ငတုံးဆိုတာ ဘယ်သူလဲ
Vol. 6 Ch. 79
"အားနာပါတယ်ကွာ၊ ငါဝင်လာတာ နောက်ကျသွားတယ်"
သိပ်မကြာခင်မှာပဲ ပိုင်ဖေးဟုန်က အခန်းထဲဝင်လာသည်။ သူက အားရဝမ်းသာစွာပြုံးနေတာကြောင့် သူ့အလုပ်မှာ ဘာပြဿနာမှ မကြုံခဲ့ရသည်နှင့် တူပေသည်။ လူအုပ်ကြီးကြားထဲမှာ ထိုင်ရင်း သူ သူငယ်ချင်းတစ်ယောက်နှင့် စကားခဏပြောနေခဲ့သည်။သီချင်းဆိုလို့ပြီးတော့မည့် မိန်းကလေးတွေကိုကြည့်ရင်း သူတို့ဆီလျှောက်သွားခဲ့သည်။ ထို့နောက် သူပြောလာသည်က...
"ငါတို့ ရွှီဖန်း သီချင်းဆိုတာ တစ်ခါမှမတွေ့ဖူးသေးဘူးမလား၊ ရွှီဖန်း ဘယ်လိုလဲ၊ တက်လာပြီး ငါတို့အတွက် သီချင်းတစ်ပုဒ်လောက်ဆိုပြလေ"
"မှန်တယ်! မှန်တယ်! ရွှီဖန်းရေ တစ်ပုဒ်လောက်!"
"ဟုတ်တယ် ငါလည်း သူ့အသံ နားထောင်ချင်တယ်"
ပိုင်ဖေးဟုန်က ရုတ်ရုတ်ဖြစ်အောင် လုပ်ပြီးနောက် လူတိုင်းကလည်း တတွတ်တွတ် တိုက်တွန်းလာကြသည်။ ကျယ်လောင်သည့်အသံများအား နားထောင်ရင်း ရွှီဖန်းမှာ ခေါင်းပင် ထိုးကိုက်လာသည်။
"ရွှီဖန်း မရှက်ပါနဲ့၊ လူတိုင်းကလည်း ဆိုစေချင်နေတာ မင်းကြိုက်တဲ့တစ်ပုဒ်ဆိုလိုက်ကွာ"
ငြင်းလို့မရနိုင်ကတည်းက ရွှီဖန်းမှာ ရွေးချယ်စရာမရှိဘဲ ရှေ့တက်သွားရုံသာ တတ်နိုင်ခဲ့သည်။ သီချင်းရွေးဖို့ သူပြင်နေတုန်းမှာပဲ အပြင်ကနေ 'ဘန်း'ဆိုသည့် ကျယ်ကျယ်လောင်လောင် အသံကို သူကြားလိုက်ရသည်။ သီးသန့်အခန်း၏တံခါးက ကန်ခံရပြီး ပွင့်လာသည်။ လူတစ်စုက ထောင်ထောင်လွှားလွှားဖြင့် အထဲဝင်လာကြသည်။
"ဖာ့ခ်! ဘယ်စောက်ကောင်က ဒီလောင်ဇီက အခန်းကို ယူချင်တာလဲ"
မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ နောက်လိုက်များဝန်းရံခံထားရသည့် သန်မာသောလူတစ်ယောက်အား ရွှီဖန်း တွေ့လိုက်ရသည်။ သူက စတင်မေးမြန်းနေသည်။
သူ့မျက်နှာပေါ်မှ လူသတ်လိုသော ရည်ရွယ်ချက်
ကြောင့် အခန်းထဲမှ လူအားလုံးသည် ကြောက်ရွံ့မှုကြောင့် တိတ်ဆိတ်သွားကြသည်။ သူတို့ ပါးစပ်
တောင် မဟရဲကြပေ။
လူအုပ်ကြီးထဲ၌ ပိုင်ဖေးဟုန်သည် ရွှီဖန်းရှိရာကို အချက်ပြလျက် ထိုလူအား စလှုပ်ရှားရန် မျက်စပစ်ရင်း မနေနိုင်ဘဲ အန္တရာယ်ရှိစွာ ပြုံးနေမိသည်။
ကတုံးနှင့် ထိုလူက ပိုင်ဖေးဟုန်၏အကြည့်ကို လက်ခံရရှိကာ ရွှီဖန်းကို ကြည့်လိုက်သည်။ ထို့နောက် အထင်သေးနေသည့်အလင်းတန်းများက သူ့မျက်လုံးထဲ၌ဖြတ်သန်းသွားကာ စပ်ဖြဲဖြဲရယ်၍ ရွှီဖန်းဆီ လျှောက်သွားသည်။
"သူငယ်ချင်းလေး မင်းက ဘယ်လိုတောင်ရဲတာလဲ၊ ဒီအခန်းကို ငါကြိုတင်စာရင်းပေးထားတယ်ဆိုတာ မင်းမသိဘူးလား၊ ငတုံးကောင် မင်းကများ ဒီအခန်းကို ငါနဲ့ လာလုရဲတယ်ပေါ့"
သူ့ရဲ့နောက်လိုက်အနည်းငယ်ကလည်း ရွှီဖန်းကို ရုတ်တရက်ကြီး ဝိုင်းရံလာကြသည်။ ရွှီဖန်းကတော့ ထိုလူတွေကိုကြည့်ကာ လက်ထဲမှ မိုက်ခရိုဖုန်းကို ချလိုက်သည်။
"မိတ်ဆွေ အရာရာတိုင်းမှာ ပထမရောက်တဲ့သူက အရင်ရတာပဲမလား၊ ငါတို့က ဒီအခန်းကို အရင်ကြိုငှားထားတာ၊ မင်းရဲ့အခန်းကို လုတယ်လို့ ဘယ်လို သတ်မှတ်လိုက်ရတာလဲ"
ရွှီဖန်းက မျက်လုံးကျဥ်းမြောင်းကာ...
"မင်းကမှ ငါတို့အခန်းကို လာလုချင်နေတာမလား"
ရွှီဖန်း၏ တည်ငြိမ်နေသော အမူအရာကြောင့် ကတုံးနှင့်လူက ခြင်္သေ့တစ်ကောင်လိုမျိုး ဒေါသထွက်လာသည်။ သူ့ရဲ့လက်ထဲမှာလည်း ဓားတစ်ချောင်း ပေါ်လာသည်။ သူတင်မကဘဲ ရွှီဖန်းပတ်ပတ်လည်မှာ ရပ်နေသည့် နောက်လိုက်သုံးယောက်ကလည်း ဓားတွေထုတ်လာကြသည်။
တောက်ပသောဓားများမှ ထွက်နေသည့် အလင်းတန်းများက ထိုလူများ၏ မျက်နှာကို မီးထိုးပြနေသကဲ့သို့ ထင်ရသည်။ သူတို့က ဓားတွေကိုင်ဆောင်ထားတာကြောင့် သူတို့နှင့် သွားရှုပ်လို့ မဖြစ်ပေ။
လူတိုင်းက သူတို့၏ပါးစပ်များကို နာခံစွာ ပိတ်ထားမိကြသည်။ ထိုလူ၏ ဒေါသကြောင့် သူတို့ခေါင်းမှာ အပေါက်ပေါက်သွားမည်ကို ကာကွယ်ရန်အတွက်ပင်။
"ဟဲဟဲ အစ်ကိုကြီး ဒီလိုမလုပ်ပါနဲ့၊ ကျွန်တော်တို့လည်း ခင်ဗျားကို အပြစ်မပြုချင်ပါဘူး၊ ကျွန်တော်တို့ကို မျက်နှာသာ နည်းနည်းလောက်ပေးမယ်ဆိုရင် အခုပဲ ဒီအခန်းထဲက ထွက်သွားပါ့မယ်"
ထိုအချိန် အားမောင်က ရှက်ကိုးရှက်ကန်းအမူအရာဖြင့် ပြေးထွက်လာကာ ကတုံးနှင့်လူကို ဝင်ပြောလာသည်။ သူက ရွှီဖန်းကို ဒီအခြေအနေကနေ ဆွဲခေါ်သွားချင်နေသည်။
ကတုံးနှင့်လူက ပိုင်ဖေးဟုန်ကို ကြည့်လိုက်ရာ တိုက်ခိုက်နိုင်ကြောင်း အချက်ပြလာတာကြောင့် ဘာလုပ်ရမလဲ သူနားလည်သွားခဲ့သည်။
"ကောင်လေး မင်းက ဘာကောင်မလို့ ငါက မင်းကို မျက်နှာသာပေးရမှာလဲ"
ကတုံးနှင့်လူက ပြောပြီးသည်နှင့် အားမောင်၏ ဗိုက်ကို ကန်ထည့်လာသည်။ အားမောင်မှာ ချက်ချင်းပင် အနောက်ကို လွင့်ထွက်သွားကာ ကြမ်းပြင်ပေါ် လဲကျသွားသည်။ ပတ်ပတ်လည်မှ လူများလည်း ကြောက်ရွံ့စွာ အော်ဟစ်ကုန်ကြသည်။ ကတုံးနှင့်လူက ကျေနပ်စွာ ရယ်မောလျက် လူအုပ်ကြီးကြားမှ ဝူယွီရွှမ်းကို ကြည့်လာသည်။
သူ့ရဲ့မျက်လုံးများက တဏှာအကြည့်များဖြင့် ပြည့်နှက်နေပြီး နှုတ်ခမ်းကို လျက်ကာ အန္တရာယ်ရှိစွာ ရယ်မောလာသည်။
"အိုး မဆိုးဘူးပဲ၊ အလှလေးတစ်ပါးနဲ့တောင် တွေ့လိုက်ရသေးတယ်၊ ခဏနေရင် ငါနဲ့အတူပျော်ဖို့ သူ့ကို ခေါ်သွားရမယ်"
အခုဒါက နောက်ဆုံးအဆင့်ဖြစ်သည်။ ပိုင်ဖေးဟုန်
သည် ကတုံးနှင့်လူအား ကောင်းကောင်းလုပ်လိုက်
နိုင်သည်ဆိုသည့်သဘော မျက်လုံးမှိတ်ပြလိုက်သည်။
သူခေါင်းကိုမော့ကာ ထရပ်လိုက်သည်။ သူက ကတုံး
နှင့်လူအား အဝေးကို ပထုတ်ပစ်တော့မလို ဟန်ဆောင်ရမည်။ ဒါဆိုရင် လူတိုင်းဆီက နှစ်သက်သည့်အမြင်ကောင်းများ သူရရှိလာလိမ့်မည်။
"ဒုက္ခရှာတာ လုံလောက်ပြီလား"
ထိုအခိုက်အတန့်မှာ နောက်လိုက်သုံးယောက် အဝိုင်းခံထားရသည့် ရွှီဖန်းက စကားပြောလာသည်။ ကတုံးနှင့်လူလည်း ရွှီဖန်းဘက် ပြန်လှည့်လိုက်သည်။ လူသုံးယောက် အဝိုင်းခံထားရတာတောင်မှ စကားပြောဖို့ သတ္တိရှိဦးမည်ဟု သူ မထင်ထားခဲ့ပေ။
သူ ပိုင်ဖေးဟုန်ကို ကြည့်လိုက်တော့ရက်စက်သည့်
အကြည့်မျိုးရှိနေသည်။ သူဘာဆက်လုပ်ရမလဲ သိသွားခဲ့သည်။
ကတုံးနှင့်လူက နှာမှုတ်ကာ ရွှီဖန်းဆီလျှောက်သွားခဲ့သည်။
"ကောင်လေး ငါ ပြဿနာရှာလို့ဝပြီ၊ မင် ဘာလုပ်ချင်လဲ"
"အိုး ဒါဆိုလည်း..."
ရွှီဖန်းက တဖြည်းဖြည်းခေါင်းမော့လာသည်။ သူ့မျက်လုံးများက သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်
နှက်နေကာ ကျောချမ်းစရာပင်။
ကတုံးနှင့်လူက ထိတ်လန့်သွားကာ အလိုလို တန်ပြန်တိုက်ခိုက်ချင်ခဲ့သည်။
သို့သော် ထိုအချိန်၌ ရွှီဖန်းက တိုက်ရိုက် လှုပ်ရှားလာ
သည်။ ခြေလှမ်းတစ်လှမ်းနှင့်အတူ ကတုံးကောင်အရှေ့ကိုရောက်လာကာ ဒူးကိုလေပေါ်မြှောက်၍ ဝမ်းဗိုက်တည့်တည့်ကို ချလာသည်။
ရွှီဖန်း၏ဒူးက သူ့ဝမ်းဗိုက်ကို ထိထိခြင်းမှာ ကတုံးကောင်၏မျက်နှာအမူအရာက ဖြူလျော့ကာ တွန့်လိမ်ရှုံ့တွသွားသည်။ သူက ရွှီဖန်းအရှေ့မှာ ဒူးထောက်ကျသွားခဲ့သည်။
နောက်လိုက်သုံးယောက်မှာ ထိုမြင်ကွင်းကြောင့် ကြောက်ရွံ့ကာ ချွေးအေးများ စီးကျလာသည်။ သူတို့၏လက်ထဲ၌ ဓားများကို ဆွဲကိုင်ကာ ရွှီဖန်းဆီ ပြေးဝင်လာကြသည်။
သို့သော်ငြား ရွှီဖန်းက ခေါင်းနောက်မှာ မျက်လုံးအပိုပါသည့်အလားပင်။ သူ့အနောက်မှ လေအဟုန်ကို ခံစားမိတာနဲ့ လှည့်လာကာ ရက်စက်သောသားရဲကောင်အလား ထိုသုံးယောက်ဆီပြေးဝင်သွားသည်။
အရှိန်က အရမ်းမြန်လွန်းတာကြောင့် သုံးယောက်စလုံးမှာ အချိန်မီမတုံ့ပြန်နိုင်ပေ။ ဓားမြှောင်ကဲ့သို့ ရွှီဖန်း၏လက်များက ဓားကိုင်ထားသည့် သူတို့၏ လက်ကောက်ဝတ်တွေအပေါ် အမြန်ကျရောက်သွားခဲ့သည်။ ရုတ်တရက် ဓာတ်လိုက်သလို ခံစားမှုက ပျံ့နှံ့လာ၍ လက်တွေက ပျော့ခွေသွားသည်။ သူတို့လက်ထဲမှ ဓားများသည်လည်း ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့သည်။
ချက်ချင်းပင် ရွှီဖန်းက သူတို့လက်မောင်းကို ဦးတည်လာသည်။ သံတောင်ကဲ့သို့ မာကျောသော ခြေထောက်ဖြင့် တစ်ယောက်ကို ကန်ကာ သူ့ရဲ့လက်ဖဝါးဖြင့် မိတ်ဆက်ပေးလိုက်သည်။
ဘန်း! ဘန်း!
ကျန်ရှိသည့်နှစ်ကောင်မှာလည်း သူတို့၏ကံကြမ္မာမှ မလွတ်မြောက်နိုင်ပေ။ သူတို့လည်း အဖော်
နောက်လိုက်ကာ ကြမ်းပြင်ပေါ် ပျော့ခွေ၍ လဲကျသွားခဲ့သည်။
ထိုပုံစံက မသိလျှင် အမှိုက်သုံးထုပ်ကို ဖြစ်သလို ပစ်ချလိုက်သည်နှင့်ပင် ဆင်လှသည်။ ဒီသုံးယောက်ကို ဖယ်ရှားပြီးသော်လည်း ရွှီဖန်း၏မျက်နှာက ပျော်ရွှင်မှု တစိုးတစိမှ မပြလာချေ။
ထောင့်မှာရပ်နေကြသည့် လူအုပ်စု၏ မျက်နှာတွေကတော့ အံ့သြမှုများ ပြည့်နှက်နေကြသည်။ ထိုအချိန်မှာ သူတို့စိတ်ထဲ၌ ရွှီဖန်းနှင့် ပတ်သက်၍ မေးခွန်းပေါင်းများစွာ ရှိလာကြသည်။
သူ ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး စွမ်းအားကြီးသွားရတာလဲ။
စောနတုန်းက နှိမ့်နှိမ့်ချချနေတဲ့ ရွှီဖန်းမှ ဟုတ်သေးရဲ့လား။
သုံးကောင်ကို သမပြီးနောက်မှာ အခုထိ ဒူးထောက်နေတဲ့လူဆီ ရွှီဖန်း လျှောက်သွားလိုက်သည်။ ထိုလူရဲ့ ခေါင်းကို ဆွဲယူ၍ မျက်လုံးများ မှေးကျဥ်းကာ မေးလိုက်သည်။
"အခု ဘယ်လိုနေလဲ၊ လုံလောက်ပြီလား"
အခု...
ကတုံးကောင်က ရူးအောင် ကြောက်နေလေပြီ။
သူ့ရှေ့မှလူက ရိုးရှင်းစွာပင် နတ်ဆိုးတစ်ပါးဖြစ်သည်။
"ညီ ညီလေး...မလုပ်ပါနဲ့"
ရွှီဖန်းက သူ့လက်ချောင်းတစ်ချောင်းကို ဆွဲယူရင်း ဆန့်ကျင်ဘက်ကို ဖြည်းဖြည်းချင်း ချိုးချနေတာကြောင့် ကတုံးကောင်မှာ အလွန်ကြောက်ရွံ့ပြီး တဆတ်ဆတ်တုန်ယင်နေလေပြီ။ သူက ချက်ချင်းပင် ခွင့်လွှတ်ပေးရန် တောင်းဆိုလာသည်။
ရွှီဖန်းကတော့ ကြမ်းပြင်ပေါ်ကျအောင် ကန်ထုတ်ခံထားရသည့် အားမောင်ကိုကြည့်ကာ ကတုံးကောင်၏ တောင်းပန်မှုကို လျစ်လျူရှုထားသည်။
"မင်း ဆက်ပြီး လုပ်ရဲသေးလား"
"မလုပ် မလုပ်! ကျွန်တော် မလုပ်ရဲတော့ပါဘူး"
ကတုံးကောင်မှာ ချွေးများစွာ ထွက်နေလျက် ကြမ်းပြင်ပေါ် ဒူးထောက်ကျနေကာ သူ့လက်ကိုလည်း ဖုန်းကွယ်ထားသည်။ သူက ဘေးကို ဆုတ်ချင်နေသည့်အလား အကောင်းဆုံး ကြိုးစားနေခဲ့သည်။
ရယ်စရာပဲ! ဆက်လုပ်စရာလား! ဒီနေ့ အခန်းထဲက ထွက်ရမလားတောင်မသိတာကို!
"ဒါဆို ဘာလို့ မထွက်သွားသေးတာလဲ"
"နားလည်ပါပြီ! သွားလိုက်ပါဦးမယ်!"
ရွှီဖန်း၏ စကားကိုကြားသည့်အခါ ကတုံးကောင်သည့် လွတ်ငြိမ်းချမ်းသာခွင့်ရသည့်ထောင်သားလိုမျိုး ပြုမူလာသည်။ သူက ချွေးအေးတွေကို သုတ်ကာ ကြမ်းပြင်မှ အမြန်ထခဲ့သည်။ ထို့နောက် သူ့လူတွေကိုပင် မခေါ်နိုင်ဘဲ ပျာယာခတ်စွာပင် အခန်းထဲမှ ပြေးထွက်သွားခဲ့သည်။
သူ့ဘာသာသူပိတ်သွားသည့်တံခါးကို ရွှီဖန်း အတန်ကြာကြည့်နေခဲ့သည်။ ထို့နောက် တစ်ဖက်ကိုလှည့်ကာ ပိုင်ဖေးဟုန်ကို ကြည့်လိုက်သည်။
ပိုင်ဖေးဟုန်မှာ ဘာမှမပြောနိုင်ခဲ့သော်ငြား သူ့နှလုံးသားထဲ၌ မကြုံစဖူး ကြောက်ရွံ့မှုမျိုးကို စတင် ခံစားခဲ့ရသည်။ သူ့လက်များက ကြောက်ရွံ့မှုကြောင့် ချွေးများ စိုရွှဲနေသည်။
ငါဘာလုပ်ခဲ့တာလဲဆိုတာကို သူ သိသွားတာတော့ မဟုတ်ဘူးမလား။
"ရွှီဖန်း ဖာခ့်! မင်းက ငါတို့ကို သေအောင်လန့်စေတာပဲ! ဒီတစ်ခါတော့ မင်းကိုပဲ ကျေးဇူးတင်ရတော့မယ်"
"အဟုတ်ပဲ၊ မင်း ခုနက သူတို့ကို ရိုက်လိုက်တာ အရမ်းမိုက်ချက်ပဲ၊ ဒီတစ်ကြိမ် မင်းကြောင့်ပဲ ငါတို့အကုန်လုံး အဆင်ပြေသွားတာ"
ကံကောင်းစွာဖြင့် ထိုအချိန်မှာ ကျောင်းသားဟောင်းများက ရွှီဖန်းကို ဝိုင်းရံကုန်ကြသည်။ ပိုင်ဖေးဟုန်မှာ သူ့ရဲ့အကြံအစည် ပျက်သွားတာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ပစ်မှတ်မထားခံရတာကိုပင် စိတ်သက်သာရာရမိနေသည်။
လူတိုင်းနှင့် စကားတချို့ပြောပြီးနောက် အားမောင်ကို ရွှီဖန်း မေးလိုက်သည်။
"အားမောင် အဆင်ပြေရဲ့လား"
အားမောင်က အပြုံးဖြင့် ခေါင်းခါရမ်းလာသည်။
"အဆင်ပြေတယ်၊ စိတ်မပူနဲ့ ငါက အရေပြားထူတယ်လေ...လာ သီချင်းဆက်ဆိုကြရအောင်"
"ဟုတ်တယ် ဟုတ်တယ် ဆက်ဆိုကြစို့"
ပြဿနာတွေလည်း မရှိတော့တာကြောင့် လူတိုင်းက ဆက်ပျော်ပါးချင်နေကြသည်။ ရွှီဖန်းသည် သူ့ခေါင်းကို ခါယမ်းလိုက်ကာ...
"မင်းတို့ဆက်နေကြပါ၊ ငါလုပ်စရာရှိလို့ အရင်ပြန်
နှင့်တော့မယ်"
နောက်ထပ်လုပ်ဦးမည့်ပွဲများကို ရွှီဖန်း စိတ်မဝင်စားတော့ပေ။ ရွှီဖန်းက ဆက်ပျော်ပါးဖို့ စိတ်မပါတော့သည်ကို မြင်သည့်အခါ လူတိုင်းမှာ မနေနိုင်ဘဲ ဝမ်းနည်းမိကြသည်။ သို့သော်ငြား ဆက်နေခိုင်းဖို့ ပြောရန်ကလည်း ရှက်ဖို့ကောင်းပေသည်။
ထိုအချိန် ဝူယွီရွှမ်းကပါ ထလိုက်သွားတာကြောင့် သူတို့ အံ့သြကုန်ကြသည်။
"အာ...ယွီရွှမ်း နင်ကရော ဘာလို့ လိုက်ပြန်တာလဲ"
လူတိုင်းက စိတ်ရှုပ်ထွေးနေကြသည်။ ယုတ္တိရှိရှိဆိုရရင် ဝူယွီရွှမ်းကပါ လိုက်ပြန်စရာအကြောင်းမရှိပေ။
အထူးသဖြင့် ရွှီဖန်းထွက်သွားပြီးနောက် ဝူယွီရွှမ်းကို ချဥ်းကပ်ရန် စဥ်းစားနေသည့် ပိုင်ဖေးဟုန်အတွက်ပင်။
ဒါပေမယ့် သူမကပါ ပြန်တော့မလို့လား။
ထိုအချိန် ဝူယွီရွှမ်းက ရွှီဖန်းကို အပြုံးဖြင့် ကြည့်နေသည်။
"ရွှီဖန်းက ပြန်မယ်ဆိုမှတော့ ငါလည်း လိုက်ပြန်ရမှာပေါ့"
"ဟော"
လူတိုင်း အံ့အားသင့်သွားကြသည်။ ဝူယွီရွှမ်း၏လေသံက ထူးဆန်းနေသည်။ ရွှီဖန်း ပြန်တာနဲ့ ဝူယွီရွှမ်းပါ လိုက်ပြန်တယ်ဆိုတာက...
"အာ....နင်တို့ ဆက်ဆံရေး တစ်ကယ်ပဲ ဘာလဲ"
အားမောင်သည် ဝူယွီရွှမ်းအား ဗလာအမူအရာဖြင့် ကြည့်ကာ တံတွေးမျိုချမိသည်။ ထိုအခိုက်အတန့်မှာ ဒီနေ့ ဝူယွီရွှမ်းက ရွှီဖန်းနှင့် အတူလာခဲ့တာမှန်း သူသတိရသွားသည်။
ထိုအချိန် ဝူယွီရွှမ်းကလည်း လူတိုင်းထိတ်လန့်သွားစေမည့်အရာကို ထုတ်ပြောလာသည်။
"ရွှီဖန်းက ငါ့ချစ်သူလေ"
ဝူယွီရွှမ်း၏ထိုစကားက ဗုံးတစ်လုံးကဲ့သို့ပင် လူအုပ်ကြီးအား ပေါက်ကွဲသွားစေသည်။ လူတိုင်း ငိုချင်သွားကြသည်။ ဝူယွီရွှမ်းက တစ်ကယ်တော့ ရွှီဖန်း၏ မိန်းကလေးဖြစ်နေလေသည်။ ဒီသတင်းက အရမ်းကိုမှ ထိတ်လန့်စရာကောင်းပေသည်။
ဝူယွီရွှမ်းဘက်က ရွှီဖန်းလက်မောင်းကို စချိတ်လိုက်တာကို ကြည့်ပြီး သူတို့ ခါးသက်စွာ ရယ်မိကြသည်။ သူတို့ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ သူတို့မှာ ရွေးချယ်စရာမရှိပေ။
ရိုးရိုးသားသားဆိုရရင် ရွှီဖန်းတောင်မှ ဝူယွီရွှမ်းပြောလိုက်သည့်စကားကြောင့် အံ့အားသင့်သွားရသည်။
အတန်းဖော်ဟောင်းများ၏ မနာလိုသော အကြည့်များအောက်မှာ ရွှီဖန်းသည် ခြောက်ကပ်စွာ ပြုံး၍ မနေနိုင်ဘဲ သူမနားကိုကပ်ကာ မေးမိသည်။
"ယွီရွှမ်း ဘာလို့ ဒီလိုပြောလိုက်တာလဲ"
ဝူယွီရွှမ်းက ရွှီဖန်းကို ကြည့်ကာ တိုးတိုးလေး ပြန်ဖြေလာသည်။
"နင် အခုလေးတင် ငါ့ကို ကယ်ခဲ့တာလေ၊ နင်လုပ်ပေးတဲ့အရာအတွက် ငါပြန်ပေးတာ"
*********************