သည်။ ရွှီဖန်းက ထင်ပေါ်ကျော်ကြားမှုကို အချိန်အကြာကြီးယူထားခဲ့တာကြောင့် သူသာ ငွေချေရန် ခေါင်းရှောင်မိပါက သူ့တည်ရှိမှုက ပိုသေးသွားလိမ့်မည်။

ဘေစာရွက်ကို မြင်သည့်အခါ ပိုင်ဖေးဟုန်မှာ ခေါင်းကိုက်မှုတသီကြီး ခံစားလိုက်ရသည်။ ရွှီဖန်းက သူ့ကိုယ်သူ ရူးနေသလို ပြုမူခဲ့သည်။ သူမှာခဲ့သည့် ဟင်းပွဲတွေနဲ့ ဝိုင်အားလုံးက ဟွားမန်ရှင်း၌ ဈေးအကြီးဆုံးများဖြစ်သည်။

"လူကြီးမင် ကတ်နဲ့ရှင်းမှာပါလား၊ ငွေသားနဲ့လားရှင့်"

ပိုင်ဖေးဟုန်သည် နာကျင်မှုကို မြိုသိပ်ကာ ယုံကြည်

ချက်ရှိသည့်ပုံစံဖြင့် အိတ်ထဲမှ ကတ်ကို ထုတ်ပေးလာသည်။

"ကတ်နဲ့ဖြတ်ပေးပါ"

ပိုက်ဆံများစွာ အဖြတ်ခံရပြီးနောက် ပိုင်ဖေးဟုန် သည် ရွှီဖန်းကို စိတ်ထဲမှ လှောင်ပြောင်ခဲ့သည်။

*မင်း ငါ့နယ်မြေ ရောက်တဲ့အထိ စောင့်နေစမ်းပါ၊ ငါမင်းကို ကောင်းကောင်းနေလို့ရအောင် မလွှတ်ပေးဘူးမှတ်*

ပိုက်ဆံချေပြီးသည့်နောက် ပိုင်ဖေးဟုန်က လူအုပ်ကြီးအား 'ပျံသန်းအရိပ်'KTVကို ခေါ်သွားခဲ့သည်။ မကြာလိုက်ဘဲ၊ KIVဝင်ပေါက်သို့ သူတို့ရောက်ရှိလာခဲ့သည်။

ထိုအချိန် တံခါးနားမှ ရပ်နေသည့် စားပွဲထိုးလေးက ပိုင်ဖေးဟုန်တို့ လူအုပ်ကြီးကိုလည်းမြင်ရော နှုတ်ဆက်ရန် အပြေးရောက်လာသည်။

"အစ်ကိုပိုင် မိတ်ဆွေတွေ ခေါ်လာတာလား"

"အပိုစကားတွေ ပြောမနေနဲ့တော့"

ပိုင်ဖေးဟုန်သည် ထိုညီလေးအား မျက်လုံးလှိမ့်ပြ၍

"သွား အကြီးဆုံးအခန်းကို သွားဖွင့်လိုက်၊ ဒီနေ့ ငါ့အတန်းဖော်ဟောင်းတွေနဲ့ ပျော်ရမယ်"

"အိုး ကောင်းပါပြီ၊ လူတိုင်းပဲ ကျွန်တော့်နောက်ကနေ လိုက်ခဲ့ကြပါ"

ပြောပြီးနောက် စားပွဲထိုးက သူတို့ကို KTVအတွင်းပိုင်းသို့ ခေါ်သွားသည်။

"ပိုင်ဖေးဟုန် ဘာလို့လိုက်မလာတာလဲ"

ထိုအချိန် ပိုင်ဖေးဟုန်က စားပွဲခုံဘေးမှာသာ ရပ်နေတာကြောင့် တစ်ယောက်က သိလိုစိတ်ဖြင့်မေးလာသည်။

ပိုင်ဖေးဟုန်က အပြစ်ရှိသလိုပြုံး၍ ပြောလာသည်။

"စိတ်မပူပါနဲ့၊ ငါလုပ်စရာအလုပ်တချို့ရှိနေလို့၊ အရင် သွားနှင့်ကြပါ၊ ပြီးမှ လိုက်လာခဲ့မယ်"

"ကောင်းပြီ"

လူတိုင်း အခန်းထဲဝင်သွားတာကို မြင်မှ ပိုင်ဖေးဟုန် သူ့လည်ပင်းကိုကုတ်လိုက်မိသည်။ ပြီးမှ ဧည့်ခံမန်နေဂျာကို သူလက်ဝှေ့ယမ်း၍ ခေါ်လိုက်သည်။

"အစ်ကိုပိုင် ဘာဖြစ်လို့လဲ"

"ဒီနေ့ အစ်ကိုကြီးပိထို သီချင်းလာဆိုလား"

ထိုစကားကိုကြားသော် ဧည့်ခံမန်နေဂျာ၏မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ ပိုင်ဖေးဟုန်က ရုတ်တရက်ကြီး ဘာကြောင့်မေးမှန်း မသိပေ။ သူက နတ်ဆိုးဆန်စွာပြုံးရင်း လူတိုင်းဝင်သွားသည့်အခန်းကို ညွှန်ပြလာသည်။

"အဲ့ဒီထဲက တစ်ယောက်က ငါနဲ့လာရှုပ်ထားတယ်၊ သူ့ကို ဂရုစိုက်ပေးဖို့ အစ်ကိုကြီးပိထိုကို ငါလိုအပ်တယ်"

"အဲ့ဒါကြောင့်ကို"

ပိုင်ဖေးဟုန်က ဒီလိုကိစ္စမျိုးမကြာမကြာလုပ်ဖူးတာကြောင့် ဧည့်ခံမန်နေဂျာက ခေါင်းညိတ်၍ ပြုံးနေသည်။

"အစ်ကိုကြီးပိထိုက မနေ့ကပဲ သူ့သူငယ်ချင်းတွေကို ဒီနေ့ ခေါ်လာမယ်လို့ ပြောထားခဲ့တယ်"

သူအချိန်ကိုကြည့်လိုက်၍

"မကြာခင်ရောက်လာတော့မယ်"

"ဟဲဟဲ ကောင်းတယ်၊ အစ်ကိုကြီးပိထိုရောက်လာရင် မင်း အဲ့တာလုပ်ခိုင်းလိုက်၊ အချိန်ရောက်လာရင် ငါသူ့ကို တစ်နပ်ကျွေးမယ်လို့"

ပိုင်ဖေးဟုန်သည် ဧည့်ခံမန်နေဂျာ၏နားထဲကို ခပ်

တိုးတိုးညွှန်ကြားလိုက်ပြီးနောက် နှာမှုတ်လိုက်သည်။

ပိုင်ဖေးဟုန်၏အစီအစဥ်က ရိုးရှင်းကာ လက်တွေ့ကျလာသည်။ အချိန်ရောက်လာလို့ တစ်စုံတစ်ယောက် ဒုက္ခရောက်သွားရင်တောင်မှ သူ့ကိုယ်ပိုင်နယ်မြေဖြစ်၍ သူမဟုတ်သလို ဟန်ဆောင်လိုက်ရုံပင်။

ဒါကြောင့် ရွှီဖန်းကို ဒုက္ခပေးရန် အခုအချိန်ကို အခွင့်ကောင်းယူရမည်။

ဒီနည်းလမ်းဖြင့် ဟွားမန်ရှင်းဟိုတယ်မှာ ရခဲ့သည့် မကျေနပ်မှုများအား ကလဲစားချေနိုင်လေမည်။ ပိုပြီးအရေးကြီးတာက အချိန်ရောက်လာလို့ အဲ့ဒီမှာ ပြဿနာဖြစ်လာလျှင် သူဝင်သွားပြီး ဖြေရှင်းလိုက်မည်။ သူနောက်တစ်ခါ ထင်ပေါ်ကျော်ကြားလာလိမ့်ပေမည်။

ကျောင်းအလှပန်းလေးတောင်မှ သူ အခြေအနေကိုင်တွယ်သည့်ပုံကိုမြင်ကာ သူ့အပေါ် ကောင်းမွန်သော ထင်မြင်ချက်များရှိလာလိမ့်မည်။ ဖြစ်ကောင်းဖြစ်နိုင်တာက သူ့ကိုနက်နက်နဲနဲပင် မေ့မရနိုင်အောင် ချစ်မိသွားလိမ့်မည်။

ပိုင်ဖေးဟုန်တွေးလေတွေးလေ သူပို၍ စိတ်လှုပ်ရှားလာသည်။

သူသည် ဧည့်ခံမန်နေဂျာအား ရွှီဖန်း၏အသွင်အပြင်

နှင့် သူ့ရဲ့အချက်အလက်များကို ပြောကာ ပုခုံးကို ပုတ်ပေးလိုက်သည်။

"ဒီကိစ္စ ငါ့အတွက် မင်းလုပ်ပေးရမယ်၊ ပြီးရင် မင်းအတွက်လည်း အချိန်ကောင်းတွေ ရှိစေရမယ်ကွာ၊ နားလည်တယ်မလား"

"နားလည်ပါတယ် အစ်ကိုပိုင်၊ စိတ်မပူပါနဲ့...ကိစ္စတွေစီမံတဲ့နေရာမှာ ကျွန်တော်က ယုံကြည်စိတ်ချရပါတယ်"

ပိုင်ဖေးဟုန်က ရယ်မောလျက် ဘေးပတ်ပတ်လည်ကိုကြည့်ကာ အခန်းထဲ ဝင်သွားတော့သည်။

*******************

All Chapters